လူတိုင်းကို ခြိမ်းခြောက်ခြင်း
Vol. 12 Ch. 169
“ အသုံးမကျတဲ့၊ ကြောက်တတ်တဲ့ အဘိုးကြီး! တတိယ နတ်ဆိုးဗိုလ်ချုပ်ကြီးဆိုတာ ဒါလား။ ကြွက်တစ်ကောင်လို ဂျူနီယာတစ်ယောက်ကို ခိုးကြောင်ခိုးဝှက် တိုက်ရဲတာလား။"
သူသည် လူတိုင်းကြားနိုင်လောက်အောင် ကျယ်လောင်စွာ လှောင်ပြောင်လိုက်ချေသည်။
"နောက်တစ်ခါ နတ်ဆိုးဂိုဏ်းရဲ့ ခွေးလှောင်အိမ်ထဲမှာ ဖိနပ်တွေကို လျက်တာလေး ပြန်လုပ်ကြည့်ပါလား။ အနည်းဆုံးတော့ အဲဒီမှာ ဘယ်သူမှ မင်းကို ယောက်ျားတစ်ယောက်လို ထင်မှာ မဟုတ်ဘူး”
ကုံးယောင် မျက်နှာအမူအရာက ကြောက်စရာကောင်းသော အမူအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့တိုင် ပိုင်ကျီဟန်ကတော့ မပြီးဆုံးသေးပေ။
"ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်ကို မသတ်နိုင်ပြီးတဲ့နောက် စကားလုံးတွေကို မကိုင်တွယ်နိုင်တော့ဘူးလား ။ မင်းရဲ့ လက်သီး - အဲဒါ ဘာလဲ။ ညင်သာစွာ နှိပ်နယ်ပေးမှုလား။ ငါ့ရဲ့ အဘွားတောင် ဒီထက် ပိုပြင်းပြင်း ထိုးနိုင်တယ်၊ ဒါပေမဲ့ သူ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားပြီ”
လူအုပ်ကြီးတောင် ၎င်းကို ကြည့်ပြီး တုန်လှုပ်သွားချေသည်။
"ပြီးတော့ ငါ့ကို အဲဒီလို မကြည့်ပြနဲ့..အရိုးစုကြီး။ မင်းက ကံကောင်းတာ..အကြီးအကဲ ပိုင်ရမ် ရောက်လာလို့။ သူ့ကြောင့်မဟုတ်ရင် မင်းက အခုချက်ချင်း ရှက်စရာကောင်းလောက်အောင် မြေပြင်ကို အလှဆင်နေရမှာပဲ”
ထိုအချိန်တွင် အကြီးအကဲများသည် နောက်ဆုံးတော့ လှုပ်ရှားလိုက်ကြသည်။
"ဘိုးဘေးလေး၊ ကျေးဇူးပြုပြီး ရပ်လိုက်ကြရအောင်”
သူတို့တွင် ရွေးချယ်စရာမရှိပေ။
သူ့ဒေါသကို စာနာနိုင်သည့်တိုင် ပိုင်ကျီဟန်အနေနဲ့ လူသိရှင်ကြား စစ်ကြေငြာဖို့ စော်ကားနေသလိုသာ
ပိုအရေးကြီးတာက သူ့တွင် ကျိန်စာစကားတွေ ကုန်တော့မည်။
" ထွီ ..အကြီးအကဲ ပိုင်ရမ်က သူသေမှာကို တားဆီးပေးလို့ ခွေးအိုကြီးက ကံကောင်းတာပဲ”
အကြီးအကဲများသည် မျက်လုံးလှန်လိုက်ကြသည်။
(ခဏလောက် ကြွားဝါတာ ရပ်ပေးပါလား။)
သူသည် အလကားလူမဟုတ်ဘဲ မျိုးဆက်သစ်တွေထဲ၌ အင်အားအကြီးဆုံးသူတစ်ယောက်ဖြစ်နေသည်ကို သူတို့ သဘောတူကြသည့်တိုင် ကုံးယောင်ကို သတ်ဖို့ကတော့ အဝေးကြီးလိုသေးသည်။
သို့တိုင် တခြားသူကို ကြွားဝါနေသည့် သူတို့၏အမွေဆက်ခံသူကို ဆုံးမဖို့ မလိုအပ်ပေ
