← Chapters

ပစ်မှတ် : ပိုင်ရှင်းယွဲ့

Vol. 12 Ch. 167

ပစ်မှတ် : ပိုင်ရှင်းယွဲ့

Vol. 12 Ch. 167

ဖုန်များ လေထဲတွင် ပြန့်ကျဲနေ၏။

တိုက်ခိုက်မှုကြီး နှစ်ခုသည် အချင်းချင်း တိုက်မိပြီး ပျက်ပြယ်သွားသော်လည်း တစ်ဖက်မှ နောက်မဆုတ်ပေ

ပိုင်ရမ်သည် လေထဲသို့ တစ်ချက်လှမ်းကာလက်တစ်ချောင်းဖြင့် သူ့လက်နက်ဖြစ်သော နီညိုရောင်ဓားရှည်ကို ဆွဲထုတ်လိုက်ရာ ဝိညာဉ်စွမ်းအင်သည် တုန်ခါနေပေ၏

“ မင်းတို့ နတ်ဆိုးကောင်တွေလက်နဲ့ ငါ့ပိုင်မိသားစုကို ထပ်မထိခိုက်စေရဘူး”

သူသည် အော်ပြီး ဓားကို ခုတ်ချလိုက်လေ၏။

ကလန်

ကုံးယောင်သည် မဲနက်ရောင်ဓားတစ်လက်ကို ဆွဲထုတ်ပြီး လေထဲတွင် တားလိုက်ရာ ကျောက်တောင်တစ်လျှောက် တုန်ခါသွားလေသည်။

နှစ်ယောက်သည် လေမှ ဆင်းသက်လာကြချေ၏

ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုဆုတ်ဖြဲသွားနိုင်သလို သူတို့၏ ချီသည် နဂါးနဲ့ ဖီးနစ်လိုဖြစ်နေပေသည်။

“လာလေ အဘိုးကြီး ။ ငါတို့ကိုတိုက်ရင် မင်းတို့ ပိုင်မိသားစုမှာ ဘာရမလဲဆိုတာ ပြပေးမယ်” ကုံးယောင်သည် နှုတ်ခမ်းကိုသပ်ရင်း ပြောလေ၏

“ကောင်းပြီ”

ပိုင်ရမ်က ရှေ့ကိုတိုးလာချေ၏

သူတို့ တိုက်ခိုက်နေချိန်တွင် အခြားအကြီးအကဲများသည် သက်ဆိုင်ရာ မျိုးနွယ်နှင့် ဂိုဏ်းမှ ပါရမီရှင်များကို ကာကွယ်ရန် အမြန်ဆုံး သွားကြ၏။

တကယ်တော့ ရှေးဟောင်းအပျက်အစီးမှ အမွေကို မည်သူရသွားကြောင်း သိချင်နေကြသည်။

အများဆုံးအယူအဆမှာတော့ မိုထျန်းကျီကို အနိုင်ယူပြသွားသည့်

စွမ်းအားအမြင့်ဆုံးသူဖြစ်သော ပိုင်ကျီဟန် ဖြစ်မည်ဟုသာ

“ရွှယ်ချင်းအာ အဆင်ပြေလား။”

ပိုင်မိသားစု၏ အကြီးအကဲတစ်ဦးက စိုးရိမ်သံဖြင့် မေးလိုက်၏။

သူမသည် ပိုင်မိသားစု၏ အကြီးမားဆုံး ပါရမီရှင် ဖြစ်သောကြောင့် သူမအပေါ်တွင်ပင် အားလုံး၏ အာရုံစိုက်မှုများ ထပ်တိုးလာကြသည်။

"ဟုတ်ကဲ့”

ပိုင်ရွှယ်ချင်းသည် ပြန်ဖြေသော်ငြားလည်း သူမအသံသည် တည်ငြိမ်မှုနဲ့ အာဏာကင်းမဲ့နေ၏

ဒါကို နားလည်နိုင်ပေသည်။ သူမမောင် ဆုံးပါးသွားချေပြီပင်

အကြီးအကဲတချို့သည် ပိုင်ကျီဟန်အလောင်းကို ပြန်ယူဖို့ သွားခဲ့ကြသည့်တိုင် အပျက်အစီးတွေနဲ့ ဖုန်တွေကြောင့် အရမ်းခက်ခဲနေခဲ့သည်။

