← Chapters

မွေးဖွားခြင်းနှင့် မူမမှန်သော ပြောင်းလဲမှု

Vol. 78 Ch. 1206

မွေးဖွားခြင်းနှင့် မူမမှန်သော ပြောင်းလဲမှု

Vol. 78 Ch. 1206

ခြံဝင်း အထက်မှ ကောင်းကင်က ဖျော့တော့တော့ လျှပ်စီးခုံးအမျှင်တန်းများ နှင့်အတူ တိမ်များဖြင့် အုံ့ဆိုင်းနေသည်။

မြေပြင်ကလည်း ကြုံရာကျပမ်း ကြိမ်နှုန်းများဖြင့် ရံဖန်ရံခါ တုန်ခါနေပြီး ပျက်စီးခြင်း ခြေရာလက်ရာ အမျိုးမျိုး ရှိနေလေသည်။

စွမ်းအား ပျံ့နှံ့ခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို မထိခိုက်စေရန်အတွက် အနီးတွင် အကာအကွယ် အခင်းအကျင်း တစ်ခုကို တည်ဆောက်ထားခဲ့လေသည်။ အပြင်ဘက်မှ ကြည့်လျှင် ထိုဧရိယာတွင် ထူးခြားသောအရာ မရှိပေ။

လူတိုင်း အိမ်အပြင်ဘက်၌ စောင့်ဆိုင်း နေကြသည်။ သူတို့၏ အမူအရာများမှာ အများစုက စိုးရိမ်ပူပန်ပြီး မျှော်လင့်နေ ကြသည်။ အစိုးရိမ်ဆုံးမှာ အကြိမ်ပေါင်း ရေတွက်၍ မရနိုင်အောင် ရှေ့နောက် လျှောက်ပြီး ချွေးများဖြင့် စိုစွတ်နေသော ချန်လွေ့ပင်။

နာရီဝက် ကြာသွားပြီ ဖြစ်သော်လည်း ကတ်သရင်း၊ အစ်ဇဘယ်လာ၊ ဇိုလာနှင့် ဖိုက်သွန်တို့ ထွက်မလာ ကြသေးပေ။ အသီနာ၏ ဖိနှိပ်ထားသော နာကျင်မှု ညည်းညူသံများကိုသာ ကြားနေရ၏။

အသီနာ ကိုယ်ဝန်ဆောင် နှောင်းပိုင်း အချိန်တွင် ရှိနေစဉ်က သူ၏ စွမ်းအားမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကနဦးပိုင်းသို့ ခုန်တက်သွားခဲ့ပြီး ပျက်စီးခြင်းစွမ်းအား၏ ပေါက်ကွဲထွက်မှု အလွန်အားကောင်းရာ ထိုလူ အနည်းငယ်သာ အန္တရာယ် မရှိဘဲ ဝင်ရောက်နိုင်ခဲ့သည်။

“ကလေးမွေးရတာ ဒီလောက်တောင်မှ နာတာလား။” အဲလစ်က စိုးရိမ်နေသော အမူအရာဖြင့် ရှီရာ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။

ရှီရာ ခေါင်းခါလိုက်သည်။ “ငါလည်း မသိဘူး။ ဒီအခိုက်အတန့် တစ်ခုတည်းက မိခင်တိုင်းဟာ အကြီးမြတ်ဆုံး ဖြစ်တာကို ပြသဖို့ လုံလောက်တယ် ဆိုတာကိုပဲ သိတယ်။”

အမှန်မှာ ရှီရာသာ မကဘဲ ရှိနေသော အမျိုးသမီးအားလုံး အတွေ့အကြုံ မရှိပေ။ တစ်ဦးတည်းသောမိခင် ကတ်သရင်းက အိမ်ထဲတွင် အသီနာအား ကလေးမွေးရန် ကူညီပေးနေခဲ့သည်။

