← Chapters

လှပျိုဖြူတို့အတွက် အန္တရာယ်၊ ကျော်စောသတင်း ပျံ့နှံ့ခြင်း။

Vol. 14 Ch. 185

လှပျိုဖြူတို့အတွက် အန္တရာယ်၊ ကျော်စောသတင်း ပျံ့နှံ့ခြင်း။

Vol. 14 Ch. 185

စားသောက်ပွဲ ပြီးဆုံးသွားသောအခါ ဂိုဏ်းသုံးခုမှ အခြေတည်အဆင့် အကြီးအကဲများ စုရုံးမိကြသည်။ အစောပိုင်းတွင် ရွှေအမြုတေ ဆရာသခင်များ ရှိနေသဖြင့် သူတို့ ပါးစပ်ဟဝံ့ခဲ့ကြသည် မဟုတ်ဘဲ၊ စားပွဲသိမ်းသွားမှသာ ပွင့်ပွင့်လင်းလင်း စကားဆိုရဲကြတော့သည်။

"သောက်ကျိုးနည်း... ဒီကျိုးစွေ့က တကယ့် လှပျိုဖြူတို့ရဲ့ အန္တရာယ်ပဲ.. ဒီကောင် လုပ်လိုက်တာ ရွှေအမြုတေ တိုက်ပွဲတစ်ခုတောင် ဖြစ်လုနီးပါးပဲ" တန်တိန်ဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲတစ်ဦးက ဒေါသမထိန်းနိုင်ဘဲ ခက်ထန်စွာ ကျိန်ဆဲလိုက်သည်။

အစောပိုင်းက ရွှေအမြုတေ ဆရာသခင်နှစ်ယောက် ထိပ်တိုက်တွေ့စဉ် သူခမျာ ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်ရီနေခဲ့ရသည်။ အကြောင်းမှာ သူသည် ရွှေအမြုတေ ဆရာသခင်များနှင့် အလွန် နီးကပ်နေခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ တိုက်ပွဲအမှန်တကယ် ဖြစ်ပွားခဲ့ပါက၊ ရွှေအမြုတေစွမ်းအားများ၏ နောက်ဆက်တွဲ ရိုက်ခတ်မှု သက်သက်ကပင် သူ့အား အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်သည်။ ထိုအခါ သူ၏သေဆုံးမှုသည် မတရားသော သေခြင်းတရား ဖြစ်ရပေမည်။

"ဟူး… ဟုတ်တယ်မလား.. သာမန်သေမျိုးတွေရဲ့ တိုင်းပြည်တွေမှာဆို ပြည်ဖျက်အောင် လှတဲ့မိန်းမတွေ ရှိတယ်တဲ့လေ… "

"ငါတို့ ကျင့်ကြံခြင်းလောကမှာလည်း ကပ်ဘေးဖြစ်စေတဲ့ယောက်ျား ရှိလာလိမ့်မယ်လို့ ဘယ်ထင်မလဲ.."

"ငါတို့ ဘာတတ်နိုင်မှာလဲ.. ပိုဆိုးတာက ငါတို့ခေတ်မှာ ရွှေအမြုတေ ဆရာသခင်အများစုက အမျိုးသမီးတွေ ဖြစ်နေတာကိုး.. ဟူး.."

"အင်မော်တယ်ရှားဂိုဏ်းနဲ့ တန်တိန်ဂိုဏ်းတို့သာ ယောက်ျားတစ်ယောက်ကြောင့် စစ်ဖြစ်ကြရင်.. ဒါ တကယ်ကို ရယ်စရာကြီး ဖြစ်သွားမှာပဲ.."

အခြေတည်အဆင့် အကြီးအကဲများစွာ စိတ်ပျက်လက်ပျက်ခံစားနေရကာ မရပ်မနား ဆွေးနွေးနေကြသည်။

ဂိုဏ်းကြီးသုံးခုတွေ့ဆုံပွဲတွင် ဤသို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားမိချေ။ စားသောက်ပွဲတစ်ခုလုံး ယောက်ျားတစ်ယောက်ကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

"ရိုးရိုးသားသားပြောရရင်.. ဒီကျိုးစွေ့ မှာ ဘာများ ထူးခြားနေလို့ ဒီမိန်းမတွေက သူ့အပေါ် ဒီလောက်တောင် ရူးသွပ်နေကြတာလဲ.. ဒါ တကယ်ကို အဓိပ္ပာယ်မရှိဘူး…" အခြေတည်အဆင့် အကြီးအကဲတစ်ဦးက လုံးဝနားမလည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

သူ့အမြင်အရ၊ ထိုကောင်လေး အမှန်တကယ် ချောမောခန့်ညားသည် မှန်ပေမည့် ရွှေအမြုတေ ဆရာသခင်များ သူ့အပေါ် ဤမျှအထိ စွဲလမ်းရလောက်အောင်တော့ မဟုတ်ပေ။

"ဟိုကောင်လေးက အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူလေး တစ်ယောက်ပဲ.."

