← Chapters

အဇူရာတိမ်ဂိုဏ်း၏အကြပ်အတည်း

Vol. 7 Ch. 85

အဇူရာတိမ်ဂိုဏ်း၏အကြပ်အတည်း

Vol. 7 Ch. 85

အဇူရာတိမ်ဂိုဏ်းက အခုလို အခြေအနေမျိုးနှင့်ရင်ဆိုင်နေရမှန်း သိသွားသောအခါ ကျန်းယန်အမူအရာလေးနက်သွားခဲ့သည်။

နောက်တက်မည့် ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ဂိုဏ်းတွင်ဖြစ်သမျှကိစ္စတိုင်းက သူနှင့်ဆိုင်နေသည်သာ။

ထို့ကြောင့် သူအဇူရာတိမ်ဂိုဏ်း၏ကံကြမ္မာကို ပြောင်းလဲချင်နေခဲ့၏။

ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ပြုံးလိုက်ပြီး

“တကယ်တော့ မင်းကောင်းကောင်းလုပ်ခဲ့ပြီးပါပြီ”

ထိုကိစ္စအကြောင်း ကြားပြီးတာတောင် ထိုကလေး မကြောက်သွားတာနဲ့တင် လေးစားစရာကောင်းနေပြီဖြစ်သည်။ ထို့အပြင် သူကဂိုဏ်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးများရှာပေးခဲ့ပြီး ချင်းယွင်ကျိ၏၀န်ထုပ်၀န်ပိုးများကို ခွဲဝေယူပေးခဲ့သေး၏။ ထိုအရာကတင် ဂိုဏ်းအတွက်အကူအညီကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။

ကျန်းယန် အတွေးနက်သွားပြီး ရုတ်တရက်မေးလိုက်၏။

“ဆရာ ၀မ်လင်းဂိုဏ်းနဲ့ လန်ကျားအထွတ်အမြတ်မြေက ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဂိုဏ်းကိုရောက်လာနိုင်လား”

သူအစက ကျိုးဟောင်ပြောသည့် လျှို့ဝှက်နယ်မြေကိုစုံစမ်းထောက်လှမ်းရန် ရောက်လာသည်ဟူသော စကားကို အကြိမ်များစွာ ကြားခဲ့ရသည်။ ထိုစဉ်က သူနားမလည်ခဲ့သော်လည်း အခုတော့ နားလည်သွားခဲ့ချေပြီ။

ထိုဂိုဏ်းနှစ်ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းအောက်ခြေက ဤအပျက်အဆီးများဖြင့် လျှို့ဝှက်နယ်မြေကို စုံစမ်းလိုနေကြခြင်း ဖြစ်သည်။

ချင်းယွင်ကျိ အသာအယာခေါင်းညိတ်ပြလိုက်ပြီး

“အဇူရာတိမ်ဂိုဏ်းရဲ့အပြောင်းအလဲဖြစ်ရပ်ကို အခြားဂိုဏ်းတွေတော့ သိမသိမသေချာပေမယ့် သူတို့နှစ်ဂိုဏ်းက သိတာတော့ သေချာတယ်

အဲ့ဒီတိုက်ပွဲကာလတုန်းက သူတို့ဂိုဏ်းနှစ်ဂိုဏ်းကလည်း ကူညီဖို့ စွမ်းအားကြီး ကျင့်ကြံသူတွေ ပို့ပေးခဲ့သေးတယ်

နောက်ဆုံးတော့ မိစ္ဆာတွေသာလွတ်မြောက်သွားခဲ့ရင် သူတို့ဆီကျလာမယ့် ခြိမ်းခြောက်မှုကလည်း မသေးဘူးလေ

အဲ့တာကြောင့် သူတို့မှာ တိုက်ပွဲထဲ၀င်ပါဖို့ကလွဲ ရွေးစရာမရှိခဲ့ဘူး

နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာတောင် သူတို့က မိစ္ဆာတွေအကြောင်းစိုးရိမ်နေသေးတယ် အဲ့တာကြောင့် သူတို့လူတွေလွှတ်ပြီး စုံစမ်းခိုင်းတာက ဆန်းတော့မဆန်းပါဘူး