ကောင်းကင်မှ လျှပ်စီးကြောင်းသည် တစ်စုံတစ်ခုကြောင့် ဆွဲဆောင်ခြင်း ခံရသည့်အလား ပို၍ ပြင်းထန်လာခဲ့သည်။ ထို့နောက် ၎င်းက အိမ်ဘက်သို့ တစ်ပြိုင်နက် ထိုးနှက်သွားခဲ့သည်။ ထိုသို့ လျှပ်စီးတွင် နှိုင်းယှဉ်၍ မရနိုင်သော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်ပုံရပြီး အက်ကွဲကြောင်းကြီးများ ပေါ်လာခဲ့သည်။

အလင်းတန်း တစ်ခုက ချန်လွေ့၏ မျက်လုံးတွင် လက်ခနဲ ဖြစ်သွားပြီး သူက အိမ်အပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။ သူ၏ခန္ဓာက ထူးဆန်းသော ဆွဲငင်အား တစ်ခုကို ထုတ်လွှတ်နေပြီး ထိုလျှပ်စီးများ အားလုံးကို သံလိုက်တစ်ခု ကဲ့သို့ပင် သူ၏ ကိုယ်ထဲသို့ စုပ်ယူလိုက်၏။

လျှပ်စီးက ဆက်လက်၍ လက်နေခဲ့ပြီး ချန်လွေ့၏ အဝတ်အစားများ ပြင်းထန်စွာ လွင့်ခတ်နေသော်လည်း ခန္ဓာတစ်ခုလုံးမှာ မတုန်မလှုပ် ဖြစ်နေသည်။ လျှပ်စီးက အလွယ်တကူပင် ဖြေဖျောက်ခံလိုက်ရပုံ ရသော်လည်း သူက တိတ်တဆိတ် အံ့ဩနေခဲ့သည်။ ထိုလျှပ်စီး စွမ်းအားမှာ ထူးကဲလှပြီး ပို၍ အားကောင်းလာသည်။ အကယ်၍ ၎င်းမှာ ပါ့ဂ်လီအို ကဲ့သို့သော နတ်ဘုရားတစ်ပိုင်းအဆင့်သာ ဖြစ်ခဲ့ပါက မခံနိုင်လောက်ပေ။

ထိုအခိုက်တွင် ကလေးငိုသံ အခန်းထဲမှ ရုတ်တရက် ထွက်လာပြီး ပြင်းထန်သော လျှပ်စီးက ရုတ်တရက် ရပ်တန့်သွားကာ လျင်မြန်စွာ စတင်၍ မှေးမှိန်လာခဲ့သည်။ တိမ်နက်များ တဖြည်းဖြည်း ပျောက်ပြီး လနှစ်စင်း ပေါ်လွင်လာခဲ့၏။

ချန်လွေ့က အောက်မှ အိမ်တွင် အစ်ဇဘယ်လာက စောင်ပတ်ထားသော ကလေးငယ်လေး တစ်ယောက်နှင့် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများ လက်သွားခဲ့ပြီး ချက်ချင်း မြေပေါ် ဆင်းသက်လိုက်၏။

လူတိုင်း သူ့ကို ဝန်းလိုက်သော်လည်း ချန်လွေ့က ကလေးကို မကြည့်ဘဲ တံခါးဝသို့ တန်းတန်း ပြေးဝင်သွားခဲ့သည်။

“အသီနာ...” ချန်လွေ့က အခန်းထဲသို့ ဝင်ရောက်လာရာ ဇိုလာသည် အခန်းထဲမှ သွေးမြူခိုးများနှင့် လေကို သန့်စင်ရန် ရေဒြပ်စင် မှော်ပညာကို အသုံးပြုနေပြီး ကတ်သရင်းက အသီနာအား ကူညီ၍ ချွေးသုတ်ပေးနေခဲ့သည်။ ဖိုက်သွန်က အသီနာကို ဖုံးအုပ်ထားသော အလင်းကို ရုပ်သိမ်းလိုက်၏။

