← Chapters

ငါ့ကို ဘယ်သူက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာလဲ

Vol. 12 Ch. 168

ငါ့ကို ဘယ်သူက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာလဲ

Vol. 12 Ch. 168

“ ပိုင်ကျီဟန် အသက်ရှင်သေးတာလား”

“ဘာလဲ— ဘယ်လိုဖြစ်တာလဲ။ သူဘယ်လို အသက်ရှင်နေတာလဲ”

“ကုံးယောင်ရဲ့ ထိုးချက် တစ်ချက်နဲ့ သူ့ခန္ဓာတောင် အမှုန်အမွှားအဖြစ် ပျက်သွားသင့်တာ ဒါပေမဲ့ ပိုင်ကျီဟန်က တော့ အနည်းငယ်ပဲ ဒဏ်ရာရထားသလိုပဲ။”

ကုံးယောင် တိုက်ခိုက်ပြီးနောက် သေသွားပြီဟု ထင်နေကြသော ပိုင်ကျီဟန် အသက်ရှင်နေကြောင်း မကြာခင်ပင် လူတိုင်းသိသွားကြသည်။

ပိုင်ကျီဟန်ကတော့ သူ့အဖြစ်အပျက်ကိုတောင် စိတ်ညစ်စရာကြီးဖြစ်နေ၏

သူ့စွမ်းအင် မည်မျှ ကြီးမားပါစေ၊ ကုံးယောင်၏ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ နှေးနေသေး၏

ကောင်းတာကတော့ ကုံးယောင်သည် သူ့ကို လျော့တွက်ပြီး ချီကိုမသုံးတာကြောင့် ပိုင်ကျီဟန် အသက်ရှင်နိုင်ခဲ့တာပင်

တကယ်တော့ အသက်ရှင်တာထက် ကျန်းမာစွာ ပြန်ရပ်တည်နိုင်ကာ ပြဿနာထူးထူးခြားခြားမရှိပေ။

ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းကို သုးကြိမ်တိုင်တိုင် သန့်စင်ထားမိသည့် သူ့ခန္ဓာကိုယ်ကို ကျေးဇူးတင်မိ၏

မရွေ့နိုင်တောင် ကုံးယောင်တိုက်ခိုက်မှုကို ခံပြီး အသက်ရှင်နေသည်ကကို ပြိုင်ဘက်ကင်းဖြစ်နေချေပြီ

“သခင်လေး”

ပိုင်မျိုးနွယ်အကြီးအကဲများသည် ပိုင်ကျီဟန်ဘက် လှည့်နေ၏

တချို့က သူ့ကို ဒဏ်ရာရှိမရှိ စစ်ကြည့်နေကြပြီး တချို့ကတော့ နတ်ဆိုးကျင့်ကြံသူအုပ်စု ထပ်တိုက်လာမည်လားဟု

ကြောက်နေကြသည်။

ထိုအချိန်တွင် ပိုင်ကျီဟန် အဆင်ပြေနေတာမြင်တော့ ပိုင်ရွယ်ချင်းနဲ့ ချူကျီယန်တို့သည် သက်သာရာ ရသွားကြပြီး သူ သေဖို့ မလွယ်တာ သိကြသည့်တိုင် တကယ်သေပြီဟု ထင်ခဲ့ကြသည်။

မျှော်ထားသလိုပဲ ပိုင်ကျီဟန်ကို နတ်ဆိုးပင် ဆွဲမချနိုင်ပေ

“ငါ အဆင်ပြေတယ်”

သူ့ခန္ဓာကိုယ်ကို စစ်ဆေးနေပြီး

သူ့ကိုကြည့်ရှုနေသည့် အကြီးအကဲများကို

စိတ်ရှုပ်တာကြောင့် ပိုင်ကျီဟန်က ပြောလိုက်ချေသည်။

“ဘယ်လိုကောင်က ငါ့ကို ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ရဲတာလဲ”

ပိုင်ကျီဟန်က ပြောလေ၏

ပိုင်ကျီဟန်အဖို့ ကုံးယောင်ကိုမြင်ဖို့ရာ မြန်ဆန်လွန်း၏

သူ့ကို တိုက်ခိုက်ခဲ့သူသည် စွမ်းအင်ကြီးသောသူဖြစ်ပြီး လက်တုံ့ပြန်ဖို့အတွက် သူသိနေရမည်။