ဒါပေမယ့် သူတို့ကငါတို့ကိုစိတ်ပူလို့တော့မဟုတ်ဘူး သူတို့လုံခြုံရေးကို စိတ်ပူနေကြတာပဲ”

“ဆရာ ကိစ္စတွေကအဲ့လောက်ဝောာ့ မရိုးရှင်းဘူးမဟုတ်လား”

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။

“တကယ်လို့ အဇူရာတိမ်ဂိုဏ်းပျက်ဆီးသွားရင် ၀မ်လင်းဂိုဏ်းနဲ့လန်ကျားအထွတ်အမြတ်မြေက ၀မ်းသာမှာသေချာတယ် ကျွန်တော်ဆရာဦးလေးလင်းယွင်ဆီက ကြားခဲ့တာက သူတို့က ကျွန်တော်တို့တပည့်တွေကို လှည့်ကွက်သုံးပြီး ခိုးသွားတာဆို တကယ်တော့ သူတို့ရည်ရွယ်ချက်က ကျွန်ဝောာ်တို့ အနာဂတ်အထောက်အပံ့ကို ဖြတ်ချပစ်လိုက်ဖို့ပဲ”

ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်၏။

“ဒါပေါ့ သူတို့ကငါတို့ပျက်ဆီးသွားဖို့ မျှော်လင့်နေကြတာ”

သူသက်ပြင်းချကာ ပတ်ပတ်လည်ကို ညွှန်ပြလိုက်ပြီး

“ဒီနေရာမှာ အမတရတနာ ၇ ခုရှိနေတယ် ဘယ်ကျင့်ကြံသူက အမတရတနာကိုမလိုချင်ဘဲ နေမှာလဲ

ဆိုတော့ ၀မ်လင်းဂိုဏ်းနဲ့လန်ကျားအထွတ်အမြတ်မြေတင်မကဘူး ငါတို့လျှို့ဝှက်ချက်ကိုသိတဲ့ ဂိုဏ်းတိုင်းက ငါတို့ပျက်ဆီးသွားဖို့ မျှော်လင့်နေကြတယ်

ဒါပေမယ့် မိစ္ဆာပြဿနာကိုမဖြေရှင်းရသေးတော့ သူတို့ငါတို့ကို ပေါ်တင်မတိုက်ခိုက်ရဲဘူး

တကယ်လို့ အဇူရာတိမ်ဂိုဏ်းပျက်ဆီးသွားပြီး အဇူရာမဟာတိမ်၀င်္ကပါကြီးသာကျိုးပြတ်သွားလို့ မိစ္ဆာတွေလွတ်လာရင် အဲ့ဒီအကျိုးဆက်ကို သူတို့လည်း ကိုင်တွယ်နိုင်မှာမဟုတ်ဘူး

တကယ်တော့ ဒီကုန်းမြေတိုက်ကြီးထဲက မိစ္ဆာကြီးတစ်ကောင်ချင်းစီတိုင်းက သူတို့ကို ဒုက္ခအကြီးကြီးတွေ ပေးနိုင်တယ်

အဲ့တာကြောင့် သူတို့ကငါတို့ထက်သန်မာနေတာတောင် ငါတို့ကို ပေါ်တင်မတိုက်ခိုက်ရဲကြတာပဲ”

သူခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

“သူတို့က ပေါ်တင်မတိုက်ခိုက်ရဲပေမယ့် လျှို့ဝှက်ပြီးတော့ အကောက်ကြံကြတယ်

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက လန်ကျားအထွတ်အမြတ်မြေနဲ့ ၀မ်လင်းဂိုဏ်းကမင်းစီနီယာအစ်ကိုကြီးတွေကို ခေါ်သွားကြတယ် သူတို့က အဇူရာတိမ်ဂိုဏ်းရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကိုပြောပြပြီး ဆွဲဆောင်သွားခဲ့တာ

အဲ့တာကြောင့်ပဲ အဲ့ဒီသစ္စာဖောက်နှစ်ယောက်က ၀မ်လင်းဂိုဏ်းနဲ့လန်ကျားအထွတ်အမြတ်မြေကို၀င်သွားကြတာ

ငါသူတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ် သူတို့က ငါတို့ဂိုဏ်းကိုပင်ပန်းလွန်းပြီးသေတဲ့အထိဖြစ်သွားစေချင်တာ ငါတို့အားလုံးသာသေဆုံးသွားရင် မိစ္ဆာပြဿနာကိုမဖြေရှင်းရသေးရင်တောင် သူတို့က အေးအေးဆေးဆေးပဲလူလွှတ်ပြီး ဒီကိစ္စကိုကိုင်တွယ်လိုက်လို့ရတယ်

ဒါပေမယ့် လူသားတွေရဲ့ကံကြမ္မာဆိုတာ ဘယ်တော့မှကြိုတင်ခန့်မှန်းလို့မရဘူး ငါကလွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မင်းဆိုတဲ့ကောင်စုတ်လေးကို တပည့်အဖြစ်လက်ခံခဲ့ပြီး မင်းကအဇူရာတိမ်ဂိုဏ်းကိုပြုပြင်ပြောင်းလဲပစ်ခဲ့တယ်”

ထိုနေရာရောက်သောအခါ ချင်းယွင်ကျိ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး ကံကြမ္မာ၏အလုပ်လုပ်ပုံကို ခံစားနေခဲ့မိသည်။

ကျန်းယန်လည်း ဆွံ့အသွားခဲ့၏။

တကယ်တော့ သူတုန်လှုပ်သွားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောဆယ်နှစ်က သူအဇူရာတိမ်ဂိုဏ်းအနီးတွင်ရုတ်တရက်ပေါ်လာခဲ့ရ၏။

သူအခြားကမ္ဘာတွင်အိပ်နေရင်း နိုးလာသောအခါ မတူညီသောခန္ဓာတစ်ခုထဲတွင်ရောက်နေပြီး အဇူရာတိမ်တောင်ခြေတွင်ရောက်နေသည်ကို သိလိုက်ရခြင်းဖြစ်သည်။ ထို့နောက်တွင်တော့ တောင်ပေါ်တက်ကာ ချင်းယွင်ကျိကိုဂါရ၀ပြုပြီး ဂိုဏ်းသားတစ်ယောက်ဖြစ်လာခဲ့၏။

ယနေ့ထိ သူဘယ်လိုသေခဲ့ရသလဲဆိုတာနဲ့ ဘာလို့ဒီနေရာရောက်လာလဲ သူမသိရသေးပေ။

ဒီခန္ဓာကိုယ်ပိုင်ရှင်၏ ဆယ်နှစ်မတိုင်ခင်မှတ်ညဏ်များပင် သူ့တွင်မရှိခဲ့ပေ။

သို့သော် ထိုလျှို့ဝှက်ချက်များကို သူ့နှလုံးသား၏နက်ရှိုင်းသောတစ်နေရာတွင်သိမ်းဆည်းထားပြီး ဘယ်သူ့ကိုမှ ထိုအကြောင်းပြောမပြရဲခဲ့ပေ။

“ဆရာ ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေထဲမှာမိစ္ဆာသ‌ေန္ဓသား‌ေတွ ပေါ်လာတဲ့ကိစ္စက ဒီနေရာက မိစ္ဆာစွမ်းအားတွေ စိမ့်ထွက်လာလို့ ဖြစ်ရတာလား”

ချင်းယွင်ကျိ ခေါင်းယမ်းလိုက်ကာ

“မဟုတ်ပါဘူး အခုအဲ့ဒီမိစ္ဆာသန္ဓေသားတွေအကုန်လုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်”

ထိုမိစ္ဆာသန္ဓေသားများသည် သူကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေကိုစမ်းသပ်ဖို့ တမင်‌လျှို့ဝှက်နယ်မြေထဲ ပစ်ထည့်ထားသောအရာများ ဖြစ်သည်။

