← Chapters

ဧရာမမီးငရဲပန်း

Vol. 20 Ch. 294

ဧရာမမီးငရဲပန်း

Vol. 20 Ch. 294

လက်ရှိအချိန်၌ ယီယွင်၏ရှေ့တွင် ကျောက်နံရံတစ်ခု ရှိနေလေ၏။ ခရမ်းရောင်သလင်းကျောက် ညွှန်ပြနေသည့်နေရာက ထိုကျောက်နံရံထဲသို့ ဖြစ်လေသည်။

" ကျောက်နံရံ..."

ယီယွင် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ ထိုကျောက်နံရံက တစ်စုံတစ်ခု ထူးခြားနေသည့်ဟန် ရှိမနေပေ။ စက်ကိရိယာတစ်ခုခု ရှိနေလေသလော။

ယီယွင် ကျောက်နံရံအား ထိကြည့်လိုက်သည်။ ကျောက်နံရံက ခြစ်ခြစ်တောက် ပူနေလေ၏။ သူ၏လက်အား ခရမ်းရောင်သလင်းကျောက်က ကာကွယ်ပေးထားသည့်တိုင်အောင် ထိုအပူကို ခံနိုင်ခြင်းမရှိပေ။

သူ ဘာမျှမတွေ့သော်လည်း ခရမ်းရောင်သလင်းကျောက်က ထိုနေရာကို ညွှန်ပြနေလေသည်။

ဤကျောက်နံရံနှင့်ပတ်သတ်ပြီး ထူးခြားမှုတစ်ခုခု ရှိရလိမ့်မည်။ မီးငရဲ၏ အပူချိန်က အလွန်မြင့်မားသည့်တိုင်အောင် ဤကျောက်နံရံကို လောင်ကျွမ်းစေခြင်း သို့မဟုတ် အရည်ပျော်စေခြင်း မရှိပေ။ ယီယွင် တပ်တစ်ထောင်ဓားမောက် ထုတ်ယူကာ ကျောက်ခဲတစ်တုံး တူးယူလိုက်သည်။

ယီယွင် လက်ထဲမှ အနီရင့်ကျောက်တုံးကို စစ်ဆေးကြည့်သော်လည်း မည်သည့်ထူးခြားချက်မျှ မတွေ့ရပေ။ ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လည်ပတ်စေပြီး ကျောက်တုံးထဲသို့ ယွမ်ချီထိုးသွင်းလိုက်သည်။

ဖောင်း...။

ကျောက်တုံး တစ်စစီပေါက်ကွဲသွားကာ ဖုန်မှုန့်များ ဖြစ်သွားရလေ၏။ ထိုဖုန်မှုန့်များက မီးငရဲပေါ်သို့ ကျဆင်းသွားသော်လည်း ဖုန်မှုန့်များက ပြာဖြစ်သည်အထိ လောင်ကျွမ်းခြင်းမခံရပေ။

ယီယွင် အသက်ပြင်းပြင်း ရှုလိုက်လေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းဆယ်ချီအတွင်း မရေမတွက်နိုင်လောက်သော ပညာရှိများက ကြယ်ကြွေဂိတ်သို့ ရောက်လာကြကာ လျှို့ဝှက်ချက်ကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသည့်တိုင်အောင် ကျရှုံးခဲ့ကြသည်။ ထိုရလဒ်ကြောင့် အစွမ်းထက်ပုဂ္ဂိုလ်များက ကြယ်ကြွေဂိတ်သို့သွားရန် စိတ်မဝင်စားကြတော့ပေ။ ကြယ်ကြွေဂိတ်၏ လျှို့ဝှက်ချက်သည် အလွန်ကောင်းမွန်စွာပင် ပုန်းအောင်းနေခဲ့လေ၏။ သူ့အဖို့ ခရမ်းရောင်သလင်းကျောက်နှင့်ပင် လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။

ယီယွင် ထိုကောက်နုတ်ချက်အား ရလာပြီးနောက်တွင် စိတ်တည်ငြိမ်လာခဲ့လေ၏။ ယီယွင် စွမ်းအင်မြင်ကွင်းဖွင့်ကာ ကျောက်မျက်နှာပြင်ကို စူးစမ်းရှာဖွေကြည့်လိုက်သည်။ စွမ်းအင်မြင်ကွင်းထဲတွင် ကျောက်မျက်နှာပြင်က လင်းလက်တောက်ပနေပြီး ဆန်းကြယ်သော စွမ်းအင်အမျှင်များ စုစည်းနေကြသည်။ ထိုစွမ်းအင်များက ထိန်းချုပ်ခံနေရသည့်အလားပင် အပြင်ဘက်သို့ ထွက်မလာကြပေ။

