အိမ်ပြန်ခြင်း
Vol. 78 Ch. 1204
ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့ ထွက်ခွာသွားပြီးနောက် ချန်လွေ့က ခီလန်ယာကို နှုတ်ဆက်ပြီး စိတ်လှည့် တောအုပ်မှ ထွက်သွားခဲ့သည်။
သူ မြှားပစ်ကွင်းသို့ ပြန်ရောက်လာပြီး ရင်းနှီးသော ဇိုလာနှင့် အဲလစ်တို့ကို မြင်လိုက်ရာ မကြာသေးခင်က ကြုံခဲ့သော မှန်လောကမှ ရိပ်နှင့် မသဲမကွဲ ထပ်တူ ကျသွားခဲ့သည်။ မှန်လောကရှိ ရက်အနည်းငယ်က ထိုလောက၌ အမှန်တကယ်တွင် နာရီအနည်းငယ်သာ ဖြစ်သော်လည်း ချန်လွေ့က ၎င်းမှာ ဘဝတစ်ခုစာ ကြာသလို ခံစားခဲ့ရသည်။
မှန်လောကထဲက တိုက်ပွဲ။ ဟုတ်တယ်။ အဲဒါက တကယ့် စစ်ပွဲတစ်ခုပဲ။
ငါ့ကိုယ်တိုင်နဲ့ တိုက်ပွဲ၊ ရွေးချယ်မှုနဲ့ တိုက်ပွဲ၊ လူစီဖာနဲ့ အလူစီယာတို့ တည်ဆောက်ထားတဲ့ သေရေးရှင်ရေး တိုက်ပွဲ... ဒါတွေက ငါ အရင် ကြုံခဲ့ဖူးတဲ့ တိုက်ပွဲတွေ အားလုံးထက် ပိုပြီးတော့ အန္တရာယ်များတယ်။
ချန်လွေ့က အသီနာကို ကာကွယ်ရန် ရွေးချယ်ပြီး ဆုံမှန်အဖြစ် သူ့ကိုယ်သူ အဆုံးသတ်လိုက်ချိန် သူက သူ့ကိုယ်သူ နိုင်သွားပြီး သေခြင်းရှင်ခြင်းကို ကျော်လွန် သွားခဲ့သော်လည်း ၎င်းမှာ သူ လူစီဖာကို ရှုံးနိမ့်ခဲ့သည်ဟု ဆိုလိုပေသည်။ သို့သော် အရေးကြီးသော အခိုက်အတန့်တွင် မှန်လောကမှ အသီနာက ချန်လွေ့ကို ကာကွယ်ရန် ရွေးချယ်ခဲ့ပြီး ချန်လွေ့အား အသက်၏ အဓိပ္ပာယ်ကို အမှန်တကယ် နားလည်စေကာ အလောင်းအစားကို အနိုင်ရရှိစေခဲ့သည်။
ထိုအတွေ့အကြုံကို အလှည့်အပြောင်းများအဖြစ် ဖော်ပြ၍ ရနိုင်သလို လက်မတင်လေး လွတ်မြောက် နိုင်ခဲ့သည် ဟူ၍လည်း ဖော်ပြနိုင်သည်။
မှန်လောကမှ အောင်အောင်မြင်မြင် လွတ်မြောက်ပြီးနောက် ချန်လွေ့က နတ်ဘုရားများ ဆည်းဆာချိန် အကြောင်း အမှန်တရား တစ်ပိုင်းတစ်စ မြင်ခဲ့ရသည်။ ထိုစဉ်က လူစီဖာသည် သူ့ကိုယ်သူ ဖျက်ဆီးပစ်ရန် တွန့်ဆုတ်၍ မနေခဲ့ဘဲ အစနှင့်အဆုံးတံဆိပ်၇ခု (အဆောင်ပစ္စည်း ၇ခု)ကို အသက်သွင်းကာ ကြောက်စရာ အကောင်းဆုံးသော တားမြစ်ထားသည့် စွမ်းအား တစ်မျိုးမျိုးကို ထုတ်ခဲ့သည်။ ရလဒ် အနေဖြင့် နတ်ဘုရားများ ကျဆုံး သွားခဲ့လေသည်။ လူစီဖာ၏ ဝိညာဉ်က လုံးဝနီးပါး ပျက်စီးသွားရာ သူသည် အဆောင်ပစ္စည်း ၇ခုတွင်သာ နေနိုင်ခဲ့ပြီး ဝိညာဉ်ကို စုဆောင်းရန် အဆောင်ပစ္စည်း ၇ခုမှ အသိအမှတ်ပြုသော သွေးမျိုးဆက် စွမ်းအားကို အသုံးပြုရင်း ပြန်မွေးဖွားရန် မျှော်လင့်နေခဲ့၏။
