← Chapters

အခန်း (၄၁၉+၄၂၀)

Vol. 30 Ch. 419+420

အခန်း (၄၁၉+၄၂၀)

Vol. 30 Ch. 419+420

အပိုင်း (၄၁၉)

စုကျန်က ပြောလိုက်၏။ “အရှင်.. ဒါပေမဲ့ အခု ရွှဲ့ပြည်နယ်က ရှုပ်ထွေးလျက် ရှိနေတုန်းပဲ။ ဝူနဲ့ ရွှဲ့ပြည်နယ်တို့က စစ်သည်ပေါင်း နှစ်သိန်းကျော်ကို နယ်စပ်နေရာမှာ ချထားတယ်။ အရှေ့ဘက်ပိုင်းမှာ ချောင်နဲ့ ကျုံးမိသားစု တို့ကလည်း တိုက်ခိုက်နေကြတယ်။ ဒီကိစ္စကို အခွင့်အရေးဆက်ယူထားလို့ ရတယ်မဟုတ်လား”

စုနန်က ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး။ ဒါတွေအားလုံးက အလိမ်အညာတွေပဲ။ ချောင်ပဲဖြစ်ဖြစ်၊ ဝူပဲဖြစ်ဖြစ်၊ သူတို့က ရွှဲ့ပြည်နယ်နဲ့ တိုက်ခိုက်ဖို့ တိကျတဲ့ ဆုံးဖြတ်ချက်ကိုချဖို့ အချိန်အလုံအလောက် မရှိဘူး။ ပြီးတော့ သူတို့ တကယ်တမ်း တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

တကယ်တမ်း တိုက်ခိုက်တယ်ဆိုတာက နုရှောင့်မြို့ကို တိုက်ခိုက်တဲ့ တိုက်ပွဲပဲ ဖြစ်လိမ့်မယ်။ တခြား တိုက်ပွဲတွေက ဟန်ပြပဲ။ ဟန်ပြတိုက်ခိုက်တာပဲ။ ငါတို့ စုကလန်ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး သူတို့က အသာလေး ဝင်ပြီး နေချင်တာ။ အခု စုကလန်က ရှုံးနိမ့်ခဲ့ပြီဆိုတော့ ချောင်ပြည်နယ်ကလည်း နောက်ဆုတ်သွားလိမ့်မယ်။ ဝူဘုရင်ကလည်း အတူတူပဲ။”

စုကလန်က အရာအားလုံးတို့၏ အသက်ဝိညာဉ် ဖြစ်ခဲ့၏။ မဟာဗျူဟာ တစ်ခုလုံး၏ အသက်ဝိညာဉ်လည်း ဖြစ်ခဲ့၏။ စုနန်က အခြေအနေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ “ဘယ်လိုပဲ ဟန်ထုတ်တယ် ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီကိစ္စက အတုက အတုပဲ။ ငါတို့ အဓိကဇာတ်ကောင်တွေ မရှိဘူးဆိုရင် ဇာတ်ပို့အကုန်လုံးက ဘာလို့ ဆက်ပြီး သရုပ်ဆောင်နေတော့မှာလဲ”

စုနန်က ပြောလိုက်၏။ “ငါတို့အနေနဲ့ ပြန်လာဖို့ ဆယ်နှစ်တိတိ လိုချင်မှ လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းသားကျင်းလိုမျိုး ရည်မှန်းချက်ကြီးမားပြီး ကြမ်းတမ်းတဲ့ လူတစ်ယောက် ရှိနေတာကြောင့်ပဲ။ သူက တောင်ပိုင်းနိုင်ငံကို စစ်မြေပြင်အဖြစ် အသုံးပြုပြီး သဲကန္တာရ လူရိုင်းမျိုးနွယ်တွေနဲ့လည်း ပေါင်းစပ်နိုင်ခဲ့တယ်။ သူသာ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ ဘုရင်ဖြစ်လာမယ်ဆိုရင် ရွှဲ့ပြည်နယ်ရဲ့ တောင်ပိုင်းတည်နေရာ တစ်ခုလုံးက ပြိုလဲသွားလိမ့်မယ်။

အဲဒီအချိန်ကျရင် အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသားတို့ရဲ့ နန်းပလ္လင်လုပွဲကလည်း ပိုပြီးတော့ ကြမ်းတမ်း လာမယ်။ သုံးနှစ်ကနေ ငါးနှစ်အကြာဆုံးပဲ။ ငါတို့ ပြန်လာနိုင်လိမ့်မယ်။ ကျိန်းသေပေါက် ငါတို့ ပြန်လာပြီးတော့ အောင်မြင်မှု သရဖူကို လှမ်းယူရမယ်။ ဟုတ်တယ်။ မြန်မြန်သွားကြရအောင်”

စုနန်က လျင်လျင်မြန်မြန် အော်ဟစ်လိုက်သည်။ “ငါတို့ စုကလန်က ရဲတိုက်ကို စွန့်ခွာပြီး ဒီကနေ ထွက်ပြေးသွားကြမယ်။ ဘယ်သူကမှ ဒီလိုမျိုး ပြုလုပ်လိမ့်မယ်လို့ ထင်မှာ မဟုတ်ဘူး။ ရန်သူရဲ့ စစ်တပ်ကြီး ရောက်လာပြီ ဆိုတာနဲ့ ငါတို့ ထွက်ပြေးသွားဖို့ လွယ်မှာ မဟုတ်တော့ဘူး။ မြန်မြန်။ ယူစရာရှိတာကို ယူကြတော့”

တိုက်ရိုက်မျိုးဆက်ရဲ့ ကလေးတွေကလွဲရင် ကျန်တဲ့ အိုမင်းရင့်ရော်တဲ့လူတွေ၊ အားနည်းတဲ့လူတွေ၊ မိန်းမသားတွေကို မခေါ်ခဲ့နဲ့တော့။ ဒါတင်သာမကသေးဘူး။ အားလုံး လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားကြ။ ငါတို့ ထွက်ခွာသွားပြီဆိုတဲ့ အကြောင်းကို မပြောနဲ့။ သာမန်အခြေအနေအတိုင်းပဲ ဆက်ပြီးနေ။

အားလုံး အဆင်သင့် ပြင်ထားကြ။ နေမဝင်ခင်မှာ ငါတို့အားလုံး သွားမယ်။ တစ်ယောက်လေးမှ အလစ်ဟင်း မဖြစ်စေနဲ့။ မင်းတို့တွေ ဒီကနေ နာရီအနည်းငယ်လောက် ကြိုပြီး ထွက်သွားကြ။ ငါ ရဲတိုက်ထဲမှာ နေခဲ့မယ်။ နေ့ဝက်လောက် ကြာပြီးတော့မှ ငါတို့ တစ်နေရာရာမှာ တွေ့ဆုံကြမယ်။ အတိုချုပ်ပြောရရင် ဒီနေရာမှာ ရှိနေတဲ့ လူကလွဲပြီး တခြားသူတွေကို အသိမပေးနဲ့။ ကြားလား”

အားလုံးသော သူတို့က တုန်လှုပ်သွားခဲ့၏။ ထိုအရာက အိုမင်းရင့်ရော်သူများ၊ အားနည်းသူများ၊ အမျိုးသမီး အားလုံးတို့ကို စွန့်ပစ်ခဲ့ခြင်းနှင့် ဆင်တူ၏။ ထိုသူတို့အားလုံးကို သေတွင်းထဲသို့ တွန်းပို့ခဲ့ခြင်းနှင့် ဆင်တူ၏။ ရန်သူများက ရဲတိုက်ထဲသို့ အလျင်စလိုဖြင့် ဝင်လာမှာ ဖြစ်သောကြောင့်ပင်။

စောင့်ကြပ်သည် ဆိုပါက ရဲတိုက်ကြီးကို ဖောက်ထွင်း၍ မရနိုင်ချေ။ ထို့ကြောင့် သူတို့က စိတ်အားထက်သန်စွာဖြင့် ခုခံ ကာကွယ်မှာ သေချာ၏။ ထိုသို့ ခုခံကာကွယ်ရန်လည်း အစောင့်များ လိုအပ်သည်။ ထို့ကြောင့် ကျိန်းသေပေါက် ဤအိုမင်းရင့်ရော်သူများ၊ မိန်းကလေးများ၊ ကလေးများက ခုခံနိုင်လိမ့်မည် မဟုတ်နိုင်ချေ။

