← Chapters

အဇူရာတိမ်ဂိုဏ်းအစစ်

Vol. 7 Ch. 84

အဇူရာတိမ်ဂိုဏ်းအစစ်

Vol. 7 Ch. 84

အဇူရာတိမ်ဂိုဏ်း၏ ကျဆင်းလာရမှုသည် လွန်ခဲ့သောနှစ်တစ်ထောင်က ကိစ္စကြီးနှင့်လုံး၀ဆက်စပ်နေခဲ့ခြင်းဖြစ်သည်။

ကျန်းယန်ထိုကိစ္စအကြောင်း လင်းယွင်ကျိထံမှကြားခဲ့သော်လည်း ဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ အတိအကျမသိခဲ့ပေ။

သို့သော် ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းကို အခုအခြေအနေရောက်သွားစေခဲ့သော ကပ်ဘေးက ခပ်သေးသေးတော့ မဟုတ်လောက်ပေ။

လွန်ခဲ့သောနှစ်တစ်ထောင်က ကပ်ဘေးအကြောင်းတွေး‌မိသောအခါ ချင်းယွင်ကျိမျက်နှာပေါ်တွင် အတိတ်ကိုလွမ်းဆွတ်သွားသော အမူအရာမျိုးပေါ်ပေါက်လာခဲ့သည်။ သူကျန်းယန်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“အဲ့ဒီကပ်ဘေးကြောင့် အဇူရာတိမ်ဂိုဏ်းကဒီအခြေအနေထိရောက်သွားရတာပဲ ဒီနေ့ထိတောင် အဲ့ဒီပြဿနာကိုပြီးပြတ်အောင် မဖြေရှင်းနိုင်သေးဘူး

မင်းရဲ့စီနီယာအစ်ကိုနှစ်ယောက်ကလည်း အဇူရာတိမ်ဂိုဏ်းရဲ့ အဲ့ဒီအမှန်တရားကိုသိပြီးတဲ့နောက် ထွက်ပြေးသွားခဲ့ကြတာပဲ”

“အဲ့ဒီကပ်ဘေးကတကယ်ပဲဘာများလဲ” ကျန်းယန် စိတ်၀င်စားနေဟန်ဖြင့် မေးလိုက်သည်။

“ဒါပေမယ့် အဲ့ဒီစီနီယာအစ်ကိုနှစ်ယောက်ကတော့ အဝောာ်လေးတာ၀န်မဲ့ကြတာပဲ သူတို့က ဂိုဏ်းကရတဲ့အကျိုးအမြတ်တွေကိုကျ စံစားချင်ကြပြီးတော့ ဒုက္ခကိုလည်းတွေ့ရော ထွက်ပြေးသွားကြတယ်”

ချင်းယွင်ကျိ ပြန်မဖြေခဲ့ပေ။ ကျန်းယန်ကိုသာ ရိုးရှင်းစွာ ကြည့်နေခဲ့၏။

“ဆရာတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့်ကိုပြောပြပါ” ကျန်းယန် ထပ်လောလိုက်သည်။

ချင်းယွင်ကျိ ဒီကိစ္စကိုထုတ်ပြောလာကတည်းက သူ့တွင်ထုတ်ပြောချင်နေသည့် ကိစ္စကြီးတစ်ခုခုရှိနေပြီဖြစ်မှန်း ကျန်းယန် သိ၏။

သို့သော် အဘယ်ကြောင့် အခုလိုအရေးကြီးသောအချိန်ရောက်မှ ရပ်တန့်လိုက်ရသနည်း။

ကျန်းယန် သူ့ဆရာကိုကြည့်နေရင်း ရုတ်တရက်နားလည်သွားခဲ့သည်။

“ဆရာ ကျွန်တော်လည်းအမှန်တရားကိုသိသွားရင် ထွက်ပြေးသွားမှာကိုကြောက်နေတာလား ဟီးး ကျွန်တော်တို့ဒီလောက်အချိန်ထိ အတူတူရှိနေလာတာတောင် ကျွန်တော့်ကိုမပြောခဲ့တာဆိုတော့ ဒီကိစ္စကအန္တရာယ်များမှာ သေချာတယ် ဒါဆိုရင်တော့ ကျွန်တော်မနက်ဖြန်ပဲ ဂိုဏ်းကထွက်သွားတော့မယ်”

