အခန်း (၇၃၁-၇၃၅)
Vol. 30 Ch. 731-735
အခန်း(၇၃၁) မျက်နှာဖုံးနဲ့လူ (၂)
သို့သော် ဒီလူ့ ခွန်အားက အံ့အားသင့်ဖို့ကောင်းအောင် ကြီးမားလွန်းသည်။ စူစူလေး ဘယ်လောက်ပဲ အားထည့်ပြီး ဆွဲပါစေ သူတုပ်တုပ်ပင် မလှုပ်ချေ။
ဒါမျိုး ပထမဆုံး မြင်ဖူးတာပဲ!
သူမထက် ခွန်အားပိုကြီးတဲ့လူ!!
စူစူလေး မျက်လုံးပြူးသွားသည်။ ဒီလူ ဘယ်သူလဲ။ သူမထက် ဘာလို့ သန်မာနေရတာလဲ! လူသားတွေ အားလုံးနီးပါးက သူမကို အနိုင်မယူနိုင်ကြပါ။
“နင်က နတ်ယုတ်မာကြီးနဲ့ ဘာလို့တူနေရတာလဲ”
ဧကန္တ ဒီလူက နတ်ယုတ်မာကြီးများလား။
သို့သော်လည်း စူစူလေး ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ပါသည်။
မဖြစ်နိုင်ဘူး။ သူအနံ့က နတ်ယုတ်မာကြီးနဲ့ မတူဘူး!
နတ်ယုတ်မာကြီးရဲ့ အနံ့ကို သူမကောင်းကောင်း မှတ်မိတယ်!
စူစူလေး နှုတ်ခမ်းစူကာ ခြေထောက်ကို မြှောက်ဖို့ ကြံလိုက်သည်။
သူမရဲ့ ခြေထောက်လေးကို မြှောက်ဖို့ ကြံလိုက်တာနဲ့တစ်ပြိုင်နက် ချက်ချင်း အချုပ်ခံလိုက်ရပါသည်။
ခြေတစ်ဖက် လက်တစ်ဖက် အချုပ်ခံထားရသည့် စူစူလေး၏ ပုံစံမှာ ရယ်ချင်စရာကောင်းလွန်းပါသည်။
ယုန်လေးတစ်ကောင်လို အသည်းအသန် ရုန်းကန်နေသည်။
“စူစူလေး ရုန်းမနေပါနဲ့တော့။ မင်းငါ့ကို အနိုင်မယူနိုင်ပါဘူး”။ မျက်နှာဖုံးနဲ့လူက သရော်ပြုံးဖြင့် ပြောလိုက်သည်။
စူစူလေး မျက်နှာလွှဲလိုက်၏။ “အနိုင်မယူနိုင်လည်း အနိုင်မယူတော့ဘူး ဟွန်း!”
မျက်နှာဖုံးနဲ့လူက ရယ်မောကာ ပြောလိုက်သည်။ “ငါ့ကို တောင်းပန်ကြည့်လေ။ တောင်းပန်ရင် လွှတ်ပေးချင် လွှတ်ပေးမှာပေါ့”
“မ-တောင်း-ပန်-ဘူး!”
ဟွန်း!
ဆုတောင်းလေ! (အီးစားလိုက်!)
“သေချာစဉ်းစားနော်။ ငါ့ကို မတောင်းပန်ရင် စားစရာလည်း မပေးဘူး။ ကာတွန်းကားလည်း မကြည့်ခိုင်းဘူး။ တင်ပါးကိုလည်း ရိုက်မှာ!”
စူစူလေး မျက်နှာ အကျည်းတန်လာသည်။
သူပြောသည့် အချက်တိုင်းက ကြောက်ဖို့ကောင်းပါသည်။
“နင်ဘာလို့ အဲ့လောက် ရက်စက်ရတာလဲ!’။ စူစူလေး နှုတ်ခမ်းစူ ပါးဖောင်းကာ ဒေါသဖြင့် မေးလိုက်သည်။
“ငါက လူဆိုးလေ။ လူဆိုးမို့လို ဆိုးတာတွေ လုပ်သင့်တာပေါ့။ မဟုတ်ဘူးလား”။ မျက်နှာဖုံးနဲ့လူက အပြုံးဖြင့် ပြောလိုက်ပါသည်။
“ဟုတ်တော့ဟုတ်ပါတယ်…”။ စူစူလေး ခေတ္တစဉ်းစားကာ ခေါင်းခါလိုက်ပါသည်။ “မဟုတ်သေးပါဘူး လူဆိုး လုပ်တာ မကောင်းဘူးလေ! လူကောင်းပဲ လုပ်သင့်တာပေါ့!”
