← Chapters

ငါ့ကိုစွန့်ပစ်ခဲ့သောအိမ်

Vol. 12 Ch. 174

ငါ့ကိုစွန့်ပစ်ခဲ့သောအိမ်

Vol. 12 Ch. 174

စာလိပ် ဝဲပျံနေချိန်မှာတော့ ပိုင်ထျန်းဟမ်သည် လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

"ကောင်းကင်အဆင့် ကျင့်ကြံမှု နည်းစနစ်”

သူ့အသံက တိုးတိုးလေး ဖြစ်သည့်တိုင် အံ့သြမှုတွေနဲ့ ပြည့်နှက်နေ၏

ပိုင်မျိုးနွယ်စု၏ ဘိုဘေးအကြီးအကဲဖြစ်သူတောင်မှ မြေကမ္ဘာအဆင့် ကျင့်ကြံမှုတစ်ခုနဲ့ ကျင့်ကြံခဲ့ရသည်။ ဒါက မျိုးနွယ်စုတိုင်းနဲ့ ဂိုဏ်းတိုင်းအတွက် တိုက်ပွဲဝင်ရမယ့်အရာသာ။

ပိုင်ထျန်းဟမ် ပါးစပ်က ခြောက်ကပ်သွားချေသည်။ သူသည် စာလိပ်ကို စိုက်ကြည့်ပြီး ပိုင်ကျီဟန်ကို ထပ်စိုက်ကြည့်လိုက်သ

ည်။ ပြီးတော့ သူ့ဘေးတွင် တည်ငြိမ်စွာ လွင့်မျောနေသော ဓားကို စိုက်ကြည့်ပြန်၏

"မင်းက ယုတ်မာတဲ့ကောင်..." သူက ကောက်ကျစ်သော အပြုံးနဲ့ ခေါင်းခါပြီး တိုးတိုးလေး ပြောလိုက်၏ "မင်းက ဒီလူအိုကြီးကို နှလုံးဖောက်အောင် တကယ်လုပ်နေတာ"

ပိုင်ကျီဟန်က သမ်းဝေလိုက်သည်။

"အဖေ ထိတ်လန့်ပြီး သေသွားရင် ပိုင်မျိုးနွယ်စုမှာ ခေါင်းဆောင်အသစ် လိုအပ်နေပြီဆိုတာ သက်သေပြတာပဲ”

"မင်း”

ပိုင်ထျန်းဟမ်သည် နှလုံးသားမရှိသော သားအပေါ် အနည်းငယ်ဒေါသထွက်သွားပေမဲ့ ရတနာတွေအကြောင်း စဉ်းစားပြီး သူ မြန်မြန်ပဲ ငြိမ်သက်သွားချေသည်။

"ကျီဟန်အာ... မင်းတကယ်ပဲ ဒါကို မျိုးနွယ်စုကို ပေးနေတာလား"

ပိုင်ကျီဟန် မျက်ခုံးပင့်လိုက်သည်။

"ကျွန်တော်ကို သိမ်းထားစေချင်တာလား။ မလိုချင်ရင် သိမ်းထားလိုက်မယ်။"

"ငါမလိုဘူးလို့ ဘယ်မှာပြောလဲ။ ငါမေးနေတာလေ”

ပိုင်ရမ်သည် သူ့ကို နတ်ဘုရားအဆင့်ဥတွေဥပေးနေသည့် ရွှေငန်းတစ်ကောင်အား စိုက်ကြည့်နေသလို ကြည့်နေ၏

"ဒါက ကောင်းကင်အဆင့် ကျင့်ကြံမှုနည်းစနစ်ပဲ။ ဒီလိုဆိုရင် ငါတို့ ပိုင်မျိုးနွယ်စုရဲ့ အလုံးစုံအင်အားက အဆပေါင်းများစွာ တိုးလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် လီနဲ့ ကျောက်မျိုးနွယ်စုတွေက ငါတို့ရဲ့ပြိုင်ဘက်တွေ မဟုတ်တော့ဘူး”

