အောက်တန်းကျသော လန်ယွဲ့ရှီ၊ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူသို့ သွားရန် ငြင်းဆန်ခြင်း။
Vol. 14 Ch. 186
"ဒါတွေအားလုံးက သူတို့ ငယ်ငယ်တုန်းက ဖြစ်ခဲ့တာပါ.."
"အဲ့ဒီတုန်းက တန်တိန်ဂိုဏ်းမှာ အစ်မရှန်ကို ဘယ်သူမှ ရန်မစရဲဘူး.. သူက သူလုပ်ချင်တာမှန်သမျှ လုပ်နေခဲ့တာ…"
"ဒါပေမဲ့ သူ တောင်ပေါ်က ထွက်သွားပြီးနောက်မှာ လင်းယာကျူနဲ့ တွေ့ပါလေရော.."
"ကံဆိုးတာကတော့.. လင်းယာကျူက အစ်မရှန်ထက် ဆယ်စုနှစ်များစွာ ပိုကြီးပြီး အဲ့ဒီအချိန်ကတည်းက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလေ.."
"အစ်မရှန်က သူ့ကို ဘယ်လိုယှဉ်နိုင်မှာလဲ… အဆုံးမှာတော့ သူ အသေအလဲအရိုက်ခံခဲ့ရပြီး ပက်ပက်စက်စက် အရှက်ခွဲခံခဲ့ရတယ်.."
"အဲ့ဒီအချိန်ကစပြီး သူတို့နှစ်ယောက် မတည့်ကြတော့တာပဲ.."
"ဂိုဏ်းကို ပြန်ရောက်ပြီးနောက်မှာ အစ်မရှန်က ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တယ်.. ချီသန့်စင်ခြင်းအဆင့်ကနေ အခြေတည်အဆင့်.. ပြီးတော့ ရွှေအမြုတေအဆင့်အထိ တက်လှမ်းခဲ့တယ်…"
"နှမြောစရာကောင်းတာက.. လင်းယာကျူက အမြဲတမ်း ခြေတစ်လှမ်း သာနေခဲ့တယ်.. အမြဲတမ်း အစ်မရှန်ထက် သာလွန်နေခဲ့တာပဲ.."
"ခုချိန်ထိ အစ်မရှန်က သူ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ ပြန်ဆယ်လို့ မရခဲ့ဘူး.. သူ အမြဲတမ်း အရှုံးနဲ့ပဲ အဆုံးသတ်ရတယ်.."
"ဒါကြောင့် သူတို့နှစ်ယောက်ကြားက ပဋိပက္ခက ပိုပြီးနက်ရှိုင်းလာခဲ့တာပေါ့…"
"သူတို့က တစ်ယောက်ကိုတစ်ယောက် သတ်ပစ်ဖို့အထိတော့ မဟုတ်ပေမယ့်… တွေ့ကြတိုင်းတော့ ထိပ်တိုက်တိုးကြတော့တာပဲ…"
လန်ယွဲ့ရှီက သူတို့နှစ်ဦးရဲ့ ငယ်ဘဝ အာဃာတဇာတ်လမ်းကို ရှင်းပြလိုက်သည်။
တကယ်တော့ ကိစ္စက တော်တော်လေး ရိုးရှင်းသည်။
ငယ်စဉ်က ရှန်ပိချန်သည် လင်းယာကျူ၏ ဆုံးမနှိမ်နှင်းခြင်းကို အပြင်းအထန် ခံလိုက်ရပြီး၊ သူတို့နှစ်ဦးကြားတွင် နာကျည်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ အမြဲတမ်း မိမိကသာ တရားလက်လွှတ် ထင်ရားစိုင်းတတ်သူ ရှန်ပိချန်အနေဖြင့် လင်းယာကျူ၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်ထားခဲ့မည် မဟုတ်ပေ။
ထိုအနိုင်ကျင့်မှုကလည်း တစ်ဘဝစာ ဖြစ်သွားခဲ့သည်။
လင်းယာကျူ မသေသေးသရွေ့၊ ရှန်ပိချန်အတကွက် သူ၏နာကျည်းမှုအား ဘယ်တော့မှ ချေဖျက်နိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ ရှန်ပိချန်တွင် မြင့်မားသောပါရမီ ရှိသော်လည်း၊ လင်းယာကျူသည်လည်း မညံ့ပေ။ အမှန်တကယ်တွင်၊ အသက်ပိုကြီးသည့်အလျောက် သူမသည် ရှန်ပိချန်အပေါ် အမြဲတမ်း အသာစီး ရနေခဲ့သည်။
"ဒီလိုကိုး.."
