← Chapters

နွေး‌ထွေးမှုပေးတဲ့ မိစ္ဆာသန္ဓေသား

Vol. 7 Ch. 78

နွေး‌ထွေးမှုပေးတဲ့ မိစ္ဆာသန္ဓေသား

Vol. 7 Ch. 78

အဇူရာတိမ်ဂိုဏ်းတွင်

ချင်းယွင်ကျိ၏အမူအရာလေးနက်နေခဲ့ကာ သူ့အာရုံများကို ကျန်းယန်ကဖမ်းစားထားခဲ့သည်။

မိစ္ဆာသန္ဓေသားများကို ကျန်းယန်၏မူလအပျက်အဆီး‌‌ရွှေအမြုတေကိုစမ်းသပ်ရန် သူကိုယ်တိုင်ထည့်ထားခြင်းဖြစ်သော်လည်း သူကျန်းယန်ကိုတော့ ဘာမှဖြစ်မသွားစေချင်ပေ။

သူ့အတွက် ယခုလိုပြီးပြည့်စုံသောတပည့်တစ်ယောက်ကိုရရှိဖို့က အလွန်ခက်ခဲလှပြီး အထူးသဖြင့် ထိုတပည့်တွင် မူလအပျက်အဆီးရွှေအမြုတေပါရှိနေသောအခါတွင်ဖြစ်သည်။ ထိုကဲ့သို့သောတပည့်မျိုးကို သူမည်သို့အထိခိုက်ခံနိုင်ပါမည်နည်း။

သူကျန်းယန်၏မူလအပျက်အဆီး‌ရွှေအမြုတေအပေါ်ယုံကြည်မှုရှိပါသော်လည်း အလေးအနက်မထားဘဲတော့ မနေရဲပေ။

ဒါမှသာ တကယ်လို့များသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူချက်ချင်း၀င်ပါနိုင်မည် ဖြစ်သည်။

“ညီမလေး!” ကျန်းယန်အံ့ဩတုန်လှုပ်သွားကာ စွန့်အသွားခဲ့၏။

အစကတော့ ထိုကောင်မလေးက စကားလုံးများကိုသာအသုံးပြုခဲ့ခြင်းဖြစ်ပြီး အခုတော့ လက်တွေ့လုပ်ဆောင်ချက်များပါ ပါနေခဲ့ချေပြီ။

ရုတ်တရက်ဆိုသလို ကျန်းယန်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး သူ့ရွှေအမြုတေတစ်ခုခုမှားနေတာကို သူသတိထားမိသွားခဲ့သည်။

သူကြောင်သွားခဲ့ကာ စစ်ထူမင်ယွဲ့ကိစ္စကိုဂရုမစိုက်နိုင်တော့ဘဲ သူ့အာရုံတစ်ခုလုံးက သူ့ရွှေအမြုတေဆီရောက်ရှိသွားခဲ့၏။

သူချင်းယွင်ကျိကိုရွှေအမြုတေဖွင့်ပေးကာ အ၀င်ခံခဲ့ခြင်းက သူယုံကြည်ရသော သူ့ဆရာသခင်ဖြစ်နေ၍ ဖြစ်သည်။

သို့သော် အခုလိုဘာမှန်းမသိသောအရာက သူ့ရွှေအမြုတေထဲ၀င်ချင်နေတာကိုတော့ သူခွင့်ပြုမည် မဟုတ်ပေ။

မိစ္ဆာသန္ဓေသားကျန်းယန်ကိုယ်ထဲ၀င်သွားခဲ့ပြီးနောက် သူ့ပထမဆုံးလှုပ်ရှားမှုမှာ ကျန်းယန် ‌ရွှေအမြုတေကိုထိန်းချုပ်ဖို့ကြိုးစားခြင်းပင်။

သူကျန်းယန်ကို စစ်ထူမင်ယွဲ့မှတစ်ဆင့်အကဲခတ်နေတာ ကြာပြီဖြစ်ပြီး ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအင်များက မျှော်လင့်မထားရလောက်အောင် များပြားမှန်း သူသိပြီးသားဖြစ်သည်။ တကယ်လို့သူသာအ‌ခုအခြေအနေကိုအခွင့်ကောင်းယူပြီးကျန်းယန်ရွှေအမြုတေကို ထိန်းချုပ်ဖို့မကြိုးစားပါက ကျန်းယန်ပြန်ကောင်းသွားသောအခါတွင် သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့က စစ်ထူမင်ယွဲ့ကိုလုပ်ခဲ့သလိုပင် အသိစိတ်ပင်လယ်ကိုပါရအောင်သိမ်းပိုက်ရမည် ဖြစ်၏။