သူတို့၏သခင်က ရက်စက်လွန်းလှချေ၏။ ရဲတိုက်ကြီးကို စွန့်ခွာခဲ့သည်သာ မကချေ။ လူပေါင်း ထောင်ချီတို့ကိုလည်း စွန့်ခွာခဲ့သည်။

“မြန်မြန်။ ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်။ တကယ်လို့ ငါသာ မမှားဘူးဆိုရင် ကျန့်ထော်နဲ့ လျန်ယုံနင်တို့က အခွင့်အရေးယူဖို့ စဉ်းစားနေကြပြီ။ ဒီခွေးကောင် နှစ်ကောင်က ငါတို့ကို ဒုက္ခပေးဖို့ လုပ်ကြလိမ့်မယ်။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ရှမ့်လန်က စားပွဲတစ်ခုကို ကျင်းပနေပြီ။ ဒါကြောင့် ဒီနေရာကနေ မြန်မြန် သွားမှ ဖြစ်မယ်။ ရှမ့်လန်က ကောက်ကျစ်လွန်းတယ်။ တစ်ခုခု ပြင်ဆင်ထားနိုင်သေးတယ်။ ငါတို့ မြန်မြန် လှုပ်ရှားရမယ်”

စုကျန်က ပြောလိုက်၏။ “အရှင်.. ဒါဆိုရင် သူတို့ကို လွယ်လွယ်ကူကူနဲ့ ရဲတိုက်ကြီးကို ပေးခဲ့ရမှာ မဟုတ်လား”

စုနန်က မျက်လုံး မှိတ်လိုက်၏။ ပြောရမည်ဆိုလျှင် ကျန့်ထော်နှင့် လျန်ယုံနင်တို့ကို ရဲတိုက်ကြီး လွှဲပေးရတော့မည် ဖြစ်ကြောင်း သူ နားလည်မိ၏။ စုနန်သည် တခြားသူများကို ရက်စက်ဖို့မဆိုနှင့် မိမိလူများကိုပါ ခွေးသေကောင်လို စွန့်ပစ်တတ်သူ ဖြစ်နေသည်။

ကျန့်ထော်နှင့် သူက သရုပ်ဆောင်ခဲ့၏။ မဟာမိတ်များ မဟုတ်ခဲ့ချေ။ သို့ပေမည့် မဟာမိတ်နှင့် ဆင်တူ၏။ လျန်ယုံနင် မှာတော့ စုမိသားစု၏ အောက်ဆွဲတစ်ခု ဖြစ်၏။

စုမိသားစု အောက်သို့ပြုတ်ကျသည့်အချိန်တွင် ရှမ့်လန်က ဝင်ရောက် တိုက်ခိုက်ခြင်း မပြုဘဲ ဤနှစ်ယောက်က ဝင်ရောက်ကာ တိုက်ခိုက်ခဲ့၏။ ဤရဲတိုက်ကြီးကို လိုချင်သည်လား။ တစ်ဖက်လူတွေ၏ အစီအစဉ်ကို ချောချောမွေ့မွေ့နှင့် အောင်မြင်စေ၍မဖြစ်ချေ။

“ဒါနဲ့ မင်းတို့ ကျောက်ရောဂါအဆိပ်တွေ ပြင်ဆင်ထားတာ အဆင်သင့်ရှိလား” စုနန်က အေးစက်စက် မေးမြန်းလိုက်သည်။

ကျောက်ရောဂါအဆိပ်ဆိုသည်မှာ ဘာဖြစ်သနည်း။ ကျောက်ရောဂါ ဝေဒနာရှင်များ၏ အရေပြားမှ ရောဂါပိုးများကို ခြစ်ယူထားခဲ့ခြင်း ဖြစ်၏။ ချင်နိုင်ငံက ထိုအရာကို ကြီးကြီးမားမား ဒုက္ခခံခဲ့ရ၏။

စုနန်သည် ကျောက်ရောဂါ ဝေဒနာရှင်ပေါင်းများစွာကို သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် ထိုအဆိပ်များကို စုဆောင်းထားခြင်း ဖြစ်၏။ လက်ရှိအချိန်ထိ သူ၏ ရဲတိုက်အကျဉ်းထောင်ထဲတွင် ကျောက်ရောဂါ ဝေဒနာရှင်များ ရှိနေခဲ့ပြီး အလောင်းပေါင်းများစွာလည်း တည်ရှိသည်။

မူလအားဖြင့် သူက ထိုကဲ့သို့သော မကောင်းသည့် ပိုးများကို ဖြန့်ဝေပစ်ရန် စဉ်းစားထားခဲ့၏။ သို့သော်ငြား သူ အသုံးမပြုရသေးချေ။ စုမိသားစု၏ စစ်တပ်က ရှုံးနိမ့်ခဲ့သည်။ ယခု သူသည် ကျန့်ထော်နှင့် လျန်ယုံနင်တို့၏ စစ်သည်များအပေါ် အသုံးပြုရပေလိမ့်မည်။ ဤနှစ်ယောက်၏ စစ်သည်များသည် ကျောက်ရောဂါ ကာကွယ်ဆေး ထိုးထားခြင်း မရှိကြချေ။ ထို့ကြောင့် ကျောက်ရောဂါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ကောင်းပြီ။ အများကြီး ရှိသေးတာပေါ့” စုကျန်က ပြောလိုက်၏။

စုနန်က ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ဒါဆိုရင် ဒီအဆိပ်တွေကို ရေတွင်းထဲကို ထည့်။ ပြီးရင် အစားအသောက်တွေထဲ ထည့်”

“ကောင်းပါပြီ” စုကျန်က ပြောလိုက်၏။

စုနန်က အေးစက်စက် ပြောလိုက်သည်။ “မထွက်ခွာခင်မှာ ငါ သတ်ချင်သေးတယ်။ ဒီတော့ ကျန့်ထော်နဲ့ လျန်ယုံနင်တို့ကို ငရဲအရသာ ခံစားစေမယ်”

နောက်တစ်မနက်ခင်းမှာပဲ စုမိသားစု၏ လက်ကျန်စစ်သည်တော် ငါးထောင်ကျော်တို့သည် အင်ပြည့် အားပြည့်ဖြင့် ကျန်းယွမ်အိမ်တော်ဆီမှ ထွက်ခွာသွားခဲ့၏။ ဤစစ်သည်တော်များသည် ဘယ်ကိုသွားနေမှန်း မသိချေ။ အမိန့်ကို လိုက်နာရုံသာလျှင် ရှိ၏။ သူတို့က သာမန်အမူအရာအတိုင်း စစ်ချီသွားခဲ့၏။

စုမိသားစုက ရှုပ်ထွေးလျက် ရှိနေ၏။ လက်ကျန်စစ်သည်တော် ငါးထောင်က ထွက်ခွာသွားခဲ့၏။ အိမ်တော်ကို မည်သူက စောင့်ကြပ်မည်နည်း။ သို့ပေမည့် အားလုံးသောသူတို့က စိတ်အေးသက်သာသလို ခံစားနေရ၏။ သူတို့၏ ခေါင်းဆောင် စုနန် ရှိနေသေးသောကြောင့်ပင်။ ခေါင်းဆောင်စုနန် ဤနေရာတွင် ရှိနေသည် ဆိုပါက ကျန်းယွမ်နယ်စား အိမ်တော်က ပြိုလဲလိမ့်မည် မဟုတ်ချေ။ စုမိသားစုက ဒုက္ခရောက်လိမ့်မည် မဟုတ်ချေ။

သို့ပေမည့် လေးနာရီခန့် ကြာမြင်ပြီးနောက် စုနန်က ရဲတိုက်ထဲမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့၏။ စုမိသားစု စစ်သည်တော် ငါးထောင်ကျော်နောက်သို့ လိုက်ပါသွားခဲ့ခြင်းပင်။ စုမိသားစု၏ တိုက်ရိုက်မျိုးဆက်များ၊ စစ်သည်များတို့က အမြန်ဆန်ဆုံးဖြင့် ထွက်ပြေးသွားခဲ့ပြီး အနောက်ဘက်ဒေသဆီသို့ ဦးတည်နေ၏။ တကယ့်ကို နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပြင်းထန်လွန်းသည့် ဆုံးဖြတ်ချက်ပင် ဖြစ်၏။ အားလုံးသောသူကို အလစ်ငိုက်မိစေခဲ့၏။