ယီယွင် နံရံအားကြည့်ရင်း အကြံတစ်ခုရလာ၏။ သူ တပ်တစ်ထောင်ဓားမောက်ထဲသို့ နေအလင်းချီ ထည့်သွင်းကာ စွမ်းအင်များ စုဝေးနေသည့်နေရာသို့ ခုတ်ချလိုက်လေ၏။

ဖောင်း...။

နေအလင်းချီ ပေါက်ကွဲသွားလေပြီး ယီယွင်၏ စွမ်းအင်မြင်ကွင်းထဲတွင် ထိုခုတ်ချက်က ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်လုံး ကျဆင်းသွားသည့်ပမာ ဖြစ်နေလေသည်။ စွမ်းအင်များကို ထိန်းချုပ်ထားသည်များ ပျက်စီးသွားပြီး စွမ်းအင်များ ထွက်ကျလာကာ တဖြည်းဖြည်းချင်းဖြင့် ဆန်းကြယ်ကာ တောက်ပသော အနက်ရောင်အလင်းစက်များအဖြစ် ပြောင်းလဲသွားပြီး ကျောက်နံရံထက်သို့ တက်သွားကြသည်။

အနက်ရောင်အလင်းစက်များ၏ အထက်တွင် စွမ်းအင်များ စီးဆင်းနေလေ၏။ ယင်းက လန်းဆန်းသွားရသည့်အလားပင်။

" ဒါက... "

ယီယွင် ရင်ခုန်သွားသည်။ နောက်ဆုံးတွင် မူမမှန်သည့်အရာကို တွေ့လိုက်ရလေပြီ။

အနက်ရောင်အလင်းစက်များကို ယီယွင်၏ စွမ်းအင်မြင်ကွင်းနှင့်သာ မြင်နိုင်လေပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

ယီယွင်က အနက်ရောင်အလင်းစက်များကို သတိထားကာ ထိကြည့်လိုက်သည်။ အလင်းစက်များကို ထိရသည်မှာ မပူလေဘဲ နွေးသည်ဆိုရုံသာ ရှိသည်။ သူက နွေးထွေးသော ကျောက်စိမ်းတစ်ခုကို ထိနေရသည့်အလားပင်။

ယီယွင်က အလင်းစက်များကို နေရာရွှေ့ကြည့်ရန် ကြိုးပမ်းလိုက်သော်လည်း မအောင်မြင်ပေ။ အလင်းစက်များကို ပြင်ပစွမ်းအားများက ထိတွေ့၍မရပေ။ ယီယွင်၏လက်သည် အလင်းစက်များကို ဖြတ်သန်းသွားခဲ့လေ၏။

ယီယွင် မည်သို့လုပ်ရမည် မသိတော့ချေ။ သူ အကြိမ်ကြိမ်ကြိုးစားကာ ကျရှုံးနေပြီးနောက် အလင်းစက်အတွင်းမှ စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက်နှင့် စုပ်ယူကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုစွမ်းအင်များ အစီရင်နည်းတစ်မျိုးဖြင့် ထိန်းချုပ်ထားပြီး သူ စုပ်ယူ၍မရသည်ကို သိလိုက်ရသည်။

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်ထိန်းချုပ်မှုက အတိုင်းဆမဲ့ မဟုတ်ပေ။ ယီယွင် နတ်အရိုင်းမြေခန်းမထဲတွင် ရှိနေခဲ့စဥ်က ရှေးဦးမျိုးစိတ်များ၏ စွမ်းအင်များကို မဟာယန်ရွှေအားဖြတ်၍ စုပ်ယူရန်အတွက် အလွန်တရာပင် ခက်ခဲခဲ့ဖူးသည်။

နာရီအနည်းငယ်ခန့် ကြာသွားခဲ့ပြီး ယီယွင်က နည်းလမ်းမျိုးစုံ သုံးကြည့်ခဲ့သော်လည်း အလင်းစက်များကမူ မည်သို့မျှမနေပေ။ ယီယွင် အကြံအိုက်နေရ၏။