ကြက်သွေးရောင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲအားလုံးသည် မိုထျန်းကျီကြောင့် ရှက်ရွံ့နေကြပြီး သူတို့အာရုံကို ပြောင်းလဲဖို့ လိုအပ်လာလျေသည်
ထို့ကြောင့် မူလရည်မှန်းချက်ကို လူတိုင်းအား သတိပေးတာထက် ပိုကောင်းသည့် နည်းလမ်း ရှိမည်လော
"လူတိုင်း၊ အမွေဆက်ခံသူကို ဂရုစိုက်ရမယ် ။တခြားသူတွေရဲ့ပြဿနာတွေထဲမှာ မနစ်မြုပ်ပါနဲ့။"
ထိုစကားတွေနဲ့အတူ အာရုံစိုက်မှုသည် ပိုင်ရှင်းယွဲ့ဆီ ပြန်ရောက်လာချေပြီ။
"သခင်လေး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ။"
ပိုင်မျိုးနွယ်စု၏ အကြီးအကဲများက စိုးရိမ်တကြီး မေးကြသည်။
ပိုင်ကျီဟန်၏ အစွမ်းသတ္တိကို ပြသမှုကြောင့် နောက်ထပ်ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်သည်မှာ ၁၀၀% သေချာသွားချေပြီ။
ပိုင်ရှင်းယွဲ့အား သေစေချင်ရင် သေအောင်လုပ်မည်သာ
သူမသေဆုံးပြီးနောက် အမွေအနှစ်ကိုပင် ရရှိနိုင်ပြီး သူ့ကို ယခင်ကထက် များစွာပိုမိုအားကောင်းစေနိုင်သည်။
သို့သော် ပိုင်ရှင်းယွဲ့သည် သူတို့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်နှင်ဒဏ်ခံရသည့်တိုင် ပိုင်မျိုးနွယ်၏သွေးကို သူမသွေးကြောထဲတွင် ထိန်းသိမ်းထားဆဲဖြစ်သောကြောင့် ၎င်းတို့သည် ဆန့်ကျင်ဘက်ဖြစ်လာဖို့မျှော်လင့်ခဲ့ကြသည်။
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ချင်းလန်နှင့် ကောင်းကင်ဓားဂိုဏ်းမှ အကြီးအကဲအနည်းငယ်သာ ရှိ၏
သူမသည် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝမရှိဟု ထင်ရသော်လည်း ကြယ်ငါးပွင့်အဆင့် ကောင်းကင်ရွေးချယ်ခံရသူဖြစ်သောကြောင့် သူမလွတ်မြောက်နိုင်မည်ဟု ပိုင်ကျီဟန်ထင်မိသည်။
"ထွက်သွားမယ်”
(သူမကို ကယ်တင်ပါ)
သူအနေနဲ့ သူမကို ထားခဲ့ချင်သော်လည်း အကြွင်းအကျန်ဝိညာဉ်က သူမကို ကယ်တင်စေလိုပုံရသည်။
ပိုင်ရှင်းယွဲ့ကို လျစ်လျူရှုပြီး သူမဘာသာ ရပ်တည်ဖို့ ထားခဲ့နိုင်သည်—သို့သော် သူထင်သည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
တစ်ခုအနေဖြင့် သူ၏အကူအညီမပါသည့်တိုင် သူမ မသေနိုင်မှန်း သူသိ၏
ထို့ကြောင့် သူမကိုကူညီခြင်းဖြင့် သူမ၏ ကျေးဇူးတင်ခြင်းကို ခံရမည်ဖြစ်သည်။ ထို့အပြင် သူသည် မသေမျိုး ဧကရာဇ် ဖေးလိန်ဆီမှလည်း မျက်နှာသာပေးခြင်း ခံရမည် ဖြစ်သည်။
အရေးကြီးဆုံးကတော့... သူ့ကိုကယ်တင်ဖို့က သူ့အတွက် လွယ်ပေ၏
