ခြေတံရှည်မမအား အနိုင်ကျင့်ခြင်း၊ နောက်ဆုံးတော့ လက်စားချေခွင့်ရပြီ။
Vol. 14 Ch. 189
"ဒါ... ဒါ တကယ်ရော ဟုတ်ရဲ့လား.. ငါ... ငါ ဒီလောက် ရိုးရိုးရှင်းရှင်းလေးနဲ့ ဒုတိယအဆင့် အလယ်အလတ် ဓားချီ မိုးခြိမ်းသံ နယ်ပယ်ကို ရောက်သွားပြီပေါ့"
ကျိုးစွေ့တစ်ယောက် ကိုယ့်ကိုယ်ကိုယ်ပင် မယုံနိုင်သဖွယ် ခံစားလိုက်ရသည်။
အမှန်အတိုင်းဆိုရလျှင်၊ သူသည် သာမန်လူတစ်ဦးသာဖြစ်သည်ကို သူကိုယ်တိုင်အသိဆုံး ဖြစ်သည်။
'ကူ'ပိုးကောင်များ၏ အကူအညီသာ မရှိခဲ့ပါက၊ သူသည် ဤအဆင့်သို့ လုံးဝ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။
သို့သော် ယခုမူ သူသည် ဒုတိယအဆင့် အလယ်အလတ် ဓားချီ မိုးခြိမ်းသံနယ်ပယ်သို့ အားစိုက်ထုတ်စရာ မလိုဘဲ ရောက်ရှိသွားခဲ့သည်။
ကျိပင်းယွီကဲ့သို့သော ဓားသိုင်းပညာ ပါရမီရှင်တစ်ဦးပင်လျှင် အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက်၊ ငါးနှစ်လုံးလုံး လေ့ကျင့်ခဲ့သော်လည်း ဤအလယ်အလတ်အဆင့်သို့ မရောက်ရှိနိုင်သေးပေ။
ဤအချက်ကပင် ဓားသိုင်းပညာ နယ်ပယ်ကို မြှင့်တင်ရန် မည်မျှ ခက်ခဲကြောင်း ပြသနေသည်။
"အရင်ဆုံး စမ်းကြည့်ရမယ်.."
"ငါသာ ဓားချီမိုးခြိမ်းသံ နယ်ပယ်ကို တကယ် ရောက်သွားပြီဆိုရင်.. အစစ်အမှန် နဂါးဓားသိုင်းရဲ့ ဒုတိယပုံစံဖြစ်တဲ့ 'နဂါးဟိန်းသံ'ကို ထုတ်ပြနိုင်ရမယ်.."
"ဒါက ဓားချီမိုးခြိမ်းသံ နယ်ပယ်ကို ရောက်ရှိမှသာ ထုတ်ဖော်ပြသနိုင်တဲ့ ပညာရပ်တစ်ခုပဲ.."
ကျိုးစွေ့၏ စိတ်ထဲတွင် အတွေးတစ်ချက် ဝင်လာသည်။
သူသည် ဓားပျံကို ကိုင်ဆောင်လိုက်ပြီး အစစ်အမှန် နဂါးဓားသိုင်းကို အသက်သွင်းကာ လေထဲတွင် ပြီးပြည့်စုံသော စက်ဝိုင်းကွေးတစ်ခုကို ဓားဖြင့် ဆွဲလိုက်သည်။
ထို့နောက် ညင်သာစွာ ထိုးထုတ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ့ကိုယ်အတွင်းမှ မှော်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဓားပျံထဲသို့ စီးဝင်သွားကာ ကြောက်မက်ဖွယ်ဓားချီအဖြစ် ဖွဲ့စည်းသွားသည်။
ယင်းမှာ နဂါးအစစ်အမှန်တစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ပင်။
သာမန် ဓားချီမိုးခြိမ်းသံနယ်ပယ်တွင် ဓားတစ်ချက် ထိုးထုတ်လိုက်သည့်အခါ၊ ဓားချီ၏အလျင်ကြောင့် အသံလှိုင်းဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤအသံကို မိုးကြိုးသံနှင့် နှိုင်းယှဉ်ကြသောကြောင့် ၎င်းကို ဓားချီမိုးခြိမ်းသံ နယ်ပယ်ဟု ခေါ်တွင်ခြင်း ဖြစ်သည်။
သို့သော် အစစ်အမှန် နဂါးဓားသိုင်း၏ ဒုတိယပုံစံ 'နဂါးဟိန်းသံ'မှာ သာမန် ဓားချီမိုးခြိမ်းသံ ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။
၎င်းသည် လေထုထဲတွင် နဂါးတစ်ကောင်ပေါ်ထွက်လာပြီး ဟိန်းဟောက်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ဓားချီ မရောက်ရှိသေးမီ နဂါးဟိန်းသံက အရင် ရောက်နှင့်နေပြီ ဖြစ်၏။
ဤသည်မှာ အသံ၏အမြန်နှုန်းထက် အဆပေါင်းများစွာ ပိုမို လျင်မြန်လှသည်။
ဘုန်း…။
ချက်ချင်းဆိုသလိုပင် စစ်မှန်သော နဂါးဓားချီသည် မီတာရာပေါင်းများစွာ ဝေးကွာသော တောင်နံရံကို ဝင်ဆောင့်လိုက်ရာ ကြီးမားသောတွင်းနက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားပြီး၊ အပျက်အစီးများ လွင့်ပျံသွားကာ ထူထပ်သော မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားသည်။
ဤသည်မှာ မမြင်နိုင်သော ဖျက်စီးစွမ်းအားကို ဖြစ်ပေါ်စေသည့် အသံလှိုင်းများကို သယ်ဆောင်လာသော ဓားစွမ်းအင်ပင် ဖြစ်သည်။
"အရမ်း... အရမ်းကို ကြမ်းလွန်းတယ်.."
