← Chapters

အခန်း (၇၇၆-၇၈၀)

Vol. 32 Ch. 776-780

အခန်း (၇၇၆-၇၈၀)

Vol. 32 Ch. 776-780

အခန်း(၇၆၆) အလုပ်မလုပ်ဘဲ ချမ်းသာဖို့ စိတ်ကူးပဲ ယဉ်နေတယ်

ချင်းကျင်းဖန် ချက်ချင်း ထိတ်လန့်သွားလေသည်။ ချင်းယုကျီး၏ ခန္ဓာကိုယ်မှ ထွက်နေသော အေးစက်စက် အရှိန်အဝါများက အသက် ၁၈ နှစ်အရွယ်နဲ့ မလိုက်ဖက်လှပါ။

သူ့ကို အရှင်လတ်လတ် ဝါးမျိုတော့မည့် သားရဲတစ်ကောင်နဲ့ ရင်ဆိုင်နေရသလို ချင်းကျင်းဖန် ခံစားလိုက်ရသည်။

စက္ကန့်အနည်းငယ်ကြာမှ ချင်းကျင်းဖန် အသိစိတ်ပြန်ဝင်လာပါသည်။

ချင်းယုကျီးကို သူဘာကြောက်စရာလိုလို့လဲ။ ဒီသောက်ကလေးက သူ့ကို အရှင်လတ်လတ်စားနိုင်မှာမို့လို့လား!

သူတို့ အလွန်ဆုံးလုပ်နိုင်တာဆိုလို့ သူ့ကို မွဲပြာကျသွားစေမှာပဲ ရှိတာ။ သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ။

ထိုအတွေးဖြင့် ချင်းကျင်းဖန် ထပ်မံ ရဲတင်းသွားပြီး ချင်းယုကျီးကို အော်ပြောလိုက်သည်။ “အဲ့လောက် မောက်မာမနေနဲ့ ချင်းယုကျီး! မင်းအဘိုးနဲ့ အဘွားတို့ ငွေတွေ ဒီလောက်ဖြုန်းတီးနေပုံထောက်ရင် မင်းတို့ မိသားစုလည်း မကြာခင် ဇာတ်သိမ်းတော့မှာပဲ။ အဲ့အချိန်ကျရင် ငါက မင်းတို့ ဘယ်စက်ရုံမှာ အလုပ်လာလုပ်ကြမလဲဆိုတာ စောင့်ကြည့်နေမှာကွ!”

“ချင်းကျင်းဖန်၊ ခင်ဗျား ဘယ်တော့မှ နားလည်မှာ မဟုတ်တဲ့ အရာတွေ ရှိတယ်။ ကျွန်တော့် အဘိုးနဲ့ အဘွားနဲ့ ငွေတွေ ဆုံးရှုံးတာ မဆုံးရှုံးတာက ကျုပ်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ကျုပ်က အသက် ၁၈ နှစ်ပြည့်ပြီးသွားပြီ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ်။ ကိုယ့်ဝင်ငွေကိုယ် ရှာနိုင်စွမ််း ရှိတယ်။ ကျုပ် ခင်ဗျားလို ဖြစ်မလာစေရဘူး။ ဘာမှ မကြိုးစားဘဲ ဘယ်သူ့ဆီမှာ ကပ်ပါးပြီး ချမ်းသာအောင် လုပ်ရမလဲပဲ စဉ်းစားနေတဲ့လူ ဖြစ်မလာစေရဘူး”

ချင်းကျင်းဖန်၏လက်ကို ချင်းယုကျီး ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

နာကျင်မှုကြောင့် ချင်းကျင်းဖန်၏ မျက်နှာ ရှုံ့တွသွားခဲ့သည်။

“ခွေးကောင် ချင်းယုကျီး! ငါ့ကို လွှတ်စမ်း! မျိုးမစစ်ကောင်! ငါ့ကို ဒီလိုလာလုပ်ရဲတယ်ပေါ့! မိုးကြိုးပစ်ခံရမယ့်ကောင်!”။ ချင်းကျင်းဖန် အမျိုးမျိုး ကျိန်ဆဲလိုက်လေသည်။

ချင်းယုကျီး ပြုံးကာ သူ့နားကပ်လာပြီး တီးတိုးပြောလိုက်၏။ “ကျုပ်ပြောတာ မမေ့နဲ့။ လူသတ်တာသာ ရာဇဝတ်မှု မမြောက်ရင်၊ ခင်ဗျားက ကျုပ်အဘိုးရဲ့ တစ်ဦးတည်းသော ညီဖြစ်နေတာကြောင့်သာ မဟုတ်ရင် ကျုပ်လက်ထဲမှာ ခင်ဗျား အကြိမ်ကြိမ်သေပြီးသွားလောက်ပြီ”

ထို့နောက် ချင်းကျင်းဖန်ကို ပြန်လွှတ်ပေးလိုက်ပြီး နောက်လှည့်မကြည့်တော့ဘဲ ချင်းယုကျီး ထွက်သွားလေသည်။

ချင်းကျင်းဖန်ကတော့ သူ့လက်ကို ပွတ်သပ်ရင်း ကျန်ခဲ့ကာ အော်ဟစ်ဆဲဆိုနေလေသည်။

“ကလေကချေကောင်! မင်းတို့စောင့်နေကြစမ်းပါ! မင်းအဘိုးနဲ့ အဘွားတို့ မွဲပြာကျသွားမှ မင်းတို့ ငိုသံတွေ ငါလာနားထောင်ဦးမှာ! ခွေးသားလေး ငါ့ကိုများ စိန်လာခေါ်ရဲသေးတယ်! ယဉ်ကျေးမှုမရှိတဲ့ကောင်။ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့။ ဟာသပဲ!”