ငါ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုမှပဲ အလင်းစက်ကို တွေ့ခဲ့ရတယ်။ ဒါဘာသဘောလဲ။ ခရမ်းရောင်သလင်းကျောက် ခုန်နေတာက ဒီအလင်းစက်ကြောင့်လား။

ယီယွင် အန္တရာယ်အကြားတွင် စွန့်စားခဲ့ရပြီး ဤနေရာ၏နောက်ကွယ်မှ လျှို့ဝှက်ချက်ကို တွေ့ခဲ့ရသော်လည်း အဖြေထုတ်မရသေးပေ။ ယင်းအဖြစ်ကြောင့် သူ ဒေါသထွက်ရ၏။

သူ လက်ဗလာနှင့် မပြန်လိုပေ။ သို့သော် ဤနေရာတွင် ဆက်နေရန်ကလည်း မည်သို့လုပ်ရမှန်းမသိပေ။

အိုး...။

ယီယွင် အကြံတစ်ခု ရလာသည်။ သူ ဘေးဘက်ဆီသို့ ခြေလှမ်းအနည်းငယ်ခန့် ဖြည်းညင်းစွာရွေ့သွားရင်း ခရမ်းရောင်သလင်းကျောက်၏ အပြောင်းအလဲကို အာရုံခံနေသည်။

ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်ချက်ဖြင့် ယီယွင် အခြားနေရာတစ်ခုသို့ ရောက်သွားလေ၏။

ဒီနေရာ...။

ယီယွင်၏ မျက်ဝန်းများ တောက်ပသွားသည်။ ထိုနေရာတွင်လည်း စွမ်းအင်ဆုံမှတ်တစ်ခု ရှိနေလေသည်။ ယီယွင်က ထိုနေရာအား တပ်တစ်ထောင်ဓားမောက်နှင့် ခုတ်လိုက်သည်။

ထန်း...။

စွမ်းအင်ဆုံမှတ် ပျက်စီးသွားကာ စွမ်းအင်လုံးများ ထွက်ပေါ်လာကာ ကျောက်နံရံထက်သို့ တက်သွားလေ၏။ ထိုအလင်းစက်များက ပထမအလင်းစက်များနှင့် အရွယ်အစား တူညီသော်လည်း အရောင်ကမူ ကွဲပြားလေသည်။ ပထမအလင်းစက်များက အနက်ရောင်ဖြစ်​ပြီး ဤအလင်းစက်များက အနီရင့်ရောင် ဖြစ်လေသည်။

ယီယွင် ဆက်လက်၍ ရှာဖွေခဲ့လေပြီး ခရမ်းရောင်သလင်းကျောက်၏ လမ်းညွှန်ချက်ဖြင့် အလင်းစက်များကို တစ်ခုပြီးတစ်ခု ရှာတွေ့ခဲ့လေသည်။ အလင်းစက်များ၏ အကွာအဝေးက နီးလိုက်ဝေးလိုက်ဖြင့် ကျပန်းဆန်နေသည်။ အရောင်ကမူ အနက်နှင့် အနီရင့်ရောင် နှစ်မျိုးသာရှိလေ၏။

" ဒါတွေက အတော်များတာပဲ "

ယီယွင် နာရီအနည်းငယ်ခန့် အသုံးပြုခဲ့ရပြီး အလင်းစက်တစ်ရာကျော်ကို တွေ့ခဲ့လေသည်။ အလင်းစက်များက ကျောက်နံရံထက်တွင် တကွဲတပြား ရှိနေလေပြီး ကြည့်ရသည်မှာ ခမ်းနားလှသည်။

ဒါက အစီရင်ကြီးတစ်ခုများလား။

ယီယွင် အလင်းစက်များကိုကြည့်ကာ ယင်းအရာကို ပထမဆုံး တွေးမိသွားသည်။

ယင်းက ပြိုင်စံရှားကျွမ်းကျင်သူ လုပ်ဆောင်ခဲ့သည့် အစီရင်တစ်ခု ဖြစ်ဖို့များလေသည်။ ယီယွင်က အစီရင်များအပေါ် သိနားလည်မှု နည်းပါးလေ၏။ သူက သာမန်အစီရင်များကိုပင် မဖျက်နိုင်ပေရာ ပြိုင်စံရှားအစီရင်တစ်ခုဆိုလျှင် သာ၍ပင် ဆိုးသေးလေ၏။

