အမဲလိုက်ခံရသောတစ်ယောက်
Vol. 12 Ch. 177
ပေါက်ကွဲသံကြီးသည် ညကောင်းကင်ကို နေတစ်စင်းလို တောက်ပသွားစေသည်။
အလင်းရောင်နဲ့ အော်သံများက ပိုင်မိသားစု အိမ်တော်ကို ဖြတ်ကျော်သွားပြီး ဖရိုဖရဲ ဖြစ်သွားစေသည်။
ခေါင်းလောင်းသံတွေ မြည်ဟည်းလာသည်
အစောင့်များ နိုးလာပြီး ပိုင်မိသားစုဝင်များသည် သူတို့အိပ်ခန်းကနေ တစ်ပြေးညီ ထွက်ပေါ်လာကြကာ ဖျက်ဆီးခံရသော လှိုင်းလို ကောင်းကင်ဘက်ကို စူးစမ်းကြည့်ကြသည်။
အချက်ပေးအသံများသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်
“အတွင်းဘက်အိမ်ရာ”
“ပေါက်ကွဲသံ—တစ်ယောက်ယောက် တိုက်ခိုက်ခံနေရတယ်”
“အဲ့ဒါက ပိုင်ကျီဟန် အိမ်ဘက်”
“ပိုင်ကျီဟန်ကို ချက်ချင်း သွားစစ်ကြည့်ကြ—အရေးကြီးတယ်”
အခြားတဖက်မှာတော့ ပိုင်ရှင်းယွဲ့ ဘက်ကို ဦးတည်နေသည့် လမ်းတွင် ဒုတိယလူသတ်
သမားအဖွဲ့သည် တိတ်တိတ်ဆိတ်ဆိတ် ရပ်တန့်ထားကြသည်။
သူတို့သည် ပိုင်ရှင်းယွဲ့ အိမ်ရာ၏ အကာအကွယ်အနီး အိမ်ခေါင်မိုးပေါ်တွင် ငြိမ်နေကြပေသည်။
ထိုအချိန်တွင် အဝေးက တောက်ပလာသော အလင်းနဲ့ ပေါက်ကွဲသံကြီးရှိရာဆီ လူသတ်သမား ငါးယောက်လုံးက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
ခေါင်းဆောင်၏ မျက်နှာဖုံးအောက်မှ မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။
“အဲ့ဒီအရူးတွေ”
သူတို့အဖွဲ့ ခွဲသွားခဲ့တာ စက္ကန့်အနည်းငယ်လောက်သာ ကြာသော်လည်း ပေါက်ကွဲမှုက အိမ်ရာတစ်ခုလုံး
အသံထွက်သွား စေသည်။
အခုဆိုရင် သူတို့ တိတ်တဆိတ်လုပ်ဆောင်ထားသော မစ်ရှင်သည်
ဖော်ထုတ်ခံပြီး ၎င်းက တခြား လူသတ်သမား ငါးယောက်ကြောင့်ပဲ ဖြစ်နေ၏
လူတစ်ယောက်သည် မကျေမနပ်ပြောနေ၏
“အခုဆို အားလုံးက ကျွန်တော်တို့ လာတာ သိသွားပြီ။ ပြန်ထွက်ဖို့ အတော်လေး ခက်ခဲပါလိမ့်မယ်။”
“မေးနေစရာလိုသေးလား?” တစ်ယောက်က တင်းတင်းကျပ်ကျပ် ပြန်ပြောလေသည် “ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်အတွင်း
ဒီနေရာတစ်ဝှမ်းလုံးကို လူတွေက ပိတ်ထားတာမျိုးဖြစ်မှာ”
ခေါင်းဆောင်က လက်သီးဆုပ်ကာ ပြောလိုက်၏
“အခု ချက်ချင်း သွားမယ်။ မိန်းကလေးကို သတ်ပြီး ချက်ချင်း ပြန်ထွက်မယ်။”
