← Chapters

အခန်း (၇၅၆-၇၆၀)

Vol. 31 Ch. 756-760

အခန်း (၇၅၆-၇၆၀)

Vol. 31 Ch. 756-760

အခန်း(၇၅၆) ကံကောင်းစေတဲ့ ကြယ်ပွင့်လေးလို့ ခံစားလာရပြီ

“တကယ်တော့ စူစူလေးရဲ့ ကျေးဇူးကြောင့်ပါ”။ ချင်းရှင်းကျစ် အပြုံးဖြင့် ရှင်းပြလိုက်သည်။ “စူစူလေးက သူ့ကို ကူညီချင်တယ်လို့ တဖွဖွပြောနေတာ။ စကားသေချာ ပြောကြည့်လိုက်မှ သူက ချန်းပင်းဖြစ်နေမှန်း အားလုံး သိခဲ့ရတာ”

စူစူလေးကြောင့် ဟုတ်လား။ ဒါကိုကြားတော့ ဝမ်ချင်း အံ့အားသင့်သွားကာ မေးလိုက်သည်။ “ယောက်ျား၊ ချန်းပင်းကို စူစူလေးက ဘာလို့ ကူညီပေးချင်နေတာလဲ”

“ချင်းပင်းက လူကောင်းမို့လို့တဲ့။ ပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ကို ပြောခဲ့တာ ဟားဟာားဟား။ ညီမလေး အတည်ပေါက် ပြောတဲ့အခါကျရင် အရမ်းချစ်ဖို့ကောင်းတာပဲ”

ချန်းပင်းကို သူ့ညီမလေး ရေကန်ထဲမှာ နှစ်ပြီး “ဦးနှောက်ဆေး”ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်မိသောအခါ ချင်းရှင်းကျစ် ရယ်မောမိပြန်ပါသည်။

ဝမ်ချင်းက ချီးကျူးလိုက်ပါသည်။ “စူစူလေးက တကယ် အံ့ဩဖို့ကောင်းတာပဲ။ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးလို့ တကယ်ခံစားလာရပြီး။ တခြားသူတွေ ခက်ခက်ခဲခဲ ကြိုးစားတာတောင် မရနိုင်တဲ့အရာမျိုးကို အလွယ်တကူ ရယူနိုင်တယ်”

“အာ့ချင်း အဲ့တာတွေကို အိမ်မှာပဲပြော။ အပြင်မှာ မပြောနဲ့နော်”။ ချင်းရှင်းကျစ် သတိပေးလိုက်သည်။

ချင်းရှင်းကျစ်ရဲ့ အမြင်မှာ သူ့ညီမလေးက သာမန်ထက် နည်းနည်းလောက် ပိုသန်မာပြီး နည်းနည်း ပိုကံကောင်းရုံသာ ဖြစ်သည်။ တခြားကဏ္ဍတွေမှာတော့ သာမန်ကလေးတစ်ယောက်နဲ့ မခြားနားပါ။

တချို့ကလေးတွေမှာ ဂီတပါရမီပါသည်။ တချို့ကလေးတွေမှာတော့ အားကစားပါရမီရှိသည်။ သူတို့ညီမလေးရဲ့ စွမ်းရည်တွေကလည်း ပါရမီတစ်ခုသာ ဖြစ်ပါသည်။

တခြားသူတွေ ပစ်မှတ်ထားတာကို မခံရစေဖို့ အပြင်လူတွေကို စူစူလေးရဲ့ ထူးခြားချက်များအား ထုတ်မပြောဖို့ တစ်မိသားစုလုံး သဘောတူညီထားကြသည်။

“သိပါတယ် ကျွန်မ အဲ့လောက် ဉာဏ်မတုံးပါဘူး”။ ဝမ်ချင်း အမြန်ရှင်းပြလိုက်သည်။

“အေးပါ။ ငါလည်း ဒီတိုင်း သတိပေးတာပါ။ မင်းကို မယုံလို့ ပြောတာ မဟုတ်ဘူး”။ ချင်းရှင်းကျစ် ထပ်ပြောလိုက်၏။ “ညီမလေး ပြန်ပေးဆွဲခံရတာ မကြာသေးဘူး။ သူဘာမှမဖြစ်ပေမယ့် ငါအခုချိန်ထိ နှလုံးခုန်သံ မတည်ငြိမ်သေးဘူး”

“ကျွန်မ နားလည်ပါတယ်”။ သူမယောက်ျားရဲ့ သဘောထားကို ဝမ်ချင်း ထောက်ခံပါသည်။ စူစူလေးကို သေချာ ကာကွယ်ပေးနိုင်ဖို့ အရေးကြီးသည်။

“အဟမ်း မင်းတို့နှစ်‌ယောက် ပြောစရာရှိတာ အခန်းထဲရောက်မှ ဆက်ပြောလို့ရတယ်”။ အဘိုးချင်း စကား ဖြတ်ပြောလိုက်သည်။

ထို့နောက် ချင်းရှင်းကျစ်ကို အဘိုးချင်း အလုပ်ကိစ္စ ဆက်ပြောလိုက်၏။ “ချန်းပင်းက ငါတို့ ကုမ္ပဏီအတွက် လိုလိုလားလားနဲ့ အလုပ်လာလုပ်ပေးမှာဆိုတော့ မင်းက သူ့အတွက် အရာရာအဆင်ပြေအောင် စီစဉ်ပေးရမယ်နော်။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပေးအယူဖြစ်လာမှာ”

“ဟုတ်ကဲ့ပါအဖေ”။

“ကဲ ကဲ အလုပ်သွားလုပ်ကြတော့။ ငါလည်း ငါ့သမီးလေးဆီ သွားလိုက်ဦးမယ်”။ သူ့သမီးလေးနဲ့ ကစားဖို့ အဘိုးချင်း မစောင့်နိုင်တော့ပါ။

