← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

မနက်ခင်းနေရောင်ခြည်သည် သံမဏိထက်မှ ပြိုးပြိုးပြက်ပြက်လက်နေချိန်၌ လီယောင်းသည် ရှန်းယွီ၏ တိုက်ခိုက်မှုကို အားထုတ်ရခြင်းမရှိဘဲ လွယ်ကူစွာ ပယ်ချလိုက်ပြီး လက်ကောက်ဝတ်ကို ပေါ့ပေါ့ဆဆ ပစ်တင်လှုပ်ရှားလိုက်ရုံဖြင့် သူ၏အရှိန်ကို လမ်းကြောင်းပြောင်းစေခဲ့သည်။ ထိုအားကြောင့် ရှန်းယွီသည် နောက်သို့ ယိုင်ထိုးသွားခဲ့ရသော်လည်း အရင်လေ့ကျင့်မှုများကဲ့သို့ မဟုတ်ဘဲ သူ၏ခြေထောက်များသည် အလိုအလျောက် တုံ့ပြန်ပြင်ဆင်ကာ ရွှေ့လျားလိုက်သည်။ အရှိန်နှင့် ရုန်းကန်နေရချိန်၌ သူ၏ကြွက်သားများ တင်းမာနေခဲ့သော်လည်း ယိုင်လဲမသွားဘဲ ဟန်ချက်ကို ထိန်းနိုင်ခဲ့ရာ ရက်အနည်းငယ်အကြာကဆိုလျှင် မဖြစ်နိုင်ခဲ့သည့် အောင်ပွဲငယ်တစ်ခုပင်။

သို့သော် သူသည် ထိုအောင်မြင်မှုကို အရသာမခံရမီမှာပင် လီယောင်းသည် သူ့ရှေ့တွင် ရုတ်ခြည်းပေါ်လာသည်။ သူမ၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်လွန်းသဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းသွားသကဲ့သို့ ထင်မှတ်ရ၏။ ဓားကိုကိုင်ထားသော သူမ၏လက်မောင်းသည် မြောက်တက်လာကာ နေရောင်ခြည်ကို ဓားသွားက ဖမ်းယူထားသဖြင့် ရှန်းယွီ၏ အလိုအလျောက်အသိစိတ်မှာ ပျက်ယွင်းသွားခဲ့သည်။ သူသည် မျက်လုံးများကို စုံမှိတ်ကာ ရောက်လာတော့မည့် နာကျင်မှုကို ကြံ့ကြံ့ခံနေသော်လည်း ထိုနာကျင်မှုသည် ဘယ်တော့မှ ရောက်မလာခဲ့ချေ။ ထိုအစား နာကျင်စေရန် လုံလောက်သော်လည်း ဒဏ်ရာမရစေရန် သတိပြုထားသော ပြင်းအားဖြင့် ခေါင်းထိပ်ကို ထက်ရှရှရိုက်ချက်တစ်ချက်သာ ရိုက်ခံလိုက်ရသည်။

သတိထား၍ မျက်လုံးများကို ဖွင့်လိုက်သောအခါ လီယောင်း၏ လက်ချောင်းသည် ဆန့်တန်းလျက်ရှိပြီး သူမ၏နှုတ်ခမ်းထောင့်များတွင် စနောက်လိုသည့် အပြုံးဖြင့် ကွေးညွတ်လျက်ရှိနေသည်ကို တွေ့ရ၏။

"အစ်ကို့ရဲ့ တိုက်ပွဲသတိ အမြင်ဉာဏ်ဟာ တိုးတက်လာပုံပဲ"

သူမက မှတ်ချက်ပြုပြီး ခြေဖနောင့်ပေါ်တွင် ကျော့ရှင်းစွာ လည်ပတ်လှည့်ထွက်သွားသည်။ ပခုံးထက်မှနေ၍ ဆရာတစ်ဦး၏ ပိုင်နိုင်သောအာဏာဖြင့် "သြော် တိုက်ပွဲမှာ မျက်လုံးကို ပိတ်မပစ်နဲ့ဦး" ဟု ထပ်မံပြောကြားလိုက်သည်။