ထွက်ပေါ်လာသော ရလဒ်ကတော့ ကျေနပ်စရာပင်။

သို့သော် သူကျန်းယန်ကိုလှည့်စားထားသောကြောင့် ထိုကိစ္စကိုထုတ်ပြောလိုက်၍ မဖြစ်ပေ။

ချင်းယွင်ကျိ တခဏတွေးတောပြီးနောက် ပြောလိုက်သည်။

“အဲ့ဒီမိစ္ဆာသန္ဓေသားတွေက လန်ကျားအထွတ်အမြတ်မြေကကောင်တွေနဲ့လည်း ချိတ်ဆက်မိသွားတယ်….ဒါပေမယ့် နောက်ဆုံးတော့ အဲ့ကောင်တွေအသက်ရှင်သွားပါတယ် တကယ်လို့ လန်ကျားအထွတ်အမြတ်မြေက အထက်လူကြီးတွေတစ်ခုခုရှာ‌တွေ့သွားရင် လျှို့ဝှက်နယ်မြေထဲမှာ တစ်ခုခုမှားနေပြီလို့ သူတို့သံသယရှိသွားမှာပဲ အဲ့ဒီလိုဖြစ်လာရင် လန်ကျားအထွတ်အမြတ်မြေက ၀င်စွက်ဖက်လာလိမ့်မယ်”

သူပြောနေရင်း ကျန်းယန်ဘက်လှည့်ကြည့်လိုက်သည်။

“မင်းကအခုအဇူရာတိမ်ဂိုဏ်းရဲ့အကြီးဆုံးလျှို့ဝှက်ချက်ကို သိသွားပြီ ဒါပေမယ့် ဒီကိစ္စကိုမင်းဂျူနီယာညီမလေးကိုမပြောနဲ့ သူကိုင်တွယ်နိုင်မှာမဟုတ်လောက်ဘူး

လန်ကျားအထွတ်အမြတ်မြေ၀င်စွက်ဖက်လာရင် ဘာလုပ်သင့်လဲငါတို့တိုင်ပင်သင့်တယ်”

ကျန်းယန် တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချင်းယွင်ကျိနှင့်အတူ သူအဇူရာတောင်ထွတ်သို့ ပြန်လာခဲ့၏။

တခဏအကြာတွင် အခြားအဇူရာတိမ်မောင်နှမများလည်း ရောက်ရှိလာပြီး ခန်းမထဲတွင် စုဝေးလိုက်ကြသည်။

ချင်းယွင်ကျိ အခြေအနေကိုအကြမ်းဖျင်းရှင်းပြလိုက်ပြီးအားလုံးကိုကြည့်လိုက်ကာ

“မင်းတို့ထဲမှာ တာအိုပေါင်းစည်းခြင်းအဆင့်ကို အချိန်တိုအတွင်းရောက်နိုင်မယ့် တစ်ယောက်ယောက်ရှိလား”

တကယ်၍ လင်းယွင်ကျိနှင့်အခြားသူများသာ တာအိုပေါင်းစည်းခြင်းအဆင့်သို့ရောက်သွားလျှင် လန်ကျားအထွတ်အမြတ်မြေက ၀င်စွက်ဖက်သမျှကို ဂရုစိုက်စရာလိုတော့မည်မဟုတ်ပေ။ ထိုသူများ အဇူရာတိမ်ဂိုဏ်း၏ခွင့်ပြုချက်မရဘဲ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ခြောက်ယောက်လုံး ခေါင်းခါလိုက်ကြသောကြောင့် ချင်းယွင်ကျိ ခါးသက်သက်သာ ပြုံးလိုက်ရသည်။

ဤနှစ်များအတွင်း ထိုခြောက်ယောက်၏အဆင့်ချိုးဖြတ်မှုက အဝောာ်လေးနှောင့်နှေးနေခဲ့၏။ နတ်ဝိညာဉ်အဆင့်သို့သာ ရောက်ရှိခဲ့ပြီး ထိုထက်မြင့်သောအဆင့်များကိုချိုးဖြတ်ဖို့ အတော်လေး ခက်ခဲနေခဲ့သည်။

