← Chapters

နီဖန်ကျိုး

Vol. 12 Ch. 178

နီဖန်ကျိုး

Vol. 12 Ch. 178

သတင်းသည် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားချေသည်။

မျှော်လင့်ထားသည့်အတိုင်း မည်သူမှ ထိုပေါက်ကွဲမှုမျိုးကို ဖုံးကွယ်ထားလို့ မရပေ။ ပိုင်ကျီဟန်၏ အိမ်ခြံမြေတစ်ဝက်သည် နေမင်းငယ်လေးလို လင်းလက်နေသည်။

ပိုင်ရှင်းယွဲ့အမွေရပြီးကတည်းက ပိုင်မျိုးနွယ်အား မျက်လုံးအများကြီးနဲ့ စောင့်ကြည့်နေခဲ့သည် ။

ဂိုဏ်းဝင် သူလျှိုများ၊ ပြိုင်ဘက် မျိုးနွယ်မှသူများ ၊ လျှို့ဝှက်စုံစမ်းသူများ အားလုံးသည် ပြန်သတင်းပို့ခဲ့ကြသည်။

နာရီပိုင်းအတွင်းမှာပဲ လုပ်ကြံမှုကြိုးပမ်းမှုကို အများပြည်သူ သိရှိလာခဲ့သည်။

ဝေးလံခေါင်သီသော ရွာကနေ စည်ကားသော မြို့တော်အထိ ပိုင်မျိုးနွယ်အိမ်ခြံမြေသည် မုန်တိုင်းတစ်ခု၏ ဗဟိုချက် ဖြစ်လာခဲ့သည်။

မနက်ရောက်တော့ တစ်ခုက သေချာနေ၏

တစ်ယောက်ယောက်သည် ပိုင်ကျီဟန်နဲ့ ပိုင်ရွှယ်ချင်းကို သတ်ဖို့ ကြိုးစားခဲ့သည်။

ပြီးတော့ သူတို့ မအောင်မြင်ခဲ့ပေ

လုပ်ကြံမှုသတင်းနဲ့အတူ ရှေးဟောင်းအပျက်အစီးတွေအကြောင်း သတင်းသည် တိမ်ထိုးဖောက်မြို့ဟု ခေါ်သော မြို့ငယ်လေးတစ်မြို့ကို ရောက်ရှိခဲ့သည်။

အဓိကလမ်းမကြီးတွင် ခရီးသွားများ၊ ဈေးသည်များနဲ့ ကြေးစားစစ်သားများဖြင့် စည်ကားနေပြီး မကြာသေးခင်က အစွမ်းထက်သော နတ်ဆိုးများနဲ့ "သေလုမျောပါး" တွေ့ဆုံမှုတွေအကြောင်း ကြွားလုံးထုတ်နေကြသည်။

ကင်ထားတဲ့အသားနဲ့ ဈေးပေါသည့်အရက်ရနံ့သည်

လေထုထဲတွင် ပြည့်နှက်နေသည်။

အနီးအနားမှ စားသောက်ဆိုင်တစ်ဆိုင်တွင် လူငယ်တစ်ယောက်သည် ရိုးရှင်းသော အစားအစာတစ်ခုကို မှာစားနေသည်။

သူ့ခန္ဓာကိုယ်သည် ပိန်ပိန်ပါးပါးနဲ့ အမာရွတ်တွေရှိနေ၏။ လောင်ကျွမ်းနေသော သင်္ကေတတွေနဲ့ ဖုံးလွှမ်းနေပြီး မှိန်ဖျော့ဖျော့အလင်းရောင်တွေနဲ့ တောက်ပနေ၏