ချန်လွေ့နှင့် စူပါစနစ်တို့ ပေါ်ပေါက် လာခြင်းက လူစီဖာအား ဝိညာဉ်ကို ကုန်ဆုံးသွားစေပြီး လုံလောက်သော ဝိညာဉ်များကို မရရှိဘဲ အချိန်မတိုင်မီ ပြန်လည် မွေးဖွားလာစေ၏။ နောက်ဆုံး ချန်လွေ့က ထိုကဲ့သို့ သေရေးရှင်ရေး အလောင်းအစားတွင် နောက်ဆုံးသော အောင်ပွဲကို ရရှိခဲ့လေသည်။ လူစီဖာ ကိုယ်တိုင်နှင့် အဆောင်ပစ္စည်း ၇ခုတို့ ပေါင်းစပ်၍ အန္တိမသော့ကို ဖွဲ့စည်းခဲ့ပြီး ၎င်းမှာ ‘အမှောင်ထုဘုရင်’ မှော်ဖဲချပ်မှ စုပ်ယူခြင်း ခံလိုက်ရလေသည်။ ‘သူ’၏ ပဟေဠိက နောက်ဆုံးတွင် အဆုံးသတ် သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ချန်လွေ့က သူမှ ပေါက်ဖွားစေခဲ့သော ဇာမဏီငယ်လေးမှာ လူစီဖာ၏ မျိုးဆက်သစ် တစ်ယောက် ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရလေသည်။ ထို့ကြောင့် သူ ပြန်မွေးဖွားလာပြီးနောက် သူက အတိုင်းအတာ တစ်ခုအထိ ကြီးထွား လာချိန်တွင် အစွမ်းထက်ပုဂ္ဂိုလ်များစွာ ဘဝတစ်လျှောက်လုံး မပိုင်ဆိုင်နိုင်ခဲ့သော နတ်ဘုရား ကောင်းချီး နှလုံးသားကို ပိုင်ဆိုင်ခဲ့လေသည်။
ဝိညာဉ်နှင့် နတ်ဘုရား၏ သွေးမျိုးဆက် ရှုထောင့်မှ ကြည့်လျှင် ဇာမဏီလေးက အမှန်တကယ် လူစီဖာ၏ သမီး ဖြစ်သည်။ သို့သော် ချန်လွေ့က ဆာရီရယ်ကို သတ်ပြီးနောက် သော်သော်အား ကတိ ပြုခဲ့သည့်အတိုင်း သူ မည်သို့ပင် ဖြစ်စေ၊ အနာဂတ်တွင် မည်သို့ပင် ဖြစ်ပွားစေကာမူ သူက အမြဲတမ်း သူ၏ အချစ်ရဆုံးသမီး ဖြစ်နေပေလိမ့်မည်။
လူစီဖာ၏ တိတ်ဆိတ်မှုက သံသယ များစွာကိုလည်း ချန်ထားခဲ့သည်။ ဥပမာ အလူစီယာ၏ အပြုအမူမှာ ပဟေဠိတစ်ခု ဖြစ်သည်။ အလူစီယာသည် ယခင်က လူစီဖာအား ပြန်လည် ရှင်သန်လာရန် ကူညီပေးရန်အတွက် သဘာဝသစ်ပင်ကို အသုံးပြုခဲ့သော်လည်း နောက်ပိုင်း၌ သေရေးရှင်ရေး အလောင်းအစားတွင် ချန်လွေ့အား ကူညီရန် ရွေးချယ်ခဲ့သည်။ ယခု သူက ထူးဆန်းသည့် အကြောင်း အချို့ကြောင့် စိတ်လှည့် တောအုပ်မှ ထွက်ခွာသွားခဲ့သည်။ ၎င်းမှာ အမှန်ပင် စိတ်ရှုပ်ထွေးစရာပင်။
သို့သော် ထိုအရာများကို အနာဂတ်တွင် စဉ်းစားနိုင်ပေသည်။ အရေးအကြီးဆုံးမှာ နတ်ဆိုးဘုံသို့ ပြန်သွားပြီး အသီနာ အတွက် လိုအပ်သော ပစ္စည်းများကို ဖိုက်သွန်ထံ လွှဲပြောင်းပေးရန် ဖြစ်သည်။