ဤအချိန်မှာတော့ ကျန့်ထော်နှင့် လျန်ယုံနင်တို့၏ စစ်သည်ပေါင်း နှစ်သောင်းခွဲကျော်တို့သည် ကျန်းယွမ် နယ်စား၏ အိမ်တော်ဆီသို့ အပြင်းအထန် ချီတက်လာခဲ့ပြီ ဖြစ်၏။ စုနန် ထင်မှတ်ထားခဲ့သည့်အတိုင်းပင် ရှမ့်လန်သည် ကျိန်းသေပေါက် ကြီးမားလှသည့် အောင်ပွဲကြီးကို တွေ့ကြုံခံစားလျက် ရှိနေ၏။ ဤအောင်ပွဲသည် နုရှောင့်မြို့တိုက်ပွဲထက်ပင် ပိုမိုကာ ကြီးမား၏။ ပိုမိုကာလည်း ကြောက်မက်ဖွယ်ရာ ကောင်း၏။

ရှမ့်လန်သည် အောင်ပွဲကို စားမြုံ့ပြန်လျက် ရှိ၏။ ခေါင်းတစ်ခုလုံးလည်း ပေါ့ပါးနေသလို ခံစားမိ၏။ ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် သူနှင့် ခွဲထွက်သွားခြင်းက ကောင်းမွန်သည့် အရာဖြစ်၏။ သူက ပို၍ပင် သဘောကျ၏။

မိမိအသက်ကို ကယ်တင်ရန်အတွက် ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် ကျန်းယွမ်နယ်စားအိမ်တော်ကို အရူးတစ်ယောက်လို ကျိန်းသေပေါက် တိုက်ခိုက်ပေလိမ့်မည်။ တောင်ထိပ်မှာ ထိုင်ပြီး ကျားများ တိုက်ခိုက်နေသည်ကို ကြည့်ရှုရခြင်းက ကောင်းမွန်လှ၏။ ကျန့်ထော်နှင့် စုနန်တို့ ကျားကုတ်ကျားခဲ တိုက်ခိုက်ပြီးသည့် အချိန်တွင် ရှမ့်လန်က စစ်သည်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ပြီး ထိုနေရာတစ်ခုလုံးကို အပြတ်ရှင်းရပေလိမ့်မည်။ အံ့ချီးလောက်စရာပင် မဟုတ်ပါလား။

သို့ပေမည့် ဘာမှန်းမသိဘဲ ကျန့်ထော်နှင့် လျန်ယုံနင်၏ စစ်တပ် တောင်ဘက်ပိုင်းဆီသို့ သွားသည့် အချိန်မှာတော့ ရှမ့်လန်က အဆင်မပြေသလို ခံစားမိ၏။ သို့ပေမည့် ဘာကြောင့်လဲဆိုသည်ကို သူ မပြောနိုင်ချေ။

ကျန်းချုံးသည် ရှမ့်လန်ကို စစ်တုရင်ကစားရန် လာရောက် ရှာဖွေ၏။ ရှမ့်လန်က ဇဝေဇဝါ ဖြစ်နေတုန်းပင်။ ဤအချိန်ကြီးတွင် သူတို့ စစ်တုရင် မကစား၍ မရဘူးလား။

“အဘိုးကျန်း.. ခင်ဗျားက အခုအချိန်မှာ မူးနောက်နောက်နဲ့ အားနည်းနေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ကျုပ်နဲ့ စစ်တုရင် ကစားချင်ရတာလဲ”

“ရှမ့်... ကျင်းချန်ကျွန်းနဲ့ ဝမ်ကျားကျွန်းကို ဆုံးရှုံးဖို့အတွက် ဆုံးဖြတ်လိုက်တာ လွယ်ကူရဲ့လား”

ကျန်းချုံးက ပြောလိုက်၏။ “ဒါက ကိုယ့်လက်ကိုယ် ခုတ်ဖြတ်ပစ်တာနဲ့ မတူဘူးလား”

ရှမ့်လန်က ကြောင်အသွားသည်။ “မဟုတ်ဘူး။ ဒီကိစ္စက နုရှောင့်မြို့ကို အနိုင်ရရင် ထိုက်တန်တယ်။ ကျုပ်တို့ မူဝါဒသစ်ရဲ့ ဘေးအန္တရာယ်ကနေ ကျင်းမိသားစုက ဖောက်ထွက်နိုင်ဖို့အတွက်ဆိုရင် တချို့အရာတွေကို ပေးဆပ်ရမှာပေါ့”

ရှမ့်လန်က ထိုအရာကို ပြောပြောပြီးချင်းမှာပဲ အမူအရာ ပြောင်းလဲသွား၏။

“မဟုတ်သေးဘူး။ စုနန်က ပြေးပြီ။ စုနန် ဒီခွေးသူခိုးကောင်ကြီး ပြေးပြီပဲ”

ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “အဘိုးကျန်း.. ဒီအချိန်မှာ ကျုပ်ကို တိုက်ရိုက်ပြောလို့ မဖြစ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ မလိုအပ်တာတွေ လျှောက်ဝေ့ဝိုက်နေရတာလဲ။ ကျုပ်က ဘုရင်မင်းမြတ် မဟုတ်ဘူးဗျ”

ကျန်းချုံးက ပြောလိုက်၏။ “ကျုပ်တွေးမိတာလေး တစ်ခုပဲ။ ဒါပေမဲ့ မသေချာဘူး။ ဒီတော့ သတိရအောင်လို့ နည်းနည်းလေး အစပျိုးပေးတဲ့ သဘောပါပဲ”

ရှမ့်လန်၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွား၏။ သူက မျက်လုံးကို မှိတ်ပြီး အခြေအနေတစ်ခုလုံးကို ပြန်လည်ကာ သုံးသပ်လိုက်၏။ သူသာ စုနန်ဆိုလျှင် ဘာလုပ်မည်နည်း။

ကျန်းယွမ်နယ်စားအိမ်တော်က ဖောက်ထွင်း၍ မရနိုင်သလို ရန်သူပေါင်း သုံးသောင်းလောက် ဝင်ရောက်တိုက်ခိုက်သည် ဆိုလျှင်တောင် ပြိုလဲလိမ့်မည် မဟုတ်ချေ။

သို့ပေမည့် မြေပိုင်နက်များကို ဆုံးရှုံး၊ ပိုင်ရီခရိုင်တစ်ခုလုံးကို ဆုံးရှုံးမည်ဆိုပါက ကျန်းယွမ်နယ်စားအိမ်တော် တစ်ခုလုံးက အကျဉ်းထောင်ကဲ့သို့ ဖြစ်ပေမည်။ လောကကြီးတွင် ချိုးဖျက်၍ မရနိုင်သည့် ခံတပ်ဟူ၍ မရှိချေ။ သူသာ စုနန်ဆိုပါက ကျိန်းသေပေါက် ထွက်ပြေးပေလိမ့်မည်။ သူ ရှမ့်လန်က ဤလောင်းကစားပွဲ၏ အပြင်ဘက်တွင် အသက်ရှင်ကျန်ရစ်နိုင်မည့် နည်းတစ်ခုကို သိရှိ၏။ နုရှောင့်မြို့တစ်ခုလုံးကို ရရှိရန် သူအရာအားလုံးကို စတေးခဲ့သည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် စုနန်ကရော ဤကဲ့သို့သော လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို မစဉ်းစားနိုင်ပေဘူးလား။ စုနန်၏ အားနည်းမှုက လောဘတရားသာ ဖြစ်၏။ အထက်စီးမှရှိနေသည့်အချိန်တွင် ခဲတစ်လုံးနှင့် ငှက်သုံးကောင် သတ်ဖြတ်ချင်စိတ် ရှိခဲ့၏။ ထိုကဲ့သို့သော လောဘတရားကြောင့်သာ စုနန်က အမှားအယွင်း လုပ်ခဲ့ခြင်း ဖြစ်၏။

တကယ်တမ်း မည်သည့်ဝှက်ဖဲမှ မရှိတော့သည့်အချိန်တွင် ဉာဏ်ပညာကြီးမားပြီး ဆုံးဖြတ်ချက်လည်း ပိုင်နိုင်၏။ ထိုအရာကို နန်းမြို့တော်ထဲတွင် မြင်ရပြီး ဖြစ်၏။ ရှမ့်လန်ကို ဒုက္ခပေးရန်အတွက် ဟယ်ဝမ်ဝမ်နှင့် အသုံးချခဲ့စဉ်က စုနန်သည် ကစားပွဲ၏ အထက်ပိုင်း၌ ရှိခဲ့၏။ သို့ပေမည့် ရှမ့်လန်က ကျိန်းသေပေါက် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့၏။ ရှမ့်လန်က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခြင်းကြောင့်သာ အသက်ချမ်းသာရာ ရခြင်း ဖြစ်၏။

သို့ပေမည့် ချင်ဘုရင် ရုတ်တရက် သေဆုံးသွားခဲ့ပြီး ဘုရင်မင်းမြတ်က စုနန်ကို ဖမ်းဆီးရန် အမိန့်ပေးလိုက်သည့် အချိန်တွင် အံ့အားသင့်စရာကောင်းလောက်အောင် လှည့်ကွက်များ အသုံးပြု၍ လွတ်မြောက်သွားခဲ့၏။ မလွတ်မြောက်ခင်ပင် ရွှဲ့ပြည်နယ်တစ်ခုလုံးကိုလည်း ဒုက္ခပေးခဲ့၏။ ဤလူ၏ လုပ်ဆောင်နိုင်စွမ်းက အံ့အားသင့်စရာပင်။ ဤအချိန်မှာတော့ စုနန်က စိတ်ပျက်လက်ပျက် အခြေအနေမျိုးကို ရောက်ရှိပေလိမ့်မည်။

ရှမ့်လန်သည် သူ့ခေါင်းကို အသာပုတ်ကာဖြင့် ပြောလိုက်၏။ “ငဒူ ...”