၂ ရက်ကြီးများတောင် ခွဲခွာခဲ့ရသဖြင့် အလွန်သတိရနေပါပြီ။

ဒီလိုနဲ့ အဘိုးချင်း အမြန်လစ်ထွက်လာခဲ့သည်။ အပေါ်ထပ်သို့ တက်ဖို့ ပြင်လိုက်စဉ် အပေါ်ထပ်မှ ခုန်ဆင်းလာသည့် စူစူလေးကို အဘိုးချင်း မြင်သွားလေသည်။

“သမီးလေး ဘယ်သွားမလို့လဲ”

“ဟိုဘက်အိမ်က ကိုကြီးဆီသွားမလို့!”။ စူစူလေး ပြန်ဖြေလိုက်သည်။

“ခုလေးတင် ပြန်ရောက်တာကို နည်းနည်း နားပါဦးလား။ မနေ့ညက ကိစ္စကြောင့် အရမ်းပင်ပန်းနေမှာပေါ့။ ပြီးတော့ လေယာဉ်လည်း အကြာကြီး စီးခဲ့ရသေးတယ်။ အဲ့တာကြောင့် ကောင်းကောင်း အနားယူဖို့လိုတယ်”

“နားလို့မရဘူး! ကိုကြီး လေ့ကျင့်ခန်းလုပ်တာကို လာစစ်မယ်လို့ ကတိပေးထားတယ်!”

“ဒါပေမယ့်… ဖေဖေနဲ့တောင် စကားသေချာ မပြောရသေးဘူး” အဘိုးချင်း စိတ်ဓာတ်ကျသွားသည်။

သူ့သမီးလေးနဲ့ ၂ ရက်ကြီးများတောင် ခွဲခဲ့ရတာကို သူနဲ့ စကားပြောဖို့တောင် စိတ်မကူးမရှိဘူး! ဟိုဘက်အိမ်က ကောင်စုတ်ကို ချက်ချင်း သွားတွေ့မလို့တဲ့လား!

ဒါကိုကြားတော့ စူစူလေး သေချာစဉ်းစားပြီး ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချလိုက်ပါသည်။ “အဲ့တာဆို ဖေဖေနဲ့ အရင် ကစားပေးမယ်!”

ကိုကြီးက အရေးကြီးသော်လည်း ဖေဖေက ပိုအရေးကြီးပါသည်။

“တကယ်လား။ သမီးလေ မလုပ်ချင်တာကို အတင်းမလုပ်ပါနဲ့။ သမီးလေးကို စိတ်မညစ်စေချင်ဘူး”

“အတင်းမလုပ်ပါဘူး။ ကိုကြီးက စောင့်နေလို့ရတယ်။ ဖေဖေနဲ့ စကားအရင်ပြောရမှ ဖြစ်မယ်!”။ စူစူလေး အတည်ပြုလိုက်ပါသည်။

အဘိုးချင်း ချက်ချင်း ပြုံးရွှင်သွားပြီး စူစူလေးကို ပွေ့ချီကာ အပေါ်ထပ် ပြေးတက်သွားခဲ့ပါသည်။

သူ့သမီးလေးနဲ့ စကားပြောရတော့မည်။

… … …

အခန်း(၇၅၇) ကိုကြီး မတ်တပ်ရပ်နိုင်ပြီ

ပြန်ပေးဆွဲခံရသည့် ကိစ္စကို အဘိုးချင်းနဲ့အဘွားချင်တို့အား အပြည့်အစုံတင်ပြပြီးနောက် လုကျန်းယွီထံ စူစူလေး ပျော်ပျော်ရွှင်ရွှင် ပြေးလာခဲ့ပါသည်။

လုအိမ်တော်ထဲ ဝင်လာတာနဲ့တစ်ပြိုင်နက် စူစူလေးနဲ့ ရင်းနှီးနေသည့် အိမ်စေများက လုကျန်းယွီ လေ့ကျင့်ခန်း လုပ်သည့် အခန်းဆီ စူစူလေးကို ခေါ်သွားခဲ့ပါသည်။

ထိုအခန်းက လုကျန်းယွီ လေ့ကျင့်ခန်း ကောင်းကောင်းလုပ်နိုင်ဖို့ သခင်ကြီးလု သေချာ ပြန်လည်ပြင်ဆင်ပေးထားသည့် အခန်းဖြစ်သည်။

အခန်းတံခါးဝဆီ ရောက်တာနဲ့တစ်ပြိုင်နက် လုကျန်းယွီ ကိုယ့်ဖာသာကိုယ် မတ်တပ်ရပ်ဖို့ ကြိုးစားနေတာကို စူစူလေး မြင်သွားသည်။

အားကုန်သုံးနေရသဖြင့် လုကျန်းယွီ၏ ကလေးဆန်သော မျက်နှာလေးက တင်းမာနေပါသည်။

စူစူလေး ခြေလှမ်းတွေ ရပ်တန့်လိုက်ပြီး တံခါးရှေ့မှာ တိုးတိုးတိတ်တိတ် စောင့်ကြည့်နေခဲ့သည်။

လုကျန်းယွီ မျက်နှာနီမြန်းလာတာကိုကြည့်ပြီး စူစူလေးလည်း အသက်ရှူဖို့ပင် မေ့သွားပြီး သူမမျက်နှာလေးလည်း နီမြန်းလာပါသည်။

နည်းနည်းလေးပဲ နည်းနည်းလေးပဲ အားစိုက်လိုက်!

