ဧက္ကရာဇ်လို ထွက်ခွါခြင်း
Vol. 12 Ch. 171
ရှေးဟောင်းအပျက်အစီး၏ မိုးကောင်းကင်အောက်၌
ကောင်ကင်းဘုံ အင်ပါယာတစ်ခုလုံး၏ အားအကြီးဆုံး ဂိုဏ်းများနှင့် မျိုးနွယ်များ စုဝေးနေကြသည်။
မြောက်ဘက်က အင်အားကောင်းသည့် နတ်ဆိုးဂိုဏ်းများမှ တောင်ဘက်ရှိ ပါရမီရှင်များ၊ အကြီးအကဲများနဲ့ မဟာအကြီးအကဲများ အားလုံးလာရောက်ကြသည်။
သူတို့တစ်ယောက်ချင်းစီသည် အာဏာရှိကြ၏
ပြည်နယ်တစ်ခုလုံးကို အမိန့်တစ်ချက်နဲ့ လှုပ်ရှားစေနိုင်သူများသာ
သို့တိုင်
ပြိုင်ပွဲကွင်းအခြေအနေ တစ်ခုလုံးကို ထိန်းချုပ်နေသူက မည်သူနည်း
သူတို့အားလုံးကို စကားတစ်ချက်နဲ့ တိုက်ရိုက် ရပ်တန့်စေသွားသူက မည်သူနည်း
အကြီးအကဲတစ်ဦးတောင် မဟုတ်ပေ။
ပိုင်ကျီဟန်!
အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပင်။
သို့တိုင် ရာချီသောစွမ်းအားရှင်များနှင့် ရင်ဆိုင်ရသည့်အခါတောင် သူ့ကျောကို ဖြောင့်စင်းကာ ဦးခေါင်းမြင့်မားပြီး လက်များကို အေးအေးဆေးဆေး မြှောက်ထားသည်။
သူ မတောင်းပန်ချေ။
မဆွေးနွေးပေ
ခြိမ်းခြောက်နေတာပင်
အမိန့်ပေးနေတာပင်
သူတို့ကလည်း နားထောင်နေကြ၏
နောက်ကွယ်က ရပ်နေသော အကြီးအကဲများအချို့သည် လက်သီးများဆုပ်ကာ ဒေါသလည်း ထွက်နေခဲ့ကြသည်။
ဘယ်လိုတောင် ထိုအခြေအနေထိ ရောက်သွားရတာလဲ
အင်ပါယာ၏ အထက်တန်းလွှာများသည်
ကလေးပေါက်စလေး တစ်ယောက် စကားကို နားထောင်ရင်း ငြိမ်နေရသည်။
"အခု အားလုံးက ဂရုတစိုက် နားထောင်နေကြပြီဆိုတော့ ကျွန်တော် ကြေညာစရာ အနည်းငယ်ရှိပါတယ်။"
ပိုင်ကျီဟန် ကြေငြာလိုက်သည်။
"ပိုင်ရှင်းယွဲ့က ပိုင်မျိုးနွယ်ကို ပြန်လာမှာ ခင်ဗျားတို့အားလုံး ဘာမှ လုပ်လို့ မရဘူး - မဟုတ်ရင် ဘာဖြစ်မယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။"
ပိုင်ကျီဟန်က ထပ်ပြောလိုက်သည်။ ဒီတစ်ခါတော့ လူတိုင်းသည် သူ အမှန်အတိုင်း ပြောနေမှန်း သိလိုက်ကြသည်။
ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ် အကြီးအကဲတွေနဲ့ ထိပ်တန်းပါရမီရှင်တွေ ဝန်းရံလျက် အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။
လူအုပ်ကြီးသည် ဓားသွားရှေ့က ရေလို သူတို့ရှေ့မှာ ကွဲသွားကြချေ၏