"သာမန်အခြေအနေအရဆို.. သူ့တစ်သက် အခြေတည်အဆင့်ရောက်ဖို့ မျှော်လင့်ချက် မရှိဘူး…"

"ဘယ်သူက ထင်မှာလဲ.. ဒီကောင်လေးက ရုပ်လေးချောတာကလွဲလို့ ဘာမှမရှိဘဲနဲ့.. ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်က မိန်းမသုံးယောက်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တယ်… သူ့ကို လက်ထပ်ပြီး သူတို့ကိုယ်သူတို့ ဆက်သလိုက်ကြသတဲ့လေ.."

"နောက်တော့ သူကံဇာတာတက်ပုံများ ပြောကိုမပြောချင်ဘူး.. ဂိုဏ်းချုပ်ကို သွားကယ်တင်မိသတဲ့.. ရလာဒ်ကတော့ ပြောကိုမနေနဲ့.. ဂိုဏ်းချုပ်က သူ့ကို မြင်မြင်ချင်း စွဲလမ်းသွားပါလေရော…"

"ဒီလိုနဲ့ သူက အခြေတည်ဆေးလုံးတစ်လုံး ရခဲ့ပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တာပဲ.."

"ဒီကောင်လေးက မိန်းမတွေကြောင့်ပဲ ကြီးပွားလာတာလို့ မင်းတို့ ပြောလို့ရတယ်…"

အင်မော်တယ်ရှားဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲတစ်ဦးက ကျိုးစွေ့၏ နောက်ကြောင်းကို မျှဝေလိုက်ပြီး၊ အခြေခံအားဖြင့် မိန်းမများအား မှီခိုပြီး ကြီးပွားလာသည့်အကြောင်း ဖြစ်၏။

ထိုမိန်းမများ၏ အကူအညီသာ မရှိခဲ့ပါက၊ ထိုကောင်လေးသည် သူတစ်ပါးလက်ချက်ဖြင့် သေရမည်မှာ ကြာမြင့်လောက်ပြီ ဖြစ်သည်။

အခြေတည်အဆင့်ကို တက်လှမ်းပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် အခွင့်အရေးပင် ရှိခဲ့မည် မဟုတ်ချေ။

"မဖြစ်နိုင်တာ.. သူဘယ်လိုများ လုပ်ခဲ့တာလဲ.."

"ဒီလောက် အသက်ရှူမှားလောက်အောင် လှတဲ့မိန်းမတွေအားလုံးက သူ့ကို တကယ်မျက်စိကျကြတယ်ပေါ့…အကြောင်းရင်းက ရုပ်ချောတာလေးတစ်ခုကြောင့်တဲ့လား.."

အများစုသည် လုံးဝနားမလည်နိုင် ဖြစ်နေကြပြီး မနာလိုမှု၊ ငြူစူမှု၊ ဒေါသထွက်မှုတို့ကို ထိန်းမနိုင်သိမ်းမရ ခံစားနေရသည်။

ရုပ်ကလေးချောရုံမျှဖြင့် သူသည် ဤကဲ့သို့သော ကောင်းမွန်သည့်ဆက်ဆံရေးများအား စံစားနေနိုင်သည်လော။

သူတို့သည် သာမာန်ရုပ်ရည်သာ ဖြစ်သော်လည်း၊ အရည်အချင်းကောင်းများ ရှိပြီး နားလည်နိုင်စွမ်း မြင့်မားသူများဖြစ်ကြချေသည်။ အဘယ်ကြောင့် ဂိုဏ်းချုပ်၏မျက်နှာသာပေးမှုအား မရရှိနိုင်ခဲ့သနည်း။

ဤလောကကြီးတွင် တရားမျှတမှုဟူ၍ မရှိတော့ပြီလော။

"ဒါတစ်ခုတည်းနဲ့တင် မလုံလောက်လို့လားဟ.."

"ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လေ.. ခင်ဗျားတို့သာ ပြိုင်ဘက်ကင်းအလှတရားနဲ့ တွေ့ရင်.. ခင်ဗျားတို့လည်း ဖျတ်ဖျတ်ကိုလူးနေမှာ မဟုတ်ဘူးလား…"

"‘ပီအိုနီပန်းအောက်မှာ သေရရင်၊ တစ္ဆေဖြစ်ရတာတောင် တန်ပါတယ်’ ဆိုတဲ့ စကား ရှိတယ်လေ… ဒါ ယောက်ျားတွေရဲ့ သဘာဝပဲ…"

[ ဒီစကားပုံက မိန်းမလှအတွက် သေရတာ ထိုက်တန်တယ်လို့ ဆိုလိုတာမျိုးပါ။ ]

"ယောက်ျားတွေတောင် ဒီလိုဆိုမှတော့.. မိန်းမတွေလည်း အတူတူဖြစ်တာ မဆန်းပါဘူး.."

အချို့သော အခြေတည်အဆင့် အကြီးအကဲများကမူ ဤအရာအားလုံးက သဘာဝကျသည်ဟု ယူဆကြသည်။

ယောက်ျားများသည် ရင်သပ်ရှုမောဖွယ် အမျိုးသမီးတစ်ဦးအတွက် အရူးအမူး ပြိုင်ဆိုင်ကြမည်ဖြစ်ပြီး၊ နိုင်ငံနှစ်ခုကြား စစ်ပွဲကိုပင် ဖြစ်ပွားစေကာ၊ မရေမတွက်နိုင်သော သေဆုံးမှုများနှင့် ကပ်ဘေးများကို ဖြစ်စေနိုင်မည့် စစ်ကိုပင်ချီကြမည် မဟုတ်ပါလော။

အခုအခါ ဂိုဏ်းကြီးသုံးခုလုံးအား ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူများက အုပ်ချုပ်နေပြီး၊ ချောမောသော ယောက်ျားတစ်ယောက်ကို အကြောင်းပြု၍ စစ်ဖြစ်ခြင်းသည် အထူးတလည် မဟုတ်ချေ။

"ဒီကောင်လေးက ရုပ်ချောလို့တင် မိန်းမတွေကြား ရေပန်းစားနေတာ မဟုတ်ဘူး…"

"ကြားရတာတော့ ရုပ်ချောတာအပြင်.. သူက မိန်းမတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ သိုင်းကျမ်းတွေမှာလည်း ပါရမီပါတယ်တဲ့.."

[ အဟမ်း.. အမှောင်လောကက သိုင်းကျမ်းတွေနော် ချိဖတို့.. ]

"ဒါ ငါလည်း ကြားဖူးတယ်.. ကောလာဟလတွေအရ သူ့မှာ 'ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်'ဆိုတဲ့ နာမည်ပြောင်တစ်ခု ရှိတယ်တဲ့.. သူ့သတင်းက နေရာအနှံ့ ပျံ့နေတာ.."

"ချီးကို.. ဒီအရှက်မရှိတဲ့ 'ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်'ပါ့လား ... ဒါ ငါတို့ယောက်ျားတွေ မျက်နှာကို အိုးမည်းသုတ်နေတာ… မိန်းမတွေ မျက်နှာသာပေးအောင်လို့ အရှက်ရစရာ ကိစ္စမျိုးစုံ လုပ်နေတာ.."

"ဒီလူကို မျက်စိဒေါက်ထောက် ကြည့်ထားကြ.. ဒီကောင်စုတ် ငါတို့ တန်တိန်ဂိုဏ်း ဂိုဏ်းချုပ်ကို လာပြီး သွေးဆောင်ခွင့် မပေးကြနဲ့…"

"ဟားဟား.. မင်းတို့ တန်တိန်ဂိုဏ်း ဂိုဏ်းချုပ်က တော်တော်လေး ကာမဂုဏ်လိုက်စားပြီး လူငယ်လေးတွေကို သဘောကျတတ်မှန်း ဘယ်သူကမသိလို့လဲ.. ဒါပေမဲ့ ငါတို့ ချင်မုဂိုဏ်းသခင်ကတော့ မတူဘူး.. သူမက သူ့လမ်းကြောင်းကိုပဲ တစ်စိုက်မတ်မတ် လိုက်နေတာ... ဒီလို အပေါ်ယံရုပ်ရည်ပဲရှိတဲ့ ယောက်ျားတွေကို ဘယ်တော့မှ စိတ်ဝင်စားမှာ မဟုတ်ဘူး…"