“လူကောင်းဘာလို့ လုပ်ရမှာလဲ။ လူကောင်းလုပ်ရတာ ပျင်းဖို့ကောင်းတယ်။ ဟိုဟာ မလုပ်ရဘူး ဒီဟာ မလုပ်သင့်ဘူးနဲ့။ အရမ်းပျင်းဖို့ကောင်းမှာ…”
“လူကောင်းလိုနေပြီး လုပ်လို့ရတဲ့အရာတွေ အများကြီးရှိတယ်! ပျင်းစရာ မကောင်းဘူး!”။ စူစူလေး ပြန်ချေပလိုက်သည်။
လုပ်လို့ရတာတွေ အများကြီးရှိတာကို ဘာလို့ ဘာမှလုပ်စရာမရှိဘူးလို့ ပြောရတာလဲ။
“ဒါဆိုပြောပါဦး။ လူကောင်းတစ်ယောက်က ဘာတွေ လုပ်လို့ရလဲ”။ မျက်နှာဖုံးနဲ့လူ အပြုံးဖြင့် ပြောလိုက်ပါသည်။
“ဘာလုပ်လို့ရလဲဆိုတော့… ဘာလုပ်လို့ရလဲဆိုတော့…”
ဘာလုပ်လို့ရပါလိမ့်…
စူစူလေး ဦးနှောက်ခြောက်ခံကာ အချိန်အကြာကြီး စဉ်းစားခဲ့သည်။ သို့သော် အဖြေပေါ်မလာခဲ့ပါ။
“မပြောတတ်ဘူးမလား။ မင်းမပြောတတ်ဘူးဆိုတော့ ငါလူဆိုးလုပ်တာ ဘာမှ မဖြစ်ဘူးဆိုတဲ့သဘောပဲပေါ့”
‘မဟုတ်ဘူး! ဖေဖေကော မေမေကော၊ နတ်ယုတ်မာကြီးကော လူဆိုးလုပ်တာ မကောင်းဘူးလို့ ပြောတယ်!”
သူမ မပြောတတ်ရင်တောင် လူဆိုးလုပ်လို့ မရပါ။ လူကောင်းပဲ လုပ်ရမည်။
“နတ်ယုတ်မာကြီးက လူဆိုးမဖြစ်အောင် သင်ပေးတယ် ဟုတ်လား။ အဲ့တာဆို သူက ဘာလို့ နတ်ယုတ်မာကြီး ဖြစ်သွားတာလဲ”။ မျက်နှာဖုံးနဲ့လူက ရယ်မောလိုက်ပါသည်။ သူ့အသံက ပြတ်သား ကြည်လင်နေသည်။ စူစူလေး ထင်ထားသလို ဆိုးဆိုးရွားရွားအသံကြီး မဟုတ်ပါ။
“မတူဘူးလေ!”။ စူစူလေး ရှင်းပြလိုက်၏။ “နတ်ယုတ်မာကြီးက အဲ့လို လူဆိုး မဟုတ်ဘူး။ သူဆိုးတာ မတူဘူး!”
“ဆိုးတာတောင် ပုံစံအမျိုးမျိုး ရှိတယ်ပေါ့”
“ရှိတယ်! နတ်ယုတ်မာကြီး ဆိုးတာက ငါ့ကို အနိုင်ကျင့်လို့!”။ စူစူလေး ရှင်းပြလိုက်သည်။
“အဲ့တာဘယ်သူပြောတာလဲ။ သူက မင်းတစ်ယောက်တည်းကို အနိုင်ကျင့်တာ မဟုတ်ပါဘူး”
“ဒါဆို တခြား ဘယ်သူ့ကို အနိုင်ကျင့်သေးလို့လဲ”
“ငါ့ကိုလေ”။ မျက်နှာဖုံးနဲ့လူက ပြန်ဖြေလိုက်သည်။
“နင့်ကို ဟုတ်လား”။ စူစူလေး ခေါင်းလေးစောင်းကာ ကြောင်စီစီဖြစ်သွားပါသည်။
“ဟုတ်တယ် သူက… ငါ့အပေါ် မကောင်းဘူး”
“နင်က လူဆိုးမို့လို့ နေမှာပေါ့! နတ်ယုတ်မာကြီးက နင့်လို လူဆိုးတွေကို လွင့်ထွက်သွားအောင် နှိမ်နင်းလိမ့်မယ်!”။ စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် မေးလိုက်သည်။
ထို့နောက် စူစူလေး မေးခွန်းတစ်ခု မေးလိုက်ပါသည်။ “နင်က နတ်ယုတ်မာကြီးနဲ့ သိလို့လား”
… … …
အခန်း(၇၃၂) တင်ပါးလေးက ရိုက်ချင်စရာလေး
“သိတယ်။ တစ်ယောက်နဲ့ တစ်ယောက်သိရုံတင် မဟုတ်ဘူး။ ရန်ငြှိုးလည်း ရှိတယ်” မျက်နှာဖုံးနဲ့လူက အဖြေ ပေးလိုက်ပါသည်။
“ဪ အဲ့တာဆိုရင် နင်က အရမ်းမဆိုးလောက်ပါဘူး”။ စူစူလေး ကောက်ချက်ချလိုက်သည်။
“ဟုတ်တယ်နော်။ ရန်သူရဲ့ ရန်သူက ကိုယ့်မိတ်ဆွေတဲ့။ မင်းနဲ့ နတ်ယုတ်မာကြီးက တကယ့်ရန်သူတွေ ဆိုရင်ပေါ့”
“ငါတို့က ရန်သူတွေ! သူငါ့ကို ကန်ထုတ်ခဲ့တာ!”။ စူစူလေး ဒေါသတကြီး ပြောလိုက်သည်။
“ဒါပေမယ့် သူမင်းကို ပျိုးထောင်ပေးခဲ့တာပဲ မဟုတ်ဘူးလား”
“ဟွန်း! ငါ့ကို အသုံးမကျဘူးလို့ ပြောတယ်! ငါက အရမ်းတုံးတယ်လို့လည်း ပြောတယ်!”။ နတ်ယုတ်မာကြီး သူမကို ပြောခဲ့သည့် စကားလုံးများက တစ်ခုထက်ပိုပါသည်။
“အဲ့လိုဆိုတော့လည်း နတ်ယုတ်မာကြီးက သိပ်ဆိုးတဲ့ပုံမပေါ်ပါဘူး…”။ မျက်နှာဖုံးနဲ့လူက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဆိုးတယ် သူက ဆိုးတယ်! ဒါနဲ့ နင်နတ်ယုတ်မာကြီးကို သိရင် သူအခု ဘယ်မှာရှိလဲ သိလား”။ စူစူလေး မေးလိုက်သည်။
“ငါသာသိရင် မင်းကို ရှာစရာတောင် လိုမှာမဟုတ်ဘူး။ သူ့ကိုရှာဖို့အတွက် မင်းကို အရင်ရှာခဲ့တာ”
“သူဘယ်မှာရှိလဲ ငါလည်းမသိဘူး။ နင်လူမှားနေပြီ!”
