မင်းက လူကို သတ်ပြီး နှုတ်ပိတ်ချင်တာလား
Vol. 146 Ch. 2182
ထိုအချိန်၌ လင်းရီကတော့ နတ်သမီးလေး၏ ဦးဆောင်မှုအောက်တွင် အဝတ်လဲခန်းထဲသို့ ရောက်ရှိနေသည်။ အတော်လေး သီဂသန့်ဆန်လှပြီး ခြားထားသည့် အကန့်များလည်း ရှိ၏။
“ ဆရာ … ရှင့်ရဲ့ ရေချိုးဝတ်ရုံက အသင့်ဖြစ်ပါပြီရှင့် …” အိန်ဂျယ်က ပြောလိုက်ပြီး သူ၏ ရေချိုးဝတ်ရုံကို မြှူဆွယ်သည့် အပြုံးမျက်ဝန်းတို့ဖြင့် ကမ်းပေးလာခဲ့သည်။
“ အဲ့ဒီတော့ …”
“ အဲ့ဒီတော့ …” အိန်ဂျယ်က အံ့အားသင့်သွားသည့် အမူအရာဖြင့် “ ဒါရိုက်တာလင်းက ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား … အခုက ရေချိုးဝတ်ရုံလဲရမယ့် အချိန်လေ … ပြီးရင် နောက်အပိုင်းကို ခရီးဆက်လို့ရပြီ …”
“ မင်းပြောနေတာ ငါ ရေချိုးဝတ်ရုံ လဲနေတဲ့အချိန် မင်းက ငါနဲ့ အတူ ရှိနေမယ်လို့ ပြောချင်တာလား ….”
“ အပန်းဖြေတဲ့ နေရာရဲ့ စည်းမျဉ်းတွေက ကျွန်မတို့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လေ … အထူးတလှယ် လိုအပ်ချက်ရှိလို့ ညွှန်ကြားမှပဲ ကျွန်မတို့က ထွက်သွားခွင့်ရှိတာ …”
“ နားလည်ပြီ … ပိုက်ဆံက တကယ် အသုံးဝင်တာပဲ …”
ပြောရင်းဖြင့် လင်းရီက ရေချိုးဝတ်ရုံကို ယူပြီး လဲဖို့ ဟန်ပြင်လိုက်သည်။
သို့သော် … လင်းရီ အင်္ကျီချွတ်လိုက်သည့် အချိန်၌ အိန်ဂျယ်မှာ အလန့်တကြားနှင့် လှမ်းအနည်းငယ် နောက်ဆုတ်မိသွားခဲ့သည်။
“ ဆရာ … ရှင် ….”
လင်းရီ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်၏။ “ ဒီ ဒဏ်ရာတွေကိုလား ….”
“ ဟုတ် ….”
“ ငါ အရင်က အက်စီးဒင့် တစ်ခု ဖြစ်ခဲ့တော့ နည်းနည်းပါးပါး ဒဏ်ရာရသွားခဲ့တာလေ …. မင်းကြောက်တယ်ဆိုလည်း ငါနဲ့ မနေနဲ့ …. ဒီကကိစ္စတွေ ဘယ်လိုလည်ပတ်လဲ ငါနားလည်တယ် ….”
