← Chapters

အတွင်း ရုန်းကန်းမှုများ

Vol. 146 Ch. 2178

အတွင်း ရုန်းကန်းမှုများ

Vol. 146 Ch. 2178

လင်းဟန်ကို ဤနေရာတွင် တွေ့လိုက်ရတော့ လင်းရီ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ဓာတ်လှေကားထဲရှိ လင်းဟန်ကလည်း အလားတူ အငိုက်မိသွားခဲ့ပြီး လင်းရီကို ဤနေရာတွင် လာဆုံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့၍ တဒင်္ဂလောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်ငေးမိသွားခဲ့သည်။

“ ခေါင်းဆာင်လင်း … နင်လည်း ဖန့်ချိန်ကို ရောက်နေတာလား ….”

သူမ၏ ကိုယ်နေဟန်ပန်ကို ပြန်လည်ရရှိပြီးနောက် လင်းဟန် မေးမြန်းလိုက်သည်။

“ ဒီမှာ အမှုတစ်ခု ရှိတယ်လေ …. ငါအဲ့တာ လာပြီး ဖြေရှင်းတာ ….” လင်းရီ ဓာတ်လှေကားအတွင်းထဲ ဝင်ရင်း ပြောလိုက်၏။

“ မင်းရော ဒီကို အလည်လာတာလား …”

လင်းဟန်၏ အခြေအနေနှင့် စပ်လျဉ်း၍ လင်းရီလည်း များများစားစား သဘောပေါက်ထားခြင်း မရှိသောကြောင့် သူမ ရဲစခန်းသို့ ပြန်၍ အလုပ်ပြန်ဝင်နေလားဆိုတာလည်း သူ မသိ။ သို့သော် ဖန့်ချိန်သို့ ရောက်လာသည်ကတော့ သူမ၏ ရဲအလုပ်နှင့် ဆက်စပ်နေခြင်း မရှိဖို့များသည်။

သူတို့လို ရဲစခန်းက ရစ်ဇ်ကာတွန် ဟိုတယ်တွင် အခန်းယူပေးနိုင်ဖို့ တတ်နိုင်သည့် အနေအထား မရှိပေ။

“ ဟုတ်တယ် … ဒီကို မိသားစုလိုက် ခရီးထွက်လာတာလေ ….”

“ ဒါဆိုလည်း ပျော်ရွှင်ဖွယ် ခရီးလေး ဖြစ်ပါစေ ….”

ခေတ္တနှုတ်ဆက်ပြီးနောက် လင်းရီလည်း ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ဟိုတယ်ထဲက ထွက်လာ၍ တက္ကစီတစ်စင်း ငှားလိုက်သည်။

လင်းရီ အနောက်သို့ လိုက်ပါလာရင်း လင်းဟန်လည်း ဟိုတယ်ထဲက ထွက်လာသည်။

ဟိုတယ်အပြင်ဘက်တွင် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး မတ်တပ်ရပ်နေပြီး ထိုလူကတော့ လင်းဟန်၏ အဘိုး လီဝန်ကျွင်းပင်။

“ ဘာတွေ စိတ်လေးနေတာ ….”

လင်းဟန်၏ အမူအရာ မကောင်းသည့်မျက်နှာကို မြင်တော့ လီဝန်ကျွင်း မေးမြန်းလိုက်၏။

“ ထွေထူးမဟုတ်ပါဘူး … ဒီတိုင်း မျက်နှာသိတစ်ယောက်နဲ့ တွေ့ခဲ့လို့ပါ ……” လီဝန်ကျွင်း ပြန်ဖြေလိုက်သည်။

“ မသိပါဘူး … အဘိုးက တစ်ခုခုများ ဖြစ်ခဲ့တာလားလို့ပေါ့ ….” လီဝန်ကျွင်း ပြောလိုက်သည်။ “ ငါ အခုလေးတင် ဖုန်းရထားတယ် … သူတို့လူတွေက ယွဲ့ဟိုင် လက်ဖက်ရည်အိမ်တော်ကို သွားနေကြပြီ … အဘိုးတို့လည်း မြန်မြန်သွားကြစို့ …. သူတို့ မရောက်ခင် အဘိုးတို့ အရင်ရောက်နေဖို့လိုတယ် ….”