"မှန်လိုက်လေကွာ.. ငါတို့ ချင်မုဂိုဏ်းသခင်က သူ့ရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့ ကျော်ကြားတာ... ဟိုးအရင်တုန်းက ယောက်ျားတွေအများကြီး သူ့ကို လိုက်ခဲ့ကြပေမယ့်.. သူမက အားလုံးကို လျစ်လျူရှုပြီး သူ့လမ်းသူ တစ်စိုက်မတ်မတ် အာရုံစိုက်ခဲ့တာ… ချောမောတဲ့ ယောက်ျားတစ်ယောက် တွေ့လိုက်တာနဲ့ အလွယ်တကူ စိတ်ယိုင်သွားတတ်တဲ့ ဒီခေတ်က လူငယ်အမျိုးသမီး ကျင့်ကြံသူတွေနဲ့ ဘာမှမဆိုင်ဘူး.."

"မိန်းမပျိုလေးတွေကတော့ ဘယ်ပြောလို့ရမလဲကွာ.. အချစ်ရဲ့ဒုက္ခကို ဘယ်နားလည်ပါ့မလဲ.."

ဂိုဏ်းသုံးခုမှ အခြေတည်အဆင့် ကျင့်ကြံသူများ အကြီးအကျယ် ငြင်းခုံကြတော့သည်။

သို့သော် သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ကြသည်မှာ ထိုအကောင်စုတ်ကျိုးစွေ့အား သူတို့၏ဂိုဏ်းချုပ်များနှင့် မတွေ့ဆုံစေရန် တားဆီးရမည် ဟူ၍ပင်။

အကယ်၍ သူတို့သာ တွေ့ဆုံမိကြလျှင် တိုက်တန်များ ထိပ်တိုက်တွေ့သကဲ့သို့ ပြီးပြည့်စုံသော ဘေးဒုက္ခတစ်ခု ဖြစ်လာမည်မှာသေချာပေသည်။

ရွှေအမြုတေ ဆရာသခင်နှစ်ယောက် စစ်ဖြစ်ကြလျှင်၊ အကျိုးဆက်များက သူတို့အတွက် ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ ရွှေအမြုတေ ဆရာသခင်များ သေဆုံးကြမည် မဟုတ်ဘဲ၊ သူတို့သည်သာ သေပွဲဝင်ရမည် မဟုတ်ပါလော။

ဤသည်မှာ နောင်လာမည့် နှစ်ပေါင်းရာချီသော ဂိုဏ်းအမွေဆက်ခံမှုများနှင့် သက်ဆိုင်သည်ဖြစ်ရာ၊ အနည်းငယ်မျှ ဖြစ်ခွင့်မပေးနိုင်ချေ။

မည်သို့ပင်ဖြစ်စေ၊ ကျိုးစွေ့၏ နာမည်ဆိုးသည် ဂိုဏ်းကြီးသုံးခုကြားတွင် ပျံ့နှံ့သွားခဲ့ပြီး၊ ကျင့်ကြံသူများစွာ သိရှိသွားကြတော့သည်။

…

ဤအချိန်တွင်၊ အင်မော်တယ်ရှားတောင်ထွတ် နန်းတော်အတွင်း၌။

စားသောက်ပွဲပြီးနောက်၊ ကျိုးစွေ့နှင့် လန်ယွဲ့ရှီတို့ သူတို့၏ အိပ်ခန်းဆီသို့ ပြန်လာခဲ့ကြသည်။

"ယောက်ျား... ရှင့်ရဲ့ ဆွဲဆောင်မှုက ဒီလောက်တောင် ကြီးမားလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး.. ဆရာသခင် ရှန်ကတောင် လူတွေ အများကြီးရှေ့မှာ ရှင့်ကို ခေါ်သွားချင်နေခဲ့တာ.."

"ကျွန်မတို့ ခုနက တိုက်ပွဲတစ်ခုတောင် ဖြစ်လုနီးပါးပဲ.."

လန်ယွဲ့ရှီက သက်ပြင်းချရင်း ပြောလိုက်သည်။

သူမခင်ပွန်း၏ ဆွဲဆောင်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ချေ။ ရှန်ပိချန်လို ရွှေအမြုတေ ဆရာသခင်တစ်ယောက်ပင် ပထမဆုံး တွေ့ဆုံမှုဖြင့် စွဲလမ်းသွားရချေသည်။

"အဟွတ်.. ဒါက ယောက်ျားကို ခေါ်သွားချင်တာချည်းပဲတော့ မဖြစ်နိုင်ပါဘူး.. တခြား ရည်ရွယ်ချက်တစ်ခု ရှိနိုင်သေးတယ်.."