ယခုအခါ မြောက်မြားစွာသော အလင်းစက်များနှင့် ကြုံလာရချိန်တွင် သူ လုံးဝပင် ဖြေရှင်းချက်မဲ့နေ၏။

" ဒီပဟေဠိက ခက်လွန်းတယ်ကွာ " ယီယွင် မျက်မှောင်ကုတ်လိုက်၏။

နှစ်သန်းပေါင်းဆယ်ချီအတွင်း ကြယ်ကြွေဂိတ်ကို စူးစမ်းရှာဖွေခဲ့ကြသည့် ပညာရှိများမှာ လက်ဗလာနှင့်သာ ပြန်ခဲ့ကြရပေ၏။ သူတို့က ဤအလင်းစက်များကိုပင် ရှာမတွေ့ခဲ့ကြပေ။

" အိုး...နေဦး..."

ယီယွင် ရင်ဖိုသွားသည်။ ခရမ်းရောင်သလင်းကျောက်က ထပ်မံပြီး ထူးဆန်းစွာခုန်လာသည်။ ဝိုးတဝါးခံစားချက်ကြောင့် ယီယွင် အသက်ရှုမှားသွားရသည်။

" အခုက ဘာလဲ "

ဤခံစားချက်က အလင်းစက်များကြောင့် အနည်းငယ်ခုန်ခြင်းနှင့် လုံးဝမတူပေ။ အဲ့ဒါက အစီရင်ရဲ့ အဓိကသော့ချက် ဖြစ်နေလောက်မလား။

ယီယွင်က ခရမ်းရောင်သလင်းကျောက် ထောက်လှမ်းမိသည့် နေရာဆီသို့ သွားခဲ့လေ၏။ ဓားများပမာ ထိုးထိုးထောင်ထောင်ဖြစ်နေသည့် ကျောက်ဆောင်များကို ဖြတ်ကျော်ပြီးနောက် ကျောက်ဆောင်များ၏နောက်မှ အရာကို ယီယွင် မြင်လိုက်ရကာ အံ့အားသင့်သွားခဲ့သည်။

ကျောက်ဆောင်များ၏နောက်တွင် ချိုင့်ဝှမ်းတစ်ခု ရှိနေလေ၏။ ချိုင့်ဝှမ်းထဲတွင် ဧရာမပန်းတစ်ပွင့် ပေါက်နေသည်။ ပန်းပွင့်၏ရိုးတံက ဆယ်မီတာကျော် ရှည်လျားပြီး လူငါးယောက်ဖက်စာခန့် တုတ်ခိုင်သည်။ ပန်းပွင့်၏ အရွက်များက အိမ်တစ်လုံးအရွယ်ခန့် ရှိလေ၏။

ပန်းက အပြည့်အဝ ပွင့်လန်းနေလျက်ရှိပြီး ပွင့်ဖက်ခုနစ်ခု ရှိလေသည်။ ပွင့်ဖက်တစ်ခုချင်းစီတွင် ကိုယ်ပိုင်အရောင်တစ်ခု ရှိလေ၏။ ပွင့်ဖက်များက ပြည့်ဝိုင်းပြီး အလွန်တရာပင် လှပလေသည်။ ယင်းက ခုနစ်ရောင်ခြယ်ပန်းတစ်ပွင့် ဖြစ်လေ၏။

ခုနစ်ရောင်ခြယ်ပန်းက ခုနစ်​ရောင်ခြယ်အလင်း၏ အရောင်ခုနစ်ခုနှင့် တူညီနေလေသည်။ ယင်းက ရင်သပ်ရှုမောဖွယ်ရာပင်။

" စွဲမက်လောက်စရာပဲ "

ဤကဲ့သို့ ဧရာမပန်းပွင့်မျိုးကို ယီယွင် ပထမဆုံးမြင်ဖူးခြင်း ဖြစ်လေ၏။ ထိုပန်းပွင့်က မီးငရဲတွင် ပေါက်ရောက်ရှင်သန်နေသည်ကို ယီယွင် အံ့အားအသင့်ရဆုံး ဖြစ်လေ၏။