"အားလုံး ဘာလုပ်နေကြတာလဲ။ ပိုင်ရှင်းယွဲ့ကို ခေါ်လာပြီး ငါတို့နဲ့ ခေါ်သွားရမယ်”
ပိုင်ကျီဟန်သည် သူ့စကားများကို မြန်မြန် ပြောင်းလိုက်ပေ၏
ပိုင်မျိုးနွယ်စု အကြီးအကဲများ၏ မျက်နှာအမူအရာများ ချက်ချင်းတောက်ပလာပြီး သဘောတူသည့်အနေနဲ့ ခေါင်းညိတ်လိုက်ကြသည်။
ပိုင်ကျီဟန် စကားတွေကို တခြားသူတွေပါ ကြားလိုက်ရသည်။
"မင်းက အရမ်း မာနကြီးတာပဲ”
"သူက မိုထျန်းကျီထက် ပိုအားကောင်းတယ်ဆိုတာ ကျွန်တော် သဘောတူပါတယ်၊ ဒါပေမယ့် အမွေအနှစ်ကို ဒီလောက်လွယ်လွယ်နဲ့ မယူသွားနိုင်တယ်လို့တော့ မထင်နဲ့”
"ပိုင်မျိုးနွယ်စု ပါဝင်ပတ်သက်နေရင်တောင် ကျွန်တော်တို့ထဲက အများကြီးကို သူတို့ တကယ် ဘာလုပ်နိုင်မှာလဲ။"
သူတို့သည် ထိုမာနကြီးသော စကားတွေကို ရယ်ရုံပဲ တတ်နိုင်ကြ၏
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ကို တိုက်ခိုက်တော့မည့် သူတွေကိုတောင် မမြင်သလို ပြောလိုက်၏။
(သူ ဘာတွေးနေတာလဲ?)
ပိုင်ကျီဟန် စီစဉ်နေပုံသည် ပိုင်ရှင်းယွဲ့ကိုအံ့အားသင့်ပြီး စိတ်ရှုပ်ထွေးစေ၏
သူမ သိတာက ထိုသိုလုပ်ခြင်းသည် ကြင်နာမှုကြောင့်မဟုတ်ဘူးဆိုတာပင်။သူ့စကားတွေသည် သူမကိုကူညီမည်ဟု ထင်ရသည့်တိုင် သူ ကို မယုံကြည်ခဲ့ပေ။
တစ်ဖက်မှာတော့ ချင်းလန်သည် ပိုင်ရှင်းယွဲ့အား ပိုင်မျိုးနွယ်မှ ကာကွယ်ပေးမည်ဆိုတာကြောင့် စိတ်သက်သာရာရသွားခဲ့သည်။
ပိုင်မျိုးနွယ် အဖွဲ့ဝင်တွေပါဝင်ပတ်သက်လာသည်နဲ့အမျှ ပိုင်ရှင်းယွဲ့ကိုကာကွယ်ဖို့အခွင့်အလမ်းတွေပိုများလာသည်။
မည်သို့ပင်ဖြစ်စေ ပိုင်မျိုးနွယ်သာ ပိုင်ရှင်းယွဲ့ကိုကာကွယ်ဖို့ဆုံးဖြတ်ပါက သူတို့၏မဟာမိတ်တွေ လိုက်လာနိုင်၏
သို့တိုင် တချို့ကတော့ မသေမျိုးဧက္ကရာဇ်အမွေအနှစ်ကိုရယူဖို့ ရန်သူဘက်ကနေရပ်တည်နေနိုင်သည်။
ပိုင်ကျီဟန်သည် လူတိုင်းဆီကိုမျက်နှာချင်းဆိုင်လှည့်လိုက်၏
သူသည် ကျေနပ်အားရစွာပြုံးပြီး ရပ်နေတာပင်
"မင်းတို့အားလုံးက ငါ့ခလုတ်တွေကိုတကယ်နှိပ်နေကြတာပဲ" ပိုင်ကျီဟန်က ပြောလေ၏။
ဘုရင်တစ်ပါးက သူ့လက်အောက်ခံတွေကိုပြောနေသလို ပေါ့ပေါ့ပါးပါးလက်မြှောက်လိုက်၏
"တစ်ခါတည်းရှင်းရှင်းလင်းလင်းပြောမယ် - ပိုင်ရှင်းယွဲ့က ပိုင်မျိုးနွယ်ကိုပြန်လာလိမ့်မယ်။"
လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် ဓားတစ်ချောင်းလိုစုဝေးနေသော လူအုပ်ကို စိုက်ကြည့်နေ၏
"ဘယ်သူက အဲဒါကို ရပ်တန့်ဖို့ ကြိုးစားနေပါစေ..."