“မင်းကတော့ ဘယ်သိပါ့မလဲ။ ဒါပေမယ့် သူမင်းကို လာရှာမှာ သေချာတယ်။ အထူးသဖြင့် ငါ့လက်ထဲ မင်းရောက်နေတာကို မြင်ရင် သူဒီတိုင်း ဘာမှမလုပ်ဘဲ ရပ်ကြည့်နေနိုင်မယ် မထင်ဘူး”
သူ့ကို တိုက်ရိုက်ရှာတာထက်စာလျှင် ဒီနည်းလမ်းက ပိုအာနိသင်ရှိနိုင်သည်။
“ဒါဆို သူ့ကို ရှာတွေ့ရင် သူ့ကိုရိုက်ဖို့ ငါ့ကိုပါ ခေါ်သွားပေးပါလား”။ စူစူလေး တောင်းဆိုလိုက်သည်။
“သူ့ကို ရိုက်ဖို့ခေါ်သွားပေးရမယ် ဟုတ်လား”။ မျက်နှာဖုံးနဲ့လူ စိတ်ဝင်တစား မေးလိုက်ပါသည်။
“ဟုတ်တယ် သူ့ကို ကလဲ့စားချေရမယ်!”
ဒါကိုကြားတော့ မျက်နှာဖုံးနဲ့လူက ရယ်မောလိုက်ပြန်သည်။ “မင်းငါ့ကိုတောင် အနိုင်မယူနိုင်ဘဲနဲ့ သူ့ကို ကလဲ့စား ချေချင်သေးတယ်ပေါ့”
ပြောပြောဆိုဆိုနဲ့ စူစူလေးကို ခြေတစ်ဖက် လက်တစ်ဖက်မှ ကိုင်ကာ လေထဲသို့ မြှောက်လိုက်သည်။ ထို့အခါ စူစူလေး လေထဲမှာ တန်းလန်းဖြစ်နေလေသည်။
ထို့နောက် မျောက်သစ်ကိုင်း လွှဲသလို ရှေ့နောက် လွှဲရမ်းလေသည်။
စူစူလေးမှာ ကြက်ပေါက်လေးတစ်ကောင်လို ကူရာကယ်ရာမဲ့ ဖြစ်သွားလေသည်။
စူစူလေး ဒေါသအလွန်ထွက်သွားပြီး ပါးများ ဖောင်းလာပါသည်။ “ဟွန်း! ငါအသက်ကြီးလာရင် ဒီ့ထက် အများကြီး ပိုသန်မာလာမှာ! နင့်ကိုလည်း မရှုံးတော့ဘူး! နတ်ယုတ်မာကြီးကိုလည်း ရှုံးမှာ မဟုတ်တော့ဘူး!”
အခု လေထဲမှာ တန်းလန်းဖြစ်နေရင်တောင် စိတ်ဓာတ်ခွန်အားရှိပါသေးသည်။
“ယုံပါတယ်။ မင်းမိဘတွေ ဘယ်လောက် စွမ်းအားကြီးသလဲဆိုတာ ငါမြင်ခဲ့ပြီးပြီ။ နှစ် ၁၀၀ ကျော်တာတောင် မင်း ဘာမှ တိုးတက်မလာသေးတာတော့ စိတ်ပျက်စရာပဲ။ အခုချိန်ထိ ကလေးအဖြစ် ရှိနေတုန်းပဲ”
“ငါ့ကို တိုးတက်မလာဘူးလို့ မပြောနဲ့!”
ဒီလူက တော်တော်ဆိုးပါလား! နတ်ယုတ်မာကြီးနဲ့ တစ်လေသံတည်းပဲ!
စူစူလေး၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ပြီး မျက်နှာဖုံးနဲ့လူ ပိုမိုကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။
“ပြောတယ် ပြောတော့ ဘာလုပ်ချင်လဲ။ နတ်ယုတ်မာကြီးနဲ့ သွားတိုင်မှာလား”
“မတိုင်ဘူး! ငါ့ဖာသာငါ ကလဲ့စားချေမှာ! ငါအများကြီး ပိုသန်မာလာမှာ!။ နတ်ယုတ်မာကြီးကို အရင်ဆုံး သွားရိုက်မယ် ပြီးရင် နင့်ကို လာရိုက်မယ်! တင်ပါးကို ပန်းပွင့်တဲ့အထိ ရိုက်ပစ်မယ် စောင့်ကြည့်နေ!”။ စူစူလေး အရှိန်အဝါကြီးစွာ ခြိမ်းခြောက်လိုက်ပါသည်။
“ဟုတ်ပါပြီ။ ငါ့တင်ပါးကို ပန်းပွင့်တဲ့အထိရိုက်မှာကို စောင့်နေပါ့မယ်”။
“ဟွန်း!”