ပိုင်ထျန်းဟမ်သည် တိုးတိုးလေးပြောလိုက်သည်။

"ငါတို့ရဲ့ လက်ရှိလျှို့ဝှက် မြေကမ္ဘာအဆင့် နည်းစနစ်ကို ပိုင်မျိုးနွယ်စုဝင်တိုင်းဆီ လွှဲပြောင်းပေးပြီး ဒီကောင်းကင်အဆင့် နည်းစနစ်ကို ထိပ်တန်းပါရမီရှင်တွေအတွက် သိမ်းထားလို့ရပြီ”

ပိုင်ရန်က ထပ်ပြောလိုက်သည်။

ပိုင်ထျန်းဟမ်သည် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်တို့ တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ လိုပါသေးတယ်၊ ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ ဒီအကြံအစည်ကို သဘောမတူဘူးလို့ မထင်ပါဘူး။ သူတော်စင်အဆင့်ဓားအတွက်ကတော့ တကယ် လိုအပ်တဲ့အထိ ဝှက်ထားဖို့ လိုပါတယ်။"

မည်သို့ပင်ဖြစ်စေ။ ပိုင်ရှင်းယွဲ့ကြောင့် ပိုင်မျိုးနွယ်ကို အာရုံစိုက်မှု အများကြီး ရနေချေပြီ။

သူတော်စင်အဆင့် လက်နက် သတင်း ထွက်လာပါက ပိုင်အိမ်တော်ကို ထိုနေ့မှာပဲ ကျူးကျော်ခံရနိုင်၏

ပြီးတော့ သူက ပိုင်ကျီဟန်ကို တည့်တည့်ကြည့်လိုက်သည်။

"ဒါပေမယ့် မင်း ဒီလိုမျိုး လွယ်လွယ်ကူကူ ပေးချင်တာဆိုတော့ မင်းပြောထားတာထက် အဲဒီအပျက်အစီးတွေကနေ ပိုရထားတာရှိတယ်လို့ ငါထင်တယ်။"

ပိုင်ကျီဟန် ပြန်မဖြေသည့်တိုင် သူ့နှုတ်ခမ်းတွေက အရာအားလုံးကို ပြောပြနေ၏

ပိုင်ရမ်က ရယ်လိုက်လေ၏

"ဟဲ။ မင်းရဲ့ လျှို့ဝှက်ချက်တွေကို သိမ်းထားပါ။ အနည်းဆုံးတော့ မင်းက မျိုးနွယ်ကို ပြန်ပေးသေးတယ်။"

ရုတ်တရက် ပိုင်ထျန်းဟမ် လေသံက ထက်မြက်လာ၏

"ကျွန်တော်တို့ ပြင်ဆင်ရလိမ့်မယ်။"

လေက ရွေ့လျားသွား၏

အဲဒီမှာရှိသည့် လူတိုင်း ပိုင်ထျန်းဟမ်

ဘာအကြောင်းပြောနေသည်ကို သိကြပေ၏

တစ်ဖက်မှာတော့ ပိုင်ရှင်းယွဲ့သည် ပိုင်မျိုးနွယ်စုကို ပြန်ရောက်သည့်အခါ အတိတ်မှ လွမ်းဆွတ်မှုလှိုင်းလုံးကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရချေသည်။

သူမမွေးဖွားကြီးပြင်းခဲ့သော နေရာ။

ပိုင်ရှင်းယွဲ့သည် ခြံဝင်းအစွန်းတွင် တိတ်ဆိတ်စွာရပ်နေပြီး သူမရဲ့ဝတ်ရုံတွေသည် လေပြေထဲ၌ ပေါ့ပါးစွာ လွင့်မျောနေချေ၏

သူမခြေထောက်အောက်က ရင်းနှီးနေသော ကျောက်ပြားများ.. ဥယျာဉ်ထဲက မက်မွန်ပင်များ၊ ဝေးလံသော ဘိုးဘေးခန်းမထိပင် ပျံ့လွင့်နေသော မက်မွန်ပွင့်နံ့များ

အားလုံး အတူတူပင်

သို့ပေမဲ့ လုံးဝကွဲပြားနေ၏

၎င်းသည် သူမတစ်ချိန်က အိမ်ဟုခေါ်ဆိုခဲ့ပေမယ့် အခုတော့ အတူတူဟု မပြောနိုင်တော့သော နေရာပင်