ပွစိပွစိ ပြောပြီးနောက် အိမ်ရာဝင်ပေါက်ဆီ ချင်းကျင်းဖန် အာရုံပြန်စိုက်လိုက်သည်။

ခဏကြာတော့ သူ့အစ်ကိုကြီး ချင်းဖေးဖန် အိမ်ရာထဲမှ ထွက်လာတာကို ချင်းကျင်းဖန် မြင်သွားလေသည်။

ချင်းကျင်းဖန် ချက်ချင်း ပြန်လည်တက်ကြွသွား၏။ အနီးနားမှာ ဝင်ပုန်းနေလိုက်ပြီး အဘိုးကြီးတစ်ယောက်ကို နှုတ်ဆက်နေသည့် သူ့အစ်ကိုကြီးအား စောင့်ကြည့်နေခဲ့သည်။

သူ့အစ်ကိုကြီးနဲ့ နှုတ်ဆက်စကားပြောပြီးနောက် သခင်ကြီးကုက ဘော်ဒီဂတ်များဝန်းရံလျက် ကားထဲဝင်ဖို့ ပြင်လိုက်ပါသည်။

ချင်းကျင်းဖန် အမြန်ပြေးလာခဲ့သည်။ သို့သော် သခင်ကြီးကု၏ ဘော်ဒီဂတ်များက ဝိုင်းတားလိုက်ကြပါသည်။

ကားထဲဝင်ဖို့ ပြင်နေသည့် သခင်ကြီးကုလည်း ချင်းကျင်းဖန်ကို လှည့်ကြည့်လိုက်သည်။

ချင်းကျင်းဖန်က မျက်နှာလိုမျက်နှာရ ပြုံးကာ ပြောလိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ကျွန်တော်က ခုနက သခင်ကြီးနဲ့ စကားပြောခဲ့တဲ့ ချင်းဖေးဖန်ရဲ့ ညီ ချင်းကျင်းဖန်ပါ”

“ဪ”။ သူ့ရှေ့ကလူကို သခင်ကြီးကု မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“တကယ်ပြောတာပါ။ မယုံရင် ကျွန်တော် ID ကတ် ထုတ်ပြမယ်”

“အဲ့လောက်ထိ မလိုပါဘူး။ ဘာကိစ္စရှိလို့လဲပဲ ပြောပါ”

ဒီလူ့ရဲ့ အကြောင်းကို သူသိချင်လျှင် သူ့လူတွေကို စုံစမ်းခိုင်းလိုက်လို့ ရသည်။

“ဘာရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်အစ်ကိုကြီးနဲ့ ဘာတွေဆွေးနွေးခဲ့တာလဲ သိချင်လို့ပါ”

“ဘာမှမဟုတ်ဘူး ဒီတိုင်း အလုပ်ကိစ္စ ဆွေးနွေးခဲ့တာ”။ သခင်ကြီးကုက ဒီလူ့ကို မသင်္ကာသဖြင့် ဘာမှ သိပ်မပြောချင်ပါ။

“အလုပ်ကိစ္စဆွေးနွေးတာ ဟုတ်လား။ ဧကန္တ အနောက်မြောက်ပိုင်း နယ်မြေက စီမံကိန်းကိုလား”။ အလုပ်ကိစ္စဟု ကြားလိုက်တာနဲ့တစ်ပြိုင်နက် ချင်းကျင်းဖန် တက်ကြွသွားလေသည်။

… … …

အခန်း(၇၆၇) သခင်ကြီးကုကို အရူးလုပ်ဖို့ ကြိုးစားခြင်း

“ဟုတ်တယ်ဆို ဘာဖြစ်လို့လဲ”။ သခင်ကြီးကု ပြန်မေးလိုက်သည်။

“အဲ့တာဆို သူ သခင်ကြီးကို လှည့်စားပြီး ငွေတွေ ရင်းနှီးမြှုပ်နှံခိုင်းနေပြီထင်တယ်”။ ချင်းကျင်းဖန် ခန့်မှန်းလိုက်သည်။

“လှည့်စားတယ်ဟုတ်လား။ ကျုပ်ကို သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့က လှည့်စားနေတာလို့ ပြောချင်တာလား”။ သခင်ကြီးကု မေးလိုက်သည်။

“ဟုတ်တယ်! လှည့်စားနေကြတာ! ကျွန်တော့်အစ်ကိုကြီးနဲ့ မရီးတို့ရဲ့ စကားတွေကို မယုံကြည်သင့်ဘူးနော်။ အဲ့ဒီ ပရောဂျက်က ဘယ်လောက်အခြေအနေဆိုးသလဲဆိုတာ ဟွာချန့်မြို့ကလူတိုင်း သိကြတယ်။ ငွေတွေ ဘယ်လောက်ပဲ လောင်းထည့်ပါစေ အကုန်ဆုံးရှုံးမှာပဲ!”

အနောက်မြောက်ပိုင်းက စီမံကိန်းမှာ ဘယ်လောက် ဆိုးရွားသလဲဆိုတာ သခင်ကြီးကုကို ချင်းကျင်းဖန် အမြန် ရှင်းပြလိုက်ပါသည်။

သခင်ကြီးကုက မျက်လုံးမှေးလျက် ချင်းကျင်းဖန်ကို အကဲခတ်လိုက်သည်။

တစ်ဖက်လူ တိတ်ဆိတ်သွားတာကိုမြင်ပြီး ချင်းကျင်းဖန်က အခွင့်ကောင်းယူလိုက်၏။ “သခင်ကြီးကို ကျွန်တော့် အစ်ကိုကြီး ဘယ်လိုလှည့်စားလိုက်သလဲ ဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော် သိသလောက်ဆိုရင် သူကော မရီးကော စုထားတာတွေ အကုန် သုံးလိုက်ကြပြီ။ ပြီးတော့ ချင်းမိသားစုရဲ့ တခြား လုပ်ငန်းတွေကလည်း လက်ရှိမှာ မပြေလည်တော့ အကြွေးတွေပတ်လည်ဝိုင်းနေလောက်ပြီ ထင်တယ်”