လူသတ်သမား ငါးယောက်သည် မစဉ်းစားတော့ပဲ တစ်ပြေးညီအစွမ်းကုန် ထွက်ပြေးသွားကြသည်။
သူတို့၏ ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုတွေကို မမြင်ရအောင် ဖုံးကွယ်ထားဆဲဖြစ်သည့်တိုင် အရေးတကြီးဖြစ်နေတာ သိသာ၏ ။ သူတို့တွင် တိတ်ဆိတ်ငြိမ်သက်မှုဆိုသော ဇိမ်ခံမှုမျိုး မရှိတော့ပေ။
ခန့်မှန်းမထားသော လေတံခွန်လို လေတိုက်သံသည် ပိုင်ကျီဟန် မျက်နှာဘေးကို ဖြတ်ကျော်သွားကာ သူ့နောက်ဘက်မှ အိမ်သည် အမည်းရောင်မီးခိုးတွေ ထွက်ပေါ်နေ၏
အကူခေါ်ရန်လည်း မစဉ်းစားပေ။ လိုအပ်သည့်အထိ မဟုတ်ပေ
ထိုပေါက်ကွဲသံကြီးနှင်ပင် အကြီးအကဲတွေအား ခေါ်စရာမလိုပဲ အမြန်ဆုံး လာကြမည်ကို သူက သိနေ၏
ဘန်း
ပိုင်ရှင်းယွဲ့၏ နေအိမ်အပြင်ဘက်နံရံကိုရောက်သွားချိန်တွင် တိုက်ခိုက်သံများက လေထဲတွင် ပဲ့တင်ထပ်နေပြီး အော်ဟစ်သံများနှင့် ကျောက်တုံးကို ခန္ဓာကိုယ်က ဆောင့်တိုက်သည့် ပြင်းထန်သော အသံများ ထွက်ပေါ်လာသည်။
သူ့မျက်လုံးတွေ အလိုအလျောက် တင်းကျပ်သွားသည်။
ပြီးတော့
အနက်ရောင်အင်္ကျီ မျိုးဝတ်ထားသော လူသတ်သမား နှစ်ယောက်သည် ကောင်းကင်ကနေ လွင့်ကျလာကြပြီး
ခြံနံရံတွေကို ကွဲအက်သွားစေသည်။
တစ်ယောက်က တွန့်လိမ်နေပြီး
တစ်ယောက်ကတော့… လုံးဝ မလှုပ်ရှားနိုင်ပေ
ပိုင်ကျီဟန်သည် အနီးအနားရှိ အမိုးပေါ်သို့ တိတ်ဆိတ်စွာ ဆင်းသက်ခဲ့ပြီး နောက်ဆုံးလုပ်ကြံသူနှစ်ဦး ယိုင်ထိုးကာ ပါးစပ်မှ သွေးများစီးကျနေသည်ကို ကြည့်ရှုခဲ့သည်။
ခြံဝင်းအလယ်တွင် ကွဲအက်နေသော ကျောက်ခင်းများနှင့် စုတ်ပြဲနေသော ပန်းခင်းများ ဝန်းရံထားသည်။
ပိုင်ရှင်းယွဲ့လား။
သူမ၏ ဆံပင်ရှည်များသည် လေထဲတွင် လွင့်မျောနေပြီး အဖြူရောင် ညဝတ်အင်္ကျီသည် အစွန်းများတွင် အနည်းငယ် လောင်ကျွမ်းနေသည်။ သူမ၏ မျက်လုံးများသည် ထက်မြက်ပြီး အေးစက်နေ၏
သူမသည် အံ့အားသင့်ပုံ မပေါ်ပေ
စိတ်အနှောင့်အယှက် ဖြစ်ရုံသာ
သူမ၏ အကြည့်သည် လုပ်ကြံသူများကို မထီမဲ့မြင်ပြုမှုဖြင့် ကြည့်နေခဲ့သည်။
"ဘယ်သူလဲ"
သို့သော် သူမသည် အပေါ်ဘက်သို့ ရွေ့လျားနေသည်ကို သတိပြုမိပြီး ခေါင်းကို ထက်မြက်စွာ လှည့်လိုက်ရာ ပိုင်ကျီဟန်နှင့် မျက်လုံးချင်းဆုံမိလိုက်သည်။