“ဒါဆိုရင်တော့ ပြဿနာပဲ” ချင်းယွင်ကျိ မျက်မှောင်ကြုံ့လိုက်၏။

“လန်ကျားအထွတ်အမြတ်မြေနဲ့၀မ်လင်းဂိုဏ်းကလွန်ခဲ့တဲ့နှစ်၃၀၀တုန်းက လုပ်ခဲ့သလိုမျိုး လုပ်လိမ့်မယ်ဆိုတာ သေချာသလောက်ပဲ သူတို့က ငါတို့ဂိုဏ်းကိစ္စတွေမှာ ၀င်ရှုပ်လိမ့်မယ် ကမ္ဘာကြီးကိုအန္တရာယ်မဖြစ်အောင်ကာကွယ်ရမယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး အဇူရာတိမ်ဂိုဏ်းထဲမှာ အတင်းအကြပ်လာတပ်စွဲကြလိမ့်မယ် ငါတို့ကို မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ကူညီမယ်ဆိုပြီးတော့ပေါ့”

သူထိုကဲ့သို့သောမြင်ကွင်းမျိုးကို လွန်ခဲ့သော နှစ်သုံးရာတုန်းကလည်း မြင်ခဲ့ဖူးပေသည်။

ထိုအချိန်တုန်းက အဇူရာတိမ်ဂိုဏ်း၏အကြီးအကဲများက သူတို့အသက်များကိုစတေးကာ ထိုခြိမ်းခြောက်မှုများကို တွန်းထုတ်ပစ်ခဲ့ရ၏။

အခုနှစ်သုံးရာကြာပြီးနောက် ထိုအကြပ်အတည်းကထပ်မံရောက်ရှိလာခဲ့ပြန်ချေပြီ။

“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကိုအဓိကဂိုဏ်းကြီးတွေရဲ့ တည်နေရာတွေကို ပြောပြပါဦး” ကျန်းယန်ရုတ်တရက်ပြောလိုက်သည်။

ချင်းယွင်ကျိ ကုန်းမြေတိုက်ကြီး၏ မြေပုံကျယ်ကြီးကိုထုတ်ပြီး ထိုအပေါ်က တစ်နေရာကိုထောက်ပြလိုက်၏။

“ဒါက အဇူရာတိမ်ကုန်းမြေတိုက်ကြီးမှာ ငါတို့အဇူရာတိမ်ဂိုဏ်းရှိတဲ့နေရာပဲ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကုန်းမြေတိုက်ကြီးတစ်ခုလုံးကအဇူရာတိမ်ဂိုဏ်းအပိုင်ဖြစ်ခဲ့တာ ပြောရရင် ဒီနယ်မြေတွေအကုန်လုံးက ငါတို့အပိုင်ပဲ

တိမ်တောင်အင်ပါယာလည်းပါတယ် ယွင်ထန့်အင်ပါယာလည်းပါတယ် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းတောင်ပါသေးတယ်”

ကျန်းယန် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး

“ကျွန်တော့်ကို တိမ်တောင်အင်ပါယာက ချင်စီရင်စုပေးတုန်းက မယူခိုင်းတာ အံ့ဩစရာမဟုတ်တော့ပါဘူး”

“အဲ့ဒီနယ်မြေက အစကတည်းက အဇူရာတိမ်ဂိုဏ်းရဲ့နယ်မြေပဲ” ချင်းယွင်ကျိ အတည်ပြုပေးလိုက်သည်။ ထို့နောက် သူတစ်နေရာကိုလက်ညှိုးညွှန်ပြလိုက်ပြီး

“ဒီနယ်မြေက လန်ကျားအထွတ်အမြတ်နယ်မြေအပိုင် ဒီတစ်ဖက်ခြမ်းကတော့ ၀မ်လင်းဂိုဏ်းအပိုင်

အဲ့ဒီထိပ်တန်းဂိုဏ်းကြီးနှစ်ဂိုဏ်းက ငါတို့နဲ့ အနီးကပ်ဆုံးပဲ

အခြားဂိုဏ်းကြီးတွေမှာလည်း သူတို့ကိုယ်ပိုင်နယ်မြေတွေရှိကြပေမယ့် ငါတို့နဲ့ဝေးတယ်”

ကျန်းယန် မြေပုံကျယ်ကြီးကို လေ့လာလိုက်ပြီး ပြုံးလိုက်၏။

“ဆရာ မိစ္ဆာကြီးတွေကိစ္စက ပြဿနာလို့ထင်ရပေမယ့် တကယ်တော့ ပြဿနာမဟုတ်ဘူး”