“မင်း…”ချင်းယွင်ကျိ အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်၏။

သူသည်ကျန်းယန်ကြီးပြင်းလာသည်ကို ဆယ်နှစ်လုံးလုံးစောင့်ကြည့်လာခဲ့ရသူဖြစ်လေရာ အဘယ်သို့ သူ့စရိုက်ကိုမသိဘဲနေပါမည်နည်း။

အခုလို စ‌စနောက်နောက်ဖြင့် ပေါ့ပါးသည့်အပြုအမူမျိုးက ကျန်းယန်၏ အထူးသွင်ပြင်လက္ခဏာဖြစ်ပြီး သူနှင့်ဆက်ဆံရသလို နီးကပ်မှုမျိုးကိုလည်း ဘယ်သူ့ဆီကမှ မရနိုင်ပေ။

“မင်းကလွန်ခဲ့တဲ့ နှစ်တစ်ထောင်က ကပ်ဘေးကိုသိချင်နေမှတော့ ငါမင်းကိုကြည့်ဖို့ ခေါ်သွားပေးမယ် ဒါပေမယ့် လန့်ဝောာ့မသွားနဲ့” ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်သည်။

ကျန်းယန် ပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ

“ဆရာ ကမ္ဘာပေါ်မှာကျွန်တော့်ကိုကြောက်အောင်လုပ်နိုင်တဲ့အရာ အများကြီးမရှိဘူး”

သူသည် တစ်ခါသေဖူးသူဖြစ်သောကြောင့် ဘယ်အရာကများ သူ့ကိုထပ်ကြောက်အောင်လုပ်နိုင်ပါတော့မည်နည်း။

“သွားကြစို့”

ချင်းယွင်ကျိစကားသံထွက်ပေါ်လာသည်နှင့် ကျန်းယန်အမြင်အာရုံများဝေဝါးသွားကာ ‌အခြားနေရာတစ်ခုကိုရောက်ရှိသွားသည်ကို တွေ့လိုက်ရလေသည်။

ထိုနေရာတွင် ကောင်းကင်နှင့်မြေပြင်က မိုးသောက်ချိန်မရောက်သေးခင် အချိန်လို ညို့မှိုင်းနေခဲ့၏။

နေရာတိုင်းတွင်လည်း အပျက်အဆီးများ ကျိုးပဲ့နေသော ‌နံရံများများဖြင့်ပြည့်နှက်နေပြီး ထူးဆန်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

“ဒါက အဇူရာတိမ်ဂိုဏ်းအစစ်ပဲ” ချင်းယွင်ကျိ ရှေ့တူရူကိုလက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ဒါကအဇူရာတိမ်ဂိုဏ်းလား” ကျန်းယန် ကြောင်အသွားခဲ့သည်။

ချင်းယွင်ကျိ ခံစားချက်ပါပါသက်ပြင်းချလိုက်ကာ

“အခုမင်းရပ်နေတဲ့နေရာက ချင်းယွင်ဂိုဏ်းပဲ ပြီးတော့ မင်းပတ်ပတ်လည်က အပျက်အဆီးတွေ အဲ့တာကတစ်ချိန်က အဇူရာတိမ်မြို့ဖြစ်ခဲ့တာ စိတ်ကူးလို့မရအောင်ကျယ်ပြောတဲ့မြို့ကြီးတစ်မြို့ပေါ့ သက်ရှိ ၁၀သန်းကျော်ရဲ့အိမ်ဆိုလည်းဟုတ်ခဲ့တယ် ကပ်ဘေးကြီးပြီးတဲ့နောက် သူတို့အားလုံးနီးပါး သေဆုံးသွားခဲ့တယ် ကြီးမားလွန်းတဲ့ အဇူရာတိမ်မြို့ကြီးကလည်း ဒီလက်ကျန်နယ်မြေလေးလောက်ပဲ ကျန်ခဲ့တယ်”

