← Chapters

ဇူယွမ်ပါဝင်လာခြင်း

Vol. 39 Ch. 540

ဇူယွမ်ပါဝင်လာခြင်း

Vol. 39 Ch. 540

ယောင်ယောင်၏ ကြည်လင်ပြတ်သားလှသော စကားသံကြောင့် ရွေးချယ်ခံများအားလုံးမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။ ဇူယွမ်သည် ထူးချွန်ထက်မြက်သော တပည့်ခေါင်းဆောင်တစ်ဦးဖြစ်ကာ ပိုင်လီချွီးကိုပင် အနိုင်တိုက်နိုင်ခဲ့ပါသော်လည်း လက်ရှိတိုက်ပွဲသည် များစွာကွာခြားလှ၏။ ရွေးချယ်ခံများသည်ပင် တိုက်ခိုက်၍မရနိုင်သော ပေတစ်သောင်းသားရဲကြီး၏ အစစ်အမှန်နဂါးရေစင်အား ဇူယွမ်မှ ထိုးဖောက်နိုင်လိမ့်မည်ဟူသောအချက်မှာ စင်စစ်အားဖြင့် ပြက်လုံးတစ်ခုခုသာပင် ဖြစ်နေလေသည်။ ထိုစကားအား ပြောသည့်သူမှာ ယောင်ယောင်ဖြစ်နေခြင်းကြောင့်သာ မည်သူကမှ ဟာသတစ်ခုအနေဖြင့် မယူဆလိုက်ခြင်း ဖြစ်သည်။

"အဟက်....မင်းက သာမန်တပည့်ခေါင်းဆောင် အဆင့်ပဲရှိတဲ့ ကောင်လေးတစ်ယောက်ကို အရမ်းတွေ မျှော်မှန်းနေတာပဲ။" ကျောင်းဇူမှ စိတ်အလိုမကျဟန်ဖြင့် စကားဆိုလိုက်သည်။ သူ့အား စောင့်ကြည့်နေသော ထန်ထန်သာရှိမနေပါက ယောင်ယောင်၏စကားအား ကျယ်လောင်စွာပင် လှောင်ပြောင်ရယ်မောလိုက်မည် ဖြစ်သည်။

ခုန်းရှန်မှလည်း စကားဆိုလိုက်၏။ "ဂျူနီယာညီမတော်ယောင်ယောင် ပေတစ်သောင်းသားရဲကို ငါတို့ရွေးချယ်ခံတွေတောင် ဘယ်လိုရင်ဆိုင်ရမလဲ မသိသေးဘူး။ အဲ့ဒါကို မင်းကဘာမဟုတ်တဲ့ တပည့်ခေါင်းဆောင်တစ်ယောက်က ဖြေရှင်းနိုင်တယ်လို့ လာပြောနေတယ်။ အဲ့လောက်တောင်မှ မူလနဂါးခြင်ဆီဝေစုကို တပ်မက်နေတာတော့ မဟုတ်ပါဘူးနော်။"

ခုန်းရှန်၏ စကားလုံးများမှာ အလွန်ပင် ခက်ထန်လှသည်။ သူသည် ယောင်ယောင်အား မူလနဂါးခြင်ဆီကို လိုချင်တပ်မက်နေသည်ဟု စွပ်စွဲလိုက်ခြင်းပင် ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူ၏စကားအားဖြင့် အခြားသော ရွေးချယ်ခံများအား ယောင်ယောင့်ကို ထောက်ခံခြင်း မပြုကြရန် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် လီချင်းချန်နှင့်ယဲ့ကယ်မှာ ယောင်​ယောင်အား အမှန်တကယ် နားလည်သိရှိသူများဖြစ်သောကြောင့် ခုန်းရှန်၏စကားကို သဘောတူလက်ခံခြင်း မရှိချေ။ လုကျင်းရှန်းနှင့် အခြားသော ရွေးချယ်ခံများမှာမူ ယောင်ယောင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဖူးသဖြင့် ခုန်းရှန်၏ စကားအား ဇဝေဇဝါ ဖြစ်ကုန်ကြရသည်။

