ဒုတိယအဆင့် ဓားကျင့်ကြံသူ၊ ဓားတာအိုကို ကျင့်ကြံခြင်း။
Vol. 14 Ch. 187
"ခင်ဗျားတို့ ဘယ်လို သဘောရလဲ.. ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို ငါတို့နဲ့အတူ လိုက်ခဲ့ကြမလား…"
ထိုအခိုက်အတန့်တွင် အစီအရင်တောင်ထွတ်မှ တောင်ထွတ်သခင် ယောင်ဝမ်က ပတ်ဝန်းကျင်ရှိ အခြေတည်အဆင့် ကျင့်ကြံသူများကို လှည့်ပတ်ကြည့်ရှုကာ မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ လူတစ်ယောက် ပိုလာလျှင် အင်အား အနည်းငယ် ပိုတိုးလာသည် မဟုတ်လော။
အကယ်၍ အခြေတည်အဆင့် ကျင့်ကြံသူ အရေအတွက် အများအပြားသာ စုစည်းညီညွတ်သွားပါက၊ သူတို့၏ စုပေါင်းစွမ်းအားသည် အမှန်တကယ်ပင် လျော့တွက်၍ရမည် မဟုတ်ပေ။
"စိတ်မကောင်းပါဘူး ဆရာသခင်ယောင်.. ကျုပ်တို့ ဘာမှ မတတ်နိုင်ဘူး…"
"ဟုတ်တယ်.. ဂိုဏ်းချုပ်ရဲ့ အကာအကွယ် မပါဘဲနဲ့ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို သွားတာက သေလမ်းရှာတာနဲ့ တူတူပဲ မဟုတ်လား…"
"ဒါကတော့ အမှန်ပဲ.. ငါတို့က အခြေတည်အဆင့် အစောပိုင်းနဲ့ အလယ်အလတ်အဆင့်မှာပဲ ရှိသေးတာ.. နှောင်းပိုင်းအဆင့်ကို ရောက်ဖို့တောင် အများကြီး လိုသေးတယ်.. ငါတို့မှာ အမြုတေ ဖွဲ့စည်းခြင်းအတွက် ပစ္စည်းတွေ ရှိခဲ့ရင်တောင်.. အခုချိန်မှာ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး.."
"တကယ်လို့ ငါတို့က အမြုတေ ဖွဲ့စည်းခြင်းအတွက် ပစ္စည်းတွေ အမှန်တကယ် ရခဲ့တယ်ပဲထား.. ရွှေအမြုတေ ဆရာသခင်တစ်ယောက်ရဲ့ အကာအကွယ် မပါဘဲနဲ့.. ငါတို့ တကယ် လွတ်မြောက်နိုင်ပါ့မလား…"
"ဆရာသခင်ယောင် တခြား အရည်အချင်းရှိတဲ့ လူတွေကိုပဲ ရှာလိုက်ပါတော့.."
အခြေတည်အဆင့် အကြီးအကဲများစွာက သူတို့၏လက်များကို ဝှေ့ယမ်းကာ ဤအစီအစဉ်တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း ပြသလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ စွန့်စားရမည့် အန္တရာယ်သည် ရရှိနိုင်မည့် ဆုလာဘ်များထက် ပိုမို ကြီးမားနေသည်။
ရွှေအမြုတေ ဆရာသခင်တစ်ဦး၏ အကာအကွယ်မပါဘဲ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူသို့ သွားရောက်စွန့်စားခြင်းသည် သူတို့ကို သားသတ်သမား၏ စဉ်းတီတုံးပေါ်မှ ငါးများပမာ၊ လှီးဖြတ်အသတ်ခံရရန် အသင့် ဖြစ်နေစေမည်သာ ဖြစ်သည်။
ဝှစ်.. ဝှစ်.. ဝှစ်…။
စကားများပြောပြီးသည်နှင့် ဆေးလုံးတောင်ထွတ်သခင် မာချန်ကျွင်း အပါအဝင် အခြေတည်အဆင့် အကြီးအကဲများ လျင်မြန်စွာ ထွက်ခွာသွားကြသည်။
အချိန်အနည်းငယ်အတွင်းမှာပင်၊ ထိုနေရာတွင် လူအနည်းငယ်သာ ကျန်ရစ်တော့သည်။ အစီအရင်တောင်ထွတ်မှ တောင်ထွတ်သခင်ယောင်ဝမ်၊ သန့်စင်ခြင်းခန်းမမှ ခန်းမသခင်လော့တင်ထျန်နှင့် ဆုပေးဒဏ်ပေးခန်းမသခင် ရှုချီယန်တို့ ဖြစ်သည်။
သူတို့အားလုံးသည် အခြေတည်အဆင့် နှောင်းပိုင်းနှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူများဖြစ်ကြရာ၊ ဤအခွင့်အရေးကို လက်လွှတ်မခံလိုသူများ ဖြစ်ကြသည်။
"သူရဲဘောကြောင်တဲ့ကောင်တွေ.. ဒီလောက် အသက်ကြီးနေတာတောင် အခြေတည် အစောပိုင်းအဆင့်မှာပဲ ရှိနေကြတာ မဆန်းတော့ပါဘူး… ရှေ့ကို ရဲရဲဝံ့ဝံ့မတိုးရဲဘဲနဲ့ ပိုမြင့်တဲ့ အဆင့်တွေကို ဘယ်လို တက်လှမ်းနိုင်မှာလဲ..ဟမ့်.."