“ဒါပေမယ့် အခုချိန်မှာ တင်ပါးကို ပန်းပွင့်အောင် ရိုက်သင့်တာ ငါမဟုတ်ဘူးလား”။ စူစူလေး၏ တင်ပါးလေးဆီ သူမျက်စိရောက်သွားသည်။
ဒါကိုကြားတော့ စူစူလေးက ကျန်လက်တစ်ဖက်ဖြင့် သူမရဲ့ တင်ပါးလေးကို ကာကွယ်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း သူမရဲ့ တင်ပါးလေးထက် သူမလက်က သေးငယ်လွန်းသဖြင့် အပြည့်အဝ မကာကွယ်နိုင်ပါ။
“ငါ့တင်ပါးကို မရိုက်နဲ့နော်!”
“ဘာလို့ မရိုက်ရမှာလဲ။ ငါ့တင်ပါးကို ရိုက်မယ်လို့ မင်းအရင်ပြောတာလေ။ အဲ့တာကြောင့် မင်းတင်ပါးကို ငါရိုက်တာလည်း ဘာပြဿနာမှ မရှိလောက်ဘူးမလား။ ပြီးတော့ မင်းတင်ပါးက သေးသေးလေး၊ ရိုက်လို့လည်း ကောင်းမယ့်ပုံပဲ”
“ဘာမှ ရိုက်လို့မကောင်းဘူး!”။ စူစူလေး အမြန်ငြင်းလိုက်သည်။
“ရိုက်လို့ကောင်းတာ မကောင်းတာ ရိုက်ကြည့်မှ သိမှပေါ့”
… … …
အခန်း(၇၃၃) ငါ့ကို ဆရာတင်မလား (၁)
ထိုသို့ပြောပြီးနောက် စူစူလေးကို ကုတင်ပေါ် မှောက်လျက်သား တင်လိုက်သည်။ ထို့နောက် သူမ တင်ပါးလေးကို ရိုက်နှက်ဖို့ ပြင်လိုက်ပါသည်။
သူမ တင်ပါးလေး ရိုက်နှက်ခံရတော့မှာကို အာရုံခံမိသဖြင့် စူစူလေး အကျယ်ကြီး အော်ဟစ်လိုက်သည်။
“အား!!!”
အော်သံနဲ့တူ စူစူလေး၏ ခန္ဓာကိုယ်မှ ကြီးမားသော တွန်းအားတစ်ခု ထွက်လာသည်။
အခန်းထဲက ပစ္စည်းတွေ အကုန် လွင့်ထွက်ကုန်လေသည်။
မျက်နှာဖုံးနဲ့လူလည်း လွင့်ထွက်သွားသည်။ ဒယိမ်းဒယိုင်နဲ့ မတ်တပ်ပြန်ရပ်လိုက်ပြီးနောက် စူစူလေးနဲ့ ၃ မီတာ အကွာကို ပြန်ရောက်လာခဲ့ပါသည်။
သာမန်လူတစ်ယောက်သာဆို အခန်းအပြင်ကို သူလွင့်ထွက်သွားလောက်ပါပြီ။
သူမတင်ပါးကို ရိုက်နှက်ချင်သည့် ထိုလူ လွင့်ထွက်သွားတာကို မြင်ပြီး စူစူလေး ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
သို့သော် သူမ ခုန်ဆင်းလိုက်တာနဲ့တစ်ပြိုင်နက် မျက်နှာဖုံးနဲ့လူက ဖမ်းမိသွားလေသည်။
နောက်တစ်ဖန် သူမကို ကြက်ပေါက်လေး တစ်ကောင်လို လေထဲမှာ ဆွဲမြှောက်ထားလိုက်ပြန်သည်။
“ကလေးမလေး ငါမင်းကို အထင်သေးလိုက်မိပြီ။ အရင်ကထက် ပိုသန်မာလာပေမယ့် မထိန်းချုပ်နိုင်သေးဘူး မဟုတ်လား”
“ဟွန်း! နင့်အပူမပါဘူး! ကိုယ့်အလုပ်ကိုယ်လုပ်!”
“အေး ငါလည်း ကိုယ့်အလုပ်ကိုယ်ပဲလုပ်မှာပါ!”။ မျက်နှာဖုံးနဲ့လူက စူစူလေးကို ကုတင်ပေါ် ပြန်ပစ်တင်လိုက်သည်။ “ငါ့လက်က လွတ်အောင် ဘယ်လိုလုပ်ရမလဲ သေချာစဉ်းစားနော်။ မဟုတ်ရင် မင်းတင်ပါးကို ရိုက်တော့မှာ!”
မျက်နှာဖုံးနဲ့လူက စူစူလေး၏ တင်ပါးကို ရိုက်နှက်မည်ဟု ထပ်ပြီး ခြိမ်းခြောက်ပြန်သည်။
စူစူလေး နှုတ်ခမ်းစူကာ ပြောလိုက်၏။ “မစဉ်းစားဘူး!”
သူခိုင်းတဲ့တိုင်း လိုက်လုပ်ရင် သိက္ခာကျမှာပေါ့!
သူမက စွမ်းအားကြီးတဲ့ ပိုင်ကျဲနတ်သားရဲပဲဥစ္စာ!
“တကယ်လား အဲ့တာဆို ရိုက်ပြီနော်!”
ပြောပြောဆိုဆိုနဲ့ သူ့လက်ကိုမြှောက်ကာ စူစူလေး၏ တင်ပါးကို ရိုက်ဖို့ ရွယ်လိုက်သည်။
“အား!!!”