ခြံဝင်းတံခါးအနီးရှိ သစ်သားတိုင်ဟောင်းတစ်တိုင်ကို သူမလက်ချောင်းတွေနဲ့ ပွတ်သပ်လိုက်၏ အချိန်နဲ့အမျှ ချောမွေ့နေ၏ သူမမျက်နှာအမူအရာက မပြောင်းလဲပေ

ဒါပေမယ့် သူမနှလုံးသားက ခုန်နေ၏

"ဒီနှစ်တွေအားလုံးကြာပြီးတဲ့နောက်မှာတောင်ရပ်တည်နေတုန်းပဲ..." သူမတိုးတိုးလေးပြောလိုက်သည်။

အနီးအနားရှိ အစေခံမလေးတစ်ဦးသည် သူမ၏အသံကို ကြားသောအခါ တောင့်တင်းသွားပြီး လျင်မြန်စွာ ဦးညွှတ်ကာ တုန်တုန်ယင်ယင်ပြောလိုက်သည်။ "မမလေး ပိုင်ရှင်းယွဲ့ ဒီအစေခံက ဂါရဝပြုပါတယ်"

ရှင်းယွဲ့သည် သူမကို နားမလည်နိုင်သော မျက်နှာဖြင့် ကြည့်လိုက်မိသည်။

"မင်းက... လောင်ချင်းလား"

"ဟုတ်ပါတယ်”

လောင်ချင်းသည် ပြန်ဖြေလိုက်ရင်း ပိုင်ရှင်းယွဲ့သည် ထိုနှစ်တွေတစ်လျှောက် သူမအား မှတ်မိနေတာကြောင့် အံ့သြတကြီး ဖြစ်နေသည်။

"ငါ မြေပေါ်မှာ လဲကျနေတုန်းက မင်းက သကြားလုံးကြာပန်းကို ငါ့ကို ခိုးပေးလေ့ရှိတယ်လေ” သူမက မောပန်းနွမ်းနယ်နေသော အပြုံးဖြင့် ပြောသည်။

"မင်း ဒီမှာရှိနေသေးတာကို သိရတာ ဝမ်းသာပါတယ်။"

လောင်ချင်းသည် စိုးရိမ်စွာ ခေါင်းညိတ်လိုက်သည်။

ငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် သိကြသည့်တိုင် အခုအခြေအနေနဲ့ အဆင့်အတန်းက လုံးဝကွဲပြားသွားချေပြီ။

ထို့အပြင် ပိုင်ရှင်းယွဲ့သည် မသေမျိုးဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့ကြောင်းကိုလည်း သူမ ကြားခဲ့ရသည်။

ဘာလဲဆိုတာ သူမ အတိအကျ မသိသည့်တိုင် လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ရလျှင် လူသားတစ်ယောက်အဖို့ ၎င်းသည် ကြီးမားသောကိစ္စတစ်ခုဟု ပြောနိုင်၏

သူမ ပိုင်ရှင်းယွဲ့ကို အမှုထမ်းဖို့ ရွေးချယ်ခံရသည့် အကြောင်းရင်းက ပိုင်ကျီဟန် အရင်က လုပ်ခဲ့သလိုမျိုး ထပ်ပြီး အနိုင်ကျင့်ခံရတာကြောင့် မဟုတ်ပေ

သူမကိုယ်တိုင် စေတနာနဲ့ လုပ်ပေးခြင်လို့သာ

တခြားသူတွေသည် ပိုင်ရှင်းယွဲ့ကို ကြောက်ကြ၏ တချို့ အကြီးအကဲတွေတောင် သူမကို သတိထားပြီး လေးစားစွာ ဆက်ဆံကြပေသည်။

သူတို့ အမှားလုပ်မိပါက သူတို့ အသက်ကို နှုတ်ဆက်ရမှာ စိုးရိမ်ကြ၏

သို့တိုင် လောင်ချင်းကတော့ ပိုင်ရှင်းယွဲ့ကို သိသည်။ တခြားသူတွေ ထင်သလို မဟုတ်ဘူးဆိုတာ သူမ သိ၏