“ ပြဿနာ မရှိဘူးဆိုတာတော့ သေချာပါတယ်နော်… သမီးကတော့ ဆေးသုံးပြီးသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရှိနေမှာကို ကြောက်တယ် …..”

“ မြေးလေး စိတ်ချထားလိုက် … အဲ့လိုတွေ မရှိဘူး ….” လီဝန်ကျွင်းက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“ သူတို့အတွက် ဒါက အတော်လေး အဆင့်မြင့်တဲ့ နည်းပညာ ဖြစ်နေပြီးသား … ပြီးတော့ ထုတ်ကုန်ကလည်း ဝယ်လိုအား တအားများတယ် … ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုရင် ဘာလို့ လူတွေ အများကြီး သုံးချင်နေကြမှာလဲ ဟုတ်တယ်မလား ….”

“ အဲ့တာဆို ပြီးတာပဲ … သွားကြစို့ …”

“ သွားစို့ ….”

လင်းဟန်သည် လီဝန်ကျွင်းနှင့်အတူ အနီးရှိ ဟွန်ဒါ အက်ကော့ဒ်ထဲသို့ ဝင်လိုက်ပြီး ယွဲ့ဟိုင် လက်ဖက်ရည်အိမ်တော်သို့ ဦးတည်မောင်းနှင်လိုက်သည်။

ယွဲ့ဟိုင် လက်ဖက်ရည်အိမ်တော်က ဖန့်ချိန်တွင် အင်မတန် နာမည်ကြီးသည့် အဆောက်အဦးကြီး တစ်ခု ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဖျော်ဖြေရေး အနုပညာရှင် တော်တော်များများက လုပ်ငန်းကိစ္စများကို ဤနေရာတွင် လာရောက် ဆွေးနွေးလေ့ရှိကြသည်။

အတော်လေး ကောင်းမွန်သည့် ကိုယ်ရေးလုံခြုံမှုကြောင့် ဧည့်သည်များအားလုံးက ကြိုတင် ဘွတ်ကင်ပေးဖို့ လိုအပ်ပြီး စကားပြောဆိုရန်အတွက် ကောင်းမွန်သည့်‌ နေရာတစ်ခုကို ဖြစ်ပေါ်စေသည်။

မိနစ် လေးဆယ်ခန့် ကြာပြီးသည့်နောက် လင်းဟန်က ကားကို ယွဲ့ဟိုင် လက်ဖက်ရည်အိမ်တော် ဝင်ပေါက်ဝနားတွင် ပါကင်ထိုးလိုက်သည်။

ယွဲ့ဟိုင် လက်ဖက်ရည်အိမ်တော်က ရှေးဆန်သည့် အပြင်အဆင်တို့ဖြင့် သစ်သားလက်မှုအထည်များ ဝန်းရံထားပြီး သဘာဝနှင့် ပေါင်းစပ်ထားသည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။

ကားထဲက ထွက်လာသည်နှင့် မွှေးပျံ့သည့် လက်ဖက်ခြောက်ရနံ့ကို လေညှင်းလေးက သယ်ဆောင်လာပြီး လူ၏ စိတ်ဝိဉာဏ်ကို လန်းဆန်းသွားစေသည်။

မြေးအဘိုးနှစ်ယောက်က လက်ဖက်ရည်အိမ်တော်ထဲသို့ တန်းမတ်စွာ ဝင်ရောက်လာခဲ့ကြသည်။ တံခါးဝရှိ ဧည့်ကြိုကောင်တာတွင် သူတို့၏ အိုင်ဒီများကို ပြသပြီး တစ်စုံတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် လေးလွှာရှိ သီးသန့်ခန်းသို့ ရောက်ရှိလာသည်။

အခန်းအပြင်အဆင်က အတော်လေး ဟွာရှဆန်ပြီး ရေများစီးဆင်းနေသည့် ရေပန်းအသေးစားလေးနှင့်အတူ အခန်းတစ်ခုလုံးတွင် ကြွယ်ဝချမ်းသာသည့် အငွေ့အသက်တို့ ပြည့်နှက်နေလျက် ရှိ၏။

ဒေါက် ဒေါက် ဒေါက် …

သူတို့ ထိုင်ချပြီးလို့ မကြာခင်မှာပဲ တစ်စုံတစ်ယောက်က အခန်းတံခါးကို လာခေါက်သည်။ လင်းဟန် အတွင်းထဲက အသံပေးလိုက်၏။

“ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ ….”