စူစူလေး မထိန်းနိုင်ဘဲ ထပ်အော်လိုက်ပါသည်။
ဒီတစ်ခါတော့ အမိုးတည့်တည့်ကို မိုးကြိုးပစ်ချလေသည်။ ဧရာမ မိုးကြိုးပစ်သံကြီးက အလွန်ကျယ်လောင်ပြီး နားတွေပါ အူထွက်သွားနိုင်သည်။
မျက်နှာဖုံးနဲ့လူက ပြူတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရာ လျှပ်စီးတွေလက်နေပြီး ကောင်းကင်ကြီးလည်း အရောင်ပြောင်းသွားပါသည်။
အကြောင်းအရင်းမသိသည့်လူဆိုလျှင် အကုသိုလ်ကြီးသည့်လူတစ်ယောက်ကို မိုးကြိုးပစ်ချသွားတာ ဖြစ်မည်ဟု ထင်သွားလောကသည်။
ကံကောင်းစွာဖြင့် သူရှိနေသည့် အဆောက်အဦးမှာ မိုးကြိုးလွှဲတပ်ထားပါသည်။
၁၀ စက္ကန့်ခန့် ကြာပြီးနောက် လျှပ်စီးလက်တာတွေ ရပ်တန့်သွားသည်။ စူစူလေးက မျက်နှာဖုံးနဲ့လူကို နှုတ်ခမ်းစူလျက် ကြည့်နေပါသည်။
မျက်နှာဖုံးနဲ့လူက အားရပါးရ ရယ်မောလိုက်၏။ “မင်းလှည့်ကွက်တွေ တော်တော် သုံးတတ်နေပြီပဲ”
“ငါက အများကြီး သုံးတတ်တယ်! ငါ့တင်ပါးကို ရိုက်ဖို့ စိတ်မကူးနဲ့နော်! နင့်ကို မတော်တဆ သတ်မိလိမ့်မယ်! အရမ်း အန္တရာယ်များတယ်! မနောက်ဘူး အတည်ပြောတာ”။ စူစူလေး သတိပေးလိုက်သည်။
စူစူလေး မထိန်းချုပ်နိုင်ပါ။ သူမ ဒေါသထွက်မှ အလိုလိုထွက်လာတတ်သည်။ တိတိကျကျ ဘယ်လိုထိန်းချုပ်ရမလဲ သူမ မသိပါ။
ထို့ကြောင့် ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူကို စကားလုံးဖြင့်သာ ခြိမ်းခြောက်နိုင်လေသည်။
သူမရဲ့ ခပ်လန်းလန်း ခပ်မိုက်မိုက်စွမ်းအင်များကြောင့် ဒီလူ ကြောက်လန့်သွားပြီး သူမရဲ့ တင်ပါးလေးကို မရိုက်တော့ဖို့သာ ဆုတောင်းမိသည်။
“ဒါပေမယ့် မင်းမထိန်းချုပ်နိုင်ဘူးမလား”။
“ဘယ်လိုလုပ်သိတာလဲ”။ စူစူလေး အံ့အားသင့်စွာ မေးလိုက်သည်။
သူ့ကို အရူးလုပ်မလို့ဥစ္စာကို! ဘယ်လို သိသွားတာလဲ။
“ဟားဟားဟား…”။ စူစူလေး ကြောင်စီစီဖြစ်သွားတာကို မြင်သောအခါ ထိုလူ ထပ်မံ ရယ်မောလိုက်ပြန်သည်။
“မရယ်နဲ့!” စူစူလေးက အမိန့်ပေးလိုက်ပါသည်။
သို့သော်လည်း ထိုလူက တားမရအောင် ရယ်မာနေသည်။
“နင်လည်း နတ်ယုတ်မာကြီးနဲ့ တူတူပဲ!”။ ကုတင်ကို စူစူလေး ခြေထောက်နဲ့ ဆောင့်လိုက်သည်။
ထိုအခါ ကုတင်ကျိုးကျသွားပြီး ကုတင်အမိုးပိတ်စကြီးပါ ပြုတ်ကျကာ စူစူလေး ပိသွားသည်။
ခဏကြာတော့ ပိတ်စကြီးကို ဖြဲရင်း စူစူလေး ခေါင်းပြူထွက်လာ၏။
ထိုစဉ် မျက်နှာဖုံးနဲ့လူက သူမကို မေးလိုက်သည်။ “ကလေးမလေး၊ မင်းရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်အောင် ငါသင်ပေးမယ် ဆိုရင်ကော”
… … …
အခန်း(၇၃၄) ငါ့ကို ဆရာတင်မလား (၂)
စူစူလေး မယုံသင်္ကာဖြစ်သွား၏။ “နင်က လူဆိုးမဟုတ်ဘူးလား”
“သေချာတာပေါ့”
“အဲ့တာဆို ဘာလို့ ငါ့ကို သင်ပေးချင်တာလဲ”
“ငါက ကောင်းတာလုပ်ဖို့ ကြိုးစားနေတာလို့ မင်းကို ဘယ်သူပြောလဲ။ ငါ့မှာ ရည်ရွယ်ချက်ရှိတယ်။ မင်းရဲ့ နတ်ယုတ်မာကြီးကို အနိုင်ယူချင်လို့ မင်းကို သင်ပေးမှာ”
“ဪ…”
ဒီလိုဆိုတော့လည်း သူမ နားလည်သလိုလိုရှိပါသည်။
“ဒါပေမယ့် အဲ့တာ ကောင်းတာလုပ်တာပဲ မဟုတ်ဘူးလား”။ စူစူလေး မေးလိုက်၏။
မျက်နှာဖုံးနဲ့ လူက ပြုံးလိုက်သည်။ “အဲ့တာဆို လူကောင်းလုပ်ရတာ အဲ့လောက်လွယ်တယ်ပေါ့”
“ဘယ်လောက်ခက်မှာမို့လို့လဲ”။ စူစူလေး ပြန်ချေပလိုက်ပါသည်။
အစကတည်းက လွယ်ကူတဲ့ အရာပဲ မဟုတ်ဘူးလား။ ဘာလို့ လူဆိုးလုပ်မှာလဲ။ လူဆိုးလုပ်ရတာ အရမ်းရှုပ်ပြီး ပျော်စရာလည်း မကောင်းဘူးမလား။
“ငါစဉ်းစားလိုက်ပါ့မယ်”။ မျက်နှာဖုံးနဲ့လူက အတည်တစ်ဝက် အနောက်တစ်ဝက်ပြေလာိုက်သည်။
“ဟုတ်ပြီ! သေချာ စဉ်းစားလိုက်!”။ စူစူလေး ပြောလိုက်သည်။ ထို့နောက် သူမ သေချာစဉ်းစားလိုက်၏။ “ဒါနဲ့ နင်က တကယ်သင်ပေးနိုင်လို့လား။ အရမ်းခက်တယ်နော်!”