တခြားသူတွေ ကြောက်နေကြလို့ သူမ ရှေ့ကို တိုးလာခဲ့ရသည်။

ဒါ့အပြင် ပိုင်ရှင်းယွဲ့ ဆရာ ချင်းလန်နဲ့ ကောင်းကင်ဓားဂိုဏ်းမှ တခြားအကြီးအကဲများ လာလည်သည့်အတွက် ပိုင်မျိုးနွယ်၏ အစေခံတွေသည် အလုပ်တွေ အရမ်းရှုပ်နေကြသည်။

တစ်ဖက်မှာတော့ လောင်ချင်းအဖို့ လွယ်ကူသည် ။ ပိုင်ကျီဟန် ပြန်လာတာကြောင့် အမှုထမ်းရတာကလွဲရင် သူမ လုပ်စရာ သိပ်မရှိပေ

ထို့ကြောင့် သူမအနေနဲ့ တတ်နိုင်သမျှ ကူညီပေးသင့်သည်ဟု တွေးမိ၏

တချို့က ပိုင်ကျီဟန်ဘာလုပ်မည်ကို စိုးရိမ်ပြီး သူမအား ရပ်တန့်ဖို့ ကြိုးစားခဲ့ကြသည့်တိုင် သူမက အတင်းအကျပ် ပြောသည်။

သူမအနေနဲ့ သခင်လေးကို ရှင်းပြမည်ဟုပါ ပြောသေးသည်။

ဒါကြောင့် သူမ ရောက်နေတာပင်။

"အဲဒီကောင်က မင်းကို မတော်မတရား မလုပ်ခဲ့ဘူး မလား။"

ပိုင်ရှင်းယွဲ့အနေနဲ့ မည်သူကို ရည်ညွှန်းနေမှန်း ရှင်းပြဖို့ မလိုပေ

" သခင်လေးက ကျွန်မကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ကျွန်မက သူ့ရဲ့ ကိုယ်ပိုင် အစေခံ ဖြစ်လာပါတယ်။"

"ဘာလဲ။ မင်းက အဲဒီလူရဲ့ ကိုယ်ပိုင်အစေခံ ဖြစ်လာတယ်။ သူက မင်းကို သိမ်းပိုက်လိုက်တာလား။"

လောင်ချင်း မျက်လုံးများ ပြူးကျယ်သွားပြီး သူမမျက်နှာလေး ရဲရဲနီသွားချေ၏ သူမက ချက်ချင်းပဲ လက်တွေကို ဝှေ့ယမ်းပြလိုက်ချေသည်။

"မဟုတ်ပါဘူး မမလေး၊ သခင်လေးက မသင့်တော်တာ ဘာမှ မလုပ်ခဲ့ဘူး။ သူက... သူက ကျွန်မအပေါ် အရမ်းကောင်းတယ်။ ရိုးသားတယ်”

ပိုင်ရှင်းယွဲ့သည် မျက်လုံးတွေကို ကျဉ်းမြောင်းပြီး မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

"လေးစားတာလား ? ပိုင်ကျီဟန်ကလား..ငါတို့ လူတစ်ယောက်တည်းအကြောင်း ပြောနေကြတာမလား?"

လောင်ချင်းသည် သူမအကြည့်ကို အောက်ချပြီး တိုးတိုးလေးပြောလိုက်၏။ "သူ... အများကြီး ပြောင်းလဲသွားတယ်။"

၎င်းက ပိုင်ရှင်းယွဲ့ ကို ခဏရပ်သွားစေ၏

ခြံဝင်းထဲကို ဆက်လျှောက်သွားရင်း သူမခြေလှမ်းတွေ နှေးကွေးသွားကာ လောင်ချင်းသည်လည်း တိတ်တိတ်လေး လိုက်လာ၏။

ပြောင်းလဲသွားပြီလား?