သူ ပြုံးလိုက်သည်။
"...အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်”
လေထုက အနည်းငယ် တုန်ခါနေသည် - ချီကြောင့် မဟုတ်ဘဲ သူ့၏မာနထောင်လွှားမှုကြောင့် ဖြစ်သည်။
"ဟား”
နတ်ဆိုးဂိုဏ်းမှ တစ်ယောက်ယောက်သည် သူ့ဗိုက်ကို ဖိထားရင်း ရယ်လိုက်သည်။
"သူက သူ့ကိုယ်သူ နတ်ဘုရားလို့ ထင်နေတာလား?"
"ဟာသပဲ”
“ ဒါက ပိုင်မျိုးနွယ်စုရဲ့နယ်မြေမဟုတ်ဘူး၊ ကောင်ကလေး! မင်းဘယ်သူ့ကိုပြောနေတယ်လို့ထင်နေတာလဲ”
တခြားလူတွေသည်လည်း ရာစုနှစ်၏ အကောင်းဆုံးဟာသကို ကြားလိုက်ရသလို ရယ်မောလိုက်ကြသည်။
ဒါပေမယ့် ပိုင်ကျီဟန်က မျက်တောင်တောင်မခတ်ပေ
သူ့နောက်ကနေ လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး ပျင်းရိစွာပြောလိုက်၏ "အကြီးအကဲတို့၊ သွားပါ ပိုင်ရှင်းယွဲ့ကို ခေါ်လာခဲ့။ ဒီမှာ အချိန်ဖြုန်းဖို့ အချိန်မရှိဘူး။"
ပိုင်မျိုးနွယ်စု အကြီးအကဲများသည် ခဏရပ်လိုက်ပေမဲ့ အမိန့်ကို လိုက်နာဖို့ ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ပင် ဆိုစေကာမူ ပိုင်
ရှင်းယွဲ့ကို ကာကွယ်ဖို့ လို၏
သူ ဘာကြောင့်လုပ်သည်ကို သူတို့ အပြည့်အဝ နားမလည်သည့်တိုင် ပိုင်ကျီဟန် အမိန့်ပေးသရွေ့ သူတို့ နာခံကြရမည်။
သို့ပေမဲ့ လူတိုင်းက ရပ်ပြီး ကြည့်ဖို့ ဆန္ဒမရှိကြပေ။
"မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ငါ သည်းမခံနိုင်တော့ဘူး။"
ငွေရောင်ဝတ်ရုံဝတ်ထားသော လူတစ်ယောက်သည် အော်ဟစ်လိုက်ပြီး ချီသည် သူ့ပတ်ပတ်လည်၌ လောင်ကျွမ်းနေသည်။
သူသည် နီညိုရောင် မိုးကြိုး နန်းတော်မှ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့နောက်မှာတော့ ရှေးဟောင်းအပျက်အစီးတွေကြားထဲရှိ တတိယအကြိမ်မြောက် စမ်းသပ်မှုကို မရောက်သော သူတို့၏ ဂုဏ်ယူစရာအကောင်းဆုံး ပါရမီရှင် ရှိနေသည်။
"မင်းရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ ထင်လား။ အမွေအနှစ်က ဘယ်သူယူယူ ရတယ်”
သူ့အနေနဲ့ ရှေ့ကို ရန်လိုစွာ လှမ်းလိုက်ပြီး ပိုင်ရှင်းယွဲ့ကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။
ချင်းလန်သည် ကာကွယ်ဖို့ လှုပ်ရှားလိုက်ပြီး သူမ ဓားလက်ကိုင်ကို လက်ချောင်းတွေနဲ့ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ပိုင်ရှင်းယွဲ့သည် သတ်ဖြတ်ချင်စိတ်ကို ခံစားမိပြီး မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။