လုကျန်းယွီကို စူစူလေး စိတ်ထဲမှ အားပေးလိုက်သည်။

နောက်ဆုံးတော့ ပြင်ပ အကူအညီမပါဘဲ လုကျန်းယွီ ကိုယ့်ဖာသာကိုယ် မတ်တပ်ရပ်နိုင်သွားသည်။

ဒါ အက်ဆီးဒင့်ဖြစ်ပြီးကတည်းက သူ့ဖာသာသူ ပထမဆုံးအကြိမ်အဖြစ် မတ်တပ်ပြန်ရပ်နိုင်ခြင်း ဖြစ်သည်။

စူစူလေး စိတ်မထိန်းနိုင်တော့ဘဲ လုကျန်းယွီထံ ပြေးလာပြီး အောင်ပွဲခံလိုက်လေသည်။

“ကိုကြီး အောင်မြင်သွားပြီ! အောင်မြင်သွားပြီ!”

စူစူလေး၏ အားပေးသံကို ကြားလိုက်ရသောအခါ လုကျန်းယွီ ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် အသားမကျသေးသော သူ့ခန္ဓာကိုယ် ဟန်ချက်ပြုတ်သွားပြီး ဘေးဘက်သို့လဲကျသွားလေသည်။

သို့သော် စူစူလေးက လုကျန်းယွီကို ဖမ်းမိသွားပါသည်။ ထို့နောက် လုကျန်းယွီကို သူမ အခက်အခဲမရှိ ပွေ့ချီလိုက်သည်။

မင်းသမီးလေးတစ်ပါးလို စူစူလေး ပွေ့ချီထားတာကိုခံထားရသည့် လုကျန်းယွီ ရှက်သွေးဖြာသွားပြန်ပါသည်။

“စူစူလေး… ဘယ်လိုရောက်လာတာလဲ…”

“သမီး အိမ်ပြန်လာပြီလေ! အိမ်ပြန်ရောက်ရင် ကိုကြီးဆီ လာလည်မယ်လို့ ဦးလေးကျန်းကို ပြောခဲ့တယ်လေ!”

“အင်း… အင်း…”။ လုကျန်းယွီ ဘယ်ကိုကြည့်ရမှန်းမသိ ဖြစ်နေပြီး အိမ်တော်ထိန်းကျန်းကိုသာ လှမ်းကြည့်လိုက်ပါသည်။

သူလဲကျသွားတုန်းက အချိန်မှီ လာမထိန်းပေးသဖြင့် အိမ်တော်ထိန်းကျန်းကို အပြစ်တင်ရမည်။

အိမ်တော်ထိန်းကျန်းက ဘေးမှာရပ်နေပြီး ပြုံးသာ ပြုံးနေပါသည်။

သူ့အစွမ်းအစနဲ့သာဆို သခင်လေးလုကို အလွယ်တကူ ဖမ်းနိုင်ပါသည်။ သိုသော် မဖမ်းခဲ့ပါ။ စူစူလေး ပြေးလာတာကို မြင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စူစူလေးကိုသာ တာဝန်ပေးရပါမည်။

လုကျန်းယွီ၏ စွပ်စွဲသော၊ တောင်းဆိုနေသော အကြည့်ကို မြင်ပြီးနောက် အိမ်တော်ထိန်းကျန်း မျက်နှာကြက်ပေါ်က မီးဆိုင်းတွေကိုသာ မော့ကြည့်နေလိုက်ပါသည်။ အင်း… အိမ်ထဲက မီးဆိုင်းတွေ ဖုန်နည်းနည်းတက်လာပြီပဲ။ သန့်ရှင်းရေး လုပ်ရဦးမယ်…။

အိမ်တော်ထိန်းကျန်း သူ့ကို ကူညီပေးဖို့ စိတ်ကူးမရှိတာကို မြင်ပြီးနောက် လုကျန်းယွီ စူစူလေးကိုသာ တောင်းပန်နိုင်တော့သည်။ “စူစူလေး ကိုကြီးကို အောက်ချပေးပါ”

“ဪ”။ လုကျန်းယွီကို စူစူလေး ကြမ်းပြင်ပေါ် ချပေးလိုက်ပါသည်။

လုကျန်းယွီရဲ့ လက်ရှိအခြေအနေမှာ ကြမ်းပြင်ပေါ်က မတ်တပ်ပြန်ရပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်မှန်း စူစူလေး မသိသေးပါ။

“ဟားဟားဟား”။ အိမ်တော်ထိန်းကျန်းထံမှ ရယ်သံထွက်ပေါ်လာသည်။ ထိုအခါ လုကျန်းယွီက စူးစူးဝါးဝါး လှည့်ကြည့်လိုက်လေသည်။

“အဟမ်း… သခင်မလေးစူစူ သခင်လေးကို ဝှီးချဲပေါ် တင်ပေးလိုက်ပါ”။ အိမ်တော်ထိန်းကျန်း ဝင်ပြောပေးလိုက်သည်။

“ဪ ဟုတ်သားပဲ။ ကြမ်းပြင်က အေးနေတာ။ ကလေးတွေ ကြမ်းပြင်ပေါ်မှာ မအိပ်ရဘူးလို့ မေမေပြောဖူးတယ်”

လုကျန်းယွီကို ကြမ်းပြင်ပေါ်မှ ပြန်ကောက်ချီလိုက်ပြီး ဝှီးချဲပေါ် တင်ပေးလိုက်ပါသည်။ ဘာမှ မပင်ပန်းခဲ့ပါ။

လုကျန်းယွီ ဝှီးချဲပေါ် ပြန်ရောက်သောအခါ စူစူလေး၏ ကြည်လင်တောက်ပသော မျက်ဝန်းလေးများကို ငေးကြည့်လိုက်သည်။