"အနာဂတ် နှစ်တစ်ရာက အရမ်းဝေးလွန်းတယ်.. ဒီနေ့ ဒီအချိန်ကိုပဲ ဆုပ်ကိုင်ထားရမယ်…"
သန့်စင်ခြင်းခန်းမမှ ခန်းမသခင် လော့တင်ထျန်က ၎င်းတို့၏ သူရဲဘောကြောင်မှုအပေါ် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
အင်မော်တယ်ရှားဂိုဏ်းသည် အပြင်သို့ ထွက်ခွာစွန့်စားရန် ဆန္ဒမရှိသော သူရဲဘောကြောင်သူများ ဤမျှ ပေါများနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ထားလိုက်တော့.. သူတို့က ဘာသောက်ဖြစ်မှ မရှိတဲ့ အလကားကောင်တစ်သိုက်ပဲ.."
"သူတို့ ပါလာခဲ့ရင်တောင် အကူအညီ အများကြီးပေးနိုင်မှာ မဟုတ်ဘူး.."
"သူတို့က ငါတို့အတွက် အလကားဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်.."
ဆုပေးဒဏ်ပေးခန်းမမှ ခန်းမသခင် ရှုချီယန်က ဂရုမစိုက်သည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိချေသည်။
သူတို့သည် အန္တရာယ်ကြားမှ ကံတရားကို ရှာဖွေလိုသော်လည်း၊ အခြားသူများသည်တော့ ငြိမ်းချမ်းသောဘဝကို ပိုမိုနှစ်သက်ကြသည်။
"ဟုတ်တယ်.. အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်.."
"ငါတို့ သေသေချာချာ အစီအစဉ်ဆွဲရင်.. ငါတို့လို အခြေတည်ကျင့်ကြံသူ အနည်းငယ်နဲ့တင် လုံလောက်တာထက် ပိုနေပြီ…"
"ငါတို့ ရွှေအမြုတေ ဆရာသခင်ရဲ့ ပါးစပ်ထဲက အစာကိုတောင် လုယူနိုင်သေးတယ်.."
အစီအရင်တောင်ထွတ်မှ တောင်ထွတ်သခင် ယောင်ဝမ်က ရှုချီယန်၏ အတွေးများကို ထောက်ခံကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
သို့သော် သူ၏နှလုံးသားထဲတွင်မူ လန်ယွဲ့ရှီအပေါ် အမုန်းတရားများ ပြည့်နှက်နေသည်။
‘စောင့်ကြည့်နေလိုက် မိန်းမယုတ်.. ငါသာ အမြုတေဖွဲ့စည်းခြင်း ပစ္စည်းတွေရပြီး အမြုတေဖွဲ့စည်းနိုင်ခဲ့ရင်.. မင်းရဲ့ ဂိုဏ်းချုပ်နေရာကို ငါကိုယ်တိုင် လာဖြုတ်ချပစ်မယ်..’
‘အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ နေရာကို မိန်းမတစ်ယောက်က သိမ်းပိုက်ထားလို့ မရစေရဘူး..’
‘သူရဲဘောကြောင်တဲ့ လူတစ်စုက ထိန်းချုပ်ထားလို့ ရမတဲ့လား..’
