← Chapters

သူတို့တွေ ပြောကြတဲ့ အဆုံးသတ် ကစားပွဲဆိုတာ

Vol. 146 Ch. 2183

သူတို့တွေ ပြောကြတဲ့ အဆုံးသတ် ကစားပွဲဆိုတာ

Vol. 146 Ch. 2183

လင်းရီရဲ့အသံကို ရုတ်တရက် ကြားလိုက်ရတော့ မာ့စ်တပ်ထားသည့် လူ၏ လက်မှာ မသိမသာ တုန်ယင်သွားခဲ့သည်။

လေထုအခြေအနေက မွန်းကြပ်လေးလံနေချိန်မှာပဲ လင်းရီ အိပ်ရာပေါ်က ထလာသည်။

ထိတ်လန့်တကြားဖြစ်စွာဖြင့် မာ့စ်နှင့်လူမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားခဲ့ပြီး သူနှင့် လင်းရီကြား အကွာအဝေး တစ်ခုထားလိုက်သည်။

“ ငါ ဒီရောက်လာတာကို မင်း သိနေတယ် …”

“ မင်းက အခန်းထဲမှာ အိပ်ပျော်စေတဲ့ အမွှေးတိုင်ထွန်းထားတယ် … တခြားအရာတွေလည်း ထည့်ထားကောင်း ထည့်ထားမှာပေါ့ … မဟုတ်ရင် ငါ ဘာလို့ ဒီလောက်ထိ အိပ်ချင်နေမှာလဲ ….” လင်းရီက အသံနိမ့်၍ ပြောလိုက်ပြီး အိပ်ရာပေါ်တွင် ခြေတင်ပလ္လင်ခွေလျက် ထိုင်လိုက်၏။

“ မူမမှန်မှုနောက်ကွယ်တိုင်းမှာ အကြောင်းအရင်းတစ်ခုတော့ အမြဲတမ်း ရှိစမြဲပဲ … မင်း ဘယ်လောက်ပဲ သိုသိပ်ပါတယ်ပြောပြော ကျိုးဟိုင်ရဲ့ ဒီလိုမျိုး လုပ်ငန်း တစ်ဝက်ကျော်လောက်က ငါ့အားပေးမှုနဲ့ ရပ်တည်နေတာ … ဒီလို အသေးစား လှည့်ကွက်လေးက မပြောပလောက်ပါဘူး …”

ဤသည်ကိုကြားတော့ မာ့စ်တပ်ထားသည့် လူ၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့‌ရှေ့ရှိ ဤလူက သူ မျှော်လင့်ထားသည်ထက်ပင် ပို၍ ကိုင်တွယ်ရ ခဲယဉ်းနေသည်။

“ မင်းငါ့ကို ရှာတွေ့သွားလည်း အသုံးမဝင်ဘူး ….” မာ့စ်နှင့် အမျိုးသားက ပြောလိုက်ပြီး “ တစ်စုံတစ်ယောက်က မင်းအသက်အတွက် ယွမ် တစ်သန်း ပေးထားတယ် … မင်းကို ရှင်လျက် လွှတ်ပေးလိုက်ဖို့ မဖြစ်နိုင်ဘူး …”

“ ငါ့ အသက်က ယွမ် တစ်သန်းတည်း တန်တာပေါ့ ….”

လင်းရီ မေးထောက်ထားလျက် မာ့စ်တပ်ထားသည့် အမျိုးသား၏ သေနတ်ခလုတ် တင်ထားသည့် နေရာကို ကြည့်လိုက်သည်။

“ ငါ နှစ်သန်းပေးမယ် …. မင်း သေနတ်ကို ချလိုက် …”

“ ဆောရီးပဲ … ဒါက စည်းမျဉ်းကျင့်ဝတ်နဲ့ ဆိုင်သွားပြီ … ဒီနယ်ပယ်ထဲမှာ ရပ်တည်ဖို့ဆို ငါ့ရဲ့ ဂုဏ်သတင်းနဲ့လည်း ဆိုင်တယ် ….”