ကျိုးစွေ့ က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ယောက်ျား... စကားတွေ ပြောနေတုန်းပဲလား.. အနားယူသင့်ပြီလေ"
ဤအချိန်တွင် ကျိပင်းယွီ၏ ညို့ဓာတ်ပါသော အသံက ထွက်ပေါ်လာပြီး၊ အတော်လေး စိတ်မရှည်တော့ဟန်တူသည်။
မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း သူ့ကို ချစ်ခင်မြတ်နိုးသော အကြည့်များဖြင့် ကြည့်နေကြသည်။
"မင်းတို့ကတော့ တကယ့်စုန်းမလေးတွေပဲ.."
ကျိုးစွေ့က ဇနီးမယားများကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။
မကြာမီပင်၊ အိပ်ခန်းဆောင်ထဲတွင် အဆုံးမရှိသော နွေဦးရာသီအငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
…
နောက်တစ်နေ့ နံနက်ခင်း။
ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းမှ ကျင့်ကြံသူများသည် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူဆီသို့ တိုက်ရိုက် ထွက်ခွာသွားကြသည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့၏ပန်းတိုင်မှာ ထိုဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူဖြစ်သည်။
အခြား ရွှေအမြုတေ အင်အားစုများ လှုပ်ရှားနေကြပြီ ဖြစ်ရာ၊ သူတို့ အိမ်တွင် ငြိမ်ငြိမ်ထိုင်နေ၍ မဖြစ်တော့ချေ။
သို့မဟုတ်ပါက၊ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူထဲမှ ရတနာများအားလုံး အခြားသူများ လက်ထဲသို့ ရောက်သွားလျှင်၊ သူတို့အတွက် ဘာမှ ကျန်တော့မည် မဟုတ်ပေ။
အင်မော်တယ်ရှားဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲများစွာသည် လန်ယွဲ့ရှီအနေဖြင့် ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူထံသို့ ဦးဆောင်လမ်းပြပေးရန် မျှော်လင့်ချက်ဖြင့် တံခါးဝသို့ ရောက်ရှိလာကြသည်။
"ဂိုဏ်းချုပ်..."
သန့်စင်ခြင်းခန်းမမှ ဆရာသခင် လော့တင်ထျန်က ဖျောင်းဖျပြောဆိုလိုက်သည်။ "ဒါက နှစ်တစ်ထောင်မှာ တစ်ခါကြုံရတဲ့ အခွင့်အရေးပါ.. သွေးအရိပ်ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ ရတနာတွေကို လုယက်ခဲ့မှန်း လူတိုင်း သိကြပါတယ်"
"ကျုပ်တို့သာ လိုဏ်ဂူရဲ့ တားမြစ်အစီအရင်ကို ချိုးဖျက်နိုင်ခဲ့ရင်.. ကြီးမားတဲ့ အကျိုးအမြတ်တွေ သေချာပေါက် ရရှိမှာပါ.. ဖြစ်နိုင်တာက အထဲမှာ အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေ ရှိနေနိုင်တယ်.. အဲ့ဒီအခါကျရင် ကျွန်တော်တို့ အင်မော်တယ်ရှားဂိုဏ်းမှာ ရွှေအမြုတေ ဆရာသခင် အနည်းငယ် ထပ်တိုးလာနိုင်ပါတယ်…"
"ဒါ့အပြင်.. ကျွန်တော်တို့က ချင်မုဂိုဏ်း.. တန်တိန်ဂိုဏ်းတို့နဲ့ မဟာမိတ်တွေပါ.. ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းလိုက်ရင် ကျွန်တော်တို့ အနီးနားက လူတိုင်းကို ခြိမ်းခြောက်နိုင်ပြီး ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်မှာပါ…"
"ပါးစပ်ပိတ်ထား… ငါ ဆုံးဖြတ်ပြီးသွားပြီ"
"သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူက အခြေအနေ မရှင်းလင်းဘူး.. ဒါက ထောင်ချောက်တစ်ခုလား ဒါမှမဟုတ် တကယ့်ရတနာတွေ ရှိနေတာလား ဘယ်သူမှမသိဘူး…"
"ဒါကြောင့်.. ငါ လုံးဝ စွန့်စားမှာမဟုတ်ဘူး.."