သီးသန်းခန်း တံခါး တွန်းပွင့်လာခဲ့ပြီး လူနှစ်ယောက် အထဲသို့ ဝင်လာသည်။ အနောက်တိုင်း ဝတ်စုံနှင့် မဟုတ်သော်လည်းပဲ အင်မတန် အဆင့်အတန်းရှိစွာတော့ ဝတ်ဆင်ထားကြဆဲပင်။

မျက်စိဖမ်းစားစရာ အကောင်းဆုံးကတော့ သူတို့လက်ထဲ ကိုင်ထားသည့် အနက်ရောင် သေတ္တာများဖြစ်ပြီး အေးစက်မာကျောသည့် အရှိန်အဝါတို့ သင်းပျံ့နေသည်။

လူနှစ်ဦး အထဲဝင်လာသည်ကို မြင်တော့ လီဝန်ကျွင်း မတ်တပ်ရပ်လိုက်သည်။

“ ထိုင်ကြပါဦး … လူကြီးမင်းတို့ နှစ်ယောက် ရောက်လာမှာကို မျှော်နေတာ ….”

အမျိုးသားနှစ်ဦးက စကားမပြော၊ ဒီတိုင်း အနည်းငယ်မျှသာ ခေါ်ငးညိတ်ပြ၍ သူတို့၏ ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။

လီဝန်ကျွင်းက သူတို့လက်ထဲ ကိုင်ထားသည့် သေတ္တာများကို တစ်ချက်ကြည့်၍ အပြုံးလေးဖြင့် “ မင်းတို့က ပစ္စည်းယူလာပြီဆိုတော့ ငါတို့နှစ်ယောက်ရဲ့ အထောက်အထားကိုလည်း အတည်ပြုပြီးပြီလို့ ထင်တယ် … ဒါဆို အလဲအလှယ် လုပ်လို့ အဆင်ပြေပြီမလား ….”

“ ရတယ် … ဒါပေမယ့် ဆေးပြွန်တွေကို ငါတို့က စီမံထိန်းချုပ်တယ် … ကျန်တဲ့ ဆေးပြွန်တွေကိုတော့ ပြန်သိမ်းထားမယ် ….”

ပြောလိုက်သူက ပိန်ပါးပြီး တည်ကြည်သည့် မျက်နှာအမူအရာနှင့် ဖြစ်ကာ ဟောင်ကောင်လေသံနှင့် မည်သည့်နေရာဒေသက လာခဲ့တာဖြစ်ကြောင်း ခွဲခြား သိဖို့ မခဲယဉ်းချေ။

“ အဆင်ပြေပါတယ် ….” လီဝန်ကျွင်း ပြောလိုက်သည်။

“ ငါတို့ ပိုက်ဆံ ယူလာခဲ့ပြီးပြီ …”

ပြောရင်းဖြင့် လီဝန်ကျွင်းက သူ့ရင်ဘက်ထဲက ချက်ခ် လက်မှတ် တစ်စောင်ကို ထုတ်ကာ တစ်ဖက်လူ၏ ရှေ့မှောက်သို့ တွန်းပို့ပေးလိုက်သည်။

သို့သော် အမျိုးသားက ခေါင်းခါယမ်းလာသည်။ “ ဒီတစ်ခေါက်တော့ ငါတို့ ပိုက်ဆံကို စိတ်မဝင်စားဘူး …”

“ ပိုက်ဆံကို စိတ်မဝင်စားဘူး ဟုတ်လား ….”