သူမသည် တိုက်ခိုက်ရေးဟန်သို့ ပြန်လည်စီးဆင်းဝင်ရောက်သွားပြီး ကိုယ်လက်အင်္ဂါများကို ပြီးပြည့်စုံသော တိကျမှုဖြင့် နေရာချထားသည်။ ရှန်းယွီသည်လည်း သူ၏ဟန်အဖြစ်သို့ ဝင်ရောက်နေရာယူပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် တမင်တကာ ရည်ရွယ်ချက်ဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်ကာ အလဲအလှယ်ပြုလုပ်ရန် စတင်ခဲ့သည်။ သူ၏မျက်လုံးများသည် လီယောင်း၏ ဘယ်ဘက်ခြေထောက်၌သာ အခြားနေရာများတွင် ချို့ယွင်းချက်မရှိသော သူမ၏ကာကွယ်မှုအတွင်းမှ စွဲဆောင်မှုရှိသော အားနည်းချက်တစ်ခုပေါ်သို့ စူးစိုက်ရောက်ရှိနေသည်။

လီယောင်းသည် အတွင်းစိတ်မှနေ၍ သက်ပြင်းချလိုက်သည်။ သူသည် အလွန်ကောင်းမွန်စွာ တိုးတက်နေခဲ့ပါလျက် အလွန်သိသာထင်ရှားသည့် ထောင်ချောက်ထဲသို့ ထပ်မံကျရောက်လာပြန်ချေပြီ။ သူ အကွာအဝေးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် ခြေထောက်ကို မြှောက်ကာ ထိန်းချုပ်ထားသော အားဖြင့် အောက်သို့ ဖိနင်းချလိုက်ရာ ဖုန်မှုန့်များ တဝုန်းဝုန်းနှင့် အပြင်သို့ လွင့်စဉ်သွားသည်။

"ဒီထောင်ချောက်တွေထဲကို ထပ်မဝင်ဖို့ ညီမပြောထားတယ်လေ"

သူမက ဆူပူ၍ သတိပေးလိုက်သည်။

"ငါ နားထောင်ပါတယ်"

ရှန်းယွီ၏ အသံသည် မြူခိုးထဲမှနေ၍ သူမ ထင်မှတ်ထားသည်ထက် ပို၍ နီးကပ်စွာ ထွက်ပေါ်လာသည်။

"ဘာ.."

အံ့အားသင့်မှုသည် သူမ၏မျက်နှာတစ်လျှောက် တစ်ခဏတာ လင်းလက်သွားခဲ့ပြီး ထိုအာရုံစိုက်မှု လျော့ပါးသွားသော ခေတ္တအချိန်လေးအတွင်း….

"အား"

သူမ၏နှုတ်ခမ်းများမှ အံ့သြသွားသည့် အော်သံတစ်ခု လွတ်ထွက်သွားခဲ့ရာ ထက်ရှသော နာကျင်မှုက သူမ၏နဖူးတွင် ဖြစ်ပေါ်လာခဲ့သည်။

ဖုန်မှုန့်များ ငြိမ်ကျသွားသောအခါ သူမ၏ရှေ့တွင် ကျေနပ်အားရမှုများ သူ၏မျက်နှာသွင်ပြင်၌ ရေးထိုးထားလျက် ရပ်နေသော ရှန်းယွီကို မြင်လိုက်ရသည်။ အခြေအနေများ ပြောင်းပြန်လှန်သွားခဲ့ပြီ။ သူသည် သူမ၏ ရိုက်ချက်လေးအတွက် သူကိုယ်တိုင်၏ ရိုက်ချက်လေးဖြင့် ပြန်ပေးဆပ်လိုက်ခြင်းပင်။

လီယောင်း၏ မျက်လုံးများတွင် အသိအမှတ်ပြုမှု ရောင်ခြည်ထင်ဟပ်လာသည်။

"အစ်ကို တော်တော်လေး တိုးတက်လာပြီ"

သူမက ဝန်ခံလိုက်ရာ သူမ၏အကြည့်တွင် ပြိုင်ဆိုင်လိုသော အရောင်တစ်လက် ဝင်ရောက်လာသည်။

"ဒါဆိုရင် ညီမလည်း နည်းနည်းလေး လွှတ်ပေးရတော့မယ် ထင်တယ်"