“ခင်ဗျားရဲ့ အစ်ကိုကြီးနဲ့ မရီးက ငွေလိုအပ်နေလို့ တခြားသူတွေကို လှည့်စားနေတာလို့ ပြောချင်နေတာလား”။

ထိုအခါ ချင်းကျင်းဖန်က သခင်ကြီးကုနားကပ်လျက် တီးတိုးပြောလိုက်သည်။ “သူ့အကျင့်တွေကို ကျွန်တော်တောင် သည်းမခံနိုင်တော့လို့ သခင်ကြီးကို ဒီလိုလာပြောပြရတာ”

“အဲ့တာဆို ကျုပ်ဒုက္ခမရောက်အောင် လာပြောပေးတာပေါ့” သခင်ကြီးကုက ပြောလိုက်သည်။

“ဟုတ်ပါတယ်။ အရင်တုန်းက ကျွန်တော့်အစ်ကိုကြီး အရမ်းထက်မြက်ခဲ့ပေမယ့် အခု အသက်ကြီးလာတော့ အရင်ကလောက် မတော်တော့ဘူး။ အမြဲတမ်း ထူးထူးဆန်းဆန်း ကြောင်ကြောင်တောင်တောင်တွေချည့်ပဲ လုပ်နေတာ။ ကျွန်တော် အကြံပေးတာကို နားမထောင်တဲ့အပြင် ကျွန်တော့်ကိုပါ ရန်သူတစ်ယောက်လို သတ်မှတ်ခဲ့သေးတယ်”

ချင်းကျင်းဖန် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ဒါဆို အခု ခင်ဗျားနဲ့ ခင်ဗျားအစ်ကိုရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးပေါ့”။ သခင်ကြီးကု မေးလိုက်ပါသည်။

“ဟုတ်ပါတယ် သိပ်အဆင်မပြေဘူး။ အဲ့တာတော့ ကျွန်တော် လျှို့ဝှက်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုလို လာပြောရတာ အဲ့တာကြောင့် မဟုတ်ဘူးနော်။ ကျွန်တော့်အစ်ကိုကြီးကြောင့် သူများတွေ ဒုက္ခရောက်မှာကို မမြင်ချင်တော့လို့ ဒီလို လာပြောရတာပါ။ သူ့လုပ်ရပ်တွေက တကယ် ဆိုးရွားပြီး တခြားသူတွေကို ထိခိုက်စေနိုင်တယ်”

“ခင်ဗျား ဒီလောက်ထိ ဖြောင့်မတ်လိမ့်မယ်လို့ မထင်ထားဘူး”

“ဖြောင့်မတ်တယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ကူညီနိုင်တာကို ကူညီပေးချင်လို့ပါ။ လူတစ်ယောက်ကို ကူညီပေးနိုင်ရင်တောင် အကျိုးမယုတ်ပါဘူး”။ ချင်းကျင်းဖန် ပြုံးလျက် ရှင်းပြလိုက်သည်။

သူ့ရှေ့က အဘိုကြီး သူ့စကားကို ယုံတော့မည်ဟု ခံစားမိသည်။

သူ့အတွက် အကျိုးအမြတ် သိပ်မရနိုင်သော်လည်း ချင်းမိသားစု၏ ပျက်စီးရာပျက်စီးကြောင်းဖြစ်ကာ သူ့အစ်ကိုကြီးနဲ့ မရီးတို့ စိတ်ညစ်နေတာကို မြင်ရလျှင် တန်ပါပြီ။

သခင်ကြီးကုက ချင်းကျင်းဖန်ကို ခေတ္တရပ်ကြည့်လိုက်ပြီး သူ့နောက်က လက်အောက်ငယ်သားများကို ရုတ်တရက် လှည့်ပြောလိုက်သည်။

“မင်းတို့ကောင်တွေ ဘာရပ်ကြည့်နေကြတာလဲ။ ငါ့ရှေ့ကို စိတ္တဇကောင်တစ်ကောင် ရောက်နေတာ ဘယ်သူမှ မမြင်ကြဘူးလားကွ!”

လက်အောက်ငယ်သားတွေလည်း ကြောင်စီစီဖြစ်ကာ ကြက်သေသေသွားကြသည်။

ချင်းကျင်းဖန်လည်း တုန်လှုပ်သွားခဲ့၏။ “ဘာ… ဘာပြောလိုက်တယ်။ စိတ္တဇကောင်ဟုတ်လား”

သခင်ကြီးကုက ချင်းကျင်းဖန်ကို လျစ်လျူရှုလိုက်ပြီး သူ့လက်အောက်ငယ်သားတွေကိုသာ လှည့်ပြောလိုက်သည်။ “ဘာတွေ ရပ်စောင့်နေကြတာလဲ။ ဒီကောင့်ကို ဘာလို့ မဆုံးမကြသေးတာလဲ။ ငါ့ဖာသာငါ လုပ်ရမှာလား။

နောက်ဆုံးတော့ လက်အောက်ငယ်သားတွေ သဘောပေါက်သွားပြီး ချင်းကျင်းဖန်ဆီ ပြေးလာကာ မြေပေါ် လှဲချလိုက်ကြသည်။

“မြန်မြန် ဆုံးမလိုက်ကြစမ်း! ငါ့အချိန်ကို လာဖြုန်းနေတယ်! သူပေါက်ကရတွေ ပြောတာကို နားထောင်လိုက်တာ ငါ့ရဲ့ တန်ဖိုးရှိတဲ့ အချိန် ၁၀ မိနစ် အလကားဖြစ်သွားပြီ!”