လူကြီးလူကောင်းတစ်ယောက်၏ လက်စားချေမှုဟာ ဘယ်တော့မှ နောက်မကျပေ

ပိုင်ကျီဟန်လို လူတစ်ယောက်အတွက် တစ်ယောက်ယောက်၏ ပါးရိုက်ခံရခြင်းကဲ့သို့ ဆိုးဝါးသော အရာကို ခွင့်လွှတ်နိုင်မည် မဟုတ်ပေ

အကြီးအကဲများသည် သူ လက်စားချေဖို့ ထွက်သွားလိမ့်မည် ထင်ကာ ပြောပြဖို့ ဆန္ဒမရှိကြပေ

ပိုင်ကျီဟန် မည်မျှအရူးထသည်ကို လူတိုင်းသိကြသည်။

သို့တိုင် သူတို့ ဖြေဖို့ မလိုအပ်ပေ

"ဝူး”

ကုံးယောင်သည် အံ့အားသင့်စွာ အော်လိုက်

၏။

သူ့အတွက် ပိုင်ကျီဟန် သေသွားပြီဆိုတာ သံသယဖြစ်စရာ မရှိပေ။ သူ့အနေနဲ့ ချီ ဒါမှမဟုတ် နည်းစနစ်တစ်ခုခုကို မသုံးခဲ့တောင် အလွန်အကျွံ သတ်ဖြတ်ခဲ့၏ ပိုင်ရမ်ကြောင့်

လည်း ထိုသို့လုပ်ဖို့ အချိန်မရှိခဲ့တာပင်

သို့တိုင် ငယ်ရွယ်သော မျိုးဆက်ထဲတွင် မည်မျှ အရည်အချင်းရှိပါစေ အသက်ရှင်နိုင်သည့် တိုက်ခိုက်မှုမျိုး မဟုတ်ပေ။

တစ်ဖက်မှာတော့ ပိုင်ရမ်က ရယ်နေ၏

"ဟားဟား... ငါတို့ရဲ့ အမွေဆက်ခံသူ မျှော်လင့်ထားတဲ့အတိုင်း။ကုံးယောင် မင်းရဲ့ တိုက်ခိုက်မှုက ငါတို့ရဲ့ အမွေဆက်ခံသူကို သတ်ဖို့ အားနည်းလွန်းနေတယ်”

သေပြီဟု ထင်ရသော ပိုင်ကျီဟန် အသက်ရှင်နေသေးသည်သာမက ကုံးယောင်၏ တိုက်ခိုက်မှုကိုပါ ကျော်လွှားနိုင်ခဲ့သည်။ သူ့လူတစ်ယောက်အနေနဲ့ ထိုတိုက်ခိုက်မှုကို ကျော်လွှားနိုင်ခဲ့ပေ၏

ပိုင်ကျီဟန် မည်မျှအစွမ်းထက်သည်ကို မည်သူမျှ တွေးကြည့်လို့တောင် မရပေ

ကုံးယောင်ကို လှောင်ပြောင်ဖို့ အခွင့်အရေးကိုလည်း သူလက်လွတ်မခံခဲ့ပေ

"မင်း”

ကုံးယောင်သည် ပိုင်ကျီဟန်ကို စိုက်ကြည့်နေ၏

"အဘိုးကြီး၊ ဒါဆို မင်းက ငါ့ကို ခိုးကြောင် ခိုးဝှက်တိုက်ခိုက်တာလား။ ကြောက်တတ်တဲ့သူဆိုတဲ့ အတိုင်းပဲ ငါ့ကို တည့်တည့်မရင်ဆိုင်ရဲဘူးလား။"

