တည်ရှိမှု
Vol. 78 Ch. 1201
လေတိုက်လာသည်နှင့် ကောင်းကင်မှ တိမ်များက ပုံစံအမျိုးမျိုး အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
လောကရှိ အရာများက ခန့်မှန်း၍ မရနိုင်အောင် ပြောင်းလဲနေရင်း အဖြူရောင် တိမ်များကဲ့သို့ပင်။
စံအိမ်ရှိ စာကြည့်တိုက်ထဲ၌ ဖြစ်သည်။
သေနတ်ပြောင်းဝမှ ဖျော့တော့သော အစိမ်းရောင် အငွေ့တစ်ခု ရှိနေဆဲပင်။
နံရံတွင် ကျည်ပေါက်တစ်ခု ရှိနေ၏။
ချန်လွေ့ ဦးရေပြားပေါ် သွေးစွန်းရာ တစ်ခု ရှိနေခဲ့ပြီး ဆံပင်မျှင်အနည်းငယ် ပြန့်ကျဲနေသော်လည်း ၎င်းမှာ ထိုမျှသာ ဖြစ်သည်။
ချန်လွေ့က အသီနာကို အံ့ဩစွာ ကြည့်လိုက်သည်။ အသီနာ၏ လက်က သေနတ်ကို မြင့်မြင့် ကိုင်ထားသော သူ၏လက်ကို ကိုင်ထားနေလေသည်။ ထိုကဲ့သို့ ရုတ်တရက် လှုပ်ရှားမှုသည် ခုနက ပစ်ခတ်မှု လွဲချော်သွားစေခဲ့သည်။
အလူစီယာကလည်း မှင်တက်သွားပုံ ရသည်။ ထိုသို့သော ရလဒ်မျိုးကို မည်သူမျှ မျှော်လင့်ထားမည် မဟုတ်ပေ။
ကံကြမ္မာကို ဆုံးဖြတ်မည့် တစ်ခုတည်းသော ကျည်ဆန်တစ်တောင့်က အလဟဿ ဖြစ်သွားခြင်းနှင့် ညီမျှပေ၏။
မူလက အောင်မြင်နိုင်ခြေ သုံးပုံ တစ်ပုံ ရှိနေသေးသော်လည်း ယခုအခါ ၎င်းမှာ မျှော်လင့်ချက်ကို လုံးဝ ဆုံးရှုံးသွားခြင်းနှင့် ညီမျှပေသည်။
ချန်လွေ့၏စိတ် ကွက်လပ်ဖြစ်သွားပြီး တုံ့ပြန်နိုင်ရန် အချိန် အများကြီး ယူခဲ့ရ၏။ သူလက်လွှတ်လိုက်ရာ ခြောက်လုံးပြူးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ဘာလို့လဲ။” ချန်လွေ့ စိတ်ဓာတ်ကျစွာ ပြုံးလိုက်ပြီး အသီနာကို ကြည့်လိုက်၏။
မျက်ရည်များက အသီနာ၏ မျက်လုံးမှ တဖြည်းဖြည်းနှင့် ပြိုဆင်းလာခဲ့သည်။ “နင် ဘယ်သူလဲ၊ ဘာဖြစ်ခဲ့လဲဆိုတာကို ငါ မသိဘူး။ ဒါပေမဲ့ ဘဝက အရမ်းကို အဖိုးတန်တယ်။ ဘာလို့ သေရမှာလဲ။ ဘာလို့ သန်သန်မာမာနဲ့ အသက်ရှင်လို့ မရနိုင်ရတာလဲ။”
ချန်လွေ့က သက်ပြင်းချလိုက်သည်။ “ငါ့လို ရွံစရာလူ တစ်ယောက်ကိုတောင် မသေစေချင်ဘူးလား။”
“နင် ဘာဖြစ်ခဲ့လဲဆိုတာ ငါ မသိပေမယ့် ငါ့ရဲ့ မျက်လုံးတွေနဲ့ စိတ်က နင်ဟာ ရွံစရာ လူတစ်ယောက် မဟုတ်ဘူးလို့ ငါ့ကို ပြောနေတယ်။ ငါက နင်အပါအဝင် ဘယ်သူ့ကိုမှ မသေစေချင်ဘူး၊။”