သခင်ကြီးကုက သူ့လူတွေကို ဘေးမှ အားပေးအားမြှောက်ပြုနေသည်။

ချင်းကျင်းဖန်လည်း မြေပေါ်လဲသွားပြီး လူပေါင်းများစွာ၏ ထိုးနှက်မှုကို ခံနေရသဖြင့် သူ့ခေါင်းကို လက်ဖြင့် အုပ်ထားနိုင်ရုံသာရှိတော့သည်။

… … …

အခန်း(၇၆၈) အလကားသက်သက် အထိုးခံလိုက်ရတယ်

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ သခင်ကြီး စိတ်မဆိုးပါနဲ့! ဒီလူက ဦးနှောက်မကောင်းလို့ တခြားသူတွေ အောင်မြင်တာကို မနာလိုပြီး လာပြောတာပါ။ သူ့လိုလူတွေကြောင့် ဒေါသအဖြစ်မခံပါနဲ့ သခင်ကြီး! သခင်ကြီးရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်”

သားဖြစ်သူတွေ ခန့်ပေးထားသည့် လက်အောက်ငယ်သားများဖြစ်တာကြောင့် သခင်ကြီးကုရဲ့ ကျန်းမာရေးက သူတို့အတွက် နံပါတ် ၁ ဦးစားပေးဖြစ်သည်။

ချင်းကျင်းဖန် အော်ဖို့ပင် အားမရှိတော့တာကိုမြင်မှ သခင်ကြီးကု အားလုံးကို ရပ်ခိုင်းလိုက်သည်။

“တော်လောက်ပြီ အချိန်မဖြုန်းကြနဲ့တော့။ သွားကြစို့”

သခင်ကြီးကု ကားပေါ်တက်ပြီး ထွက်ခွာသွားလေသည်။ မြေကြီးပေါ်မှာ အထိုးကြိတ်ခံထားရသည့် ချင်းကျင်းဖန် တစ်ယောက်တည်း ငြီးတွားရင်း ကျန်ခဲ့တော့သည်။

အချိန်အတောကြာမှ ချင်းကျင်းဖန် ဒယိမ်းဒယိုင်ဖြင့် ပြန်ထလာခဲ့သည်။ သူပြန်ထလာချိန်တွင် သခင်ကြီးကု မရှိတော့ပေ။

ချင်းကျင်းဖန် ဒေါသတကြီး အံကြိတ်လျက် ကျိန်ဆဲလိုက်၏။ “သောက်ရူးကြီး! ချင်းဖေးဖန်နဲ့ ငွေတွေအတူ ဆုံးရှုံးလည်း အဆုံးရှုံးခံလိုက်ပေါ့ကွာ!။ ထွီး!”

“ခွေးမသားကြီး။ သေတဲ့အခါ မြေမြှုပ်ပေးမယ့်သူ မရှိပါစေနဲ့!”

“လမ်းမပေါ် ထွက်လိုက်တာနဲ့ ကားတိုက်သေပါစေ! ရေသောက်ရင် ရေသီး၊ အစာစာရင်း အစာနင်ပါစေ!”

“…”

ချင်းကျင်းဖန်ကို ပြန်ခေါ်ဖို့ ဟုံပေါင်ကျူး ရောက်လာသောအခါ သူမယောက်ျား ဒဏ်ရာတွေဗလပွနဲ့ ကျိန်ဆဲနေတာကို မြင်လိုက်ရသည်။

“ယောက်ျား ဘာဖြစ်တာလဲ။ ချင်းမိသားစုကဟာတွေ ရိုက်သွားတာလား! လာစမ်း၊ စာရင်းသွားရှင်းကြရအောင်!”

ချင်းဖေးဖန်တို့ လက်ချက်အထင်ဖြင့် ဟုံပေါင်ကျူး ကလဲ့စားသွားချေဖို့ ပြင်လိုက်သည်။

“သူတို့မဟုတ်ဘူး ငါတစ်ခါမှ မမြင်ဖူးတဲ့ အဘိုးကြီး လုပ်သွားတာ”

“တစ်ခါမှ မမြင်ဖူးတဲ့အဘိုးကြီး ဟုတ်လား။ သူဘယ်သူမှန်းတောင် မသိဘူးလား”

“မသိဘူး!” ထိုအကြောင်းပြောရုံနဲ့ ချင်းကျင်းဖန် ဒေါသထွက်လာပါသည်။

ဆဲနည်းပေါင်းစုံနဲ့ ကျိန်ဆဲခဲ့သော်လည်း ထိုအဘိုးကြီး၏ မျိုးရိုးအမည်ကိုပင် မသိခဲ့ရပါ။ အခုတော့ လျော်ကြေး ဘယ်ကို သွားတောင်းရမှန်းမသိ ဖြစ်နေပါပြီ။

“ရှင်တော်တော် တုံးတာပါလား! ရှင့်ကို ဒီလောက်ထိုးကြိတ်သွားတဲ့လူကို ဒီတိုင်း လွှတ်ပေးလိုက်တာလား။ တစ်ပြားတစ်ချပ်မှ မကျန်တော့တဲ့အထိ လျော်ကြေးတောင်းမှပေါ့!” ဟုံပေါင်ကျူး ဆူငေါက်လိုက်လေသည်။

ငွေညှစ်သည့်နေရာမှာ ဟုံပေါင်ကျူးက အတွေ့အကြုံရှိပါသည်။

“ငါကကော ဒီတိုင်းလွှတ်ပေးချင်တယ်လို့ ထင်နေလို့လား။ သူတို့က အများကြီးပဲ! ငါ့မှာ လေးဘက်ထောက်ပြီးတောင် မသွားနိုင်ဘူး!”။ ချင်းကျင်းဖန် ဒေါသတကြီး ပြန်ပြောလိုက်သည်။

ဘာအကြောင်းအရင်းမှမရှိဘဲ အထိုးကြိတ်ခံလိုက်ရသဖြင့် နဂိုကတည်းက ဒေါသထွက်နေစဉ် ယခု သူ့မိန်းမကပါ သူ့ကို လာဝေဖန်နေလေသည်။

“ထားလိုက်ပါတော့ ထားလိုက်ပါတော့”။ ယောက်ျားဖြစ်သူ ဒေါသထွက်နေတာကိုမြင်ပြီး ဟုံပေါင်ကျူး စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။ “ဘယ်လိုလဲယောက်ျား၊ အိမ်ရာထဲ ဝင်ဖို့ နည်းလမ်း ရှာလို့ရခဲ့လား”

“မရဘူး! ချင်းဖေးဖန်က လုံခြုံရေးအစောင့်တွေကို သေချာ မှာထားတဲ့ပုံပဲ။ ငါဘယ်လောက်ပဲ ချိုချိုသာသာ ပြောပြော ဝင်ခွင့်မပေးကြဘူး!”