အသီနာ မျက်လုံး တင်းတင်းကျပ်ကျပ် မှိတ်ထားသည်။ သူ၏မျက်နှာအမူအရာနှင့် နှုတ်ခမ်းများမှာ အလွန်ပင် ဖြူဖျော့နေပြီး ခန္ဓာကိုယ် အလိုလို တုန်ခါနေသော်လည်း အသက် စွမ်းအားမှာ ထင်ရှားနေဆဲပင် ဖြစ်သည်။ ထိုအရာက ချန်လွေ့အား စိတ်သက်သာရာ ရသွားစေခဲ့သည်။ သူ ကုတင်ဘေးသို့ လျှောက်သွားလိုက်ပြီး အသီနာ၏ လက်ကို ကိုင်ထားကာ ထိုင်ချလိုက်သည်။

အသီနာ ဖြည်းဖြည်းချင်း မျက်လုံးများ ဖွင့်လိုက်၏။ “ယောက်ျားလေးလား၊ မိန်းကလေးလား။”

ချန်လွေ့ မှင်တက်သွားခဲ့သည်။ “ကိုယ် အခုထိ မတွေ့ရသေးဘူး။”

ကတ်သရင်း အနည်းငယ် ပြုံးလိုက်၏။ “ဒီလူက ချက်ချင်းကို ပြေးဝင်လာတာ။ ကလေးကိုတောင် မတွေ့ရသေးတာ ဖြစ်မယ်။”

အသီနာက ရင်ထဲထိသွားသော်လည်း ကလေးကို ဂရုမစိုက်ဟု ခံစားမိရာတွင် ချန်လွေ့ကို စိုက်ကြည့်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ အခြား တစ်ဖက်တွင်မူ ကတ်သရင်းက သူ အစိုးရိမ်ဆုံးဖြစ်သော အရာကို ပြောလိုက်သည်။ “အတော်လေး ကျန်းမာတဲ့ ယောက်ျားလေးပါ။ ငါ သူ့ရဲ့ အထဲမှာ သန့်စင်ပြီးတော့ အားကောင်းတဲ့ အသက်စွမ်းအားကို ခံစားမိတယ်။”

“ယောက်ျားလေးလား...” အသီနာ၏ မျက်လုံးများ လင်းလက်သွား၏။

“သူ့ရဲ့ အသက်က အားကောင်းရုံတင် မကဘူး။ စွမ်းအားလည်း ကြီးမားတယ်။” ဇိုလာက မိခင်တစ်ဦးဖြစ်သော အသီနာကို အလွန်ပင် မနာလို ဖြစ်နေသည်။ သူက သန့်ရှင်းရေးလုပ်ရင်း စကားစလိုက်သည်။ “ဒီကလေးရဲ့ စွမ်းအားက နတ်ဆိုး ဧကရာဇ် အဆင့်မှာပဲ။ ငါတို့ နဂါးတွေ အများစုက ဒီအဆင့်မှာ မွေးဖွားကြပေမယ့် ဒီကလေးမှာက ပျက်စီးခြင်းဇစ်မြစ်ရဲ့ အရည်အချင်း ရှိနေတယ်။ အဲဒါကြောင့် အထူးအဆင့်ကို တက်လှမ်းဖို့ လွယ်တယ်။ သော်သော်ရဲ့ နတ်ဘုရား မျိုးဆက်သစ် စွမ်းအား မရှိရင်တောင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေကလည်း အဆုံးမဲ့ပဲ။”

“စွမ်းအားက အရေးမကြီးပါဘူး။ သူ ကျန်းကျန်းမာမာ၊ ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းနိုင်ရင် ရပြီ။” အသီနာ၏ ဖြူဖျော့သော မျက်နှာက တောက်ပမှုဖြင့် ပြည့်နှက်နေသော မိခင် အပြုံးတစ်ခုကို ပြသခဲ့သည်။

မစ်-နတ်မိမယ်နဂါး မျက်လုံးများကို မှိတ်ပြလိုက်သည်။ “အသီနာ။ နင် ငါတို့ အရင်တစ်ခါ နာမည်ပေးဖို့ မဲနှိုက်တာကို မှတ်မိသေးလား။ မိန်းကလေးဆိုရင် သူ့ရဲ့ အိမ်နာမည်က ‘ထန်ထန်’။ ပြီးတော့ ယောက်ျားလေးဆိုရင်...”

