တစ်ချက် တစ်ခါသေ
Vol. 12 Ch. 170
ပထမဆုံး စမ်းသပ်မှုတွင်
ပိုင်ကျီဟန်အနေနဲ့ ဒုတိယ စမ်းသပ်ခြင်းမှ မထွက်ခွါခင် အမွေအနှစ်ကို ရခဲ့လျှင် ဒါမှမဟုတ်ဆုံးရှုံးခဲ့လျှင် ဘာဖြစ်မည်ကို စဉ်းစားနေပြီးသားပင်
အခြေအနေပေါ်မူတည်ပြီး အခုပဲဖြစ်ဖြစ် နောက်ပိုင်းမှာဖြစ်ဖြစ် လုပ်သွားမည်ဆိုတာပင်
သို့တိုင် လက်ရှိအခြေအနေအရ သူ့အတွက် အားသာချက်များနေတာကြောင့် အမွေအနှစ်ရရှိမည်ဟု ယုံကြည်နေခဲ့သည်။
သို့တိုင် စိုးရိမ်စရာ အချက်တစ်ချက်တော့ ရှိသေး၏
အမွေအနှစ်ကို ရရှိသွားတာနဲ့ သူ့အသက်သည် အန္တရာယ်ရှိပေ၏ ဂိုဏ်းများနဲ့ မျိုးနွယ်များက သူ့ဆီရောက်လာမှာသေချာ၏
ဘယ်လိုလုပ်မှသာ သူတို့ လိုက်ဖမ်းခြင်းမှ ကာကွယ်နိုင်မည်နည်း
သူ့မျက်လုံးများသည် အနီးကသူတွေဆီ ရောက်သွားပြီး ကောက်ကျစ်သောအပြုံးတစ်ခုသည် သူ့မျက်နှာတွင် ပေါ်လာသည်။
ဓားစာခံ အားလုံးရောက်နေချေပြီ
ဒါပေမဲ့ ဘယ်လို အသုံးချကြမလဲ။
စဉ်းစားပြီးနောက်မှာတော့ ရွေးချယ်စရာ အနေနဲ့ စနစ်စတိုးကို စလှည့်ကြည့်တော့သည်။
အဆိပ်၊ သို့မဟုတ် ရုပ်သေးရုပ် ထိန်းချုပ်ခြင်းစွမ်းအားများလို အတတ်ပညာများစွာရှိ၏ သို့တိုင် ၎င်းတို့သည် နားလည်ဖို့ အချိန်ယူရပြီး နောက်ပိုင်းမှာလည်း ချီ သုံးဖို့လို၏
၎င်းတို့သည် လှုပ်ရှားမှုကြီးပြီး အပြင်လောကတွင် မယုံကြည်နိုင်စရာပင်
၎င်းက အဆင်မပြေချေ
လက်နက် အပိုင်းကို ဆက်စစ်နေတုန်း မျက်လုံးများသည် အရာတစ်ခုပေါ် ကျရောက်သွားသည်။
[တစ္ဆေအဆိပ် : တိတ်တဆိတ် ပေါက်ကွဲမှု]
အဆင့် – မြေကမ္ဘာအဆင့်
လုပ်ဆောင်ချက် –
မီးထွန်းလိုက်တာနဲ့ပဲ မမြင်နိုင်သော အငွေ့တစ်ခုပျံ့သွားသည်။
ထိုအငွေ့တိမ်ထဲ၌ မမြင်နိုင်သော “ဝိညာဉ်ချည်နှောင်မှုအဆိပ်” ပါဝင်ပြီး အနီးအနားရှိ လူတိုင်းခန္ဓာထဲသို့ တိတ်တဆိတ် ဝင်သွားချေသည်။
သူတို့အနေနဲ့ တစ်စုံတစ်ယောက်၏ စိတ်အလိုနဲ့ ချုပ်ထားသော “သေခြင်းအမှတ်” တစ်ခုနဲ့ တစ်သက်တာ ချည်နှောင်ခံထားရသည်။
အသုံးပြုသူသည် မည်သည့်အချိန်မဆို ထိုအမှတ်ကို ပေါက်ကွဲစေခြင်းဖြင့်—အတွင်းအင်္ဂါချို့ယွင်းခြင်း၊ သွေးလိုင်း ပျက်စီးခြင်း၊ သို့မဟုတ် ခွန်အားပေါ်မူတည်ပြီး ခန္ဓာကိုယ် ပေါက်ကွဲခြင်းကို ဖြစ်စေနိုင်သည်။
အကျိုးသက်ရောက်မှုနယ်နမိတ် – ၃၀၀ မီတာ
ခုခံမှု - အလွန်အားကောင်းသော ခန္ဓာကိုယ် သို့မဟုတ် ထူးခြားသော ဝိညာဉ်ဖွဲ့စည်းပုံရှိသူများသာ ခုခံနိုင်သည်။