ချူမျိုးနွယ်စုအကြီးအကဲသည်လည်း ရောက်လာပြီး ချူကျီယန်ကို အားပေးစကားတွေနဲ့အတူ မေးခဲ့သည်။

သူတို့သည် ပိုင်ကျီဟန် ဒါမှမဟုတ် ချူကျီယန်နဲ့ သူ၏စေ့စပ်ပွဲကို မကြိုက်ခဲ့သည့်တိုင် သူမသည် သူ၏စေ့စပ်ထားသူအဖြစ် ဆက်ရှိနေဆဲသာ

တစ်ဖက်မှာတော့ တော်ဝင်စစ်ဦးစီးချုပ်နဲ့ သူ့အစောင့်တွေသည် မင်းသားတွေနဲ့ မင်းသမီးတွေကို ကာကွယ်ဖို့ ရောက်လာခဲ့ကြချေသည်။

နောက်ဆုံးတော့ အခြေအနေ အနည်းငယ်တည်ငြိမ်သွားပြီး ပါဝင်သူများအနေနဲ့ ရှေးဟောင်းအပျက်အစီးအကြောင်းနှင့်

ထိုအထဲ၌ ပါဝင်သောအမွေအနှစ်အကြောင်းကို ဖွင့်ဟခဲ့ကြသည်။

"မသေမျိုး ဧကရာဇ်”

ထိုစကားလုံးသည် သူတို့ကြားတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ပြီး လူတိုင်းသည် ထိုစကားလုံး၏ အရေးပါမှုကို ချက်ချင်းနားလည်ခဲ့ကြသည်။

၎င်းသည် မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းအကြားက အာဏာချိန်ခွင်လျှာကို ဖျက်ဆီးနိုင်သည်။ အမွေအနှစ်တစ်ခုတင် မဟုတ်ပေ။ -ကမ္ဘာကြီးကိုယ်တိုင်ကို ပြောင်းလဲနိုင်သော အရာတစ်ခု။

နောက်ဆုံးတော့ လူတိုင်းမေးချင်သော မေးခွန်းတစ်ခု ပေါ်လာချေသည်။

"ဘယ်သူက အမွေဆက်ခံ ခွင့်ရတာလဲ?"

လူတိုင်းသည် ပိုင်ရှင်းယွဲ့ကို လှည့်ကြည့်လိုက်ကြတာကြောင့် အဖြေတစ်ခု မလိုအပ်တော့ပေ။

ပိုင်ရှင်းယွဲ့အား ကာကွယ်ရန် အထူးတာဝန်ပေးထားသူ မရှိသည့်တိုင် ကောင်းကင်ဓားဂိုဏ်းမှ စေလွှတ်လိုက်သော အကြီးအကဲတွေထဲ၌ တောင်ထိပ်သခင် ချင်းလန် ပါလာချေသည်။

ရှင်းရှင်းပြောရလျှင် ချင်းလန်သည်လည်း အမွေဆက်ခံမှုကို ရရှိပြီး သူမဆီ ချဉ်းကပ်လာသည်ကို သိလိုက်ရသည်။

ပိုင်ရှင်းယွဲ့အနေနဲ့ သူမတွင် အမွေဆက်ခံခွင့်ရှိသည်ကို လူတိုင်းသိသွားသောအခါ ချင်းလန် ဘာလုပ်မည်ကို မသေချာတာကြောင့် သတိထားပြီး နောက်ဆုတ်သွားခဲ့သည်။

"မင်းက တကယ်ပဲ အမွေဆက်ခံခွင့်ရရှိတာလား?"

ချင်းလန်က မေးလိုက်ပေသည်။

ပိုင်ရှင်းယွဲ့သည် ရိုးသားစွာ ခေါင်းညိတ်လိုက်လေ၏

"ဟင်... ပိုင်မျိုးနွယ်က မင်းကို ကာကွယ်ပေးမယ်လို့ ထင်လား?"