သူမသည် သူမ၏ သတိကို မလျှော့ချခဲ့ပေ။
ယင်းအစား သူမ၏ အသံသည် တည်ငြိမ်သော်လည်း သံသယများဖြင့် ပြည့်နှက်နေသည်။
"...နင်လား"
ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်သည်။
"ဘာလဲ"
"လုပ်ကြံသူတွေ" သူမသည် တစ်လက်မမျှ မလှုပ်ဘဲ ပြောလိုက်သည်။ "ဒါ နင်လုပ်တာလား"
တိတ်ဆိတ်သွားချေသည်
ထို့နောက် ပိုင်ကျီဟန်သည် လှောင်ပြောင်လိုက်ပြီး အမိုးပေါ်မှ ဆင်းကာ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။
လရောင်အောက်တွင် သူ၏ဝတ်ရုံများသည် တဖျပ်ဖျပ်လက်နေပြီး အစောပိုင်းပေါက်ကွဲမှုကြောင့် လောင်ကျွမ်းနေဆဲဖြစ်သည်။
သူသည် သူ၏လက်ရှည်အင်္ကျီများကို ဖုန်ခါပြီး သူမ၏မျက်လုံးများကို သေမင်းကဲ့သို့ ကြည့်လိုက်သည်။
"မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်”
သူ့အသံက တိုးတိုးလေးသာ
"ငါ နင်ကို သေစေချင်ရင် ပိုင်ရှင်းယွဲ့၊ ဒီလို တတိယတန်းစား လူသတ်သမားတွေကို ငါ အားမကိုးဘူး။"
ပိုင်ရှင်းယွဲ့၏ မျက်နှာအမူအရာတွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သူမသည် သူ့ကို ယုံကြည်ရန် နည်းလမ်းမရှိပေ။ အကြံအစည်များ၊ လျှို့ဝှက်နည်းလမ်းများဖြင့် ပြည့်နှက်နေသော ပိုင်ကျီဟန်ကို မည်သူမျှ မယုံကြည်သင့်သော်လည်း ဤလုပ်ကြံရန် ကြိုးပမ်းမှုသည် သူ့စတိုင်နှင့် မကိုက်ပေ။
ထို့အပြင် ပိုအရေးကြီးသည်မှာ... သူမ နိုးနေပြီဖြစ်သည်။
ပိုင်ကျီဟန်၏ ခြံဝင်းမှ ပေါက်ကွဲမှုသည် မိုးကြိုးပစ်သကဲ့သို့ ညကို ဖြတ်ပြေးသွားပြီး ခြံဝင်းတစ်ခုလုံးကို တုန်လှုပ်စေကာ ကျူးကျော်သူများ သူမ၏ ခြံဝင်းသို့ မရောက်မီတွင်ပင် တရားထိုင်ခြင်းမှ ရပ်တန့်သွားစေခဲ့သည်။
ထို့ကြောင့် သူမသည် အသင့်ပြင်ဆင်ထားပြီး လူသတ်သမားများကို ရင်ဆိုင်နိုင်ခဲ့သည်။
မဟုတ်လျှင် ဘာဖြစ်သွားမည်ကို ပြောလို့မရပေ။
တကယ်တော့ ပိုင်ကျီဟန် အသွင်အပြင်ကို ကြည့်ပြီးနောက်မှာတော့ အစောပိုင်းပေါက်ကွဲမှုတွင် သူ ပါဝင်ပတ်သက်နေသည်ကို သိနိုင်
၏
