← Chapters

မကောင်းသတင်း ပေါ်လာသည်

Vol. 12 Ch. 181

မကောင်းသတင်း ပေါ်လာသည်

Vol. 12 Ch. 181

ပိုင်ထျန်းဟမ်၏ ကြေငြာချက်သည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေဆဲသာ

စကားလုံးများသည် စစ်ဗုံသံလို ပြုတ်ကျလာပြီး လူအုပ်ကြား၌ အံ့သြတကြီးနဲ့ တီးတိုးပြောဆိုသံတွေ ထွက်ပေါ်လာချေသည်။

သို့တိုင် အတင်းအကြပ် တုံ့ပြန်မည့်အစား

လီကျန်းဟုန်က ရယ်လိုက်၏

အေးစက်ပြီး စူးရှသော အသံတစ်ခုသာ

ဒေါသမထွက်ပေ

မကြောက်ရွံ့ပေ

ယုံကြည်မှုအပြည့်နဲ့သာ

အန္တရာယ်များသော ယုံကြည်မှုအပြည့်နဲ့သာ

သူသည် လက်တွေကို ကျောဘက်၌ ဆုပ်ကိုင်ပြီး လီမျိုးနွယ်၏ စစ်သင်္ဘော ရှေ့ကို လျှောက်သွားကာ အော်ဟစ်သံမပါဘဲ ပြောလိုက်၏

"ပိုင်ထျန်းဟမ်... အခုထိ ခေါင်းမာနေတုန်းပဲ။ အခုထိ မာနကြီးနေတုန်းပဲ။"

သူသည် ပိုင်မျိုးနွယ်၏ အကြီးအကဲကို မိုက်မဲသော ကလေးတစ်ယောက်အား ကြည့်နေသလို စိုက်ကြည့်နေ၏

ပြီးတော့ သူ့အသံက ပြောင်းလဲသွားချေသည်။ အခု ပိုငြိမ်သက်သွားပေမယ့် ပိုအေးစက်လာ၏

"မင်း ဒါကို လုပ်ချင်တာ သေချာလား။ ငါတို့ကို ငြင်းဆန်ရင် မင်းတို့ ပိုင်မျိုးနွယ်ရဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်လေး ထုတ်ပြောပြတဲ့အထိ စွန့်စားမှာလား။"

လေသည် အေးခဲသွားသလို ခံစားရ၏

ပိုင်ထျန်းဟမ်အကြည့်က ချက်ချင်း စူးရှသွားပေသည်။

သတ်ဖြတ်လိုသော ရည်ရွယ်ချက် အနည်းငယ် လွတ်ထွက်သွားသော်လည်း သူ ထိန်းထားလိုက်သည်။

လီကျန်းဟုန်သည် ပြုံးရွှင်စွာ ဆက်ပြောလေ၏

"မင်းက ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် တခြားဘယ်သူမှ မသိဘူးဆိုတာ သေချာလား။ မင်း ဒီနှစ်တွေတစ်လျှောက်လုံး ဂရုတစိုက် ဖုံးကွယ်ထားတဲ့ အရှုပ်တော်ပုံအကြောင်း အင်ပါယာတစ်ခုလုံး သိသွားရင် ဘာဖြစ်မလဲ။"

ပိုင်ကျီဟန်ကို ကြည့်ပြီး ထျန်းဟမ်အား ပြန်ကြည့်လိုက်တော့ သူ့အပြုံးက ပိုကျယ်လာသည်။

"နောက်ဆုံးအကြိမ် မေးပါရစေ။ မိန်းကလေးကို အပ်လိုက်၊ ငါတို့ကြားမှာ ဘာပြဿနာမှ မရှိဘူး။ ငါ့ပါးစပ်ကို ထာဝရ ပိတ်ထားမယ်လို့တောင် ကတိပေးနိုင်ပါတယ်။ ဒါ့အပြင်..."

သူ့မျက်လုံးတွေ တောက်ပလာသည်။

"သူမ ကြီးထွားလာတာက ငါတို့ထက် မင်းအတွက် ပိုအန္တရာယ်များတယ်မလား။ မင်း လက်ခံတယ် မလား။"

ဘာလဲဆိုတာ ပြောစရာမလိုပေ

သူ သဘောတူစရာမလိုပေ

ဘာလို့လဲဆိုတော့ ထိုစကားတွေ သူ့ပါးစပ်က ထွက်လာကတည်းက ပိုင်ရှင်းယွဲ့နဲ့ ပိုင်ကျီဟန်ကြား ဘာတွေဖြစ်ပျက်သည်ကို လီကျန်းဟုန် သိနေကြောင်း ထျန်းဟမ် နားလည်သွားချေပြီ

တစ်ဖက်တွင်မူ ကြည့်ရှုသူများသည် လီကျန်းဟုန် စကားများကို အလွန်စိတ်လှုပ်ရှားပြီး စပ်စုနေကြသည်။

ယခုအခါ သူတို့၏ သံသယစိတ်၊ စပ်စုချင်စိတ်များသည် မျက်လုံးများတွင် ပြည့်နှက်နေပြီး တီးတိုးပြောရင်း ပိုင်မျိုးနွယ်စုကို စိုက်ကြည့်နေကြသည်။

"ဘာအရှုပ်တော်ပုံလဲ?"