ရဲရင့်တယ်၊ ကြင်နာတယ်၊ နည်းနည်း စိတ်လိုက်မာန်ပါ လုပ်တတ်တယ်၊ သူက အရင်လို အသီနာအတိုင်းပဲ။ ချန်လွေ့က အသီနာကို စိုက်ကြည့်ရင်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ မြှောက်ထားခဲ့သော လက်ကို တဖြည်းဖြည်း ကိုင်လိုက်ပြီး ရင်ဘတ်ပေါ် တင်ထားလိုက်၏။
အသီနာက အနည်းငယ် တုန်ခါ သွားသော်လည်း ခုခံခြင်း မရှိခဲ့ပေ။
“ငါ မှားခဲ့တာပဲ။ မင်းမှာ ထူးခြားတဲ့ စရိုက် လက္ခဏာနဲ့ ဇွဲရှိတယ်။ မင်းက စစ်မှန်တဲ့ တည်ရှိမှု တစ်ခုပဲ။ မဟုတ်ဘူး၊ မင်း တစ်ယောက်တည်း မဟုတ်ဘူး။ ခီရာ၊ ကတ်သရင်း... လူတိုင်းက...” ချန်လွေ့ ပြောနေစဉ်မှာပင် သူ၏နှလုံးသားက အချို့သော ပဲ့တင်ထပ်မှုကို မသိစိတ်ဖြင့် ထုတ်လုပ်လိုက်၏။ ၎င်းကို ဉာဏ်အလင်း ပွင့်ခြင်းဟု ခေါ်နိုင်လောက်သည်။ သူက မျက်လုံးကို တဖြည်းဖြည်း မှိတ်လိုက်၏။
အလူစီယာ ချန်လွေ့ကို ကြားဖြတ် မပြောခဲ့ပေ။ အကြောင်းရင်း မသိရသော အပြုံးတစ်ခု သူ၏ မျက်နှာ၌ ရှိနေသည်။
“ဒါက နွေးထွေးတဲ့ ခံစားချက်တစ်ခုပဲ။ စစ်မှန်တဲ့ နွေးထွေးမှု။ စစ်မှန်တဲ့ အသီနာ။ ကျုပ် နားလည်ပြီ။ အလူစီယာ။ ခင်ဗျား ကျုပ်ကို မလိမ်ခဲ့ဘူး။ ဒါက စစ်မှန်တဲ့ လောကတစ်ခုပဲ။ ကျုပ်ရဲ့ စိတ်ကို ရောင်ပြန်ဟပ်နေတဲ့ လောကတစ်ခု။ လူတိုင်းရဲ့စိတ်ထဲမှာ ဒီလို မှန်လောက တစ်ခု ရှိကြတယ်။ ဒီသဘောအတိုင်းဆို ဒါက တကယ့် အပြိုင်တည်ရှိမှု တစ်ခုပဲ။”
“မင်း ဘာကို ပြောချင်တာလဲ။” အလူစီယာ၏ အသံက ယခင်ကဲ့သို့ ဂရုမစိုက်သလို မဟုတ်ဘဲ ထွက်ပေါ် လာခဲ့သည်။ ၎င်းမှာ အနည်းငယ် အိပ်မက်ဆန်နေသလို ဖြစ်နေ၏။
ချန်လွေ့က မျက်လုံးကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး အသီနာ၏ လက်ကို လွှတ်ပေးလိုက်သည်။ သူ၏ အကြည့်က တဖြည်းဖြည်း ခိုင်မာလာသည်။ “အခုက ကျုပ် ရွေးချယ်ရမယ့် အချိန်ပဲ။”
အလူစီယာ ချန်လွေ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “မင်း သေချာရဲ့လား။”
“ဆုံမှတ် သုံးခုစလုံးက စစ်မှန်တယ်။ ဒါပေမဲ့ အားလုံးက အတုအယောင်တွေပဲ။ ဘယ်တစ်ခုကိုပဲ ရွေးချယ် ရွေးချယ်၊ ကျုပ် ပျက်စီးသွားမှာ။” ချန်လွေ့ အကြည့်တွင် ရှုပ်ထွေးမှုများ မရှိဘဲ သေခြင်းရှင်ခြင်းကို ဖြတ်သန်းပြီးနောက် သေချာစေ့စပ်သော ဉာဏ်အလင်းပွင့်မှုသာ ရှိနေ၏။