မေးခွန်းမေးသည့်အခါ လူတိုင်းဦးတည်ရာကို ကြည့်ရင်း အဖြေက သူ့ဆီရောက်လာချေ၏

ပြီးတော့ သူ့ကို ရိုက်ခဲ့သူ၏ မျက်နှာကို မမြင်

နိုင်တာကြောင့် ပိုင်ကျီဟန်အနေနဲ့ မြန်

မြန်ဆန်ဆန် ကောက်ချက်ချလိုက်ပေ၏

ကုံးယောင်သည် ဒေါသတကြီးနဲ့ သွားတွေကို ကြိတ်လိုက်၏

နတ်ဆိုးဂိုဏ်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ယူဆရသူတစ်ဦးကို ဖယ်ရှားရန်အတွက် သူ၏ဂုဏ်သတင်းကို စွန့်စားခဲ့ရုံသာမက သူသတ်ရန် ရည်ရွယ်ထားသူသည် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ယခုအခါ အင်အားကြီးသူတိုင်းရှေ့တွင် စော်ကားနေချေသည်။

ကုံးယောင်သည် ငယ်ရွယ်သောမျိုးဆက်တစ်ခုပင် ဤကဲ့သို့ အရှက်ခွဲနိုင်သည့အဆင့်သို့ ရောက်နေရချေပြီလော

ကုံးယောင်၏မျက်နှာသည် ဒေါသတကြီးဖြင့် ကွေးညွတ်နေပြီး သူ၏နတ်ဆိုးချီသည် ပေါက်ကွဲရန်အသင့်ဖြစ်နေသော ချော်ရည်ကဲ့သို့ မျက်နှာပြင်အောက်တွင် ပွက်ပွက်ဆူနေသည်။

"မင်း ဘယ်လိုတောင် သတ္တိရှိနေတာလဲ ကောင်ကလေး”

သူ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သတ်ဖြတ်လိုသောဆန္ဒသည် ဒီရေကဲ့သို့ မြင့်တက်လာသည်။

သူ့ဒေါသကြောင့် ကောင်းကင်သည် မှိန်ဖျော့သွားပြီး လေထုသည်လည်း ဖိအားတွေနဲ့ ထူထပ်နေချေ၏

သို့တိုင် သူတိုက်ခိုက်တော့မည့်အချိန်မှာပဲ—

ဒုန်း

ကြက်သွေးရောင်အလင်းတန်းတစ်ခု လင်းလက်သွားချေ၏

ပိုင်ရမ်သည် ပိုင်ကျီဟန်ရှေ့တွင် တစ္ဆေတစ်ကောင်လို ပြန်ပေါ်လာပြီး သူ့၏ကြက်သွေးရောင်ဓားကို ဆွဲထုတ်ကာ ကုံးယောင်ရင်ဘတ်ကို တည့်တည့်ချိန်လိုက်ချေသည်။

"ဒီတစ်ခါတော့ မရဘူး”

ပိုင်ရမ်သည် အေးစက်စက်ပြောလိုက်ချေသည်

သူ့အနေနဲ့ ယခင်က အမှားတစ်ခုလုပ်မိပြီး ဒီတစ်ခါတော့ ထပ်မလုပ်တော့ပေ

ပိုင်ရမ် သူ့ရှေ့တွင် ရပ်နေသရွေ့ ကုံးယောင်သည် ပိုင်ကျီဟန်ကို ထပ်မံတိုက်ခိုက်ဖို့ အခွင့်အရေးမရှိပေ။

မြေပြင်ပေါ်တွင် ပိုင်ကျီဟန်သည် ဒေါသထွက်ပြီး ကုံးယောင်ကို စော်ကားကာ လှောင်ပြောင်နေချေ၏

"အဘိုးကြီး၊ မင်းက ငါ့ကို ခိုးကြောင် ခိုးဝှက်တိုက်ခိုက်ပြီး ဒဏ်ရာရအောင်လုပ်နိုင်တယ်။ ငါ မင်းကို ဖျက်ဆီးပစ်ဖို့ ဒီကိုလာတာ”

တစ်ဖက်က ဘာမျှ မလုပ်နိုင်ပေ။ သူ့ဒေါသကို ထုတ်ဖော်ဖို့ လိုအပ်ပြီး ပိုင်ရမ်အနေနဲ့ သူ့ကို ရပ်တန့်မည်ကို သိတာကြောင့် ကုံးယောင်ကို အကြိမ်ကြိမ် ကျိန်ဆဲနေ၏