“ မင်းတို့ရဲ့ အထောက်အထားတွေကို အတည်ပြုနေတဲ့အချိန် မင်းရဲ့ မြေးက အထူးအဆင့်အတန်း တစ်ခု ရှိနေတာကို သိလိုက်ရတယ် … သူက ကျိုးဟိုင်ရဲစခန်းက ရဲအရာရှိတစ်ဦးပဲ …”

မြေးအဘိုးနှစ်ဦးမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြသည်။ တစ်ဖက်လူ ဘာပြောချင်နေလဲဆိုတာကို နားမလည်ပေ။ လင်းဟန် ခွန်းတုံ့ပြန်လိုက်၏။

“ ကျွန်မက လောလောဆယ် အလုပ်တွေကို တခြားတစ်ယောက်နဲ့ တာဝန်လွှဲထားပြီး အနားယူနေတာ … မကြာခင် အလုပ်က ထွက်တော့မှာ ….”

လင်းဟန်သည် ကျုံးဝေ့တပ်ဖွဲ့ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်နိုင်ရေးအတွက် ကနေဦးကတည်းက သူမ၏ အလုပ်ထွက်စာကို တင်ခဲ့ပြီး ဖြစ်သည်။ သို့သော် အထက် ခေါင်းဆောင်က သူမ၏ အလုပ်ထွက်စာကို လက်မခံ။ ထိုအစား သူမ၏ တာဝန်များကို အခြားတစ်ယောက်နဲ့ လွှဲထားခိုင်းပြီး ခေတ္တ အနားယူ၍ ခေါင်းအေးအေးနှင့် ပြန်ပြီး စဉ်းစားဖို့ ပြော၏။

ထို့ကြောင့် သူမက ယခုထိတိုင် စုန့်ကျန်း ရဲစခန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲပင်။

“ အလုပ် ခဏနားထားလည်း အဆင်ပြေတယ် … ငါတို့ရဲ့ အလဲအလှယ်အပေါ် သက်ရောက်မှု မရှိဘူး …”

လင်းဟန် သူမနှင့် မျက်နှာချင်းဆိုင် ရှိနေသည့် အမျိုးသားနှစ်ယောက်ကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။

“ ရှင်တို့က ဘာလိုချင်တာ ….”

“ မင်းမှာရှိတဲ့ သတင်းအချက်အလက်နဲ့ လဲမယ် …”

လင်းဟန်၏ မျက်ခုံးနှစ်ဖက်မှာ တွန့်ကွေးသွားခဲ့ပြီး မူမမှန်သည့် တစ်စုံတစ်ရာကို အာရုံခံမိနေသည်။

“ ရှင်တို့က ဘာသတင်းနဲ့ လဲလှယ်ချင်တာ ….”

“ ငါတို့ ကျိုးဟိုင် ပုဖာ ဘဏ်ရဲ့ ကတ်စတန်မာ အချက်အလက်တွေ အကုန်လုံး လိုချင်တယ် … ပြီးတော့ မင်း ငါတို့အတွက် လူတစ်ယောက် သတ်ပေးရမယ် …”

“ မဖြစ်နိုင်ဘူး …”

လင်းဟန် စဉ်းပင် မစဉ်းစားဘဲ ချက်ချင်းလက်ငင်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

“ ကျွန်မ တတ်နိုင်လားလည်း မေးဦး …. တကယ်လို့ တတ်နိုင်တယ်ဆိုရင် ကျွန်မ သဘောမတူနိုင်ဘူး … အဲ့အကြောင်း စဉ်းတောင် မစဉ်းစားနဲ့ ….”

“ မိန်းကလေးလင်း … အဲ့လောက်ထိ ဒေါသဖြစ်စရာမလိုပါဘူး … ဒါက မင်းထင်နေသလို မဟုတ်ဘူး … ငါတို့ မင်းကို သတ်စေချင်တဲ့လူကလည်း သေမိန့်ကျပြီးထားတဲ့လူ … ငါတို့က သူ့ကို ပိုပြီး မြန်မြန်လေး သေသွားစေချင်ရုံရှိတာ … ဘဏ်က ဖောက်သည်တွေရဲ့ သတင်းအချက်အလက်ကတော့ …. မင်း သဘောမတူလည်း ဘာထိခိုက်မှုမှ ရှိသွားမှာ မဟုတ်ဘူး … ဒါပေမယ့် အခွင့်အရေးက တစ်ခါတည်း ရှိတာနော်… မင်း သေချာလေး စဉ်းစားရင် ကောင်းမယ် ….”