“အင်း။ ဒီကလေးရဲ့ အိမ်နာမည်က ဒီနေ့ကစပြီး ‘သို့သို့’ပဲ။” အသီနာက ဇိုလာကို ပြုံးနေလျက် ကြည့်လိုက်သည်။ “ဒါက သူ့ရဲ့ ဒေါ်လေး ဇိုလာ ပေးခဲ့တဲ့ နာမည်ပဲ။ သူ ဒီဘဝမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေလိမ့်မယ်လို့ ယုံကြည်တယ်။”

“အင်း...” မစ်-နတ်မိမယ်နဂါးက ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။ နောက်ပိုင်း ကလေးရလာခဲ့လျှင် သူက အသီနာအား အိမ်နာမည်ကို ရွေးခိုင်းမည်ဟု စိတ်ထဲ၌ တွေးလိုက်သည်။

“အသီနာက ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားပြီ။ အဲဒါကြောင့် အခု အရေးတကြီး အနားယူဖို့ လိုအပ်နေတယ်။ ရှင်တို့အားလုံး အရင်ဆုံး အပြင်ထွက်ကြ။” တချိန်လုံး တိတ်ဆိတ် နေခဲ့သော ဖိုက်သွန်က ပြောလိုက်သည်။ “ကျွန်မ သူ့ကို နာလန်ထူနိုင်အောင်လို့ တိုင်းပြည်စွမ်းအား သုံးပေးမလို့။”

“ကျေးဇူးပါ။” ချန်လွေ့ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ အကယ်၍ ဖိုက်သွန်သာ မရှိခဲ့ပါက အသီနာနှင့် ကလေးတို့က အန္တရာယ် ရှိနိုင်ပေသည်။ ယခု မိခင်နှင့် ကလေး ဘေးကင်း လုံခြုံသွားပြီ ဖြစ်ရာ စိတ်ထဲမှ ကျေးဇူးတင်ခြင်းကို ရိုးရှင်းသော စကားလုံးများဖြင့် အနှစ်ချုပ်မရနိုင်ပေ။

ဖိုက်သွန် ဘာမှမပြောဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ သူက အသီနာထံသို့ လာရောက်ပြီး ထိုင်ချလိုက်သည်။ အလင်း လက်သွားသည်နှင့် အသီနာ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး သူ ခံစားခဲ့ရသော စိတ်ဒဏ်ရာများကလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကာ တဖြည်းဖြည်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ချန်လွေ့၊ ကတ်သရင်းနှင့် ဇိုလာတို့က အခန်းအပြင်ဘက်သို့ ထွက်သွားရာတွင် အစ်ဇဘယ်လာပတ်လည်တွင် လူအများ စက်ဝိုင်းပုံစံ ရှိနေသည်ကို တွေ့လိုက်၏။ သူတို့ အားလုံးက ဆူညံနေကြပြီး အိမ်နာမည် ‘သို့သို့’ ဖြစ်လောက်သော ကလေးငယ်အပေါ် အာရုံစိုက်နေသည်။

ကလေးငယ်က မျက်လုံးများ မဖွင့်ဘဲ ငိုကြွေးခြင်းလည်း မရှိပေ။ သူက ယခင် ငိုကြွေးပြီး အိပ်ပျော်သွားသည့် အလား မျက်လုံး မှိတ်ထားရုံသာ မှိတ်ထားခဲ့သည်။ သူက အထူးသဖြင့် တိတ်ဆိတ်နေပုံရ၏။

အဲလစ်၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ “ဝိုး အသီနာရဲ့ ကလေးက အရမ်းကို ချစ်စရာ ကောင်းတာပဲ။”

“အင်း...” ရှီရာနှင့် တစ်ဖနီတို့က တပြိုင်နက်တည်းနီးပါး ပြောလိုက်သည်။

“ဒါက ယောက်ျားလေးပဲ။ သော်သော်။ သမီး အခု မောင်လေးတစ်ယောက် ရပြီ။” ခီရာက သော်သော်ကို ကိုင်ထားပြီး သို့သို့ကို မနာလိုလျက် ကြည့်လိုက်၏။