“ဒါဆို… အဲ့ဒီ နတ်ဆေးသမားတော်ကြီးကော ထွက်လာသေးလား”။ ဟုံပေါင်ကျူးထပ်မေးလိုက်သည်။

“ထွက်မလာဘူး။ သူ့အရိပ်တောင် မမြင်ခဲ့ရဘူး!”။ ချင်းကျင်းဖန် မကျေနပ်စွာ ပြောလိုက်ပါသည်။

သူ့အစ်ကိုကြီး မိသားစုကို ဒုက္ခပေးဖို့အပြင် ဒီ ၂ ရက်အတွင်း ဒီအိမ်ရာရှေ့မှာ ဝေ့လည်ကြောင်ပတ် လာလုပ်နေရသည့် အကြောင်းအရင်းက နတ်ဆေးသမားတော်ကြီးကို တွေ့နိုင်မည့်အခွင့်အရေး လာရှာခြင်း ဖြစ်သည်။

“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ သားကို ကယ်လို့တောင် ရပါဦးမလား။ ဟိုသောက်ကလေးမလေးကိုလည်း မသာမ ကျန်းဝမ်ဝမ်က ခေါ်သွားပြီ။ ကျွန်မတို့မှာ မျိုးဆက် မရှိတော့ဘူး!”။ ဟုံပေါင်ကျူး အလွန်စိတ်ပူသွားပါသည်။

လွန်ခဲ့သည့် တစ်ပတ်ကျော်လောက်ကမှ ချင်းကျင်းဖန်တို့ ရင်ဆိုင်နေရသည့် အမှု ၂ ခု ပိတ်သိမ်းသွားခဲ့တာဖြစ်သည်။

ကွာရှင်းပြတ်စဲသည့်ကိစ္စတွင် မြေးမဖြစ်သူအား ကျန်းဝမ်ဝမ်က ထိန်းသိမ်းစောင့်ရှောက်ခွင့် ရသွားခဲ့သည်။ ချင်းချန်းကျစ်ကလည်း လစဉ် ထောက်ပံ့ကြေး ယွမ် ၂,၀၀၀ ပေးဆောင်ရမည်။

ချင်းကျင်းဖန်တို့ မိသားစုကတော့ လုံးဝ မပေးချင်ပါ။

အဲ့ဒီ သောက်ကလေးမလေးက သူတို့မြေးမလေး မဟုတ်တော့ဘူး။ သူ့ကို ပိုက်ဆံတွေပေးလည်း သဲထဲရေသွန် ဖြစ်သွားမှာပဲ။ သူတို့သားကို ဆေးကုသပေးဖို့ အဲ့ဒီပိုက်ဆံကို သုံးတာကမှ အသုံးဝင်ဦးမယ်! သူ့သားသာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မိန်းမတစ်ယောက် ထပ်ယူပြီးတော့ မြေးတစ်ယောက် ထပ်မွေးနိုင်ရင် အားလုံး ပြန်အဆင်ပြေသွားမှာပဲ!

သို့သော် ပြဿနာက သူတို့သားကို ဘယ်လို ကုသပေးရမလဲမသိပါ။

… … …

အခန်း(၇၆၉) ဆရာကြီးရှုယီကို တောင်းဆိုမှဖြစ်မယ်

ဆေးရုံမှ ဆရာဝန်ကတော့ ဒဏ်ရာက အတွင်းကြေဖြစ်ကာ ပြန်လည်ကောင်းမွန်လိုပါက ထောက်ကူပြု ပစ္စည်း ထည့်သွင်းဖို့ လိုအပ်မည်ဟု ဆိုသည်။

ထိုလုပ်ငန်းစဉ်က အလွန်ကုန်ကျစရိတ်များပြီး အာနိသင်ကလည်း အရင်လောက် ကောင်းမွန်နိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် ချင်းချန်းကျစ် လက်မခံနိုင်ဖြစ်ခဲ့ရသည်။ ရှက်စရာကောင်းသည်ဟုလည်း ခံစားမိသည်။

ချင်းကျင်းဖန်ကလည်း ဈေးပိုသက်သာပြီး အာနိသင်ပိုရှိမည့် နည်းလမ်းကို ရှာဖွေချင်နေသည်။

အနောက်တိုင်း ဆေးပညာကို အားကိုး၍ မရတော့သဖြင့် တရုတ်တိုင်းရင်းဆေးပညာကိုသာ အားကိုးရတော့သည်။

ဒီနယ်ပယ်မှာ နတ်ဆေးသမားတော် ဆရာကြီးရှုယီက အထူးချွန်ဆုံးဖြစ်ပြီး ထိုဆရာကြီးက သူ့အစ်ကိုကြီးရဲ့ အိမ်မှာ တည်းခိုနေတာဖြစ်သည်။

သို့သော် ပြဿနာက သူတို့ကို ချင်းဖေးဖန် အိမ်နားတောင် ကပ်ခွင့်မပေးပါ။ ဆရာကြီးရှုယီကို တောင်းဆိုဖို့ နေနေသာသာ အိမ်ရာအတွင်းတောင် ဝင်ခွင့်မရှိကြပါ။

“မဟုတ်တာတွေ မပြောနဲ့! ချင်းကျင်းဖန်ဆိုတဲ့ငါ့မှာ မျိုးဆက်ရှိကိုရှိရမယ်!”။ သူ့မိန်းမရဲ့ စကားလုံးများကို ချင်းကျင်းဖန် လက်မခံနိုင်ပါ။

သူ့အစ်ကိုကြီးမှာကျတော့ သားတွေ၊ မြေးတွေနဲ့ တစ်အိမ်လုံးပြည့်နှက်နေပြီး သူ့ကျတော့ အသုဘကျင်းပပေးမည့်လူပင် မရှိပါ။

ဒါမျိုးလုံးဝ ဖြစ်လို့မရပေ။

“ကျွန်မ ပါးစပ်ပိတ်နေတာနဲ့ပဲ ကျွန်မတို့သား ပြန်ကောင်းလာမှာတဲ့လား!”