ကျန်းယန် မျက်စိတစ်ဆုံးရှိနေသော အပျက်အဆီးများကိုကြည့်ကာ တစ်ချိန်ကဒီလောက်ကြီးသောမြို့ကြီးရှိခဲ့မှန်း မယုံနိုင်ဖြစ်နေခဲ့၏။

“ဆရာ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကဘာတွေဖြစ်ခဲ့တာလဲ” ကျန်းယန်မေးလိုက်သည်။

ချင်းယွင်ကျိ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ

“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ဂိုဏ်းက အထွဋ်အထိပ်ကာလကိုရောက်ရှိနေခဲ့တာ…ဂိုဏ်းတိုင်းက ငါတို့ကို ဂါရ၀ပြုကြရတယ် ငါတို့က ဒီကမ္ဘာပေါ်က စွမ်းအားအကြီးဆုံးအင်အားစုတွေထဲက တစ်ခုပဲ

ဒါပေမယ့် ရုတ်တရက်ကြီး ငါတို့တစ်ခါမှမမြင်ဖူးတဲ့ ထူးဆန်းတဲ့တာအိုစွမ်းအားတစ်မျိုးကိုသုံးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်စု ပေါ်လာခဲ့တယ် သူတို့တာအိုစွမ်းအားက ငါတို့တာအိုအုတ်မြစ်ကို မသန့်စင်အောင်လုပ်ပစ်နိုင်တယ် ငါတို့ရဲ့ခန္ဓာကိုယ်နဲ့ ငါတို့ရဲ့ဝိညာဉ်ကိုတောင် ညစ်ညမ်းသွားအောင် လုပ်ပစ်နိုင်တယ် ငါတို့က သူတို့ကို မိစ္ဆာလမ်းစဉ်လို့ခေါ်ကြတယ်

မိစ္ဆာလမ်းစဉ်ဆင်းသက်လာပြီးတဲ့နောက် တိုက်ပွဲတွေက မလွှဲမရှောင်သာ ဖြစ်လာခဲ့တယ်

အဇူရာတိမ်ဂိုဏ်းက ပညာရှင်တွေ အဇူရာတိမ်မြို့ဆီအလည်လာကြတဲ့ ပညာရှင်တွေအားလုံးနဲ့ မိစ္ဆာအကျော်အမော်တွေ သေခြင်း‌ရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲခဲ့ကြတယ်

ဒါပေမယ့် သူတို့တာအိုစွမ်းအားက ငါတို့ရဲ့ တန်ပြန်စွမ်းအားလိုဖြစ်နေတော့ ငါတို့ဘက်က ကြီးကြီးမားမားဆုံးရှုံးခဲ့ရရုံတင်မကဘဲ အထိန်းအကွပ်မဲ့လာတဲ့ လက္ခဏာတွေပါ ပြလာခဲ့တယ်…”

“အဲ့ဒီအကြောင်းပြချက်ကြောင့် လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက တက်လှမ်းလုဆဲဆဲ ဂိုဏ်းချုပ်က အဲ့ဒီခေတ်ကာလရဲ့ ဂိုဏ်းအကြီးအကဲတွေ အဇူရာတိမ်ဂိုဏ်းရဲ့‌ေရတွက်လို့မရတဲ့တပည့်တွေ များစွာသော ပညာရှင်တွေနဲ့အတူ မိစ္ဆာလမ်းစဉ်ကိုအပြင်းအထန်ခုခံရင်း ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်ပေးထားနိုင်တဲ့ အဇူရာမဟာတိမ်၀င်္ကပါကိုတည်ဆောက်ခဲ့တယ် သူတို့က ၀င်္ကပါရဲ့ ဗဟိုချက်အဖြစ် အမတရတနာ ၇ခုကိုသုံးပြီးတော့ မရေတွက်နိုင်တဲ့ စိတ်ဝိညာဉ်ရတနာတွေနဲ့ ထောက်ပံ့ပေးထားခဲ့တယ်”

“အဲ့ဒီအမတရတနာ၇မျိုးက လက်ရှိ အဇူရာတိမ်ဂိုဏ်းရဲ့ တောင် ၇လုံးပဲ”

ကျန်းယန် မင်သက်သွားခဲ့မိသည်။ လွန်ခဲ့သောနှစ်တစ်ထောင်က အဇူရာတိမ်ဂိုဏ်းကအင်အားကြီးခဲ့မှန်း သူသိခဲ့သော်လည်း အခုလောက်ကြီးအင်အားကြီးနေလိမ့်မည်လို့တော့ ထင်မထားခဲ့မိပေ။

အမတရတနာတွေ!