သူတကယ့်ကို မောက်မာလွန်းခဲ့၏။ ကျန်းချုံး သတိပေးသည်သာ မဟုတ်ပါက ကြီးမားသည့် အမှားအယွင်း တစ်ခုကို ပြုလုပ်ပြီး ကောင်းမွန်သည့် အခွင့်အရေးတစ်ခုကို လက်လွှတ်ရပေလိမ့်မည်။

စုနန်၏ သိုင်းပညာက အားကောင်း၏။ စိတ်ကလည်း ရက်စက်ကြမ်းတမ်း၏။ နည်းလမ်းများကလည်း တကယ့်ကို ဆန်းကြယ်လွန်း၏။ သူသာ လွတ်မြောက်ခဲ့ပါက အနောက်ပိုင်းဒေသဆီသို့ သွားပေလိမ့်မည်။ ချောင်ပြည်နယ်ကို သွားမှာ မဟုတ်ချေ။

အနောက်ပိုင်းဒေသဆီသို့ လွတ်မြောက်သွားလျှင် ရေထဲသို့ ကျရောက်သွားသည့် ငါးကဲ့သို့ပင် ပျောက်ကွယ် သွားပေလိမ့်မည်။ နှစ်အနည်းငယ် ကြာမြင့်ပြီးနောက် စစ်သည်ပေါင်း သောင်းချီနှင့် ပြန်လာနိုင်မှာ သေချာ၏။

အားကောင်းလှသော လူတစ်ယောက်ကို တစ်ခါတည်းသာ မသတ်ဖြတ်နိုင်ခဲ့ပါက အနာဂတ်တွင် ဆိုးဝါးသည့် ဒုက္ခတရားများကို ယူဆောင်လာပေလိမ့်မည်။ သို့နှင့် စုနန်နှင့် တူညီသည့် အမှားအယွင်း တစ်ခုကို သူ ပြုလုပ်ခဲ့သည် ဖြစ်ကြောင်း ရှမ့်လန်က သိရှိလိုက်ရ၏။ ထိုအရာက လောဘကြီးခြင်းပင်။

သူသည် ကျန့်ထော်ကို အသုံးပြုပြီး စုနန်ကို သတ်ဖြတ်ချင်၏။ နှစ်ဖက်လုံး ဒုက္ခခံစားရသည်ကို ကြည့်ရှုချင်၏။ ထိုအရာသည် စုနန်၏ ခဲတစ်လုံးနှင့် ငှက်သုံးကောင် သတ်ဖြတ်ခြင်းနှင့် ဘာကွာခြားနေမည်နည်း။

သူတကယ့်ကို မောက်မာလွန်းခဲ့ပြီး လောဘကြီးခဲ့၏။ သက်တောင့်သက်သာ နေချင်စိတ် ရှိခဲ့၏။

ရှမ့်လန်က မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ်။ အဘိုးကျန်း”

ပြီးနောက် သူက အလျင်အမြန် ထွက်ခွာသွားခဲ့၏။ သူက မြင်းသည်တော် တစ်သောင်းကျော်ကို ဦးဆောင်ပြီး နောက်မှ လိုက်၏။ သူ စုနန်ကို လွတ်မြောက်စေ၍ မဖြစ်ချေ။ စုမိသားစု တစ်ခုလုံးကို လွတ်မြောက်စေ၍ မဖြစ်ချေ။

....................................

နုရှောင့်မြို့အတွင်းမှာတော့ ကြီးမားလွန်းသည့် ရဲတိုက်ကြီးသည် နေ့နေ့ညည ပြင်းထန်သည့် တိုက်ပွဲကို ရင်ဆိုင် နေရ၏။ ဤရဲတိုက်ကြီးက လိပ်အခွံကြီး တစ်ခုကဲ့သို့ပင် တိုက်ခိုက်ရန် ခက်ခဲသည်။

ဝူမူက စစ်သည်ပေါင်း သုံးသောင်းကျော် သုံးသောင်းကျော်ကို ဦးဆောင်ပြီး ကျင်းမိသားစုအား ခြောက်ကြိမ်တိတိ တိုက်ခိုက်ခဲ့၏။ ထို့အပြင် သူ၏လက်အောက်တွင် ကြမ်းတမ်းလွန်းသည့် တပ်မှူးများလည်းရှိ၏။ ထိုသူများက ကျင်းမိသားစုကို ဖိနှိပ်နိုင်စွမ်း ရှိ၏။ သို့ပေမည့် ရက်အနည်းငယ်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည် ဆိုသော်လည်း အနိုင်မရခဲ့ချေ။ ရဲတိုက်ကြီးက ကြီးမားလွန်းပြီး နံရံက ထူထဲ၍ မြင့်မားလွန်းလှ၏။

နောက်ဆုံးတွင်တော့ သူသည် ချောင်ဟောင်၏ စစ်တပ်ကြီးကို နုရှောင့်မြို့ထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက်ရန် အမိန့်ပေးခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူ၏စစ်သည်များသည် လူဦးရေ သုံးသောင်းခွဲနီးပါးခန့် ရှိခဲ့ပြီ။ ကျင်းမိသားစုထက် အဆ ခုနစ်ဆလောက်ပင် များပြားသည်။

တိုက်ပွဲဖြစ်ပွားသည်မှာ ငါးရက် ကြာမြင့်ခဲ့ပြီးနောက်မှာတော့ ဝူမူ၏ စစ်တပ်သည် ကြီးမားသည့် ဖိအားဒဏ်ကို ခံစားနေရပြီး များများပြားပြားလည်း သေဆုံးခဲ့ကြ၏။

ကျင်းမိသားစုမှာတော့ လူနှစ်ထောင် နီးပါးခန့် ကပ်ဘေးသင့်ခဲ့၏။

အပိုင်း (၄၂၀)

နုရှောင့်မြို့၏ ရဲတိုက်ကြီးကို တိုက်ခိုက်ရခြင်းသည် ပိုင်ရီမြို့ကို တိုက်ခိုက်သည့် တိုက်ပွဲနှင့် ခြားနား၏။ ဤရဲတိုက်ကြီး က တကယ့်ကို မာကျောပြီး လွယ်လွယ်ကူကူနှင့် ခုခံနိုင်၏။ တိုက်ခိုက်ရန် ခက်ခဲ၏။ သို့ပေမည့် ကျန်းချုံးသည် ပိုင်ရီမြို့ထဲမှ မြို့သားများကို စစ်သည်များအဖြစ် စုဆောင်းပြီး တိုက်ရိုက်ဆိုသလို ခုခံခဲ့၏။ နုရှောင့်မြို့ထဲမှာတော့ ကျင်းမိသားစုသည် တစ်ဖက်ခြမ်း ခုခံနေရ၏။

ဝူမူသည် ဤအချိန်တွင် အလွန်တရာ ပင်ပန်းနေပြီ ဆိုသော်လည်း နှလုံးသားထဲတွင် ယုံကြည်မှုများနှင့် ပြည့်နှက်နေ၏။ လောကကြီးတွင် ချိုးဖျက်၍ မရနိုင်သည့် ခံတပ်ဟူ၍ မရှိချေ။ နုရှောင့်မြို့သည် လိပ်ခွံတစ်ခုနှင့် ဆင်တူနေလျှင်တောင် ခြွင်းချက်မရှိချေ။ လူများ၏ စွမ်းအင်က အကန့်အသတ် အဖြစ် တည်ရှိနေသည်။