‘အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ငါ့လိုမျိုး ရဲစွမ်းသတ္တိရှိပြီး ပညာဉာဏ်ကြီးမားတဲ့သူကပဲ ပိုင်ဆိုင်သင့်တယ်’
…
ထိုအချိန်တွင် အင်မော်တယ်ရှားတောင်ထွတ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း၌ ကျိုးစွေ့သည် နှလုံးသားမျက်လုံးများ၏ စွမ်းအားကို အသုံးပြုကာ အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံး၏ အခြေအနေကို တိတ်တဆိတ် အာရုံခံနေခဲ့သည်။
ထိုအခြေတည်အဆင့် အကြီးအကဲများ၏ စကားဝိုင်းသည်လည်း သူ၏အာရုံခံနိုင်စွမ်းမှ လွတ်မြောက်သွားခြင်း မရှိပေ။
အခြား မည်သည့်ကျင့်ကြံသူကမှ နှလုံးသားမျက်လုံး၏ စွမ်းအားဖြင့် စောင့်ကြည့်နေသည်ကို မသိရှိနိုင်ကြပေ။
"သူတို့က ခုထိ လက်မလျှော့သေးဘူးပဲ.. ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူထဲကိုတောင် စွန့်စားပြီး ဝင်ချင်နေတုန်း.."
"ထားလိုက်တော့.. ဒါတွေက ငါနဲ့ ဘာမှမဆိုင်ဘူးလေ.. ငါ့ဘာသာငါ ကျင့်ကြံဖို့ပဲ အာရုံစိုက်တာက ပိုကောင်းတယ်…"
"အရေးကြီးဆုံးက ကျင့်ကြံမှုအဆင့်ပဲ…"
ကျိုးစွေ့က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ အင်မော်တယ်ရှားဂိုဏ်းမှ အခြေတည်အဆင့် အကြီးအကဲများ မည်သည့်အကြောင်းအရာများ စဉ်းစားနေသည်အား စိတ်ပူပန်မနေတော့ပေ။
နောက်ဆုံး၌၊ လန်ယွဲ့ရှီသည် အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံး၏ တတိယအဆင့် အစီအရင်ကို ထိန်းချုပ်ထားသဖြင့်၊ သူမသည် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်နေသည်။
မည်သူမျှ သူမကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ယခု သူလုပ်ရမည့်အရာမှာ လေ့ကျင့်ရန်သာ ဖြစ်ပြီး၊ အခြား မည်သည့်အရာကိုမျှ စိတ်ပူပန်နေရန် မလိုအပ်ပေ။
"ဒါပေမဲ့ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူထဲကို ဝင်ရောက်တဲ့ ကျင့်ကြံသူတွေ ပိုများလာတာနဲ့အမျှ.. ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူပေါ်က တားမြစ်ချက်ကို ချိုးဖျက်ဖို့ သိပ်မဝေးတော့ဘူး.."
"အဲ့ဒီအချိန်ကျရင် အင်မော်တယ်ရှားဂိုဏ်းကိုပါ ရိုက်ခတ်လာစေနိုင်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်လာနိုင်တယ်…"
"အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားရင်တောင်.. ဒီပရမ်းပတာ အခြေအနေကြားမှာ ရှင်သန်နိုင်မလားဆိုတာ ပြောဖို့ ခက်တယ်…"
"ငါ့မှာ အခု‘တည်နေရာပြောင်းကူ’ရှိနေပြီး မိုင်ထောင်ချီဝေးတဲ့ ဒေသတစ်ခုကို အချိန်မရွေး နေရာရွှေ့ပြောင်းနိုင်တယ် ဆိုပေမယ့်... "
"ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကိုတော့ မြှင့်တင်ထားဖို့ လိုသေးတယ်…"
