ဖန့်ချိန် ကုန်သည်ကြီးများ အသင်း၏ အတွင်းအစည်းအဝေး
Vol. 146 Ch. 2180
လင်းရီရဲ့ မန်ဘာကတ်က လျင်မြန်စွာပဲ ပြုလုပ်ပြီးစီးသွားခဲ့သည်။
အဆင့်အမြင့်ဆုံး မန်ဘာတစ်ဦး ဖြစ်လာသည်နှင့် သူ့ကို ဆက်ဆံပုံကလည်း ဒရာမာဆန်ဆန် ပြောင်းလဲသွားခဲ့လေသည်။
အမျိုးသမီး ဧည့်ကြိုကောင်မလေးက တက်ဘလက်တစ်လုံး ထုတ်လာခဲ့၍ သူတို့ ဆော့ဖ်ဝဲထဲ ဝင်ရောက်လိုက်သည်။
လင်းရီ တစ်ချက်ကြည့်လိုက်တော့ ဆတ်ကော့လတ်ကော့ အမျိုးသမီး ဓာတ်ပုံများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရ၏။
ထို့ပြင် သူတို့အားလုံး၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်က အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံကြသည်။
“ ဒါက ဘာအတွက်လဲ ….”
“ ဆရာက အခု ဒီမှာ မန်ဘာတစ်ယောက် ဖြစ်လာပြီဆိုတော့ ကျွန်မတို့ဘက်ကနေ တစ်ယောက်ချင်း သီးသန့် ဝန်ဆောင်မှု ပေးပါတယ်ရှင့် .. ဒီထဲက တစ်ယောက်ကို ရှင့်ရဲ့ ကိုယ်ပိုင် ဘဏ္ဍာထိန်း အနေနဲ့ ရွေးချယ်လို့ရပါတယ် … ဆရာ ဒီကို လာလည်တဲ့ အချိန်တိုင်း ၊ ဆရာ လိုအပ်လာတဲ့ အချိန်တိုင်းမှာ သူ့ကို လှမ်းခေါ်လိုက်ရုံပါပဲ … ပြီးတော့ သူကပဲ အရာအားလုံးကို ဆရာ့အတွက် စီစဉ်ပေးသွားမှာပါရှင့် …”
လင်းရီ လေးလေးနက်နက် ခေါင်းညိတ်၍ D cup ပိုင်ရှင် အမျိုးသမီး တစ်ယောက်ကို ရွေးချယ်လိုက်ပြီး အောက်တွင် ရေးသားသည့် သူမ ဝန်ဆောင်မှုပေးနိုင်သည့် အကြောင်းအရာများအား ဖတ်ရှုလိုက်သည်။
ပရော်ဖက်ရှင်နယ် နှိပ်နယ်ပေးခြင်း ၊
ပလွေပေးခြင်း ၊
အနောက်ဘက်သို့ ခရီးသွားနိုင်ခြင်း ၊
အကြမ်းစား ကစားခြင်း ၊ … စသည့် အမျိုးမျိုးသော အကြောင်းအရာများမှာ စိတ်လှုပ်ရှား တက်ကြွချင်စရာကြီးပင်။
သူမနာမည်က အိန်ဂျယ် ဖြစ်ပြီး ၊ နယ်နယ်ရရ မဟုတ်။ မာစတာ ဘွဲ့ရထားသည့် ပညာတတ် မိန်းကလေး တစ်ဦးပင်။
ငွေရှိရတာ စောက်ရမ်း မိုက်တာပဲ …
လင်းရီ သူ့ကိုယ်သူ ကြိတ်ပြီး ရေရွတ်လိုက်သည်။
“ ဒါဆို သူပဲ …”
“ ခဏစောင့်ပေးပါရှင့် … ကျွန်မ သူ့ကို အခုချက်ချင်းပဲ ဆက်သွယ်လိုက်ပါ့မယ် …”
အမျိုးသမီး ဧည့်ကြိုဝန်ထမ်းက စကားပြောစက်ကတစ်ဆင့် ဆက်သွယ်လိုက်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ အိန်ဂျယ်ဆိုသည့် နာမည်နှင့် မိန်းကလေးတစ်ဦးက မလှမ်းမကမ်းကနေ ထွက်ပေါ်လာသည်။
ဓာတ်ပုံထဲကနှင့် အနည်းငယ် ကွာဟမှု ရှိသော်လည်းပဲ ခြုံငုံကြည့်မည်ဆိုပါက လက်ခံနိုင်သည့် အတိုင်းအတာအတွင်းတော့ ရှိသည်။ D cup က တကယ့်အစစ်ဖြစ်ပြီး ပြင်ဆင်ပြုလုပ်ထားသည်များလည်း မရှိ။