ဝူနိုင်ငံ၏ စစ်တပ်များသာ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေမည်ဆိုပါက အချိန်မရွေး ပြိုလဲသွားနိုင်သည်။ သို့ပေမည့် ကျင်းမိသားစု စစ်တပ်ကတော့ အမြဲတမ်း အချိန်ပြည့် တိုက်ခိုက်နိုင်သည့် အရာမျိုး မဟုတ်ချေ။ နေ့နေ့ညည တိုက်ခိုက်၍ မဖြစ်နိုင်ချေ။ လူအင်အားက ထိုနေရာတွင် တပန်းသာ၏။

သူတို့ကတော့ လူအလှည့်အပြောင်းနှင့် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် ဝူမူသည် ကျင်းမိသားစု စစ်တပ်ကြီး မောပန်းသွားစေရန် အလှည့်အပြောင်းများဖြင့် နည်းဗျူဟာကို အသုံးပြုကာ တိုက်ခိုက်၏။ နေ့မှည၊ ညမှနေ့၊ မရပ်မနား တိုက်ခိုက်နေခြင်းပင်။ ကျင်းမိသားစု စစ်တပ် မောပန်းနွမ်းနယ်သည့် အခြေအနေသို့ ရောက်ရှိသည် ဆိုပါက ရဲတိုက်ကြီး တစ်ခုလုံးက ပြိုလဲလေပေလိမ့်မည်။

ဝူမူက ငယ်ရွယ်သော်လည်း တိုက်ပွဲတစ်ခုလုံးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြီးကြီးမားမား အမိန့်ပေးနေခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူက တကယ့်ကို တော်လွန်းသည့် အမိန့်ပေးသူတစ်ယောက်ပင် ဖြစ်သည်။

.......

ဘုန်း၊ ဘုန်း၊ ဘုန်း..

ဝူစစ်တပ်ကြီးသည် နုရှောင့်မြို့၏ ကြီးမားသည့် ရဲတိုက်ကြီးကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေ၏။ ဝူမူက အခွင့်အရေးကို အရယူပြီး ထမင်းစားသောက်ကာ ရေနွေးတစ်ခွက်ကို သောက်လျက် ရှိ၏။

“ကျင်းမူလန်က အံ့အားသင့်စရာပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုမျိုး ကြာရှည် ခုခံထားနိုင်စွမ်း ရှိနေတယ်။ ငါးရက်ငါးည တိတိ သူ မအိပ်ရသေးဘူး။ ဒါပေမဲ့ စစ်မြေပြင်ထဲမှာ တိုက်ခိုက်နေတုန်းပဲ”

ဝူယုသည် နားကန်းနေသည့် လူတစ်ယောက်ကဲ့သို့ပင် နေထိုင်နေသည်။

“ကျင်းရှိယန် မလှုပ်ရှား သေးဘူးလား။ ဘာကြောင့်လဲ။ သူငါ့ကို လိမ်ခဲ့တာလား” သူမ၏အသံက တုန်ယင်လျက် ရှိ၏။

ဝူမူက ပြောလိုက်သည်။ “မဟုတ်ဘူး။ သူ့အနေနဲ့ လှုပ်ရှားဖို့ အခွင့်အရေး မရတာပဲ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ ကျင်းမူလန်က တစ်ချက်ကလေးမှ မနားသေးဘူး။ သူက ရဲတိုက်ထဲက စစ်သည်တွေကို သေသေချာချာ စုစည်းထားခဲ့တယ်။ ကျင်းရှိယန်က သူ့မဘေးမှာ တစ်ချိန်လုံး ရှိနေရတော့ ဘယ်လိုလုပ် အခွင့်အရေးရမှာလဲ”

ဝူယုက ပြောလိုက်၏။ “တကယ်လား။ အင်း.. ကျင်းရှိယန် ကျွန်မတို့ကို သစ္စာဖောက်သွားပြီလို့ ထင်မိနေတာ”

ဝူမူက ပြန်ပြောလိုက်သည်။ “သူ့အနေနဲ့ ဂိတ်တံခါးကိုဖွင့်ပေးဖို့ အခွင့်အရေးတစ်ခု လိုအပ်တယ်”

ဝူယုက ပြောလိုက်၏။ “ဒီလိုဆိုရင် သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်အောင်။ ဘယ်လိုလုပ်ကြမလဲ”

ဝူမူက ပြောလိုက်သည်။ “ဒီရဲတိုက်ကို နေ့နေ့ညည တိုက်ခိုက်ဖို့ပဲ ရှိတယ်။ ကျင်းမူလန်က မနားရသေးဘူး။ သူက သံနဲ့လုပ်ထားတယ်ဆိုရင်တောင် ကြာရှည်ခံနိုင်မှာ မဟုတ်ဘူး။ နောက်ထပ် တစ်ညလောက် ထပ်ပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်က အနားယူနိုင်မှာ မဟုတ်ဘူး။။

နားလိုက်တာနဲ့ ကျင်းမူလန်က အခွင့်အရေးယူပြီး စားဖို့သောက်ဖို့ နားလိမ့်မယ်။ နားပြီဆိုတာနဲ့ ကျင်းရှိယန် အတွက် အခွင့်အရေး ရလာပြီ။ ဒါဆိုရင် ဂိတ်တံခါးကို သူလွယ်လွယ်ကူကူနဲ့ ဖွင့်ပေးနိုင်လိမ့်မယ်”

ဝူယုသည် သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူလုပ်ပါလိမ့်မယ်။ ကျိန်းသေပေါက် လုပ်လိမ့်မယ်။ ကျွန်မအတွက် မလုပ်ဘူးဆိုရင်တောင်မှ ကျွန်မရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့ ကလေးအတွက် သူလုပ်လိမ့်မယ်”

..........

ဝူမူ၏ စစ်တပ်ကြီးသည် ကြမ်းကြမ်းတမ်းတမ်းနှင့် တိုက်ခိုက်လျက် ရှိ၏။ နေ့နေ့ညည တိုက်ခိုက်လျက် ရှိနေပြီး မည်သည့် ထိခိုက်မှုကိုမှ ဂရုမစိုက်ခဲ့ချေ။ နှစ်ရက်နှင့် နှစ်ညတိတိ တိုက်ခိုက်ခဲ့၏။

ပြီးနောက် နှစ်ဖက်ခြမ်းတွင် ရှိနေသည့် စစ်သည်များက ပြိုလဲလုမတတ် ဖြစ်နေ၏။ တကယ့်ကို ကြီးမားပြင်းထန်လွန်းသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပြီး ဝူမူ၏စစ်တပ်ကြီးက ကျိန်းသေပေါက် တစ်ဖက်ခြမ်း တိုက်ခိုက်နေခြင်းပင်။

ကျင်းမူလန်၏ စစ်တပ်များမှာတော့ ပိုမိုကာ မောပန်းလျက် ရှိနေပြီး အချိန်မရွေး ပြိုလဲလုမတတ်ပင်။ ကျင်းမူလန်သည် ခုနစ်ရက်ခုနစ်ညတိုင်အောင် တိုက်ပွဲကို စွဲစွဲမြဲမြဲနှင့် ကြည့်ရှုပြီး စစ်ဆေးခဲ့၏။ သူမ၏ မျက်တွင်းများက ချောင်ကျနေပြီး မျက်လုံးများကလည်း နီရဲနေ၏။ ထိုအရာသည် လူပေါင်းများစွာတို့ကို ရင်နာစေခဲ့၏။

ပြီးနောက် ရှစ်ရက်မြောက်နေ့ ညနေခင်းမှာတော့ ဝူမူက ခဏ အနားယူ နောက်ဆုတ်ရန် ကြေညာခဲ့၏။ ချက်ချင်းပဲ စစ်သည်တို့သည် တပြိုင်နက်တည်း အနားယူခဲ့၏။ သူတို့သည် လက်နက်များကိုပင် မကိုင်ဆောင်နိုင်ခဲ့တော့ချေ။ လက်ပန်းကျနေ၏။ ကျင်းမူလန်သည် လေးနာရီတိတိ မြို့ရိုး ရဲတိုက်ကြီး၏ နံရံပေါ်တွင် နေထိုင်ပြီး စိုးရိမ်ပူပန်လျက် ရှိနေသေး၏။ သို့ပေမည့် တစ်ဖက်ခြမ်းမှ စစ်တပ်ကြီး ကောင်းကောင်းအနားယူသွားသည်ကို မြင်ရချိန်မှာတော့ သူမလည်း မခုခံနိုင်တော့ချေ။