ပြီးတော့ အားလုံးအလယ်ဗဟိုတွင် ပိုင်ရှင်းယွဲ့ ရပ်နေသည်။ မျက်နှာက အေးစက်ပြီး ခန္ဓာကိုယ်က တင်းမာနေ၏ မျက်လုံးတွေက ရှုပ်ထွေးသော ခံစားချက်တွေနဲ့ တလက်လက်တောက်ပနေချေသည်။
သူမက မလှုပ်ရှားပေ
သူမ အမြဲလုပ်နေကျ တိတ်တဆိတ် ဆန့်ကျင်မှုမျိုးနဲ့ သူ့ကို စိုက်ကြည့်နေ၏
သူမမျက်နှာအမူအရာသည် သူမ ပြည်နှင်ဒဏ်မခံရခင်၊ သူမ တာအိုအရိုး ဆုတ်ဖြဲမခံရခင်၊ အရာအားလုံး ပြိုကွဲမသွားခင် နောက်ဆုံးစကားပြောခဲ့တုန်းကလိုသာ
အခုတော့ သူမရပ်နေပြီး ဆံပင်တွေကို လေက ဖွဖွလေး ပွတ်သပ်နေ၏ ဘာမှ မထိခိုက်ပေ ဒါပေမယ့် မပြောင်းလဲချေ။
ပိုင်ကျီဟန်သည် သူမဆီ လျှောက်လာပြီး ပေါ့ပေါ့ပါးပါး လက်ဟန်ပြလိုက်၏
"သွားကြစို့" သူက ပိုင်ရှင်းယွဲ့ကို ရှင်းရှင်းလင်းလင်း ပြောနေ၏
သူမ မလှုပ်ပေ
"ငါ ပြန်မသွားဘူး" သူမက ခိုင်မာစွာ ပြောလိုက်ချေသည်။
မည်သို့ပင်ဆိုပါစေ သူမ တာအိုအရိုးကို ခိုးယူပြီး နှင်ထုတ်သည့် နေရာကို ပြန်မသွားဘူးဟု သူမက အခိုင်အမာ ပြောနေ၏
ပိုင်ကျီဟန် မျက်နှာအမူအရာက အရင်အတိုင်းပင်။ တည်ငြိမ်၏၊ စိတ်အေးလက်အေးဖြစ်၏
သို့တိုင် သူ့အသံက နည်းနည်း လျော့ကျသွားချေသည်။
"မင်း ငြင်းဆန်နေတာလား?"
ပိုင်ရှင်းယွဲ့က မေးစေ့ကို အနည်းငယ် မြှောက်လိုက်သည်။
"ငါ မင်းရဲ့ အကူအညီ မလိုဘူး။"
ခဏရပ်လိုက်၏။
ထို့နောက် ပိုင်ကျီဟန်၏ ရယ်သံ တိုးတိုးလေး ထွက်လာသည်။
သူသည် နောက်တစ်လှမ်း လှမ်းလိုက်ပြီး သူမနဲ့ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေလိုက်သည်။
"မင်း ငါ့အကူအညီ မလိုအပ်ဘူးလား"
သူက လှောင်ပြောင်သော အသံနဲ့ ထပ်ပြောလိုက်သည်။
"ရှင်းယွဲ့၊ ငါ ဝင်မပါခဲ့ရင် - မင်း အခုချိန်မှာ အသက်ရှူနေဦးမယ်လို့ တကယ်ထင်နေတာလား"
သူမလက်တွေကို ဆုပ်ကိုင်ထားပေမယ့် သူမ ဘာမှ ပြန်မပြောပေ
မဖြစ်နိုင်ပေ ဒါမှမဟုတ် သူမတွင် ရှိသည့်လျှို့ဝှက်ကတ်နဲ့ အသက်ရှင်နေနိုင်၏
သို့တိုင် ပိုင်ကျီဟန် ပါလာလိုက်ရင်ကော။
သူမသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်တွင် ရှိနေပြီးသား ဖြစ်သော်လည်း ပိုင်ကျီဟန်သည် အခြားသူများ၏အသက်ကို ယူဆောင်သွားသကဲ့သို့ သူမအသက်ကို ယူဆောင်သွားနိုင်မည်လားဟုပင် သံသယဝင်ခဲ့သည်။
သူလုပ်နိုင်လျှင်... ဘာလို့ သူမလုပ်သေးတာလဲ။
သူ မလုပ်နိုင်သေးဘူးလား?