"နင်တို့က ငါ့ကိုသံသယဖြစ်နေတာပဲ။ အဟက်...ရတယ်လေ။ ခုနက ငါ​ပြောခဲ့တာတွေကို မကြားခဲ့ဘူးလို့ပဲ မှတ်လိုက်တော့။ အစစ်အမှန်နဂါးရေစင်ကို မချိုးဖောက်နိုင်လည်း အရှုံးပေးလိုက်ကြပေါ့။" ယောင်ယောင်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် စကားဆိုလိုက်သည်။ "ထန်ထန် လာသွားကြမယ်။"

ယောင်ယောင်မှာ တိုက်ပွဲနေရာမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။

ယောင်ယောင်မှာ ကန်ရွှမ်းကလန်အတွင်း၌ ဇူယွမ်နှင့်ထန်ထန်မှလွဲ၍ မည်သူ့မျက်နှာကိုမှ ကြည့်နေမည်မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ဇူယွမ်၏ အကူအညီတောင်းမှုကြောင့်သာမဟုတ်ပါက ဤနေရာသို့ပင် ရောက်ရှိလာစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဇူယွမ်အတွက်သာ မဟုတ်ပါက တောင်ထွတ်ခုနစ်ခုလုံးမှ တပည့်များအားလုံး ပြိုင်ပွဲမှ ထွက်ခွာသွားရမည်ဆိုလျှင်ပင် သူမထိုင်ကြည့်နေမည် ဖြစ်လေသည်။

ရွေးချယ်ခံများမှာ ယောင်ယောင်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် အလွန်ပင် အံ့အားသင့်သွားရ၏။ ယခုကဲ့သို့သော သေရေးရှင်ရေး အခြေအနေမျိုးတွင်ပင် သူမသည် ၎င်းတို့အား ထားရစ်ခဲ့နိုင်လေသည်။

လီချင်းချန်မှာ လျင်မြန်စွာဖြင့်ပင် ယောင်ယောင်၏ လက်အားဆွဲထားလိုက်သည်။ သူမသည် ယောင်ယောင်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သောကြောင့် မည်သူ၏မျက်နှာကိုမှကြည့်မနေပဲ ထွက်ခွာသွားလိမ့်မည့်အကြောင်းကို ကြိုတင်သိရှိနေ၏။ စတင်ရင်းနှီးလာသော အချိန်မှစ၍ ယောင်ယောင်သည် ဇူယွမ်တစ်ဦးတည်းကိုသာ အလေးထား ဆက်ဆံတတ်သူဖြစ်ကြောင်း သူမနားလည်ခဲ့ရသည်။ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုး၌ ရွေးချယ်ခံများအား ကူညီပေးရုံသက်သက်ဖြင့် ယောင်ယောင်ဆက်လက်ရှိနေမည် မဟုတ်ချေ။

လီချင်းချန်မှာ ခုန်းရှန်နှင့်​ကျောင်းဇူအားကြည့်ကာ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "စီနီယာအကိုတော်ခုန်းရှန်၊ ဂျူနီယာမောင်တော်ကျောင်းဇူ ယောင်ယောင်က တစ်စုံတစ်ခုကို လောဘတက်ပြီး စကားပြောမယ့်သူမျိုး မဟုတ်ဘူး။ အခုလို အခြေအနေမျိုးမှာ အစစ်အမှန်နဂါးရေစင်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာ နင်တို့ရော သိလို့လား။ မသိပဲနဲ့ ဘာလို့မိန်းကလေးတစ်ယောက်ကို စကားနဲ့ ထိုးနှက်နေရတာလဲ။"

ယဲ့ကယ်မှာလည်း ပြုံးကာပြောလိုက်သည်။ "ညီမတော်ယောင်ယောင်ပြောမယ့်နည်းလမ်းက တကယ်ဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့စမ်းကြည့်ရင် သိရမှာပဲမဟုတ်လား။ ဂျူနီယာညီတော်ဇူယွမ်ဆိုတာကလည်း ကလန်ကို စရောက်လာထဲက အခုချိန်ထိ အံ့သြစရာတွေချည်းပဲ လုပ်ပြခဲ့တာလေ။ အဲ့တာကြောင့် အခုတစ်ခါလည်း အံ့သြဖို့ကောင်းလောက်အောင် အစစ်အမှန်နဂါးရေစင်ကို ထိုးဖောက်ရင်ထိုးဖောက်နိုင်မှာပေါ့။ ဘယ်သူသိနိုင်မလဲ။"