ကန့်သတ်ချက်- အသုံးပြုသူထက် အားနည်းသော ဝိညာဉ်ခွန်အားရှိသည့် ပစ်မှတ်များကိုသာ သက်ရောက်မှုရှိသည်။
ဈေးနှုန်း- စနစ်အမှတ် ၁၀၀၀၀
ပိုင်ကျီဟန်က အေးစက်စက် ရယ်မောလိုက်သည်။
"အတော်လေးမိုက်တယ်”
တစ်ခုတည်းသော အားနည်းချက်သည် လူတိုင်းကို ပစ်မှတ်ထား၍မရခြင်းဖြစ်သည်—မိုထျန်းကျီကဲ့သို့သော လူများသည် ထိခိုက်ခံရဖို့ အလွန်အားကောင်းလွန်းနေသည်။
သူအသုံးပြုသည့်အခါ ဘယ်လိုအတားအဆီးမျိုးမှ မရှိကြောင်း သေချာအောင် လုပ်ဖို့လည်း လိုအပ်ပေ၏
တစ်ခါသုံးပစ္စည်းအတွက် ဈေးနှုန်းသည် အနည်းငယ် မြင့်မားသည့်တိုင် အမွေအနှစ်ရသည့်အခါ ငွေကောင်းကောင်းသုံးစွဲသင့်သည်ဟုသူထင်ခဲ့သည်။
လက်ရှိအချိန်ကို ပြန်သွားရလျှင်
လူတွေ ဘာဖြစ်ပျက်ခဲ့သည်ကို သေချာနားမလည်ကြပေ
သို့တိုင် ပိုင်ကျီဟန်၏ အစောပိုင်းသတိပေးချက်နဲ့ နီညိုရောင် မိုးကြိုးနန်းတော်၏ ပါရမီရှင် ရုတ်တရက် သေဆုံးသွားပြီးနောက်မှာတော့ အားလုံးက တွန့်ဆုတ်သွားကြသည်။ နီညိုရောင် မိုးကြိုးနန်းတော်က အကြီးအကဲအပါအဝင်ပင်
သူတို့အနေနဲ့ ပိုင်ကျီဟန် လိမ်ညာနေတာလား… ဒါမှမဟုတ် လက်ချောင်းတစ်ချက်နဲ့ တစ်ယောက်ယောက်ကို တကယ်သတ်နိုင်လားကို မသေချာတာကြောင့် အနီးကပ် စောင့်ကြည့်နေကြသည်။
ပုံမှန်အားဖြင့် လူတွေသည် သူတို့ ပါရမီရှင်များ၏ အသက်ကို မစွန့်စားကြပေ
သို့တိုင် ဒါက မသေမျိုး ဧက္ကရာဇ် အမွေအနှစ်
ပင်
နီညိုရောင် မိုးကြိုးနန်းတော် အကြီးအကဲသည် ဒေါသထွက်လွန်းတာကြောင့် ရှေ့ကို ပြန်တိုးလာသည်။
"မင်းက ရိုင်းစိုင်းတဲ့ ကလေး..ငါတို့ရဲ့ ပါရမီရှင်တစ်ယောက်ကို ဘယ်လိုသတ်ရဲတာလဲ”
ဒီတစ်ခါတော့ သူ့ဒေါသကို ပိုင်ရှင်းယွဲ့အစား ပိုင်ကျီဟန်ဆီ ချိန်ရွယ်လိုက်သည်။
ပိုင်ကျီဟန်က ဘာမှမပြောပေ
တောက်
ဘုန်း
နီညိုရောင် မိုးကြိုးနန်းတော်မှ နောက်ထပ်ပါရမီရှင်တစ်ယောက် ပေါက်ကွဲသွားပြီး သူ့ပါးစပ်ကနေ သွေးတွေ ပန်းထွက်လာကာ မြေကြီးပေါ်ကို အသက်မဲ့စွာ ပြုတ်ကျသွားချေသည်။
အကြီးအကဲက တောင့်တင်းသွားပေ၏
သူသည် ပိုင်ကျီဟန်အသုံးပြုခဲ့သော "လှည့်ကွက်" ကို ဖောက်ထွင်းမြင်နိုင်ဖို့ ကြိုးစားနေခဲ့သည့်တိုင် ဘာမှပြန်မရခဲ့ပေ။ ဖွဲ့စည်းပုံမရှိပေ။ ချီအတက်အကျမရှိပေ။ တိုက်ခိုက်မှု လက္ခဏာမရှိပေ
သူတို့ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ယောက် သေဆုံးသွားပြန်ပြီ။