သူမ အံ့အားသင့်သွားအောင်ပင် ရှန်းယွီသည် ရိုးရှင်းစွာ လှည့်၍ ထွက်သွားခဲ့သည်။

"ဘယ်ကိုသွားနေတာလဲ။ ထွက်ပြေးလို့ ရမယ်ထင်လို့လား"

မကျေနပ်မှုများ ရောပြွမ်းနေသည့် အသံဖြင့် သူမက နောက်မှ လှမ်းခေါ်လိုက်သည်။

ခြေလှမ်းမပျက်ဘဲ သူက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

"နေ့လယ်စာ စားချိန်ရောက်ပြီ"

"ဟွန်း"

လီယောင်းသည် သူမ၏လက်နက်ကို ကျွမ်းကျင်စွာ လှုပ်ရှားဟန်ဖြင့် ဓားအိမ်ထဲသို့ ပြန်ထည့်

လိုက်သည်။

"ဒါကို မေ့မယ်မထင်နဲ့"

သူမက သတိပေးလိုက်သော်လည်း သူမ၏ ခြိမ်းခြောက်သံတွင် စစ်မှန်သော ခြိမ်းခြောက်လိုစိတ် ကင်းမဲ့နေခဲ့သည်။

"ဒါဆို မင်းအကြိုက်ဆုံး ဟင်းလျာကို ချက်ပြဖို့ စောနက စဉ်းစားနေခဲ့မိတာ"

ရှန်းယွီက ကျွမ်းကျင်စွာ ချည်နှောင်၍ မြှူဆွယ်သော စကားကို ပေါ့ပေါ့ဆဆ ပြောလိုက်သည်။

လီယောင်းသည် ကလေးတစ်ယောက်၏ စိတ်အားထက်သန်မှုဖြင့် သူ၏လက်မောင်းကို တွယ်ကပ်လိုက်ရင်း ရှေ့သို့ ခုန်ဆင်းလာခဲ့သည်။

"စီနီယာအစ်ကိုက အကောင်းဆုံးပဲ"

သူမက အရင်က မကျေနပ်မှုများကို မေ့ပစ်လိုက်ကာ အာမေဋိတ်စကား ဆိုလိုက်သည်။

ရှန်းယွီသည် သူ၏မေးစေ့ကို စဉ်းစားဟန်ဖြင့် ပွတ်သပ်လိုက်သည်။

"မေ့လို့မရဘူးဆိုတဲ့ စကားမျိုး ပြောနေခဲ့တာ မဟုတ်ဘူးလား"

သူက အာရုံစိုက်ဟန်ပြုကာ လှုံ့ဆော်လိုက်သည်။

"မမေ့ဘူး… ဘာတွေပြောနေတာလဲ"

လီယောင်းက အပြစ်ကင်းစင်သောအကြည့်များဖြင့် သူမမျက်တောင်များကို ပုတ်ခတ်လိုက်

သည်။

"ကျွန်မရဲ့ မှတ်ဉာဏ်က သိပ်မကောင်းဘူးလေ ဒါကြောင့် မေ့သွားလောက်ပြီထင်ပါတယ်။ ကျွန်မ မမေ့သင့်တဲ့အရာတစ်ခုများ ရှိလို့လား"

ရှန်းယွီသည် ထိုမိန်းကလေး၏ ထူးခြားသော လိုက်လျောညီထွေရှိမှုကို အံ့အားသင့်နေမိသည်။ သူမသည် သေစေနိုင်သော စစ်သည်တော်အဖြစ်မှ စိတ်အားထက်သန်သော ကလေးတစ်ဦးအဖြစ် နှလုံးခုန်သံတစ်ချက်အတွင်း ပြောင်းလဲနိုင်သည်။

"မဟုတ်ပါဘူး ငါ့ရဲ့စိတ်ကူးယဉ်မှု ဖြစ်ရမယ်"

သူက ဝန်ခံလိုက်ပြီး မီးဖိုချောင်ဘက်သို့ သူမနှင့်အတူ လျှောက်သွားခဲ့ရာ သူမ၏လက်သည် သူ၏လက်မောင်းပေါ်မှ တစ်ခါမျှ မလျော့သွားခဲ့ပေ။

...