ခေတ္တတိတ်ဆိတ်သွားပြီးနောက် စူစူလေးကို အတည်ပေါက် မေးလိုက်ပါသည်။ “မနေ့ညက စူစူလေးကို လူဆိုးတွေ ပြန်ပေးဆွဲသွားတယ်ဆို။ ကြောက်သွားသေးလား”

… … …

အခန်း(၇၅၈) အဲ့လောက်ကြီးလည်း မဆိုးပါဘူး

“မနေ့က သမီး ပြန်ပေးဆွဲခံရတာ ကိုကြီးဘယ်လိုသိလဲ”။ စူစူလေး မေးလိုက်သည်။

“ပေကျင်းမှာနေတဲ့ ဦးလေးကျန်းရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပြတာ”။ လုကျန်းယွီ ရှင်းပြလိုက်သည်။ ပေကျင်းမြို့ရှိ လုမိသားစု၏ အဆက်အသွယ်ကျယ်ပြန်မှုကို သူထုတ်မပြောခဲ့ပါ။

“မနေ့က ကျုပ်အစောကြီး ပြန်လာခဲ့တာ မှားသွားတယ်”။ အိမ်တော်ထိန်းကျန်း နောင်တကြီးစွာ ပြောလိုက်သည်။

တစ်ညတည်းဖြစ်သဖြင့် ဘာမှဆိုးဆိုးရွားရွားမဖြစ်လောက်ဘူးဟု သူယူဆခဲ့သသည်။ ထို့အပြင် ဟွာချန့်မြို့ရှိ သူ့သခင်လေးကိုလည်း စိတ်ပူသဖြင့် စူစူလေးကို နှုတ်ဆက်ပြီးနောက် ည ၁၀ နာရီတွင် ဟွာချန့်မြို့သို့ ပြန်သွားခဲ့လေသည်။

ဒီနေ့မနက် အိပ်ရာနိုးလာမှ မနေ့က ရှော့ပင်းမောမှာ စူစူလေး ပြန်ပေးဆွဲခံရသည့် တုန်လှုပ်စရာသတင်းကို ကြားသိခဲ့ရပါသည်။

သို့သော် စူစူလေးက ချင်းမိသားစုနဲ့အတူတူ လုံလုံခြုံခြုံနဲ့ အိမ်ပြန်ရောက်နေပြီ ဖြစ်သည်။

စူစူလေးကို ကယ်တင်ဖို့ နောက်ကျခဲ့သော်လည်း လုမိသားစုက ထိုကိစ္စကို စုံစမ်းဖို့အတွက် လူတွေ လွှတ်ထားပြီးပါပြီ။ တရားခံက ချူးဟမ့် မဟုတ်မှန်း သူတို့သိထားသည်။ ချူးဟမ့်က ရူးမိုက်သူဖြစ်သော်လည်း စူစူလေးကို ကိုယ်တိုင် ပြန်ပေးဆွဲရလောက်အောင် မရူးမိုက်ပါ။

“သမီးဘာမှမဖြစ်ပါဘူး! စိတ်မပူနဲ့ သမီးက အရမ်းသန်မာတယ်!”

ထိုသို့ပြောပြီးနောက် စူစူလေး လက်မြှောက်ကာ လုကျန်းယွီနဲ့ ဦးလေးကျန်းတို့ကို မရှိသော လက်မောင်းကြွက်သားများ ထုတ်ပြလိုက်သည်။

“ဟားဟားဟား ဟုတ်ပါတယ် ဟုတ်ပါတယ်။ သခင်မလေးစူစူက အသန်မာဆုံးနဲ့ သတ္တိအရှိဆုံးပဲ!”။ အိမ်တော်ထိန်းကျန်း အမြန်ချီးကျူးလိုက်ပါသည်။

“စူစူလေးကို ပြန်ပေးဆွဲသွားတဲ့ လူဆိုးကို မှတ်မိစေမယ့် အချက်တွေရှိရင် ကိုကြီးကို ပြောပြပါလား”။ လုကျန်းယွီ မေးလိုက်သည်။

“သူက မျက်နှာဖုံးကြီး တပ်ထားတော့ သမီး မမြင်လိုက်ဘူး။ ဒါပေမယ့် သူ့ ကြောက်ဖို့ကောင်းတယ်! သမီးတောင် အနိုင်ယူလို့မရတဲ့ ကြောက်ဖို့ကောင်းတာမျိုး!”။ စူစူလေး ရှင်းပြလိုက်သည်။

စူစူလေး၏ စကားကို ကြားပြီး လုကျန်းယွီ မျက်မှောင်ကြုတ်သွားသည်။

စူစူလေးရဲ့ “ကြောက်ဖို့ကောင်းတယ်”ဆိုတာ တကယ် ကြောက်ဖို့ကောင်းတာကို ဆိုလိုမှန်း သူနားလည်သည်။ ချဲ့ကား ပြောဆိုခြင်း မဖြစ်နိုင်ပါ။

စူစူလေးက ချက်ချင်း ထပ်ပြောလိုက်၏။ “ဒါပေမယ့် ကိုကြီး စိတ်မပူပါနဲ့။ အဲ့လူက အရမ်းကြီးတော့ မဆိုးပါဘူး”

“စူစူလေးက ဘာလို့ အဲ့လိုထင်ရတာလဲ”။ လုကျန်းယွီ ပြန်မေးလိုက်၏။

“သူက သမီးကို ထိခိုက်အောင်လုပ်ဖို့ အစီအစဉ်မရှိဘူးလေ။ သမီးတင်ပါးကို ရိုက်ချင်ပေမယ့် မရိုက်ခဲ့ဘူး။ ပြီးတော့ ပြန်လည်း လွှတ်ပေးတယ်!”