“တကယ်တော့ ခင်ဗျားက ကျုပ်တို့ ပထမဆုံး တွေ့ဆုံတုန်းက စစ်မှန်တဲ့ ဆုံမှတ်ကို ပြောနှင့်ပြီးသားပဲ။”
အလူစီယာ ဟက်ဟက်ပက်ပက်နှင့် ရယ်လိုက်၏။
“တည်ရှိမှုပဲ...” ယခင်ကနှင့်မတူဘဲ ချန်လွေ့ ထိုစကားလုံးကို ယခုအခါတွင် ပြောလိုက်ရာ ၎င်း၌ ရှင်းပြ၍ မရနိုင်သော စွမ်းအားတစ်ခု ပါဝင်နေသည်။ အခန်း တစ်ခုလုံး တုန်ခါသွားပုံရ၏။
ချန်လွေ့က အသီနာကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ “ကျုပ်ရဲ့ စိတ်ထဲမှာ ရှိနေတာက စစ်မှန်တဲ့ တည်ရှိမှုပဲ။ တည်ရှိမှု အတွက် ကျေးဇူးတင်ပါတယ်။ အသီနာ။”
အသီနာ အံ့ဩစွာဖြင့် မျက်ရည်များဖြင့် တောက်ပနေသော ထိုသို့ ရှင်းလင်းသည့် မျက်လုံးများကို ကြည့်လိုက်၏။ ၎င်းမှာ အလွန်ထူးဆန်းလသို ခံစားရသော်လည်း အလွန်ပင် ရင်းနှီးနေလေသည်။ သူက လွန်ခဲ့သော အချိန် အကြာကြီးက ထိုယောက်ျားသည် သူနှင့်အတူ ထာဝရ အသက်ရှင်ရန် ကျိန်ဆိုခဲ့သော သူ၏ချစ်သူ ဖြစ်သည့်အလား ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။
“အသက်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်က သေခြင်းနဲ့ ဖန်တီးခြင်း မဟုတ်ဘူး။ ပျက်စီးခြင်းနဲ့ ဖန်တီးခြင်းလည်း မဟုတ်ဘူး။ တည်ရှိမှုပဲ။” ချန်လွေ့၏ ခန္ဓာက ဖျော့တော့သော တောက်ပမှု တစ်ခုကို ထုတ်လွှတ်နေလေသည်။ သူက စကားတစ်လုံးချင်းစီကို ပြောလိုက်တိုင်း ပတ်ဝန်းကျင်မှ နေရာလွတ်က စတင်၍ မှုန်ဝါးလာခဲ့သည်။
“ချန်လွေ့...” အသီနာက သူ၏ အမြင်၌ မှုန်ဝါးနေသည်မှာ ပတ်ဝန်းကျင် လောက မဟုတ်ဘဲ ချန်လွေ့ဖြစ်သည်ကို အံ့ဩစွာ တွေ့လိုက်ရပြီး သူ၏ခန္ဓာက ထိုလောက၌ ရှိတော့မည် မဟုတ်သော ပုံရိပ်ယောင် တစ်ခုခုအလား မှေးမှိန်လာခဲ့သည်။
ချန်လွေ့သာ မကဘဲ အလူစီယာလည်း ထိုအတိုင်း ဖြစ်သည်။
“ဒါက ဘာလဲ။ ချိတ်ဆက်မှု စွမ်းအား တစ်ခုလား။ ဧကန္တ... ဒါကြောင့်ကိုး။ ကျုပ် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။” ၎င်းကို နားလည်သွားရင်း ချန်လွေ့က မှန်လောက၏ အခြား လျို့ဝှက်ချက် တစ်ခုကိုလည်း သဘောပေါက်ခဲ့ကာ ဒေါသကို မထိန်းနိုင်ခဲ့ဘဲ ပြောလိုက်၏။ “‘ဆုံမှတ်’လို့ခေါ်တဲ့ အရာတွေက တကယ်တမ်း တခြားလောကတစ်ခုရဲ့ လက်တွေ့နဲ့ ချိတ်ဆက်ထားတာပဲ။ တကယ်လို့ ကျုပ်က တစ်ယောက်ကို သတ်ဖို့အတွက် ရွေးချယ်ခဲ့ရင် ဒီလောကနဲ့ ယှဉ်ပြီးတော့ တခြားလောကရဲ့ ‘မှန်ပုံရိပ်’ ကလည်း သေဆုံးသွားမှာပဲ။”