“ မဟုတ်တာ မဟုတ်တာ … အဆင်ပြေပါတယ် …”
အိန်ဂျယ် နေသားကျသွားဖို့အတွက် အချိန်သိပ်မပေးလိုက်ရ။
မည်သို့ပင်ဆိုစေ လင်းရီ၏ မျက်နှာက အမျိုးသမီးတိုင်းကို စွဲလမ်းစေသည့် မျက်နှာမျိုးပင်။
အရင်ကလည်း ဒဏ်ရာအမာရွတ်ရှိသည့် လူတော်တော်များများနှင့် သူမ ကြုံခဲ့ဖူးသည်။ လင်းရီလောက်တော့ မပြင်းထန်ကြပေမယ့်ပေါ့။
လင်းရီ အဝတ်လဲနေစဉ်တွင် အိန်ဂျယ်ကလည်း ငြိမ်ငြိမ်ရပ်မနေ။
လင်းရီရဲ့ ရှေ့မှောက်မှာပဲ ကိုယ်တုံးလုံး ချွတ်ချလိုက်သည်။ သူမ၏ ညီမငယ်လေးက လုံးဝကို ဘရာဇီးစတိုင်ဖြစ်၏။(ပြောင်ရှင်းနေသည်ကိုဆိုလိုသည်။)
ထို့နောက် အရှက်လုံရုံမျှသာ အုပ်သည့် ဘီကီနီကို ဝတ်လိုက်သည်။ ၎င်းအပေါ်တွင်မှ ရေချိုးဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတို့က အတော်လေး ကျင့်သားရဟန်တူ၍ သဘာဝကျနေပြီး မည်သည့် စိုးရိမ်ရှက်ရွံ့မှုမျိုးကိုမျှ မတွေ့ရပေ။
အဝတ်လဲပြီးနောက် အိန်ဂျယ်က လင်းရီကို သီးသန့်ရေပူစမ်း အခန်းသို့ ခေါ်သွားပေးသည်။
ဇစ်(ဇ်) …. ဇစ်(ဇ်) …
လင်းရီ ရေပူစမ်းထဲ စိမ်သည့် အချိန်မှာပဲ အိန်ဂျယ်၏ ဝေါ်ကီတော်ကီ အသေးစားလေးက အသံမြည်လာသည်။
“ အိန်ဂျယ် … နင် အလုပ်များနေလား … မများဘူးဆို ရှေ့ကောင်တာကို ခဏ လာခဲ့လို့ရလား ….”
“ အိုကေ … ခဏလေး …”
စကားပြောစက်ကို ပြန်ပိတ်လိုက်ရင်း အိန်ဂျယ်က လင်းရီကို တောင်းပန်တိုလျှိုးစွာ ကြည့်လာသည်။
“ ဒါရိုက်တာလင်း … ကျေးဇူးပြုပြီး ကျွန်မကို ခဏလောက် ခွင့်ပြုပါဦးနော်… ကောင်တာက ကျွန်မကို တစ်ခုခု ပြောစရာ ရှိလို့နဲ့တူတယ် …”
လင်းရီ များများစားစား မပြောပါဘဲ လက်ဝှေ့ယမ်းပြီး မျက်လုံးစုံမှိတ်လျက် တစ်ယောက်တည်း ထိုင်နေကာ ရေပူစမ်း၏ နွေးထွေးပြီး သက်တောင့်သက်သာ ဇိမ်ရှိမှုကို ခံစားနေသည်။
သို့သော် ငါးမိနစ် မပြည့်မီမှာပဲ အိန်ဂျယ်က အခန်းထဲ ပြန်ရောက်လာသည်။
သူမက ရေချိုးဝတ်ရုံကို ဖြေချလိုက်ပြီး ဘီကီနီလေးနှင့် ရေပူစမ်းထဲသို့ ကျော့ရှင်းစွာ ဆင်းစိမ်လိုက်၏။
“ ဒါရိုက်တာလင်း … ကျွန်မ တကယ့်ကို တောင်းပန်ပါတယ် … ကျွန်မ ကိစ္စတွေ ဖြေရှင်းပြီးသွားပြီ … ရေချိုးပြီးလို့ တစ်ခုခု တောင်းဆိုချင်တာ ရှိရင် ကျွန်မကို ပြောလို့ရတယ်နော်….”
“ နှိပ်နယ်ပေးတာ အပြင် မင်းတို့မှာ တခြား ဘာရှိသေးလဲ …”
“ ဘူဖေး ရှိတယ် ၊ ကတ်ဂိမ်းကစားတဲ့ အခန်း ရှိတယ် ၊ ဟိုလို ဖျော်ဖြေရေးခန်းတွေလည်း ရှိတယ် … ရှင် တွေးနိုင်တဲ့ အရာမှန်သမျှ အကုန်ရှိတယ် …”
“ မင်းတို့ပြောတဲ့ ကတ်ကစားတဲ့ အခန်းတွေနဲ့ ဖျော်ဖြေရေး အခန်းတွေက မရိုးရှင်းဘူးနဲ့တူတယ် ….”
“ ရှင်လည်း ကျွန်မစဉ်းစားနေတာကို တွေးနေတာမလား … ဒါကြောင့်မို့လည်း ဒီမှာ ဈေးနှုန်းက မြင့်နေတာလေ …” အိန်ဂျယ်က တခစ်ခစ် ရယ်မောလျက် ပြောလိုက်၏။ “ ပြီးတော့ ကျွန်မတို့ အကုန်လုံး ဆေးတွေ ပုံမှန်သောက်ကြတယ် ၊ သွေးလည်း စစ်ထားတယ် … ဘာရောဂါမှ မရှိဘူး … ဒါရိုက်တာလင်း ဘာမှ စိုးရိမ်ဖို့ မလိုဘူး ….”