အားလုံးပေါင်း ၇ ခု!

ဒါဆို သူကနေ့တိုင်း အမတရတနာတွေပေါ် အိပ်နေရတာပေါ့….

“ဆရာပြီးတော့ဘာဆက်ဖြစ်သွားလဲ” ကျန်းယန် ဆက်မေးလိုက်သည်။

ချင်းယွင်ကျိ အဝေးကိုမျှော်ငေးနေရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

“အဲ့ဒီတုန်းက မိစ္ဆာစွမ်းအင်တွေစိမ့်ထွက်ပြီး အခြားကုန်းမြေတိုက်ကြီးတွေဆီ ပျံ့နှံ့မသွားအောင် အဇူရာတိမ်ဂိုဏ်းချုပ်က ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ၀င်္ကပါကြီးတစ်ခုနဲ့ အုပ်ထားခဲ့တယ်

ပြီးတော့ သူတို့က ၀င်္ကပါကိုအသက်သွင်းပြီး ကုန်းမြေအတွင်းက မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပစ်တယ် မိစ္ဆာစွမ်းအင်တွေကို သန့်စင်ရင်း ၀င်္ကပါရဲ့စွမ်းအားကလည်း တဖြည်းဖြည်းလျော့နည်းလာပြီး နောက်ဆုံးတော့ ၀င်္ကပါဗဟိုချက်မှာပဲ စွမ်းအင်ကျန်ရစ်တော့တယ် နောက်ဆုံးလက်ကျန် လီ ၃၀၀နယ်မြေမှာပဲ စွမ်းအင်ကျန်တော့တဲ့အခါ အကြီးအကဲတွေလည်း အတော်ကြီး ပင်ပန်းနွမ်းနယ်ကုန်ခဲ့ကြပြီ

အဲ့ဒီလက်ကျန် လီ၃၀၀ဆိုတာ လက်ရှိအဇူရာတိမ်ဂိုဏ်းရဲ့နယ်မြေပဲ

ဆိုတော့ အဇူရာတိမ်ဂိုဏ်းကဘာလို့ နယ်မြေလီ၃၀၀ပဲရှိလို့ရတာလဲဆိုတာ မင်းနားလည်ပြီမဟုတ်လား

အဲ့ဒီလီ၃၀၀က အဇူရာမဟာတိမ်၀င်္ကပါရဲ့နောက်ဆုံးလက်ကျန်စွမ်းအားမလို့ပဲ

အဲ့ဒီနယ်မြေအတွင်းမှာ အခုထိမသန့်စင်နိုင်သေးဘဲ ဖိနှိပ်ပဲထားနိုင်တဲ့ စွမ်းအားကြီးမိစ္ဆာတွေအများကြီးရှိသေးတယ်

လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတည်းက အဇူရာတိမ်ဂိုဏ်းရဲ့ဆက်ဆံသူတွေက အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်

မရေတွက်နိုင်တဲ့တပည့်တွေ သူတို့အသက်ကိုစတေးပြီး ကြိုးစားခဲ့ကြတယ်

တစ်ဖက်မှာ ငါတို့ကအဲ့ဒီမိစ္ဆာတွေကို သန့်စင်ပစ်ပြီး ရှင်းလင်းပစ်ဖို့လိုသလို တစ်ဖက်မှာလည်း မိစ္ဆာစွမ်းအင်တွေကို ဒီလီ၃၀၀နယ်မြေအပြင်ဘက်ပျံ့နှံ့မသွားအောင်လုပ်ဖို့ လိုသေးတယ် မဟုတ်ရင် ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်လိမ့်မယ်