သို့သော် စီလီကွန်လား ၊ သဘာဝလားဆိုတာတော့ လင်းရီလည်း သေချာမပြောတတ်ပေ။ ထိုအရာကိုတော့ လေ့လာကြည့်ပြီးမှသာလျှင် သိနိုင်မည်။
“ အိန်ဂျယ် … နင် အခုစကပြီး ဒါရိုက်တာလင်းကို ခစားရမယ် … ဒါရိုက်တာလင်း အနားယူဖို့ လုပ်ပေးလိုက်ပါဦး …”
လင်းရီကို မြင်တော့ အိန်ဂျယ်၏ မျက်လုံးတို့ အရောင်လင်းလက်သွားခဲ့သည်။
ပုံမှန်ဆိုပါက သူမ ဝန်ဆောင်မှု ပေးရသူများမှာ ဝဖိုင့်ဖိုင့်နှင့် သက်လတ်ပိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းကလည်း ကျန်တစ်ယောက်ထက် ပိုပြီး ရွံစရာ ကောင်းလှသည်။
ထင်မှတ်မထားစွာဖြင့် ယနေ့ သူမ ဝန်ဆောင်မှု ပေးရမည့် လူက အချောလေး ဖြစ်နေသည်။
သူမတော့ ထီပေါက်တာပင်။
“ ဒါရိုက်တာလင်း … ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါရှင့် … ကလပ်အကြောင်း သိချင်တာရှိလည်း ဘာမဆို မေးနော်… မန်ဘာသက်တမ်း မကုန်သေးသရွေ့ ရှင် တောင်းဆိုသမျှကို ကလပ်ထဲမှာ ဖြည့်ဆည်းပေးနိုင်တယ် …”
“ သဘောပေါက်ပြီ … သွားကြတာပေါ့ …”
ကနေဦး လုပ်ငန်းစဉ်များ ပြီးဆုံးတော့ နှစ်ယောက်မှာ အတွင်းဘက်ခြမ်းသို့ လမ်းလျှောက်ဝင်သွားခဲ့ကြသည်။
ထိုအချိန်တွင် လင်းရီတို့ဘေးနား ဖြတ်သန်းသွားသည့် သက်လတ်ပိုင်း အမျိုးသားက ထွက်ခွာမသွားသေး။ လင်းရီ၏ နောက်ကျောပုံရိပ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့သည်။
“ ဥက္ကဌမာ … ရှင် အဲ့လူကို သိလို့လား …”
ကောင်မလေးက ပြောရင်းဆိုရင်းဖြင့် သူမစိတ်ထဲ မနာလိုဘဲ မနေနိုင်ခဲ့ချေ။
လင်းရီကဲ့သို့သော အရည်အသွေးမြင့်သည့် ငယ်ငယ်ချောချော ဖောက်သည်လေးများက အင်မတန် ကြုံရခဲယဉ်းသည်။
ဥက္ကဌမာ အမည်ရသည့် လူ၏ နာမည်က မာရှုရုန် ဖြစ်ပြီး ဖန့်ချိန်တွင် သစ်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီပိုင်ရှင်ပင်။
သူက သင်္ဘောနှင့် ကုန်သွယ်ရေး လုပ်ငန်းတွင် အဓိက ပါဝင်ပတ်သက်နေပြီး ပိုင်ဆိုင်မှု တန်ဖိုးကလည်း ယွမ် တစ်ဘီလီယမ်ကျော်လောက် ရှိသည်။
“ မသိပါဘူး … လူမှားတာ …”
ထိုသို့ပြောရင်း မာရှုရုန်က တဏှာထန်သည့် မျက်နှာကြီး ဖြစ်လာပြီး အမျိုးသမီး၏ ကော့တင်းနေသည့် တင်ကို ဖျစ်ညှစ်လိုက်သည်။
“ ငါတခြား ကိစ္စတွေ ရှိလို့ သွားတော့မယ် … အချိန်ရမှ ပြန်လာတာပေါ့ …”
“ ဂရုစိုက်သွားဦးနော် ဥက္ကဌမာရှင့် … နောက်တစ်ခေါက် လာလည်တဲ့အခါကျရင် ညီမ အသစ်လေးတွေနဲ့ မိတ်ဆက်ပေးမယ် …”
“ ဘာလို့ အသစ်လေးတွေနဲ့ မိတ်ဆက်ပေးမှာ … မင်းက ငါ့ကို မခစားချင်တော့လို့လား ….”