သို့သော်လည်း ကျန်းယန်ကိုထိန်းချုပ်နိုင်ဖို့က စစ်ထူမင်ယွဲ့ကိုထိန်းချုပ်တာလောက် လွယ်နေမည်တော့ မဟုတ်ပေ။ ထိုကောင်သည် မယုံနိုင်စရာကောင်းအောင် သန်မာလွန်းလှပေသည်။

ထို့ကြောင့် သူမအတွက်ကျန်းယန်ကိုထိန်းချုပ်ဖို့အကောင်းဆုံးနည်းလမ်းက အခုလို သူ့ရွှေအမြုတေအားနည်းနေချိန်တွင် ရွှေအမြုတေကိုအရင်ထိန်းချုပ်ထားပြီး နောက်မှနည်းလမ်းရှာကာ သူ့အသိစိတ်ပင်လယ်ကိုပါ ထိန်းချုပ်နိုင်ဖို့ ဖြစ်၏။

မိစ္ဆာသန္ဓေသား ကျန်းယန်ဒန်တျန်ထဲသို့အတင်းတိုးဝင်နေပြီး သူ့မိစ္ဆာစွမ်းအားများဖြင့် ကျန်းယန်၏ရွှေအမြုတေကိုထိန်းချုပ်ဖို့ ကြိုးစားနေခဲ့သည်။

ထိုစဉ် ကျန်းယန်လည်း မိစ္ဆာသန္ဓေသားအရိပ်ကိုသတိပြုမိသွားခဲ့၏။

ဒီလောက်ကြီးပြီး ဖရိုဖရဲဖြစ်နေတဲ့အရိပ်ကြီးက ဘာကြီးလဲဟ!

ထိုအရာက သူ့ရွှေအမြုတေကို ပစ်မှတ်ထားကာတိုက်ခိုက်နေခြင်း‌ပေလော။

သူရွှေအမြုတေကိုအပြည့်အ၀အသက်သွင်းလိုက်ကာ မိစ္ဆာသန္ဓေသား၏ မိစ္ဆာဝိညာဉ်စွမ်းအားများကို ခုခံလိုက်လေသည်။ သို့သော်လည်း သူ့ရွှေအမြုတေက သူ့အမိန့်ကိုနာခံလိုပုံမရဘဲ မိစ္ဆာဝိညာဉ်စွမ်းအားများကို မတားဆီးရုံသာမကဘဲ ကြိုတောင်ကြိုဆိုနေခဲ့သေး၏။

ထိုအခိုက်တွင်ချင်းယွင်ကျိလည်းဒွိဟဖြစ်‌ေနခဲ့သည်။ မိစ္ဆာသန္ဓေသားသည် ကျန်းယန်၏ရွှေအမြုတေကိုသိမ်းပိုက်ရန်ကြိုးစားနေတာ ထင်ရှားနေခဲ့သော်လည်း သူ၀င်ပါသင့်မပါသင့်ဝေခွဲမရဖြစ်နေခဲ့၏။

ကျန်းယန်၏ရွှေအမြုတေက မဟာတာအိုစွမ်းအားကိုဝါးမြိုနိုင် မမြိုနိုင်ကိုတော့ သူကိုယ်တိုင်ကိုယ်ကျစမ်းသပ်ခဲ့ပြီးသားဖြစ်သည်။

သို့သော် ထိုအရာက မိစ္ဆာသန္ဓေသားကိုရော ဝါးမြိုနိုင်ပါမည်လော။

ကောလာဟလများက ပြောကြတာတော့ မူလအပျက်အဆီးရွှေအမြုတေသည် မဟာတာအို၏စွမ်းအားကိုမကြောက်ဘူးဟု ပြောကြပြီး သူကလည်းထိုကိစ္စအပေါ်လက်တွေ့စမ်းသပ်ခဲ့ပြီးသား ဖြစ်၏။ သို့သော်လည်း ရွှေအမြုတေဆိုတာက ကျင့်ကြံသူတစ်ယောက်အတွက်အရေးအကြီးဆုံးအရာဖြစ်ပြီး တစ်ခုခုသွေဖယ်သွားဝာာနဲ့ ကျင့်ကြံခြင်းဖောက်ပြန်ကာ အဆုံးမဲ့အကျိုးဆက်များဆီ ဦးတည်သွားစေနိုင်ပေသည်။

