← Chapters

ရန်ကို ရန်နဲ့ တုံ့ပြန်

Vol. 146 Ch. 2184

ရန်ကို ရန်နဲ့ တုံ့ပြန်

Vol. 146 Ch. 2184

လင်ရီ တံခါးဝတွင် မတ်တပ်ရပ်ရင်း သူ့ရှေ့ရှိ လူအနည်းကို ကြည့်လိုက်ကာ သူ၏ အကြည့်က ချက်ချင်းပဲ လျိုယွမ်ချိန်ထံသို့ ကျရောက်သွားခဲ့သည်။

သူ ချိုးယွီလော့ကို လူ ဆယ့်နှစ်ယောက် အကြောင်း စုံစမ်းထားခိုင်းသဖြင့် ၎င်းတို့၏ ဓာတ်ပုံများကို မြင်တွေ့ဖူးပြီး လျိုယွမ်ချိန်ကို တစ်ချက်ကြည့်လိုက်ရုံမျှနှင့် နာမည်နှင့် တွဲမိသွားခဲ့သည်။

သို့သော် ထိုအချင်းအရာကို သူ့ဘက်က ပြသရန် အလျင်လိုခြင်း မရှိပါဘဲ ပြုံးလျက် “ အားလုံး ဒီရောက်နေကြတာလား … တိုက်ဆိုင်ချက်ပဲ …”

လျိုယွမ်ချိန်နှင့် အခြားသူများမှာ အလွန်အမင်း တင်းကြပ်သွားခဲ့ပြီး သူ့တို့ ခန္ဓာကိုယ်များ ထိန်းချုပ်မရနိုင်စွာ နောက်သို့ ဆုတ်မိနေကြသည်။ သူတို့နှင့် လင်းရီကြားတွင် အကွာအဝေး စည်းတစ်ခု ခြားထားလိုက်၏။

“ မင်း … မင်း ဘယ်လိုလုပ်ပြီး ထွက်လာခဲ့တာလဲ ….”

“ နည်းနည်း‌တော့ အံ့ဩစရာပဲမလား ….” လင်းရီသည် လျိုယွမ်ခိျန်ကို ကြည့်၍ ပြောလိုက်သည်။ “ ခင်များ ပို့လာခဲ့တဲ့လူက သိပ်အသုံးမဝင်ဘူး … ကျုပ် လက်ချက်နဲ့ လျှောသွားပြီ …”

“ မင်း တကယ်ပဲ …..”

လျိုယွမ်ချိန်၏ ဦးရေပြားတို့ ကျိန်းစပ်သွားခဲ့သည်။ ထင်မှတ်မထားသည့် ပရမ်းပတာ အခြေအနေက သူ့ကို ဟန်ချက် ပျက်သွားစေခဲ့ပြီး ရှင်းပြဖို့ အခွင့်အရေး မရှိ ဖြစ်သွားစေခဲ့သည်။

သူ့ကတ်များကို စားပွဲပေါ်သို့ ချပြရုံကလွဲပြီး အခြား နည်းလမ်း မရှိတော့သည့်ပုံပင်။

“ ကျုပ်ကတော့ ဒီလိုအရာတွေက အခု အလကားပဲလို့ ထင်တယ် …” လင်းရီသည် လျိုယွမ်ချိန်ကို ကြည့်လိုက်ပြီး သူ၏ အသံက ဩရှနေခဲ့သည်။

“ ခင်များ ဘယ်သူလဲ ကျုပ်သိတယ် .. ပြီးတော့ ခင်များ လုပ်ခဲ့ဖူးတဲ့ အရာတွေကိုလည်း ကျုပ် သိထားတယ် … အခု ခင်များ ရွေးချယ်ရမယ့် အလှည့်ရောက်ပြီ ….”