"ဘာလျှို့ဝှက်ချက်လဲ?"

"သူက ပိုင်ကျီဟန်ကို ဘာလို့ဒီလိုကြည့်နေတာလဲ..."

"ပိုင်ရှင်းယွဲ့ရဲ့ နှင်ထုတ်ခံရမှုနဲ့ တစ်ခုခုဆိုင်လို့လား?"

"အဲဒီတုန်းက သူမက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် နှင်ထုတ်ခံရတာလဲ။ ငါတို့ အဖြေမရခဲ့ဘူး”

"အကြီးအကဲလီက ဒီအကြောင်း တစ်ခုခုသိနေတာ ဖြစ်နိုင်တယ်..."

မျိုးစေ့ကို စိုက်ပျိုးပြီးချေပြီ။

ပြီးတော့ တောမီးလို ပျံ့နှံ့နေချေပြီ။

ကျောက်ဝူထျန်းသည် ဘာမှမပြောဘဲ လက်ပိုက်နေ၏ ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ ကျေနပ်မှုအရိပ်အယောင်တွေ ပေါ်နေသည်။

ဒါကလည်း တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းသာ

ဓားနဲ့ မျိုးနွယ်စုတစ်ခုကို ဖျက်ဆီးလိုက်တာ မဟုတ်ပေ

သူတို့ပုံရိပ်ကို အရင်ဖြိုခွဲလိုက်တာပင်။ သူတို့အုတ်မြစ်ကို သံသယနဲ့ ဖျက်ဆီးပြီးတော့အရှက်တရားနဲ့ ဖြိုခွဲလိုက်၏

ပိုင်ထျန်းဟမ် တုန်လှုပ်သွားသည်။

(သူဘယ်လိုသိသွားတာလဲ။)

ဒါက လျှို့ဝှက်ချက်တစ်ခုပင်။ သူ၏ ကြီးမားသောအရင်း အမြစ်တွေကို အသုံးပြုပြီး ယုံကြည်စိတ်ချရသည့် အကြီးအကဲအနည်းငယ်သာ သိအောင် ဖုံးကွယ်ထားခဲ့သည်။

လူအနည်းငယ်သာ သိလိမ့်မည်ဟု ယုံကြည်

ခဲ့၏ ပိုင်ရှင်းယွဲ့ကိုယ်တိုင် ဖြန့်ဝေခဲ့တာမဟုတ်ရင်ပေါ့။

ဒါပေမယ့် ထိုအချိန်မှာ လီမျိုးနွယ်ကရော?

သူ့သားကို ကြည့်လိုက်လေ၏ ။ သူ့သားသည် မကြာသေးခင်ကမှ ဂုဏ်သတင်းတိုးတက်လာချေသည်၊

။

ထိုအရှုပ်တော်ပုံ ပေါ်လာပါက အားလုံးပြိုလဲသွားလိမ့်မည်။ အရင်ကထက် ပိုဆိုးသွားလိမ့်မည်

ဒါ့ထက်ပိုပြီး ကြောက်စရာကောင်းတာက ပိုင်ကျီဟန် အသက် အန္တရာယ်ပင်

တာအိုအရိုးသည် မသေမျိုး ဧကရာဇ်၏ အမွေအနှစ်လောက် ဒဏ္ဍာရီလာမဟုတ်ပေမဲ့ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုသာ။ လူအများက သတ်ပစ်မည့် အရာသာ

ပိုင်ထျန်းဟမ် မေးရိုးက တင်းမာသွား၏

သူဘာမှမပြောပေ

"ဟားဟား..."