"'နဂါးဟိန်းသံ'ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်လှပါပေတယ်.."
ကျိုးစွေ့အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
အစစ်အမှန် နဂါးဓားသိုင်း ဒုတိယပုံစံ နဂါးဟိန်းသံ၏ စွမ်းအားက ပိုမို ကြောက်မက်ဖွယ်ကောင်းသည်မှာ ထင်ရှားသည်။
ဓားချီ၏ အလျင်သည် အသံအတားအဆီးကို ချိုးဖျက်နိုင်လောက်အောင် အလွန်လျင်မြန်ရုံသာမက၊ ဤဓားချက်၏ စွမ်းအားသည် ဓားချီ၏စွမ်းအားနှင့် နဂါးဟိန်းသံ၏ စွမ်းအားတို့ကို ပေါင်းစပ်ထားသဖြင့် အဖျက်စွမ်းအားကို အဆပေါင်းများစွာ တိုးမြင့်စေသည်။
ဤဓားချက်တစ်ချက်တည်းဖြင့်၊ ရန်သူက အဆင့်နိမ့်ကာကွယ်ရေး ဝိညာဉ်လက်နက်ဝတ်ဆင်ထားလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။
ဓားချီကို ခံနိုင်ရည်ရှိလျှင်ပင်၊ နဂါးဟိန်းသံ၏ တန်ခိုးအာဏာ၊ အသံ၏စွမ်းအားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ရံဖန်ရံခါတွင် ဓားတစ်ချက်တည်းကပင် နဂါးဟိန်းသံ၏ တန်ခိုးအာဏာအောက်တွင် ရန်သူ၏ အတွင်းကလီစာများအား ကြေမွသွားစေပြီး ခုခံနိုင်စွမ်း လုံးဝမရှိအောင် ပြုလုပ်နိုင်သည်။
လွင့်စဉ်နေသော အပျက်အစီးများသည် လေထဲတွင်ပင် အမှုန့်အဖြစ် ကြေမွသွားခဲ့သည်ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ သာမန်ဓားချီ၏ စွမ်းအား မဟုတ်တော့ဘဲ၊ အသံ၏စွမ်းအား ဖြစ်ချေသည်။
"အိုး... ဒီလိုကိုး.. ငါ အစစ်အမှန် နဂါးဓားသိုင်းရဲ့ ဒုတိယပုံစံကို ဒီလောက် မြန်မြန်ဆန်ဆန် သဘောပေါက်နားလည်ပြီး ဒုတိယအဆင့် အလယ်အလတ်ကို ရောက်သွားရတဲ့ အကြောင်းရင်းက..."
"ငါ့ခန္ဓာကိုယ်ထဲက နဂါးဆင်သွေးကြောင့်ပဲ.."