“ ဘာလဲ … ငါ မင်းကို လှည့်စားမယ်လို့ ထင်နေတနာလား … ဒါမှမဟုတ် နှစ်သန်းက သိပ်နည်းလွန်းတယ်လို့ ထင်ပြီး မင်းရဲ့ ဂုဏ်သတင်းကို မဖျက်စီးချင်တာလား … ငါ နားလည်ပါတယ် …”

ပြောရင်းဖြင့် လင်းရီက ရှန်းရှုရီ သူ့အား လက်ဆောင်ပေးထားသည့် Richard Miller နာရီကို ချွတ်၍ မာ့စ်တပ်ထားသည့် အမျိုးသားထံ ကမ်းပေးလိုက်သည်။

“ ဒီ နာရီက ၁၀ သန်းကျော်တန်တယ် … ဒါနဲ့ မင်းလက်ထဲက သေနတ်ကို ဝယ်မယ်ဆိုရင် တန်လား မတန်ဘူးလား …”

မာ့စ်နှင့် အမျိုးသားက ပရော်ဖက်ရှင်နယ် တစ်ဦးပင်။ သေနတ်ခလုတ်ပေါ်ရှိ သူ့လက်ညှိုးကို လုံးဝ လွှတ်မချဘဲ လင်းရီ ပစ်ပေးလာသည့် နာရီကို လှမ်းကြည့်လိုက်သည်။

“ အတု အစစ် ခွဲမရတဲ့ ပစ္စည်းနဲ့ ငါ့ကို အရူးလာလုပ်ချင်မနေနဲ့ … မင်းရဲ့ အကြံလေးက အလုပ်မဖြစ်ဘူး …”

“ အတုလို့ ထင်ချင်တယ်ဆိုလည်း မင်း ထင်လို့ရတယ် …” လင်းရီ လက်ဖြန့်ပြလျက် ပြောလိုက်ပြီး “ ငါ ပြောချင်တာက … မင်း အခု စိတ်ကို အေးအေးထားပြီး ဘာရူးမိုက်တာမှ လျှောက်မလုပ်နဲ့ … မင်း ငါ့ကို သတ်လို့မရဘူး … မင်း လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ငါနဲ့ အတူ ပူးပေါင်းပြီး မင်းကို ဘယ်သူ စေခိုင်းလိုက်လဲဆိုတာ ပြောပြဖို့ပဲ …”

“ မင်းက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲကွ … ဒါကြောင့်လည်း တစ်ဖက်လူက မင်းအသက်ကို တစ်သန်းတောင် ကမ်းလှမ်းလာတာ ဖြစ်မယ် …”

ပြောရင်းဖြင့် မာ့စ်နှင့် အမျိုးသားသ သေနတ်၏ လုံခြုံရေး ခလုတ်ကို ပိတ်လိုက်သည်။

“ လောကကြီးထဲက စွန့်ခွာဖို့ အဆင့်သင့် ပြင်ထားလိုက်တော့ … ဖန့်ချိန်ရဲ့ ရေက မင်းထင်တာထက် နက်တယ် … ဒီမှာ ဒီလိုဂိမ်းမျိုး လာမဆော့ချင်နဲ့ …”

ဘန်း ….

မာ့စ်နှင့် အမျိုးသားက ခလုတ်ကို ဆွဲလိုက်သည်။

ဝါနီရောင် ကျည်ဆံတစ်တောင့်က ဖြာထွက်လာခဲ့သည်။ သို့သော် သူ ခလုတ် မဆွဲခင် မီလီစက္ကန့်အတွင်းမှာပဲ လင်းရီက ကြိုတင် တုံ့ပြန်ထားပြီး ခေါင်းကို ဘေးဘက်ခြမ်းသို့ ရွေ့လျားထားပြီး ဖြစ်၏။ ကျည်ဆံကို အထိအခိုက်အပွန်းအပဲ့ မရှိ ရှောင်တိမ်းလိုက်သည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

မာ့စ်နှင့်လူက အံ့အားသင့်သွားခဲ့သည်။ ထိုအခိုက်အတန့်၌ သူ လက်ရှိ မြင်နေရတာက အိပ်မက်လား ၊ လက်တွေ့လား ၊ ဒါမှမဟုတ် သူ့ သေနတ်က အတုများလားဆိုပြီး တွေးတောမိသွားခဲ့သည်။

ဤလူက ကျည်ဆံကို ရှောင်လိုက်တယ် ….