ဒါပေမယ့် သူ့ဘေးမှာတော့ ပိုင်ကျီဟန်သည် ရယ်မောနေ၏

အသံကျယ်ကျယ်နဲ့ ဆူညံတာမျိုး မဟုတ်ပေ

နူးညံ့၏

လှောင်ပြောင်နေတာပင်

သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ပြီး စစ်သင်္ဘောကို မော့ကြည့်လိုက်၏ သူ့နှုတ်ခမ်းတွင် ထိုရင်းနှီးသော အပြုံးနဲ့သာ

"ဒါပဲလား။ အဲဒါက ခြိမ်းခြောက်မှုကြီးလား"

သူသည် စိတ်ပျက်လက်ပျက်နဲ့ အသက်ရှူထုတ်လိုက်၏

"အကြီးအကဲလီ၊ ကြီးမားတဲ့ တစ်ခုခုကို ထုတ်ပြမယ်လို့ ထင်ထားတာ၊ လုပ်နိုင်တာက ဒီလိုအရာမျိုးပဲလား"

လီကျန်းဟုန် မျက်နှာအမူအရာသည် မှောင်မိုက်သွား၏

"မင်းပါးစပ်ကို သတိထားစမ်း၊ ကောင်လေး" သူက အေးစက်စက်ပြောလိုက်၏ "ဒါကို ဟာသလို့ မင်းထင်နေတာလား။ ငါ့စကားတွေကို ပေါ့ပေါ့တန်တန် သဘောထားရင် ငါပြောရဲတယ် - မင်းနောင်တရလိမ့်မယ်။"

သို့တိုင် ပိုင်ကျီဟန် အပြုံးက မပျောက်ကွယ်ပေ

သူ ဖြည်းဖြည်းချင်း ရှေ့ကို တိုးလာပြီး လက်တွေကို ကျောနောက်မှာ ထားကာ ကောင်းကင်နှင့် အဝေးတွင် စုဝေးနေသော ကျင့်ကြံသူများအပေါ် အကြည့်လွှဲလိုက်၏

"နောင်တရရမှာလား။ မင်းရဲ့ခြိမ်းခြောက်မှုတွေကို ငါကြောက်တယ်လို့ ထင်နေတာလား"

သူသည် ရပ်လိုက်ပြီး အားလုံးကြားနိုင်အောင် အသံကို မြှင့်လိုက်သည်

"ငါလုပ်ခဲ့တာနဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား..ကောင်းပြီ။ မင်းကို ဒုက္ခမပေးဘဲ ငါကိုယ်တိုင် ပြောပြပါရစေ။"

ပိုင်ထျန်းဟမ်သည် ပြတ်သားစွာ လှည့်ကြည့်လိုက်ပေ၏

"ကျီဟန်အာ”

သူ့သားကို ရပ်တန့်ချင်နေတာ သိသာ၏ —သူ့ဇနီး၏ ဆုံးဖြတ်ချက်ကြောင့် အားလုံးစတင်ခဲ့တာကို ကောင်းကောင်းသိကြသည်။

ဘေးမှာတော့ ပိုင်ရှင်းယွဲ့နဲ့ ပိုင်ရွှယ်ချင်းတို့သည် ဘာတွေဖြစ်လာမည်ကို မသေချာဘဲ တိတ်တိတ်လေး ကြည့်နေကြ၏

(သူတကယ်ပြောပြမှာလား?)

ပိုင်ရှင်းယွဲ့သည် အကျိုးဆက်တွေကို အပြည့်အဝသိရှိပြီး တွေးတောနေမိသည်။

တစ်ချိန်တည်းမှာပဲ ချူကျီယန်သည် စပ်စုချင်

စိတ်နဲ့ စိုးရိမ်ပူပန်စိတ် နှစ်မျိုးလုံးဖြင့် ကြည့်နေမိသည်။

သူ့စေ့စပ်ထားသူက ဖုံးကွယ်ထားနိုင်မည်လား ..လီမျိုးနွယ်စုခေါင်းဆောင်သည် မသေမျိုး ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူဖို့ အခွင့်အာဏာအဖြစ် အသုံးပြုမည်လား။

တခြားပိုင်မျိုးနွယ်စုဝင်တွေတောင် ရှုပ်ထွေးစွာ စိုက်ကြည့်နေကြသည်။ လီကျန်းဟုန် ဘာကိုရည်ညွှန်းနေမှန်း သူတို့လုံးဝမသိပေ

ပြီးတော့—

ပိုင်ကျီဟန်က ပြောလိုက်လေသည်။

သူ့အသံက တည်ငြိမ်ပြီး ရှင်းလင်းနေ၏

"ငါက ငါ့ဝမ်းကွဲ ပိုင်ရှင်းယွဲ့ဆီကနေ တာအိုအရိုးကို ခိုးယူခဲ့တယ်။"

တိတ်ဆိတ်ကုန်၏

လုံးဝတိတ်ဆိတ်သွားချေသည်။

ကောင်းကင်ကို ပြိုကျစေနိုင်တဲ့ အမျိုးအစား။

အပေါ်က မိုးတိမ်တွေတောင် ငြိမ်နေပုံရ၏

မျက်လုံးတွေ ပြူးကျယ်သွားကြသည်။

ပါးစပ်တွေ အဟောင်းသားဖြစ်ကုန်၏

အကြီးအကဲများ ၊ မျိုးနွယ်စုကိုယ်စားလှယ်များနဲ့ လှည့်လည်သွားလာနေသော ကျင့်ကြံသူတိုင်း၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားသည်။