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် သူ၏ ဓားသိုင်းပညာကျင့်ကြံမှု အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ တိုးတက်သွားသည်ကို နားလည်သွားသည်။
အကြောင်းမှာ သူ့ခန္ဓာကိုယ်၏ ပင်ကိုပါရမီနှင့် ကိုက်ညီသော ဓားပညာရပ်တစ်ခုကို ရှာတွေ့သွားသောကြောင့် ဖြစ်သည်။
ကိုက်ညီသော ဓားပညာရပ်သည် အလွန် အရေးပါသည်။ ၎င်းသည် လူတစ်ယောက်၏ မွေးရာပါ ဓားပါရမီကို အပြည့်အဝ သို့မဟုတ် အဆပေါင်းများစွာပင် တိုးပွားစေနိုင်ပြီး၊ ဓားကျင့်ကြံသူများကို ဓားသိုင်းပညာ၏ နက်နဲမှုများကို ပိုမို မြန်ဆန်စွာ နားလည်သဘောပေါက်စေနိုင်သည်။
အစစ်အမှန် နဂါးဓားသိုင်းသည် ထိုကဲ့သို့သော ဓားပညာရပ်တစ်ခု ဖြစ်ပြီး၊ ကျိုးစွေ့၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ကိုက်ညီနေသည်။
ပေါင်းစပ်လိုက်သောအခါ ၎င်းက သူ့အား ဓားသိုင်းပညာတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်သွားစေသည်။
ပေါ့ပေါ့ပါးပါး လေ့ကျင့်လိုက်ရုံမျှဖြင့် သူ့အား မနှိုင်းယှဉ်နိုင်သော ထိုးထွင်းသိမြင်မှုများအား ရရှိစေပြီး၊ ကျိပင်းယွီ၏ နှစ်ပေါင်းများစွာ အပင်ပန်းခံ ဓားကျင့်ကြံမှုကို လွယ်ကူစွာ ကျော်တက်သွားစေသည်။
"ဒါ ပါရမီရှင်တစ်ယောက် ဖြစ်ရတဲ့ ခံစားချက်လား…"
ကျိုးစွေ့၏ ဤအခိုက်အတန့်ခံစားချက်မှာ ဖော်ပြမရနိုင်အောင် ထူးဆန်းနေသည်။ သူ့အရင်ဘဝက ထိပ်တန်းကျောင်းသားများ၏ ခံစားချက်ကို အနည်းငယ် နားလည်သွားသလိုပင်။
ဆရာတစ်ယောက်တည်းက သင်ကြားပေးနေသော်လည်း၊ ထိပ်တန်းကျောင်းသားများက တစ်ခါကြားလိုက်သည်နှင့် နားလည်သွားကြပြီး၊ တစ်ဆင့်ပို၍ပင် ဆက်စပ်တွေးခေါ်နိုင်သည်။
သို့သော် သာမန်ကျောင်းသားများတွင်မူ အမြဲတစေ ရှုပ်ထွေးနေသည်။
ဆရာက အမှားများကို ထောက်ပြသည့်တိုင်၊ ဘာမှ နားမလည်ဘဲ ရှုပ်ထွေးသော အကြည့်ဖြင့် အူလည်လည် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ကြသည်။
တစ်ခါတစ်ရံတွင် သာမန်ကျောင်းသားများ ဆယ်နှစ်ကြာ ကြိုးစားပမ်းစား လေ့လာသော်လည်း၊ ထိပ်တန်းကျောင်းသားများ၏ တစ်နှစ်တာ ပေါ့ပေါ့ပါးပါး လေ့လာမှုနှင့် မယှဉ်နိုင်ပေ။
ဤသည်မှာ ပါရမီ၏ ကွာဟချက်ပင်။
ယခုအခါ သူသည်လည်း ထိုနည်းတူ ခံစားနေရသည်။ ပေါ့ပေါ့ပါးပါး လေ့ကျင့်လိုက်ရုံမျှဖြင့် ကျိပင်းယွီ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို ကျော်လွန်သွားခဲ့သည်။
"ယောက်ျား... ရှင့် ဓားသိုင်းပညာ အဆင့်တက်သွားတာလား.."
ဤအခိုက်အတန့်တွင် လှပသောပုံရိပ်တစ်ခု သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲသို့ ပေါ်လာသည်။ ၎င်းမှာ အခြားသူ မဟုတ်ဘဲ ကျိပင်းယွီပင် ဖြစ်ချေသည်။
ကျိုးစွေ့ အစောပိုင်းက ထုတ်ဖော်လိုက်သော လှုပ်ရှားမှုကြောင့် သူမ မယုံနိုင်လောက်အောင် အံ့အားသင့်နေသည်။
သူမသည် ဤမတိုင်မီက တရားထိုင်ခန်းထဲတွင် အာရုံစိုက် လေ့ကျင့်နေခဲ့သည်။
သို့သော် အပြင်ဘက်မှ ပြင်းထန်သော ဓားချီလှိုင်းကို ခံစားလိုက်ရသောကြောင့်၊ အနီးအနားတွင် အမည်မသိ ဓားသိုင်းပညာရှင်တစ်ဦး ရှိနေနိုင်သည်ဟု ယူဆကာ စုံစမ်းရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။
အံ့အားသင့်စရာကောင်းသည်မှာ၊ ထိုဓားသမားသည် သူမ၏ကိုယ်ပိုင်ခင်ပွန်း ဖြစ်နေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ၊ သူမ၏ယောက်ျားသည် ယခင်က ဓားသိုင်းပညာအား လေ့ကျင့်လေ့မရှိပေ။
သို့သော် ယခုအခါ၊ သူ၏ဓားသိုင်းပညာသည် သူမထက်ပင် ပိုမိုထက်မြက်နေသကဲ့သို့ သူမ ခံစားလိုက်ရသည်။
ဤသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
အကယ်၍ သူမကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရပါက၊ ယုံကြည်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
"ဟုတ်တယ်.."