“အို့ မင်းဘာကိုဆိုလိုတာလဲ” ဟွာလင်းကျိ စိတ်၀င်တစားမေးလိုက်သည်။

သူတို့တွင် ဘာအဖြေမှမရှိသေးသော်လည်း ထိုကလေးက အဖြေတစ်ခုရသွားခြင်းပေလော။

ကျန်းယန်မျက်လုံးများ ကျဉ်းမြောင်းသွားကာ ကြမ်းကြုတ်စွာ ပြောလိုက်၏။

“ဒီကမ္ဘာကြီးအတွက် အဇူရာတိမ်ဂိုဏ်းစတေးခဲ့ရတာတွေက လုံလောက်သွားပြီ! အောင်မြင်မှုကြီးတွေနဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းကနေ လူလက်တစ်ဆုပ်ပဲကျန်ခဲ့တဲ့အထိ နှစ်ပေါင်းတစ်ထောင်လုံးလုံး ကျွန်တော်တို့ တာ၀န်ကျေခဲ့ကြပြီးပြီ

ဒီလိဆိုမှတော့ ကမ္ဘာကြီးကို အဇူရာတိမ်ဂိုဏ်းရဲ့ မိစ္ဆာလမ်းစဉ်ကနေ ကမ္ဘာကြီးကို ကာကွယ်ပေးနေတဲ့ တာ၀န်က ပြီးဆုံးသွားပြီလို့ ကြေငြာလိုက်ကြတာပေါ့!”

“ဘာ!”

အဇူရာတိမ်မောင်နှမ ၇ ဖော်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

ကျန်းယန် လေးလေးနက်နက်ထပ်ပြောလိုက်၏။

“လန်ကျားအထွတ်အမြတ်မြေ ၀မ်လင်းဂိုဏ်းနဲ့ မိစ္ဆာကျူးကျော်မှုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ဂိုဏ်းတိုင်းကို ကျွန်တော်တို့တွေ ဒီနှစ်တွေအတွင်းမှာ မရေတွက်နိုင်တဲ့ အရင်းအမြစ်တွေသုံးခဲ့ရလို့ ပင်ပန်းလှပြီ ဆက်ပြီးတောင့်မခံနိုင်တော့ဘူးလို့ အကြောင်းကြားဖို့ လူလွှတ်ရမယ် အဲ့တာကြောင့် ကျွန်တော်တို့ပြောင်းရွှေ့ချင်နေပြီလို့လည်း ပြောရမယ်

ဒီလိုကမ္ဘာတုန်လောက်တဲ့တာ၀န်မျိုးက ကျွန်တော်တို့ အကြာကြီး ယူထားနိုင်တဲ့တာ၀န်မျိုးမဟုတ်ဘူး

အခုက ဒီ၀န်ထုပ်၀န်ပိုးကြီးကို အခြားဂိုဏ်းတွေပုခုံးပေါ် တင်ပေးရမယ့် အချိန်ပဲ”

ခဏရပ်လိုက်ပြီးနောက် ကျန်းယန်ထူးဆန်းစွာပြုံးလိုက်ကာ

“ဒါပေါ့ ကျွန်တော်တို့ပြောင်းရွှေ့သွားရင် ကျွန်တော်တို့ အဇူရာမဟာတိမ်၀င်္ကပါကြီးကိုလည်း ယူသွားရမယ် အခြားဂိုဏ်းတွေမှာလည်း ကြိုတင်ပြင်ဆင်ထားတဲ့ အကာအကွယ်တွေရှိမှာသေချာတယ် သူတို့မပြင်ထားရင်တော့ မိစ္ဆာတွေက သူတို့ဂိုဏ်းတွေထဲ၀င်ပြီး သူတို့လူတွေကိုသတ်သွားမှာပဲ ဒီကိစ္စအတွက်လည်း အဇူရာတိမ်ဂိုဏ်းက ဘာတာ၀န်မှယူစရာမလိုဘူး”

(ဒီလို အခြေအနေကို တဖတ်လှည့်နိုင်တဲ့ အကွက်တွေက စာဖတ်သူများ သင်ယူထားသင့်ပါတယ်။ ယုတ်မာသင့်ရင် ယုတ်မာတတ်ရမယ်။)

All Chapters