ပထမအချက်ကတော့—ကြီးမားသည့် အရှုပ်တော်ပုံကြီး တစ်ခုသာ၊ ကိုယ့်ဆွေမျိုးများဆီကနေ အရေးကြီးသော အရာတစ်ခုကို ခိုးယူခြင်းပင်

ဒုတိယအချက်ကတော့—တာအိုအရိုး။

၎င်းသည် ကျင့်ကြံမှုလောကတွင် နတ်ဘုရားရတနာတစ်ခု ဖြစ်၏

ပါရမီရှင်များကို ဒဏ္ဍာရီအဆင့်တွေဆီ မြှင့်တင်ပေးမည့် အမျိုးအစား။

ကျင့်ကြံမှုကို ပိုမြန်စေ ၊ ပိုလွယ်ကူစေပြီး အကန့်အသတ်မရှိ ဖြစ်စေသည်။

ပိုင်ကျီဟန် အရည်အချင်းတွေ ရုတ်တရက် မြင့်တက်လာတာ အံ့သြစရာတော့ မဟုတ်ပေ

အခုတော့ အားလုံး အဓိပ္ပာယ်ရှိသွားချေပြီ

။ဒါမှမဟုတ် သူတို့ ထိုသို့ တွေးလိုက်ကြသည်။

ကျောက်ဝူထျန်းတောင်မှ ကောင်လေး၏ ရဲရင့်သော အပြုအမူကြောင့် အံ့သြသွားပြီး မျက်မှောင်ကျုံ့လိုက်၏

လီကျန်းဟုန်သည် မျက်တောင်ခတ်လိုက်ပြီး ပျော်ရွှင်စွာ ရယ်မောလိုက်၏

"မင်း ဝန်ခံတယ်လား" သူက ပြောလေ၏ "ဒီလိုပဲလား။ မင်း ဘာလုပ်လိုက်မိမှန်း မသိဘူးလား"

သို့တိုင် ပိုင်ကျီဟန်က တွန့်ဆုတ်မနေပေ။

"ဘာလုပ်ခဲ့လဲဆိုတာ အတိအကျသိတယ်။"

သူသည် ကျင့်ကြံသူများစွာဆီကို လှည့်လိုက်၏ - တရားစီရင်သူအားလုံး မျက်လုံးတွေဆီ။

"ဒါပေမယ့် ခင်ဗျားနဲ့မတူတာက ကျွန်တော်က ဝန်ခံဖို့ မကြောက်ဘူး။ ဒီလျှို့ဝှက်ချက်ကို ကျွန်တော်က ပြောတာ .."

သူက သူ့မေးစေ့ကို မြှင့်လိုက်၏

"ငါ့ကို လုံးဝနားမလည်ပါဘူး။"

လူအုပ်ကြီး ပေါက်ကွဲသွား၏

တီးတိုးသံများမှ အော်ဟစ်သံတွေအဖြစ် ပြောင်းလဲသွားချေသည်။

စွပ်စွဲချက်များက မြားတွေလို ပျံသန်းသွားပေ၏

"သူဝန်ခံတယ်..."

"ဒါကြောင့် ပိုင်ရှင်းယွဲ့ ပျောက်ကွယ်သွားတာ”

"ထွီ ပိုင်မျိုးနွယ်စုက သူတို့လူဆီက တကယ် ပြန်ခိုးခဲ့တာ”

"ပြီးတော့ ပိုင်ကျီဟန်က ပြောင်းလဲသွားတယ်လို့ ငါထင်တာ။ ဒါပေမယ့် ကျားသစ်တစ်ကောင်က သူ့ရဲ့အစက်အပြောက်တွေကို မပြောင်းလဲနိုင်ဘူးပေါ့၊ ဟမ်”

"သူ့ကို မကောင်းဆိုးဝါးကျင့်ကြံသူလို့ တံဆိပ်ကပ်သင့်တာမဟုတ်ဘူးလား။ သူနဲ့ မကောင်းဆိုးဝါးကြားက ကွာခြားချက်က ဘာလဲ?"

ဒါတွေအားလုံးကို ကျော်ဖြတ်ပြီး

ပိုင်ကျီဟန်က မတ်တပ်ရပ်နေ၏။

မုန်တိုင်းအလယ်ဗဟိုမှာတော့

မလှုပ်မယှက်နဲ့

ရှက်ရွံ့မှုကင်းစွာ ရှိနေ၏

All Chapters