"အခုလောလောဆယ် ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဓားသိုင်းပညာပဲ ဖြစ်နိုင်တယ်…"
ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူသည် အနီးကပ်တိုက်ခိုက်ရခြင်းကို မနှစ်သက်ဘဲ၊ တတ်နိုင်သမျှ အဝေးမှသာ တိုက်ခိုက်လိုသည်။
သို့သော် သူသည် 'နဂါးဆင်ကူ'ကို ဖန်တီးသန့်စင်ထားခဲ့ပြီး ဖြစ်၏။
'နဂါးဆင်ကူ'၏ သန့်စင်ခြင်းဖြစ်စဉ်က ပိုမိုကောင်းမွန်လာသည်နှင့်အမျှ၊ သူ၏ခန္ဓာကိုယ်ကို မယုံနိုင်လောက်အောင် သန်မာလာစေပြီး၊ သူသည် နဂါးဆင်၏ စွမ်းအားကို စတင် ပိုင်ဆိုင်လာခဲ့သည်။
အကယ်၍ သူသာ အနီးကပ် တိုက်ခိုက်ခြင်းတွင် မကျွမ်းကျင်ပါက၊ ၎င်းသည် အလွန် နှမြောစရာ ကောင်းပေလိမ့်မည်။
၎င်းသည် အတိတ်ဘဝက နျူကလီးယားလက်နက်များနှင့် တူညီသည်။ ယင်းတို့အား အသုံးပြုရန် မလိုအပ်လျှင်ပင် ပိုင်ဆိုင်ထားသင့်ပေသည်။ ဤနေရာတွင်လည်း အလားတူ နိယာမပင် ကျင့်သုံးရမည် ဖြစ်သည်။
ဓားသိုင်းပညာ၏ စွမ်းအားကို အသုံးပြုရန် မလိုအပ်သော်လည်း၊ ၎င်းကို သင်ယူထားရမည် ဖြစ်သည်။
ဤနည်းအားဖြင့်၊ အရေးကြီးသော အခိုက်အတန့်များတွင် ၎င်းသည် ရန်သူကို သေချာပေါက် အံ့အားသင့်စေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ၎င်းသည် အရေးကြီးသော အနိုင်ဝှက်ဖဲတစ်ခု ဖြစ်လာပေမည်။
ထို့ထက် ပိုအရေးကြီးသည်မှာ၊ သူသည် 'ကိုယ်ပွားကူ'၏ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပြီး ကိုယ်ပွားများစွာကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်သည်။
ကိုယ်ပွားများသေဆုံးမည်အား ကြောက်စရာမလိုရာ၊ သဘာဝအတိုင်း အနီးကပ်တိုက်ခိုက်ခြင်း၏ အန္တိမ လျှို့ဝှက်ချက်ကို ဖော်ကျူးနိုင်ပေလိမ့်မည်။
"ငါ့ရဲ့ တာအိုလက်တွဲဖော် ကျိပင်းယွီနဲ့ တူနှစ်ကိုယ်ကျင့်ကြံခြင်း လုပ်ခဲ့တဲ့ ကျေးဇူးကြောင့်… ငါ့ရဲ့ ဓားသိုင်းပညာက ပထမအဆင့် အောက်ခြေနယ်ပယ်ကို ရောက်ရှိနေပြီ…"
"ပထမအဆင့် ဓားသိုင်းပညာမှာ နယ်ပယ်၃ခု ရှိတယ်.. အောက်ခြေအဆင့်က ‘လေးလံခြင်းအား ပေါ့ပါးသကဲ့သို့ သဘောထားခြင်း’.. အလယ်အလတ်အဆင့်ဓားသိုင်းပညာက ‘ပေါ့ပါးခြင်းအား လေ့လံခြင်းကဲ့သို့ သဘောထားခြင်း.. ပြီးတော့ အထွတ်အထိပ်အဆင့်က ‘ပေါ့ခြင်းလေးခြင်းအား ပေါင်းစပ်ပြီး ဓားနှင့်တစ်သားတည်း ဖြစ်သွားစေခြင်း’ပဲ..."
"ဒီနယ်ပယ်ကို ရောက်သွားတာနဲ့.. ဒါက ချီသန့်စင်ခြင်းအဆင့် ဓားကျင့်ကြံသူတွေရဲ့ အန္တိမ နယ်ပယ် ဖြစ်သွားပြီ.. ဓားနဲ့ တစ်သားတည်း ပေါင်းစပ်သွားသလိုပဲ.. လှုပ်ရှားမှုတစ်ခုတည်းက အဆုံးစွန်ဆုံးသော ဓားစွမ်းအားကို ပေါက်ကွဲထွက်စေနိုင်တယ်… ယွီအာဆိုရင် သူ့အရင်တုန်းက ဒီအဆင့်မှာ ရှိခဲ့တာပဲ.."