သူ့နာမည်က နီဖန်ကျိုးသာ

တစ်ချိန်က… သူသည် ပိုင်ရွှယ်ချင်းနဲ့ စေ့စပ်ထားခဲ့သည်။

ဒါပေမယ့် အတော်လေး ကြာခဲ့ချေပြီ။

တစ်ချိန်တုန်းက သူ့ကို နီမျိုးနွယ်၏ ပါရမီရှင်တစ်ယောက်ဟု ခေါ်ကြသည် ။ ပါရမီရှိ၏ ။ မာနကြီး၏။ ကြီးကျယ်မြင့်မြတ်မှုအတွက် ကံကြမ္မာရှိ၏

အားလုံးပျောက်ကွယ်သွားချေပြီ

သူ့ကျင့်ကြံမှု ရပ်တန့်သွားချေသည်။ သူ့ဂုဏ်သတင်းသည် ထင်ထားတာထက် ပိုကျဆင်းသွားသည်။

အမှိုက်ဟု တံဆိပ်ကပ်ခံရသည် ။ သူ့ကို တစ်ချိန်က ချီးကျူးခဲ့သူတွေက လှောင်ပြောင်ကြသည်။

သူ့၏စေ့စပ်ထားသူ ပိုင်ရွှယ်ချင်းသည်လည်း တခြားဂိုဏ်းဝင်တစ်ယောက်နဲ့အတူ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ရောက်လာခဲ့သည်။

စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်သည့်အခါ မည်သူမှ အံ့သြမသွားကြပေ။ သူသည် အသုံးမဝင်တော့ပေ —ဝန်ထုပ်ဝန်ပိုးတစ်ခုလိုသာ

သို့တိုင် ကံကြမ္မာက သူ့ကို မစွန့်ပစ်ခဲ့ပေ

ပျက်စီးနေသော မီးတောင်ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ပြိုကျနေသော ချော်ရည်ခန်းမများနှင့် အရိုးအက်ကွဲနေသော တိတ်ဆိတ်မှုကြားတွင် နီဖန်ကျိုးသည် အခြားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သူတွေ့ရှိခဲ့တာက... မီးတောက်တွေပင်

စစ်ထုတ်မထားသော ဝေဒနာ - သူ့ကို ရှင်သန်ရာကနေ ဖျောက်ဖျက်ဖို့ ကြိုးစားသည့် ဝိညာဉ်လောင်ကျွမ်းစေသော မီးတောက်များ

သေဆုံးမည့်အစား သူ ကြံ့ကြံ့ခံခဲ့သည်။

သူ တစ်ယောက်တည်း ထွက်လာခဲ့သည်။

မီးက သူ့ကို မလောင်ကျွမ်းခဲ့ပေ။ သူ့ကို ပြန်လည်ပုံသွင်းခဲ့ပေသည်။

သူ့အရိုးများသည် မီးလျှံထဲတွင် ပြန်လည်မွေးဖွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ပြာကနေ ပြန်လည်တည်ဆောက်ခဲ့၏။ သူ့၏ချို့ယွင်းနေသော သွေးကြောတွေ အရည်ပျော်ပြီး အစွမ်းထက်သော အသစ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

အရင်က စွန့်ပစ်ခံရသော စေ့စပ်ထားသူ၊ ငယ်ရွယ်သော မျိုးဆက်၏ ရယ်စရာလူ... သူသည် ထိုမီးတောက်ထဲတွင် သေဆုံးသွားခဲ့သည်

မီးထဲက ထွက်လာသောအရာသည် ကျရှုံးမှု မဟုတ်ပေ။

၎င်းက ဓားတစ်ချောင်းပင်

အမုန်းတရားကြောင့် ထက်မြက်လာ၏

လက်စားချေမှုကြောင့် လောင်စာပြည့်နေခဲ့သည်

နီဖန်ကျိုးသည် သူ့အရေပြားကို အမှိုက်လို ခွါချခဲ့ပြီး လူ့ပုံစံနဲ့ နတ်ဆိုးလမ်းကြောင်းကို လျှောက်လှမ်းခဲ့သည် ။ ဝေဒနာတွေရှိနေပေမယ့်လည်း ထိုမီးတောက်တွေကို အသုံးပြုပြီး ဆက်လက်လေ့ကျင့်ခဲ့သည်။