ထိုစကားလုံးသည် သူမစိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး ခါးသက်သော အရသာကို ချန်ထားခဲ့ပေသည်။

သူမအနေနဲ့ ကောလာဟလတွေ ကြားဖူးသည့်တိုင် အလကားလူကနေ ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲမှုကို အဓိကထားခဲ့၏ ။ သူ့စရိုက်ကတောာ့ အမှိုက်လိုပင်

ဒါပေမယ့်...

"သူက ငါ့အကြောင်း တစ်ခုခုပြောလား?"

ပိုင်ရှင်းယွဲ့သည် သူမကိုယ် သူမ ဂရုမစိုက်

သလို မေးလိုက်ပေသည်။

လောင်ချင်းက မျက်တောင်ခတ်လိုက်၏။

"အာ... သိပ်မပြောပါဘူး။"

"ဟွန်း”

ပိုင်ရှင်းယွဲ့သည် ဂရုမစိုက်သလို ဟန်ဆောင်နေပေမဲ့ အတွင်းစိတ်ထဲမှာတော့ ဆုံးရှုံးမှုတစ်ခု ရှိနေ၏

(ဒီကောင်... သူလုပ်ခဲ့သမျှအတွက် ငါ့အကြောင်း တစ်ခါလေး တွေးဖို့တောင် ဂရုမစိုက်ဘူး။ ငါ ဘာတွေ မျှော်လင့်နေတာလဲ။)

"ဒါဆို လောင်ချင်း၊ မင်း ဘာလို့ ဒီကို ရောက်လာတာလဲ။"

"မမလေးရဲ့အခန်းကို ပြင်ဆင်ပြီးပါပြီ။ အနားယူချင်ရင် အနားယူလို့ရတယ်၊ ဒါမှမဟုတ်... ကျန်တဲ့ အိမ်ခြံမြေတစ်ခုလုံးကို ကြည့်ချင်လား။"

"အခန်းထဲ သွားရအောင်။ ငါ အနားယူချင်ပြီ”

မည်သို့ပင်ဖြစ်စေ ထိုနေ့သည် ရှည်လျားပြီး ပင်ပန်းနွမ်းနယ်စရာကောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့၏ - တင်းမာမှုတွေနဲ့ အချိန်တိုင်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြည့်နှက်နေသည်။

အခုချိန်ထိတောင် သူမ သတိမထားမိပေ

ပိုင်ကျီဟန်သည် သူ့မအား လိုက်ခဲ့ဖို့ ဆွဲဆောင်နိုင်ခဲ့သည့်တိုင် သူ့ကို ဘယ်တော့မှ ထပ်ယုံကြည်မှာ မဟုတ်ပေ

သူမသည် လေ့ကျင့်ရေးကွင်းအစွန်းတွင် ရပ်သွားသည့်အထိ မရပ်မနား လျှောက်သွားခဲ့သည်။

ငယ်ရွယ်သော တပည့်အနည်းငယ်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာပင် ခက်ခက်ခဲခဲ လေ့ကျင့်နေရသည်။ သူမကိုမြင်တော့ သူတို့ ရပ်လိုက်ပြီး အချင်းချင်း တီးတိုးပြောဆိုကြ၏။

"ဒါ သူမလား...?"

"မသေမျိုး ဧက္ကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တဲ့သူလား?"

"သူမက မျိုးနွယ်စုအတွက် ရှက်စရာတစ်ခုလို့ ငါကြားတယ်..."

"အခုရော? သူမက အကြီးအကဲတွေထက်တောင် ပိုအားကောင်းနေလောက်ပြီ”

"ရှူးးး ကောလာဟလတွေ မပြောနဲ့! မင်း အပြစ်ပေးခံရတာကို လိုချင်လို့လား?"

ပိုင်ရှင်းယွဲ့သည် သူတို့ထဲက မည်သူ့ကိုမှ မသိပေ

သူမမျက်လုံးများက လေ့ကျင့်ရေးကွင်းထောင့်နားရှိ ဟောင်းနွမ်းပြီး အက်ကွဲနေသော သစ်သားတိုင်ကို ရောက်သွားခဲ့သည်။

ဓားချက်အနည်းငယ်က ဖုံးအုပ်ထားဆဲပင်

သူမ ဓားချက်တွေသာ

သူမသည် မနက်တိုင်း ထိုနေရာ၌ လေ့ကျင့်နေကျပင်။ ကြိုးစားအားထုတ်မှုသည် တစ်နေ့တွင် သူမအား မျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေလိမ့်မည်ဟု ယုံကြည်ခဲ့သည့်အချိန်တုန်းက…

ခါးသီးသော ရယ်သံတစ်ခုသည် သူမနှုတ်ခမ်းတွေကနေ ဖြတ်ပြေးသွား၏။

"ငါ အရမ်းရိုးအတာပဲ..."