နေ့လယ်စာစားပြီးနောက် တပည့်နှစ်ဦးသည် လေ့ကျင့်ရေးကွင်းသို့ ပြန်သွားကြပြီး သူတို့၏ ခြေသံများသည် ပွန်းပဲ့နေသော လမ်းတစ်လျှောက်တွင် ကြေမွသံများ ထွက်ပေါ်နေသည်။ လီယောင်းသည် စားသောက်ရခြင်းကြောင့် ကျေနပ်အားရမှုဖြင့် မျက်နှာတွင် အလင်းရောင် ထွက်ပေါ်နေကာ ရှန်းယွီ၏ဘေးတွင် အားပါးတရ ခုန်ပေါက်၍ လိုက်ပါနေသည်။

"စီနီယာအစ်ကိုရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို ထိပ်တန်းပါပဲ"

သူမက ဗိုက်ကို ပွတ်သပ်ရင်း ကျေနပ်စွာ အာမေဋိတ်ပြုလိုက်သည်။ သူမ၏အသံတွင် စစ်မှန်သော တန်ဖိုးထားမှုသည် ရှန်းယွီ၏မျက်နှာတွင် ရှားပါးသောအပြုံးကို ပေါ်လာစေခဲ့သည်။

"ဖြစ်ရမှာပေါ့"

သူက သူ့ပုံစံနှင့် မလိုက်ဖက်သော ကစားလိုသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒီလိုမှ မဟုတ်ရင် မင်းကို ဘယ်လိုများ စိတ်စွဲလန်းအောင် လုပ်ရပါ့မလဲ"

စနောက်သော မှတ်ချက်သည် သဘာဝအတိုင်း ထွက်ပေါ်လာခဲ့ရာ သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့သည်။

လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ သူတို့၏ အမူအရာများက ချက်ချင်းပြောင်းလဲသွားသည်။ စားသောက်ချိန်က ပေါ့ပေါ့ပါးပါး ရင်းနှီးမှုများသည် သိုင်းပညာ လေ့ကျင့်မှု၏ အာရုံစူးစိုက် ပြင်းထန်မှုထဲသို့ ပျော်ဝင်သွားခဲ့သည်။ လီယောင်း၏ ဓားသည် မျက်စိကျိန်းလောက်အောင် လျင်မြန်စွာ ရှေ့သို့ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ဓားသွားသည် ရှန်းယွီ၏ ရင်ဘတ်ဆီသို့ ကွေးညွှတ်ပျံသန်းလာစဉ် လေကို ခွဲထွက်သွားခဲ့လေသည်။

ထိုတိုက်ခိုက်မှုကို ကြိုတင်မျှော်မှန်းထားသည့်အတိုင်း ရှန်းယွီသည် နောက်သို့ ကွေးညွှတ်

လိုက်ရာ ဓားသွားသည် သူ၏ကျောရိုးအထက်မှ ထိခိုက်မှုမရှိဘဲ တရွှီရွှီမြည်သံဖြင့် လွတ်မြောက်သွားနိုင်ရန် သူ၏ကျောရိုးအား လုံလောက်ရုံသာ ကွေးညွှတ်လိုက်သည်။ သို့သော် လီယောင်းသည် ခြေတစ်လှမ်း ရှေ့ရောက်နေခဲ့ကာ သူမ၏ဓားကို လွှဲနေရင်းပင် ကျွမ်းကျင်စွာ ထိန်းချုပ်၍ လမ်းကြောင်းပြောင်းလိုက်ရာ အားနည်းချက်ရှိနေသော သူ၏အနေအထားကို ဖမ်းယူရန် ဓားသွား၏ ဦးတည်ရာကို ပြောင်းလဲပစ်လိုက်သည်။

ရှန်းယွီ၏ ဓားမြှောင်သည် အသက်မဲ့သော ကာကွယ်မှုဖြင့် ထောင်မတ်လာကာ လေ့ကျင့်ရေးကွင်းတစ်လျှောက် ပဲ့တင်ထပ်သွားသည့် သတ္တုသံ တချပ်ချပ်ဖြင့် ဓားနှင့် ထိတွေ့မိသည်။ ထိပ်တိုက်တွေ့ဆုံမှုကြောင့် သူ၏လက်မောင်းတစ်လျှောက်တွင် တုန်ခါမှုများ လှိုင်းဂယက်ထသွားစေခဲ့ရာ အသာစီးရသော လက်နက်ကို အပြည့်အဝ ဖယ်ရှားရန် သူ၏ခွန်အားမှာ မလုံလောက်ခဲ့ပေ။ သို့တိုင် သူသည် ဓားကို လုံလောက်ရုံသာ လမ်းကြောင်းပြောင်းနိုင်ခဲ့ပြီး အရေးကြီးသော အကွာအဝေးကို ဖန်တီးရန်အတွက် မိမိကိုယ်ကို နောက်သို့ တွန်းထုတ်နိုင်ခဲ့သည်။