ပထမဆုံး အကြိမ် အစ်မအဖြစ်သို့ ရာထူးတိုးခံလိုက်ရသော သော်သော်က စိတ်ဝင်စားစွာဖြင့် မေးလိုက်လေသည်။ “ဒေါ်လေး ခီရာ။ သမီး မောင်လေးကို ချီလို့ရမလား။”

“အခုထိတော့ မရသေးဘူး။ အချစ်လေး သော်သော်...” သူ၏ဘေးမှ ဒေလီယာက ရယ်လိုက်သည်။ “သူ ကြီးလာတဲ့အခါ သူ့ကို နေ့တိုင်း လျှောက်လည်ဖို့အတွက် ခေါ်သွားလို့ရတယ်...”

“ကလေး။ ငါ့ကို ခေါင်းကိုင် အဖေလို့ ခေါ်ရင် ဘယ်လိုလဲ။” ပါ့ဂ်လီအိုလည်း အနည်းငယ် မနာလို ဖြစ်နေလေသည်။ အဲဒီ ကောက်ကျစ်တဲ့ လူသားမှာ ကလေး နှစ်ယောက် တကယ်ပဲ ရှိနေပြီ။ ပြီးတော့ ငါ့မှာ ဘာကလေးမှ မရှိဘူး။ အရင်ဆုံး ခေါင်းကိုင်အဖေတစ်ယောက် ဖြစ်ရတာကို ပျော်နေသင့်တယ်။

ရိုမန်က မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုလျက် ပြောလိုက်သည်။ “ကျွတ်... ခင်ဗျားလို အရက်သမားက ခေါင်းကိုင် ဖခင် ဖြစ်ချင်နေတာလား။ ကလေးကို အတုယူ မှားအောင် မလုပ်ပါနဲ့။”

“ဒါက မုဆိုးမတွေနဲ့ လက်ထပ်ပြီးသား မိန်းမတွေကို စွဲလမ်းနေတဲ့ သူထက်တော့ ပိုကောင်းပါတယ်။” ပါ့ဂ်လီအိုက ဒေါသ ထွက်သွားပြီး မတော်တဆ သတင်းတစ်ခု ဖွင့်ချလိုက်သည်။ “တစ်နေ့က သူ ငါ့ကို လင်ဒါဆိုတဲ့ အဲဒီမုဆိုးမကို တွေ့ဖို့တောင် ခေါ်သွားသေးတယ်။”

ရိုမန်က ဒေလီယာ၏ ဓားကဲ့သို့ အကြည့်မှာ သူ့ကျောရိုးကို ထိုးဖောက်မလို ခံစားမိလိုက်သည်။ သူက အသင်းဖော်ကို သစ္စာဖောက်သော အဆိပ်နဂါးကို တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ချက်ချင်း ချေပလိုက်သည်။ ကလေး ကိုင်ထားသော အစ်ဇဘယ်လာက ထိုကောင်နှစ်ကောင်၏ တံတွေးများ သူတို့ကို ပက်ဖျန်းတော့မလို ခံစားမိပြီး ခပ်ကြမ်းကြမ်း ပြောလိုက်၏။ “ရှင်တို့ နှစ်ယောက် ရန်ဖြစ်ချင်ရင် ဘေးဖယ်။ ကလေးကို မနှောင့်ယှက်နဲ့။”

“အစ်မ။ ဘာလို့ ဒီကလေးက အရမ်း မလှတာလဲ။” အိုလီဖီးရက်စ် စူးစမ်းလျက် မေးလိုက်သည်။

“မွေးကင်းစ ကလေးတွေက ဒီလိုပဲ။ ခဏနေရင် ပိုပြီးတော့ လှလာလိမ့်မယ်။”

လာလာရီယာက နောင်တရစွာဖြင့် ကြည့်လိုက်သည်။ “သူက အတော်လေး ချစ်စရာကောင်းတယ်။ ဒါပေမဲ့ သူက မိန်းကလေး မဟုတ်လို့။ မဟုတ်ရင် ငါ ပထမဆုံး အနမ်းကို အသည်းအသန် ယူလိုက်မှာ။”

“သခင်လေး တကယ် ခန့်ညားတယ်...” အတွင်းသို့ မတိုးနိုင်ခဲ့သော ချွဲကျိကောင်က အပြင်ဘက်မှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“...”