"ဒါပေမဲ့.. ရှင်တို့ ကြိုးစားချင်တာကိုလည်း ငါ မတားဘူး…"
"ရှင်တို့ထဲက ဘယ်သူမဆို ယုံကြည်မှုရှိတယ်လို့ ခံစားရရင်… ရတနာတွေအတွက် ယှဉ်ပြိုင်ဖို့ သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူကို သွားနိုင်တယ်…"
"ဒါပေမဲ့ အကျိုးဆက်တွေကိုတော့ ကိုယ့်ဘာသာကိုယ် တာဝန်ယူရလိမ့်မယ်…"
လန်ယွဲ့ရှီက အနည်းငယ်မျှပင် စိတ်လှုပ်ရှားမှု မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါ…"
ဤသို့ ကြားလိုက်ရသောအခါ၊ အခြေတည်အဆင့် အကြီးအကဲများစွာ၏ မျက်နှာများ မည်းမှောင်သါားသည်။ သူတို့ ထပ်မံပြောဆိုလိုသော်လည်း လန်ယွဲ့ရှီထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကြောင့် ချက်ချင်း တုန်လှုပ်သွားကြတော့သည်။
သူတို့အားလုံး ပါးစပ်ပိတ်လိုက်ကြပြီး အင်မော်တယ်ရှားတောင်ထွတ်မှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
သူတို့သည် ဂိုဏ်းချုပ်၏အမိန့်ကို မလွန်ဆန်နိုင်ကြပေ။
"သေစမ်းကွာ… ဘာလို့ ဂိုဏ်းချုပ်က ဒီရှာဖွေရေးမှာ မပါဝင်ချင်ရတာလဲ… ဒါက ငါတို့ အင်မော်တယ်ရှားဂိုဏ်းအတွက် ရွှေရောင်အခွင့်အရေးဆိုတာ ရှင်းနေတာတောင်မှ သူက ဒါကို လက်လွှတ်ခံနေတယ်…” သန့်စင်ခြင်းခန်းမမှ ဆရာသခင် လော့တင်ထျန်က မကျေမနပ်ဖြင့် အံ့ကြိတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အခြေတည်အဆင့် နှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏အသက်မှာလည်း ကြီးရင့်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ ရွှေအမြုတေ စိတ်ဝိညာဉ်ပစ္စည်းတစ်ခု မရရှိခဲ့ပါက၊ ဤတစ်သက် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။
ထို့ကြောင့် သူသည် ဂိုဏ်းချုပ်က အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်စေလိုပြီး၊ ထိုအခါမှသာ ရတနာရရှိရန် အခွင့်အရေးကို သူဆုပ်ကိုင်နိုင်မည် ဖြစ်သည်။
သို့သော် ရွှေအမြုတေကျင့်ကြံသူတစ်ဦး၏ အကာအကွယ်မပါခဲ့ပါက၊ သူသည် အလွန်အမင်း အန္တရာယ်များသော အခြေအနေတွင် ရင်ဆိုင်ရပေမည်။
ရွှေအမြုတေ ဆရာသခင် မည်သူမဆို သူ့အား တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သည်။
အကယ်၍ လိုဏ်ဂူထဲမှ ရတနာကို အမှန်တကယ်ရရှိခဲ့လျှင်ပင်၊ ၎င်းကို သုံးစွဲခံစားနိုင်သည်အထိ အသက်ရှင်နေမည်ဟု အာမခံချက်မရှိပေ။
"အဟတ်.. ဒါက မေးစရာ လိုသေးလို့လား.."
"ရှင်းနေတာပဲ.. ဂိုဏ်းချုပ်က အင်မော်တယ်ရှားဂိုဏ်းမှာ သူ့အာဏာနဲ့ အကျိုးအမြတ်ကို ယှဉ်ပြိုင်လာမယ့် နောက်ထပ် ရွှေအမြုတေ ဆရာသခင်တစ်ယောက် ပေါ်လာမှာကို မလိုလားလို့ပေါ့.."