“ရှိယန် .. ဒီကိစ္စကို ရှင့်ဆီ ထားလိုက်တော့မယ်။ ကျွန်မ ခဏသွားအိပ်လိုက်အုံးမယ်” ကျင်းမူလန်က ပြောလိုက်၏။

ကျင်းရှိယန်က ပြောလိုက်သည်။ “စိတ်မပူနဲ့။ ကျုပ် ဒီမှာ စောင့်နေမယ်”

ကျင်းမူလန်က အိပ်ဖို့ ထွက်ခွာသွားခဲ့၏။ မြို့တစ်ခုလုံး၏ အကာအကွယ်သည် ကျင်းရှိယန်၏ လက်ထဲသို့ ရောက်ရှိသွား၏။

ထိုအချိန်မှာတော့ ဝူမူ၏ အမိန့်ပေးမှုအောက်တွင် ရှိသော လက်ရွေးစင် ခြောက်ထောင်တို့သည် လွန်ခဲ့သည့် ရက်ပေါင်းများစွာတည်းက တိုက်ပွဲကို မဝင်ခဲ့ချေ။ သူတို့က လှောင်အိမ်ထဲမှ ထွက်လာသည့် ကျားများကဲ့သို့ပင် အားအင်ပြည့်နှက်နေ၏။

ဝူမူသည် လက်ရွေးစင် ခြောက်ထောင်ကို ထုတ်ဖော်ကာဖြင့် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းလျက် ရှိနေ၏။ ဤအရာက သူ၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေးအင်အားစုပင် ဖြစ်၏။ ကျင်းရှိယန်သည်သာ ဂိတ်တံခါးကို ဖွင့်သည်နှင့် တပြိုင်နက် သူ အထဲသို့ လှမ်းဝင်ရပေလိမ့်မည်။ ဂိတ်တံခါးဖွင့်ချိန်သည်လည်း အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် အချိန်ဖြစ်ရပေလိမ့်မည်။

ဝူမူက စိတ်လှုပ်ရှားနေသည့်အသံဖြင့် ပြောလိုက်၏။ “အင်း.. ကျင်းရှိယန်က ဂိတ်တံခါး ဖွင့်ပေးမှာလား။ ကျင်းမိသားစုကို သူ သစ္စာဖောက်မှာလား”

“သူ ကျိန်းသေပေါက် လုပ်လိမ့်မယ်။ သူလုပ်လိမ့်မယ်”

ဝူယုက ဆက်တိုက်ဆိုသလို ပြောဆိုနေသည်။ “သူ ကျွန်မနဲ့ ကလေးကို ထားခဲ့မှာ မဟုတ်ဘူး။ သူ ဘယ်လို ရွေးချယ်ရမလဲဆိုတာ သိပါတယ်။ ကျွန်မ သူ့ကို တောက်ပတဲ့ အနာဂတ်ကို ပေးမယ်။ ကျွန်မ သူ့ကို အိမ်ပေးမယ်။ ဘယ်သူမှ ဘဝတစ်သက်တာလုံး ကျေးကျွန် မဖြစ်ချင်ဘူးလေ။ သူ ဂိတ်တံခါးကို ဖွင့်လိမ့်မယ်။ ကျွန်မကို စိတ်မပျက်စေရဘူး”

ဝူမူက သက်ပြင်းချလိုက်၏။ အချစ်ဆိုသည်မှာ နှစ်ဖက်သွားဓားကဲ့သို့ပင်။ တစ်ယောက်နှင့် တစ်ယောက် .. နှစ်ယောက်လုံးကို နာကျင်စေ၏။ ဝူမူသည် သူ၏ဝမ်းကွဲညီမ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “စိတ်ပူမနေပါနဲ့။ ကျင်းရှိယန်က ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

ထိုအချိန်မှာပဲ ဘေးတစ်ဖက်မှ စစ်သူကြီးက အံ့အားသင့်စွာ ပြောလိုက်၏။ “ဂိတ်တံခါးကြီး ဖွင့်ပြီ။ ဂိတ်တံခါးကြီး ဖွင့်ပြီ”

အသံက တုန်ယင်လျက် ရှိနေ၏။ တကယ့်ကို မလွယ်ကူချေ။ ဖောက်ထွင်း၍ မရနိုင်သည့် ရဲတိုက်ကြီး၏ ဂိတ်တံခါးက ဖွင့်လာခဲ့၏။

ဝူမူသည် ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။ စိတ်လှုပ်ရှားမှုများနှင့် တုန်ယင်နေ၏။ “ကျင်းရှိယန်.. မင်းနောက်ဆုံးတော့ ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ။ တကယ် စိတ်မပျက်စေခဲ့ဘူးပဲ”

သူ နောက်ဆုံးတွင် အောင်မြင်တော့မှာ ဖြစ်၏။ နုရှောင့်မြို့ကို တိုက်ခိုက်အနိုင်ယူနိုင်ပေတော့မည်။ သူ့အနေနှင့် ကြီးမားသည့် သူကောင်းပြုမှုကို ဖန်တီးနိုင်ပေလိမ့်မည်။

“အရှင်မင်းကြီး... ကျုပ်အောင်မြင်တော့မယ်”

ပြီးနောက် ရေတပ်ဗျူဟာမှူးဝူမူက ပြောလိုက်၏။ “ကဲ.. အကောင်းဆုံးလုပ်ဖို့ အချိန်ရောက်ပြီ။ ရဲတိုက်ကြီးကို ဝင်ပြီး တိုက်ခိုက်၊ နုရှောင့်မြို့ကို သိမ်းဆည်းမယ်”

ဝူမူ၏ အမိန့်အတိုင်းပင် သူ၏အမိန့်ပေးမှုအောက်တွင် ရှိသော လက်ရွေးစင် ခြောက်ထောင်တို့က ရဲတိုက်ထဲသို့ ပြေးကြ၏။ သူတို့အတွက် ကြီးမားသည့် အခွင့်အရေး ရောက်ရှိလာခဲ့ပြီ။ ကျင်းမိသားစုကို သုတ်သင်ရန် အချိန် ကျရောက်လာသည်။

ထိုအချိန် ဂိတ်တံခါးကို ဖွင့်သည့် တာဝန်ကို ယူထားသူမှာ ကျင်းရှိယန် ကိုယ်တိုင်ပင် ဖြစ်၏။ နယ်စားကြီး ကျင်းကျိုး၏ မွေးစားသား၊ နုရှောင့်မြို့၏ မြို့တော်ဝန် ဖြစ်၏။ ဝူမိသားစု၏ လက်ရွေးစင် စစ်သည်များ ရှေ့ဆီသို့ လှမ်းဝင်လာသည်ကို မြင်ရသည့် အချိန်မှာတော့ ကျင်းရှိယန်က စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေ၏။

“သခင်ကြီး၊ သမက်တော် ရှမ့်လန်.. ခင်ဗျားတို့ကို စိတ်မပျက်စေရဘူးလို့ ကျုပ်ပြောခဲ့တယ်။ အခု ဝူစစ်တပ်ကြီး တစ်ခုလုံးကို အနိုင်ယူဖို့ အချိန်ရောက်ပြီ”

…..