"မင်း အခုထိရော အဲ့လိုပဲ မဟုတ်ဘူးလား?"

အသံက နောက်ကနေ ထွက်လာ၏။

ပိုင်ရှင်းယွဲ့ လှည့်ကြည့်လိုက်တော့ ပိုင်ကျီဟန်သည် လက်နောက်ပစ်ရင်း ပြုံးနေ၏

"ပိုင်ကျီဟန်”

သူမ အော်ဟစ်တော့မယောင် ဖြစ်သွား၏ မျက်လုံးတွေက ချက်ချင်းပဲ ဒေါသတွေနဲ့ ပြည့်နေသည်။

"လောင်ချင်း၊ မင်း သူမနဲ့ ဘာလုပ်နေတာလဲ?"

ပိုင်ကျီဟန်က ပေါ့ပေါ့တန်တန် မေးလိုက်ပေ၏ လောင်ချင်းကို သူ သတိထားမိလိုက်ပေသည်။

"ကျွန်မ မမလေး ပိုင်ရှင်းယွဲ့ကို အမှူထမ်းနေတာပါ”

လောင်ချင်းက ပြန်ဖြေလေ၏

ပိုင်ကျီဟန်သည် မျက်မှောင်ကြုတ်လိုက်ပေ၏ သူမ ထပ်ပြီး အနိုင်ကျင့်ခံရလိမ့်မည်ဟု တွေးနေမိသည်။

"ဟုတ်လား။ ဆက်လုပ်ပါ။"

သူက တည်ငြိမ်စွာ ပြောလိုက်၏

ပြီးတော့ ဒေါသများ ပေါက်ကွဲတော့မယ့်ပုံပေါ်သည့် ပိုင်ရှင်းယွဲ့ဘက် လှည့်လိုက်၏

(သူမရဲ့စိတ်ခံစားချက်တွေကိုတောင် မထိန်းချုပ်နိုင်ဘဲ သူမကိုယ်သူမ အရွယ်ရောက်ပြီလို့ ထင်နေတယ်။)

ပိုင်ကျီဟန်သည် သနားစိတ်နဲ့ ခေါင်းခါရုံပဲ တတ်နိုင်ခဲ့ပြီး ရန်သူတစ်ယောက်ရှေ့တွင် သူမစိတ်ခံစားချက်တွေ ပေါက်ကွဲထွက်နေတာကို ကြည့်နေလိုက်သည်။

တစ်ယောက်ယောက်သည် သူတို့၏စစ်မှန်သော စိတ်ခံစားချက်ကို ရန်သူတစ်ယောက်အား ဘယ်တော့မှ မဖော်ပြသင့်ပေ။မဟုတ်ရင် သူတို့သည် ၎င်းကို အခွင့်ကောင်းယူသွားလိမ့်မည်။

ပိုင်ရှင်းယွဲ့သည် သူမစိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်၏။ သူမ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးပြီပင်

ဒါပေမယ့် ပိုင်ကျီဟန်ရှေ့မှာတော့?

ဘယ်တော့မှ မလုပ်ဖူးပေ

သူ့၏မာနကြီးတဲ့အပြုံးကို မြင်ရုံနဲ့... သူဟာ ကမ္ဘာကြီးထက် သာလွန်သည်ဟု အော်ဟစ်နေသော သူ့၏အမူအရာ... သူ့၏ နောင်တလုံးဝမရှိမှု...

သူ့အရာအားလုံးသည် သူမကို နှလုံးသားထဲအထိ စိတ်အနှောင့်အယှက်ဖြစ်စေသည်။

All Chapters