ချင်လန်က မေးလိုက်ပေ၏ ။

"မသိဘူး။ မဖြစ်နိုင်ဘူး”

ပိုင်ရှင်းယွဲ့က ပြန်ဖြေလေ၏။

"ဒါက ခက်ခဲလိမ့်မယ်။ ပိုင်မျိုးနွယ်စုဆီသွားပြီး သူတို့ရဲ့ကာကွယ်မှုကို ရှာတာ ပိုကောင်းမယ်။ ငါ မင်းကို ရိုးသားစွာ ဝန်ခံရရင် ကောင်းကင်ဓားဂိုဏ်းတောင် မင်းကို လုံးဝကာကွယ်မပေးနိုင်ဘူး။"

ချင်းလန်က ဝန်ခံလိုက်ချေ၏

သူမ၏ရည်ရွယ်ချက်သည် အမွေဆက်ခံသူကို သတ်ဖို့ ဒါမှမဟုတ် သိမ်းယူဖို့ မဟုတ်ဘဲ ပိုင်ရှင်ယွဲ့ကို ကာကွယ်ဖို့သာ။

သို့တိုင် ပိုင်ရှင်းယွဲ့သည် ပိုင်မျိုးနွယ်စုဆီ ပြန်သွားပြီး တောင်းပန်ဖို့ ရည်ရွယ်ချက် မရှိပေ - တစ်ချိန်က သူမကို ဘေးဖယ်ထားခဲ့သော မျိုးနွယ်စုပင်

ယင်းအစား သူမသေလိုက်တာ ပိုကောင်း၏။

သူမကိုကြည့်ပြီး ချင်းလန် သက်ပြင်းချလိုက်ချေသည်။

လူတိုင်း စိုက်ကြည့်နေသော ပိုင်ရှင်းယွဲ့ကို သူမ ကာကွယ်ဖို့ မဖြစ်နိုင်ပေ ။ ပိုင်မျိုးနွယ်စုကိုတာဝန်ယူစေချင်မိ၏

တစ်ဖက်မှာတော့ ပိုင်မျိုးနွယ်စု အကြီးအကဲတွေသည် ဘာလုပ်ရမှန်း မသိကြပေ

မျိုးနွယ်စုအနေနဲ့ ပိုင်ရှင်းယွဲ့ကို ပြန်ခေါ်လာဖို့ ယခင်က ကြိုးစားခဲ့ဖူးသည့်တိုင် သူမသည် ငြင်းဆန်ခဲ့ပေ၏

ထိုကြိုးပမ်းအားထုတ်မှုများကို အဓိကအားဖြင့် ပိုင်ထျန်းဟမ်၏ ပြိုင်ဘက်များအား ဦးဆောင်ခဲ့ပြီး ပိုင်ကျန့်ထက် ပိုပြီး စွမ်းဆောင်နိုင်သူတစ်ယောက်အဖြစ် ဆက်ခံဖို့ ယှဉ်ပြိုင်စေချင်ခဲ့ကြသည်။

ပိုင်ကျီဟန်အစွမ်းသတ္တိကို မြင်တွေ့ပြီးနောက်မှာတော့ လူအတော်များများဟာ စိတ်ပြောင်းသွားခဲ့ကြပြီး သူသည် မျိုးနွယ်စုကို ဦးဆောင်ရမယ့်သူဖြစ်ကြောင်း သေချာစေခဲ့ကြသည်။

ထို့ကြောင့် အခု မေးခွန်းပေါ်လာချေပြီ

သူတိုသည် မျိုးနွယ်စုအပေါ် မကျေနပ်ချက်တွေ ရှိနေသူတစ်ယောက်ကို ကာကွယ်ဖို့ အတွက်နဲ့ သူတို့အသက်ကို စွန့်စားသင့်သည်လား။

သို့မဟုတ် ဘာမှမလုပ်ဘဲ ရပ်နေသင့်သလား။

သူတို့အနေနဲ့ ပိုင်ရမ်သည် တိုက်ပွဲကို အဆုံးသတ်ပြီး သူတို့အား လမ်းညွှန်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