ဝှစ်ခနဲ မြည်သံနှင့်အတူ လင်းရီရဲ့ ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားခဲ့သည်။

လျင်မြန်သည့် ချီတာကဲ့သို့ အိပ်ရာပေါ်က ထခုန်၍ မာ့စ်နှင့် အမျိုးသားထံသို့ ခုန်ဝင်လာခဲ့က သူ၏ ဝမ်းဗိုက်ကို အင်အားပြင်း လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ပြင်းထန်သည့် နာကျင်မှုက မာ့စ်နှင့် အမျိုးသား၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့ပြီး လက်ထဲရှိ သေနတ်လည်း အောက်သို့ ပြုတ်ကျသွားခဲ့ကာ ခန္ဓာကိုယ်မှာ C ပုံသဏ္ဌာန် ဖြစ်သွားခဲ့သည်။

လင်းရီ၏ အမူအရာကင်းမဲ့နေသည့် မျက်နှာထားကို ကြည့်ရင်း စောနတုန်းက လင်းရီ ပြောခဲ့သည့် စကားကို သူ ပြန်ပြီး မြင်ယောင်မိသွား၏။

အစမှ အဆုံးထိတိုင်အောင် သူက သားကောင် ဖြစ်နေခဲ့လေသည်။

သူ မလှုပ်ရှားခဲ့တာက မလှုပ်ရှားချင်သောကြောင့် ဖြစ်ပြီး မစွမ်းသာသောကြောင့် မဟုတ်ပေ။

“ ငါ‌ ပြောသားပဲ … သေနတ်ကို ချလိုက်ပါလို့ …. မင်း အခု နားလည်ပြီမလား …” လင်းရီ သမ်းဝေရင်း ပျင်းရိစွာ ပြောလိုက်သည်။

“ ငါ့ကို ပြောတော့ … မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ ….”

“ ဘယ်သူမှန်း ငါလည်း မသိဘူး … ငါတို့ ဝီချက်ကနေပဲ ဆက်သွယ်ကြတာ …”

“ ဝီချက်လား …”

“ စာပို့လာတဲ့လူရဲ့ နာမည်ဝှက်က ‘K’ … ငါ့ကို သီးသန့်ဆက်သွယ်လာခဲ့ပြီး မင်းကို သတ်ခိုင်းခဲ့တာပဲ …”

“ အဲ့ဖုန်း …. အခု မင်းမှာ ပါလာလား …”

“ မ .. မပါဘူး …” မာ့စ်နှင့် လူက သုံးလေးကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး လတ်ဆတ်သည့် သွေးအနည်းငယ်က လည်းချောင်းဝမှတစ်ဆင့် ထွက်လာခဲ့သည်။ “ ငါ တာဝန်ယူပြီးတာနဲ့ ဖုန်းကို အိမ်မှာပဲ ထားခဲ့တာ …”

“ ဒါက ထောင်ချောက်ဖြစ်နေမှာကို မင်း မကြောက်ဘူးလား … မင်းကို သူပေးလာတဲ့ နေရာမှာ ရဲတွေ ကြိုစောင့်နေခဲ့မယ်ဆိုရင်ကော …”

“ ငါတို့ အရင်ကလည်း အလုပ်အတူ လုပ်ခဲ့ဖူးတယ် … ပြီးတော့ အချင်းချင်းလည်း ဂုဏ်သတင်းကို အလေးထားတယ်… ငါ အများကြီး မတွေးဘူး …”

လင်းရီ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့သည်။ “ ဒီကိစ္စက စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ …..”

…….