ချန်လွေ့က ဝန်းရံထားခြင်းကို ဖောက်ထွက်ပြီး အစ်ဇဘယ်လာထံသို့ ရောက်လာကာ ကလေးကို ယူလိုက်၏။ သူက ထိုမျက်နှာငယ်လေးကို မြင်ရာတွင် သွေးမျိုးဆက် ချိတ်ဆက်မှု ခံစားချက် အလိုလို ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ သူ၏ကလေး၊ သူနှင့် အသီနာအကြား အချစ်ပုံဆောင်ခဲ ဖြစ်လေသည်။

“ဟုတ်ပြီ။ ကျွန်မကို မြန်မြန်ပေး။ ရှင့်ရဲ့ မနိုင်မနင်း လက်တွေကို ကြည့်ဦး။” ရင်းနီ မကျေမနပ် ဖြစ်နေလေသည်။ သူက သို့သို့လေး အမေအရင်း ဖြစ်သည့်အလား ကလေးကို ပြန်ချီရန် ပြေးဝင်သွားခဲ့သည်။

“ဖေဖေ။ သမီးလည်း ချီချင်တယ်။” သော်သော်က လက်ကို ဆန့်လိုက်သည်။

ချန်လွေ့ ရယ်လိုက်ပြီး သူ၏သမီး ပြောချင်သည်ကို တမင်တကာပင် လျစ်လျူရှုလိုက်သည်။ သူ သော်သော်အား သို့သို့ကို ပွေ့ချီခွင့် မပြုခဲ့ပေ။ ထိုအစား သူက လက်မောင်းကို ဖွင့်လိုက်ပြီးနောက် ကလေးမလေးကို ပွေ့ဖက်လိုက်သည်။ ကလေးမလေးက ဖေဖေ့မျက်နှာကို ဒေါသတကြီး ဆွဲပြီး ထပ်ခါတလဲလဲ ပွတ်သပ်လိုက်သည်။ ကတ်သရင်းက သူ့ကို စိုက်ကြည့်လိုက်ရာ သူက ချက်ချင်း မေမေ့လက်မောင်းများထဲသို့ ခိုးဝင်သွားပြီး ညုတုတု လုပ်လိုက်၏။

သူ၏ အရှေ့မှ ဇနီး၊ ကလေးများနှင့် မိတ်ဆွေများကို ကြည့်ရင်း ချန်လွေ့က အလွန် နွေးထွေးသွားကာ ကျေနပ်မှုကို ခံစားမိလိုက်ရသည်။ ထိုအရာများကြောင့် သူ၏ ဘဝတွင် နောင်တ မရှိတော့ပေ။

သို့သို့လေး မွေးဖွားခြင်းက ခြံဝင်း တစ်ခုလုံးသို့ ဂုဏ်ပြုပွဲနှင့် ဝမ်းမြောက်မှုကို ယူဆောင် လာပေးခဲ့သည်။ လူတိုင်း ရယ်မော နေကြစဉ်မှာပင် ကောင်းကင်က ရုတ်တရက် လင်းလက်သွားခဲ့သည်။

အမြင့်မှ လနှစ်စင်း၏ အလင်းရောင် ရုတ်တရက် ၁၀ဆ တိုးလာပြီး အံ့ဩဖွယ် ကောင်းသော အပူရှိန်ကို ထုတ်နေ၏။ ၎င်းမှာ အမှန်တကယ် လူသားလောက ‘နေ’ကဲ့သို့ ခံစားနေရသည်။

ထိုကဲ့သို့သော အလင်းရောင်မျိုး၏ ဖြာထွက်မှုအောက် မူလ အပြင်းထန်ဆုံး အမှောင်ဒြပ်စင် အငွေ့အသက်က များစွာ အားနည်းသွားခဲ့၏။