“ဟုတ်တယ်။ မင်း ခုနက အသီနာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်ခဲ့ရင် တခြားလောကမှာရှိတဲ့ သူနဲ့ မင်းလည်း သေဆုံးသွားလိမ့်မယ်။ ငါလည်း ပါတယ်။” အလူစီယာ၏ အသံနှင့် ပုံရိပ်က ပို၍ပို၍ မမြင်နိုင်သကဲ့သို့ ဖြစ်လာသည်။ “မင်းအခု ငါ့ကို မပစ်ခဲ့လို့ နောင်တရနေလား။”
“ခင်ဗျားက ကိုယ့်ရဲ့ အသက်ကိုတောင် စတေးဖို့ မတွန့်ဆုတ်ခဲ့ဘူး။ ကြောက်စရာ ကောင်းချက်ပဲ။” ချန်လွေ့က အေးစက်စွာ ပြောလိုက်၏။ “ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျုပ် မသေချာမသိဘူး။ ဒါပေမဲ့ သေချာတာတစ်ခုက နောက်ဆုံး ကျုပ် နိုင်သွားတယ် ဆိုတာပဲ။”
“ဟုတ်တယ်။ မင်း နိုင်သွားတယ်။” အလူစီယာ ခေါင်းခါလိုက်ပြီး ရုတ်တရက် ချန်လွေ့ကို အံ့ဩသွားစေသည့် တစ်ခုခုကို ပြောလိုက်သည်။ “ငါလည်း နိုင်ခဲ့တယ်။”
စကားပြောပြီးနောက်တွင် အသီနာ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ‘ကျောင်းအုပ်ကြီး’က လေထဲသို့ လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
“ကိုယ်လည်း သွားသင့်ပြီ။ အသီနာ။” ချန်လွေ့၏ ခန္ဓာကိုယ်လည်း လုံးဝနီးပါး ဖောက်ထွင်းမြင်နိုင်နေလေသည်။
“နင် ဘယ်သွားမလို့လဲ။” အသီနာက မေးလိုက်သည်။ သူ၏စိတ်ထဲ မုန်းတီးမှု မရှိနေဘဲ စိတ်ရှုပ်ထွေးမှုသာ ရှိနေခဲ့သည်။ စတ်ရှုပ်ထွေးမှုတွင် ဖော်ပြ၍ မရနိုင်သော ခံစားချက်များ ရှိနေ၏။ ထိုကဲ့သို့ အဘယ်ကြောင့် ဖြစ်ပွားခဲ့ကြောင်းကို သူ မသိသော်လည်း ယခုသည် ထိုသူကို နောက်ဆုံး မြင်တွေ့ရခြင်း ဖြစ်မည်ဟု ကောင်းကောင်း သိနေသည်။ မိမိ၏ လောကကို ကာကွယ်ရန် သူ၏ ကိုယ်ပိုင် လောကကို ဖျက်ဆီးပစ်ရန် ဆန္ဒရှိခဲ့သော ထိုယောက်ျား။
သို့မဟုတ် သူ နားမလည်နိုင်သော အခြား ‘သူ’တစ်ယောက်အတွက်။
“အသီနာ။ တကယ်လို့ စိုးရိမ်စရာ တခြား လောက တစ်ခုသာ မရှိခဲ့ရင် တကယ်ပဲ ဒီမှာနေပြီးတော့ မင်းနဲ့အတူ အရာအားလုံး ပြန်စချင်တယ်။ ဒါပေမဲ့ အခု ကိုယ် ပြန်သွားတော့မယ်။ ဘာလို့လဲဆို တခြား မင်းတစ်ယောက်နဲ့ ကိုယ်တို့ရဲ့ ကလေး ရှိနေလို့ပဲ။ ဂရုစိုက်နေဦး...”
