စစ်သင်္ဘောများ တံခါးဝကို ရောက်လာခြင်း
Vol. 12 Ch. 180
ပိုင်မိသားစု အိမ်တော် အပြင်တွင် စစ်သင်္ဘောများသည် ရပ်တည်နေပြီး မြေမျက်နှာပြင်ပေါ်တွင် အရမ်းရှည်သော အရိပ်များ ထုတ်လွှင့်နေ၏
အနီရောင် မီးနှင့် ငွေရောင် လျှပ်စီးများသည် သင်္ဘော ကိုယ်ထည်တွင် ကခုန်နေပြီး ကောင်းကင်ကို သဘာဝမဟုတ်
သည့် ရာသီဥတုနဲ့ လှုပ်ခတ်နေစေသည်။
ထို့နောက်—
အသံတစ်ခုသည် ကောင်းကင်အပေါ်တွင် ပြင်းထန်စွာ ကြွေးကြော်လာသည်။ ချီဖြင့် တိုးမြှင့်ထားသောကြောင့် မိုင်ပေါင်းများအထိ ခံစားနိုင်သည့် ရိုက်ချက်တစ်ခုလိုပင်
“ပိုင်ထျန်းဟမ်”
လေထုသည်လည်း တုန်ခါသွားသည်။
လီကျန်းဟုန် အသံသည် အေးစက် ပြင်းထန်ပြီး ဂုဏ်သိက္ခာနှင့် ပြည့်ဝနေ၏
“ လီမျိုးနွယ်ကို ရင်ဆိုင်ဖို့ လာခဲ့”
သူ၏ စကားမှ ဝိညာဉ်ရေးရာသည် တိမ်များကို ကွဲထွက်စေသည် ။ အောက်တွင် ရှိသော အားနည်းသည့် ကျင့်ကြံသူအနည်းငယ်ကို အသံအလေးချိန်ကြောင့် တုန်ခါသွားစေသည်။
ပိုင်မိသားစု၏ ဗဟိုခန်းမအတွင်း တိတ်ဆိတ်မှု ကျရောက်လာသည်။
ထို့နောက်
ပိုင်ထျန်းဟမ်သည် ဘိုးဘေးခန်းမမှ ထွက်လာပြီး ဝတ်စုံများ လှုပ်ခတ်နေကာ လက်နှစ်ဖက်ကို ကျောနောက်တွင်ပစ်ထားလေ၏
သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်သည် လေထဲတွင် လှုပ်ရမ်းနေသည်။
သူသည် ကြီးမားသော စစ်သင်္ဘောများကို မကြောက်ရွံ့ဘဲ ကြည့်နေသည်။
ပြီးနောက် သူ ပြောဆိုလေ၏ အသံသည် အေးဆေးပြီး အနည်းငယ် စနေသလိုလည်းခံစားရသည်။
“လီကျန်းဟုန်?”
သူသည် ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။
“ဒီလိုနဲ့ လာတာလား… စည်ကားမှုကြီးနဲ့ လာနေကြတာလား။ ငါတို့ကို ဂုဏ်ပြုဖို့လား?”