"ငါ စောဏက စိတ်ထဲ တစ်ချက်ပေါ်လာလို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ကြည့်လိုက်တာ.. ဓားသိုင်းပညာ အဆင့်တက်သွားတာပဲ..” ကျိုးစွေ့က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
"ယောက်ျား.. ရှင်ကတော့လေ တကယ့်အာဂလူပဲ..”
"ရှင် မကျွမ်းကျင်နိုင်တဲ့ အရာရော ရှိသေးလို့လား…"
"ဆေးဖော်စပ်ပညာ.. အစီအရင်ပညာ.. အဆောင်ပညာတွေပဲ ဖြစ်ဖြစ် အကုန်ကျွမ်းကျင်နေတော့တာပဲ.. အခုကြည့် ဓားသိုင်းပညာမှာတောင် ရှင့်က ကျွန်မကို ကျော်တက်သွားပြီ.."
"ပြီးတော့ ဒါတွေအားလုံးက ပေါ့ပေါ့ပါးပါး လေ့ကျင့်လိုက်ရုံနဲ့ ဖြစ်သွားတာတဲ့.. ဒါကိုပဲ ပါရမီရှင်လို့ ခေါ်ကြတာဖြစ်မယ်.."
ကျိပင်းယွီတစ်ယောက် စကားလုံးများ ပျောက်ဆုံးကာ ဘာပြောရမှန်း မသိတော့ပေ။
သူမ ကျင့်ကြံခြင်း ပါရမီရှင်များစွာကို တွေ့မြင်ခဲ့ဖူးသော်လည်း၊ သူမ၏ခင်ပွန်းနှင့် နှိုင်းယှဉ်လိုက်သည့်အခါ သူတို့အားလုံး ဘောင်မဝင်တော့ဘဲ အလကား အမှိုက်သရိုက်များ ဖြစ်သွားကြသည်။
ကွာဟချက်က များစွာ ကြီးမားလွန်းသည်။
ပြင်ပလူများ သူမခင်ပွန်းအား အကဲဖြတ်ကြသည်မှာ အမှန်တကယ်ပင် တိကျသည်ဟု သူမ ခံစားမိတော့သည်။
သူသည် အမှန်တကယ်ပင် ကောင်းကင်ဘုံမှ နှင်ချခံရသော အင်မော်တယ်တစ်ပါး ဖြစ်ကောင်း ဖြစ်နိုင်သည်။
မှန်ပေသည်၊ သူမတွင် မနာလိုစိတ်ခံစားချက်များ မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ အလွန်တရာ ပျော်ရွှင်နေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ကွာဟချက်သည် သူမ မနာလိုဖြစ်နိုင်စွမ်း မရှိလောက်အောင်ပင် ကြီးမားလွန်းနေသည်။
ကျောင်းသားတစ်ယောက်သည် တိုးတက်နေသော သူ၏အတန်းဖော်များကိုသာ မနာလို ဖြစ်လိမ့်မည်မဟုတ်လော။ မည်သူက ပညာရှင်ကြီးများကို တကူးတက မနာလို ဖြစ်နေမည်နည်း။
ကွာဟချက်က အလွန် ကြီးမားနေသဖြင့် လိုက်မီနိုင်ရန် အခွင့်အရေး မရှိတော့ပေ။
ထို့အပြင် ခင်ပွန်းသည် ပိုမို အစွမ်းထက်လာလေ၊ သူမအတွက် ပိုမို အကျိုးရှိလေသာ ဖြစ်သည်။
ဤသို့ တွေးမိသောအခါ သူမ၏စိတ်နှလုံး ပိုမို ငြိမ်းချမ်းသွားသည်။
မူလက သူမသည် အမြဲတမ်း လက်စားချေရန် စဉ်းစားနေခဲ့ပြီး၊ ကျိမိသားစုအတွက် လက်စားချေရန် စိတ်အားထက်သန်နေကာ ၎င်းအတွက် ကြိုးစားရုန်းကန်နေခဲ့သည်။
ဤအတွေးကြောင့်ပင် သူမ၏ ဓားသိုင်းပညာ တိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့ခြင်း ဖြစ်နိုင်သည်။
သူမ အပြင်းအထန် လေ့ကျင့်လေ၊ တိုးတက်မှုက ပိုမို နှေးကွေးလာလေ ဖြစ်နေသလိုပင်။
ဓားသိုင်းပညာဆိုသည်မှာ လေ့ကျင့်ရုံမျှဖြင့် တိုးတက်နိုင်သော အရာ မဟုတ်ဘဲ၊ ထိုးထွင်းသိမြင်မှုလည်း လိုအပ်ပေသည်။
"ယွီအာ.. မင်း လက်စားချေဖို့အကြောင်း စဉ်းစားနေတုန်းပဲလား"
ကျိုးစွေ့က ကျိပင်းယွီ၏ အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်လိုက်သည်။
"ဟုတ်တယ်.. ကျွန်မ အခု ကောင်းမွန်တဲ့ ဘဝတစ်ခု ရရှိနေပြီ.. လက်စားချေဖို့အကြောင်း မစဉ်းစားသင့်တော့ဘူး ဆိုပေမဲ့..."