ပိုင်ကျီဟန်သည် ခေါင်းခါပြီး သက်ပြင်းချလိုက်
သည်။
"ငါဘာပြောလိုက်လဲ။ မင်းနားမကြားဘူးလား။"
သူသည် လျှာကို ဖိပြီး နောင်တရသလို အသံနဲ့ လှောင်ပြောင်လိုက်၏
"ဟဟ..မင်းငါ့ကို ဘာလုပ်ခိုင်းလဲဆိုတာ ကြည့်စမ်း။ နောက်ထပ် အပြစ်မဲ့တဲ့ အသက်တစ်ချောင်း ဆုံးရှုံးသွားပြန်ပြီ။"
လူအုပ်ကြီးသည် မျက်လုံးလည့်ပတ်ကြည့်လိုက်ကြသည်။
သူ့အနေနဲ့ သူတို့ကို သတ်သူဆိုတာ ထင်ရှားသည့်တိုင် အကြီးအကဲက သူ့လက်ကို အတင်းအကျပ် လုပ်သလို ပြုမူနေခဲ့သည်။
အကောင်းဆုံး ဓာတ်ငွေ့အလင်း
တင်းမာသော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာပြီး အသံ တိုးတိုးလေး ထွက်လာသည့်အထိပင်
"နီညိုရောင်မိုးကြိုးနန်းတော်က ပိုင်မျိုးနွယ်နဲ့ ပူးပေါင်းနေတာ ဖြစ်နိုင်လား?"
"ဟုတ်တယ်…အဲဒါပဲ ဖြစ်ရမယ် ။ သူတို့က ငါတို့ကို ကြောက်အောင်လုပ်ဖို့ ဒါကို စီစဉ်နေတာ ဖြစ်နိုင်တယ်။"
"မဟုတ်ရင် ဘာလို့ သူတို့ရဲ့ ပါရမီရှင်တွေပဲ သေနေတာလဲ?"
"ပိုင်ရှင်းယွဲ့ကို မေ့လိုက်တော့..ပိုင်ကျီဟန်ကို ဓားစာခံအဖြစ် ဖမ်းလိုက်ရအောင်..အဲဒီလိုဆိုရင် ငါတို့ ကြောက်စရာမလိုတော့ဘူး၊ ပိုင်မျိုးနွယ်ကိုလည်း နောက်ဆုတ်သွားအောင် လုပ်နိုင်တယ်”
"ဟုတ်တယ်၊ ငါတို့ သူ့ကို ဖမ်းမိရင် သူ ဘယ်လိုလုပ်နေလဲဆိုတာလည်း ငါတို့ သိလာနိုင်တယ်”
သံသယမှ အဓိကအစီအစဉ်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အခါ အသံတွေ ပိုပိုပြီး ပါဝင်လာကြသည်။
၎င်းသည် လှည့်ကွက်တစ်ခုဆိုပါက ဖော်ထုတ်ခြင်းသည် ရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းပင်
မဟုတ်ရင်ကော?
သူတို့ နောက်မကျခင် ပိုင်ကျီဟန်ကို ခေါ်
ဆောင်ကြမည်။
ပိုင်မျိုးနွယ်စု အကြီးအကဲတွေသည် သိသိသာသာ တင်းမာလာကြသည်။ ပိုင်ကျီဟန်ဆီ ရန်လိုမှုတွေ ကြီးထွားလာသည်ကို သူတို့ မြင်နိုင်သည်။
သူက သူတို့ အနာဂတ်။ သူတို့၏ အမွေဆက်ခံသူသာ
သူ့ကို ကာကွယ်ဖို့ အသက်စွန့်တိုက်ခိုက်ကြရမည်။
သို့တိုင် သူက လိမ်ညာနေသည်လား၊ မာနထောင်လွှားစွာ ကြေငြာထားသောအရာကို တကယ်လုပ်နိုင်မည်လားကို သူတို့တောင် မသိကြပေ။
အင်အားကြီးသူ အများကြီးကို ဆန့်ကျင်ပြီး သူ့လှည့်ကွက်တွေ မည်မျှ ထိရောက်ပါစေ - မလုံလောက်ပေ
ဒါမှမဟုတ် သူတို့ တွေးခဲ့ကြသည်။
"အခု”