“ ဟွန့်… ပေါက်ကရတွေ ပြောနေပြန်ပြီ … ဥက္ကဌမာက ဒီလောက်ထိ ကြမ်းတာ တစ်ခါပြီးရင် လေးငါးရက်လောက် မသက်သာဘူး … မဟုတ်လည်း ဒူးတွေ ခြေထောက်တွေ ကိုက်လို့ …”
“ ဟားဟား … ငါ့အင်အားကို သိတာကောင်းတယ် …”
သူ့ကိုယ်သူ မြောက်သွားပြီးနောက် မာရှုရုန်က ကလပ်ထဲကနေ ထွက်ခွာလာခဲ့ပြီး သူ့ ဘန်ထလေ ကားထဲ ဝင်ရောက်လိုက်သည်။
“ ဥက္ကဌမာ … သူဌေးကတော်ရဲ့ ဖုန်းကောတွေ အများကြီး ဝင်ထားပါတယ် … ဥက္ကဌ အစည်းအဝေး လုပ်နေလို့ လောလောဆယ် ဖုန်းမကိုင်နိုင်သေးဘူးလို့တော့ ပြောထားပေးတယ် … ပြန်ရောက်ရင် သေချာလေး ဂရုစိုက်ဦး …” လူယုံ ဒရိုင်ဘာက သူ့ကို အပြုံးလေးဖြင့် သတိပေးလိုက်သည်။
“ ခဏလေးစောင့် … ငါ ဖုန်းတစ်ချက် ဆက်ဖို့ လိုတယ် …”
မာရှုရုန်က သူ့ဖုန်းကို ထုတ်၍ ဥက္ကဟွမ်ဟု ရေးမှတ်ထားသည့် နံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။
“ ဥက္ကဌဟွမ် … မင်း ဘယ်မှာလဲ … ငါ မင်းနဲ့ ပြောစရာရှိတယ် ….”
“ ငါ ရေချိုးစင်တာမှာ ကျိုးဟိုင်က ရဲနဲ့ ရုပ်ချင်းဆင်တဲ့ တစ်ယောက်ကို တွေ့ခဲ့တယ် …”
“ မဟုတ်ဘူး … ငါ အမြင်မမှားဘူး ….”
“ အိုကေ အိုကေ … ငါ အခုပဲ လာနေပြီ …”
ဖုန်းချပြီးနောက် မာရှုရုန်က ဒရိုင်ဘာကို ပြောလိုက်သည်။
“ အိမ်ကို မမောင်းသေးနဲ့ … ကလပ်ကို သွားမယ် …”
ဒရိုင်ဘာလည်း ဘာစကားမျှ မဆိုဘဲ မီတာ သုံးလေးရာခန့် ရှေ့သို့ ဆက်မောင်းကာ ယွင်ရှန်ကလပ်၏ မြေအောက်ကားပါကင်ထဲသို့ ဝင်ပြီး တတိယထပ်သို့ တိုက်ရိုက် ဦးတည်လိုက်သည်။
တိတိယထပ် အခန်းရှေ့တွင် ရပ်နေရင်း မာရှုရုန်က သူ၏ အင်္ကျီ အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ကာ တံခါးဘဲလ်ကို တီးလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တံခါးလော့ခ်က အလိုအလျောက် ပွင့်လာသည်။ မာရှုရုန် အထဲသို့ လျှောက်လှမ်းလာခဲ့၏။
အခန်းမှာ သိပ်ပြီးတော့ ကြီးမားခြင်းမရှိ၊ တစ်ရာစတုရန်း မီတာခန့်မျှသာ ကျယ်ဝန်းသည်။ သို့သော် ခေတ်ဆန်သည့် ဟွာရှ အငွေ့အသက်များဖြင့် ဝန်းရံထားပြီး သင်းပျံ့သည့် လက်ဖက်ခြောက်နံ့ ဖျော့ဖျော့ကိုလည်း ရရှိနေသည်။