ချင်းယွင်ကျိ တွန့်ဆုတ်နေချိန်တွင် ကျန်းယန်ကိုယ်ထဲ၌ အပြောင်းအလဲတစ်ခုဖြစ်ပေါ်သွားခဲ့၏။

ကျန်းယန်၏ခုခံမှုအောက်တွင် မူလအပျက်အဆီးရွှေအမြုတေသည် ခုနကလိုမိစ္ဆာဝိညာဉ်စွမ်းအားကို တိုက်ရိုက်စုပ်မယူရတော့ဘဲ ခုခံချင်ယောင်ဆောင်၍ စုပ်ယူဖို့သာ တတ်နိုင်တော့သည်။

နောက်ဆုံးတွင်တော့ မိစ္ဆာဝိညာဉ်စွမ်းအားများသည် ကျန်းယန်၏ရွှေအမြုတေတစ်ခုလုံးကိုဖုံးအုပ်သွားခဲ့၏။

မိစ္ဆာသန္ဓေသားအမြင်တွင် သူမိစ္ဆာဝိညာဉ်စွမ်းအားများက ကျန်းယန်ရွှေအမြုတေထဲ၀င်နေပြီဟု ထင်ရသော်လည်း တကယ်တော့ ကျန်းယန်၏တာအိုမျိုးစေ့ကိုမထိန်းချုပ်နိုင်သေးခင်တွင် သူ့မိစ္ဆာစွမ်းအားများကပျောက်ကွယ်သွားနေခဲ့ရခြင်းဖြစ်သည်။

မိစ္ဆာသန္ဓေသားလည်း ပဟေဠိဖြစ်သွားခဲ့၏။

ဘာတွေဖြစ်နေတာလဲဟ!

ကျန်းယန်အတွက်ကတော့ မိစ္ဆာသန္ဓေသား၏မိစ္ဆာဝိညာဉ်စွမ်းအားများ သူ့ကိုယ်ထဲ၀င်လာသောအခါ အားဆေးစားလိုက်ရသလိုခံစားလိုက်ရပြီး သူ့ရွှေအမြုတေကအများကြီးကြီးမလာသော်လည်း ပြည့်စုံလာသလိုတော့ ခံစားနေခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ကျန်းယန်လုံး၀ကြောင်အနေခဲ့မိ၏။ သူအစကတော့ ထိုအနက်ရောင်အရိပ်က သူ့ကိုအန္တရာယ်ပေးဖို့ဒန်တျန်ထဲ၀င်လာသည်ဟုထင်ခဲ့သော်လည်း တကယ်တော့ ထိုအရာက သူ့ကိုအနွေးဓာတ်ပေးနေခဲ့သည်။

ဒီလိုဆိုမှတော့ သူ့ဘက်ကလည်း ခုခံမှုကိုရပ်တန့်လိုက်သင့်ချေပြီ။

တစ်ယောက်ယောက်က သူ့အိမ်ရှေ့ထိအကူအညီလာပေးနေချိန်တွင် သူကတံခါးပိတ်ထားလျှင် မယဉ်ကျေးရာ ကျသွားပေလိမ့်မည်။

သူခုခံမှုကိုရပ်တန့်လိုက်သောအခါ မိစ္ဆာဝိညာဉ်စွမ်းအင်များက သူ့ကိုယ်ထဲတရဟောစီး၀င်လာခဲ့ကြ၏။

ကျန်းယန် သက်တောင့်သက်သာဖြစ်မှုကိုခံစားလိုက်ရပြီး အလိုလိုညည်းလိုက်မိသည်။

“အား ကောင်းလိုက်တာ!”

သူ့ကိုယ်ထဲမှ မိစ္ဆာသန္ဓေသားထွက်သွားသောအခါ စစ်ထူမင်ယွဲ့သတိပြန်၀င်သွားပြီး ကျန်းယန်ကိုယ်မှချက်ချင်း ဖယ်ခွာလိုက်လေသည်။

ကျန်းယန်ကိုသူမဖက်ထားမိသောအဖြစ်ကို သတိထားမိသွားခဲ့ပြီး သူအမြန်ရှင်းပြလိုက်၏။

“စီနီယာအစ်ကိုကြီး အဲ့တာညီမလေးမဟုတ်ဘူး…”

သို့သော်လည်း ကျန်းယန်က အား ကောင်းလိုက်တာဟု ညည်းလိုက်သောကြောင့် စစ်ထူမင်ယွဲ့ လုံ၀ကြက်သေသေသွားခဲ့သည်။