“ တောင်းပန်ပါတယ် … ကျွန်မတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်ပြီး ဆွေးနွေးနေစရာ အကြောင်း မရှိတော့ဘူးလို့ ထင်တယ် ….”

လင်းဟန် သူတို့ကို နောက်ထပ် စကားပြောခွင့် မပေးတော့ဘဲ တုံ့ဆိုင်းခြင်း မရှိ၊ အခန်းထဲက ထွက်လာခဲ့သည်။

အခြေအနေ မဟန်သည်ကို မြင်တော့ လီဝန်ကျွင်းလည်း ဘာမျှမဆိုချေ။ သူ့မြေးနောက်သို့ လိုက်သွား၍ လက်ဖက်ရည်အိမ်တော်ထဲက ထွက်လာခဲ့ပြီး ဟိုတယ်သို့ ပြန်လည်မောင်းနှင်လာသည်။

“ ရှောင်ဟန် … မြေး သေချာပြန်ပြီး မစဉ်းစားတော့ဘူးလား ….”

“ သမီး သူတို့ တောင်းဆိုတာကို သဘောမတူနိုင်ဘူး အဘိုး … အဲ့တာက တရားမဝင်ဘူး ….”

“ ဒါပေမယ့် ဒါက မြေးရဲ့ တစ်ခုတည်းသော အခွင့်အရေးလေ ….” လီဝန်ကျွင်း ပြောလိုက်ပြီး “ သူတို့ရဲ့ E အဆင့် သွေးရည်ကြည်ကို ရမယ်ဆိုရင် မြေးရဲ့ အရည်အချင်းတွေ အချိန်တိုအတွင်း သိသိသာသာကြီး တိုးတက်လာမယ်…. ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ဖို့က ပြဿနာ ရှိမှာ မဟုတ်တော့ဘူး … တကယ်လို့ ဒီအခွင့်အရေးကို လွဲချော်သွားမယ်ဆိုရင် နောင်ကျ နောက်သွားလိမ့်မယ် … ပြီးတော့ မိသားစုလည်း အနာဂတ်မဲ့ပြီပဲ ….”

လင်းဟန် တိတ်ဆိတ်သွားခဲ့သည်။

သူမ သိတတ်စ အရွယ်ကတည်းက ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်ဖို့သည် သူမ၏ ဘဝ ရည်မှန်းချက် ဖြစ်ခဲ့သည်။

သို့ပေမယ့် ကံကြမ္မာဆိုသည့် ဇာတ်ဆရာက တကယ်လည်း ကျီစယ်တတ်၏။ နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းသည့်တိုင် သူမမှာ မစွမ်းဆောင်နိုင်ခဲ့ချေ။

သူမ ခံစားနေရသည့် ခံစားချက်တို့က အခြားလူတို့ နားလည်ပေးနိုင်သည့် အခြေအနေထက်ကို ကျော်လွန်နေချေပြီ။

သို့သော် ယခု အခွင့်အရေးကောင်း တစ်ခုက သူမရှေ့တွင် ထွက်ပေါ်လာလို့ လာနေပြီ ဖြစ်သည်။

E အဆင့် သွေးရည်ကြည်ကို သုံးစွဲလိုက်သည်နှင့် သူမ၏ စွမ်းရည်တို့ တိုးမြင့်နိုင်မှာ ဖြစ်ပြီး ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်လိုသည့် သူမ၏ အိပ်မက်လည်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်သည်။

သို့သော် တစ်ဖက်သူ တောင်းဆိုလာသည့် တောင်းဆိုချက်များက သူမ လက်မခံနိုင်သည့် အချင်းအရာ ဖြစ်နေခဲ့လေသည်။

“ မြေး သေချာ ပြန်စဉ်းစားပါဦးလား … ဘာပဲဆိုဆို ဒါက တစ်ခုတည်းသော အခွင့်အရေးလေ … လွဲချော်သွားခဲ့ရင် နောင်ကျ ဘာမျှော်လင့်ချက်မှ ရှိတော့မှာ မဟုတ်ဘူး …” လီဝန်ကျွင်းက ဖြောင်းဖြသည့် လေသံဖြင့် ညင်သာစွာ ပြောလိုက်သည်။

All Chapters