ကျွမ်းကျင်သူအများအပြားသည် ပိုင်ကျီဟန်ကို ဖမ်းဆီးဖို့ ရည်ရွယ်ချက်နဲ့ တစ်ပြိုင်နက်တည်း ရွေ့လျားလာကာ ဖိအားလှိုင်းတစ်ခု မြင့်တက်လာချေသည်။
ဒါပေမယ့်
ဝုန်း
သူတို့ ဆက်သွယ်လို့တောင် မရခင်မှာပဲ မျိုးနွယ်စုနဲ့ ဂိုဏ်းအမျိုးမျိုးမှ ပါဝင်သူအများအပြား မြေပြင်ပေါ် လဲကျသွားချေသည်။
သေသွားချေပြီ
ထိုကဲ့သို့ပင်
သတိပေးမှု မရှိ၊ ကြိုးစားသံတစ်ချက် မရှိ၊
တုံ့ပြန်နိုင်ခွင့်တစ်စုံတရာ မရှိ။
ကြိုးဖြတ်ခံရသော ရုပ်သေးလို လဲကျသွားကြသည်။
တိတ်ဆိတ်သွားသည်။
ပြီးတော့ အော်ဟစ်သံတွေ ပေါက်ဖွားလာသည်။
“လှည့်ကွက် မဟုတ်ဘူး မလား”
“ဘယ်လိုလုပ်တာလဲ”
“ဒီလိုအရာက ဘယ်လိုဖြစ်နိုင်မလဲ”
ကြောက်လန့်မှုက အနှံ့ ပေါက်ကွဲသွားသည်။
အခုတော့ လူတိုင်းက မြင်နိုင်ချေပြီ—
သေသွားသူတိုင်းဟာ ပါဝင်သူတွေသာ
လှုပ်ရှားဖို့လုပ်သော အကြီးအကဲ၏ မျိုးနွယ် သို့မဟုတ် ဂိုဏ်းမှတစ်ယောက်ယောက် သေကုန်၏
ဒီတစ်ခါမှာတော့ ကျန်နေသော ပါရမီတွေ စိုးရိမ်ကုန်၏
“ရပ်လိုက်ပါ! အကြီးအကဲ ရပ်ပါ”
“မရွေ့နဲ့! ငါ့အဖေ့ကို ပြောမှာနော်”
“ရွေ့မယ်ဆိုရင် မင်းနောင်တရလိမ့်မယ်”
“ထပ်ရွေ့တဲ့သူ တစ်ယောက် ချက်ချင်း သေလိမ့်မယ်!”
ပါဝင်သူတိုင်းသည် မျိုးနွယ်၏ ရာထူးကြီးမားသူ သို့မဟုတ်
အမွေဆက်သူတွေသာ
ယခုတော့ ပိုင်ကျီဟန်တကယ့်ကို တစ်ချက်တည်းသတ်နိုင်သည်ကို
သိသွားတာကြောင့် မည်သူမျှစမ်းသပ်ဖို့ မကြံစည်ရဲတော့ပေ
သူတို့သည် အကြီးအကဲများကို တိတိကျကျ တားမြစ်လာကြသည်။
သူတို့ လှုပ်လျှင် သူတို့ကိုယ်တိုင် သေမည်သာ
သို့တိုင် လူတိုင်းတွင် ထိုအခွင့်အာဏာမရှိပေ
အချို့ ပါရမီရှင်များသည် ထိတ်လန့်စွာကြည့်နေပြီး နောက်မကျခင် သူတို့အကြီးအကဲများကို ရပ်တန့်စေချင်သည်။
မိုထျန်းကျီတောင် မျက်နှာဖြူဖျော့သွားသည်။ သူ့ အကြီးအကဲများ လှုပ်လျှင် ပထမဆုံး သေမည့်သူက မိမိတိုင်တိုင်ဖြစ်တာကြောင့် တော်တော်ကြောက်နေမိသည်။
ပိုင်ကျီဟန် သူကို မထိနိုင်ပါးဘူးဆိုတာ မသေချာပေ
တူကူလျန်းရှန်းသည်လည်း ထပ်တူပင်
ပိုင်ကျီဟန်၏ ထိန်းချုပ်မှုပြင်ပတွင် ရှိနေသည့်တိုင် သူမ ၎င်းကို မသိခဲ့ပေ - ပိုင်ရွှယ်ချင်းနဲ့ သူမ၏အရင်ကပဋိပက္ခသည် သူမကို သတ်ပစ်နိုင်သည့် ဟူသော အတွေးကြောင့် သူမနှလုံးသားသည် ကြောက်ရွံ့မှုနဲ့ တဒိတ်ဒိတ်ခုန်စေခဲ့သည်။
တစ်ခုကတော့ လူတိုင်းကို သေချာသွားစေပြီ
ပိုင်ကျီဟန်က မလိမ်ညာပေ
တစ်ယောက်မှ အန္တရာယ်က မလွတ်ပေ