အသီနာက ပျောက်ကွယ်သွားသော လက်မှာ သူ၏မျက်နှာကို တဖြည်းဖြည်း ပွတ်သပ်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ၏မျက်နှာကို ဖြတ်သန်းသွားပြီး နောက်ဆုံး အစအနမကျန် ပျောက်ကွယ် သွားလျှင်ပင် နူးညံ့သော ခံစားချက်မှာ ထင်ရှားနေဆဲ ဖြစ်သည်။
မျက်ရည်များ အလိုလို ကျလာခဲ့သည်။
ပတ်ဝန်းကျင်မှ နေရာလွတ် အမြန်ပင် ပြောင်းလဲပြီး ပုံပျက်သွားခဲ့လေသည်။ နောက်ဆုံးတွင် ချန်လွေ့၏ မှုန်ဝါးသော အမြင်အာရုံက ထပ်မံ ထင်ရှားလာခဲ့သည်။
နောက်ဆုံး ပုံပျက်နေသော မြင်ကွင်းက တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
အမြင်အာရုံကို ပြန်ရရှိပြီးနောက်တွင် ချန်လွေ့က စူပါစနစ်၏ ကြယ်စင်စုတွင် နှိုင်းယှဉ်၍ မရနိုင်သော အားကောင်းသည့် အသက်အငွေ့အသက်တစ်ခု ရှိနေသည်ကို အာရုံခံပြီး ဖြစ်သည်။ ၎င်းမှာ ယခင်ထက် ၁၀ဆနီးပါး ပိုအားကောင်းနေ၏။
ဒါ ခုနက သဘောပေါက်မှုကြောင့် ဖြစ်လာတာလား။
သို့သော် သူက စွမ်းအားအသစ်ကို နားလည်ရန် အချိန်မရှိခဲ့။ အကြောင်းမှာ ပို၍ တုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်း တစ်ခု ရှေ့တွင် ပေါ်လာ၍ပင်။
သူ၏ အရှေ့တွင် ဧရာမအမျိုးသား ခန္ဓာ တစ်ခု လွင့်မျောနေ၏။
အလောင်း...
ဒါက အလောင်းထက် သေဆုံးနေတဲ့ နေအဖွဲ့အစည်းတစ်ခုနဲ့ ပိုတူနေတယ်။
‘အလောင်း’ တစ်ခုတည်း မဟုတ်ဘူး။ ရှေ့မှာ အများကြီး ရှိနေသေးတယ်။
ချန်လွေ့က ထိတ်လန့် သွားခဲ့သည်။ ဒီနေရာက အလျှို့ဝှက် အဆန်းကြယ်ဆုံး ဖရိုဖရဲဘုံလား။
ချန်လွေ့၏ လက်ရှိ စွမ်းအားဖြင့် အဓိက ဒြပ်စင်သံတမန်ကဲ့သို့ တည်ရှိမှုကို ရင်ဆိုင်ရာ၌ တည်ငြိမ်နေနိုင်သော်လည်း အသက်စွမ်းအားများ ဆုံးရှုံးထားသော ထိုအလောင်းများ အရှေ့တွင် တည်ငြိမ် မနေနိုင်ခဲ့ပေ။
ငါ အဲဒီလောကကနေ ပြန်လာပြီးတော့ ဒီနေရာကို ဘယ်လို ရောက်လာခဲ့တာလဲ။
နေဦး။ တစ်ခုခုမှား နေတယ်။ သူတို့က တကယ်ပဲ ဒီအလောင်းတွေ ဖြစ်ပေမယ့် အရင်ကလို စစ်မှန်တဲ့ ကြီးမားကျယ်ပြန့်မှု ခံစားချက်တွေ မရှိဘူး။ သူတို့က... ပုံရိပ်ယောင်တွေနဲ့ ပိုတူနေတယ်။
ငါ မှန်လောကကနေ လွတ်ပြီးတော့ တခြား ဆင်တူတဲ့ ‘လောက’ တစ်ခုထဲကို ရောက်သွားတာလား။
ငါ အခု စူပါစနစ်ထဲကို ဝင်နိုင်ပြီးတော့ ဘာအချက်အလက်၊ ဘာအချက်ပေးမှုတွေ မရှိဘူးဆိုတော့ ဒါက လုံးဝနီးပါး ဖြေရှင်း မရနိုင်တဲ့ မှန်လောကလိုမျိုး မဟုတ်ဘဲ အန္တရာယ် မရှိတဲ့ သာမန် ပုံရိပ်ယောင် တစ်ခုဆိုတာ ပြသနေတယ်။