ပိုင်မိသားစု ဘိုးဘေး အချို့က ရယ်ကုန်၏
ပိုင်ထျန်းဟမ်သည် ဆက်ပြီး လက်ဖက်ရည်ခန်းတွင် စကားပြောနေသလို ပေါ့ပေါ့ပါးပါးပြောလေ၏
“နောက်ဆုံးတာ့ ငါတို့ ပိုင်မိသားစုမှာ လွန်ခဲ့တဲ့ကာလအတွင်း ပျော်ရွှင်စရာတွေ အတော်လေးရှိခဲ့တာပဲ။”
သူသည် အနည်းငယ် ပြုံးလိုက်သည်။
“လီမျိုးနွယ်က ငါ့မိတ်ဆွေဟောင်းကြီးက စိတ်လှုပ်ရှားစွာနဲ့ လာနေတာကို မြင်ရတာ စိတ်ပျော်စရာပါ။ တကယ် ခံစားရပါတယ်”
ရပ်တန့်သွား၏
ထို့နောက် လီကျန်းဟုန်၏ အသံသည် ထပ်မံ ပြင်းထန်လာသည်။ သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်တော့ပေ
"စတာတွေ တော်ပြီ ပိုင်ထျန်းဟမ်၊ ငါတို့ဘာလို့ဒီကိုရောက်လာတာလဲဆိုတာ မင်းကောင်းကောင်း သိတယ်”
ပိုင်ထျန်းဟမ်သည် မျက်ခုံးပင့်ပြီး ပျင်းရိစွာပြောလိုက်၏ "မင်းဘာလို့ဒီမှာရှိနေတာလဲ၊ ပြောစမ်းပါ"
လီမျိုးနွယ်စု စစ်သင်္ဘောထိပ်ကနေ လီကျန်းဟုန်မျက်နှာက လှောင်ပြောင်သလိုဖြစ်သွား၏
"အဲ့ဒီမိန်းကလေး" သူက အေးစက်စက်ပြောလိုက်၏ "သူ့ကိုအပ်လိုက်”
"သူမက တစ်ခုတည်းသောမျိုးနွယ်စုလက်ထဲမှာ ထားဖို့ အရမ်းအန္တရာယ်များတဲ့ တစ်ခုခုကို သယ်ဆောင်ထားတယ်။ ပိုင်မျိုးနွယ်စုက မသေမျိုး ဧကရာဇ်ရဲ့အမွေအနှစ်ကို သူတို့အတွက် စုဆောင်းခွင့်မပြုနိုင်ဘူး”
သူ့စကားတွေသည် မိုးကြိုးပစ်သလို မြည်ဟီးနေ၏ ထက်မြက်ပြီး ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေ၏
သို့တိုင် ပိုင်ထျန်းဟမ် ပြန်မဖြေခင်မှာပဲ ဒုတိယစစ်သင်္ဘောကနေ နောက်ထပ်အသံတစ်ခု ပဲ့တင်ထပ်လာ၏ ထိုအသံသည် ပိုချောမွေ့ပြီး ပိုတည်ငြိမ်၏ ဒါပေမယ့် ဖိအားတော့ မလျော့ပေ
"အကြီးအကဲပိုင်”ကျောက်ဝူထျန်းသည် ရှေ့ကိုတိုးလာပြီး ပြောလေသည်။
"ဒါက ဝမ်းနည်းစရာဖြစ်လာဖို့ မလိုအပ်ပါဘူး။"
သူ့အသံသည် တည်ငြိမ်ပြီး နူးညံ့၏ ကြင်နာတတ်သော အကြီးတစ်ယောက်က ဂျူနီယာတစ်ယောက်ကို အကြံပေးသလိုသာ
"အကြီးအကဲလီပြောသလိုပဲ မိန်းကလေးပိုင်ဆိုင်တဲ့အရာက ဘယ်မျိုးနွယ်စုနဲ့မှ မသက်ဆိုင်သင့်တဲ့အရာပါ။"
သူသည် မျက်လုံးတစ်ဝက်မှိတ်ပြီး တွက်ချက်မှုတွေနဲ့ တောက်ပနေကာ ပိုင်အိမ်ယာကို ငုံ့ကြည့်လိုက်၏
"မသေမျိုး ဧက္ကရာဇ်ရဲ့ အမွေအနှစ်... ကောင်းကောင်းမျှဝေရင် ကောင်းကင်အင်ပါယာတစ်ခုလုံးကို မြှင့်တင်ပေးနိုင်မှာပါ။ ဘယ်လိုကောင်းကျိုးတွေ ဖြစ်ထွန်းနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ - ကျင့်ကြံနည်းတွေ၊ ရှေးဟောင်းအတွေးအမြင်တွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ။"
