ပိုင်မိသားစုအတွက် မဲမှောင်နေသော ကောင်းကင်
Vol. 12 Ch. 179
ပိုင်မိသားစု အိမ်တော်သည် လူသတ်သမားဝင်ရောက်မှုအတွက်
ကာကွယ်ရေးတင်းကျပ်လာချိန်၌ပင် နောက်ထပ် မုန်တိုင်း တစ်ခုက တံခါးကို ခေါက်လာချေပြီ။
ဘုန်း
မိုးကြိုးသံလို တိုက်ခတ်သံကြီး ထွက်လာချေသည်။
ဒါပေမဲ့ ၎င်းသည် သဘာဝမိုးကြိုးမဟုတ်ပေ။ ချီ ထုတ်လွှတ်မှုကြောင့် ဖြစ်ပေါ်လာသော“စွမ်းအားမုန်တိုင်း” တစ်ခု။
၎င်းက ချီတစ်ခုတည်းနဲ့ မဟုတ်ပေ။
အနီရောင်နဲ့ ငွေရောင် အရောင်အဝါနှစ်ခုသည် ကောင်းကင်တွင်
ပေါက်ကွဲလာကြပြီး ချီနဲ့ မြေကြီးတစ်ခုလုံးကို ဖိထားသည်။
ပိုင်ထျန်းဟမ် မျက်နှာသည် မဲမှောင်သွားပြီး အဝေးက မိုးတိမ်စွမ်းအားတွေ စုဝေးနေသည့်နေရာကို စူးစမ်းကြည့်လိုက်သည်။
“သူတို့ ရောက်လာပြီ…”သူက တင်းကျပ်စွာ ပြောလိုက်သည်။
အဝေးတောင်တန်းတွင် အကြီးစား သင်္ဘော နှစ်စီး ပေါ်ထွက်လာကြသည်။
သာမန် သင်္ဘောမဟုတ်ပေ။ ဝိညာဉ် သတ္တုနဲ့ ရှေးဟောင်းသစ်သားများဖြင့်ဖန်တီးထားသော စစ်သင်္ဘောများသာ။ ၎င်းတို့ကို ချီအပြည့်လွှမ်းခြုံထားပေ၏
ကျင့်ကြံသူများစွာကို သယ်ဆောင်နိုင်သော အသေးစားခံတပ်များ
တစ်စီးသည် မီးတောက်ထိပ်တွင် ရွှေရောင်ခြင်္သေ့ရပ်နေသော အနီရောင်တောက်တောက် အလံကို လွင့်ထူထား ပြီး လီမိသားစုကို တွေ့ရသည်။
တစ်စီးမှာ ငွေရောင် ရွက်တိုင်များနှင့် လျှပ်စီးများကြားမှ အနက်ရောင်မြွေကြီးတစ်ကောင်ကို တန်ဆာဆင်ထားသည့် ကျောက်မိသားစု သင်္ကေတကို ကိုင်ဆောင်ထားသည်။
ထိုနှစ်စီးစလုံးသည် ကောင်းကင်အင်ပါယာ၏ အကြီးအကျယ်ဆုံး အာဏာရှိသော မိသားစုတွေသာ
သူတို့ လာတာ…ဒီမိုကရေစီအတွက် မဟုတ်ပေ
စစ်တိုက်ဖို့သာ
မိုင်အနည်းငယ်ကွာဝေးနေသည့်တိုင် ထိုသင်္ဘောတွေက ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်သည် လေထုတစ်ခုလုံးကို ဖိစီးလာသည်။
"ထွီ” ပိုင်ရမ်သည် မြေပြင်ပေါ် တံတွေးထွေးလိုက်သည်။ "သူတို့ အချိန်မဖြုန်းတာ သေချာတယ်။"
ပိုင်ထျန်းဟမ်သည် ချဉ်းကပ်လာသော ဧရာမလူများကို အေးစက်စွာ စိုက်ကြည့်နေ၏ ထို့နောက် သူ့လက်ကို မြှောက်လိုက်သည်။
"အကြီးအကဲတွေကို ခေါ်လိုက်ပါ။ တပ်ဖွဲ့တွေကို အသင့်ပြင်။ ပြီးတော့ ပိုင်ကျီဟန်ကို ခေါ်လာခဲ့”