"မင်းက ငါတို့ရဲ့ တတိယမြောက် နတ်ဆိုးဗိုလ်ချုပ်ကြီးကို စော်ကားနိုင်မယ်လို့ ထင်နေတာလား။ ပိုင်ကျီဟန်၊ မင်းနေရာကို မင်းသိလား။"

မိုထျန်းကျီက ဝင်ဖြတ်ပြောလိုက်ပေသည်။

သူ့ ဂုဏ်သတင်းကို ပြန်ဆယ်ဖို့ ကြိုးစားနေတာပင်။ အကြီးအကဲများလည်း ရှိနေတာကြောင့် ပိုင်ကျီဟန် တိုက်ခိုက်နိုင်မည်ဟု သူ မထင်ခဲ့ပေ

စကားလုံးများသည် သူ့ပါးစပ်ကနေ ခဏလေးအတွင်း ထွက်လာချေ၏

"ငါ လိမ်နေလို့လား။"

ပိုင်ကျီဟန်သည် လှောင်ပြောင်သော လေသံနဲ့ ဝင်ဖြတ်ပြောလိုက်ချေ၏

"ငါ အမှန်အတိုင်း ပြောလိုက်တာပဲလေ။ ခွေးအိုကြီးက ငါ့ကို ခိုးပြီး တိုက်ခိုက်တာ။ ဘယ်လို ကျွမ်းကျင်သူမျိုးက ငယ်ရွယ်တဲ့ မျိုးဆက်ကို ဒီလို လုပ်မလဲ”

သူက လက်နှစ်ဖက်ကို ဖြန့်လိုက်ပေသည်။

"ပြီးတော့ သူ လုပ်ခဲ့တာတောင် ဘာဖြစ်သွားလဲ။ ငါ အသက်ရှင်နေသေးတယ်လေ။ အဲဒီ ကြောက်တတ်တဲ့သူ ဘယ်လောက် အားနည်းလဲဆိုတာ ပြတာပဲ။"

"ဗိုလ်ချုပ်ကြီးကုံးက မင်း လှောင်ပြောင် နိုင်တဲ့သူ မဟုတ်ဘူး။"

မိုထျန်းကျီသည် ဟိန်းဟောက်လိုက်ချေ၏

ပိုင်ကျီဟန်က စကားစဖြတ်လိုက်သည်။

“ဒါက အမှန်တရားဆိုလည်း ဒါက မင်းပြဿနာပါပဲ။”

ပိုင်ကျီဟန်သည် မိုထျန်းကျီကို သတ်ဖြတ်ချင်စိတ်နဲ့ ကြည့်နေ၏

“ငါ့ကို ပါးစပ်ပိတ်စေချင်လား? မင်းလိုဆယ်ကောင်တောင် ငါ့ရဲ့ဆံပင်တစ်ချောင်းကို မထိနိုင်ဘူး။ ဟဟဟ…”

ပိုင်ကျီဟန်သည် မိုထျန်းကျီကို သရော်ပြနေ၏

မိုထျန်းကျီသည် ပိုင်ကျီဟန်၏သတ်ဖြတ်ချင်စိတ်ကို ခံစားမိသောကြောင့် တင်းကျပ်နေခဲ့သည်။

တီးတိုးအသံများသည် တိုက်ပွဲအတွင်း ထွက်နေခဲ့သည်။

ပိုင်ကျီဟန်သည် မိုထျန်းကျီ၏ မျက်နှာကို ခြေထောက်နဲ့ နင်းပြီး အရှက်ခွဲသည်ကို လူတိုင်းမြင်သည့်တိုင် ပိုင်ကျီဟန်အနေနဲ့ ထိုသို့ မာနထောင်လွှားသော စကားတွေပြောမည်ဟု မမျှော်လင့်ထားခဲ့ကြပေ - လုံးဝ မမျှော်လင့်ထားသည့်တိုင် ထိုလောက် ရဲရင့်လိမ့်မည်ဟု မထင်ထားပေ။

သူ၏ ယခင် စွမ်းအားပြသခဲ့သည်ကို မမြင်ပါက သူ့ကို ကြွားနေသည်ဟု ထင်ကောင်းထင်နိုင်သည်။

ပိုင်မျိုးနွယ်စု၏ အကြီးအကဲများတောင် နှုတ်ခမ်းများ တွန့်လိမ်ပြီး လှည့်ကြည့်လိုက်သည်။