သူမ ကားပေါ်မှာ သတိရလာတော့ တင်ပါးလေးကို ကိုင်ကြည့်ခဲ့သေးသည်။ မနာသဖြင့် အရိုက်မခံခဲ့ရတာ သေချာပါသည်။

ထို့ကြောင့် ထိုလူဆိုးကြီးက အရမ်းကြီးတော့ မဆိုးနိုင်ပါ။ သူမ အိပ်နေတုန်း ခိုးမရိုက်ခဲ့ပေ။

ထို့အပြင် သူမလိုပဲ ထိုလူဆိုးကြီးက နတ်ယုတ်မာကြီးကို မုန်းတီးနေပြီး ကလဲ့စားချေချင်နေတာ ဖြစ်သည်။

စူစူလေး၏ ကလေးဆန်ပြီး ဖြူစင်သော စကားလေးများကို နားထောင်ရင်း သူမရဲ့ ခေါင်းလေးကို လုကျန်းယွီ ပွတ်ပေးလိုက်သည်။

ပြန်ပေးသမားကို စူစူလေး ဘယ်လိုပဲထင်ထင် အရေးမကြီပါ။ အရေးကြီးတာက သူမ စိတ်ဒဏ်ရာ ရမသွားဘဲ ပျော်ရွှင်နေဆဲ ဖြစ်တာပင်။

တစ်ဖက်လူက လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ စူစူလေး စိတ်ပူစရာ မလိုပါ။

လုကျန်းယွီနဲ့ စူစူလေးတို့ စကားပြောနေကြစဉ် လင်းယုရှန်း ရောက်လာသည်။

စူစူလေးကို မြင်တော့ လင်းယုရှန်း ခပ်သုတ်သုတ်ပြေးလာပြီး အမြန်မေးလိုက်သည်။ “စူစူလေး မနေ့ညက ပြန်ပေးဆွဲခံရတယ်ဆို။ ဘယ်နားနာသွားသေးလဲ။ အရမ်းကြောက်သွားမှာပဲ”

စူစူလေး ဘာမှမဖြစ်ကြောင်း လုကျန်းယွီ ပြောပြီးသားဖြစ်သော်လည်း သေချာအောင် လင်းယုရှန်း ထပ်မေးလိုက်ပါသည်။ သူမကိုယ်တိုင် အတည်ပြုရမှ ကျေနပ်နိုင်မည်။

“သမီး ဘာမှမဖြစ်ဘူး!”။ စူစူလေး ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ စူစူလေးရဲ့တစ်ကိုယ်လုံးကို လင်းယုရှန်း စစ်ဆေးလိုက်သည်။ တကယ် ဘာမှမဖြစ်မှန်း သေချာမှ မျက်မှောင်ကြုတ်မှုတွေ ပြေလျော့သွားလေသည်။

ထို့နောက် စူစူလေးကို တောင်းတောင်းပန်ပန်ကြည့်ကာ လင်းယုရှန်းပြောလိုက်သည်။ “ဒေါ်လေး တောင်းပန်ပါတယ်”

စူစူလေး ခေါင်းလေးစောင်းကာ ဇဝေဇဝါဖြစ်သွားလေသည်။ “ဘာလို့ တောင်းပန်နေတာလဲ”

… … …

အခန်း(၇၅၉) အကျော်အမော်ကြီးတွေအားလုံး ရင်းနှီးမြှုပ်နှံချင်ကြတယ် (၁)

“စူစူလေးကို ပြန်ပေးဆွဲတဲ့ ချူးဟမ့်က ဒေါ်လေးရဲ့ ခင်ပွန်းဟောင်းလေ…”။ လင်းယုရှန်း လေးနက်စွာ ပြောလို်ကသည်။

ဒီနေ့မနက်တုန်းက စူစူလေး ပြန်ပေးဆွဲခံရသည့်အကြောင်းကို လင်းယုရှန်းအား လုကျန်းယွီ ပြောပြခဲ့ပါသည်။ သို့သော်လည်း အသေးစိတ်ပြောခဲ့တာတော့ မဟုတ်ပါ။ စူစူလေးကို ချူးဟမ့်ကားထဲမှာ ပြန်ရှာတွေ့ခဲ့သည် ဆိုတာလောက်သာ ပြောပြခဲ့သည်။

ထိုအကြောင်းကို ကြားသောအခါ လင်းယုရှန်း အလွန်ဒေါသပေါက်ကွဲခဲ့ရပါသည်။ တစ်ချိန်တုန်းက သူမအလွန်ယုံကြည်ခဲ့ရသည့်လူမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲရလောက်သည့်အထိ အောက်တန်းကျလိမ့်မည်ဟု မထင်မိခဲ့ပေ။

ထိုသတင်းကြောင့် နဂိုကတည်းက အေးစက်နေပြီဖြစ်သည့် သူမနှလုံးသားပေါ် ဒေါသတွေ ဖုံးလွှမ်းသွားစေခဲ့သည်။

ဒီလို ပြစ်မှုမျိုး ကျူးလွန်သူတစ်ယောက်ကို သူမ လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ပါ။

လင်းယုရှန်း၏ ဝမ်းနည်းသွားသော မျက်နှာကို မြင်ပြီးနောက် စူစူလေးက လူကြီးလေးလို သူမလက်ကို ပုတ်ပေးလိုက်ပါသည်။ ပခုံးပုတ်ပေးချင်တာဖြစ်သော်လည်း အရပ်မမှီသဖြင့် လက်ကိုသာ ပုတ်ပေးလိုက်ရခြြင်း ဖြစ်သည်။

“ဒေါ်လေးတို့က ကွာရှင်းလိုက်ပြီလို့ ကိုကြီးက ပြောတယ်။ အဲ့တာကြောင့် မတူတော့ဘူးလေ! ဝမ်းမနည်းပါနဲ့။ သူ့ကို နောက်တစ်ခါ ထပ်တွေ့ရင် ဒေါ်လေးအတွက်ပါ ပိုရိုက်ပေးမယ်! အဲ့တာဆို ဒေါ်လေး ဝမ်းနည်းစရာမလိုတော့ဘူး!”