လီယောင်းသည် အခွင့်ကောင်းယူကာ အလျှော့မပေးသော စိတ်ဆုံးဖြတ်ချက်ဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ ရှန်းယွီအား အားပြန်စုရန် သို့မဟုတ် တန်ပြန်ဗျူဟာကို စဉ်းစားရန် အနားယူချိန် တစ်စက္ကန့်မျှပင် မပေးခဲ့ချေ။ တိုက်ခိုက်မှုတိုင်းသည် ရှောင်တိမ်းမည့်အစား ပိတ်ဆို့ရန် သူ့ကို အတင်းအကျပ် တွန်းအားပေးခဲ့ပြီး ဓားပယ်တိုင်းသည် နာကျင်စေသော တုန်ခါမှုများကို သူ၏ကြွက်သားများနှင့် အရိုးများတစ်လျှောက် ပျံ့နှံ့စေခဲ့သည်။ သူ၏လက်ထဲမှ ဓားမြှောင်သည် ကာကွယ်ခြင်းထက် ထိခိုက်မှု၏ ဆက်စပ်ပစ္စည်းတစ်ခုသဖွယ် ဖြစ်လာနေပြီဟု ခံစားနေရသည်။

အလဲအလှယ်ပြုလုပ်တိုင်းတွင် ရှန်းယွီသည် နောက်ဆုတ်နေရသည်။ ငါးလှမ်း ထို့နောက် ဆယ်လှမ်း။ သူ၏ပခုံးကို လျင်မြန်စွာ ငဲ့ကြည့်လိုက်ရာ သူ၏နောက်တွင် သစ်ပင်တစ်ပင် ထောင်မတ်နေသည်ကို တွေ့ရပြီး ၎င်း၏ အဖုအထစ်များ ထွက်နေသော ပင်စည်သည် ထွက်ပြေးလွတ်မြောက်ရာ လမ်းကြောင်းကို ပေးနိုင်ခြင်းမရှိပေ။ လီယောင်းသည် နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်ရာ သူ၏ပခုံးများမှာ ကြမ်းတမ်းသော အခေါက်နှင့် ဖိကပ်မိသည်အထိ နောက်သို့ တိုက်တွန်းခံလိုက်ရသဖြင့် ခေတ္တမျှ အာရုံပျက်သွားခြင်းက သူ့အား ကြီးမားသော တန်ဖိုးကို ပေးဆပ်လိုက်ရစေသည်။

သူမသည် တစ်လှမ်းချင်းချဉ်းကပ်လာခဲ့ရာ သူမ၏မျက်လုံးများတွင် အမဲလိုက်ခံရသူကို ထောင့်မိသွားသည့်အတွက် ကျေနပ်အားရမှု ရောင်ခြည်လက်နေသည်။ သူမ နောက်ဆုံး တိုက်ခိုက်လိုက်သောအခါ တွက်ချက်ထားသော တိကျမှုဖြင့် ဖြစ်သည်။ ရှန်းယွီသည် တိုးတက်လာသော သူ၏တိုက်ပွဲသတိ အသိဉာဏ်ကို အသုံးချကာ သူမ၏တိုက်ခိုက်မှု အပြည့်အဝ ပြီးဆုံးသွားသည့် တိကျသောအချိန်…. ဆိုလိုသည်မှာ သူမကဲ့သို့သောသူအတွက်ပင် ဦးတည်ရာပြောင်းလဲရန် မဖြစ်နိုင်တော့သည့် ထိုတစ်စက္ကန့်လေးကို စောင့်ဆိုင်းနေခဲ့သည်။