အခန်းထဲတွင် လူခြောက်ယောက် ရှိနေပြီး အမျိုးသားငါးယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်၏။ အကုန်လုံးက အသက်ကြီးပိုင်းများ ဖြစ်ကာ လူငယ်ဟူ၍ တစ်ယောက်မျှ မရှိ။
အသက်အငယ်ဆုံးကပင် အသက် လေးဆယ် ကျော်နေပြီး ဖြစ်၏။
“ လောင်မာက ဒီမှာပဲ … နေရာရှာပြီး ထိုင်လိုက် …”
ပြောလိုက်သူ၏ အသံက အတော်လေး ငယ်ရွယ်ပုံပေါက်သည်။
သူက အပြာရောင်ရှပ်နှင့် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ခါးတွင် Hermes ခါးပတ်ကို တပ်ဆင်ထား၏။ ဝတ်ဆင်ထားသည်များအားလုံးက အော်တန်းတစ်များဖြစ်ပြီး သပ်သပ်ရပ်ရပ်နှင့် တည်ငြိမ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုလူ၏ နာမည်က ဟွမ်စစ်ဟိုင် ဖြစ်ပြီး အရှေ့တောင် အာရှပိုင်း စီးပွားရေးကို အာရုံစိုက်ထားသည့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ၏ ရင်းနှီးမြုပ်နှံမှုကတစ်ဆင့် စီးပွားရေး လုပ်ငန်းရှင် အသစ်များနှင့် အင်တာနက် ကုမ္ပဏီတို့ အမြောက်အများ ပေါ်ထွန်းလာခဲ့ရလေသည်။
Forbes ranking ၏ နောက်ဆုံးရသတင်းတွင် သူ့အဆင့်က ပိုင်ဆိုင်မှု ဆယ်ဘီလီယမ်ကျော်နှင့် အဆင့် ၁၈၉ ဖြစ်၏။ ဟွာရှ စီးပွားရေး လောကတွင် အင်မတန် နာမည်ကျော်ကြားသည့် ဒိတ်ဒိတ်ကျဲကြီး တစ်ဦးဖြစ်သည်။
ဟွမ်စစ်ဟိုင်ကို မြင်တော့ မာရှုရုန်၏ အမူအရာမှာ ပို၍ ရိုသေလေးစားလာခဲ့ကာ သူ့ကိုယ်သူလည်း အနည်းငယ် ထိန်းချုပ်ထားဟန်ပင်။
“ ဥက္ကဌဟွမ် … ငါဒီလာတုန်းက သေချာစဉ်းစားပြီးသား … ငါ အမြင်မှားတာ မဟုတ်ဘူးလို့ ယုံကြည်တယ် … တကယ်ကြီး ကျိုးဟိုင်က အဲ့ဒီ ရဲပဲ … ငါ့အထင် ငါတို့တွေ ဒီကိစ္စကို ကြိုတင် ကိုင်တွယ်ထားဖို့ လိုပြီလို့တော့ ထင်တယ် …”
“ ဒါကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး … ပုံမှန်ဆို လျိုဟွာရှန်း အဖမ်းခံရပြီးရင် အမှုက အဆုံးသတ်သင့်ပြီ … ပြီးတော့ သူလည်း ကျိုးဟိုင်ကို ပြန်သွားသင့်ပြီ … ဖန့်ချိန်ကို ရောက်လာစရာ အကြောင်းကို မရှိတာ ….”