"လက်ရှိမှာ အကြီးအကဲ လန်ချန်က တံခါးပိတ် သီးသန့် ကျင့်ကြံနေပြီး.. ဘိုးဘေးအကြီးအကဲကလည်း မရှိတော့ဘူး… အင်မော်တယ်ရှားဂိုဏ်းမှာ ဂိုဏ်းချုပ် တစ်ယောက်ပဲ ရှိတော့တယ်… သူက တစ်ဦးတည်း လက်ဝါးကြီးအုပ်နေချင်တာလေ.."
"တကယ်လို့ ဂိုဏ်းက နောက်ထပ် ရွှေအမြုတေကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့ရင်.. သူ ဒီလို ဘယ်အာဏာပြလို့ရတော့မလဲကွာ…"
အစီအရင် တောင်ထွတ်မှ ဆရာသခင် ယောင်ဝမ်က ခနဲ့တဲ့တဲ့ ဆိုလိုက်သည်။
ထင်ရှားသည်မှာ၊ အင်မော်တယ်ရှားဂိုဏ်းအား တစ်ကိုယ်တည်း လက်ဝါးကြီးအုပ်ထားလိုကာ ဒုတိယမြောက် ရွှေအမြုတေတစ်ဦး ထွက်ပေါ်မလာစေရန် ဟန့်တားလိုသည့် သူမ၏ဆန္ဒကို ပြသခဲ့သော လန်ယွဲ့ရှီ၏ဆုံးဖြတ်ချက်ကို သူသည်လည်း အလွန်မကျေမနပ် ဖြစ်နေသည်။
"ပါးစပ်ပိတ်ထားစမ်း.. ယောင်ဝမ်.. မင်းက ဘယ်လို ယုတ်မာတဲ့စိတ်ဓာတ်တွေ ရှိလို့ ဂိုဏ်းချုပ်ကိုတောင် အသရေဖျက်ရဲရတာလဲ…"
"ဂိုဏ်းချုပ်က ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို မသွားဖို့ ရွေးချယ်တာက သူ့အကြောင်းနဲ့သူ ရှိမှာပေါ့"
"လက်ရှိမှာ ဂိုဏ်းချုပ်က အင်မော်တယ်ရှားဂိုဏ်းကို မပြိုလဲအောင် ထိန်းထားရတာ.. ငါတို့ ဂိုဏ်းရဲ့ အဓိကထောက်တိုင်ပဲ.."
"သဘာဝအတိုင်း.. သူ့ကိုဆုံးရှုံးလို့ မဖြစ်ဘူး.."
"သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်.. တကယ်လို့ ဂိုဏ်းချုပ်သာ ကျဆုံးသွားရင်.. အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံး ပြီးသွားပြီ…"
"ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကနေ အကျိုးအမြတ်တွေ အများကြီး ရနိုင်ရင်တောင်.. အင်မော်တယ်ရှားဂိုဏ်းရဲ့ ဘေးကင်းလုံခြုံမှုနဲ့ နှိုင်းယှဉ်လို့တော့ မရဘူးကွ.."
"ခင်ဗျားတို့ အမြုတေဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေ လိုချင်တဲ့စိတ်ကို ငါ နားလည်တယ်.. ဒါပေမဲ့ ခင်ဗျားတို့ အင်မော်တယ်ရှားဂိုဏ်းကိုပါ ဆွဲမချသင့်ဘူး.."