သူ့အကြည့်တွေက ခက်ထန်လာ၏
"ဒါပေမယ့် မိသားစုတစ်စုရဲ့ လက်ထဲမှာထားခဲ့ရင် ဘာဖြစ်မယ်လို့ ထင်လဲ။"
ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ - ဂိုဏ်းခေါင်းဆောင်အမျိုးမျိုး၊ မြင့်မြတ်သော မျိုးနွယ်စုသံတမန်များနဲ့ လာရောက်ကြည့်ရှုသော ကျင့်ကြံသူများပင် တင်းမာမှုကနေ တိုးတိုးလေး ထွက်ပေါ်လာသည်။
အများစုသည် တိတ်ဆိတ်နေကြပြီး မျိုးနွယ်စုတွေကြားကို မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်
ကျောက်ဝူထျန်းသည် ဖြည်းဖြည်းချင်း ရည်ရွယ်ချက်ရှိရှိနဲ့ လက်ဟန်ပြလေ၏
"ကျွန်တော်တို့က စစ်ပွဲအတွက် လာတာ မဟုတ်ပါဘူး။ လူတိုင်းအတွက် တရားမျှတမှုရဖို့ ဒီမှာရှိနေတာပါ။"
"ပိုင်ရှင်းယွဲ့ ရှေ့ကိုထွက်လာပြီး သူမရရှိခဲ့တာတွေကို မျှဝေပါစေ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူမက လူတိုင်းကို ကူညီပေးရာ ရောက်မှာပါ။"
ကျောက်ဝူထျန်း စကားတွေသည် သူတို့အား ဖြောင့်မတ်သော ကယ်တင်ရှင်တွေဟု ထင်ရစေသည်။ သိမ်းပိုက်ဖို့ မဟုတ်ဘဲ ကူညီဖို့၊ တခြားသူတွေကို မြှင့်တင်ဖို့ ရောက်လာကြတာပင်
ပိုင်မျိုးနွယ်အား ကျူးကျော်မှုကို ကာကွယ်ဖို့ အတင်းအကျပ် ခိုင်းစေခံရသည့် သားကောင်တွေအဖြစ် မဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်သော စုဆောင်းသူတွေအဖြစ် ဇာတ်ကြောင်းကို လိမ်ညာပြီး ပုံဖော်နေ၏
"ကြီးကျယ်တဲ့ ကောင်းကျိုး" ဟု ခေါ်သောအရာကို ရည်ညွှန်းခြင်းအားဖြင့် သူတို့သည်
ကိုယ်ကျင့်တရား မြင့်မားသော နေရာတွင် ရပ်တည်ပြီး သူတို့၏ ရန်လိုမှုကို မြင့်မြတ်သော ရည်ရွယ်ချက်အဖြစ် ပုံဖော်နေကြသည်။
အဆုံးစွန်အားဖြင့် စစ်ပွဲတွင် နှလုံးသားကို အောင်နိုင်တာက အမှန်တရား မဟုတ်ဘဲ ပိုပြီး ဖြောင့်မတ်သောသူလို လုပ်နေ၏
ပြီးတော့ သူတို့ သိပေ၏
လီကျန်းဟုန်သည် ချက်ချင်းပဲ နောက်ကလိုက်ကာ ပြောလေ၏
"ဒါက မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲပိုင်ထျန်းဟမ် ။ ငြင်းဆန်လိုက်ရင် နောက်ဆက်တွဲ အရာအားလုံးက မင်းရဲ့ ခေါင်းပေါ်မှာပဲ ဖြစ်သွားလိမ့်မယ်။"
လေထုက ငြိမ်သက်သွားချေ၏
ဝိညာဉ်ရေးရာအာရုံများစွာသည် အထက်တွင် ထိပ်တိုက်တွေ့ကာ တိတ်ဆိတ်ငြိမ်သက်သော မုန်တိုင်းတစ်ခုအတွင်း ပိတ်မိနေပြီး အောက်ဘက်တွင် ထောင်ပေါင်းများစွာသော သူများအနေနဲ့ အသက်ရှူမဝဘဲ ကြည့်ရှုနေကြသည်။
ပိုင်မျိုးနွယ်စုက လက်လျှော့မည်လား။