စူစူလေး၏ စကားကြောင့် လင်းယုရှန်း ပြုံးသွားသည်။ ဝမ်းနည်းနေသည့် သူမစိတ်လည်း စူစူလေး၏ နှစ်သိမ့်ပေးမှုကြောင့် ချက်ချင်း ပြန်လည် ရွှင်လန်းသွားခဲ့ပါသည်။

ထို့နောက် စူစူလေးကို လင်းယုရှန်း ပြောလိုက်သည်။ “စူစူလေးရဲ့ ဖေဖေနဲ့ မေမေက ကျောင်းဆောက်ဖို့ စီစဉ်နေတယ်ဆို။ ဒေါ်လေးမှာ ပညာရေးနယ်ပယ်နဲ့ ပတ်သတ်တဲ့ ရင်းမြစ်တချို့ရှိတယ်။ စူစူလေးရဲ့ ဖေဖေနဲ့ မေမေ လိုအပ်ရင် ပြောလေ။ ဒေါ်လေး ကူညီပေးမယ်။ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုလို့ပဲ သဘောထားလိုက်ပေါ့”

လင်းမိသားစု၏ ဘိုးဘေးများက ပညာရေးနယ်ပယ်အတွင်း ကျင်လည်ခဲ့ကြသူများဖြစ်သည့်အတွက် အဆက်အသွယ် များစွာရှိသည်။

“ဒေါ်လေးပြောတာ သမီးနားမလည်ဘူး! သမီး တူကြီးနဲ့ စကားသွားပြောလိုက်! သူက အားလုံးကို တာဝန်ယူထားတာလို့ ဖေဖေနဲ့ မေမေက ပြောတယ်”။ စူစူလေး ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ခဏနေ သူနဲ့ စကားသွားပြောလိုက်မယ်နော်”။ လင်းယုရှန်း အတည်ပေါက် နေပြာနေခြင်းဖြစ်သည်။ ချင်းမိသားစုကို သူမ တကယ်ကူညီပေးချင်ပါသည်။

လုကျန်းယွီ ဘာမှ ဝင်မပြောသော်လည်း စိတ်ထဲမှ သူ့ဒေါ်လေး၏ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်။

ပညာရေးအသိုင်းအဝိုင်းတွင် လင်းမိသားစု၏ ရင်းမြစ်များက ကျယ်ပြန့်သည်။ ဒေါ်လေးသာ ချင်းမိသားစုကို ကူညီပေးချင်ပါက ချင်းမိသားစု ကျောင်းစတင်ဆောက်လုပ်သည့်အခါ အထောက်အကူ အများကြီး ဖြစ်ပါလိမ့်မည်။

--- --- ---

ရှင်းချန်းနယ်မြေအတွင်း ချင်းမိသားစု မြေဝယ်ယူခြင်း ချောချောမွေ့မွေ့ အောင်မြင်ခဲ့သည်။

ရက်သတ္တပတ် အနည်းငယ်အတွင်း ပိုင်ဆိုင်မှုစာချုပ်တွေ ချုပ်ပြီးသွားပြီဖြစ်ပြီး မျှော်လင့်ထားတာထက် အများကြီး ပိုမြန်ဆန်နေပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့က မြေးအကြီးဆုံး ချင်းယုဟွိုင်းနဲ့ အစည်းအဝေးခန်းထဲမှာ နောက်ထပ်အစီအစဉ်များအဖို့ ဆွေးနွေးနေကြပါသည်။

ထိုစဉ် အိမ်စေတစ်ယောက်ရောက်လာပြီး အရင်တစ်ခေါက်က သခင်ကြီးကုဆိုသည့်လူ သူတို့ကို တွေ့ဖို့ ထပ်ရောက်လာသည်ဟု ဆိုသည်။

သခင်ကြီးကုဆိုတဲ့လူက… အရင်တစ်ခေါက်က စူစူလေး ကယ်ခဲ့တဲ့ အဘိုးကြီးမဟုတ်လား။ ပြီးတော့ အဘိုးချင်းနဲ့ မိတ်‌ဆွေဖွဲ့ချင်တယ်ဆိုပြီး ခေါင်းမာနေခဲ့တဲ့လူမဟုတ်လား။

ဒီအဘိုးကြီး ဘာလာလုပ်ပြန်တာလဲ။

အဘိုးချင်းနဲ့ အဘွားချင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ခေတ္တစဉ်းစားပြီးနောက် သခင်ကြီးကုကို ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ကြပါသည်။

ဧည့်သည်က ဧည့်သည်ပဲ မဟုတ်လား။ မကောင်းတဲ့ အကြံအစည်နဲ့ လာတဲ့လူမှ မဟုတ်ပဲ။ ပြန်လွှတ်လိုက်လို့ ဘယ်ကောင်းမလဲ။

မကြာခင် သခင်ကြီးကုကို ချင်းမိသားစုအိမ်စေတစ်ယောက်က အစည်းအဝေးခန်းထဲ ခေါ်လာပေးခဲ့သည်။

အခန်းထဲရောက်တာနဲ့တစ်ပြိုင်နက် အဘိုးချင်းထံ သခင်ကြီးကု ခပ်သုတ်သုတ် လျှောက်သွားလေသည်။