လနှစ်စင်းကြား နေရာလွတ်တွင် အထူး ပုံသဏ္ဌာန် ပုံပျက်ယွင်းမှုတစ်ခု ပေါ်လာပြီး ထိုပုံပျက်ယွင်းမှု ပမာဏက ပို၍ပို၍ ကြီးမားလာခဲ့၏။ ဘုန်းခနဲ အသံနှင့်အတူ ၎င်းက ကျယ်ပြန့်သွားခဲ့သည်။ အလင်း အစုအဝေးတစ်ခု လင်းလက်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက် သွားသော အလင်းတန်းတစ်ခု အဖြစ်သို့ ဆန့်ထွက်သွားခဲ့လေသည်။

ချက်ချင်း ဆိုသလို လောကကြီးက ထိုအလင်းတန်းအောက် တုန်ခါနေ၏။

ထိုသို့သော ဖြစ်ပွားမှု အရှိန်အဟုန်မှာ ယခင်တစ်ခေါက် ဒြပ်စင်လောကနှင့် လုံးဝနီးပါး နှိုင်းယှဉ်နိုင်သည်။ လူတိုင်း မှင်တက်သွားကြ၏။ ပျက်စီးခြင်း ဇစ်မြစ် သားတော် မွေးဖွားတာက ဒီလောက် ကြီးမားတဲ့မြင်ကွင်း ဖြစ်စေနိုင်တာလား။

ကတ်သရင်းက ထိုကဲ့သို့ ရင်းနှီးသော မြင်ကွင်းကို ကြည့်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူ၏ မျက်နှာအမူအရာက အပြင်းအထန်ပင် ပြောင်းလဲသွား၏။ ဒါ သို့သို့လေးကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒါက...

“ဒါက တကယ် အဲဒီအရာပဲ။” ဖိုက်သွန်က ခြံဝင်းထဲ၌ ပေါ်လာခဲ့သည်။ “ဒါက တကယ် ကြိုပြီး ပေါ်လာတာပဲ... ဒါက ဘာကို ဆိုလိုတာလဲ။”

“အဲဒါက တကယ်တမ်း ဘာကြီးလဲ။” ချန်လွေ့က နတ်ဆိုးဘုံ တစ်ခုလုံး၏ စွမ်းအားများ တုန်လှုပ်သွားနေသည်ကို အသေအချာ အာရုံခံမိပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“တံခါး...” ကတ်သရင်း၏ အကြည့်က တုန်လှုပ်မှုနှင့် သံသယတို့ ရောနှောနေ၏။ “ဒါ နှစ်၁၀၀ကျော်မှ ပေါ်လာသင့်တာ။ အခုက အချိန်ဇယားထက် ပိုပြီးတော့ စောနေတယ်။”

နှစ် ၁၀၀ကျော် ကြာမှ ပေါ်လာရမယ့် ‘တံခါး’လား။ ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် ကျယ်ပြန့်သွားခဲ့ပြီး ၎င်းမှာ မည်သည်ကို ဆိုလိုကြောင်း သူ သိနှင့်ပြီး ဖြစ်သည်။

နှစ်၅၀၀တိုင်း ပေါ်လာသော ‘လောက တံခါး’...

ယခင် တစ်ခေါက် ပေါ်လာခဲ့သည်မှာ နှစ်၃၀၀ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကတ်သရင်း ပြောခဲ့သည့်အတိုင်း သာမန် အခြေအနေ အောက်တွင် ပွင့်လာရန် နှစ်၁၀၀ကျော် ကြာမြင့်သင့်ပေသည်။ မမျှော်လင့်ဘဲ ၎င်းက ယခု ပွင့်လာ၏...

ထိုတံခါးက နတ်ဆိုးဘုံနှင့် လူသား လောကအကြား လမ်းကြောင်းကို ဖွင့်လှစ် ပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ၎င်းက တကယ့် စစ်ပွဲတစ်ခုကို ဆိုလို၏။

All Chapters