“သဒ္ဓိအလင်းတောင်က အဲဒီ၃ယောက် မရှိတော့ဘူးလား။”
“အင်း။ သူတို့ ခုနက ထွက်သွားပြီ။” ချန်လွေ့၏ စိတ်မပါ့တပါ ပုံစံမျိုးကို မြင်ရာ ဇိုလာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
“ဘာမှမဖြစ်ပါဘူး။” ချန်လွေ့က မစ်-နတ်မိမယ်နဂါးကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ “ကိုယ် စဉ်းစားနေတာက မင်းကို အင်္ကျီတစ်စုံ ပေးသင့်တယ်လို့ပါ။ အဖြူရောင် ရှပ်အင်္ကျီနဲ့ ခရမ်းနက်ရောင် ဝတ်စုံ စကတ်။ ပြီးတော့ ကိုယ် မင်းကို ရွှေဘောင်နဲ့ မျက်မှန် တစ်လက်လည်း ပေးမယ်။ လက်ထောက်ကျောင်းအုပ်။”
“ဘာပြောတာလဲ။” မစ်- နတ်မိမိယ်နဂါးက စကားလုံးများ၏ အဓိပ္ပာယ်ကို အမှန်တကယ် နားမလည်ဘဲ ငေးငိုင်လျက် မေးလိုက်သည်။ သို့သော် သူ၏ ယောက်ျားက သူအား အဝတ်အစား တစ်စုံ ပေးသည်မှာ သူ့အတွက် ပျော်ရမည် ဖြစ်သည်။
“ကျွန်မကရော...” ဇိုလာ၏ ဘေးသို့ ပြန်ရောက်လာပြီးဖြစ်သော အဲလစ်က သူ တစ်ခုခုကို လက်ဆောင်ပေးနေသည်ဟု ကြားရာ နားရွက်များကို ထောင်လိုက်၏။
“အမ်... အရင် မေးခွန်းတစ်ခု မေးမယ်။ တကယ်လို့ ငါ မင်းကို ပြန်ပေးဆွဲခဲ့ရင်...”
“ပြန်ပေးဆွဲရင်...” အဲလစ်က သူ၏ ပါးစပ်ကို အံ့ဩစွာဖြင့် အုပ်လိုက်သည်။ “ရှင် ကျွန်မကို လျှို့ဝှက်ခန်း တစ်ခုထဲမှာ ပိတ်ပြီး ကျွန်မကို အရှက်ခွဲမှာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား။ ကျွန်မ အရမ်းကြောက်တာပဲ...”
ချန်လွေ့၏ နဖူးက ချွေးစေးများ ပြန်လာခဲ့သည်။ ငါ မင်းကို တခြား လောကမှာ နည်းနည်းလောက် ပိုကြာကြာ ပိတ်ထားခဲ့ရမှာ။
“နင်က ဒါကို မျှော်လင့်နေပုံပဲ။” မစ်-နတ်မိမယ်နဂါးသည် လိုလီမင်းသမီး၏ စိတ်ကို ဖော်ထုတ်လိုက်၏။
လိုလီလေး၏ အနေအထားသည် သူ၏ မျက်နှာကို ကိုင်ထားသည့် ပုံစံမျိုးသို့ ပြောင်းလဲသွားသည်။ “ဆရာမ ဇိုလာ၊ ဟီးဟီး... အစ်မ ဇိုလာ၊ ကျွန်မ ရှက်သွားလိမ့်မယ်။”
“လျှို့ဝှက်ခန်း ပိတ်တာနဲ့ အရှက်ခွဲတာ ဘာတွေကို ပြောတာလဲ။” မီရှယ်က အဲလစ်ကို ဆွဲပြီး မေးလိုက်သည်။
“ဟွန့် ဟွန့်။ ဒါက လျှို့ဝှက်ချက်။”
“မိတ်ဆွေကောင်းတွေက လျှို့ဝှက်ချက်တွေကို မျှဝေသင့်တာ မဟုတ်ဘူးလား။”
“အင်း... ကောင်းပြီလေ။ ငါ အရင်ဆုံး ရှာလိုက်ဦးမယ်။ ဒီစာအုပ် ဖြစ်မယ်...”
