← Chapters

အင်ပါယာတစ်လျှောက် ပျံ့နှံမှုများ

Vol. 12 Ch. 173

အင်ပါယာတစ်လျှောက် ပျံ့နှံမှုများ

Vol. 12 Ch. 173

လေများသည် တိတ်ဆိတ်ငြိမ်သက်သော ကောင်းကင်ဘုံအင်ပါယာကို တီးတိုးပြောဆိုသံကဲ့သို့ တိုက်ခတ်သွားခဲ့သည်။

သတင်းများ ပေါက်ကွဲထွက်လာခြင်းမပြုမီ ရှေးဟောင်းအပျက်အစီးသည် အေးစက်သွားခဲ့ပြီဖြစ်သည် - ကျောက်စိမ်းပြားများသည် ဝေးလံသောဂိုဏ်းများတစ်လျှောက် တောက်ပနေပြီး တံဆိပ်ခတ်ထားသော သတင်းစကားများနဲ့အတူ ဝိညာဉ်ငှက်များသည် ပြည်နယ်များကို ဖြတ်ကျော်ပျံသန်းနေကြချေသည်။

သေးသေးမွှားမွှား တစ်ကိုယ်တော်ကျင့်ကြံသူများမှ မသေနိုင်သောဂိုဏ်းများ၏ အမြင့်ဆုံးပလ္လင်များအထိ လူတိုင်းသည် တစ်ခုတည်းအကြောင်း ပြောဆိုနေကြသည်။

မသေမျိုး ဧကရာဇ်၏ အမွေအနှစ်...

"ဘာ? ရှေးဟောင်းအပျက်အစီးထဲက မသေမျိုး ဧကရာဇ်လား။ မသေမျိုး ဧကရာဇ်က ဒဏ္ဍာရီတစ်ခုလို့ ငါထင်ခဲ့တာ”

"ငါ စူးစမ်းရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းသင့်တယ်”

"မင်းကလား ..ဘာစွမ်းအားနဲ့? မင်းမကြားဘူးလား? ပါရမီရှင်တွေ အများကြီး အဲဒီမှာ သေဆုံးသွားတယ်”

"သူတို့အများစုက စမ်းသပ်မှုကြောင့် မဟုတ်ဘဲ ပိုင်ကျီဟန်က သတ်ခဲ့တယ်လို့ ငါကြားတယ်။"

"ဘာပဲဖြစ်ဖြစ်... ဘယ်သူက အမွေအနှစ်ကို ရခဲ့တာလဲ?"

ပြီးတော့ အဖြေက? ပိုင်ရှင်းယွဲ့ လက်ထဲ ရောက်သွားတာပင်

"ဟမ်... ဒါဆို မသေမျိုး ဧကရာဇ်အမွေအနှစ်က ပိုင်မျိုးနွယ်စုနဲ့ အဆုံးသတ်သွားတာလား?"

"ပိုင်ရှင်းယွဲ့က သူ့မျိုးနွယ်စုနဲ့ ဆက်ဆံရေးမကောင်းဘူးလို့ ငါထင်တယ်။ သူတို့ကိုမုန်းရင် ဘာလို့ပြန်လာမှာလဲ?"

"ပိုင်ကျီဟန်က သူမကိုလုပ်ခဲ့တာတွေအတွက် ပြန်လည်ပေးဆပ်ဖို့ အမွေအနှစ်ကို စွန့်လွှတ်ခဲ့တယ်လို့လည်းပြောကြတယ်။"

"အလိမ်အညာတွေ.. စိတ်မှန်တဲ့သူတစ်ယောက်ဆို မသေမျိုး ဧကရာဇ်အမွေအနှစ်ကို စွန့်လွှတ်မှာမဟုတ်ဘူး။ ဒါပေမယ့်... သူဒီလိုလုပ်ရင်း သူတို့ငြိမ်းချမ်းရေးယူကြဖို့ လား။"

"ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်းယွဲ့ကိုသတ်ချင်ရင်... ပိုင်မျိုးနွယ်စုတစ်ခုလုံးနဲ့ ဆက်ဆံရလိမ့်မယ်။"

ထိုစကားဝိုင်းများသည် အင်ပါယာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေပြီး အပြင်ဘက်မှာလည်း ပျံ့နှံ့နေ၏

နတ်ဆိုးဂိုဏ်းများသည်လည်း စိတ်လှုပ်ရှားနေသည်။

ပိုင်မျိုးနွယ်စုသည် သူတို့ ရန်သူဖြစ်ခဲ့ပြီး ပိုင်ရှင်းယွဲ့ကို ပိုအားကောင်းလာအောင် ခွင့်မပြုနိုင်ပေ - အထူးသဖြင့် သူမနာမည်တွင် 'ပိုင်' ရှိနေသေးသရွေ့ပင်