ထို့နောက် သူမမျက်နှာနီရဲသွားပြီး ရင်တဒိန်းဒိန်းခုန်လျက် မျက်နှာကိုအုပ်ကာ ထွက်ပြေးသွားခဲ့၏။

ရှက်လွန်း၍ ထိုအခိုက်တွင် သူမစီနီယာအစ်ကိုကြီးနှင့်မျက်နှာချင်းပင်မဆိုင်ရဲတော့ပေ။

ထိုအဖြစ်အပျက်ကိုကြည့်ရှုနေသော ကျန်းကျစ်ချိုးကတော့ ခေါင်းကိုသာအသာအယာခါယမ်းလိုက်ပြီး

“အော် လူငယ်တွေ ဟူးး ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ကြပါလားနော် ခံစားချက်တွေရဲ့ လွှမ်းမိုးခြင်းကိုခံကြရရှာတယ်!”

သူနောက်လှည့်နေလိုက်ပြီး မမြင်သင့်တာဘာကိုမှမမြင်လိုက်ရသလို ဟန်ဆောင်နေလိုက်သည်။

အခြေအနေကိုမြင်နေရသော ချင်းယွင်ကျိကတော့ ရယ်လည်းရယ်ချင်နေသလို စိတ်လည်းဆိုးနေခဲ့၏။

မိစ္ဆာသန္ဓေသားက ဆက်လက်ကျူးကျော်နေတာတောင် ကျန်းယန်ပါးစပ်က ‌အား ကောင်းလိုက်တာ ဟုထွက်လာနိုင်သေးသောကြောင့် သူ၀င်မပါဖို့သာ ဆုံးဖြတ်လိုက်သည်။

ထိုအဖြစ်အပျက်က မူလအပျက်အဆီး‌‌ရွှေအမြုတေသည် ဘယ်လောက်ထူးခြားမှန်း သက်သေပြနေခဲ့၏။

အခုတော့ သူကျန်းယန်အပေါ်လုံး၀ယုံကြည်စိတ်ချသွားနိုင်ခဲ့ချေပြီ။

ကျန်းယန် ဒန်တျန်ထဲတွင် မိစ္ဆာသန္ဓေသား တဖြည်းဖြည်းချင်းဆက်လက်ပျောက်ကွယ်နေခဲ့သည်။ သို့သော်လည်း သူကြောက်ရမည့်အစား လှောင်ပြုံးပင်ပြုံးနေခဲ့သေး၏။

“ဒီရွှေအမြုတေကို ငါ့မိစ္ဆာဝိညာဉ်စွမ်းအားတွေနဲ့ ညစ်ညမ်းအောင်လုပ်ပြီးပြီ ရွှေအမြုတေကအလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူး အခုမင်းခန္ဓာကိုယ်ကိုသိမ်းပိုက်ဖို့ အလှည့်ရောက်ပြီပေါ့ကွာ”

အမတကျင့်ကြံသူတစ်ယောက်အဖို့ သူ့ရွှေအမြုတေကမိစ္ဆာဝိညာဉ်စွမ်းအားများဖံုးအုပ်ကာ ညစ်ညမ်းသွားခဲ့လျှင် ဘာစိတ်ဝိညာဉ်စွမးအားကိုမှအသုံးပြုနိုင်တော့မည်မဟုတ်ဘဲ အဆိုးဆုံးအခြေအနေရောက်သွားလျှင် ကျင့်ကြံခြင်းဖောက်ပြန်ကာ မိစ္ဆာလမ်းစဉ်ထဲကိုပင် ကျရောက်သွားနိုင်သေးသည်။

ဤအရာက ကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးသိထားသော ယေဘုယအချက်အလက်ဖြစ်၏။

ထို့ကြောင့်လည်း မိစ္ဆာသန္ဓေသားအလွန်ယုံကြည်မှုရှိနေခဲ့ခြင်း ဖြစ်သည်။

သူကိုယ်၌ကလည်း မိစ္ဆာဝိညာဉ်စွမ်းအားအများကြီးသုံးစွဲထား၍ အားနည်းနေပါသော်လည်း ကျန်းယန်ကလတ်တလောတွင် လှုပ်လို့တောင်ရတော့မည်မဟုတ်သောကြောင့် ကြောက်စရာမလိုပေ။

သို့သော် သူကျန်းယန်ဒန်တျန်ထဲမှထွက်၍ သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်ရန် ကြိုးစားလိုက်ချိန်တွင်တော့ ကျန်းယန်၏ရွှေအမြုတေကရွှေအလင်းများတောက်နေပြီး ‌‌ေရွှအလင်းများက ဒန်တျန်တစ်ခုလုံးကိုဖုံးအုပ်သွားတာကို တွေ့လိုက်ရ၏။

“မင်းကဒီရောက်နေမှတော့ ထွက်ပြေးမနေပါနဲ့တော့!”