အဇူရာတိမ်ဂိုဏ်းရဲ့ မျိုးဆက်တွေအကုန်လုံး သူတို့တစ်ဘ၀လုံးကိုဒီကိစ္စကြီးအပေါ်ပဲ နှစ်မြှုပ်ထားခဲ့ရတယ် အချို့ကတော့ သူတို့အသက်စွမ်းအားအားလုံးကိုအသုံးပြုပြီး လျှို့ဝှက်နယ်မြေထဲမှာ သူတို့ခန္ဓာကိုယ်တွေကို ထားရစ်ခဲ့ကြတယ် အချို့ကတော့ အလောင်းတောင်မကျန်‌ခဲ့ဘူး…

မင်းဆရာငါလည်း လွန်ခဲ့တဲ့နှစ်၃၀၀တုန်းက ဂိုဏ်းကိုတရား၀င်လွှဲပြောင်းယူပြီးတဲ့နောက် ဒီ၀န်ထုပ်၀န်ပိုးကြီး ငါ့ပုခုံးပေါ်ကျလာတော့တာပဲ

အဲ့ဒီနောက်တော့ ငါ့ဆရာကိုယ်စား မင်းဆရာဦးလေးတွေဖြစ်တဲ့ ဂိုဏ်းတပည့်တွေကိုလက်ခံခဲ့တယ်

လက်ရှိ တောင်ထွတ်တစ်ခုချင်းစီတိုင်းက အမတရတနာ၇မျိုးရဲ့ အသွင်ပြောင်းထားတဲ့ပုံစံပဲ သူတို့က အဲ့ဒီတောင်ထွတ်တွေပေါ်မှာ ကျင့်ကြံရင်း မိစ္ဆာစွမ်းအင်တွေကို သန့်စင်ဖို့ ကူညီနေကြရတာ

ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေကလည်း အမတရတနာတွေလိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပြီး မိစ္ဆာစွမ်းအင်ကိုသန့်စင်တဲ့နေရာမှာ ကူညီပေးနိုင်တယ်”

ချင်းယွင်ကျိ ကျန်းယန်ကိုလှည့်ကြည့်လိုက်ကာ

“ကောင်စုတ်လေး ဂိုဏ်းကိုငါလက်လွှဲယူတဲ့အချိန်ကတည်းက ဂိုဏ်းမှာ လူနည်းနည်းပဲကျန်တော့တာ အဲ့တာကြောင့် ငါ့မှာဂိုဏ်းရဲ့လက်ကျန်စိတ်ဝိညာဉ်ကျောက်တုံးတွေကိုသုံးပြီး မိစ္ဆာစွမ်းအင်ကိုသန့်စင်ဖို့ကလွဲ ရွေးစရာမရှိခဲ့ဘူး အဲ့တာကြောင့် ဂိုဏ်းကနှစ်‌‌ေပါင်းများစွာကြာ‌ေအာင် အခုလောက်ထိဆင်းရဲနေတာ”

“လက်ရှိကျွန်တော်တို့မှာရှ်ိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆို ဘယ်လောက်ကြာအောင်သုံးနုိင်‌ေလာက်လဲ” ကျန်းယန် လေးလေးနက်နက်မေးလိုက်သည်။

သူဂိုဏ်းအတွက်ရှာပေးခဲ့‌ေသာ ပမာဏက စိတ်ဝိညာဉ်ကျောက်တုံးသန်းဆယ်ချီဖြစ်သောကြောင့် ခဏတော့အသုံးခံသင့်သည် မဟုတ်ပါလော။

ချင်းယွင်ကျိ အလွန်စိတ်အေးသွားခဲ့ရ၏။ ထိုကဲ့သို့သော လေးနက်သည့်ကိစ္စတစ်ခုခုကိုကြားလိုက်ရပြီးနောက်မှာတောင် ထိုကောင်စုတ်လေးက တုန်လှုပ်မသွားသလို ထွက်ပြေးဖို့လည်း မ‌‌တွေးခဲ့ပေ။ ထိုအစား သူကစိတ်ဝိညာဉ်ကျောက်တုံးများအကြောင်းတောင် တွေးနေ‌ခဲ့သေးသည်။