မသေမျိုး ဧကရာဇ်နဲ့အတူ နေရာတိုင်းတွင် ပြောဆိုနေကြသော ပိုင်ကျီဟန်၏ စွမ်းဆောင်ချက်လည်း ရှိပါသေး၏

လူအများအတွက်တော့ ယုံရခက်ပေသည်။

တစ်ချိန်က အရင်းအမြစ်များ ကုန်ဆုံးစေသည်ဟု လှောင်ပြောင်ခံခဲ့ရသော နာမည်ဆိုးနဲ့ အမှိုက်က ဘာလုပ်ခဲ့သနည်း

နတ်ဆိုးဂိုဏ်း၏ သူတော်စင် မိုထျန်းကျီကို အရှက်ခွဲခဲ့သည်။

တတိယမြောက် နတ်ဆိုးဗိုလ်ချုပ်ကြီးကုံးယောင်၏ တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့သည်။

ရှိနေသော အင်အားကြီးသူတိုင်းကို ခြိမ်းခြောက်ခဲ့၏

ထိုစွမ်းဆောင်ချက်တွေထဲက တစ်ခုခုသည် သတင်းခေါင်းစဉ်အဖြစ် ပါဝင်နေသည်။

သို့တိုင် ပိုင်ကျီဟန်သည် သုံးခုစလုံးကို လုပ်ခဲ့ပေ၏

အစပိုင်းမှာတော့ လူတွေသည် ကောလာဟလအဖြစ် လှောင်ပြောင်ခဲ့ကြသည်။ သို့တိုင် လူအမျိုးမျိုး၊ ဂိုဏ်းအမျိုးမျိုးဆီက ပိုကြားရလေလေ ၊ ပိုငြင်းလို့မရလေပင်

ကောင်းကင်အင်ပါယာသည် ဖရိုဖရဲဖြစ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ပိုင်မျိုးနွယ်စုသည် အောင်ပွဲခံနေကြသည်။

"ဟားဟား... သခင်လေးဟာ လူတိုင်းကို အရူးတွေလို လုပ်ခဲ့တယ်။ အထူးသဖြင့် မိုထျန်းကျီက သူ့မျက်နှာကိုတောင် မပြနိုင်တော့ဘူး”

"သခင်လေး ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါနားမလည်သေးဘူး။ သူ့လက်ချောင်းတစ်ချက် လှုပ်လိုက်တာနဲ့ ထိပ်တန်းပါရမီရှင်တွေ သေဆုံးသွားတယ်”

"လီနဲ့ ကျောက်မျိုးနွယ်စုက လူတိုင်းကို သူအဲ့လို သတ်ပစ်လိုက်ရင် ကောင်းမှာပဲ”

" သူက သူတို့ကို ထိုက်တန်တယ်လို့တောင် မမြင်ဘူး။ ပိုင်မျိုးနွယ်စု မြင့်တက်လာပုံနဲ့ဆို လီနဲ့ ကျောက်မျိုးနွယ်စုတွေက ဘာဖြစ်လဲ။ ဦးညွှတ်ဖို့ စောင့်နေတဲ့ ပိုးမွှားတွေလိုပဲ။"

အိမ်တော်တစ်ခုလုံး ပိုင်ကျီဟန်အပေါ် ချီးကျူးစကားတွေ ပြည့်နှက်နေ၏ အခြေအနေက ပွဲတော်ဆန်နေသည်။

သို့တိုင် ပိုင်ရှင်းယွဲ့အကြောင်းကိုတော့ တိုးတိုးလေး ပြောနေခဲ့သည်။ ၎င်းသည် ထိလွယ်ရှလွယ်သော အကြောင်းအရာတစ်ခု ဖြစ်နေတုန်းသာ

သို့တ်ုင် အစေခံများ တိတ်တိတ်လေး စကားပြောနေသည်ကိုတော့ မတားဆီးနိုင်ခဲ့ပေ

"မမလေး ပိုင်ရှင်းယွဲ့ ပြန်ရောက်လာပြီလို့ ကြားတယ်။ ပြီးတော့ ရှေးဟောင်းအပျက်အစီးတွေကနေ အမွေအနှစ် ရသွားတယ်”

"ဟုတ်တယ်၊ သခင်လေး ပိုင်ကျီဟန်က သူ့ကို ပြန်ခေါ်လာတယ်လို့ ကြားတယ်။"

"ဘာလဲ။ သူက သူမကို မုန်းတယ်လို့ ငါထင်ထားတာ ။ သူမ နှင်ထုတ်ခံရတဲ့ အကြောင်းရင်းက သူကြောင့်ပဲမလား။"

"ဖြစ်ကောင်းဖြစ်နိုင်တယ်... သခင်လေး ဒီရက်ပိုင်း ဘာတွေးနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။"