ဤလောကကြီး၌ အကြွင်းမဲ့ သစ္စာစောင့်သိမှု ဟူသည်မှာ မရှိပေ။ သစ္စာဖောက်ရသည့် တန်ဖိုးက သစ္စာစောင့် သိခြင်း၏ တန်ဖိုးထက် ကျော်လွန်သွားသည်ဆိုပါက သစ္စာတရားကို ဆက်လက် ထိန်းသိမ်းထားနိုင်သူ ဆိုသည်မှာ အလွန်တရာ ရှားပါးသွားပေလိမ့်မည်။ အကြွင်းမဲ့ သစ္စာတရားဟူ၍ မရှိပေ။ ရှိသည်ဆိုလျှင်လည်း သစ္စာဖောက်ရန် အတွက် လုံလောက်သည့် ကမ်းလှမ်းမှုမျိုး မရှိသေးသောကြောင့်သာလျှင် ဖြစ်ပေလိမ့်မည်။

ဤနေရာတွင် ကမ်းလှမ်းမှုဆိုသည်မှာ ရွှေ၊ ငွေ၊ ဩဇာ၊ အာဏာကို တိုက်ရိုက်ဆိုလိုခြင်း မဟုတ်ချေ။ အသက်နှင့် စိတ်နှလုံးသား၏ ခံစားချက်များလည်း ပါဝင်၏။ ထို့ကြောင့် ကျင်းရှိယန်ကလည်း ခြွင်းချက် မဟုတ်ခဲ့ချေ။ သူက ကျင်းမိသားစုအပေါ်တွင် အမှန်ပင် သစ္စာစောင့်သိသူ တစ်ယောက်ဖြစ်၍ သစ္စာဖောက်ရန် စိတ်ကူးဟူ၍ တစ်ခါကလေးမှပင် မရှိခဲ့ချေ။

သို့ပေမည့် သူ ကျင်းမိသားစုအတွက် အသေခံဝံ့သလား ဆိုသည်ကို မေးမြန်းမည်ဆိုပါက ဟုတ်ပေ၏၊ အသေခံဝံ့၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ဤမိသားစုထဲတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး ဤမိသားစုသည် သူ၏ စိတ်နှလုံး ကိုးကွယ်ရာလည်း ဖြစ်နေသောကြောင့်ပင်။

သို့ပေမည့် သူ့တွင် အခြားသောမိသားစု သို့မဟုတ် သူ့ကို အလွန်ချစ်မြတ်နိုးသည့် မိန်းမတစ်ယောက်၊ တောက်ပသည့် အနာဂတ်နှင့် ကလေးလေးတစ်ယောက်သာ ရှိလာမည်ဆိုပါက ကျင်းမိသားစု အတွက် ဆက်လက်ကာ အသေခံဝံ့ပါဦးမည်လား။ မသေချာတော့ချေ။

ထို့ကြောင့် သူ့အား ပစ်မှတ်ထားသည့် ဝူမု၏ အကြံအစည်က တကယ့်ကို ရက်စက်ပြီး ထိရောက်လွန်းလှ၏။ အကယ်၍ ရှမ့်လန်ကသာ ရန်သူ့ရှုထောင့်မှ ဝင်ရောက် စဉ်းစားထားခြင်းမရှိပါက ဒုက္ခတွေ့နိုင်၏။

ရှမ့်လန်သည် မကြာခဏ တစ်ဖက်လူဘက်မှ တွေးတောလေ့ရှိသည်။

‘ငါသာ အိမ်ရှေ့စံမင်းသား ဖြစ်မယ်ဆိုရင် ကျင်းမိသားစုကို ဘယ်လိုဖျက်ဆီးမလဲ။’

‘ငါက ဝူပြည်နယ်ရဲ့ဘုရင်သာ ဖြစ်မယ်ဆိုလျှင် ကျင်းမိသားစုကို ဘယ်လိုဖျက်ဆီးပြီး နုရှောင့်မြို့ကို သိမ်းပိုက်မလဲ။’

‘ငါသာ တတိယမင်းသားဖြစ်မယ်ဆိုလျှင် ကျင်းမိသားစုကို ဘယ်လိုဒုက္ခပေးရမလဲ’

နောက်ဆုံးတွင် အဖြေအားလုံးက ထပ်တူညီနေသည့် အရာတစ်ခု ရှိလာခဲ့၏။ ထိုအရာက နုရှောင့်မြို့၏ အမည်ခံ မြို့တော်ဝန် ကျင်းရှိယန်ကို ပစ်မှတ်ထားခြင်းပင်။ ရှမ့်လန် ထွက်ခွာသွားပြီးသည့်နောက် ဤလူက ရွှမ်ဝူနယ်စား အိမ်တော်၏ ဒုတိယမြောက် အရေးပါဆုံးလူ ဖြစ်လာမှာဖြစ်ပြီး နုရှောင့်မြို့၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်လာပေမည်။ သို့ပေမည့် သူ၏ ဂုဏ်ဒြပ်နှင့် ရာထူးရာခံတို့မှာ လုံးဝ ကိုက်ညီသည်တော့ မဟုတ်ချေ။ သူက ရွှမ်ဝူနယ်စားကြီး၏ ကိုယ်ပိုင်စစ်တပ်တွင် အမြင့်ဆုံးသော တပ်မှူးရာထူးကို ရယူထားသော်လည်း ရွဲ့ပြည်နယ်၏ တရားဝင် သတ်မှတ်ချက်မှာတော့ အမည်ခံ မြို့တော်ဝန်လေး တစ်ယောက်မျှသာ။ တစ်နည်းဆိုရသော် သူသည် မည်သည့်ဂုဏ်ဒြပ်မှ ထူးထူးခြားခြားမရှိသည့် ကျင်းမိသားစု၏ အစေခံတစ်ယောက်သဖွယ် ဖြစ်၏။

ရန်သူမည်သူဖြစ်ပါစေ အကယ်၍ ကျင်းမိသားစုကို ဖျက်ဆီး၍ နုရှောင့်မြို့ကို သိမ်းပိုက်ချင်သည်ဆိုပါက ကျင်းရှိယန်အား ကျိန်းသေပေါက် အာရုံစိုက်ပေလိမ့်မည်။ သူတို့သည် ကျင်းရှိယန်က အကြီးမားဆုံးသော အားနည်းချက်၊ ကျင်းမိသားစုကို ဖြိုခွဲရန် အကောင်းဆုံးသော လမ်းစတစ်ခုဖြစ်ကြောင်း သတ်မှတ်ကြပေ လိမ့်မည်။

ထိုသို့ဆိုလျှင် ကျင်းရှိယန်ကဲ့သို့သော လူမျိုးကို ကိုင်တွယ်ရန် အကောင်းဆုံးသော ပရိယာယ်၊ မဟာဗျူဟာက ဘာဖြစ်မည်နည်း။ ငွေကြေးလား။ မဟုတ်ချေ။ သူက နယ်စားကြီး ကျင်းကျိုး လက်ထဲတွင် ကြီးပြင်းလာခဲ့သူတစ်ယောက်ဖြစ်ပြီး လောကအပေါ်ထားရှိသည့် အမြင်မှာ ဖြောင့်မတ်လွန်း၏။ ငွေကြေး အပေါ်၌လည်း လျစ်လျူရှုတတ်သူတစ်ယောက်ဖြစ်၏။

ထိုသို့ဆိုလျှင် ရာထူးနှင့် အာဏာများ ဖြစ်နေသည်လား။ ထိုအရာများသည် အမှန်တကယ် လက်ထဲတွင် မရောက်မချင်း ခံစား၍ မရနိုင်ချေ။ ထို့ကြောင့် သူသည် ရာထူးနှင့် အာဏာ၏ ကြီးမားသော ဇိမ်ခံမှုမျိုးကို အာရုံ မခံစားမိချေ။ ထို့ကြောင့်ပင်လျှင် ထိုကဲ့သို့သော အရာက ကျင်းရှိယန် ကျင်းမိသားစုကို သစ္စာဖောက်ရန် ဆွဲဆောင်နိုင်သည့်အရာ မဟုတ်နိုင်ချေ။

ထိုသို့ဆိုလျှင် ကျန်ရှိသည်မှာ မိန်းမ၊ နှလုံးသားရေးရာကိစ္စနှင့် မိသားစုသာလျှင် ရှိတော့၏။ ကျင်းရှိယန်သည် အသက် ၃၀ ရှိနေပြီဖြစ်ပြီး ကျင်းမူလန် အပေါ်တွင်သာ တစ်ဖက်သတ် စွဲလမ်းခဲ့၏။ ထို့ကြောင့် မည်သည့် အမျိုးသမီးနှင့်မှ ပတ်သက်ခြင်းမရှိဘဲ ယခုတိုင် တစ်ကိုယ်တည်းအဖြစ် နေထိုင်နေဆဲပင် ဖြစ်သည်။

မူလန် ရှမ့်လန်နှင့် လက်ထပ်သွားချိန်က သူ တကယ့်ကို အသည်းကွဲခဲ့၏။ အသည်းကွဲခြင်းကို မည်သို့ ကုစားရမည်နည်း။ ဟုတ်ပေ၏။ အချစ်သစ်တစ်ခုကို စတင်ကာ ဖန်တီးရန်ပင်ဖြစ်၏။ သူသည် တစ်ခါမှ ချစ်သူရည်းစားမထားဖူးသော ယောင်္ကျားတစ်ယောက်ဖြစ်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိသွားသည်နှင့် ထိုအရာက ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာဖြစ်လာမှာဖြစ်ပြီး အရာအားလုံးကို စတေးဝံ့သည့်လူမျိုး ဖြစ်ပေလိမ့်မည်။