“ငါ့အစွမ်းအစကို မေးခွန်းထုတ်နေတာလား။ မင်းတင်ပါးလေးကို ရိုက်ပြီး ငါ့ခွန်အားကို သက်သေပြရမယ်ထင်တယ်”
“မဟုတ်ဘူး!”။ စူစူလေး အမြန်ခေါင်းခါလိုက်သည်။ “နင်က အရမ်းတော်တယ်လို့ ရုတ်တရက်ကြီး ခံစားမိသွားပြီ! ငါ့ကို သင်ပေးနိုင်မှာပါ!”
“ဟားဟားဟားဟား” မျက်နှာဖုံးနဲ့လူက စူစူလေးကို လှောင်ပြောင် ရယ်မောလိုက်ပါသည်။
“မရယ်နဲ့လို့ပြောနေတယ်! နင်ရယ်ရင် စကားမပြောတော့ဘူး!”။ စူစူလေး ခက်ထန်စွာ ပြောလိုက်သည်။ သူမ သိက္ခာတွေ ကျဆင်းနေပါပြီ။
“ဟုတ်ပါပြီ မရယ်တော့ပါဘူး”။ မရယ်တော့ဘူးဟု ဆိုသော်လည်း မျက်နှာဖုံးအောက်မှ ရယ်သံတွေ ထွက်နေတာ ကြားနိုင်သည်။
ခဏကြာမှ မျက်နှာဖုံးနဲ့လူ ရယ်မောနေတာကို ရပ်လိုက်ပြီး စူစူလေးအား မေးလိုက်ပါသည်။ “ဒါဆို ငါ့ကို ‘ဆရာ’လို့ တစ်ခါလောက်ခေါ် ဟုတ်ပြီလား”
“ငါ့မှာ ဆရာရှိပြီးသား~”။ စူစူလေး ပြန်ဖြေလိုက်သည်။
“ဆရာရှိပြီးသား ဟုတ်လား။ နတ်ယုတ်မာကြီးကို ပြောတာလား”
“မဟုတ်ပါဘူး!”။ စူစူလေး ခေါင်းခါလိုက်သည်။ “သူ့ကို ဆရာလို့မခေါ်ချင်ပါဘူး! သူက ငါ့ကို ငတုံးလို့ အမြဲတမ်း ခေါ်တာ!”
“အဲ့တာဆို ဘယ်သူလဲ”
“ဆရာလေ!”။ စူစူလေးက မျက်နှာဖုံးနဲ့လူကို ကျပ်မပြည့်ဘူးလားဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ဒီလူက တော်တော်တုံးလို့ဖြစ်မယ်။ အဲ့တာကြောင့် သူများတွေကို မျက်နှာပြရမှာ ရှက်လို့ မျက်နှာဖုံး တပ်ထားတာ ဖြစ်နိုင်တယ်!