ပြောရင်းဖြင့် အိန်ဂျယ်က ယုံကြည်ချက် အပြည့်ဖြင့် မတ်တပ်ရပ်လိုက်သည်။ ရေပူစမ်း၏ နွေးထွေးသည့် အငွေ့အသက်များနှင့် ရေများ တစက်စက်ကျနေသည့် သူမ၏ ခန္ဓာကိုယ်မှာ မူးယစ်ဆေးဝါးကဲ့သို့ စွဲမယ်ဖွယ်ရာ ကောင်းလွန်းလှသည်။
ထို့နောက် အိန်ဂျယ်က တက်ဘလက်ကို ယူပြီး ရေချိုးစင်တာ၏ သီးသန့်အက်ပ်ထဲသို့ ဝင်ရောက်ကာ မတူညီသည့် ခေါင်းစဉ်အမျိုးမျိုးနှင့် မိန်းကလေး အများအပြား ဓာတ်ပုံပါဝင်သည့် ကဏ္ဍတစ်ခုကို ဖွင့်လိုက်၏။
အဆိုပါ ကွာလတီ တစ်ခုတည်းနှင့်တင် ကျိုးဟိုင်မှာ အပြတ်သတ်ကို နောက်ကောက်ကျနေပြီး ဖြစ်၏။
“ ဒါရိုက်တာလင်း … ဒါကို တစ်ချက် ကြည့်ပါဦး … ရှင်ကြိုက်တဲ့လူ ရှိလား ရွေးလိုက် … မရွေးချင်ဘူးဆိုလည်း ကျွန်မ ရွေးပေးမယ် ….”
လင်းရီက တက်ဘလက်ကို ကိုင်ထားပြီး ခေတ္တမျှ ဘယ်ညာ ပွတ်ဆွဲကြည့်လိုက်သည်။
“ မင်းတို့တွေ တစ်ခုခု ဖြစ်မှာကို မကြောက်ဘူးလား … မင်းတို့ရဲ့ သူဌေးကို အကြီးစား ကစားနေတာပဲ …”
“ ဒါရိုက်တာလင်းက ကျွန်မတို့ရဲ့ လုံခြုံရေး အပိုင်းကို စိတ်ပူနေတာလား …” အိန်ဂျယ်က ပြုံးလိုက်ပြီး စကားကို ထပ်ဖြည့်ပြောလိုက်သည်။ “ အဲ့တာဆိုရင်တော့ ဒါရိုက်တာလင်း စိတ်ချထားလို့ရတယ် … ဘာပြဿနာမှ မရှိစေရဘူး… ကျွန်မတို့ ဖွင့်လာတာ ငါးနှစ် ၊ခြောက်နှစ် ရှိနေပြီ … အခုထိ ဘာပြဿနာမှ မကြုံသေးဘူး …”
“ မင်းတို့ သူဌေးရဲ့ နာမည်က ဘယ်သူတဲ့လဲ့ … ငါ သိလား ကြည့်ကြည့်ရအောင် ….”
ဤသည်ကို ကြားတော့ အိန်ဂျယ်၏ မျက်လုံးတို့ အရောင်လက်လာသည်။
အစောပိုင်းတုန်းက သူမ သူဌေး ဖုန်းခေါ်လာခဲ့ပြီး ဤလူကို အထူးဂရုစိုက်ပေးဖို့ မှာကြားခဲ့သည်။
သူ့ကို အပန်းဖြေသည့် နေရာတွင် ကြာနိုင်သမျှ ကြာကြာနေအောင် အချိန်ဆွဲထားဖို့ ဖြစ်၏။
ဒီတော့ … သူ့မှာ ထူးခြားတဲ့ အထောက်အထားများ ရှိနေတာလား …
ထိုအတွေးနှင့် အိန်ဂျယ် တုံ့ဆိုင်းခြင်း မရှိ ဖြေဆိုလိုက်သည်။
“ ကျွန်မတို့ သူဌေးရဲ့ နာမည်က မာကျန်းပါ … ဒါပေမယ့် သူ တကယ် ဘာလုပ်လဲတော့ ကျွန်မတို့လည်း မသိဘူး … သူ့ကိုက မြင်ဖို့ ခဲယဉ်းတယ် …”
“ မာကျန်း …”
လင်းရီ ရေရွတ်လိုက်သည်။ ထိုလူ အကြောင်း သူမသိ။ ထို လူဆယ့်နှစ်ယောက်ထဲက တစ်ဦး မဟုတ်နိုင်လောက်ချေ။
“ သွားစို့ … စိမ်လို့ ဝပြီ … အပေါ်တက်ပြီး အနှိပ်ခံမယ် …”
“ ဒါရိုက်တာလင်းက အခုထိ လူမရွေးရသေးဘူးလေ …”
“ စကေးကောင်းတဲ့ သုံးလေးယောက် ရွေးလိုက် … ဪ ဒါနဲ့ အကုန်လုံးက D cup နဲ့ အထက် ဖြစ်နေဖို့ အရေးကြီးတယ် ….”