သူပြုံးကာပြောလိုက်၏။

“နောက်ဆုံးတစ်ခေါက် ငါစိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးတောင်းခဲ့တာက မိစ္ဆာစွမ်းအင်တွေကိုသန့်စင်ဖို့ပဲ စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းထည့်ထားရင် ငါတို့ ၁နှစ်၂နှစ်တော့ လုံလုံခြုံခြုံနေနိုင်ပြီ လက်ရှိအဇူရာတိမ်ဂိုဏ်းမှာ စိတ်ဝိညာဉ်ကျောက်တုံး သန်းဆယ်နဲ့ချီရှိနေပြီဆိုတော့ ပြောနေစရာကိုမလိုတော့ဘူး ကျန်းယန် ငါအဇူရာတိမ်ဂိုဏ်းနယ်မြေက ထွက်မသွားနိုင်တာ နှစ်ရာနဲ့ချီကြာသွားခဲ့ပြီ…မင်းကြောင့်သာမဟုတ်ရင် ငါဒီနေရာက ခြေတစ်လှမ်းတောင်ထွက်သွားနိုင်မှာမဟုတ်ဘူး”

ဂိုဏ်းထဲတွင်သူက အသန်မာဆုံးဖြစ်သောကြောင့် အဇူရာတိမ်ဂိုဏ်းကိုစောင့်ရှောက်ရန် အမြဲရှိနေဖို့လိုခဲ့ရသည်။

“အခုဆို အချိန်တိုအတွင်းတော့ ငါလွတ်လွတ်လပ်လပ်လျှောက်သွားနိုင်ပြီ”

ချင်းယွင်ကျိပြုံးကာပြောလိုက်၏။

အတိအကျပြောရလျှင် သူသည် သနားစရာကောင်းသောအကျဉ်းသားတစ်ယောက်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

ကျန်းယန် ချင်းယွင်ကျိကိုကြည့်လိုက်ကာ

“ဆရာ ကျွန်တော့်ကိုဘာလုပ်စေချင်လဲ”

သူသည် အဇူရာတိမ်ဂိုဏ်း၏နောက်တက်မည့်ဂိုဏ်းချုပ်အဖြစ်လျာထားခြင်းခံရသူဖြစ်လေရာ သေချာပေါက် ဒီကိစ္စကိုဖြေရှင်းဖို့ ကြိုးစားရပေလိမ့်မည်။

ထွက်ပြေးဖို့ကတော့….သူလန်ကျားအထွတ်အမြတ်မြေနှင့်၀မ်လင်းဂိုဏ်းက တပည့်များကို ငါးစာအဖြစ်အသုံးပြုခဲ့ပြီးကတည်းက သူ့ထွက်ပြေးဖို့လမ်းကြောင်းကို ဖြတ်တောက်ပြီးခဲ့ပြီး ဖြစ်သည်။

(အဇူရာတိမ်ဂိုဏ်းရဲ့ ရင်နင့်ဖွယ်ရာအဖြစ်နဲ့ ဂိုဏ်းချုပ်နဲ့တကွ၊ ရှေးဂိုဏ်းအကြီးအကဲတွေရဲ့ စွန့်လွှတ်မှုက နှလုံးသားကို ထိရှသွားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးကျန်းယန်က ဒီအဖြစ်အပျက်တွေကို ကျော်လွှားနိုင်မလား။ အခုထက်ထိ ပင်ပန်းနေတဲ့ ဂိုဏ်းချုပ်ဆရာသခင်နဲ့ ဆရာဦးလေး၊ဒေါ်လေးတွေကို ကယ်တင်နိုင်မလားဆိုတာကိုတော့ နောက်အုပ်တွေမှာ စောင့်မျှော်ဖတ်ရှုကြပါဦး။)

(အော်.. မှားလို့ ပြီးပြီထင်တာ၊ မပြီးသေးဘူး။ နောက်မှာအပိုင်းတွေကျန်သေးတာပဲ။ ဆက်ဖတ်နော် ဟီးဟီး)

All Chapters