“မင်းဆရာက မင်းကို စွမ်းအားကြီးလာအောင် သင်ပေးနိုင်လို့လား” မျက်နှာဖုံးနဲ့လူ မေးလိုက်သည်။
“မသင်ပေးနိုင်ဘူး။ ငါ့ဆရာက မတိုက်ခိုက်တတ်ဘူး”
“မတိုက်ခိုက်တတ်ရင် ဘာလို့ ဆရာအဖြစ် သတ်မှတ်တာလဲ”။ စူစူလေး၏ အဖြေကို သူစိတ်ဝင်စားသွားသည်။
“မတိုက်ခိုက်တတ်တဲ့သူက ဘာလို့ ဆရာလုပ်လို့မရရမှာလဲ’
“ဟုတ်ပါပြီ။ မတိုက်ခိုက်တတ်တဲ့ ဆရာတစ်ယောက်က ဘာတွေသင်ပေးတာလဲ သိချင်လို့ပါ”။ မျက်နှာဖုံးနဲ့လူ မေးလိုက်သည်။
“လူတွေကို အကဲခတ်နည်းသင်ပေးတယ်။ ပြီးတော့ အနာဂတ်ကို ခန့်မှန်းနည်း၊ ပြီးတော့ တခြားသူတွေ မသိတဲ့ အရာတွေကို ခန့်မှန်းနည်း အများကြီး အများကြီး သင်ပေးတယ်” စူစူလေး ပြောလိုက်သည်။
သူမ ဆရာသင်ပေးထားသည့် အရာတွေက အလွန်ရှုပ်ထွေးပါသည်။ အကုန်လုံးကို မမှတ်မိနိုင်ပါ။
အဲ့တာ… ဗေဒင်ဟောတာကို ပြောနေတာမလား…
ဒီကလေးမလေး ဆရာအတုအယောင် တစ်ယောက်နဲ့ ဆုံခဲ့တာများလား။
ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူးလေ…။
“ဆရာရှိပြီးသားဆိုရင်တောင် နောက်ထပ်ဆရာတစ်ယောက် ထပ်တင်လိုက်လို့ ဘာမှ ဆိုးကျိုးမရှိပါဘူး ဟုတ်တယ်မလား။ လာပါ၊ ငါ့ကို ဆရာလို့ ခေါ်လိုက်စမ်းပါ။ ငါ့ကို ဆရာလို့ခေါ်ရင် မင်းတင်ပါးလေးကို ဘယ်တော့မှ ထပ်မရိုက်တော့ဘူး”။
“မခေါ်ဘူး။ တခြားသူတွေကို ဆရာမတင်ပါဘူးလို့ ဆရာ့ကို ကတိပေးထားတယ်! ကတိဆိုတာ တည်ရတယ်။ တင်ပါးကို ပန်းပွင့်အောင် အရိုက်ခံရရင်တောင် ကတိဖျက်လို့ မရဘူး!”
“မင်းဒီလောက် စိတ်ချရမှန်း မသိခဲ့ဘူး”
“ဒါပေါ့! လူသားတစ်ယောက်ဆိုတာ… အဲ နတ်သားရဲတစ်ကောင်ဆိုတာ ရိုးသားဖြောင့်မတ်ရတယ်! မဟုတ်ရင် တခြား နတ်သားရဲတွေက အထင်သေးကြလိမ့်မယ်!”
… … …
အခန်း(၇၃၅) ငါ့ကို ဆရာတင်မလား (၃)
စူစူလေး၏ ဆုံးဖြတ်ချက်ခိုင်မာသော မျက်နှာလေးကို ကြည့်ရင်း မျက်နှာဖုံးနဲ့လူ သေချာ စဉ်းစားလိုက်သည်။
“အဲ့တာဆို ငါမင်းကို သင်ပေးမယ်။ ဒါပေမယ့် ငါ့ကို ဆရာလို့ခေါ်စရာမလိုဘူး။ ငါမင်းဆရာလည်း မဖြစ်ချင်ပါဘူး”
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
“အခု မင်းတို့ ပိုင်ကျဲမျိုးနွယ်စုမှာ တခြား ဘာအစွမ်းတွေရှိသေးလဲ ငါသိချင်တယ်။ ပြီးတော့ ဘယ်လိုအခြေအနေမှာ အဲ့ဒီ အစွမ်းတွေကို ထုတ်သုံးလို့ရတာလဲဆိုတာ သိချင်တယ်”။ မျက်နှာဖုံးနဲ့လူက မေးလိုက်သည်။
“နောက်မှ သင်ပေးတော့။ ငါ့အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ကို ပြန်သွားရှာရမယ်! ခုနက သူတို့နဲ့တူတူ ရှော့ပင်ထွက်နေရင်းနဲ့ ဒီကိုရောက်လာတာပဲ။ သူတို့ကို ဘာမှ မပြောခဲ့ရဘူး!”။ စူစူလေး ပြောလိုက်သည်။
“ငါမင်းကို သွားခွင့်ပေးလိုက်ရင် ငါ့ကို ထပ်တွေ့ရမှာ မဟုတ်တော့ဘူး”။ မျက်နှာဖုံးနဲ့လူက ပြောသည်။
“ဘာလို့ မတွေ့ရမှာလဲ။ စာရွက်လေးတစ်ရွက်ပေါ်မှာ ဂဏန်းတစ်ခု ရေးပေးလိုက်! မေမေ့ကိုသိမ်းခိုင်းထားလိုက်မယ်! နောက်တစ်ခါ တွေ့ချင်တဲ့အခါကျရင် ဖေဖေနဲ့ မေမေ့ကို ဖုန်းဆက်ခိုင်းလိုက်မယ်!။ ပြီးတော့ နောက် ၂ လ လောက် နေရင် ငါဖုန်းလက်ပတ်နာရီလေး သုံးလို့ရပြီလို့ မေမေက ပြောတယ်။ အဲ့ကျရင် ငါ့ဖာသာငါ ဖုန်းဆက်လို့ရသွားပြီ!”
မျက်နှာဖုံးနဲ့လူက ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ငါတို့ ဆုံနေတာကို တခြားဘယ်သူ့ကိုမှ မသိစေချင်ဘူးလေ”
“မေမေနဲ့ဖေဖေက တခြားသူတွေမှမဟုတ်တာ!”
“သူတို့ဆိုရင်တောင် သိလို့မဖြစ်ဘူး။ မင်းကို ငါ စွမ်းအားတွေ သင်ပေးနေတဲ့အကြောင်း ငါတို့ နှစ်ယောက်ပဲ သိခွင့်ရှိတယ်။ တခြား ဘယ်သူမှ သိလို့မဖြစ်ဘူး။ မင်း မိုးကြိုးတွေ ဆင့်ခေါ်နိုင်တာကို မင်းဖေဖေနဲ့ မေမေတို့ကို သိစေချင်လို့လား”
စူစူလေးခေါင်းခါလိုက်သည်။ “ဦးလေးပိုင်ဟူကျစ်နဲ့ ဆရာတို့က သိခွင့်ပေးလို့မဖြစ်ဘူးလို့ ပြောတယ်! ငါက နတ်သားရဲ၊ ငါ့ဖေဖေနဲ့ မေမေတို့က လူသားတွေ။ လူသားတွေက အရမ်းပျော့ညံ့လို့ ကာကွယ်ပေးရမယ်!”