သို့မဟုတ် ၎င်းတို့ တံခါးများတွင် ထိပ်တန်းမျိုးနွယ်စုနှစ်ခုကို ခိုင်မာစွာ ဆန့်ကျင်ကြမည်လား။
အရာအားလုံး၏အလယ်ဗဟိုတွင် ပိုင်ထျန်းဟမ်က ပြုံးလိုက်သည်။
သူ့အနေနဲ့ ရယ်စရာကောင်းသည်ဟု ထင်သောကြောင့်မဟုတ်ဘဲ ဤအတုအယောင်ကို မျှော်လင့်ထားခြင်းကြောင့်ဖြစ်သည်။
"ကြီးမားသောကောင်းကျိုး" ဟုခေါ်သော ငြိမ်းချမ်းရေးကမ်းလှမ်းချက်များ။
အားလုံးသည် မျက်နှာဖုံးများသာဖြစ်သည်။
ဆင်ခြေတစ်ခုသာ
ထို့နောက် ပိုင်ထျန်းဟမ်သည် စစ်သင်္ဘောနှစ်စင်းဆီသို့ ပြန်ကြည့်လိုက်သည် - သူ၏အကြည့်သည် တည်ငြိမ်ပြီး သူ၏လေသံသည် ပေါ့ပါးသည်။
သို့သော် သူစကားမပြောမီ -
နောက်ထပ်အသံတစ်ခုသည် လေထဲတွင် ဖြတ်သွားချေသည်။ ငယ်ရွယ်သော်လည်း စူးရှမှုဖြင့် ပြည့်နှက်နေသည်။
"လူကြီးမင်းများ... သင်တို့၏မိန့်ခွန်းတွေက ချစ်စရာကောင်းသား”
လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှားဖြစ်ကာ မျက်လုံးအားလုံးက လှည့်ကြည့်လာသည်။
ပိုင်ထျန်းဟမ်၏နောက်မှ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး နှုတ်ခမ်းပေါ်တွင် အပြုံးချိုချိုဖြင့် ပြုံးနေသည်။
သူကတော့ ပိုင်ကျီဟန်ပင်
သူ့ရှိနေခြင်းသည် ကျင့်ကြံမှု မြင့်မားနေသော ဘိုးဘေးနှစ်ပါးနဲ့ မနီးစပ်သည့်တိုင် သူတို့ဖိအားထက်တော့ လျော့မသွားခဲ့ပေ
ပိုင်ကျီဟန်သည် သူ့အဖေဘေးတွင် ရပ်ပြီး ကောင်းကင်၌ရှိသော ဧရာမစစ်သင်္ဘောနှစ်စင်းကို မော့ကြည့်လိုက်၏
"ဒါပေမယ့် တကယ်အင်ပါယာကို ကာကွယ်ချင်တယ်ဆိုရင်..."
သူရယ်လိုက်၏
"နယ်စပ်ကို သွားဖို့ အကြံပြုပါရစေ၊ ကျွန်တော် ပိုင်မျိုးနွယ်စုကို မလာပါနဲ့။"
တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာ၏
ပြီးတော့
လီကျန်းဟုန်အသံဟာ မိုးကြိုးပစ်သလို ပေါက်ကွဲသွားသည်။
"မင်းက ရိုင်းစိုင်းတဲ့ ကောင်”
သူ့၏သတ်ဖြတ်ချင်စိတ်တွေ မြင့်တက်လာတာနဲ့အမျှ လီမျိုးနွယ်စု၏ စစ်သင်္ဘောအစွန်းကို လှမ်းကြည့်လိုက်၏
"ဒါက မင်းစကားပြောရမယ့်နေရာမဟုတ်ဘူး..မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ကိစ္စတွေကို ဂျူနီယာတစ်ယောက်က အနှောင့်အယှက်မပေးသင့်ဘူး”
လေထုသည် ဒေါသတကြီး ပေါက်ကွဲထွက်လာပြီး ကြားနေကျင့်ကြံသူ အတော်များများပင် ခေါင်းညိတ်ပြကြ၏
ပုံမှန်အားဖြင့် မျိုးဆက်သစ်ခေါင်းဆောင်များ ညှိနှိုင်းနေသည့်အခါ ငယ်ရွယ်သော မျိုးနွယ်ဝင်တစ်ယောက်သည် ဘယ်တော့မှ စကားဝင်မပြောကြပေ။
ဒါပေမယ့် ပိုင်ကျီဟန်ကတော့
တွန့်ဆုတ်မနေပေ
ယင်းအစား သူသည် ဖြည်းဖြည်းချင်း လှောင်ပြောင် လက်ခုပ်တီးလိုက်ချေ၏