လီမျိုးနွယ်စု၏ သင်္ဘောထဲမှာတော့ လီမျိုးနွယ်စု အကြီးအကဲ လီကျန်းဟုန်သည် ခြေချင်းချိတ်ထိုင်နေ၏
သူ့မျက်နှာအမူအရာသည် တည်ငြိမ်နေသည့်တိုင် မျက်လုံးတွေက မုန်းတီးမှုတွေနဲ့ တောက်ပနေသည်။
"သူတို့က အဲဒီမိန်းကလေးကို ပြန်ဝင်ခွင့်ပေးရဲတယ်။ သူမ ကြီးထွားမှုရဲ့ အကျိုးဆက်တွေကို သူတို့ မကြောက်ကြဘူးလား"
ပိုင်ရှင်းယွဲ့နဲ့ ပိုင်မျိုးနွယ်စုအကြား ဘာတွေဖြစ်ခဲ့သည်ကို သိနေပုံရသော လီကျန်းဟုန်က ပြောလိုက်သည်။
သူ့နောက်မှာတော့ ပိုင်ကျီဟန်၏ အရှက်ခွဲမှုကို ခံခဲ့ရသော သူ့သား လီဖန်းသည် လက်သီးကို ဆုပ်ထားချေ၏
ထိုအဖြစ်အပျက် ပြီးကတည်းက သူ့မိသားစုဝင်တွေသည် သူ့အား အမှိုက်လို ဆက်ဆံခဲ့ပြီး ပါရမီရှင်ကနေ မျိုးနွယ်စုကို မျက်နှာပျက်
စေသောသူအဖြစ် လျှော့ချခဲ့သည်။
သူ့အဖေတောင် သူ့ကို ရှောင်ဖယ်ပြီး ငြင်းပယ်လုနီးပါး ဖြစ်ခဲ့သည့်တိုင် ဒီတစ်ခါတော့ သူ့ကို ခေါ်လာခဲ့သည်။
လီကျန်းဟုန်သည် သူ့ရှေ့မှ မြေပုံကို ကြည့်ပြီး လီဖန်းကို စိုက်ကြည့်နေ၏
"အမှားမလုပ်မိစေနဲ့ ဖန်း..ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီတစ်ခါ ကျေနပ်လောက်တဲ့ ရလဒ်တွေ မထွက်နိုင်ရင် လီမျိုးနွယ်စုကနေ ထွက်သွားရမယ်”
လီဖန်းမေးရိုးက တင်းမာသွားချေသည်။
"ဟုတ်ကဲ့ပါ အဖေ ကျွန်တော် သူ့ကို သတ်ပစ်မယ်။ ပိုင်ကျီဟန်ကို သတ်ပြီး ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ယူမယ်”
လီကျန်းဟုန်အကြည့်သည် သူ့ဆီကို လှည့်သွားချေသည်။
"ဒါဆိုရင် မင်းမှာ အဲဒီစကားတွေကို ထောက်ခံနိုင်တဲ့ စွမ်းအား ရှိဖို့ သေချာအောင်လုပ်ပါ။ မင်း မအောင်မြင်ရင် မင်းအတွက် အခွင့်အရေး မရှိတော့ဘူး"
ကျောက်မျိုးနွယ်စု၏ သင်္ဘောပေါ်မှာတော့
ငွေရောင်လျှာနဲ့ ခြယ်လှယ်တတ်သူ ဖြစ်သော ပိုင်ကျီဟန်၏ ရန်သူ ကျောက်ချန်သည် အတော်လေး ပျော်ရွှင်နေပုံရသည်။
သူ့ဘေးမှာတော့ ကျောက်မျိုးနွယ်စု၏ အကြီးအကဲ ကျောက်ဝူထျန်းသည် မျက်နှာတင်းတင်းနဲ့ ကြည့်နေ၏
"ငါတောင်းဆိုတာကို မင်းပြင်ဆင်ထားပြီးပြီလို့ ငါထင်တယ်"
ကျောက်ဝူထျန်းက ပြောလိုက်သည်။
ကျောက်ချန်က ရယ်လိုက်လေ၏
"ဟုတ်ကဲ့ အဖေ၊ ကျွန်တော် အားလုံးပြင်ဆင်ထားပြီးပါပြီ”