ကောလာဟလများ ပျံ့နှံ့နေချိန်တွင် ပိုင်ရမ်နဲ့ ပိုင်ကျီဟန်တို့သည် ပိုင်ထျန်းဟမ်ရှေ့တွင် ရပ်နေကြ၏

ပိုင်ရမ်သည် လပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သည်ကို အပြည့်အစုံ အစီရင်ခံနေခဲ့သည်။

ပိုင်ကျီဟန်ကို ချီးကျူးရင်း ပိုင်ထျန်းဟမ်သည် သူ့သားကို မယုံနိုင်စွာ စိုက်ကြည့်နေ၏ တစ်ခါတလေ သူ့မျက်လုံးတွေက “မင်းက ငါ့သားအစစ်လား”ဟု မေးနေသလိုပင်

ပိုင်ကျီဟန် အရင်ကလို အမှိုက်မဟုတ်တော့ဘူးဆိုတာ သူသိပြီးသားပင်

သို့တိုင် ထိုအောင်မြင်မှုအဆင့်မျိုးလား။ ပိုင်ကျီဟန်သည် အကြီးအကဲတွေကိုပင် ခြိမ်းခြောက်နေသည်လား။

“မင်း ဘယ်လိုလုပ်ခဲ့တာလဲ”

ပိုင်ထျန်းဟမ်အသံသည် တိုးတိုးလေးနဲ့ စပ်စုနေတာပင်

သူပြောချင်တာက ထူးဆန်းသော သတ်ဖြတ်မှု - ပိုင်ကျီဟန် ပါရမီရှင်တွေကို မည်သို့သတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း ဆိုလိုတာပင်

ပိုင်ရမ်သည်လည်း အလားတူ စူးစမ်းလိုစိတ်နဲ့ အနားကပ်လာ၏ သူ့တွင် အတွေ့အကြုံ အများကြီးရှိသည့်တိုင် ထိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

“ကျွန်တော်မှာ နည်းလမ်းတွေ ရှိတယ်လို့ပဲ ပြောချင်တယ်” ပိုင်ကျီဟန်က ပြန်ဖြေ၏

သူ ရှင်းမပြချင်ပေ ။ ရှေးဟောင်းပစ္စည်းတစ်ခုကြောင့်လို့ ပြောလျှင် သူတို့က ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွကြလိမ့်မည်သာ။ မင်း ဘယ်ကရခဲ့တာလဲ။ ဘယ်လိုလုပ်တာလဲ။ ကူးယူလို့ရလား။

သူ့အနေနဲ့ ဒီနေ့ စစ်ဆေးမေးမြန်းခံချင်ပုံ မပေါ်ပေ

ပိုင်ထျန်းဟမ်က လွှတ်ချလိုက်သည်။

သို့တိုင် သူမေးရမည့် နောက်ထပ်တစ်ခုရှိနေ၏

"ကျီဟန်အာ... မင်းတကယ်ပဲ မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်ကို စွန့်လွှတ်လိုက်တာလား။ မင်းရဲ့အမေလုပ်ခဲ့တာတွေအတွက် ပိုင်

ရှင်းယွဲ့ကို လျော်ကြေးပေးဖို့ အတွက်လား။"

ပိုင်ထျန်းဟမ်အသံက နူးညံ့ပြီး စူးစမ်းလိုစိတ်ရှိ၏

"ဟုတ်တယ်၊ အဲဒီလိုမျိုးပဲ" ပိုင်ကျီဟန်သည်တည်ကြည်သော မျက်နှာနဲ့ လိမ်ပြောလိုက်ချေသည်။

အသေးစိတ်အချက်အလက်တိုင်းကို ရှင်းပြဖို့ အရမ်းခက်ခဲလွန်းတာကြောင့် သူခဏလောက်တော့ ထိုအတိုင်းဆက်နေချင်ခဲ့သည်။

"..."

ပိုင်ထျန်းဟမ် ရှုပ်ထွေးနေပုံရ၏

ထိုသို့ မြင့်မြတ်သော အရာတစ်ခုလုပ်သည်ကို ချီးကျူးရမည်လား၊ ဒါမှမဟုတ် အင်ပါယာတစ်ခုလုံး လိုချင်နေသော အမွေအနှစ်ကို စွန့်လွှတ်ရလောက်အောင် မိုက်မဲသည့်အတွက် ဆူရမည်လား သူသေချာမသိတော့ပေ

"ဘာပဲဖြစ်ဖြစ်" ပိုင်ကျီဟန်သည် အကြောင်းအရာကို ပြောင်းလိုက်ချေသည် "ဒါကို မြင်ချင်ကြလိမ့်မယ်။"

သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည့်အခါ နတ်ဘုရား အလင်းရောင်တစ်ခုက အခန်းထဲ၌ တောက်ပလာ၏

ရှီး

ပါးလွှာသော လေထဲကနေ ဓားတစ်ချောင်း ထွက်ပေါ်လာသည်။

၎င်း၏ဓားသည် ကြည်လင်ပုံပေါက်ပြီး ရွှေနီရောင်အလင်းတန်းများက မျက်နှာပြင်တစ်လျှောက် လှည့်ပတ်နေသည်။

၎င်းသည် ရှေးခေတ်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ဝိညာဉ်များကို တုန်လှုပ်သွားစေခဲ့သည်။

သူတော်စင်အဆင့် ရှေးဟောင်းပစ္စည်း

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

"အဲဒါ..”

ပိုင်ရမ်၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်သွားသည်။

ပိုင်ထျန်းဟန်သည်လည်း လက်နက်ကို စိုက်ကြည့်ကာ ထိုင်ခုံမှ ဖြည်းဖြည်းချင်းထလိုက်သည်။

"...သူတော်စင်အဆင့် လက်နက်လား?"

အဖြေကို သိနေသော်လည်း သူမေးလိုက်သည်။ ကောင်းကင်အဆင့် လက်နက်တွင် ဤကဲ့သို့သော အရောင်အဝါမျိုး မရှိပေ။

"သံသယဖြစ်စရာမလိုပါဘူး" ပိုင်ရမ်သည် အပူဒဏ်ကြားက သားရဲတစ်ကောင်ကဲ့သို့ ဓားပတ်ပတ်လည် လျှောက်သွားရင်း တိုးတိုးလေးပြောလိုက်သည်။

"ငါအရင်က မြင်ဖူးတယ်။ အဲဒီအရောင်အဝါ... ရှင်သန်နေတယ်။ ကမ္ဘာ့ဥပဒေတွေက ပြုပြင်ပေးထားတယ်”

သူ့ကိုယ်သူ ထိန်းဖို့ခက်ခဲနေ၏

"ကျီဟန်အာ..."ပိုင်ထျန်းဟမ်သည် အလေးအနက်ပြောလိုက်သည်။ "ဒီဓားကို ဘယ်ကရတာလဲ?"

"အပျက်အစီးတွေကနေ ရလာတာလား။" ပိုင်းမ်က အလျင်အမြန်မေးလိုက်သည်။ "ခဏလေး အမွေအနှစ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့တော့ မပြောနဲ့”

ပိုင်ကျီဟန်သည် ပြုံးပြီး သစ္စာရှိသော ခွေးတစ်ကောင်လို သူ့ဘေး၌ ဓားကို လွင့်မျောနေစေသည်။

" ဆုလာဘ်အနေနဲ့ ရခဲ့တာ ၊ စမ်းသပ်မှုကို အရင်ပြီးအောင်လုပ်ခဲ့လို့”

အကြီးအကဲနှစ်ယောက်စလုံး မျက်လုံးတွေ တောက်ပလာပြီး ကိုင်းညွှတ်လိုက်ကြသည်။

"ကောင်းပြီ၊"ပိုင်ရမ်က ညည်းညူလိုက်သည်။ "အမွေအနှစ်မရှိရင်တောင် မင်းက ဒီလို ရတနာတွေနဲ့ ထွက်လာနိုင်တုန်းပဲ။"

ပိုင်ကျီဟန်က ထပ်ပြုံးလိုက်သည်။

"ဒါတင်မကသေးဘူး”

သူ့၏သိုလှောင်လက်စွပ်ထဲကို လက်နှိုက်ပြီး စာလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။

ထိုအရာပေါ်လာသည်နဲ့ ဝိညာဉ်စွမ်းအင်များသည် အခန်းထဲတွင် စီးဆင်းသွားချေသည်။ အကြီးအကဲနှစ်ယောက်စလုံး တောင့်တင်းသွားချေသည်။

ကောင်းကင်အဆင့် ကျင့်ကြံမှု နည်းစနစ်။

ပိုင်ကျီဟန်အဖို့ ၎င်းကို မလိုအပ်ပေ ။ သူ့တွင် ထိုထက် နည်းနည်းပိုကောင်းတာ တစ်ခုရှိပြီးသားပင်

ဒါကြောင့် ပိုင်မျိုးနွယ်ကို ထိုတစ်ခုအား လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

သူ ဘယ်လိုဒုက္ခမျိုး ကြုံတွေ့ရမမည်ကို မည်သူသိမည်နည်း

ပြီးတော့ တစ်ခုခုကြုံရသည့်အခါ—သူ့နောက်တွင် ခိုင်မာသော ပိုင်မျိုးနွယ်စုရှိတာက အကြံကောင်းပင်

All Chapters