“အစ်ကိုကြီးချင်း”။ အဘိုးချင်းနဲ့ အမြန် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

“သခင်ကြီးကု ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ ဒီတစ်ခါကော ဘာကိစ္စနဲ့ လာခဲ့ပြန်တာလဲ။ ကျေးဇူးပြုပြီး လိုရင်းပဲပြောပါ”။ အဘိုးချင်းက သွယ်ဝိုက်နေရတာကို သဘောမကျသဖြင့် လိုရင်းမေးလိုက်သည်။

“ခင်ဗျားတို့နဲ့ ပါတနာအဖြစ် လက်တွဲဖို့ပေါ့ဗျ! အနောက်မြောက်ပိုင်းဒေသမှာ ကျောင်းဆောက်ဖို့ စီစဉ်နေကြတယ်ဆို။ ကျုပ်သားကလည်း အဲ့ဒီနယ်ပယ်ကပဲ။ အဲ့တာကြောင့် ကျုပ်တို့ လက်တွဲရင် အကျိုးအမြတ် အများကြီး ရှိလောက်တယ်!” သခင်ကြီးကုကလည်း ဟန်ဆောင်မနေဘဲ လိုရင်းကို တန်းပြောလိုက်သည်။

သခင်ကြီးချင်းက လိုရင်းကို မေးသဖြင့် သူလည်း လိုရင်းကိုပဲ ပြောပါမည်။ လုပ်ငန်းပါတနာ အဖြစ် လက်တွဲဖို့နဲ့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိစေဖို့လာခဲ့တာဖြစ်သည်။

“ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ခင်ဗျားသားက…”။ ချင်းယုဟွိုင်း မတ်တပ်ရပ်ကာ သခင်ကြီးကုကို မေးလိုက်သည်။

… … …

အခန်း(၇၆၀) အကျော်အမော်ကြီးတွေအားလုံး ရင်းနှီးမြှုပ်နှံချင်ကြတယ် (၂)

“ဪ ကျုပ်ရဲ့ ဆန်ကုန်မြေလေး သားက ကုယွမ်ဖုန်းလို့ ခေါ်တယ်။ နိုင်ငံခြားမှာ ကျောင်းတစ်ကျောင်း ဖွင့်ထားတာလေ။ တစ်နှစ်ပတ်လုံး အိမ်ပြန်မလာတတ်ဘူး။ တော်တော် မသိတတ်တဲ့ကောင်!”

သားဖြစ်သူ၏ အကြောင်းကို သခင်ကြီးကု မကျေမနပ် ပြောပြလိုက်ပါသည်။ သူ့အမြင်မှာတော့ အိမ်ထောင် မပြုရသေးသည့် သားမှန်သမျှက မသိတတ်သည့် သားတွေဖြစ်ကြသည်။

အထူးသဖြင့် သားတွေ၊ မြေးတွေနဲ့ ဝန်းရံနေသည့် အဘိုးချင်းနဲ့ အဘွားချင်းတို့ကို မြင်လိုက်ရပြီးနောက် သူ့သားတွေကို ပိုလို့တောင် မကျေမနပ် ဖြစ်မိပါသည်။

ကုယွမ်ဖုန်း ဟုတ်လား…

အမေရိကရဲ့ နာမည်ကျော် ကိုယ်ပိုင်တက္ကသိုလ် ဗီမားနားရဲ့ ကျောင်းအုပ်ကြီးကို ပြောတာလား…

သူက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေကနေ မာစတာဘွဲ့တွေ ပါရဂူဘွဲ့တွေ အများကြီး ရထားပြီး ပညာရေးမှာ ထိပ်ဆုံးက ရှိနေတဲ့လူပဲ…

ဘွဲ့ရပြီးတော့ ကိုယ်ပိုင် အလယ်တန်းကျောင်းတစ်ခုကို ဆောက်လုပ်ခဲ့တယ်။ နောက်တော့ ဗီမားနားတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတယ်

ဒီလို လူတိုင်းက လေးစားရသည့်လူမျိုးက သခင်ကြီးကု၏ ပါးစပ်ထဲ ရောက်တော့ ဆန်ကုန်မြေလေးသာ ဖြစ်သွားလေသည်။

သခင်ကြီးကုက ဆက်ပြောလိုက်သည်။ “အစ်ကိုကြီးချင်း၊ ကျုပ်တို့ကို အခွင့်အရေးလေး ပေးပါ။ ပြည်တွင်းထဲမှာ လုပ်ငန်းချဲ့ထွင်ဖို့ ကျုပ်ရဲ့ ဆန်ကုန်မြေလေးသားကို အခွင့်အရေးလေးပေးပါ။ သူလည်း ဒီနိုင်ငံထဲမှာပဲ အလုပ်လုပ်ချင်နေတာ ကြာပြီ။ အခွင့်အရေး မရလို့သာ…”

သူတို့ချင်းမိသားစုကို ကျေးဇူးပြန်ဆပ်ဖို့ ကြိုးစားနေသည်ဟု အထင်လွဲမှာစိုးသဖြင့် သခင်ကြီးကု ထပ်ပြောလိုက်သည်။ “ကျုပ်က နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိမယ့် လက်တွဲမှုကို ပြောတာနော်! ကျုပ်တို့ ရသင့်ရထိုက်တာကို ကျိန်းသေပေါက် တောင်းမှာပါ”