သူသည် ဘေးတိုက်လှိမ့်လိုက်ရာ လီယောင်း၏ ဓားသွားသည် သစ်ပင်ပင်စည်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည့် ပြီးပြည့်စုံသော ရှောင်တိမ်းမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ ဓားသည် သစ်သားကို စိုက်မိသွားခဲ့သည်။ ရှန်းယွီသည် ယာယီ လက်နက်မဲ့ဖြစ်သွားသော ပြိုင်ဘက်ထံသို့ ကိုယ်ကိုပစ်၍ သွားရာ ရွှေရောင်အခွင့်အရေးတစ်ခုသဖွယ် ဖြစ်လာသည့် အရာကဲ့သို့ အခွင့်ကောင်းယူလိုက်သည်။

သို့သော် လီယောင်းသည် တိုက်ခိုက်နေစဉ်အလယ်မှာပင် သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ရာ သူမ၏လက်ချောင်းများသည် သူ၏အသားပေါ်တွင် သံမဏိထိတ်ခတ်များကဲ့သို့ ဖြစ်နေခဲ့သည်။ ဘာဖြစ်နေမှန်း သူ သေသေချာချာ မသိလိုက်ရမီမှာပင် သူမသည် လှည့်ပတ်

လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ရိုက်ခတ်မှုကြောင့် သူ၏အဆုတ်ထဲမှ လေများ ထွက်သွားခဲ့သည်။ အပြာရောင်ကောင်းကင်ကို ငေးကြည့်ရင်း လဲလျောင်းနေစဉ်မှာပင် သူမသည် သစ်ပင်ထဲမှ သူမ၏ဓားကို တစ်ချက်တည်း ဆွဲအားပြင်းပြင်းဖြင့် ဆွဲထုတ်၍ အေးဆေးတည်ငြိမ်စွာ ပြန်လည်ရယူလိုက်သည်။

သူမသည် သူ၏အပေါ်မှ မတ်တပ်ရပ်လျက် လက်တစ်ဖက်ကို ကမ်းပေးကာ သူ့ကို မတ်တတ်ထစေခဲ့သည်။

"အစ်ကို့ရဲ့ တိုက်ပွဲသတိ အသိဉာဏ်က ကောင်းပါတယ်။ ဒါပေမဲ့ အစ်ကို့မှာ ဆိုးရွားတဲ့ အလေ့အကျင့်အချို့ ရှိနေသေးတယ်"

ဂျူနီယာညီမလေးတစ်ဦး၏ စိုးရိမ်ပူပန်မှုဖြင့် သူ၏ဝတ်ရုံပေါ်မှ ဖုန်များကို သုတ်သင်ပေးရင်း သူမက မှတ်ချက်ပြုခဲ့သည်။

"ညီမဓားနဲ့ ပိတ်မိသွားတဲ့အခါ အစ်ကို တိုက်ခိုက်ဖို့ တွန့်ဆုတ်သွားခဲ့တယ်"

ရှန်းယွီသည် ခေါင်းညိတ်လိုက်ပြီး သူမ၏အကဲဖြတ်မှု၏ မှန်ကန်မှုကို အတွင်းစိတ်မှနေ၍ အသိအမှတ်ပြုလိုက်သည်။ အသက်နှင့်သေခြင်းတိုက်ပွဲ အစစ်အမှန်တွင် သူ၏ပြိုင်ဘက် အားနည်းချက်ဖြစ်သွားသည်နှင့် ထွက်ပြေးရန်သာ သူ၏ဗီဇဖြစ်လိမ့်မည်ပင်။ အောင်ပွဲထက် ရှင်သန်မှုသည်သာလျှင် သူ၏အဓိက ရည်မှန်းချက်ဖြစ်သည်။ ၎င်းသည် တိုက်ပွဲမဟုတ်ဘဲ လေ့ကျင့်ရေးဖြစ်သောကြောင့်သာ သူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင်ပင် ထောင်ချောက်တစ်ခုကို သံသယရှိခြင်းကြောင့် သူ့အား တွန့်ဆုတ်သွားစေခဲ့သည်။ သူ၏အတွေးအခေါ်ကို ပြင်ဆင်ရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သော်လည်း ပုဂ္ဂလိကအားဖြင့်မူ စစ်မှန်သော ထိပ်တိုက်ရင်ဆိုင်မှုတိုင်းတွင် ပြေးထွက်ခြင်းသည်သာ သူပိုမိုနှစ်သက်သော ရွေးချယ်မှုဖြစ်နေဦးမည်ဟု သူ ထင်သည်။