“စာအုပ်အဖုံးက ထူးဆန်းတာပဲ။ ငါ ဒါကို ကိုင်ကြည့်လို့ ရမလား။”
အဲလစ်က မကောင်းသော စာအုပ်အား ဖွင့်တော့မည်ကို မြင်သောအခါ ချန်လွေ့ ၎င်းကို အလျင်အမြန် လုယူလိုက်သည်။ ၎င်းက မျက်စိတစ်မှိတ်အတွင်း သိုလှောင် ဂိုဒေါင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
အဲလစ်က သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။ ချန်လွေ့ ခေါင်းခါပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ကောင်းပြီလေ။ လိုအပ်တာတွေ အားလုံး ရပြီပဲ။ ငါတို့တွေ ပြန်သင့်ပြီ။”
ထိုစကားထွက်လာသည်နှင့် အဲလစ်၏ ဖောင်နေသော ပေါင်မုန့် မျက်နှာက ရုတ်တရက် ပြားချပ်သွား၏။ မီရှယ်က နှုတ်ခမ်းကို ကိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ “ရှင်တို့ နတ်ဆိုးဘုံကို ပြန်တော့မှာလား။”
“ဟုတ်တယ်။” ချန်လွေ့က နတ်သူငယ် မင်းသမီးငယ်လေး၏ အစိမ်းရောင်ဆံပင် ကွေးကွေးလေးကို ပွတ်သပ်လိုက်သည်။ “အခွင့်အရေးရရင် ငါ အဲလစ်ကို ခေါ်ပြီး ကောင်းကင်မြို့တော်က မင်းနဲ့ လေဖြူဆီ လာလည်မှာပါ။ ငါ ကတိပေးတယ်။”
“ကျွန်မ ရှင်တို့ကို သတိရနေမှာပါ။” မီရှယ်၏ အသံက ရှိုက်သံပါနေပြီး သူက ချန်လွေ့၏ ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကာ ထို့နောက် အဲလစ်ကို ပွေ့ဖက်လိုက်၏။ အဲလစ်၏ မျက်လုံးများ နီရဲနေပြီး မီရှယ်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
အဲလစ် ချန်လွေ့ကို မော့ကြည့်လိုက်၏။ “အစ်ကို။ ကျွန်မတို့ မီရှယ်ကို နတ်ဆိုးဘုံ ခေါ်သွားလို့ မရဘူးလား။”
ချန်လွေ့ ခေါင်းခါသည်။ “မရသေးဘူး။ ဘာလို့လဲဆိုတော့ သူက နတ်သူငယ် မျိုးနွယ်စုရဲ့ မင်းသမီး ဖြစ်လို့။ သူရဲ့အမေနဲ့ အစ်မက ဒီမှာရှိနေလို့ပဲ။ တကယ်လို့ သူ ငါတို့နဲ့အတူ နတ်ဆိုးဘုံကို ပြန်လိုက်ခဲ့ရင် ဒါ နတ်သူငယ် မျိုးနွယ်စုကို ထိခိုက် စေလိမ့်မယ်။”
အဲလစ်လည်း သူ၏စိတ်ကူး လက်တွေ့ မကျကြောင်း သိနေရာ စိတ်ပျက်စွာဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။