ဆေးလုံးတောင်ထွတ်၏ တောင်ထွတ်သခင် မာချန်ကျွင်းက လွန်စွာ မကျေမနပ်ဖြစ်ကာ ဒေါသတကြီး ဟောက်လိုက်သည်။
သူသည် လန်ယွဲ့ရှီ၏ ဆုံးဖြတ်ချက်တွင် မည်သည့်မှားယွင်းမှုမှ မရှိဟု ထင်မြင်သည်။
အမှန်တကယ်တွင် ဤသည်မှာ ဂိုဏ်းချုပ်တစ်ဦး ချမှတ်သင့်သော ဆုံးဖြတ်ချက် ဖြစ်၏။ အကယ်၍ အင်မော်တယ်ရှားဂိုဏ်းတွင် ရွှေအမြုတေနှစ်ဦး၊ သုံးဦး ရှိနေပါက ပါဝင်လှုပ်ရှားခြင်းက သဘာဝကျပေမည်။
ပြဿနာမှာ၊ ယခုအခါ အင်မော်တယ်ရှားဂိုဏ်းတွင် ရွှေအမြုတေ တစ်ဦးတည်းသာ ရှိပြီး၊ အရာရာသည် လန်ယွဲ့ရှီအပေါ်တွင်သာ မှီခိုနေရသည်ဖြစ်ရာ သဘာဝအတိုင်း သူမ စွန့်စား၍ မဖြစ်ပေ။
သို့မဟုတ်ပါက၊ အင်မော်တယ်ရှားဂိုဏ်းသည် ကြီးမားသော အကျပ်အတည်းထဲသို့ သေချာပေါက် ကျရောက်သွားပေလိမ့်မည်။
ဤသည်မှာ အင်မော်တယ်ရှားဂိုဏ်းရှိ မည်သည့် တပည့်လက်သားအတွက်မျှ အကျိုးရှိမည် မဟုတ်ပေ။
"ဟဟ.. မာချန်ကျွင်း.. အခုမှ လူကောင်းယောင်ဆောင်မနေနဲ့…"
"မင်းရဲ့ တက်လမ်းက လုံးဝ ပျက်စီးသွားပြီ.. မင်း အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ပစ္စည်းတွေ ရရင်တောင် အမြုတေဖွဲ့နိုင်မှာ မဟုတ်ဘူးဆိုတော့ သဘာဝအတိုင်း မင်း မစွန့်စားရဲတာက မဆန်းပါဘူး..”
"အေး.. ဒါပေမဲ့ ငါတို့က မတူဘူးကွ.. ငါတို့မှာ ရွှေအမြုတေ ဆရာသခင် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိသေးတယ်.. ဒါကြောင့်ပဲ ငါတို့က သတ္တိရှိရှိ စွန့်စားချင်တာ.."
အစီအရင်တောင်ထွတ်မှ ဆရာသခင် ယောင်ဝမ်က မာချန်ကျွင်းကို မထီမဲ့မြင် ကြည့်ကာ လှောင်ရယ်လိုက်သည်။
"အဲ့တော့ရော ဘာဖြစ်လဲ… ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က ဆုံးဖြတ်ပြီးသွားပြီ..ဟဟ.. ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို သွားမှာ မဟုတ်ဘူး.."
"မင်းတို့ သေမှာ မကြောက်ရင် သွားပြီး စွန့်စားကြပေါ့ကွာ.. ဟားဟား.."
"ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က မင်းတို့ကို မတားဘူးမလား.."
"ဘဝနဲ့ သေခြင်းတရားက ကံတရားရဲ့ လက်ထဲမှာပဲ.. ချမ်းသာကြွယ်ဝမှုက ကောင်းကင်ဘုံရဲ့ အလိုအတိုင်းပဲ.. မင်းတို့အောင်မြင်မလားဆိုတာ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်..”
မာချန်ကျွင်းသည် အတွေ့အကြုံများစွာ ရှိခဲ့ပြီး မျက်နှာအရေထူသူ ဖြစ်သည်။ သဘာဝအတိုင်းပင် သူသည် ဤစကားများကြောင့် လှုပ်ခတ်မည့်သူ မဟုတ်ချေ။
သူသည် အရာအားလုံးကို ကာလကြာရှည်စွာကတည်းက လက်ခံထားခဲ့ပြီး၊ သူသည် လောဘ သို့မဟုတ် ရည်မှန်းချက် လုံးဝကင်းမဲ့နေပြီ ဖြစ်သည်။
"မင်း…"
ဤစကားကို ကြားသောအခါ၊ ယောင်ဝမ်နှင့် အခြားသူများ ဒေါသကြောင့် တစ်ခြမ်းသေမလို ခံစားလိုက်ရပြီး၊ ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ခါနေသည့်တိုင် သူတို့ ဘာမှမတတ်နိုင်ကြပေ။