ဟုံပေါင်ကျူးလည်း ဒေါသကို ဘယ်ပုံချရမှန်း မသိတော့ချေ။ သူမ လက်ထဲက ခြင်းတောင်းထဲကို ငုံ့ကြည့်ပြီး ပွစိပွစိပြောလိုက်သည်။ “ကျွန်မ ရွာတောင်ပြန်ပြီး ကြက် ၂ ကောင်ရယ်၊ ကြက်ဥတွေ အများကြီးရယ် သွားယူလာခဲ့တာ။ ဒါပေမယ့်အခုတော့ သူ့ကို မြင်တောင် မမြင်ရဘူးဆိုတော့ ဒီလက်ဆောင်တွေ ဘယ်သူ့သွားပေးရမလဲ”

“လက်ဆောင်တွေ အသာထားစမ်းပါ! ငါနာလွန်းလို့သေတော့မယ်! အိမ်ပြန်ကြရအောင် မနက်ဖြန်မှ ပြန်လာကြမယ်!”။ ချင်းကျင်းဖန် ပြောလိုက်သည်။

ဟုံပေါင်ကျူးက အိမ်ရာရှေ့မှာ တံတွေးထွေးလိုက်ပြီး ခြင်းကိုသယ်ကာ သူမယောက်ျားနဲ့အတူတူ ဘတ်စ်ကားဂိတ်သို့ ပြန်လာခဲ့သည်။ ထို့နောက် သူမတို့ ငှားထားသည့် ၃၀ စတုရန်းမီတာသာ ကျယ်သည့် တိုက်ခန်းသို့ ပြန်လာခဲ့သည်။

ထိုတိုက်ခန်းတွင် အိပ်ခန်းတစ်ခန်းနဲ့ ရေချိုးခန်း တစ်ခန်းသာ ရှိပါသည်။ ရေချိုးခန်းက ဝင်ပေါက်၏ ဘယ်ဘက်မှာ ဖြစ်ပြီး မီးဖိုချောင်ကတော့ ဝရန်တာမှာသာဖြစ်သည်။

အိပ်ဖို့တောင် နေရာမရှိသဖြင့် ကြမ်းပြင်ပေါ်မှာသာ စောင်ခင်းပြီး ညဘက် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ အိပ်ရသည်။

တိုက်ခန်းထဲက တစ်ခုတည်းသော ၁.၅ မီတာကျယ်သည့် ကုတင်ပေါ်မှာ ချင်းချန်းကျစ် ပျင်းရိပျင်းတွဲ ဂိမ်းကစားနေပါသည်။

“ဘာလို့ အခုမှ ပြန်လာကြတာလဲ။ ကျွန်တော် ဗိုက်ဆာနေပြီ။ စားစရာတစ်ခုခု သွားပြင်ပေး!”။ ချင်းချန်းကျစ် အမိန့်ပေးလိုက်သည်။

ဟုံပေါင်ကျူးက ပြန်ပြောလိုက်၏။ “သား ဘာလို့ အိပ်ရာထဲမှာပဲ လှဲနေတာလဲ။ ဆရာဝန်က လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ပြောမထားဘူးလား”

“အဲ့လိုလုပ်တော့ ကျွန်တော် ပြန်ကောင်းလာမှာမို့လို့လား။ ပြန်ကောင်းလာမှာလားလို့!”။ ဟုံပေါင်ကျူးကို ချင်းချန်းကျစ် အော်ဟစ်လိုက်ပါသည်။

“ပြန်မကောင်းနိုင်ပေမယ့် နည်းနည်းတော့ အကူအညီပေးနိုင်မှာပါ…”။ ဟုံပေါင်ကျူး တိုးညှင်းစွာ ပြောလိုက်ပါသည်။

“ခင်ဗျားအမေကို သွားကူညီလိုက်!”။ ချင်းချန်းကျစ် ကျိန်ဆဲလိုက်သည်။ “ကျုပ်က ဒုက္ခိတဖြစ်သွားပြီ နားလည်လား! မိန်းမလည်း မရှိတော့ဘူး သမီးလည်း မရှိတော့ဘူး။ ဘဝလုံးဝ ပျက်သွားပြီ! အခု လေ့ကျင့်ခန်းလုပ်လို့ ဘာထူးဦးမှာလဲ။ ဒီတိုင်း သေသွားလိုက်တာမှ ပိုကောင်းဦးမယ်!”