သူသည် ပိုင်မျိုးနွယ်စု၏ အိမ်တော်ကို သားရဲတစ်ကောင်လို စိုက်ကြည့်နေ၏
"ပိုင်ကျီဟန်ကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပါ့မယ်။ တခြားသူတွေ ကျရှုံးသွားနိုင်ပေမယ့် ကျွန်တော်ကတော့ မအောင်မြင်ဘဲ မနေပါဘူး”
ထိုသို့မုန်တိုင်းတစ်ခု တိုက်ခတ်နေချိန်တွင် တခြားသူတွေအနေနဲ့ မည်သို့ လက်လွတ်ခံနိုင်မည်နည်း
လီနဲ့ ကျောက်မျိုးနွယ်စုတွေ ဝင်ရောက်တိုက်ခိုက်သည့်အခါ ကောင်းကင်အင်ပါယာ၏ ထောင့်တိုင်းမှ အစွမ်းထက်သော ကျင့်ကြံသူတွေသည် ပိုင်မျိုးနွယ်စု အိမ်တော်ကို လှည့်ကြည့်လာကြသည်။
၎င်းသည် အထွတ်အထိပ်မျိုးနွယ်စုသုံးခုကြားက ရန်ငြိုးတစ်ခု မဟုတ်တော့ဘဲ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
လီနဲ့ ကျောက်မျိုးနွယ်စုသည် မသေမျိုး ဧကရာဇ်၏ အမွေအနှစ်ကိုရရှိသော ပိုင်ရှင်းယွဲ့ကို မပိုင်ဆိုင်နိုင်ပေ။ ထို့ကြောင့် လာမယ့်နှစ်တွေတွင် ဖျက်ဆီးခံရမည့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်၏
လျှို့ဝှက်တောင်တန်းဂိုဏ်းတွေနဲ့ ပုန်းကွယ်နေသော ရှေးခေတ်မိသားစုတွေအထိ
ကုန်သည်အသင်းအဖွဲ့တွေကနေ တစ်ကိုယ်တော် လှည့်လည်သွားလာသူတွေအထိ...
အရိပ်လို ရွေ့လျားနေသော အနက်ရောင်ဝတ်ရုံဝတ်ထားသည့် အကြီးအကဲတွေကနေ ငယ်ရွယ်သော ပါရမီရှင်တွေအထိ၊ လူတိုင်းသည် ထိုသမိုင်းဝင်ဖြစ်ရပ်ကို မြင်တွေ့ဖို့ ရောက်လာကြသည်။
တချို့က သင်္ဘောပျံတွေ
ကောင်းကင်ကို ဖုံးလွှမ်းနေသော မြင်းစီးသတ္တဝါတချို့ပါ ပါပေ၏
တချို့က ဝိညာဉ်ဆုတ်ဖြဲမှုမှ ထွက်လာ၏ ဒါမှမဟုတ် ချီနဲ့လုပ်ထားတဲ့ ကြာပွင့်ချပ်တွေပေါ် မျောပါလာသည်ကိုလည်း ရိုးရိုးရှင်းရှင်းတွေ့နိုင်သည်
တောင်ထိပ်တွေပေါ်လည်း ပျံဝဲနေကြသည်။ အဝေးကနေ စောင့်ကြည့်နေကြတာလည်း ရှိ၏။ မိုးတိမ်တွေထဲပင် ပုန်းအောင်းနေကြသည်။
သူတို့အားလုံးသည် တူညီတဲ့အရာကို လိုချင်ကြသည်
ပိုင်မျိုးနွယ်စု ရပ်တည်နိုင်မည်လား
ဒါမှမဟုတ် ကျရှုံးမည်လားကို ကြည့်ဖို့သာ
ပိုင်ကျီဟန် မြင့်တက်လာခြင်းနှင့် ပိုင်ရှင်းယွဲ့ ၏ ပြန်လာခြင်းသည် ပိုင်မိသားစုကို ပြန်လည် တက်ကြွစေမည်လား
ဒါမှမဟုတ် မိုးကောင်းကင်သည် သူတို့ကို နောက်ဆုံးအလင်းရောင်တစ်စုံပေးပြီးနောက် လုံးဝဖျက်စီးပစ်မည်လား?