သို့တိုင် ပိုင်ရှင်းယွဲ့သည် သူမ၏ သတိပေးချက်ကို လုံးဝလျှော့ချမထားပေ ။ သူမအနေနဲ့ သူ့ကို ခြိမ်းခြောက်သူအဖြစ် မမြင်တော့ပေ
တစ်ဖက်မှာတော့ ပိုင်ကျီဟန်သည် ပျက်စီးနေတဲ့ ခြံစည်းရိုးတွေကို ဂရုမစိုက်ဘဲ ဖြတ်ကျော်သွားခဲ့ပြီး ထာဝရဝိညာဉ်ဓားသည် သူ့နောက်တွင် တည်ငြိမ်စွာ လိုက်ပါလာခဲ့သည်။
သူမနားက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် ညည်းတွားပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့သေး၏
ကျင့်ကြံမှုကို ကြည့်ရသလောက် သူသည် အင်အားအကြီးဆုံးနဲ့ အဖွဲ့၏ခေါင်းဆောင်ဟု ထင်ရသည်။
ပိုင်ကျီဟန်အဖွဲ့၏ အစောပိုင်းခေါင်းဆောင်နဲ့ မတူတာက ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲမည့်အစား အနည်းဆုံးတော့ အဖြေတစ်ခု ရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သူ့ဓားကို သူ့ဆီ ချိန်ရွယ်လိုက်၏
ရွှမ်
အလင်းဓားတစ်ချောင်းသည် လေထဲတွင် ဖြတ်ပြေးသွားပြီး ထိုလူ၏ပခုံးကို စိုစွတ်သော တုန်ခါမှုဖြင့် စိုက်ဝင်သွားသည်။
လုပ်ကြံသူက အော်ဟစ်လိုက်သည်။
ပိုင်ရှင်းယွဲ့ တုန်လှုပ်မသွားပေ။
ပိုင်ကျီဟန် လဲကျနေသော လူသတ်သမားဆီ ဖြတ်လျှောက်သွားသည်ကို သူမကြည့်နေပြီး သူ၏အကြည့်သည် ခြံဝင်း၏ အပျက်အစီးများဆီ ဝေ့ဝဲနေသည်။
"ဘယ်သူက မင်းကို ဒီကိုပို့လိုက်တာလဲ"
ပိုင်ကျီဟန်က မေးလိုက်သည်။
လူသတ်သမားသည် ဘာမှပြန်မပြောမှာ သေချာပြီး မျှော်လင့်ထားသည့်အတိုင်း မပြောပေ
လူသတ်သမားသည် သွားကိုသာ အံ့ကြိတ်ပြီး စကားမပြောဘဲနေလိုက်သည်။ သူ့ပါးစပ်မှ သွေးများစီးကျလာပြီး နာကျင်မှုသည် သူ့မျက်နှာ၏ အရေးအကြောင်းတိုင်းတွင် စွဲထင်နေ၏
ပိုင်ကျီဟန် မျက်နှာအမူအရာကခန့်မှန်း၍မရပေ။
သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် ထာဝရဝိညာဉ်ဓားသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ဖြတ်တောက်လိုက်ပြီး သူ့ကို မသန်စွမ်းသူဖြစ်စေခဲ့သည်။
သို့တိုင် လူသတ်သမား၏ ပါးစပ်မှ မည်သည့်စကားမျှ မကြားရပေ။
ထို့နောက် ပိုင်ကျီဟန်သည် ရှေ့သို့တိုးလာပြီး မျက်လုံးများက အေးစက်ပြီး အထီးကျန်နေ၏
"ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်" သူ့အသံက အန္တရာယ်ရှိလောက်အောင် တိုးတိုးလေးနဲ့ တည်ငြိမ်နေ၏
"ငါ တကယ်ပဲ ထပ်ခါတလဲလဲ ပြောရတာ မကြိုက်ဘူး။"
ထိုလူက ပြန်မဖြေသည်အခါ ပိုင်ကျီဟန်က စိတ်ပျက်သလို သက်ပြင်းချလိုက်သည်။
လူသတ်သမားနဖူးကို လက်ချောင်းနှစ်ချောင်းနဲ့ ဖိလိုက်၏
သူ့လက်ချောင်းထိပ်ကနေ ချီဓာတ်တွေ ထွက်လာသည်
၎င်းက တိုက်ခိုက်မှု မဟုတ်ပေ ။ ထိုထက်ပိုဆိုး၏
ထိုလူ၏ ဝိညာဉ်စုရပ်ထဲကို ပိုးဝင်သွားပြီး သွေးကြောများကို တူးဆွကာ အတွင်းကနေ အပြင်ကို ဖိအားပေးနေ၏
ပျက်စီးမှု ၊ ပေါက်ကွဲမှုမျိုး မဟုတ်ပေ။ ဒါပေမယ့် ဖြည်းဖြည်းချင်း တွားသွားနေသော လောင်ကျွမ်းမှုမျိုးသာ - ဝိညာဉ်ကို စားသုံးနေသောဝေဒနာမျိုး။
လူသတ်သမားသည့် တုန်လှုပ်သွားပြီး မေးရိုးကို တင်းတင်းကျပ်ကျပ် စိထား၏ သူ တုန်လှုပ်သွားပြီး သွေးကြောများသည် အရေပြားအောက်တွင် ကြိုးတွေလို ဖောင်းကားနေချေပြီ
သို့တိုင် သူ ဘာမှ မပြောပေ
"မင်းက ငါ့ရဲ့ စိတ်ရှည်မှုကို တကယ် စမ်းသပ်နေတာပဲ" ပိုင်ကျီဟန်သည် တိုးတိုးလေး ပြောလိုက်ချေသည်။
ထိုလူသတ်သမားများသည် အရည်အသွေးအမြင့်ဆုံးဖြစ်ပြီး ထိုကဲ့သို့ညှဉ်းပန်းနှိပ်စက်မှုများရှိနေသည့်တိုင် ဘာမှမပြောဘူးဆိုတာကို သူဝန်ခံရမည်။
၎င်းသည် လူသတ်သမားခေါင်းဆောင်ကို လွှတ်ပေးမည်ဟု မဆိုလိုပေ
သူပြင်းထန်မှုကို တိုးမြှင့်လိုက်၏
၎င်းက ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတစ်ခုပင်။ ရိုင်းစိုင်းပြီး နာကျင်စရာကောင်းကာ ထိရောက်မှုလည်း ရှိ၏
ပုံမှန်အားဖြင့် လူတစ်ယောက်သည် အခုချိန်ဆို တောင်းပန်နေမည်သာ
ဒါပေမယ့် ထိုလူသတ်သမားကရော?
သူ့နှုတ်ခမ်းကနေ သွေးများစီးကျလာသည့်အထိ သူ့လျှာကို ကိုက်လိုက်ပြီး မျက်လုံးတွေက ပိုင်ကျီဟန်ကို စိန်ခေါ်သောအကြည့်နဲ့ စိုက်ကြည့်နေပေသည်။
"ဘာမှမဖြစ်သေးဘူးလား?"
ပိုင်ကျီဟန်သည် ပိုနီးကပ်လာပြီး အသံတိုးတိုးလေးနဲ့ "မင်းရဲ့မျက်လုံးတွေထဲမှာ နောက်ဆုံးတစ်ယောက်လိုပဲ - သူကိုယ်တိုင် မပေါက်ကွဲသွားခင်ကပုံစံလို”
လူသတ်သမား မျက်လုံးများက အနည်းငယ်ကျုံ့သွား၏
၎င်းက ပိုင်ကျီဟန် လိုအပ်တာအားလုံးပင်