သူမသည် အမြဲတမ်းဖြစ်နေကျလို့ မထင်ပေ
"ဘာပဲဖြစ်ဖြစ် မင်းပြန်သွားရမယ်။ ကောင်းကင်ဓားဂိုဏ်း အကြီးအကဲတွေကို နောက်ထပ် ဒုက္ခမပေးနဲ့။"
သူမသည် တစ်ကိုယ်ကောင်းဆန်လွန်းသည့်အတွက် ဆုံးမနေသကဲ့သို့ ပြောနေ၏
ပိုငိရှင်းယွဲ့ တွန့်ဆုတ်သွားသည်။
သူမသည် တစ်ကိုယ်ကောင်းဆန်နေမှန်း သိသည်။ ပိုင်ကျီဟန်ကြောင့်မဟုတ်လျှင် အကြီးအကဲချင်းလန်နှင့် အခြားကောင်းကင်ဓားဂိုဏ်းအကြီးအကဲများသည် သူမကိုကာကွယ်ရင်း အသက်ပေးရနိုင်သည်။
"ပြီးတော့ မမေ့ပါနဲ့... မင်းငါ့ကို နည်းနည်းလေးအကြွေးတင်နေတာ မဟုတ်ဘူးလား။ နောက်ဆုံးတော့ ငါမပေးခဲ့ရင် မင်းအမွေကို ရနိုင်မယ်လို့ ထင်လား။"
သူမ၏မျက်လုံးများသည် အနည်းငယ်ပြူးကျယ်သွားသည်။
သူမ မသိသေးတာက ပိုင်ကျီဟန် အမွေဆက်ခံမှုကို စွန့်လွှတ်လိုက်ခြင်းသည် ကျားမမကိုက်ညီတာကြောင့်ဖြစ်ပြီး တခြားလျော်ကြေးငွေတွေပါ ရခဲ့ပေသည်။
ဒါပေမဲ့ သူမ မသိခဲ့ပေ။ ပိုင်ကျီဟန်သည် သူ့အတွက် ပေးလိုက်သလိုမျိုး ထင်ရအောင် ပြောသည့်အပေါ် ရှက်လည်း မရှက်ပေ
အစကတော့ သူမသည် ထောင်ချောက်တစ်ခုဟု ထင်ခဲ့သည်။
သို့တိုင် နောက်ဆုံးတော့ သူမသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဖြစ်စေနိုင်သည့် စစ်မှန်သော အမွေဆက်ခံမှုကို ရရှိခဲ့သည်။
၎င်းက သူမရှုပ်ထွေးမှုကို ပိုနက်ရှိုင်းစေခဲ့သည်။
ပိုင်ကျီဟန်က ဘာလို့ အဲဒီလိုမျိုး စွန့်လွှတ်ရမှာလဲ။
သူမကို လုပ်ခဲ့တာတွေအတွက် လျော်ကြေးလား။
ဒါမှမဟုတ် တခြားတစ်ခုခုလား။
သူမ မသိခဲ့ပေ ။ သို့တိုင် သူ့စကားတွေသည် သူမကို ခဏတာ ရပ်တန့်သွားစေပြီး ပိုပြီး နာခံမှု ရှိစေခဲ့သည်။
ပိုင်ကျီဟန်သည် အမွေဆက်ခံမှုကို ရနိုင်လျက်နဲ့ မယူဘဲ သူမအား ပြန်လာခဲ့ဖို့ ပြောသည့်အခါ သူ တကယ် မလိုချင်မှန်း သူမ သဘောပေါက်လာသည်။
ပိုင်ရှင်းယွဲ့အဖို့ ထိုအတွေးတွေထဲ၌ နစ်မြုပ်နေချိန်တွင် တခြားသူများသည် ပိုင်ကျီဟန် စကားတွေကြောင့် အံ့အားသင့်သွားကြသည်။
အမွေအနှစ်ကို စွန့်လွှတ်လိုက်တာလား။
သူက မသေမျိုးဧကရာဇ်ရဲ့ အမွေအနှစ်ကို စွန့်လွှတ်လိုက်ပြီလား။
ပိုင်မျိုးနွယ်စု အကြီးအကဲတွေနဲ့ ကောင်းကင်ဓားဂိုဏ်း အကြီးအကဲတွေတောင် အံ့အားသင့်ပြီး မျက်လုံးတွေ ပြူးကျယ်သွားကြကာ ပိုင်ကျီဟန်နဲ့ ပိုင်ရှင်းယွဲ့ကြားကို ကြည့်လိုက်ကြသည်။
ပိုင်ရှင်းယွဲ့ မငြင်းတာကို တွေ့လိုက်တော့ အားလုံးက မှန်သည်ဟု ယုံကြည်သွားကြသည်။
ဒါပေမဲ့…ဘာကြောင့်လဲ?
တစ်ယောက်ယောက်သည် မသေမျိုးဧက္ကရာဇ် အမွေဆက်ခံမှုကို ဘာကြောင့် အလွယ်တကူ လက်လွှတ်နိုင်သနည်း
ပိုင်ကျီဟန်သည် အခုတောင် အင်အားကြီးလာကာ ကောင်းကင် အင်ပါယာ၏ အင်အားအကြီးဆုံး အဖွဲ့အစည်းတိုင်းမှ အကြီးအကဲများကိုပင် ခြိမ်းခြောက်နိုင်ချေပြီ
သူသာ အမွေဆက်ခံမှုကို ယူမယ် ဆိုပါက မည်မျှထိ အင်အားကြီးလာမည်နည်း?