“ငါ ‘အခုထိတော့ မရသေးဘူး’ လို့ ပြောတာပါ။” ချန်လွေ့၏ မျက်လုံးများက အနည်းငယ် အလှမ်းဝေးသွားပြီး သူက အဝေးမှ လားရာတစ်ခုသို့ ကြည့်လိုက်၏။ “အနာဂတ် တစ်နေ့နေ့မှာ မီရှယ်က နတ်ဆိုးဘုံဆီကို လာပြီး ကစားနိုင်မယ်။ ဒါမှမဟုတ် နတ်ဆိုးဘုံမှာ များများစားစား စိုးရိမ်စရာမလိုဘဲ နေထိုင်လို့ ရနိုင်မယ်။ အဲလစ်။ မင်းလည်း နေရောင်ခြည်ကို လွတ်လပ်စွာ ခံယူနိုင်တယ်။ မလိုအပ်တဲ့ မုန်းတီးမှုတွေ စစ်ပွဲတွေ မရှိဘဲနဲ့ပေါ့... အဲဒီနေ့ မတိုင်ခင်မှာ အချိန်အကြာကြီး ရှိနေဦးမယ်။ ဒါပေမဲ့ အဲဒီလို နေ့တစ်နေ့ ရှိလာလိမ့်မယ်။ ငါ့ကို ယုံလိုက်ပါ။”
“အင်း...” လိုလီလေး နှစ်ယောက်က တစ်ချိန်တည်း ခေါင်းညိတ်လိုက်ကြသည်။
အခြားတစ်ဖက်တွင် ဇိုလာကလည်း နတ်သူငယ်ဘုရင် အဖေကို နှုတ်ဆက်ရန် အသံကို နှိမ့်လိုက်ပြီး အမေ မာရီယာ၏ နာမည်ပျက် စာရင်းကို အလေးထား ပြောခဲ့သည်။ စပန်က အနေရခက်သော အပြုံးဖြင့်သာ ပြုံးနိုင်ခဲ့သည်။
ချန်လွေ့၏ အကြည့် ဖြတ်သွားသည့် လားရာတွင် နတ်သူငယ် မင်းသမီး ဖီလီဘေးနားမှ လန်ဘစ်သည် ထိုနေရာမှ အခြေအနေကို ကြည့်ရင်း စိတ်မပါ့တပါ စကားစမြည် ပြောနေခဲ့သည်။ သူတို့က ဖြတ်သွားသော မျဉ်းနှစ်ကြောင်း ကဲ့သို့ ဖြစ်နေသည်ကို သူ ကောင်းကောင်း သိ၏။ ဖြတ်မှတ်တစ်ခု ရှိခဲ့သော်လည်း ယခုအခါ သူတို့က တစ်ယောက်နှင့် တစ်ယောက် ပို၍ ပို၍ ဝေးကွာသွားကြလေပြီ။
သူတို့က လောကခြားနေကြပြီ ဖြစ်သည်။
ထိုစဉ်က ရွေးချယ်မှု လုပ်ခဲ့ကတည်းက သူသည် ထိုအရာကို အပြီးသတ်ခဲ့၏။
ရွေးချယ်မှု မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ သူတို့နှစ်ဦးက ဆက်လက်၍ လျှောက်လှမ်းသွားမည် ဖြစ်သည်။ ၎င်းက ဘဝပင်။ အဆက်မပြတ် ရွေးချယ်မှု ပြုလုပ်နေရသော ခရီးလမ်းတစ်ခု။
ခဏအကြာတွင် ချန်လွေ့နှင့် အခြား ၅ဦးက ကျောက်စိမ်းသစ်တောပင်လယ်မှ ချောချောမွေ့မွေ့ ထွက်သွားခဲ့ကြသည်။
နတ်သူငယ်တစ်ပိုင်း တေးလို့စ်နှင့် နတ်သူငယ် မိန်းကလေး အယ်လ်တာနီတို့ သည်လည်း သူတို့အထဲတွင် ပါဝင်ခဲ့သည်။ နတ်သူငယ်တစ်ပိုင်းက မြှားပစ်ပြိုင်ပွဲကို အနိုင်ရခဲ့သော်လည်း အယ်လ်တာနီနှင့် သူ့ဆက်ဆံရေးကို နတ်သူငယ်မျိုးနွယ်စုမှ သေချာပေါက် အသိအမှတ် ပြုလိမ့်မည် မဟုတ်ပေ။ သူက ကျောက်စိမ်းသစ်တော ပင်လယ်တွင် နေထိုင်ခဲ့လျှင် သူ၏ဆန္ဒ မပြည့်ဝနိုင်ရုံမက အသက် အန္တရာယ်ပင် ရှိနေနိုင်သည်။