အကယ်၍ ရှမ့်လန်သည်သာ ကျင်းရှိယန်ကို စမ်းသပ်လိုသည်ဆိုပါက ပျားၕည်လှည့်ကွက်များကို အသုံးပြုရ ပေလိမ့်မည်။ ထို့အတူ စစ်မှန်သည့် နှလုံးသားခံစားချက်များပါဝင်သည့် မိန်းမလှထောင်ချောက်မျိုးကို ဖန်တီးရမှာဖြစ်၏။

အကယ်၍ ရန်သူက လုံလောက်အောင် ဉာဏ်ကောင်းသည်ဆိုပါက ကျိန်းသေပေါက် မိန်းမလှထောင်ချောက် တစ်ခုကိုသာလျှင် အသုံးပြုပေလိမ့်မည်။ ထိုသည်မှာ ရှမ့်လန်နှင့် ရန်သူတို့ အတွေးအခေါ်ချင်း တူညီ နေခြင်းကြောင့် မဟုတ်ဘဲ ဤနည်းလမ်းက အသိသာဆုံးနှင့် အထိရောက်ဆုံးနည်းလမ်း ဖြစ်နေသောကြောင့်ပင်။

ထိုသို့ဆိုလျှင် သူ ဘာလုပ်မည်နည်း။ သူ ကျင်းရှိယန်ကို ကြိုတင်သတိပေးထားရန် လိုအပ်၏။ ရန်သူ၏ မိန်းမလှထောင်ချောက်ထဲသို့ မဝင်ရောက်သွားစေရန်ပင်။ သို့ပေမည့် ဤမျှနှင့် မလုံလောက်သေးချေ။ နှုတ်ဖြင့် သတိပေးရုံလောက်နှင့် အချစ်ကို တားဆီးနိုင်သည့်ဆိုလျှင် ခိုးရာလိုက်ပြေးသည့် မိန်းမဟူ၍ မရှိနိုင်ပေ။ ကျိန်းသေပေါက် လေ့ကျင့်မှုမျိုးကို ပြုလုပ်ထားသင့်သည်။

ထို့ကြောင့် ဝူယု မရောက်လာခင်မှာပဲ ကျင်းရှိယန်က မိန်းမလှထောင်ချောက် နှစ်ကြိမ်တိုင်တိုင်ကို ကြုံတွေ့ခဲ့ပြီး ဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားသည့် ပုံစံမျိုးဖြင့် ကျင်းရှိယန်အနားသို့ ချဉ်းကပ်ပြီး ကျင်းရှိယန်၏ နှလုံးသားကို ရယူရန် ကြိုးစားခဲ့ကြ၏။ ဤမိန်းမလှထောင်ချောက်နှစ်ခုလုံးက တကယ့်ကို ဆွဲဆောင်မှုရှိသော်လည်း သိပ်ပြီး ပါးနပ်မှု မရှိလှချေ။ ထို့ကြောင့် နောက်ဆုံးမှာ အကြံအစည်များ ပေါ်ပေါက်သွားခဲ့လေ၏။

ရန်သူသည် ကျင်းရှိယန်ကို ကိုင်တွယ်ရန် ဤသို့သော မိန်းမလှထောင်ချောက်ကဲ့သို့သော အရာကို သုံးမသုံး ရှမ့်လန်က သေသေချာချာ မသိရှိချေ။ သို့ပေမည့် ခေါင်းမာမာဖြင့် ဤအတိုင်း နေထိုင်နေမည့်အစား မိမိဘက်မှ ဦးစွာတိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။

ဥပမာအားဖြင့် အအေးမိခြင်းကဲ့သို့သော ရောဂါမျိုးသည် အိမ်ထဲမှာ နေထိုင်ရင်း ရှောင်ရှားနေသည်ဆိုပါက ကျိန်းသေပေါက် မိမိကို တစ်ချိန်ချိန်တွင် လာရောက်ကာ ကူးစက်ပေမည်။ ထို့ကြောင့် အပြင်ဘက်သို့ ထွက်ခွာပြီး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရန် လိုအပ်၏။ အအေးမိသည့် ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး နှစ်ကြိမ်၊ သုံးကြိမ်လောက်သာ ခံစားခဲ့ရသည်ဆိုပါက ထိုအရာကို ခုခံနိုင်သည့် စွမ်းအင်များ ထွက်ပေါ်လာပေလိမ့်မည်။

ယခု မိန်းမလှထောင်ချောက် နှစ်ကြိမ်တိတိကို ကြုံတွေ့ပြီးနောက်မှာ ကျင်းရှိယန်သည် ကျိန်းသေပေါက် ဖြားယောင်းသွေးဆောင်မှုကို ခံရသည်ဆိုလျှင်တော့ တုန်လှုပ်တော့မည် မဟုတ်ချေ။ ကျင်းရှိယန်၏ နှလုံးသားက မာကျောသွားပြီး မိန်းမကိစ္စများနှင့် ပတ်သက်လျှင် သတိဝီရိယအပြည့်နှင့် ဖြစ်ပျက်သွားလိမ့်မည်။ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာခဲ့သည့် မည်သည့်မိန်းကလေးကိုမဆို သံသယ မျက်လုံးများနှင့် ကြည့်ရှုလာပေလိမ့်မည်။

ဤ မိန်းမလှထောင်ချောက်နှစ်ခုလုံးက ရှမ့်လန် စေလွှတ်လိုက်သည့် လူများသာလျှင် ဖြစ်၏။ ထို့အပြင် ကောင်းကင်တာအို အဖွဲ့အစည်းက စေလွှတ်ပေးသည့် မိန်းမလှလေးများဖြစ်သည်။

ထိုကဲ့သို့ သွေးဆောင်သည့်နေရာတွင် ရှမ့်လန်က ဇာတ်ညွှန်းကိုပင် သေသေချာချာ ရွေးချယ်ပေးခဲ့၏။ အေးစက်လွန်းပါသည်ဆိုသော နှလုံးသားတစ်ခုလုံး ပျော့ခွေသွားလုမတတ်ပင်။ သို့ပေမည့် မိန်းမထောက်ချောက် နှစ်ကြိမ်တိုင်တိုင်ကို ကြုံဆုံခဲ့ရပြီးနောက် ကျင်းရှိယန်၏ နှလုံးသားတစ်ခုလုံးက အေးစက်ခက်ထန် မာကျောသွားခဲ့ပြီး ကျောက်တုံးတစ်တုံးကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။

ထိုအချိန်မှာတော့ ဝူပြည်နယ်က လှုပ်ရှားလာခဲ့၏။ ဝူယုကို ကျင်းရှိယန်ဆီသို့ ပို့ဆောင်ပြီး ဖြားယောင်းရန် စေလွှတ်ခဲ့၏။ ဤ မိန်းမလှည့်ကွက်က တကယ့်ကို အစွမ်းထက်လွန်းပြီး ဖြေရှင်းရန် မလွယ်ကူ နိုင်လောက်အောင်ပင်။

အကယ်၍ ယခင်ကအတိုင်းသာ လွှတ်ထားမည်ဆိုပါက ကျင်းရှိယန်က အမှန်အတိုင်း ကျရှုံးသွားဖွယ် ရှိ၏။ သို့ပေမည့် ယခု ကျင်းရှိယန်သည် ခန္ဓာကိုယ်ထဲတွင် ခုခံအားများ ပြည့်နှက်နေသည့်လူ ဖြစ်သွားခဲ့သည်။

ဝူယုက အဆုံးစွန်အထိ ဖြားယောင်းခဲ့ပြီး သူမကိုယ်တိုင်ပင်လျှင် ကျင်းရှိယန်အပေါ်တွင် ချစ်မိသွားခဲ့၏။

သို့ပေမည့် ကျင်းရှိယန်၏ အမြင်၌မူကား အရာအားလုံးက ဟန်ဆောင်ထားခြင်းများသာလျှင် ဖြစ်၏။ အရာအားလုံးက အတုအယောင် လှည့်ဖြားထားသည့် အရာများသာ ဖြစ်၏။ ထို့အပြင် သူက နယ်စားကြီး ကျင်းကျိုး မသေဆုံးသည်ကို သိရှိသည်။ ထိုတင်မကသေးချေ။ သူက ရှမ့်လန်၏ ပရိယာယ်ကစားမှုကိုလည်း ကောင်းကောင်း နားလည်ပြီးသား ဖြစ်၏။ ထို့ကြောင့် သစ္စာဖောက်လိုသည့် ဆန္ဒဟူ၍ သူ့တွင် တစ်စိုးတစ်စိမှ မရှိချေ။

All Chapters