အမှုက တစ်ကဏ္ဍ ၊ သို့သော် အနှိပ်ခံမည့် မွန်မြတ်ကြီးမြတ်လှသော လုပ်ငန်းစဉ်ကြီးကိုလည်း ကပျက်ကချော် လုပ်၍ မရပေ။
ဘာကြောင့်ဆိုတော့ နှစ်ခုလုံးက လုံးဝ မတူညီသည့် ကိစ္စများ ဖြစ်သောကြောင့် ဖြစ်၏။
“ သဘောပေါက်ပါပြီ ဒါရိုက်တာလင်း ….”
အိန်ဂျယ်၏ ဦးဆောင်မှုအောက်တွင် နှစ်ဦးလုံး တတိယထပ်သို့ ရောက်လာခဲ့ပြီး VIP အခန်းသို့ ရောက်လာခဲ့သည်။
အပြင်အဆင်နှင့် ပတ်သက်၍ လင်းရီ များများစားစား ပြောစရာ မရှိ။ သို့သော် ကျိုးဟိုင် ဟွာချင်း ရေကန်ထက်တော့ သာလွန်သည်။
အိပ်ရာပေါ်သို့ တွားသွားတက်လိုက်ရင်း လင်းရီ ကျိုးဟိုင်သို့ ပြန်ရောက်ပါက သူကိုယ်တိုင် ဒီလိုမျိုး စိတ်ကြိုက် စင်တာတစ်ခုလောက် တည်ထောင်လိုက်ရမလားဟု အတွေးဝင်မိသွားခဲ့သည်။
လင်းရီ ဝင်ရောက်ပြီး မိနစ် အနည်းငယ်ကြာတော့ နောက်ထပ် အမျိုးသမီး သုံးဦး ရောက်လာသည်။
သူတို့ထဲ နှစ်ယောက်က အတော်လေး ငယ်ရွယ်ကြပြီး ရုပ်ရည်သွင်ပြင်က အိန်ဂျယ်လောက် ဆွဲမက်ဖွယ် မကောင်းသော်ငြား ကိုယ်လုံးကိုယ်ပေါက်ကတော့ အံ့မခန်း လှပကြသည်။
ကျန်တစ်ယောက်က အသက် သုံးဆယ် အစောပိုင်း အရွယ်ဖြစ်ပြီး ရင့်ကျက်သည့် အမျိုးသမီး တစ်ဦးပင်။
နောက်ဆက်တွဲ ဘာလုပ်ရမလဲ ဆိုတာကတော့ ဖြစ်သည့် အရာများကို သဘာဝအတိုင်း ခံယူရုံမျှပင်။
အဆင့်မြင့် နှိပ်နယ်သည့် ဝန်ဆောင်မှုကို ခံစားပြီးနောက်တွင် ကျိုးဟိုင်သည် ဖန့်ချိန်ထက် ကြွယ်ဝသည့် မြို့ဖြစ်ပါသော်လည်း ၎င်း၏ နာမည်နှင့် အမှန်ပင် မလျော်ညီလှဟု လင်းရီ အတွေးဝင်မိသွားခဲ့သည်။
ကျိုးဟိုင်တွင်ဆိုပါက ဤသို့သော ဝန်ဆောင်မှုမျိုးကို ဘယ်မှာမှ ရှာမတွေ့နိုင်လောက်ချေ။
“ ဒါရိုက်တာလင်းရှင့် … ကျွန်မတို့ ဆားဗစ်ပေးတာ ဘယ်လိုနေလဲ ….” အိန်ဂျယ်က နားအနားကပ်၍ တီးတိုးမေးလာပြီး လူကို ကလိကလိ ဖြစ်လာစေသည်။
“ မဆိုးပါဘူး …”
လင်းရီ အိပ်ရာပေါ်တွင် ဝမ်းလျားမှောက် လဲလျောင်းနေရင်း ပုံမှန်ပဲ ပြန်ဖြေလိုက်သည်။
“ တခြား ဝန်ဆောင်မှုပေးတာရော လိုချင်သေးလား ….”