လူတိုင်းသည် ပိုင်ရှင်းယွဲ့ကို စိုက်ကြည့်နေကြပြီး ချင်းလန်အနေနဲ့ သူတို့ဘာတွေးနေသည်ကို သေချာသိပေ၏

"အားလုံးပဲ ငါတို့ ဘာကိုစောင့်နေတာလဲ။ ဒါ မသေမျိုး ဧက္ကရာဇ်ရဲ့ အမွေအနှစ်ပဲ”

နတ်ဆိုးဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် အော်လိုက်ပြီး သူ့အဖွဲ့သားတွေနဲ့အတူ ပိုင်ရှင်းယွဲ့ကို တိုက်ဖို့ သွားကြသည်။

ဖြောင့်မတ်သော ကျင့်ကြံသူများသည် ၎င်းတို့ကို ဆန့်ကျင့်မည်ဟု ထင်ကြသော်လည်း အားလုံးသည် “မသေမျိုး ဧက္ကရာဇ်အမွေအနှစ်” ကို ရယူချင်ကြသည်။

တော်ဝင် စစ်သူကြီးသည် စောင့်ကြည့်နေ၏ စိတ်မဝင်စားတာ၊ မပါဝင်ချင်တာကြောင့် မဟုတ်ဘဲ သူသည် အချိန်ကောင်းကို စောင့်နေတာပင်

“ပိုင်ရှင်းယွဲ့ ငါ့နောက်မှာနေ”

ချင်းလန်သည် ပြောသော်လည်း သူတစ်ယောက်တည်းနဲ့ ပိုင်ရှင်းယွဲ့ကို ကာကွယ်လို့ မရနိုင်မှန်း သိသာနေသည်။

“မလိုပါဘူး”

ပိုင်ရှင်းယွဲ့သည် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် သူမသည် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်အထက် တစ်ဆင့်မြင့်သော ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်စွမ်းအားကို ဖြန့်ချလိုက်သည်။

၎င်းက ပိုင်ရှင်းယွဲ့ကို အမွေအနှစ်ရသူ အဖြစ် သေချာသွားစေပြီ။

ချင်းလန် အံ့ဩသွားသည်။

သူမ ကာကွယ်ပေးရမည်ဟု ထင်ထားသော မိန်းကလေးသည် မျှော်လင့်မထားသည့်အတိုင်း သူမထက် အဆင့် တစ်ဆင့်သာ နိမ့်နေသည်။

ထိုအဆင့်တောင် သူတို့ရှေ့ရှိသူများကို တိုက်နိုင်ဖို့ မလုံလောက်သေးပေ။ နီးတောင်မနီးကပ်ပေ

တိုက်ခိုက်တော့မည့်အချိန်တွင်

ဘုန်း

အသံကြီးတစ်ခုပေါက်လာပြီး ပိုင်ရှင်းယွဲ့နဲ့ချင်းလန်အား တိုက်ခိုက်ရန်အသင့်ဖြစ်နေသူတွေပါ ရပ်တန့်သွား၏

အားလုံးက လှည့်ကြည့်ကုန်သည်။

မြေပြိုနေသော နေရာတစ်ခုကနေ လက်တစ်ဖက် ထွက်လာသည်။ သွေးနဲ့ မြေကြီးများ ပေကျံနေသော လက်

လူတစ်ဦးသည် မြေထဲကနေ ထလာသည်။

ဆံပင်တွေ ရှုပ်ယက်ခတ်ပြီး အသက်ရှူသံ ပြင်းပြင်းထန်ထန်နဲ့ ပင်။သို့တိုင် မျက်လုံးတွေကတော့

အေးစက် တောက်ပနေသည်။ အသက်ရှင်နေ၏

“ဘယ်သူလဲ…ဘယ်သူက ငါ့ကို တိုက်တာလဲ”

ရင်းနှီးသော အသံတစ်သံကို ကြားလာရသည်။

ပိုင်ကျီဟန်

သူ အသက်ရှင်နေသေးသည်။

သူ ဒေါသထွက်နေပြီး ပြန်လုပ်စားချေဖို့ ပြင်နေ၏

All Chapters