ထိုထူးဆန်းသောအရာက သူ့ရွှေအမြုတေကိုအကျိုးပြုနိုင်မှန်း သိသွားသော ကျန်းယန်တစ်ယောက် ထိုအရာကို အဘယ်သို့လွှတ်ပေးနိုင်ပါတော့မည်နည်း။

သူစွမ်းအားအကုန်ထုတ်ကာ ထူးဆန်းသောအရာကို ဝါးမြိုဖို့ ကြိုးစားလေတော့သည်။

မိစ္ဆာသန္ဓေသားတုန်လှုပ်နေခဲ့၏။

ဒီရွှေအမြုတေက ညစ်ညမ်းနေပြီမဟုတ်လား ဘာလို့ စွမ်းအားတွေကျန်နေသေးတာလဲ!

ထို့နောက် ရွှေအမြုတေက သူ့မိစ္ဆာဝိညာဉ်စွမ်းအားများကိုဝါးမြိုနေမှန်း သိရှိသွားသောအခါ သူကြောက်လန့်တကြား ‌ရေရွတ်လိုက်မိသည်။

“ဒါကြီးက ဘယ်လိုရွှေအမြုတေကြီးလဲ ဘာလို့ မိစ္ဆာဝိညာဉ်စွမ်းအားတွေကို ဝါးမြိုနိုင်နေတာလဲ မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဟ!”

ထိတ်လန့်ကြောက်ရွံ့မှုများကြားတွင် နောက်ဆုံးတော့ မိစ္ဆာသန္ဓေသားကျန်းယန်၏ဝါးမြိုခြင်းကို လုံး၀ ခံလိုက်ရ၏။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းအတွင်းပိုင်းထဲ၌ ဟိန်းဟောက်သံကြီးတစ်သံထွက်ပေါ်လာခဲ့သည်။

“ငါမိစ္ဆာသန္ဓေသားပျောက်သွားပြီ! မင်း ခွေးမသား ငါ့မိစ္ဆာသန္ဓေသားကိုလွှတ်ပေးမယ်လို့ ‌မင်းပြောခဲ့တယ်မဟုတ်လား အခုတော့ ငါ့မိစ္ဆာသန္ဓေသားကို တိုက်ခိုက်လိုက်တယ်ပေါ့ မင်းကယုံပေးဖို့ မတန်တဲ့ကောင်ပဲ!”

ကျယ်လောင်လွန်းသောဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမအရိပ်ကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို လှူပ်ခါပစ်နေပြီး အရာအားလုံးကိုပြောင်းလဲပစ်ဖို့ ကြိုးစားနေခဲ့၏။

သို့သော်လည်း ထိုအရာက နှံကောင်လေးတစ်ကောင် ကရားအိုးထဲမှလွတ်မြောက်ဖို့ကြိုးစားနေတာနှင့်သာ တူနေခဲ့ပြီး လွတ်မြောက်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းထက်က ကောင်းကင်ယံ၌ ဘယ်ကမှန်းမသိသော တိမ်စိုင်ဖြူအချို့ ပေါ်ပေါက်လာခဲ့ပြန်သည်။

သို့သော် အဇူရာတိမ်ဂိုဏ်းကတော့ ငြိမ်းအေးသာယာနေဆဲဖြစ်ပြီး ထိုအဖြစ်အပျက်ကြီးကို ဘယ်သူတစ်ဦးတစ်‌ယောက်မှ သတိမထားမိခဲ့ကြပေ။

ချင်းယွင်ကျိ အသာအယာပြုံးနေခဲ့ပြီး ထိုမိစ္ဆာအရိပ်ကြီးကို ပေါက်ကွဲခွင့်ပေးထားလိုက်၏။

ထိုအခိုက်တွင် သူအလွန်ပျော်ရွှင်နေခဲ့မိသည်။ နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်းကတကယ်ကြီး လွတ်မြောက်ပေတော့မည်။

အဇူရာတိမ်ဂိုဏ်းလွတ်မြောက်သွားလျှင် သူလည်း လွတ်လပ်သွားပေတော့မည်သာ။

All Chapters