"ဒီလို ရွှေအမြုတေ ဆရာသခင်တွေက စိတ်ကူးမယဉ်နိုင်လောက်အောင် ကောက်ကျစ် စဉ်းလဲကြတယ်လေ.."

ကျိုးစွေ့ က သူ၏ကြီးမားလှသော ဆွဲဆောင်မှုကို ဝန်မခံချင်ဘဲ ချောင်း အနည်းငယ်ဟန့်လိုက်သည်။

"ဒါလည်း ဖြစ်နိုင်တာပဲ.."

"ဒါပေမဲ့ ဆရာသခင် ရှန်က ဘာလုပ်လုပ် အမြဲတမ်း ပွင့်ပွင့်လင်းလင်းပဲ လုပ်လေ့ရှိတယ်.. ပရိယာယ်တွေ.. လှည့်ကွက်တွေ သုံးလေ့သိပ်မရှိဘူး.."

"ဒါပေမဲ့လေ.. ယောက်ျားသာ ဆရာသခင် ရှန်ကို တကယ်လက်ထပ်နိုင်ခဲ့ရင် ဒါ မကောင်းတဲ့ကိစ္စတော့လည်း မဟုတ်ဘူးနော်…"

"အဲ့ဒီအခါကျရင် အင်မော်တယ်ရှားဂိုဏ်းမှာ နောက်ထပ် ရွှေအမြုတေ ဆရာသခင်တစ်ယောက် ချက်ချင်း ရလာမယ်.. အဲ့ဒီအခါကျ ငါတို့ တကယ် ချမ်းသာသွားမှာ.."

"အဲ့ဒီအချိန်ကစပြီး.. အင်မော်တယ်ရှားဂိုဏ်းနဲ့ တန်တိန်ဂိုဏ်းက မိသားစု အစစ်အမှန်တစ်ခု ဖြစ်သွားမှာပဲ.."

"ဟုတ်တယ်.. ပြီးတော့ ချင်မုဂိုဏ်း ဂိုဏ်းချုပ်လင်းယာကျူကိုပါ လက်ထပ်လိုက်ရင်ရော…"

"ဒါဆိုရင် ဂိုဏ်းသုံးခု ပေါင်းစည်းသွားပြီး တစ်သားတည်းဖြစ်သွားမှာပဲ.."

"အဲ့ဒီအခါကျရင် ယောက်ျားက လက်တစ်ချောင်းတောင်လှုပ်စရာမလိုဘဲနဲ့.. ဂိုဏ်းကြီးသုံးခုကို ပေါင်းစည်းလိုက်နိုင်မှာပဲ…"

လန်ယွဲ့ရှီ၏ မျက်လုံးများက ဖြစ်နိုင်ခြေကို တွေးမိရင်း စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာသည်။

"ဒါ.."

ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိသည်။ လန်ယွဲ့ရှီက နောက်နေခြင်း မဟုတ်ဘဲ၊ ဤအကြံအစည်ကို အလေးအနက်ထား စဉ်းစားနေမှန်း သူ သဘောပေါက်လိုက်သည်။

သူမအတွက် ညီအစ်မအနည်းငယ် ထပ်တိုးလာခြင်းသည် တကယ့်ပြဿနာတစ်ရပ် မဟုတ်ပေ။

အကယ်၍ အခြားတစ်ဖက်က ရွှေအမြုတေ ဆရာသခင်များ ဖြစ်နေပါက၊ အကျိုးကျေးဇူးများက ပို၍ပင် ကြီးမားပေလိမ့်မည်။ ၎င်းသည် ရွှေအမြုတေ ဆရာသခင်အများအပြား၏ မဟာမိတ်ဖွဲ့ခြင်းတစ်ခုနှင့် ညီမျှပေလိမ့်မည်။

ဤသည်မှာ အင်မော်တယ်ရှားဂိုဏ်း၏ အနာဂတ်အတွက် ကြီးမားလှသော အကျိုးကျေးဇူး ဖြစ်သည်။

"ဒါနဲ့.. ရှန်ပိချန်နဲ့ လင်းယာကျူက သိပ်အဆင်မပြေကြဘူး ထင်တယ်.. ဘာကြောင့်လဲ.."

ကျိုးစွေ့ က ဤအကြောင်းအရာကို ဆက်လက်မပြောလိုတော့သဖြင့်၊ အခြား အကြောင်းအရာတစ်ခုသို့ လျင်မြန်စွာ ခေါင်းစဉ်ပြောင်းလိုက်တော့သည်။

All Chapters