စိုးရိမ်မှုသည် တင်းကျပ်သောကြိုးလို ဖြတ်သန်းနေ၏။
အားလုံးကြားတွင် စကားသံနှင့် ညှိနှိုင်းချက်များဖြင့် ပြည့်နေသည်။
တော်ဝင်တရားရုံးသည်လည်း အေးချမ်းပြီး စိတ်ချရသော အနေအထားတစ်ခုဖြင့် အရာအားလုံးကိုရပ်ထားပြီး ရလဒ်ကို စောင့်နေသည်။
တော်ဝင်တရားရုံးသည် အကြီးဆုံး အဖွဲ့အစည်းများပါဝင်သည့် ပြင်းထန်မှုကို ရှောင်ချင်လေ့ရှိသော်လည်း ဒီအကြိမ်မှာတော့ မဟုတ်ပေ
အကြောင်းက… သူတို့သည်လည်း ပိုင်မိသားစုထံမှ အမွေဝေခွင့်ကို လိုချင်နေကြခြင်းကြောင့် ဖြစ်သည်။ မဟုတ်ပါက သူတို့၏ အာဏာနှင့် အဆင့်အတန်းသည် အန္တရာယ် ရှိနိုင်သည်။
သို့တိုင် လီမိသားစု သို့မဟုတ် ကျောက်
မိသားစုထံသို့ လွှဲပေးခွင့်မပြုနိုင်ပေ
တော်ဝင်မိသားစုအတွက် အကောင်းဆုံးအခြေအနေကတော့— နှစ်ဖက်စလုံး ပြင်းထန်စွာဆုံးရှုံးကြပြီး အမွေကို တော်ဝင်မိသားစုက ဆွဲယူခြင်းပင်
ဒါပေမဲ့ အကောင်းဆုံးဖြစ်နိုင်ခြေသာ ဖြစ်ပြီး ဖြစ်နိုင်ချေနည်းပါးသည်။
တိုက်ပွဲဖြစ်နိုင်သည့် နယ်မြေတစ်ဝိုက် မည်သူမျှ လုံလောက်စွာ မနီးကပ်နိုင်ပေ။ တစ်ချက်မှားလျှင် အကုန်ပျက်စီးနိုင်သည်။
လီမိသားစုနှင့် ကျောက်မိသားစုသည် ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသည်။
သူတို့၏အရောင်အဝါ၊ သင်္ဘောများနှင့် သတ်ဖြတ်လိုစိတ်များသည် သဘောထားမှားနိုင်စရာ မရှိအောင် ပြသနေသည်။
သူတို့သည် ညှိနှိုင်းဖို့ ရောက်လာကြတာ မဟုတ်ပေ
သူတို့သည် သွေးစွန်းဖို့ ရောက်လာကြသည်။
ပိုင်မိသားစုအိမ်တော်တွင် အကြီးအကဲများသည် ပိုင်ထျန်းဟမ်၏ ခေါ်ဆိုမှုအောက်တွင် စုဝေးလာကြသည်။
ကာကွယ်ရေး အခင်းအကျင်းများသည် ကောင်းကင်တစ်လွှား အလင်းကြိုးလို တောက်ပပြီး တစ်လွှာစီသည် လေထုကို ချုပ်တည်းထားသလို ဖြစ်သည်။
အစောင့်စစ်သားများသည် ၎င်းတို့၏ ဝိညာဉ်လေးများကို ပြင်ဆင်ထားကြသည်။
အဆင့်မြင့် ကျင့်ကြံများသည် ဗဟိုတံခါးများတွင် ရပ်နားနေသည်။
ဗဟိုခန်းမမှာတော့ ဝိညာဉ်သွေးကြောများသည် စွမ်းအားကို စုဆောင်း၍ စစ်ပွဲအတွက် ပြင်ဆင်နေသည်။
ထိုအရာအားလုံး၏ အလယ်ဗဟိုတွင် ပိုင်
ထျန်းဟမ်ရပ်နေပြီး မျက်လုံးများသည် အေးမြပြီး ငြိမ်သက်နေ၏
“ငါတို့က ပိုင်မိသားစုပါ၊”သူက ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
“ငါတို့ ဒူးမထောက်ဘူး ဦးမညွတ်ဘူး။ သူတို့က သွေးလိုချင်ရင် ငါတို့က အဲ့ထဲကိုနှစ်မြှပ်ပေးရမယ်”