သာမန်အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော နီဖန်ကျိုးသည် လူစည်ကားသော စားသောက်ဆိုင်၏ ထောင့်စားပွဲတွင် တစ်ယောက်တည်း ထိုင်နေသည်။

သူ့မျက်နှာကို ဦးထုပ်ဖြင့် တစ်ဝက်ဖုံးထားပြီး မီးဖြင့်ပြုလုပ်ထားသော သင်္ကေတမှ မှိန်ဖျော့ဖျော့ အလင်းရောင်သည် သူ့ဝတ်ရုံအောက်မှ ချောင်းကြည့်နေသည်။

သူ့ရှေ့တွင် အငွေ့တထောင်းထောင်းထနေသော တောဝက်စွပ်ပြုတ်ပန်းကန်တစ်ခွက် ရှိနေသေးသည်။

ထိုအစား သူ့အာရုံသည် သူ့နောက်ကွယ်ရှိ ဆူညံသောစားပွဲပေါ်တွင် ရှိနေသည်။

"မင်းကြားလား။ ပိုင်မျိုးနွယ်စုက တကယ်လုပ်ခဲ့တာပဲ! သူတို့ နတ်ဆိုးဂိုဏ်းကို အနိုင်ယူခဲ့တာပဲ!"

"ဟုတ်တယ်၊ ငါကြားတယ် အရူးရဲ့၊ အခုဆို လူတိုင်းကြားပြီးပြီ။ ပြည်နယ်တစ်ခုလုံးမှာ ပျံ့နှံ့နေပြီ”

"ပိုင်ကျီဟန်က ဒါကို လုပ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားဘူး။ သူက အရင်က အမှိုက်တစ်ယောက် မဟုတ်ဘူးလား?"

"ဘာဖြစ်မယ်ထင်လဲ။ အဲဒီ 'အမှိုက်' က မိုထျန်းကျီကို ခွေးတစ်ကောင်လို ချေမှုန်းခဲ့တယ်။ လူတိုင်းရှေ့မှာပဲ"

"မိုထျန်းကျီ? နတ်ဆိုးဂိုဏ်းရဲ့ ငယ်ရွယ်တဲ့မျိုးဆက်ထဲမှာ အင်အားအကြီးဆုံးသူလား?"

စကားဝိုင်းကြောင့် နီဖန်ကျိုးအာရုံက အဖွဲ့ဆီ ရောက်သွားခဲ့သည်။

သူသည် ဖြည်းဖြည်းချင်း အရက်ကို မြှောက်လိုက်ပြီး တစ်ငုံသောက်ကာ သေချာနားထောင်လိုက်သည်။

နောက်ထပ်လူတစ်ယောက်က သူ့ခွက်ကို ချလိုက်ပြန်သည်။

"ဒါပေမယ့် ပိုင်ကျီဟန်ကို ထားလိုက်ပါ - ပိုင်ရှင်းယွဲ့က မသေမျိုး ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တယ်လို့ ပြောကြတယ် မလား။"

ကျယ်လောင်သော အသက်ရှူသံတစ်ခု ထွက်ပေါ်လာသည်။

"သူမက ပိုင်မျိုးနွယ်ကနေ လွန်ခဲ့တဲ့နှစ်တွေက နှင်ထုတ်ခံခဲ့ရတာ မဟုတ်ဘူးလား။"

"ဟုတ်တယ်။ ဒါပေမယ့် အခု သူမပြန်လာပြီ။ အရင်ကထက် ပိုအားကောင်းလာတယ်။ သူမက ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်မှာ ရောက်နေပြီလို့ ပြောကြတယ်။"

"ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်လား။"