အမျိုးသမီး လေးယောက်လုံးက ယခုထက်ပိုသည့် ဝန်ဆောင်မှုတို့ တောင်းဆိုလာဖို့ကို မျှော်လင့်နေကြသည်။
သို့သော် ကံဆိုးစွာဖြင့် လင်းရီ၏ မြွေက တွင်းမြင်တိုင်း ဝင်အောင်းတတ်သည့် မြွေဟုတ်မနေခဲ့။
“ ဒီအတိုင်းပဲ ဆက်နှိပ်ထားဦး … ငါနည်းနည်းအိပ်ချင်နေတယ် … နိုးလာရင် ဆက်ပြောကြတာပေါ့ ….”
“ ဟုတ်ကဲ့ပါ … ဒါရိုက်တာလင်း နားလိုက်ဦးနော်… ကျွန်မတို့ ပြီးရင် သုံးလို့ရမယ့် အရုပ်လေးတွေလည်း ပြင်ထားလိုက်ဦးမယ် ….”
လင်းရီ ထိုနေရာတွင် လဲလျောင်းပြီး မျက်လုံးမှိတ်လျက် အိန်ဂျယ်၏ စကားကို ပြန်မဖြေတော့ချေ။
သို့သော် ထိုအချိန်မှာပဲ တံခါးပွင့်လာခဲ့ပြီး အပန်းဖြေစခန်း၏ မန်နေဂျာက တိုးတိုးနေရန် အချက်ပြလာသည်။
ရှုပ်ထွေးသွားခဲ့သည့် အိန်ဂျယ်ကတော့ ဒီတိုင်း ရိုးရှင်းစွာ မတ်တပ်ထလိုက်ပြီး ဘေးကပ်ရပ်နေလိုက်သည်။
မည်သည်ကိုမျှ ရှင်းပြချင်း မပြုပါဘဲ မန်နေဂျာက တခြား ကောင်မလေး သုံးဦးကို အပြင်သို့ ထွက်ရန် လက်ဟန်ပြလိုက်သည်။
“ အစ်ကိုကျန်း … ဒါက ဘာဖြစ်တာလဲ ….” အိန်ဂျယ်က နားဝေတိမ်တောင်ဖြစ်စွာ မေးလာခဲ့သည်။
“ တိုးတိုး … ဘာမေးခွန်းမှ မမေးနဲ့ … ငါ့နောက်လိုက်ခဲ့ …” မန်နေဂျာက သတိနှင့် တိတ်တိတ်လေး ညွှန်ကြားလာခဲ့သည်။
ဘာကြောင့်ဆိုတာကို နားမလည်ပါဘဲ အိန်ဂျယ်နှင့် တခြားသူလေးများမှာ အပြင်သို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။
ထိုအချိန်မှာပဲ ဂျင်းနှင့် အနက်ရောင် တီရှပ်ကို ဝတ်ထားသည့် အမျိုးသားတစ်ယောက်က နေကာမျက်မှန်နှင့် မာ့စ်တပ်လျက် လင်းရီ ရှိနေသည့် အခန်းထဲသို့ လှစ်ခနဲ ဝင်ရောက်လာကာ တံခါးကို အသံမမြည်အောင် သာသာလေး ပိတ်လိုက်သည်။
အခန်းက အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့ပြီး မာ့စ်နှင့် အမျိုးသားက သေနတ်တစ်လက်ကို ဆွဲထုတ်လာခဲ့ကာ လင်းရီအနားသို့ တည်ငြိမ်သည့် ခြေလှမ်းများဖြင့် တိတ်တိတ်လေး ချဉ်းကပ်လာသည်။
မီတာဝက် အကွာလောက်တွင် ရပ်တန့်ပြီးနောက် …
လင်းရီ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။
“ မင်းက ဒီကို လူသတ်ပြီး နှုတ်ပိတ်ဖို့ ရောက်လာတာလား …”
လင်းရီ မော့မကြည့်ဘဲ ညင်သာစွာ ပြောလိုက်သည်။