“ မင်း ဘာပြောချင်နေတာ …”

“ ကျုပ် ဘာပြောချင်နေတယ်လို့ ခင်များ ထင်လဲ …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ဘေးနား ဘယ်သူလာရပ်မလဲ … မဟုတ်လည်း နည်းနည်းလောက် ခုခံကြပေါ့ … ခင်များတို့ကို ရွေးချယ်စရာ တစ်ခုပေးမယ် …”

ထိတ်ထိတ်ပျာပျာဖြစ်မှုက လူကို လာပြီး ရိုက်ခတ်သည်။

လျိုယွမ်ချိန် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့ခြေထောက်ပင် မခိုင်ချင်တော့ချေ။

လင်းရီ၏ အစွမ်းအစကို သူကောင်းကောင်းကြီး သိထားသည်။ သူတို့လူလေး အနည်းငယ်က သူ့အရှေ့တွင် လုံးဝ အခွင့်အရေး ရှိမှာ မဟုတ်ချေ။

အကယ်၍ သူသာ လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့မည်ဆိုပါက မည်သူမျှ လွတ်မြောက်နိုင်မှာ မဟုတ်ချေ။

“ သေစမ်း … မင်း ဒီကနေ ရှင်လျက် ထွက်မသွားနိုင်စေရဘူးကွ …”

လျိုယွမ်ချိန် မဆုံးဖြတ်ရသေးခင်မှာပဲ မာကျန်းက ဦးဆောင်ဆုံးဖြတ်လိုက်သည်။

သူက ဖန့်ချိန် ကုန်သည်ကြီးများ အသင်းနှင့် ရောနှော၍ ဖျော်ဖြေရေးအလုပ်ကို လုပ်ကိုင်နေသည်။ ယခု တရားဝင် လုပ်ကိုင်နေသော်လည်းပဲ ဓားပြဗီဇက မပျောက်ပျက်သေးဘဲရှိကာ တစ်ဖက်က စိန်ခေါ်လာသည်နှင့် မခံချင်စိတ်က ချက်ချင်းရုန်းကြွလာသည်။

မာကျန်း၏ အတွေးများက ဖန့်ချိန် ကုန်သည်ကြီးများအသင်းထဲ သူ၏ အခန်းကဏ္ဍကြောင့်ပင်။ သူက အဓိက အဖွဲ့ဝင်များက လက်ပါးစေ တစ်ယောက်သာ ဖြစ်သည်။ နားဝင်ဆိုးအောင် ပြောရမည်ဆိုပါက နောက်လိုက်ခွေးတစ်ကောင်သာ ဖြစ်၏။ သခင်ကို ရန်လိုလာပါက ဘာမျှ မတွေးတောဘဲ ကိုက်ဖို့သာ ခေါင်းထဲရှိလေသည်။

သူက လူဆိုပေမယ့် လျိုယွမ်ချိန်ကဲ့သို့ အဓိက အဖွဲ့ဝင် မဟုတ်သည့် အတွက် လင်းရီ၏ အစွမ်းအစ မည်သို့ ရှိကြောင်းကို မသိထားခဲ့ချေ။

သူ သိသည်မှာ ဤလူက ဖန့်ချိန် ကုန်သည်ကြီးများ အသင်းနှင့် ဇယားလာပတ်သက်ပြီး သူ မပြုသင့်ခဲ့သည့် အမှုကို ပြုခဲ့မိသည်။ ထို့ကြောင့် သကောင့်သားအား ချေမှုန်းချင်သည်။

သို့သော် သူက ပြဿနာတစ်ရပ်ကို အမြင်လျှမ်းသွားခဲ့သည်။ အကယ်၍ လင်းရီတွင်သာ အစွမ်းအစ မရှိဘူးဆိုပါက အားစစ်ဆိုသည့် လုပ်ကြုံရေး သမားသည် အခန်းထဲတွင် လဲလျောင်းနေရမှာ မဟုတ်ချေ။

မာကျန်း၏ ရက်စက်သည့် သဘာဝက ပေါက်ကွဲလာခဲ့ပြီး လင်းရီထံသို့ လက်သီးဝှေ့ယမ်းလာခဲ့၏။

လင်းရီ မျက်ခုံးပင့်လျက် တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းတို့ထဲ စူးရှသည့် အလင်းတန်းတို့ တောက်ပနေသည်။

ထို့နောက် လက်ကို ဆန့်တန်းပြီး ပြေးဝင်လာသည့် မာကျန်း၏ ဆံပင်ကိုဆွဲကာ နံရံနှင့် တိုက်ပေးလိုက်သည်။