၎င်းသည် အများစု အိပ်မက်မက်ရုံသာ ရှိသည့် အဆင့်။ အသက် ၁၆ နှစ်အရွယ် တစ်ယောက်တောင် မထိသင့်သော အရာ။

သို့တိုင် ကံမကောင်းစွာပဲ ဘဝက မတရားပေ။ တချို့ အိပ်မက်မက်ရုံသာ တတ်နိုင်သည့်အရာကို တချို့ကတော့ အလွယ်တကူ ရရှိခဲ့ကြသည်။

(ပိုင်မျိုးနွယ်လား။)

နီဖန်ကျိုးလက်ချောင်းများသည် သူ့ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်တယ်။

(တံခါးပိတ် ကျင့်ကြံနေတဲ့အချိန်မှာ အများကြီးပြောင်းလဲသွားပုံရတယ်။)

သူ ဖြည်းဖြည်းချင်းရပ်ပြီး လျှောက်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ရွှေဒင်္ဂါးပြားတစ်ပြားကို စားပွဲပေါ် ပစ်တင်လိုက်သည်။

စကားဝိုင်း ရပ်သွားချေ၏။ ကြေးစားစစ်သားတစ်ယောက်သည် မျက်တောင်ခတ်ပြီး ဇဝေဇဝါဖြစ်သွားသည်။

"အစ်ကို၊ တစ်ခုခုဝယ်ဖို့ ကြိုးစားနေတာလား"

နီဖန်ကျိုးသည် သူ့ဦးထုပ်ကို ချွတ်လိုက်ကာ ထက်မြက်ပြီး ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။

သူ့အသံက တည်ငြိမ်သည့်တိုင် ဓားတစ်ချောင်းလို ထက်မြက်နေ၏။

"မဟုတ်ဘူး။ မင်းပြောနေတာအားလုံးကို ငါသိချင်တယ်။ အစက စပြီး။"

ကြေးစားစစ်သားများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည် ။ ဒါပေမယ့် ရွှေက ရွှေသာ

ထိုအရာသည် လူတိုင်းသိပြီးသား အချက်အလက် ဖြစ်၏

တစ်ယောက်ယောက်က ရှေ့ကို ကိုင်းလိုက်ချေသည်

"မင်း တံခါးပိတ် ကျင့်ကြံနေတာလား။ တစ်ခုခုလား

"တစ်ခုခုပေါ့။"

"ထိုင်ပါဦး! မင်းလွတ်သွားတာအားလုံးကို ငါပြောပြမယ်။"

သူတို့သည် ကိုယ်တိုင် ထိုနေရာတွင် ရှိခဲ့သလို ဇာတ်လမ်းတွေပြောပြကြလေသည်

နီဖန်ကျိုးသည် သူ့အရိုးထဲတွင် ထွင်းထားသလို စကားလုံးတိုင်းကို စုပ်ယူနေခဲ့သည်။

သူတို့သည် ပိုင်မျိုးနွယ်စုကို ချီးကျူးနေချိန်တွင် နီဖန်ကျိုးသည် ပိုဒေါသထွက်လာခဲ့သည်။

သူတို့ ပိုင်ရွှယ်ချင်းအကြောင်း ဆက်ပြောနေပါက ပိုဆိုးသွားလိမ့်မည်။ ဒါပေမယ့် အံ့သြစရာကောင်းတာက သူမ နာမည် တစ်လုံးမှ မပါပေ

ရှေးဟောင်းအပျက်အစီးများ၏ ဇာတ်လမ်းသည် ပိုင်ကျီဟန်နဲ့ ပိုင်ရှင်းယွဲ့ကို အဓိကထားပြောထားတာပင်

(ကဲ၊ သူမရဲ့မောင်လေးက အခုလောက်ကြောက်စရာကောင်းနေရင် သူမလည်း နောက်ကျကျန်ခဲ့မှာမဟုတ်ဘူး။)