နတ်သူငယ်တစ်ပိုင်းက လေးနက်သော သစ္စာတစ်ခုကို ဟိုးကတည်းက ဆိုခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ချန်လွေ့က သူ့အား အနိုင်ရရှိစေတွင် ကူညီပေးခဲ့သည်။ သူက ထိုသို့အားကောင်းသော စွမ်းအားကိုလည်း ပြသခဲ့ရာ နတ်သူငယ် တစ်ပိုင်းက အထူး အစွမ်းထက်ပုဂ္ဂိုလ်၏ ဟန့်တားမှုဖြင့် သူ၏ချစ်သူကို အောင်မြင်စွာ ခေါ်ဆောင် သွားနိုင်ခဲ့ပြီး ၎င်းမှာ သူ့နောက်သို့ လိုက်ရန် တေးလို့စ်၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့သည်။
ချန်လွေ့က တေးလို့စ်၏ သစ္စာ စောင့်သိမှုကို မငြင်းပယ်ခဲ့ပေ။ သူက နတ်သူငယ်တစ်ပိုင်းစုံတွဲကို မုန်တိုင်းကျွန်းတွင် ထားရှိလိုခဲ့သော်လည်း တေးလို့စ်က နတ်ဆိုးဘုံသို့ လိုက်ပါရန် တောင်းဆိုခဲ့သည်။ ချန်လွေ့ ၎င်းကို တွေးပြီး သဘောတူလိုက်၏။
လူတိုင်းကို ကျက်သရေမျှော်စင်ထဲတွင် ထည့်ပြီးနောက် ချန်လွေ့ [ကြယ်ဂိတ်]ကို ဖွင့်ကာ အမှောင်လနေအိမ်သို့ ချက်ချင်း ပြန်သွားခဲ့သည်။
ချန်လွေ့အတွက် အံ့အားသင့်စွာပင် အိမ်ထဲတွင် ဧည့်သည် အများအပြား ပိုရှိနေခဲ့သည်။
ယောက္ခထီး နဂါးဧကရာဇ် အက်ဂ်လက်စ်၊ အချိန်အကြာကြီး မတွေ့ခဲ့ရသော အကြီးအကဲ မစ်-နဂါးနက် ဂျူလီယာနှင့် ဇနီးမှ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခြင်းခံ ထားရသော နဂါးပြာ ဒန်နီရယ်တို့ပင်။ သူတို့ နှစ်ဦးစလုံးသည် တိုင်းပြည် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အက်ဂ်လက်စ်က နတ်ဘုရား-ယောင် အဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဂျူလီယာက အက်ဂ်လက်စ်၏ အဝေးမှ ဆွေမျိုး တစ်ယောက် ဖြစ်ပြီး နဂါးပြာ ဒန်နီရယ်နှင့် ပါ့ဂ်လီအိုတို့က နှစ်ပေါင်း ထောင်နှင့်ချီ အသိဟောင်းများ ဖြစ်သည်။ သူက လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက ဇိုလာကို တစ်ဖက်သတ် ကြိုက်ခဲ့ပြီး မစ်-နတ်မိမယ်နဂါးမှ အရှက်ခွဲခြင်း ခံခဲ့ရသော သမိုင်းကြောင်း တစ်ခုလည်း ရှိခဲ့သည်။ သူတို့ နှစ်ဦးစလုံး အမှောင်လတွင် ခဏတာ နေထိုင်ခဲ့ကြပြီး ချန်လွေ့နှင့် အခြား သူများနှင့်အတူ ရင်းနှီးမှုများ တည်ဆောက်ခဲ့ကြသည်။
နောက်ပိုင်း သူတို့နှစ်ဦး တံခါးပိတ် လေ့ကျင့်ရန် နဂါးကျွန်းသို့ ပြန်သွားကြပြီး တိုင်းပြည်အဆင့်သို့ ရောက်သွားခဲ့သည်။ သူတို့က ကြွားဝါရန် အမှောင်လသို့ လာချင်ခဲ့ကြသော်လည်း ‘သတင်းဆိုးများ’ ဆက်တိုက်က သူတို့နှစ်ဦးကို ချက်ချင်း ကြောက်လန့်သွားစေခဲ့သည်။ ပါ့ဂ်လီအို နတ်ဘုရားတစ်ပိုင်းအဆင့် ရောက်နေပြီ။ ဇိုလာက နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်မှာ ရှိနေတယ်။ ချန်လွေ့ နတ်ဘုရား-ယောင် ဖြစ်နေပြီ။