ကျယ်လောင်သည့် အော်မြည်သံက ချက်ချင်းပဲ ထွက်ပေါ်လာခဲ့ပြီး မာကျန်းမှာ ငရဲတံခါးဝသို့ ဖြတ်သန်းသွားခဲ့ရသည့်နှယ် ခံစားသွားရသည်။

သူ့ခေါင်းပေါက်ပြဲသွားပြီး သွေတို့စီးကျနေသည်။ ကြမ်းပြင်ပေါ်သို့ လဲကျလျက် တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။

တစ်လှမ်းချင်း တစ်လှမ်း ၊ လျိုယွမ်ချိန်၏ အနားသို့ လင်းရီ ရောက်လာခဲ့သည်။

ထိုအချိန်၌ သူ၏ ဘော်ဒီဂတ်နှင့် ဒရိုင်ဘာမှာ သူတို့ ရပ်နေသည့် နေရာကနေ ခြေတစ်လှမ်းလေးပင် မရွေ့ဝံ့ကြပေ။

လင်းရီ၏ ရုန့်ရင်းကြမ်းတမ်းသည့် အရှိန်အဝါက ဘောင်းဘီထဲ သေးထွက်ကျလုနီးပါး ကြောက်ရွံ့သွားစေသည်။

လျိုယွမ်ချိန်၏ အမူအရာမှာ အေးစက်နေခဲ့ပြီး သူ၏ အသက်ရှူသံလည်း မြန်ဆန်လာခဲ့၏။

“ အခြေအနေကို ဒီထက်ပိုပြီး မဆိုးရွားစေချင်တော့ဘူး … မင်း ကြိုက်ဈေးပြောလိုက် … ဒီကိစ္စကို ဖြေရှင်းဖို့ မင်း ပိုက်ဆံ ဘယ်လောက်လိုချင်လဲ … ပြီးရင် ဒီကိစ္စကို ဒီမှာတင်ပဲ သင်ပုန်းချေကြမယ် …”

“ ခင်များ အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို မှတ်မိမှာပေါ့ … အဲ့ဒီ လုပ်ရပ်တွေကို ငွေနဲ့ ချေဖို့ အပြစ်ကြွေးတွေ ကြေမယ်ထင်လား …”

“ မကြေဘူးလား … လောကကြီးမှာ ငွေက အရာရာပဲ … ငါတို့မှာ အရင်းအမြစ်တွေ ပိုရှိတယ် … ဒီတော့ ငါတို့က လုပ်ပိုင်ခွင့်ပိုရှိတာ သဘာဝပဲ …”

လင်းရီ စိတ်မရှည်စွာ နားကလော်ရင်း ပျင်းရိစွာ ပြောလိုက်သည်။ “ ဥပဒေက ဘာလဲ ခင်များသိလား …”

“ သိတယ်လေ … ဒါပေမယ့် ဘာအသုံးဝင်လို့ … ငါ ဒီလောက်ထိ နှစ်တွေအများကြီး အလုပ်ကြိုးစားလာခဲ့တာ ဘာအတွက်လဲ …. စည်းမျဉ်းတွေကို ချိုးဖောက်နိုင်ဖို့ပဲ မဟုတ်ဘူးလား … “

လျိုယွမ်ချိန်က အတင်းအကြပ် တည်ငြိမ်နိုင်အောင် ကြိုးစားနေခဲ့သည်။ လင်းရီကို ဖြောင်းဖြသိမ်းသွင်း၍ အလေးမသာသည့် အခြေအနေသို့ ကျရောက်နေသည့် သူ၏ လက်ရှိ အနေအထားမှ ရုန်းထွက်ချင်နေသည်။

“ အဲ့တာက ခင်များရဲ့ ဘဝအပေါ် ရှုမြင်တဲ့ အမြင်ပေါ့ ….”