ထိုစကား ပြောလိုက်သူက ဟွမ်စစ်ဟိုင် နံဘေးတွင် ထိုင်နေသူပင်။
သူ့နာမည်က လျိုယွမ်ချိန် ဖြစ်ပြီး ဂီတတူရိယာပစ္စည်းများ ထုတ်လုပ်ရောင်းချမှုကို လုပ်ကိုင်ကာ ပိုင်ဆိုင်မှုက ရှစ်ဘီလီယမ်ကျော်သည်။
“ ဒီမတိုင်ခင်တုန်းက ငါ စွန်းမင်ချန်းနဲ့ ဖုန်းထဲ ရှန်းဝေ့ရဲ့ အခြေအနေအကြောင်း စကားပြောထားပြီးပြီ … သူပြောတာ အရာအားလုံးက ထိန်းချုပ်မှုအောက်မှာပဲ ဘာထင်မှတ်မထားတာမှ မရှိလာစေရဘူးတဲ့ … ဒီတော့ … ဒီလူက ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဖန့်ချိန် ရောက်လာခဲ့တာ ….”
“ ကြားထဲမှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားတာများလား .. လျိုဟွာရှန်းက သူ့ကို စွန်းမင်ချန်း မသိလိုက်ဘဲ တိတ်တိတ်လေး ပြောပြလိုက်တာများလား …”
“ ဖြစ်နိုင်တယ် … ဒါပေမယ့် အဲ့တာက အဓိက မဟုတ်ဘူး …” ဟွမ်စစ်ဟိုင်က လက်ဖက်ရည်ကို တစ်ကျိုက်စုပ်၍ ပြောလိုက်ပြီး သူ၏ မျက်လုံးတို့က သင်္ကာမကင်း ဖြစ်မှုတို့ဖြင့် ပုတ်ခတ်ပုတ်ခတ် ဖြစ်နေခဲ့သည်။
“ လင်းရီဆိုတဲ့ နာမည်က အတော်လေး နားယဉ်နေတာကို မင်းတို့တွေ မထူးဆန်းဘူးလား .. သူ့ပုံကိုလည်း ငါ တစ်နေရာမှာ မြင်ဖူးနေသလိုပဲ …”
“ လင်းယွင်အုပ်စုရဲ့ ဒါရိုက်တာလင်း ….”
ဟွမ်စစ်ဟိုင် ခေါင်းညိတ်လိုက်သည်။ “ ငါမှတ်မိသာ မှန်မယ်ဆိုရင် လင်းယွင်အုပ်စုကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတဲ့လူရဲ့ နာမည်က လင်းရီပဲ ….”
“ ထိန်းချုပ်ထားတဲ့လူလား …”
ဟွမ်စစ်ဟိုင်၏ စကားကို ကြားတော့ မာရှုရုန်မှာ အံ့အားသင့်သွားခဲ့သည်။ “ လင်းယွင်အုပ်စုရဲ့ ဥက္ကဌက ချီရှန်းကျောက် မဟုတ်ဘူးပေါ့ ….”
“ ငါလည်း သိပ်မသေချာဘူး … လင်းယွင်အုပ်စုရဲ့ အတွင်း သတင်းအရင်းအမြစ်တွေကို အတော်လေး လျှို့ဝှက်ထားတယ် … ငါလည်း လူလွှတ်ပြီး စုံစမ်းဖို့ ကြိုးစားနေတုန်းပဲ …”
“ ဒါက တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား …”
အခန်းထဲရှိ လူတိုင်း ထူးဆန်းသည့် အမူအရာကိုယ်စီနှင့် ဖြစ်နေခဲ့ကြသည်။
“ လင်းယွင်အုပ်စုက ဟွာရှ semiconductor နယ်ပယ်မှာ ဦးဆောင်နေတဲ့ ဂျိုင်းရက်ကြီးလေ … ပြီးတော့ သူတို့ရဲ့ သူဌေးကလည်း နယ်ပယ်ထဲက ဒိတ်ဒိတ်ကျဲကြီး … ရဲတစ်ယောက်နဲ့ ဆက်စပ်နေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
“ ငါလည်း အဲ့တာကိုပဲ ဝေခွဲမရ ဖြစ်နေတာ … သူတို့ချင်းက တော်တော်တူတယ် … ဒါပေမယ့် သွားပြီး ဆက်စပ်နေတဲ့ နေရာအတိအကျကို ရှာမရဖြစ်နေတာ …” ဟွမ်စစ်ဟိုင်က အုံ့မှိုင်းသည့် အမူအရာဖြင့် ပြောလိုက်သည်။