ချင်းမိသားစုက သာမန် လက်တွဲမှုမျိုးကို ကြိုဆိုပါလိမ့်မည်။ သူတို့ ကိုယ်ပိုင်ကျောင်း ဆောက်လုပ်မည် ဆိုပါက ရင်းမြစ်ပေါင်းစုံကို လိုအပ်လိမ့်မည်။ ကုယွမ်ဖုန်းလို လူမျိုးက ပုံမှန်ဆို သူတို့ ထိတွေ့လို့တောင် မရနိုင်သည့် လူမျိုးဖြစ်၏။

ချင်းမိသားစု၏ မျက်နှာတွေကို ကြည့်ရင်း သူအခြေအနေကောင်းမှန်း သခင်ကြီးကု သိလိုက်သည်။

ထို့ကြောင့် သခင်ကြီးကု ပျော်ရွှင်စွာ ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် ကျုပ်က ဒီအတိုင်း အဖွင့်စကား လာပြောရုံပဲရှိတာ။ ခင်ဗျားတို့ လက်ခံနိုင်မလား၊ လက်ခံရင် ဘယ်လို အစီအစဉ်ဆွဲမလဲဆိုတာကိုတော့ ကျုပ်ရဲ့ ဆန်ကုန်မြေလေးသားနဲ့ ဆွေးနွေးဖို့ လိုလိမ့်မယ်။ အခု ကျုပ်ကို ပြောဖို့လိုတာဆိုလို့ ကျုပ်ရဲ့ ဆန်ကုန်မြေလေးသားက ခင်ဗျားတို့နဲ့ လက်တွဲဖို့ ထိုက်တန်ရဲ့လား ဆိုတာပဲ”

ချင်းမိသားစု ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပါ။ ‘မထိုက်တန်ဘူး’လို့ ပြောရင်လည်း ရိုင်းရကျမယ် မဟုတ်လား။

ပညာရေးနယ်ပယ်မှာ ချင်းမိသားစုက အခုမှ တက်သစ်စများသာဖြစ်ပြီး ကုယွမ်ဖုန်းကတော့ ဝါရင့်ဖြစ်နေပါပြီ။

အဘိုးချင်း အကြာကြီး သုံးသပ်ပြီးနောက် ပြန်ပြောလိုက်သည်။ “သခင်ကြီးကု၊ စီးပွားရေး ရှုထောင့်က ကြည့်ရင်တော့ ဒီကမ်းလှမ်းချက်ကို ကျုပ်တို့ဘက်က ငြင်းစရာအကြောင်း မရှိဘူး။ ဒါပေမယ့် သခင်ကြီးကု ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ ဒီလို လုပ်နေမှန်း ကျုပ်တို့သိတယ်။ အရင်တုန်းက စူစူလေးနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်သာမဟုတ်ရင် ကျုပ်တို့ကို ဒီလို လာကမ်းလှမ်းမှာတောင် မဟုတ်ဘူးမလား”

“အစ်ကိုကြီးချင်းရဲ့ ခေါင်းထဲ ဘာတွေဖြစ်နေတာလဲ။ အဲ့လောက်ကြီး အတွေးမလွန်စမ်းပါနဲ့! စီးပွားရေးနဲ့ ကိုယ်ရေးကိုယ်တာကို အမြဲတမ်း ခွဲခြားဖို့ ကြိုးစားနေတာပဲ! ဒီလောကကြီးမှာ ပြတ်ပြတ်သားသား ခွဲခြားလို့ရတဲ့အရာ ဆိုတာ မရှိဘူး”

“စိတ်မပူပါနဲ့ ကျုပ်ပြောတာ နားထောင်ဦး၊ ကျုပ်မငြင်းရသေးဘူး”

“ဪ အဲ့တာဆို သဘောတူတယ်ပေါ့! ဟုတ်တယ် မြန်မြန် မြန်မြန်! ကျုပ်သားလတ်ကို ပြန်ခေါ်ပြီး အသေးစိတ် လာဆွေးနွေးခိုင်းရမယ်!”

သခင်ကြီးကု ပြောပြီးတာနဲ့တစ်ပြိုင်နက် သူ့သားကို ဖုန်းဆက်ဖို့ လက်အောက်ငယ်သားတစ်ယောက်ကို ချက်ချင်း ခိုင်းလိုက်သည်။

ထို့နောက် အဘိုးချင်းကို စကားပြောခွင့်တောင် မပေးတော့ဘဲ ပြန်ထိုင်ခိုင်းကာ အလုပ်ကိစ္စ ဆက်ဆွေးနွေးလေသည်။

အဘိုးချင်းလည်း ဘာမှ မတတ်နိုင်တော့ပါ။ ဒီလောက် သွက်လက် ရဲတင်းသည့် အဘိုးကြီးတစ်ယောက်နဲ့ သူတစ်ခါမှ မကြုံခဲ့ရဖူးပေ။

“ရှင်နဲ့ သခင်ကြီးကုနဲ့ စကားပြောနှင့်ကြဦး။ ကျွန်မနဲ့ ယုဟွိုင်းနဲ့က ဆောက်လက်စ အဆောက်အဦးတွေကို ဆက်ဆောက်ဖို့နဲ့ ပတ်သတ်ပြီး ဆွေးနွေးလိုက်မယ်နော်”

မပြီးဆုံးနိုင်သည့် စကားဝိုင်းထဲမှ လွတ်မြောက်စေဖို့အတွက် အဘွားချင်းက အဘိုးချင်းကို စွန့်ပစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဒီလိုနဲ့ သခင်ကြီးကုကို အဘိုးချင်းတစ်ယောက်တည်း ဧည့်ခံရလေတော့သည်။

အဘိုးချင်း ဘယ်လိုဖြေရှင်းရမလဲ ခေါင်းစားနေစဉ် နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်ရှိလာပြီဟု အိမ်စေက လာပြောပြန်သည်။

… … …

All Chapters