ချန်လွေ့ တွေးတော နေစဉ်မှာပင် ပတ်ဝန်းကျင် နေရာလွတ်၌ ပြောင်းလဲမှု တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။ အက်ကွဲကြောင်းများ ခပ်ရေးရေးလေး ပေါ်လာသည်နှင့် အနီးဆုံး အလောင်း၏ မျက်လုံး တဖြည်းဖြည်း ပွင့်လာခဲ့သည်။
ထိုတစ်ခုတည်းသာမက အခြားသော သူများလည်း မျက်လုံး တစ်ယောက်ပြီး တစ်ယောက် ဖွင့်လိုက်ကြသည်။
၎င်းတို့သည် ပုံရိပ်ယောင်များမျှသာ ဖြစ်ကြောင်း သိနှင့်ပြီး ဖြစ်သော်လည်း ထိုမြင်ကွင်းက ချန်လွေ့ကို တုန်လှုပ် သွားစေဆဲ ဖြစ်သည်။ မည်သို့ဆိုစေကာမူ ၎င်းတို့က ကြောက်စရာ အကောင်းဆုံး တည်ရှိမှုများ ဖြစ်ကြပေသည်။
မျက်လုံး ဖွင့်လိုက်သည့် အခိုက်တွင် မြင်ကွင်း တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ချန်လွေ့က သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရ၏။ အကယ်၍ သူသာ ထို‘အလောင်း’ကို အမှန်တကယ် ရင်ဆိုင်ခဲ့ရပါက ထိုသို့ အကြည့် တစ်ခုတည်းက သူ၏ဝိညာဉ်ကို ပျက်စီးစေလိမ့်မည်။
အတော်လေး စွမ်းအားကြီးမားတာပဲ။
‘အလောင်းများ’က မျက်လုံးများကို ဖွင့်ထားပြီး တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်သော်လည်း ထရပ်လိုက်သည့် အနေအထားမှာ ထူးဆန်းနေ၏။
ထရပ်ပြီးနောက်တွင် ‘အလောင်းများ’ ပါးစပ်ကို ဖွင့်လိုက်ပြီး ဟိန်းလိုက်ကြ၏။ အသံတစ်ခုတည်းက နေရာလွတ်ထဲမှ အက်ကွဲကြောင်းများကို ရေတွက်၍ မရနိုင်အောင် နက်ရှိုင်းစေပြီး [ရှုထောင့် ဖျက်ဆီးခြင်း]မှ ဖြစ်ပေါ်လာသည်နှင့် ဆင်တူသော လေဟာနယ် တစ်ခု ပေါ်လာကာ စွမ်းအားမှာ အဆများစွာ ပိုအားကောင်းနေသည်။
စွမ်းအားက အလွန်အမင်း အံ့ဩဖွယ်ရာ ကောင်းလှသော်လည်း ချန်လွေ့က တစ်ခုခု မှားနေကြောင်းကို မသဲမကွဲ ခံစားမိလိုက်ရလေသည်။ ထိုအချိန်တွင် အလောင်းများ၏ မျက်နှာများက ကြောက်မက်ဖွယ် တစ်စုံတစ်ခုကို ခံစား နေရသည့်အလား ထိတ်လန့်ပြီး မျှော်လင့်ချက်မဲ့သော အမူအရာများကို ပြသနေခဲ့ကြသည်။
ဒီလို ပြိုင်စံရှားနီးပါး ဖြစ်နေကြတဲ့ တည်ရှိမှုက တကယ်ပဲ ကြောက်ရွံ့ နေကြတာလား။ သူတို့ ဘာကို ကြောက်ရွံ့ နေကြတာလဲ။
တစ်စုံတစ်ခုက အရပ်လေးမျက်နှာမှ ခေါင်းပေါ်ရှိ နေရာလွတ်ဆီသို့ လာနေပြီး အရှိန်မှာ အတော်လေး မြန်ဆန်လှသည်။ ချန်လွေ့၏ အမြင်အာရုံဖြင့် ပုံသဏ္ဌာန် တစ်ခုကို မသဲမကွဲ မြင်တွေ့နိုင်ရုံသာ သူ တတ်နိုင်၏။ ထိုအရာများကို အနည်းငယ် ရင်းနှီးနေပုံ ရနေသည်။