"ဒုတိယအဆင့် ဓားသိုင်းပညာမှာလည်း နယ်ပယ်၃ခု ရှိတယ်.. အောက်ခြေအဆင့် နယ်ပယ်က 'ဓားချီအသွင်ပြောင်းခြင်း’ပဲ.. ဒီအဆင့်ကို ရောက်ရှိတဲ့ဓားကျင့်ကြံသူက သူ့ကိုယ်ထဲက မှော်စွမ်းအားကို သုံးပြီး မီတာရာပေါင်းများစွာ အကွာက အရာဝတ္ထုတွေကို ထိုးဖောက်နိုင်တဲ့ ‘ဓားချီ’ကို ဖွဲ့စည်းနိုင်တယ်..”
“အစိုင်အခဲ ဖြစ်တည်လာတဲ့ ဓားချီက ဓားစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးတယ်.. ဓားချီနဲ့ဆို သာမာန်မှော်လက်နက်အကာအကွယ်တွေကို အသာလေး ထိုးဖောက်နိုင်တယ်..”
"ဒုတိယအဆင့် အလယ်အလတ်နယ်ပယ်က 'ဓားချီ မိုးခြိမ်းသံ'… ဒီနယ်ပယ်ကို ရောက်တာနဲ့.. ထုတ်ဖော်လိုက်တဲ့ 'ဓားချီ'က လျှပ်စီးလို မြန်ဆန်ပြီး.. ဓားထိုးထုတ်လိုက်တဲ့အခါ အသံရဲ့အမြန်နှုန်းကို ရောက်ရှိသွားပြီး အသံလှိုင်းဂယက်ကို ဖန်တီးပေးတယ်.. ဒါကြောင့် 'ဓားချီ မိုးခြိမ်းသံ'လို့ ခေါ်တာ.."
"ဒီအဆင့်မှာ.. သမားရိုးကျ အောက်ခြေအဆင့် ကာကွယ်ရေး ဝိညာဉ်လက်နက်တောင် ခုခံနိုင်မှာ မဟုတ်ဘူး.. တစ်ချက်တည်း ရန်သူကို တုံ့ပြန်ချိန်တောင် မရဘဲ ခေါင်းတွေကို ထိုးဖောက်ပစ်နိုင်တယ်.."
"ဒုတိယအဆင့် အထွတ်အထိပ်နယ်ပယ် ဓားသိုင်းပညာက ပိုတောင် ကြောက်စရာ ကောင်းသေးတယ်… ဒါကတော့ 'ပုံရိပ်မဲ့ ဓားအလင်းတန်း’ပဲ.. ဒီနယ်ပယ်ကို ရောက်တာနဲ့ ပေါက်ကွဲထွက်လာတဲ့ ဓားချီက မျက်စိနဲ့ မမြင်နိုင်သလို လေထုနဲ့တစ်သားတည်း ဖြစ်သွားလို့ လေဝဲဂယက်တောင် ထစေမှာမဟုတ်ဘူး..”
"ဒါက ဓားချီကို ဒြပ်စင်တစ်ခုအဖြစ် စုစည်းစေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးစွမ်းအား သယ်ဆောင်ထားတယ်ဆိုတာကို ပြနေတာ… ဓားတစ်ချက် ခုတ်ပိုင်းလိုက်တာနဲ့ အလယ်အလတ်အဆင့် ကာကွယ်ရေး ဝိညာဉ်လက်နက်တောင် တစ်ချက်တည်းနဲ့ထိုးဖောက်ခံရမှာပဲ.. ရန်သူကို ဟင်းသီးဟင်းရွက် လှီးဖြတ်သလို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်တယ်…"
"ဒါက လေလိုပဲ မမြင်နိုင် မကြားနိုင်ပေမဲ့ နေရာတိုင်းမှာ ရှိနေနိုင်လို့… ဓားအလင်းတန်း ပေါ်လာတဲ့ တစ်ခဏမှာ ရန်သူက တုံ့ပြန်ဖို့ အချိန်မရသလို ချက်ချင်းအသတ်ခံရမှာပဲ.."
"ဓားကျင့်ကြံသူတွေဟာ ကျင့်ကြံသူအားလုံးထဲမှာ ထိပ်တန်းလူသတ်သမားတွေအဖြစ် ဘာကြောင့် လူသိများလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး.. သူတို့က တကယ်ကို ထူးခြားဆန်းကြယ်တာပဲ…"
ကျိုးစွေ့ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ သူ့သိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးထဲတွင် ဓားကျင့်ကြံသူများအကြောင်း များပြားလှသော သတင်းအချက်အလက်များ စီးဆင်းနေတော့သည်။