အခြားသော ရွေးချယ်ခံများမှာလည်း ယောင်ယောင်ထွက်ခွာသွားမည်ကို အလွန်ပင် စိုးရိမ်ပူပန်သွားကြသည်။ လက်ရှိအချိန်တွင် ပေတစ်သောင်းသားရဲကြီးအား အဓိကထိန်းချုပ်ပေးထားသည့်သူမှာ ယောင်ယောင်နှင့် ထန်ထန်ပင် ဖြစ်၏။ ထို့ကြောင့် ယောင်ယောင်နှင့်ထန်ထန်သာ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရွေးချယ်ခံများအားလုံး သားရဲကြီးထံတွင် ရှုံးနိမ့်သွားရပေလိမ့်မည်။

ရွေးချယ်ခံများအားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ယဲ့ကယ်၏စကားအား အလျင်အမြန်ပင် ထောက်ခံလိုက်ကြ၏။

ခုန်းရှန်နှင့် ကျောင်းဇူတို့၏အမူအရာမှာ ခက်ထန်နေရသော်လည်း မည်သို့မှမတက်နိုင်သောကြောင့် ပါးစပ်ပိတ်၍သာ နေကြရလေသည်။ ၎င်းတို့နှစ်ဦးလုံးမှာ စကားအနည်းငယ်မျှ ထိုးနှက်လိုက်ရုံမျှဖြင့် ယောင်ယောင်မှာ ယခုကဲ့သို့ ထွက်ခွာသွားရန် ပြုလုပ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။ သူမသည် အမှန်တကယ်ပင် အညှာအတာကင်းမဲ့လွန်းလှသည်။

လီချင်းချန်မှ ယောင်ယောင်အားကြည့်ကာ မေးမြန်းလိုက်သည်။ "ယောင်ယောင် ဇူယွမ်က အစစ်အမှန်နဂါးရေစင်ကို ထိုး​ဖောက်နိုင်လိမ့်မယ်ဆိုမှတော့ သူ့ကိုဒီကိုခေါ်လိုက်ပါလား။"

ယောင်ယောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဇူယွမ့်ထံသို့ စိတ်ဝိဉာဉ်ဖြင့် သတင်းစကားပါးလိုက်၏။

ဇူယွမ်မှာ ယောင်ယောင်၏သတင်းစကားအား ကြားလိုက်ရသောအချိန်၌ အလွန်ပင် အံ့အားသင့်သွားရလေသည်။ သို့သော် တွေဝေနေရန် အချိန်မရှိသောကြောင့် အတူတကွရှိနေသူများထံ အကြောင်းကြားကာ ရွေးချယ်ခံများရှိရာနေရာသို့ တစ်ဦးတည်း ပျံဝဲလာလိုက်၏။

ဇူယွမ်မှ ရောက်ရှိသွားသောအချိန်တွင် ရွေးချယ်ခံများမှာ သိလိုစိတ်ပြင်းပြနေသော မျက်ဝန်းများဖြင့် ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည်။ ဇူယွမ်အား ရင်နှီးကျွမ်းဝင်ခြင်းမရှိကြသော လုကျင်းရှန်းနှင့် ယန်းဇီရှောင်ကဲ့သို့သော ရွေးချယ်ခံများမှာ သူ၏စွမ်းဆောင်ရည်များအား အလွန်ပင် သိလိုစိတ်ပြင်းပြနေကြ၏။

"ဘာကိစ္စရှိလို့လဲ။" ဇူယွမ်မှာ ရွေးချယ်ခံများအား အရိုအသေပြုလိုက်ပြီးနောက် ယောင်ယောင်အားကြည့်ကာ မေးမြန်းလိုက်သည်။