"အိုး၊ လုံးဝသဘောတူတယ်" သူက ချောချောမွေ့မွေ့ ပြောလိုက်၏ "ဒါ ကျွန်တော်နေရာ မဟုတ်ဘူး။"
ပြီးတော့ သူက ခေါင်းကို စောင်းလိုက်ပြီး နှုတ်ခမ်းထောင့်ကို ခပ်ဖွဖွ ပြုံးလိုက်၏
"အဲ့လိုပဲ ပိုင်မျိုးနွယ်က ရထားတဲ့ အရာက ခင်ဗျားတို့နဲ့ မဆိုင်သလိုပဲ။"
သူ့စကားမေားသည် မျက်နှာကို ရိုက်ချလိုက်သလို ဖြစ်သွားခဲ့၏
အဓိပ္ပာယ်က ရှင်းနေ၏ ငယ်ရွယ်သူတွေ အကြီးအကဲအဆင့် ကိစ္စတွေ၌ ဝင်မစွက်ဖက်သင့်ဘူးဆိုလျှင် လီကျန်းဟုန်ကရော ဘာလုပ်နေတာလဲ။ သူ့နှာခေါင်းကို မသင့်တော်တဲ့နေရာတွင် ထားနေတာလား။
လူအုပ်က လှုပ်ရှားသွားချေ၏
တခြားဂိုဏ်းမှ ပရိသတ်တချို့တောင် တိုးတိုးလေး အာမေဋိတ်သံတွေ ထွက်လာကြ၏
လီကျန်းဟုန် မျက်နှာအမူအရာ ကောက်ကွေးသွားချေသည်။
"မင်း”
ပိုင်ကျီဟန်သည် တည်ငြိမ်စွာ ရှေ့ကို တိုးလာပြီး လက်တစ်ဖက်နဲ့ သူ့ကို ဖြတ်ပြောလိုက်သည်။
"အကြီးအကဲလီ၊ အကြံဉာဏ်ကို ဘာလို့ မလိုက်နာတာလဲ။ သူတို့နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေမှာ ကြားမဝင်သင့်ဘူးလေ”
သူ အသံကို မမြှင့်လိုက်ပေ
သို့တိုင် မာနကြီးသော သူ့လေသံသည် သည်းခြေထဲက ဘယ်အော်သံထက်မဆို ပိုနက်ရှိုင်း၏
လီကျန်းဟုန် မျက်နှာသည် မိုးကြိုးမုန်တိုင်းလို မှောင်မိုက်သွားချေသည်။
သူ့အရှိန်အဝါက မြင့်တက်လာချေ၏
စကားတစ်လုံးမှားသွားလျှင် သူ တိုက်ခိုက်နိုင်၏
ပိုင်ထျန်းဟမ်သည် နောက်ဆုံးတော့ လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"တော်ပြီ၊ ကျီဟန်”
ပိုင်ကျီဟန်သည် နာခံပြီး အပြုံးချိုချိုနဲ့ နောက်ဆုတ်လိုက်၏ —ဒါပေမယ့် ပျက်စီးသွားချေပြီ
သူ ပြောရမယ့်စကားကို ပြောပြီးသွားပြီ။
ပြီးတော့ သူသည် လီကျန်းဟုန်ကို လူတိုင်းရှေ့တွင် မျက်နှာပျက်စေခဲ့သည်။
ပိုင်ထျန်းဟမ်သည် စစ်သင်္ဘောနှစ်စင်းကို ပြန်ကြည့်လိုက်၏
"ဒါဆို" သူက တည်ငြိမ်စွာပြောလိုက်သည်၊ "မင်းတို့ ခြိမ်းခြောက်မှုတွေ လုပ်ထားတယ်။ မင်းတို့ရဲ့အလံတွေကို ပြထားတယ်။ အခု ငါရှင်းရှင်းလင်းလင်းပြောမယ်။"
သူ့အသံသည် တည်ငြိမ်ပြီး အေးစက်စွာ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ ပိုင်မျိုးနွယ်စုက တစ်ယောက်ယောက်ကို လိုချင်ရင်... လာပြီး သိမ်းပိုက်ဖို့ ကြိုးစားကြည့်ပါ။"
စကားလုံးများသည် ကောင်းကင်ယံကို ပစ်ပေါက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။
ထိုအချိန်တွင်တိုက်ပွဲမျဉ်းများကို ရေးဆွဲခဲ့ကြသည်။