သူမအနေနဲ့ တန်ပြန်ဖို့ သူမ၏ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်အဆင့် ချီကို စတင် ထုတ်လွှင့်လိုက်သည်။
သို့တိုင် သူတို့နှစ်ယောက်စလုံး မတုံ့ပြန်နိုင်ခင်မှာပဲ
ရှစ်
ပိုင်ကျီဟန်သည် သူ့လက်ချောင်းတွေကို ပေါ့ပေါ့တန်တန် ချိုးလိုက်ချေသည်။
ဘုန်း
နီညိုရောင် မိုးကြိုး နန်းတော် အကြီးအကဲနောက်ကွယ်မှ ပုံရိပ်တစ်ခုသည် အရုပ်တစ်ရုပ်လို နောက်ပြန်လွင့်သွားကာ နားကွဲမတတ် ပေါက်ကွဲသံတစ်ခုသည် လေထဲ၌ ထွက်ပေါ်လာသည်။
လူတိုင်း တောင့်တင်းသွားချေသည်။
နီညိုရောင် မိုးကြိုး နန်းတော် ပါရမီရှင်တစ်ယောက်သည် ပါးစပ်မှ သွေးတွေ ပန်းထွက်လာပြီး လွင့်သွားချေသည်။
သူ့အတားအဆီးသည် ဘယ်တုန်းကမှ မရှိခဲ့သလို ကွဲအက်သွားချေသည်။
သူသည် မြေပြင်ပေါ်ကို မီတာအနည်းငယ်အကွာမှ ပြုတ်ကျသွားပြီး ကျိုးနေသော ရုပ်သေးရုပ်လို ကြေမွသွားပေသည်။
တိတ်ဆိတ်မှုက နောက်ဆက်တွဲ ဖြစ်ပေါ်လာ၏။
ပြီးတော့ ထိတ်လန့်သွားကြသည်။
"ဘာ-ဘာလဲ?!"
"ဘာဖြစ်သွားတာလဲ”
"ဘယ်သူတိုက်ခိုက်တာလဲ”
...
အားလုံးအကြည့်တွေသည် နေရာကနေ တစ်လက်မမှ မရွေ့သေးသော ပိုင်ကျီဟန်ဆီ ပြန်လှည့်သွားကြသည်။
သူသည် ဖုန်တွေကို ခါထုတ်နေသလိုမျိုး သူ့အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဖုန်ခါလိုက်သည်။
"အဲဒါ မင်းအတွက် သတိပေးချက်ပဲ" ပိုင်ကျီဟန်သည် တည်ငြိမ်ပြီး အေးစက်သော အသံနဲ့ ပြောလိုက်သည်
"မင်း နောက်ထပ်လှုပ်ရှားမှုတစ်ခု လုပ်ကြည့်လိုက် - မင်းရဲ့ပါရမီရှင်တွေအားလုံးလည်း အဲဒီကံကြမ္မာကို ခံစားရလိမ့်မယ်။"
လှောင်ပြောင်နေခဲ့သော လူတိုင်းသည် တောင့်တင်းစွာ ရပ်နေကြပြီး သူတို့မျက်နှာများ ဖြူဖျော့နေသည် ။ အထူးသဖြင့် နီညိုရောင် မိုးကြိုး နန်းတော်က တခြားပါရမီရှင်တွေအပါပင်
ပေါက်ကွဲမှုသည် မြင်သာသော နည်းစနစ်
တစ်ခုကနေ လာတာမဟုတ်ပေ
ရွတ်ဆိုတာ မရှိပေ။
ပိတ်ဆို့တာမရှိပေ။
လက်နက် မပါပေ။
ခဏလေးသာ
ကျေနပ်သောအပြုံး ပြန်ပေါ်လာသည်။
"ငါ စကားလုံးတွေနဲ့ အလဟဿ ဖြုန်းတီးစရာမလိုဘူး။"
သူ့မျက်လုံးများသည် တခြားဂိုဏ်းများနဲ့ မျိုးနွယ်စုများကို ဝေ့ကြည့်လိုက်သည်။
"မင်း ထပ်ကြိုးစားချင်လား။ ဒါပေမယ့် မင်းဂိုဏ်းရဲ့အနာဂတ်နဲ့ အလောင်းအစားလုပ်နေတာကို သိထားလိုက်”