အမှန်တကယ်တွင် ၎င်းမှာ ညနေပိုင်း သတင်း ဖြစ်သည်။ ယောက္ခထီး နဂါး ဧကရာဇ်က အမှန်တရားကို သိပြီးနောက် ထခုန်နိုင်လောက်သည်။
ဂျူလီယာနှင့် ဒန်နီရယ်တို့က နဂါးဧကရာဇ်နှင့်အတူ အမှောင်လသို့ ယခု တစ်ကြိမ်တွင် ရောက်ရှိလာခဲ့ကြပြီး သူတို့ နှစ်ပေါင်းများစွာ မတွေ့ခဲ့ကြရသော မိတ်ဆွေများနှင့် တွေ့ဆုံခဲ့ကြသည်။ ထို့အပြင် ထိုသူများ၏ လျင်မြန်လှသော တိုးတက်မှု လျှို့ဝှက်ချက်ကို တူးဖော် ချင်ခဲ့လေသည်။
“ဒေါ်လေးဂျူလီယာ။ ဒါက ဒေါ်လေး အတွက်ပဲ။ အဘိုး အက်ဂ်လက်စ်အတွက် တဝက် ချန်ထားဖို့ မမေ့နဲ့။” အချစ်တော် သော်သော်၏ ဆွဲဆောင်မှုမှာ တားဆီး၍ မရနိုင်ပေ။ အမြဲတမ်း အေးစက်နေခဲ့သော ဂျူလီယာပင် ကလေးကို လွှတ်ပေးရန် စိတ်မပါဖြစ်နေခဲ့သည်။
သူ့အတွက် တမင် ချန်ထားပေးသော ပန်ကိတ်တစ်ဝက်ကို ရရှိခဲ့သော အဘိုး အက်ဂ်လက်စ်က အလွန်ပင် စိတ်လှုပ်ရှား သွားခဲ့သည်။ ဒီကလေးမလေးက လူကို ဂရုစိုက်တတ်တဲ့သူ တစ်ယောက်ပဲ။ တကယ်လို့ လာလာရီယာသာ ဆိုရင် ဘာမှကျန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက ငါ့ရဲ့ သင်ကြားပေးမှုကြောင့်...
ရုတ်တရက် သော်သော်၏ မျက်လုံးများ ပွင့်လာပြီး ချန်လွေ့ ပြန်လာသည်ကို အာရုံခံမိလိုက်သည်။ သူက ဂျူလီယာ၏ ပွေ့ဖက်မှုမှ ထွက်သွားပြီး [ကြယ်ဂိတ်] ဘက်သို့ ပျံသန်းသွားခဲ့သည်။ “ဖေဖေ...”
ချန်လွေ့က သူ၏ အဖိုးတန်သမီးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ထပ်ခါတလဲလဲ နမ်းရှိုက်လိုက်သည်။ တော်သေးတယ်။ သူငယ်တန်းကျောင်းက ဖေဖေ့ကို သတိထားနေတဲ့ ကောင်ကလေး မဟုတ်တော့ဘူး။
အက်ဂ်လက်စ်က သော်သော်၏ ပွေ့ဖက်ခြင်း ခံထားရသော ချန်လွေ့ကို မနာလိုစွာဖြင့် ကြည့်နေလိုက်သည်။ ကံဆိုးစွာပင် သူ၏သမီး လာလာရီယာက သူ့ကို မြင်ရာ ထူးဆန်းသော ‘အိုဟိုဟိုဟို’ ရယ်သံကို သုံးလေးခေါက် ပြုလုပ်ခဲ့ပြီး အိုလီဖီးရက်စ်အား တစ်စုံတစ်ခုကို တိုးတိုး ပြောလိုက်လေသည်။ နဂါးဧကရာဇ်က အာရုံစိုက်လိုက်ရာ စကား တစ်ခွန်းကို မသဲမကွဲ ကြားလိုက်ရ၏။ “တကယ်လို့ အဘိုးကြီးက ငါတို့ကို လက်ထပ်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့ရင် ငါတို့ သူ့ကို သေချာပေါက် လျစ်လျူရှုမယ်။”
သူက မျက်လုံးများ လှန်လိုက်မိ၏။
“ချန်လွေ့...”