ထိုအချိန်တွင် အနက်ရောင် Rolls-Royce Phantom တစ်စင်းက ရေချိုးစင်တာ ဝင်ပေါက်ဝတွင် ရပ်တန့်လာသည်။

သို့သော် လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်နေခဲ့၏။

အနောက်ခန်းထဲတွင် ထိုင်နေသူကတော့ အစောပိုင်းတွင် လင်းရီကို မည်သို့ ဖယ်ရှားမည့်အကြောင်း ဟွမ်စစ်ဟိုင်နှင့် ဆွေးနွေးခဲ့သည့် လျိုယွမ်ချိန်ကလွဲ၍ အခြားလူ မဟုတ်ချေ။

“ ဥက္ကဌဟွမ် …” လျိုယွမ်ချိန်က ဖုန်းထဲသို့ ပြောဆိုလိုက်သည်။

“ ငါ့လူကတော့ အပေါ်တက်သွားပြီ … ငါ အခု ဝင်ပေါက်ဝမှာ စောင့်နေတယ် … မကြာခင် သတင်းရမယ် …”

“ ငါ မင်းကို ယုံတယ် … ဘာပြဿနာမှ မရှိဘူးမလား …”

“ ဒီလောက် ကိစ္စကြီးကို ငါလည်း ဘယ်လို အမှားအယွင်းမှ ဖြစ်ခွင့် မပြုပါဘူး …” လျိုယွမ်ချိန်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် သေချာသွားအောင် ငါတို့တွေ အစိုးရအဖွဲ့ကိုလည်း ကြိုတင်ပြီး အကြောင်းကြားထားရင် ကောင်းမယ်ထင်တယ် … ဒီကို လူနည်းနည်းလောက် လွှတ်ထားပြီး ငါတို့ရဲ့ ဒုတိယ ခံစစ်စည်းအနေနဲ့ အသုံးချကြတာပေါ့ …”

“ မပူနဲ့ … ငါ အားလုံး စီစဉ်ထားပြီးပြီ … သူတို့ အခု အပန်းဖြေတဲ့နေရာကို လာတဲ့လမ်းမှာ …”

“ အိုကေ အဲ့ဒါဆိုဒါပဲ … မာကျန်း ငါ့ကို ဖုန်းခေါ်နေလို့ … ကြည့်ရတာတော့ အထက်က ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီတူတယ် … ငါတို့ နောက်မှ စကားဆက်ပြောကြမယ် …”

“ အိုကေ …”

လျိုယွမ်ချိန်က ဟွမ်စစ်ဟိုင်၏ ဖုန်းကို ချလိုက်ပြီး မာကျန်း၏ ဖုန်းကို ဆက်ကိုင်လိုက်၏။

“ ဥက္ကဌလျို … ပြီးပြီ … ငါ အခုလေးတင်ပဲ သေနတ်သံ ကြားလိုက်တယ် …”

“ တတိယထပ်မှာ ငါ့ကို စောင့်နေ … ငါ လာနေပြီ …”

“ အိုကေ …”

မာကျန်းနှင့် ဖုန်းပြောပြီးနာက် လျိုယွမ်ချိန် ကားထဲက ထွက်ကာ သူ့အင်္ကျီကို သပ်ရပ်အောင် ချိန်ညှိလိုက်သည်။ ထို့နောက် သူ့ဒရိုင်ဘာနှင့်အတူ ရေချိုးစင်တာထဲသို့ ခြေလှမ်းအကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့၏။

သူ ဝင်လာသည့် အချိန်၌ မန်နေဂျာက ဓာတ်လှေကားကို အဆင်သင့် ပြုလုပ်ထားပေးပြီး သူတို့နှစ်ဦးကို တတိယထပ်သို့ လျင်မြန်စွာ ခေါ်ဆောင်လာခဲ့ပေးသည်။ လင်းရီ၏ အခန်းနားတွင် သူတို့တွေ မာကျန်းနှင့် ဆုံသည်။

မာကျန်းက လျိုယွမ်ချိန်ထက် ခေါင်းတစ်လုံးစာ ပိုမြင့်ပြီး ခက်ထန်သည့် သွင်ပြင်ရှိသည်။

သို့သော် လျိုယွမ်ချိန်၏ ရှေ့တွင်တော့ သူက အင်မတန် ရိုသေလေးစားသည့် အမူအရာနှင့် ဖြစ်နေခဲ့၏။

“ ဥက္ကဌလျို … အခုဆို ပြီးလောက်ပြီ … အထဲ တစ်ချက် ဝင်ကြည့်ဦးမလား ….”