အခြေအနေမည်သို့ဖြစ်ပါစေ၊ ပိုင်ကျီဟန်သည် တစ်ယောက်ယောက်ကို လှောင်ပြောင်ပြီး သူ့ကိုယ်သူ လွှမ်းမိုးနိုင်သူဟု ထင်ရအောင် လုပ်ခဲ့သည်။

ပိုင်ရွှယ်ချင်းသည် သူမ နဖူးပေါ် လက်တင်လိုက်ချေသည်။

ချူကျီယန်သည် သက်ပြင်းချလိုက်ချေ၏

ပိုင်ရှင်းယွဲ့လား။

သူမသည် တိတ်ဆိတ်စွာ ကြည့်နေဆဲပင်၊ သို့ပေမဲ့ သူမမျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေချေသည်။

မိုထျန်းကျီနောက်မှ နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများသည် ဒေါသတကြီးနဲ့ သွားတွေကို ကြိတ်ထားကြ၏။

"မာနကြီးတဲ့ကောင်”

"သူ သေချင်နေတာလား!?"

"ဟွန်း…ငါတို့ရဲ့ သူတော်စင်ကို လျှော့မတွက်

နဲ့….မင်းရဲ့ လှည့်ကွက်တွေကြောင့် မဟုတ်ရင် မင်းက သူ့ရှေ့မှာ ဘာမှ မဟုတ်တော့ပါဘူး။"

နီညိုရောင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများအဖို့ အစောပိုင်းမှ မြင်တွေ့ခဲ့ရသမျှသည် ပိုင်ကျီဟန် လှည့်ကွက်တစ်ခုခုသုံးခဲ့လို့ ဒါမှမဟုတ် တခြားသူတွေက သူ့ကိုကူညီပေးခဲ့လို့ ဟု ထင်ခဲ့ကြသည်။

ဂုဏ်သတင်းအရ အပျက်အစီးကောင် ပိုင်ကျီဟန်ထက် သူတို့သူတော်စင်က ပိုအားကောင်းသည်ကို ယုံကြည်နေကြဆဲသာ

တခြားသူတွေ မည်သို့ယုံကြည်ပါစေ၊ မိုထျန်းကျီသည် ပိုင်ကျီဟန်ကို ဆန့်ကျင်ဖို့ ဆန္ဒမရှိတာ သေချာပေသည်။

ကုံးယောင်၏ တိုက်ခိုက်မှုကို ရှင်သန်နိုင်ခဲ့တာကပင် ငယ်ရွယ်သော မျိုးဆက်များထဲတွင် မည်သူထက်မဆို ပိုကောင်းခဲ့ပြီး သူ့အနေနဲ့ မြေမှုန့်စားတာနဲ့တင် လုံလောက်ပြီဟု ထင်ခဲ့သည်။

အကြီးအကဲများ၏ အားပေးမှုတွေရှိနေသည့်တိုင် မိုထျန်းကျီ၏ မြေမှုန့်စားနေသော အစောပိုင်းပုံရိပ်သည် ပိုင်ကျီဟန်ကြောင့် ဖြစ်ပေါ်လာတာ သေချာ၏ လှည့်ကွက် ဒါမှမဟုတ် အကူအညီမပါဘဲနဲ့ပင်

" ချီးပဲ ကြောက်တတ်တဲ့ကောင်! ငါ့ရှေ့မှာ မာနကြီးမနေနဲ့။"

အကြီးအကဲများသည် မိုထျန်းကျီကို ရှက်ရွံ့စွာကြည့်ကာ အချို့က အံ့အားသင့်သွားကြသည်။ အချို့ကမူ သူတို့၏ ရက်စက်

ကြမ်းကြုတ်သော ပါရမီရှင်သည် ပိုင်ကျီဟန်၏ ခြိမ်းခြောက်မှုနှင့် စော်ကားမှုကို ခံရပြီး တိတ်ဆိတ်နေပုံကို အံ့အားသင့်နေကြသည်။

၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော သူတော်စင်သည် မည်သည့်အချိန်တွင် ကြောက်တတ်သူအဖြစ်သို့ ပြောင်းလဲသွားသနည်း။

All Chapters