“အဲ့လိုတော့မပြောပါနဲ့ သားရယ်! သေဖို့ လုံးဝ မစဉ်းစားရဘူးနော်! သားက အမေ့ရဲ့ တစ်ဦးတည်းသောသားလေ။ သားသေသွားရင် အမေ ဘယ်လိုအသက်ရှင်ရတော့မှာလဲ”။ ဟုံပေါင်ကျူး ထိတ်လန့်သွားလေသည်။

“ခင်ဗျားဖာသာ ဘယ်လိုအသက်ရှင်ရှင် ကျုပ်နဲ့ ဘာမှမဆိုင်တော့ဘူး! ကျုပ်ဘဝကြီးက သေနေတာနဲ့ ဘာမှမကွာခြားဘူ!”။ ချင်းချန်းကျစ် အော်ဟစ်လိုက်သည်။

“အဲ့လို မတွေးရဘူးလေ! သားပြန်ကောင်းလာမှာပါ။ သားအဖေနဲ့ အမေ အဲ့ဒီ နတ်ဆေးသမားတော်ကြီးကို တွေ့ခါနီးနေပြီ။ အဲ့နတ်ဆေးသမားတော်ကြီးက သားကို ကုပေးလိမ့်မယ်! မကြာခင် အားလုံး ပြန်ကောင်းသွားမှာ။ အဲ့ကျရင် ကျန်းဝမ်ဝမ်ထက် ပိုသာတဲ့ မိန်းမကို ထပ်ယူပြီး သားတွေအများကြီး မွေးလိုက်!”။ ဟုံပေါင်ကျူးက နှစ်သိမ့်ပေးလိုက်သည်။

“အဲ့တာဆိုလည်း မြန်မြန်လုပ်ကြလေ။ ဘာလို့ ကျုပ်ကို လာအာရုံနောက်နေကြတာလဲ”။ ချင်းချန်းကျစ် စိတ်မရှည်စွာ ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အမေ မနှောင့်ယှက်တော့ပါဘူး။ ဂိမ်းဆက်ဆော့နော်”။ ဟုံပေါင်ကျူး အမြန်ပြောလိုက်သည်။ သူမကြောင့် သားဖြစ်သူ စိတ်ရှုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်သွားမှာ စိုးရိမ်မိသည်။

ချင်းချန်းကျစ်က ဟုံပေါင်ကျူးကို လျစ်လျူရှုလိုက်ပြီး ခေါင်းငုံ့ကာ ဂိမ်းသာ ဆက်ဆော့နေလိုက်ပါသည်။

ဟုံပေါင်ကျူးလည်း ချင်းကျင်းဖန်ဆီ ပြန်ရောက်လာပြီး အကြံပေးလိုက်သည်။ “ယောက်ျား၊ ကျွန်မတို့ ယွင်ယွင်ကို ပြန်ပေးဆွဲပြီး ချင်းမိသားစုနဲ့ နတ်ဆေးသမားတော်ကြီးကို ခြိမ်းခြောက်ကြရအောင်လေ”

… … …

အခန်း(၇၇၀) ယုဝမ်ရှုကို ကူညီပေးခြင်း

ချင်းကျင်းဖန်က သူ့ခြေလက်တွေကို ဆေးလိမ်းရင်း ပြန်ပြောလိုက်ပါသည်။ “မင်းဦးနှောက်ထဲ ဘာမှမရှိဘူးလား။ အဲ့ဒီ သောက်ကလေးမလေးကိုသာ တွေ့ခွင့်ရရင် အိမ်ပြန်ခေါ်လာပြီပေါ့။ အခုလို ထိုင်စောင့်နေမလား”

“ကျွန်မ စိတ်ရှုပ်သွားလို့ပါ! ကျွန်မတို့သားကို ဒီလိုပုံစံနဲ့ မြင်နေရတာ ဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲ”။ ဟုံပေါင်ကျူး ပြန်ပြောလိုက်ပါသည်။

ချင်းကျင်းဖန် ကျိန်ဆဲလိုက်လေသည်။ “ဒါတွေအားလုံး အဲ့ဒီ ကောင်မ ကျန်းဝမ်ဝမ်ရဲ့ အပြစ်တွေပဲ။ ငါ့သား ဒုက္ခိတဖြစ်မှ ထွက်ပြေးသွားတယ်! နှလုံးသားမရှိတဲ့ မိန်းမ!”

“အမှန်ပဲ! သူသာ ဒီမှာရှိနေသေးရင် အနည်းဆုံးတော့ ကျွန်မတို့သား ဒီလောက်ထိ စိတ်ဓာတ်ကျနေမှာ မဟုတ်ဘူး”။ ဟုံပေါင်ကျူး ထောက်ခံလိုက်ပါသည်။

ချင်းကျင်းဖန်က ဆက်ပြော၏။ “ပြီးတော့ အစ်ကိုကြီးနဲ့ မရီးတို့ကလည်း လူစိတ်မရှိကြဘူး။ သူတို့သာ လူစိတ်ရှိရင် ငါတို့ ဒီလိုအခြေအနေထိ ရောက်လာမှာ မဟုတ်ဘူး! ငါတို့သားလည်း ဒုက္ခိတဖြစ်သွားမှာ မဟုတ်ဘူး”

ဟုံပေါင်ကျူးက ထောက်ခံလိုက်ပါသည်။ “အဲ့ဒီ အနောက်မြောက်ပိုင်းက နယ်မြေတွေကြောင့် သူတို့ မွဲပြသွားမယ့် အချိန်ကို ကျွန်မ ပျော်ပျော်ကြီးစောင့်နေမှာ!”

လင်မယားနှစ်ယောက် အားလုံးကို အပြစ်တင်နေကြသည်။ သားဖြစ်သူကို အလိုလိုက်ခဲ့သည့် သူတို့ကိုယ်သူတို့ကလွဲပြီး လူတိုင်းကို အပြစ်တင်နေကြလေသည်။

--- --- ---

ညစာစားချိန်မရောက်ခင် ချင်းယုကျီး အိမ်ပြန်ရောက်လာပြီး အစ်ကိုဖြစ်သူကို မြင်သောအခါ မေးလိုက်သည်။ “အစ်ကိုကြီး ချင်းကျင်းဖန် ဘာဖြစ်နေတာလဲ။ ဒီနေ့ အိမ်ရာဝင်ပေါက်ရှေ့မှာ မအူမလည်လုပ်နေတာ မြင်ခဲ့တယ်”