“ အတိအကျပဲ … ကမ္ဘာကြီးရဲ့ မူလစည်းမျဉ်းတွေကို မင်းနားလည်ဖို့ မျှော်လင့်တ် …”

“ တကယ်တော့ ကျုပ်တို့ဆီမှာ သက်သေအထောက်အထားတွေ ရှိထားပြီးသား … ဒီကိစ္စထဲ လူဆယ့်နှစ်ယောက် ပါဝင်ပတ်သက်နေတာလည်း ကျုပ်သိတယ် …. ဒီသက်သေတွေနဲ့ဆိုရင် ကျုပ်တို့ဘက်က အပြည့်အဝ အရေးယူနိုင်စွမ်းရှိတယ် … ဒါပေမယ့် သက်သေတွေ အဲ့ဒီထက်ပိုပြီး နည်းနည်းလောက် စုဆောင်းလိုက်တာက တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီး အဆင်ပြေစေတယ် .. ဒါပေမယ့် ခင်များက ဒီနေ့ ကျုပ်ကို သင်ခန်းစာ တစ်ခု သင်ပေးခဲ့တယ် … ယုတ္တိရှိတယ်လို့ ကျုပ်ထင်တယ် … လုပ်ငန်းစဉ်တွေကို ကျော်လိုက်တာက ဆိုးလည်းမဆိုးပါဘူး …”

လျိုယွမ်ချိန်မှာ သူ မှားယွင်းသည့် တစ်ခုခုကို ပြုမိခဲ့ပြီဟူ၍ အာရုံရနေသည်။

“ မင်း ဘာလုပ်ချင်နေတာလဲ …”

“ နိုဗယ်ထဲက ဇာတ်လိုက်တွေလိုမျိုး မျှတတဲ့ ပေးဆပ်မှုမျိုး လုပ်ဖို့ ဟန်ပြင်နေတာလေ …”

သူ့ စကားဆုံးသည်နှင့် လင်းရီ လက်မြှောက်ကာ လျိုယွင်ချိန်ကို မျက်နှာဖြတ်ရိုက်လိုက်သည်။

အပျော်အပါး အင်မတန် လိုက်စားသည့် အတွက်ကြောင့် လျိုယွမ်ချိန်သည် သူ၏ ကြံ့ခိုင်မှုဖြင့် လင်းရီ၏ ဤရိုက်ချက်ကို လုံးဝ တောင့်မခံနိုင်ခဲ့ချေ။ ကြမ်းပြင်သို့ ချက်ချင်း လဲကျသွားခဲ့၏။

“ မင်းကများ ….”

ဤမြင်ကွင်းက လျိုယွမ်ချိန်၏ ဒရိုင်ဘာနှင့် ဘော်ဒီဂတ်တို့အတွက် လွန်ကြူးသွားပြီ ဖြစ်ပြီး လင်းရီကို ဒေါသတကြီးနှင့် အော်ဟစ်လာခဲ့ကြသည်။

လင်းရီ မျက်ခုံးပင့်၍ လူသတ်အရှိန်အဝါတို့က ပျံ့နှံ့သွားခဲ့သည်။

“ ခင်များတို့တွေ ကိုယ့်နေရာကိုယ် ရပ်နေရင်ကောင်းလိမ့်မယ် … မဟုတ်ရင် အဆိုးမဆိုနဲ့ ….”

စကားတစ်ခွန်တည်းနှင့် သူတို့၏ အမူအရာများမှာ ချက်ချင်းပြောင်းလဲသွားပြီး ငြိမ်ကုပ်သွားခဲ့ကြ၏။

လင်းရီသည် လျိုယွမ်ချိန် အနားသို့ အိတ်ကပ်လက်နှိုက်လျက် လမ်းလျှောက်လာပြီး သူ့အား ငုံ့ကြည့်လိုက်သည်။

“ ခင်မျာက ဘီလီယမ်နာတစ်ယောက်နဲ့ မတူဘူး … ခွေးလေခွေးလွင့်နဲ့ပဲ တူတယ် …”

“မင်း … မင်း ဘာလုပ်မလို့လဲ …”

စကားတစ်ခွန်းမျှ မပြောပါဘဲ လင်းရီလှုပ်ရှားလာခဲ့သည်။ သူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်ကျောက်၍ ရှေ့သို့ မီတာတော်တော်များများ လွင့်ထွက်သွားစေသည်။

လျိုယွမ်ချိန်မှာ အပြင်းအထန် ချောင်းဆိုး၍ သွေးများ စီးကျလာခဲ့ကာ ကြမ်းပြင်တွင် လူးလှိမ့်နေရသည်။ ထိုအချိန်၌ သူက ခွေးလေခွေးလွင့်နှင့်ပင် မတူတော့ချေ။