ထိုအတိုင်းသာဆို ပိုင်ကျီဟန်သည် မကြာခင်ပင် ကမ္ဘာတစ်ခွင်လုံးကို အုပ်စိုးမည့်သူ ဖြစ်လာမှာပင် ။
ပိုင်မျိုးနွယ်၏ အကြီးအကဲအချို့ကတော့ သူ့အမေ လုပ်ခဲ့သော အပြစ်ဖြစ်သည့် ပိုင်ရှင်းယွဲ့ တာအိုအရိုးအား ခိုးယူမှုကြောင့်
ပြန်လည်ပေးဆပ်သည့် သဘောဟုသာ ထင်ကြသည်။
လျော်ကြေးတစ်မျိုးအဖြစ်သာ
၎င်းသည် ပိုင်ကျီဟန်ကို သူတို့ မျက်လုံးထဲတွင် ပိုပြီး တန်ဖိုးမြင့်သွားစေသည့် အချက်ဖြစ်နေသည်။
ပိုင်ကျီဟန်သည် ပိုင်ရှင်းယွဲ့ကို ကျောပေးနေ၏
“ခက်ခဲအောင် လုပ်မနေနဲ့” ဟုပြောကာ လက်ကို အေးအေးဆေးဆေး လွှဲတင်သလို ပြောလိုက်သည်။“ငါတို့သွားပြီ”
ပြီးတာနဲ့ ပိုင်ရှင်းယွဲ့ လိုက်လာ မလာကို မကြည့်ဘဲ တစ်ယောက်တည်း ရှေ့သို့ပြန်လျှောက်သွားချေ၏
အကြွင်းအကျန်ဝိညာဉ်က သူ့အား တောင်းဆိုလို့ လုပ်ပေးခဲ့ရုံသာ
ပိုင်ရှင်းယွဲ့အနေနဲ့ သူ့ကူညီမှုမရှိဘဲတောင် အသက်မဆုံးနိုင်ဘူးဆိုတာ ကြိုသိထားပြီးသားပင်
သူလုပ်သင့်တာ ၊ ပြောသင့်တာတွေကို ပြီးမြောက်အောင် လုပ်ပြီးသွားချေပြီ။ ထိုအခြေအနေထဲမှာပင် ပိုင်ရှင်းယွဲ့ မလိုက်ချင်ပါက သူမ ကိုယ်တိုင် ရွေးချယ်ထားသောလမ်းသာ ဖြစ်၏
ပိုင်မျိုးနွယ်၏ အကြီးအကဲများသည် သူ့နောက်ကို တစ်ပြေးညီလိုက်လာကြသော်လည်း သူမ မည်သို့တုံ့ပြန်မည်ကို သိချင်တာကြောင့် ပိုင်ရှင်းယွဲ့ကို ကြည့်နေကြသည်။
“ဒီနေရာက အန္တရာယ်များပါတယ်။ ခုချိန်က ပိုင်မျိုးနွယ်ကို သွားနေရင် ပိုစိတ်ချစရာကောင်းပါတယ်။ မင်းအတွက် ဘာမှမဖြစ်အောင် စောင့်ကြည့်ပေးဖို့ ငါလည်း ရှိနေပေးမယ်” အကြီးအကဲချင်းလန်သည် သူမကို လှုံ့ဆော်လိုက်သည်။
ပိုင်ရှင်းယွဲ့ ခေါင်းလေးညှိုးကာနေ၏
“အကြီးအကဲ ချင်းလန်… ကျေးဇူးတင်ပါတယ်”
သူမ အသက်အန္တရာယ်အထိ စွန့်စားပြီး…
အခုလိုပင် အားပေးကူညီနေ၏
ပိုင်ကျီဟန်ကြောင့် သူမတောင်ထိပ်ကို ငြင်းဆိုခဲ့သည့်တိုင် အကြီးအကဲ ချင်းလန်သည် သူမကို တကယ် ဂရုစိုက်သူမှန်း ပိုင်ရှင်းယွဲ့သိလာသည်။
တစ်ဖွဲ့လုံး ပြန်ထွက်လာစဉ် အခြားသူတွေပါ တိတ်ဆိတ်နေခဲ့ကြသည်။
ပိုင်ကျီဟန်၏ ခြိမ်းခြောက်သံသည် အမြင်အာရုံထဲ၌ ယခုပြောသည့် အကြောင်းအရာလိုပဲလှုံ့ဆော်နေ၏
တန်ဖိုးကြီး အရာတစ်ခုကို သူတို့လမ်းကြောင်းမှ ဆွဲထုတ်လိုက်ကြောင်းသိနေကြသည့်တိုင် ရွေးချယ်စရာမရှိပေ
ဒေါသ၊ စိတ်ရှုပ်မှုတို့ ရောယှက်ကာ ကျန်နေခဲ့ရသည်။
ထိုအာရုံအားလုံးသည် တစ်ယောက်တည်းဆီ တိုက်ရိုက်ရောက်သွားသည်။
သူကတော့ ပိုင်ကျီဟန်ပင်
သို့တိုင်သူကတော့ လုံးဝ ဂရုမစိုက်ပေ
ဖဲနီကော်ဇောပေါ်မှ ဧက္ကရာဇ်လို တည်ငြိမ်အေးစက်စွာ လျှောက်သွားလေ၏