ဤနေရာတွင် အပူချိန်က အလွန်မြင့်မားလေပြီး သန့်စင်ယန်ဓာတ် ပျက်စီးခြင်းသားရဲများပင် ဝင်လာရဲခြင်းမရှိပေ။ သို့တိုင်အောင်ပင် ထူးဆန်းသောပန်းက အပြည့်အဝ ပွင့်လန်းနေချေ၏။

ဆန်းကြယ်သောပန်းက လှပသော်ငြားလည်း အစီရင်၏သော့ချက် ဖြစ်ဟန်မတူပေ။ ၎င်းက မီးငရဲထဲတွင် ရှင်သန်ပေါက်ရောက်နေသည့် အလှဆင်အပင်နှင့် ဆင်တူနေသည်။

" အိုး...ဒါက... "

ယီယွင် ရုတ်တရက်ပင် အသက်ရှုမှားသွားရသည်။ ပန်းပွင်ကြီး၏အလယ်တွင် ဆန်းကြယ်မီးတောက်တစ်ခု ငြိမ်သက်စွာ တောက်လောင်နေသည်ကို သူ မြင်လိုက်ရသည်။ ထိုမီးတောက်ကလည်း ခုနစ်ရောင်ခြယ်ဖြစ်ပြီး ဝေဝါးသော ရောင်ခြည်အဝန်းတစ်ခု ထုတ်လွှတ်နေခြင်းကြောင့် မြင်ရသည်မှာ အိပ်မက်ဆန်နေလေသည်။

ယီယွင်က စွမ်းအင်မြင်ကွင်း အသုံးပြုကာ မီးတောက်ကို ကြည့်လိုက်လေသည်။ ခုနစ်ရောင်ခြယ်မီးတောက်က နေမင်းငယ်တစ်ခုအလားပင်။ ၎င်းက အဆုံးမဲ့သော တောက်ပမှုနှင့် အပူချိန်ကို ထုတ်လွှတ်ပေးနေသည်။

" ဖြစ်နိုင်တာက..."

ယီယွင် အသက်ရှုမှားသွားရ၏။ ယခင် သူ သန့်စင်ယန်အကြောင်း ဖတ်ဖူးသည်ကို ပြန်တွေးမိသွားလေ၏။ တိုင်အာနတ်ကျင့်စဥ်ထဲတွင်လည် ဖော်ပြထားလေသည်။

ဒါက သန့်စင်ယန်စိတ်ဝိညာဥ်နဲ့ တူသလိုပဲ။

သန့်စင်ယန်ချီများ အဆုံးမဲ့အောင် ထူထဲလာပါက နှစ်ကာလများစွာ ကြာညောင်းပြီးလျှင် သန့်စင်ယန်စိတ်ဝိညာဥ်တစ်ခု မွေးဖွားပေးလေသည်။

သန့်စင်ယန်စိတ်ဝိညာဥ်သည် လူတစ်ဦး၏ ရုပ်ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်ပြီး သန့်စင်ယန်ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်စေနိုင်သည်။ တစ်ချိန်တည်းမှာပင် သန့်စင်ယန်စိတ်ဝိညာဥ်က တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံသူများအတွက် အလွန်တရာပင် အကျိုးရှိ၏။ စစ်သည်တစ်ဦးက သန့်စင်ယန်စိတ်ဝိညာဥ်ကို စုပ်ယူကာ တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံလိုက်ပါက ကျင့်ကြံမှုအမြန်နှုန်းများ တဟုန်ထိုးမြင့်မားသွားပေလိမ့်မည်။

သန့်စင်ယန်စိတ်ဝိညာဥ်က စွမ်းအားထောက်ပံ့ပေးထားသည့် တိုင်အာနတ်ကျင့်စဥ်၏ သိုင်းကွက်များကလည်း အလွန်တရာပင် အစွမ်းထက်သွားပေလိမ့်မည်။

" ငါက သန့်စင်ယန်စိတ်ဝိညာဥ်တစ်ခုနဲ့ တကယ်ကို ကြုံတွေ့ခဲ့ရတာပါ့လား "

ယီယွင် ရင်တဒိန်းဒိန်းခုန်နေသည်။ ယင်းသည် အင်မတန်ကြီးမားသော ကံကောင်းမှုတစ်ရပ် ဖြစ်လေ၏။

All Chapters