အလင်းစီးကြောင်း အများအပြားက အတူတကွ စုစည်းသွားပြီး အထူးအရာ တစ်ခုကို ဖွဲ့စည်းလိုက်ကာ ထို့နောက် ၎င်းတို့က ဝေဝါးမှုတစ်ခု အဖြစ်သို့ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မျက်လုံးတစ်လုံးနှင့် ဆင်တူသော ဧရာမအရာ တစ်ခုသည် လေဟာနယ်ထဲတွင် ပွင့်လာခဲ့သည်။
‘မျက်လုံး’က တဖြည်းဖြည်း မှုန်ဝါးရာမှ ထင်ရှားလာခဲ့လေသည်။ ၎င်းတို့တွင် သူငယ်အိမ်များ မရှိနေဘဲ ရိုးရှင်းသော ပုံသဏ္ဌာန်တစ်ခုသာ ရှိနေပြီး အတွင်းတွင် အဆုံးမဲ့ လေဟာနယ် ရှိနေ၏။ ချန်လွေ့ ၎င်းကို တစ်ချက် ကြည့်လိုက်စဉ် သူ၏ ဝိညာဉ်တစ်ခုလုံး ခန္ဓာကိုယ်ထဲမှ ထွက်ခွာ သွားတော့မည့်သဖွယ်ပင် အလိုလိုပင် တုန်ခါသွားသည်ဟု ခံစားမိလိုက်ရသည်။ သူ၏စိတ်နှင့် ခန္ဓာသည် ချက်ချင်းဆိုသလို ပြိုလဲမှု လက္ခဏာများကို ခပ်ရေးရေးလေး ပြသနေခဲ့ရာ ၎င်းက သူ့ကို ကြီးကြီးမားမား ထိတ်လန့်သွားစေသည်။
ချန်လွေ့ကို လုံးဝ မွန်းကျပ်စေလုနီးပါး ဖြစ်နေသော ပြင်းထန်သော ဖိနှိပ်မှုအာရုံ တစ်ခု ရှိနေသည်။ ဒါက လုံးဝကို ပုံရိပ်ယောင် သက်သက်ပဲ။ တကယ်လို့ ငါ အဲဒီ “မျက်လုံး”ကို တကယ် ရင်ဆိုင်ရရင် မတွေးနိုင်ခင်မှာပဲ လုံးဝကို ပျက်စီးသွား လိမ့်မယ်။
အက်ကွဲကြောင်းများက မှိန်ဖျော့သော အလင်းနှင့်အတူ ဧရာမ ခန္ဓာပေါ်တွင် ခပ်ရေးရေးလေး ပေါ်လာခဲ့လေသည်။ အက်ကွဲကြောင်းများ ပိုမိုထင်ရှားလာသည် နှင့်အမျှ ခန္ဓာကိုယ်များကလည်း ပိုမို၍ ထင်ရှားလာခဲ့သည်။ သူက အတွင်းမှ ထွက်ပေါ်လာသော ကြယ်ရောင်များကို မြင်တွေ့နိုင်သည်။ ထိုကြယ်ရောင်များက တစ်ခုခုကြောင့် အလျင်အမြန် စုပ်ယူခြင်း ခံနေရပုံရလေသည်။
ဒါက ‘မျက်လုံး’ ပဲ...
ထိုဧရာမခန္ဓာတွေ ကြောက်တဲ့အရာက ဖော်ပြလို့ မရနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ဒီ “မျက်လုံး”လား...
ထူးဆန်းတာက ဒီအကောင်ကြီးတွေရဲ့ ခန္ဓာကိုယ်တွေ အလျင်အမြန် ပြန်ပြီးတော့ ကောင်းလာသလိုပဲ။ သူတို့ရဲ့ ကိုယ်ပေါ်က အက်ကြောင်းတွေ ပျောက်ကွယ်သွားပြီ။ သူတို့ရဲ့ အမူအရာတွေတောင်မှ...
ချန်လွေ့၏ စိတ်ထဲမှ ဖိနှိပ်မှုက ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ထို့နောက် သူက ရုတ်တရက် သတိပြန်ဝင်လာသည်။ ဒါက တကယ်တမ်း ဒီလိုဖြစ်ခဲ့တာပဲ။