နေဝင်ချိန်ရောက်၍ ကောင်းကင်ကို လိမ္မော်ရောင်နှင့် ခရမ်းရောင်တို့ဖြင့် ရေးဆွဲကာ ညစာစားချိန်ကို အချက်ပြသည့်တိုင်အောင် သူတို့သည် ကြိုးစားအားထုတ်၍ လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ရှန်းယွီ၏ ဟင်းချက်စွမ်းရည်များကို ပြသထားသည့် နောက်ထပ် ညစာတစ်နပ်ကို စားသုံးပြီးနောက် သူတို့သည် လေ့ကျင့်ရေးကွင်းသို့ ပြန်သွားကြပြီး သန်းခေါင်ယံသည် သူတို့ကို အတင်းအကျပ် ခွဲခွာစေသည့်တိုင်အောင် သူတို့၏ကန့်သတ်ချက်များဆီသို့ တွန်းပို့ခဲ့ကြသည်။

သူ၏တစ်ဦးတည်းသော အဆောင်တွင် ရှန်းယွီသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး သူ၏ရှေ့မှ စနစ်မျက်နှာပြင်ကို စောင့်ကြည့်နေသည်။

[အခြေချနေထိုင်မှု တွက်ချက်ခြင်း]

ရှန်းယွီသည် မျက်နှာပြင်ပေါ်ရှိ စာသားများကို အေးဆေးစွာ ကြည့်ရှုနေခဲ့သည်။

[တွက်ချက်မှု ပြီးဆုံးပါပြီ]

[ထိုးထွင်းဉာဏ်- နိမ့် (၁၂/၁၀၀၀)]

[တိုက်ပွဲဗီဇ- (၄/၁၀၀,၀၀၀)]

[တောင်နှလုံးကျမ်း- တတိယအလွှာ (၁၈၄/၃၀၀) (+၄၀/၃၀၀)]

[အနိမ့်တန်း သံကိုယ်ခန္ဓာနည်း- အောင်မြင်မှုအသေးစား (၁၅၀/၂၀၀) (+၅၀/၂၀၀)]

[အခြေခံ ဓားမြှောင်ကျွမ်းကျင်မှု- ပြီးမြောက် (၂၀/၅၀၀) (+၂၀/၅၀၀)]

[အခြေခံ ဓားကျွမ်းကျင်မှု- အလယ်အလတ် (၂၀၀/၃၀၀)]

[ဟင်းချက်- နဝမအဆင့် (၄၅/၁၀၀) (+၅/၁၀၀)]

[အတွေ့အကြုံမှတ်စုများ နှစ်ဆတိုးခဲ့သည်]

ရရှိသော အတွေ့အကြုံများသည် ထိုစနစ်၏ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုနှင့်အညီ နှစ်

ဆတိုးသွားသည့်အခါ သူ၏မှတ်တမ်းများ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

[ဟင်းချက်- နဝမအဆင့် (၄၅/၁၀၀) → နဝမအဆင့် (၉၀/၁၀၀)]

[အခြေခံ ဓားကျွမ်းကျင်မှု- အလယ်အလတ် (၂၀၀/၃၀၀) → အောင်မြင်မှုအဓိက (၀/၄၀၀)]

[အခြေခံ ဓားမြှောင်ကျွမ်းကျင်မှု- ပြီးမြောက် (၂၀/၅၀၀) → ပြီးမြောက် (၄၀/၅၀၀)]

[အနိမ့်တန်း သံကိုယ်ခန္ဓာနည်း- အောင်မြင်မှုအသေးစား (၁၅၀/၂၀၀) → အလယ်အလတ် (၀/၃၀၀)]

[တောင်နှလုံးကျမ်း- တတိယအလွှာ (၁၈၄/၃၀၀) → စတုတ္ထအလွှာ (၀/၄၀၀)]

[တိုက်ပွဲဗီဇ- (၄/၁၀၀,၀၀၀) → (၈/၁၀၀,၀၀၀)]

[ထိုးထွင်းဉာဏ်- နိမ့် (၁၂/၁၀၀၀) → နိမ့် (၂၄/၁၀၀၀)]

[နောက်တစ်ကြိမ် တွက်ချက်မှု- ၂၃:၅၉:၅၉]

All Chapters