ခီရာနှင့် အစ်ဇဘယ်လာတို့၏ အသံများ တစ်ချိန်တည်းတွင် ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့က သော်သော်ကို ပွေ့ဖက်ရင်း ‘အနုပညာမိန်းကလေး’နှင့် ‘ရဲမေ’တို့ကို တစ်ယောက်စီ နမ်းလိုက်သည်။ သူ၏ မျက်လုံးက နောက်မှ ခန္ဓာကိုယ်ကို ထောက်မထားသော အသီနာထံသို့ လှည့်သွားပြီး သော်သော်ကို ချထားကာ မိခင်လောင်းထံသို့ ရောက်ရှိလာခဲ့သည်။ “ကိုယ် ပြန်လာပြီ။”
“ရှင် ပြန်လာတာ ကောင်းပါတယ်။” အသီနာက သူသည် မှန်လောကကြောင့် သေခြင်း ရှင်ခြင်း အကြား လမ်းလျှောက် ခဲ့ရသည်ကို မသိခဲ့ပေ။ သူက အခြား လောကမှ သူသည် နောက်ဆုံးတွင် အားလုံးကို ကယ်တင်ခဲ့ကြောင်းကိုလည်း မသိခဲ့ပေ။ သူက အကြည့်ထဲမှ ပြင်းပြမှုနှင့် ချစ်ခင်မှုကို ရှင်းလင်းစွာ ခံစားမိရုံသာ ခံစားမိခဲ့သည်။ ရုတ်တရက် သူက ထိုယောက်ျားကို ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်ကာလသို့ ပြန်ရောက်သွားပုံရပြီး သူ၏ နှလုံးသားထဲတွင် ချိုမြိန်မှုများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဟေ့... တစ်ယောက်ယောက်ကတော့ လူသားလောကမှာ အချိန်အကုန်လုံးကို မိန်းမလိုက်စားရင်း ကုန်ဆုံးပြီးတော့ နောက်ဆုံး ပြန်လာခဲ့ပြီပဲ။”
“နောက်က အလှလေးက ဘယ်သူလဲ။ ဒါက လူသားလောကရဲ့ နတ်သူငယ် ဖြစ်လောက်တယ်။ ဒါက ခေါင်းဆောင် ရှုပ်ခဲ့တဲ့ မိန်းကလေးများလား။”
မနာလိုဖြစ်နေသော ထိုဆိုးရွားသည့် မိတ်ဆွေနှစ်ဦး၏ အသံကို ကြားရာတွင် ချန်လွေ့က ရုတ်တရက် လှည့်လိုက်ပြီး ပြောလိုက်သည်။ “မျိုးမစစ်နှစ်ကောင်။ ဘတ်စကက်ဘော ကစားကြမလား။”
ဘတ်စကက်ဘော ဟုတ်လား။
နားမလည်သော သူတို့နှစ်ယောက်ကို မြင်ရာ ချန်လွေ့က သူ၏မျက်နှာပေါ်တွင် သဘောပေါက်နေသော အပြုံး တစ်ခုကို ပြသခဲ့သည်။
...
ယခုရာသီ အထူးအခိုက်အတန့်များ -
နဂါးကျွန်း၏ သတင်းစာရှင်းလင်းပွဲတွင် အလုပ်သင် သတင်းထောက် ရိုမန်က ချန်လွေ့အား မေးလိုက်သည်။ “ခွင့်ပြုပါ၊ မစ္စတာ ချန်လွေ့။ ခင်ဗျားက နတ်ဆိုးဘုံ နဂါးကျွန်းရဲ့ အကြီးမားဆုံး ရန်သူဖြစ်တဲ့ လူသားလောကရဲ့ နဂါးတောင်ကြားကို သွားခဲ့တယ်လို့ ကြားတယ်။ ခင်ဗျားက နဂါးတောင်ကြားနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ အဲဒီလိုမျိုး အရာတွေ ရှိပါသလား။”
နဂါးကျွန်းမှ နဂါးများ၏ ရန်လိုသော အကြည့်များ၊ အထူးသဖြင့် ယောက္ခထီး နဂါးဧကရာဇ်၏ အကြည့်ကို မြင်ရာတွင် လူတိုင်းက ထိုလူသစ် သေစေနိုင်သော မေးခွန်းတစ်ခု မေးခဲ့သည်ဟု ထင်မြင် ခဲ့ကြသည်။
သို့သော် ချန်လွေ့က ပြန်ဖြေခဲ့သည်။ “ကျုပ် နဂါးတောင်ကြားဆီကို တကယ် သွားခဲ့တယ်။”
လူတိုင်းက အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။
ချန်လွေ့ ချက်ချင်း ထပ်ပြောသည်။ “ဒါပေမဲ့ ကျုပ်က နဂါးတောင်ကြားကို ဒုက္ခပေးဖို့ သွားခဲ့တာ။ ဘာလို့လဲဆိုတော့ လာလာရီယာကို ခေါ်သွားခဲ့လို့ပဲ။”
ချန်လွေ့၏ ဉာဏ်ပညာက ရှိနေသော လူတိုင်းကို စိတ်လှုပ်ရှား သွားစေခဲ့ပြီး လက်ခုပ်သံများ မစဲနိုင်တော့ပေ။