“ အလျင်လိုစရာ မလိုပါဘူး …” လျိုယွမ်ချိန်က တည်ငြိမ်စွာ ပြောလိုက်ပြီး “ အားစစ်တောင် ထွက်မလာသေးတဲ့ဟာ သူ ကျန်တဲ့ အလုပ်တွေ ပြီးအောင် အဆုံးသတ်နေတာ ဖြစ်မယ် … ဒီမှာပဲ စောင့်နေကြစို့ … ဘာပဲဆိုဆို အကုန်ပြီးစီးနေပြီပဲဟာ …”

“ ဥက္ကဌလျို သဘောပါပဲ …”

“ တတိယထပ်ကိုရော လူရှင်းပြီးသားလား ….”

“ ဧည့်သည်တွေကို တခြား အလွှာမှာ နေရာချပေးထားတယ် … စောင့်ကြည့်ရေး ကင်မရာတွေကိုလည်း ပိတ်ထားတယ် … ဘာသက်သေ အထောက်အထားမှ မကျန်ဘူး …”

“ လုပ်တာကောင်းတယ် …”

“ ဥက္ကဌလျိုက ချီးမွမ်းလွန်းနေပါပြီ … ဒါ ငါ့အလုပ်ပဲလေ … “

လျိုယွမ်ချိန်က နံရံကို ကျောမှီ၍ စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး သက်တောင့်သက်သာ ရှိနေသည်။ အလျင်စလို ဖြစ်သည့် မည်သည့် အမူအရာကိုမျှ မမြင်တွေ့ရချေ။

ကိစ္စများက ကိုင်တွယ်ပြီးစီးသွားပြီ ဖြစ်၏။ ထို့ကြောင့် မည်သည့် စိုးရိမ်စရာမှ မလိုတော့ချေ။

“ အလောင်းကို သေချာလေး ကိုင်တွယ်ဖို့လည်း မမေ့နဲ့ … ဘယ်သူ့မှ ရှာမတွေ့စေနဲ့ …” လျိုယွမ်ချိန် သတိပေးလိုက်သည်။

“ မှောင်လာတာနဲ့ ပင်လယ်ထဲ သွားလွင့်ပစ်ဖို့ လှေတစ်စီး ငါစီစဉ်ပေးမယ် … အဲ့ဒါပြီးရင် အကုန်ပြီးပြီ …”

“ ကိုယ့်ကိုယ်ကို အလုပ်ရှုပ်ခံစရာ မလိုပါဘူး ဥက္ကဌလျို .. ငါ့မှာလည်း လှေရှိပါတယ် … ငါ့လူတွေ ကိုင်တွယ်ပါလေ့စေ …”

“ အဲ့လိုလည်း အဆင်ပြေတယ် … လွဲမှားချော်မှားတာ မရှိစေနဲ့ …”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ …”

ချလပ် …

စီးကရက် တစ်ဝက်ကျိုးသွားသည့် အချိန်မှာပဲ အခန်းတံခါးက အထဲမှ တွန်းပွင့်လာသည်။

အပြင်တွင် ရှိနေကြသည့်လူတိုင်း ရပ်တန့်သွားကြ၍ အားစစ်ဆိုသည့်လူ ထွက်အလာကို စောင့်ပြီး အလောင်းကူသယ်ပေးဖို့ အဆင်သင့် ဖြစ်နေခဲ့ကြသည်။

သို့သော် တံခါး အပြည့်အဝ ပွင့်လာသည့် အချိန်၌ မြင်တွေ့လိုက်ရသည့်လူကို သူတို့ကိုယ်သူတို့ မယုံကြည်နိုင်ကြချေ။

“ လင်းရီ …”

All Chapters