လင်းရီ မီတာအနည်းငယ် လမ်းလျှောက်လာပြီး လျိုယွမ်ချိန် အရှေ့တွင် ရပ်တန့်ကာ မပြောမဆိုနှင့် ဘောလုံးကန်သလို ထပ်မံကန်ကျောက်လိုက်သည်။

ထိုမြင်ကွင်းကို အနောက်မှ ကြည့်နေသည့် မာကျန်းမှာ သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်နေမိပြီး လင်းရီ၏ လူသတ် အရှိန်အဝါတို့က သူ့ကို ဤနေရာကနေ ထွက်ပြေးချင်အောင် ပြုလုပ်နေသည်။

နောက်ထပ် အော်မြည်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး လျိုယွမ်ချိန်မှာ လင်းရီ၏ ကန်ချက်ကြောင့် တစ်ဖန် လွင့်ထွက်သွားခဲ့ပြီး မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးက သွေးများဖြင့် ပေကျံနေသည်ကို မြင်တွေ့လိုက်ရသည်။

နောက်ထပ် အကြိမ်အရေအနည်းငယ်လောက် ထပ်ကန်မည်ဆိုပါက အသက်ထွက်သွားမည်မှာ ကျိန်းသေပေါက်ပင်။

“ မလုပ်ပါနဲ့ … ကျေးဇူးပြုပြီး ….”

လျိုယွမ်ချိန် တိုးညှင်းသည့် အသံဖြင့် ကျန်ရှိသည့် ခွန်အားများကို ဖျစ်ညှစ်ကာ သနားညှာတာပေးရန် တောင်းပန်လိုက်သည်။

“ ငါ့အမှားငါ သိပါပြီ .. တောင်းပန်ပါတယ် … ထပ်မရိုက်ပါနဲ့တော့ ….”

“ စောနတုန်းကပဲ ကျုပ်ကို အရင်းရှင် သူဌေးကြီးတွေက ဘယ်လိုတွေ အာဏာကြီးကြောင်း ပြောနေတာ မဟုတ်ဘူးလား … ဆက်ပြီး ခင်များရဲ့ ဟန်ပန်အမူအရာကို ထိန်းထားလေ .. ခင်များ ဘယ်လောက်ထိ မာရည်ကြောရည်နိုင်လဲ ကျုပ် သိချင်တယ် …”

“ မဟုတ်ဘူး … ငါက သိမ်ဖျင်းတဲ့ကောင်ပါ .. အမှိုက်လိုကောင်ပါ … ကျေးဇူးပြုပြီး ရပ်ပေးပါတော့ …”

“ ဘာလို့ ဒီလောက်အမြန်ကြီး အရှုံးပေးလိုက်တာ … ကျုပ်က ဒီတိုင်း ပါမွှားရဲလေးတစ်ယောက်ပါပဲ … ကျုပ်ရဲ့ ဆိုရှယ် အဆင့်အတန်းက ခင်များနဲ့ လုံးဝ မယှဉ်သာဘူး … ခင်များရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ကျုပ်ကို သတ်လိုက်ဖို့က အလွယ်လေ … ဘာလို့ တောင်းပန်နေတာ …”

“ မပြောပါနဲ့ .. ငါတောင်းပန်ပါတယ် ..ငါ့အမှားပါ … ငါ မကျူးလွန်ခဲ့သင့်တဲ့ အမှားတွေ ကျူးလွန်ခဲ့မိတယ် … ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့ ….”

“ ခင်များက အဲ့လိုသာ ပြောနေတာ ကျုပ်စိတ်ထဲတော့ ခင်များက ကျုပ်ကို အပိုင်းတစ်ထောင်လောက် ပိုင်းချင်နေတယ်လို့ အာရုံရနေတယ် … ခင်များကို သတ်လိုက်တာကပဲ ကောင်းပါတယ် …”

“ မဟုတ်ဘူး ….” လျိုယွမ်ချိန် လဲလျောင်းရင်းနှင့် လက်ခုပ်ချီပြီး တောင်းပန်နေခဲ့သည်။

သို့သော် ထိုအချိန်မှာပဲ တင်းမာသည့် အမိန့်အပေးသံ တစ်သံက ထွက်ပေါ်လာသည်။

“ ရပ် ….”

All Chapters