"ကျိမိသားစုဝင်တွေ သေဆုံးသွားတဲ့ မြင်ကွင်းတွေက အချိန်နဲ့အမျှ ကျွန်မ မျက်စိရှေ့မှာ အမြဲ ပေါ်ပေါ်လာတယ်.."
"လက်စားချေလိုတဲ့ စိတ်ခံစားချက်တွေကို ကျွန်မ မထိန်းချုပ်နိုင်ဘူး.."
ကျိပင်းယွီက ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ဒါကို ယောက်ျားတာဝန်ထားလိုက်.."
"အနှေးနဲ့အမြန် ယောက်ျား အိုရန်မိသားစုကို ချေမှုန်းပြီး ရွှေအမြုတေ ကျင့်ကြံသူကို ငါ့ဓားနဲ့ ခေါင်းဖြတ်ပစ်မယ်.."
ကျိုးစွေ့က ကျိပင်းယွီကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူ၏ စကားလုံးများမှာ ခိုင်မာပြတ်သားကာ၊ အဆုံးမရှိသော ခွန်အားများ ပါဝင်နေသကဲ့သို့ ထင်ရသည်။
"ယောက်ျားရယ်... ကျွန်မ ရှင့်ကို ချစ်တယ်.."
ဤစကားများကို ကြားလိုက်ရသောအခါ ကျိပင်းယွီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး၊ သူမ၏ခန္ဓာကိုယ် အားနည်းပျော့ခွေသွားသလို ခံစားလိုက်ရသည်။
ဤစကားလုံးများသည် မိစ္ဆာလမ်းစဉ်၏ ကာမအားတိုးဆေးများထက်ပင် ပိုမို အံ့ဩဖွယ်ကောင်းသည်ဟု သူမ ထင်မိသည်။ သူမကို အတွင်းပိုင်းမှ လုံးဝ အရည်ပျော်သွားစေပြီး၊ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်မရနိုင်ဘဲ လုံးလုံးလျားလျား ပုံအပ်လိုက်ချင်စိတ် ဖြစ်ပေါ်စေသည်။
ထို့အပြင် သူမခင်ပွန်း၏ စကားကို လုံးဝ သံသယမရှိပေ။
သူမခင်ပွန်း၏ ပါရမီနှင့်ဆိုလျှင် ရွှေအမြုတေ ဆရာသခင်ဖြစ်လာရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ ဖြစ်သည်။
ဝိညာဉ်သန္ဓေသားအဆင့်သည်ပင် အကန့်အသတ်ဖြစ်မည် မဟုတ်ပေ။
ရုတ်တရက် ကျိုးစွေ့က ကျိပင်းယွီကို ပွေ့ချီလိုက်သည်။ ဤခြေတံရှည်မမကို နောက်ဆုံးတော့ လက်စားချေခွင့် ရပြီဖြစ်၍ သူကျေနပ်သွားသည်။
ဟိုးယခင်က သူသည် ဤခြေတံရှည်မမ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။
သို့သော် ယခုအခါ အရာရာက ပြောင်းလဲသွားပြီ ဖြစ်၏။
ယခင်က ခြေတံရှည်ရှည်နှင့် ဩဇာလွှမ်းမိုးခဲ့သော မမသည်၊ ယခုအခါ သူ ကြိုက်သလို စနောက်လို့ရသော ကြောင်ပေါက်စလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။