သူလက်စားချေချင်သူအကြောင်း အချက်အလက်အများကြီး မရခဲ့သည့်တိုင် တခြားသူတွေအကြောင်း၊ အထူးသဖြင့် ပိုင်ရွှယ်ချင်းမောင် ပိုင်ကျီဟန်အကြောင်း အများကြီးသိခဲ့ရသည်။

ဒါနဲ့တင် လုံလောက်ချေပြီ။

ပိုင်ကျီဟန်သာ သူမ မောင်ဆိုပါက

နီဖန်ကျိုးအတွက်လည်း ရန်သူတစ်ယောက် ဖြစ်ပေ၏

သူရင်ဆိုင်ရနိုင်သောသူသာ

ကြေးစားစစ်သားများသည် ဆက်ပြောပြီး လုပ်ကြံမှုအပါအဝင် ပိုင်မျိုးနွယ်ကို တခြားအဖွဲ့တွေ မည်သို့တုံ့ပြန်နေသည်ကို ဆက်ပြောကြသည်။

အများစုက သူ့ကိုပျင်းစေသည်။

ဒါနဲ့တင် လုံလောက်ပြီဟု သူဆုံးဖြတ်လိုက်သည်။

ခေါင်းညိတ်ပြပြီး နီဖန်ကျိုးသည် ရွှေဒင်္ဂါးပြားကို ထားခဲံကာ လှည့်ထွက်သွားချေသည် ။

နေရောင်အောက်ကို သူထွက်လာသည့်အခါ မြို့သားတွေသည် ဆက်ပြီး ကောလာဟလတွေပြောနေကြသည် " ပိုင်ရွှယ်ချင်းရဲ့ စေ့စပ်သူဟောင်း" ဆိုသော တစ်ချိန်က လူကို သတိမထားမိကြပေ။

သူသည် မြို့စွန်ဘက်ကို ဖြည်းဖြည်းချင်းလျှောက်သွားလေ၏ သူ့လက်ချောင်းတွေက ကွေးနေ၏ အပူက သူ့အရေပြားပေါ်မှာ ဖြာကျနေသည်။

ပိုင်ရွှယ်ချင်း...

သူမက သူ့ကို လှောင်ပြောင်ခဲ့သည်။

သူ့ကို ပယ်ချခဲ့သည်။

သူ့ကို အမှိုက်လို ဆက်ဆံခဲ့သည်။

ဒါပေမယ့် အခုရော?

သူက အရင်လူ မဟုတ်တော့ပေ

သူမနဲ့ မလိုက်ဖက်သော 'အမှိုက်' မဟုတ်တော့ပေ

သူ မီးကို ဝါးမျိုခဲ့ပြီး ဝေဒနာကို ဖြတ်သန်းခဲ့ကာ ပြာကနေ သူ့ကိုယ်သူ ပြန်လည်တည်ဆောက်ခဲ့သည်

အခု သူမကို အနိုင်ယူနိုင်ပါ့မလား။

မဟုတ်ဘူး... မဟုတ်သေးပေ

ဒါပေမယ့် လာမယ့်ရက်တွေမှာရော?

သေချာ၏

သူမကို ကျော်ဖြတ်နိုင်ရုံသာမက

သူမ သူ့ဆီကနေ ခိုးယူခဲ့သော အရာအားလုံးကို သူ ပြန်ယူရမည်။

သူ့မာန။

သူ့အဆင့်အတန်း။

ကမ္ဘာပေါ်ရှိ သူ့နေရာ။

ပိုင်ကျီဟန်က လမ်းတွင် အနှောင့်အယှက် ပေးခဲ့ရင်ကော?

ထိုအခါ သူလည်း လောင်ကျွမ်းသွားလိမ့်မည်။

"ငါ မင်းဆီ မရောက်ခင် မင်း မပျက်စီးသွားဖို့ မျှော်လင့်ပါတယ်''

All Chapters