“ငါပြောချင်တာလည်း ဒါပဲလေ။ ငါနဲ့ ဒီလိုတွေ့နေမှန်း သူတို့ သိရင် ဘာတွေ လုပ်နေတာလဲလို့ မေးကြလိမ့်မယ်။ အဲ့အခါကျ မင်းရှင်းပြတတ်မှာ မဟုတ်ဘူး”
စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ ဒီလိုဆိုတော့လည်း အဓိပ္ပာယ်တော့ ရှိသား…။
“အဲ့တာကြောင့် ငါမင်းကို သွားခွင့် မပြုနိုင်ဘူး”
“အဲ့တာဆို မသင်တော့ဘူး! ဘာမှ မသင်ပေးနဲ့တော့!”။ စူစူလေး ပြတ်ပြတ်သားးသား ဆုံးဖြတ်လိုက်ပါသည်။
ဒီလို ထူးထူးဆန်းဆန်း အရုပ်ဆိုးဆိုးနေရာမှာ ဆက်နေပြီး သူမ မိသားစုကို စိတ်ပူအောင် လုပ်ရမည်ဆိုလျှင် ဘာမှ မသင်ချင်တော့ပါ။
“အရူးမလေး အခု အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာရှိနေတာ သတိထားမိရဲ့လား”
သူမက ပြန်ပေးဆွဲခံထားရတဲ့ ဓားစာခံလေ! ဘာလို့ တောင်းဆိုချက်တွေ ဒီလောက်များနေတာလဲ!
“ဟွန်း!”။ စူစူလေး မျက်နှာလွှဲလိုက်သည်။ ဘာမှ မညှိနှိုင်းချင်ပါ။
စူစူလေး ပါးလေးများက အလွန်စူဖောင်းနေသည်။ လက်ဖြင့် ထိုးကြည့်လိုက်ပါက လေတွေ ထွက်သွားမလားဟု သိချင်မိသည်။
ထို့ကြောင့် စူစူလေး၏ ပါးဖောင်းဖောင်းလေးကို မျက်နှာဖုံးနဲ့လူ လက်ညှိုးဖြင့် ထိုးကြည့်လိုက်ပါသည်။
ဖူး-ခနဲ မြည်သံနဲ့အတူ စူစူလေး ပါးစပ်မှ လေများထွက်သွားသည်။
“ဟားဟားဟားဟား”
“မရယ်နဲ့ မရယ်ပါနဲ့ဆို!!”။ စူစူလေး ခြေထောက်ကို ဒေါသတကြီး ဆောင့်လိုက်ပါသည်။
“မင်းတော်တော် ရယ်ရတာပဲ။ အဲ့တာကြောင့် မင်းရဲ့ နတ်ယုတ်မာကြီးက မင်းကို အိမ်မွေးတိရိစ္ဆာန်အဖြစ် နှစ် ၁၀၀ လောက် မွေးခဲ့တာနေမှာ”
“ငါက အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘူး!” စူစူလေး ဒေါသတကြီး ခြေထောက်ကို ထပ်ဆောင့်လိုက်သည်။
အခန်းတစ်ခန်းလုံး တုန်ခါလာပြီး နံရံပေါ်က ပန်းချီကားများ၊ မျက်နှာကြက်ပေါ်က မီးဆိုင်းများလည်း တုန်ခါသွားပါသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အိမ်မွေးတိရိစ္ဆာန်မဟုတ်ပါဘူး”။ မျက်နှာဖုံးနဲ့လူ ချက်ချင်း စကားပြင်ပြောလိုက်သည်။
သူသာ စကားမပြင်လျှင် ကြမ်းပြင်က ခံနိုင်ရည်ရှိမှာမဟုတ်ပါ။
အဆောက်အဦးကြီးတစ်ခုလုံး ပြိုကျသွားနိုင်သည်။ ဒီအဆောက်အဦးက သူ့ပိုင်ဆိုင်မှုဖြစ်၏။ ထို့ကြောင့် အကြောင်းအရင်းမရှိ အဆောက်အဦးတစ်ခုကို မဆုံးရှုံးချင်ပါ။
“ဟွန်း!”။ စူစူလေး မျက်စောင်းထိုးလိုက်သည်။ “ငါ့ကို မြန်မြန်ပြန်လွှတ်ပေး!”
“ငါပြန်လွှတ်ပေးလို့ရပါတယ်။ ဒါပေမယ့် ငါသင်ပေးတာတွေ သင်ယူပါ့မယ်လို့ ကတိတော့ ပေးရမယ်”
“နင်ပြောတော့ ငါတို့ တွေ့လို့မရဘူးဆို! သူများတွေ သိသွားလို့ မရဘူးဆို”
“မင်းမိဘတွေ မသိစေဘဲ ငါတို့ တွေ့လို့ရမယ့် နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမယ့် ငါခိုင်းတဲ့အတိုင်း မင်းလုပ်ဖို့တော့ လိုမယ်”
“ဘယ်လိုလုပ်ရမှာလဲ”
… … …