“သူတို့ မိသားစုအတွက် ငါတို့ပေးထားတဲ့ ပြဿနာ ပြီးသွားပြီလေ။ အဲ့တာကြောင့် သူ လွတ်လပ်သွားတာနဲ့ သူများတွေကို လိုက်ကိုက်နေတာပေါ့။ သာမန်ပါပဲ”။ ချင်းယုဟွိုင်း တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။

လွန်ခဲ့သည့် ၂ လအတွင်း သူတို့ ချင်းကျင်းဖန်တို့ သားအဖ ၃ ယောက်အတွက် ချင်းယုဟွိုင်း ပြဿနာပေါင်းစုံ ဖန်တီးပေးခဲ့သည်။

ကွာရှင်းသည့်ပြဿနာကော၊ သူတို့သား ဒုက္ခိတဖြစ်သွားသည့် ပြဿနာကော၊ အကြွေးရှင်တွေ အကြွေးလာတောင်းသည့် ပြဿနာ စသည်ဖြင့် ပြဿနာပေါင်းစုံ ပေးခဲ့သည်။

ထိုပြဿနာများကြောင့် ချင်းကျင်းဖန်တို့ အသက်ရှူဖို့ပင် မအားလပ်ခဲ့ပါ။ ထို့ကြောင့် သူတို့အသံကို မကြားခဲ့ရခြင်း ဖြစ်သည်။

“အဲ့တာဆို သူတို့ကို တစ်ခုခုလုပ်ဖို့ စဉ်းစားပါလား။ သူတို့ကို မြင်ရတာ စိတ်ရှုပ်ဖို့ကောင်းတယ်”

ချင်းကျင်းဖန်တို့လို လူမျိုးတွေက တစ်သက်လုံး အကြွေးရှင်တွေ နှိပ်စက်တာကို ခံရသင့်သည့်လူတွေ ဖြစ်ကြသည်။

“သူတို့ကို တစ်ခုခုလုပ်ဖို့ မင်းစဉ်းစားကြည့်လိုက်လေ”။ ချင်းယုဟွိုင်း ပြောလိုက်သည်။

“ငါက ဘာလုပ်တတ်မှာလဲ။ အခုမှ အထက်တန်းအောင်ခါစ သာမန်ကျောင်းသားလေးပဲ ရှိသေးတာ။ အဆက်အသွယ်လည်း မရှိ၊ ရင်းမြစ်လည်းမရှိ၊ အတွေ့အကြုံလည်း လုံးဝ မရှိဘူး”

“မင်းအသက် ၁၈ ပြည့်ပြီလေ။ ရင့်ကျက်ဖို့ အချိန်ကျပြီ”

“ရပါတယ် အစ်ကိုကြီးရာ။ ငါတို့မိသားစုမှာ မင်းရှိနေရင် လုံလောက်ပါပြီ။ ငါကတော့ နောက်ထပ် ၂ နှစ်လောက် လေလွင့်လိုက်ဦးမယ်”။ ချင်းယုကျီး လက်ခါပြလိုက်ပါသည်။

“ဟုတ်ပါပြီ။ ငါအားမှ တစ်ခုခုလုပ်ဖို့ စဉ်းစားလိုက်မယ်”။ ချင်းယုဟွိုင်း ပြန်ပြောလိုက်သည်။

အိမ်ရာရှေ့မှာ ချင်းကျင်းဖန်ကို ဒီတိုင်း လွှတ်ထားပေးတာ တကယ်ပဲ အဆင်မပြေပါ။ တစ်ချိန်ချိန် စိတ်ဖောက်ပြီး စူစူလေးကို တစ်ခုခု လုပ်လိုက်နိုင်သည်။

“အင်း အဲ့တာဆို အပင်ပန်းခံလိုက်ဦး အစ်ကိုကြီး! ငါဂိမ်းသွားဆော့လိုက်ဦးမယ်!”

ချင်းယုကျီး သူ့အခန်းထဲသူ ပျော်ပျော်ရွှင်ရွှင် ပြန်ဝင်လာခဲ့ပါသည်။

ယခု စာမေးပွဲကြီးလည်း ပြီးဆုံးသွားပြီဖြစ်သဖြင့် သူဂိမ်းဆော့တာကို ဘယ်သူမှ မတားနိုင်ကြတော့ပေ။

အခန်းထဲပြန်ရောက်လာပြီးနောက် ချင်းယုကျီး ကွန်ပျူတာဖွင့်လိုက်သည်။ စပီကာမှ ဂိမ်းသ့တွေ ထွက်လာသော်လည်း တကယ်တော့ ယုဝမ်ရှုရဲ့ ကိစ္စတွေကို ကူညီပေးနေတာဖြစ်ပါသည်။

ခုတလော သူရန်သိပ်မဖြစ်တော့ဘဲ ယုဝမ်ရှု၏ ကိစ္စတွေကို ကူညီပေးနေခဲ့သည်။ ယုဝမ်ရှု၏ ကိစ္စများက အလွန် များပြားပြီး ရှုပ်ထွေးမှန်း အခုမှ သိလာရသည်။

[မဆိုးပါဘူး]

ချင်းယုကျီးပို့ပေးသည့် အစီရင်ခံစာကို ကြည့်ပြီးနောက် ယုဝမ်ရှု ချီးကျူးလိုက်ပါသည်။

ချင်းယုကျီး : [ သာမန်ပါပဲ။ ငါက မျိုးရိုးဗီဇကောင်းပြီး ဦးနှောက်ကလည်း ထက်မြက်တော့ လွယ်ပါတယ်]

ယုဝမ်ရှု : [ဦးနှောက်ကလည်း မဆိုးပါဘူး။ ဒါပေမယ့် တစ်ခါတလေ ပြဿနာကို ကြွက်သားနဲ့ပဲ ရှင်းတတ်တာ ခက်တယ်]

ချင်းယုကျီး : [မင်းငါ့ကို ငတုံးလို့ ခေါ်နေတာလား]

… … …

All Chapters