လီချင်းချန်မှ ပေတစ်သောင်းသားရဲကြီးအားညွှန်ပြကာ ဝင်ရောက်ပြောဆိုလိုက်သည်။ "ဒီပေတစ်သောင်းသားရဲကြီးမှာ အစစ်အမှန်နဂါးရေစင်ဆိုတဲ့အရာတစ်ခု ရှိနေတယ်။ အဲ့ဒါက သူ့ကို မူလရေကန်နဲ့ ချိတ်ဆက်သွားစေတယ်။ အဲ့နဂါးရေစင်ကို ငါတို့ဘယ်လိုမှ ထိုးဖောက်လို့ မရဘူး။ ဒါပေမယ့် ယောင်ယောင်ကတော့ နင်ကထိုးဖောက်နိုင်လိမ့်မယ်လို့ ငါတို့ကို ပြောတယ်။"

လီချင်းချန်၏ အမူအရာမှာ အနည်းငယ် တွေဝေနေဟန် ရှိ၏။ ရွေးချယ်ခံများမှာလည်း ဇူယွမ်အား မျက်တောင်ပင်မခတ်ပဲ ကြည့်ရှုနေကြလေသည်။

ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသော်လည်း ယောင်ယောင်အား ​ယုံကြည်သောကြောင့် တည်ငြိမ်စွာဖြင့်ပင် စကားဆိုလိုက်သည်။ "အဲ့ဝါကျင့်ကျင့်အရည်တွေက အစစ်အမှန်နဂါးရေစင်ပေါ့လေ...အဟက်။"

ရွေးချယ်ခံများမှာ အလွန်ပင် တည်ငြိမ်ကာ ယုံကြည်ချက်ပြည့်ဝနေသော ဇူယွမ်၏ အမူအရာကြောင့် အံ့အားသင့်ကုန်ကြရ၏။

"ဒါက ကျွန်တော့်အတွက် ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ယောင်ယောင်နဲ့ နှစ်ယောက်ထဲ သီးသန့်ဆွေးနွေးဖို့ လိုအပ်တယ်။" ဇူယွမ်မှာ ပြုံးကာပြောလိုက်ပြီးနောက် ယောင်ယောင်၏လက်အားဆွဲကာ လူမရှိသောနေရာတစ်ခုသို့ ပျံသန်းထွက်ခွာလာလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော နေရာတစ်ခုသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ယုံကြည်ချက် ပြည့်ဝနေသော ဇူယွမ်၏မျက်နှာမှာ ဇီးရွက်မျှသာ ကျန်ရှိတော့၏။ "အမကြီးယောင်ယောင်ရယ် ဘယ်လိုတွေ လုပ်လိုက်တာလဲ။ ရွေးချယ်ခံတွေတောင် ဘာမှမတက်နိုင်တဲ့ အစစ်အမှန်နဂါးရေစင်ကို ကျွန်တော်က ထိုးဖောက်နိုင်မယ်တဲ့လား။ ကျွန်တော် အရင်က မလိမ္မာခဲ့လို့ အခုအတိုးချဆုံးမနေတာလားဟင်။"

ယောင်ယောင်မှာ ချက်ချင်းပင် ပြောင်းလဲသွားသော ဇူယွမ်၏အမူအရာအားကြည့်ကာ ရယ်ချင်ပက်ကျိ ဖြစ်နေရ၏။ "အမယ်...ခုနကနင်ပဲ အရမ်းတွေ ယုံကြည်ချက် ပြည့်ဝနေတာ မဟုတ်ဘူးလား။"

ဇူယွမ်မှာ နှုတ်ခမ်းအစုံအား ရှုံ့မဲ့လျက် စကားဆိုလိုက်၏။ "သူတို့မျက်နှာတွေက အရမ်းကို သံသယဝင်နေတာ အသိသာကြီးကို ကျွန်တော်က အားနည်းပြစရာလား။ အထူးသဖြင့် ခုန်းရှန်နဲ့ကျောင်းဇူရှေ့မှာ ဟိတ်ဟန်နဲ့ နေပြရမှာပေါ့။ မဟုတ်ရင် အဲ့ကောင်တွေက လှောင်လို့ပြီးတော့မှာ မဟုတ်ဘူး။"

ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်မှသူများ၏ရှေ့တွင် အားနည်းသည့်အသွင်သဏ္ဍာန်အား မည်သည့်အခါတွင်မှ ထုတ်ဖော်ပြသနေမည် မဟုတ်ပေ။

ထို့အပြင် ယောင်ယောင်မှာ စကားတစ်ခွန်းအား လက်လွတ်စပယ် ပြောဆိုတက်သည့်သူတစ်ဦးမဟုတ်သောကြောင့် သူမထံတွင် အစီအစဉ်တစ်ခု သေချာစွာ ရှိနေလိမ့်မည်ပင် ဖြစ်သည်။

ယောင်ယောင်မှာ ပေတစ်သောင်းသားရဲကြီးအားကြည့်ကာ ပြောလိုက်သည်။ "အစစ်အမှန်နဂါးရေစင်က တကယ်ကို ပြဿနာတစ်ခုပဲ။ ရွေးချယ်ခံတွေ ဘယ်လိုပဲ ကြိုးစားကြိုးစား ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နင်ကတော့ မတူဘူး။"

"ဘာလို့လဲ။" ဇူယွမ်မှ သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"အစစ်အမှန်နဂါးရေစင်က မူလနဂါးသွေးကြောကလာတဲ့ နဂါးချီတွေနဲ့ ဖြစ်တည်လာတဲ့အရာပဲ။"

ယောင်ယောင်မှ ဖြည်းညင်းစွာပင် ဆက်လက်ရှင်းပြလိုက်သည်။ "ဒီလောကကြီးမှာ နဂါးချီအမျိုးအစားတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့အားလုံးရဲ့ မူလအစကတော့ တူတူပဲ။ တခြားသူတွေက ဘယ်လိုပဲ ကြိုးစားကြိုးစား အဲ့အစစ်အမှန်နဂါးရေစင်ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နင်ကတော့ မြင့်မြတ်သောနဂါးကောင်းချီးရှိနေတဲ့အတွက် ဖြစ်နိုင်တယ်။"

"မြင့်မြတ်သောနဂါးကောင်းချီး ရှိနေလို့ကိုး။" ဇူယွမ်မှာ အကြောင်းပြလျက်အား နားလည်သဘောပေါက်သွားရ၏။

"အဲ့တော့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။"

"ပေတစ်သောင်းသားရဲကြီးက ကြောက်စရာကောင်းတယ်ဆိုပေမယ့် သူကတကယ့်သားရဲတစ်ကောင်မဟုတ်ပဲ မူလရေကန်ကနေ ဖြစ်ပေါ်လာတဲ့အရာ ဖြစ်တဲ့အတွက် အသိဉာဏ်အကန့်အသတ်ရှိတယ်။ နင်က မြင့်မြတ်တဲ့နဂါးကောင်းချီး နည်းနည်းလောက်ကို အစစ်အမှန်နဂါးရေစင်နဲ့ ပေါင်းစပ်ဖို့ နည်းလမ်းရှာလိုက်ရုံပဲ။ အဲ့ကြရင် အစစ်အမှန်နဂါးရေစင်ရဲ့ အစွမ်းသတ္တိတွေက အချိန်နည်းနည်းကြာတဲ့အထိ ပျောက်ဆုံးသွားလိမ့်မယ်။ အဲ့တော့မှ ငါတို့က အပြင်းအထန် တိုက်ခိုက်လိုက်ရုံပဲ။" ယောင်ယောင်မှ ပြုံးကာပြောလိုက်သည်။

ဇူယွမ်မှာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ ခက်ခက်ခဲခဲ လုပ်ဆောင်ရမည့် အရာမျိုး မရှိပါချေ။

"ဟုတ်ပြီ။ အဲ့ဒါဆို အမကြီးယောင်ယောင်ရဲ့ အစီအစဉ်အတိုင်းပဲ ဆက်သွားကြတာပေါ့။" ဇူယွမ်မှ ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပေတစ်သောင်းသားရဲကြီးအား အနိုင်ရရှိနိုင်ရန်မှာ အားလုံး၏ဆန္ဒပင် ဖြစ်၏။ ထို့ကြောင့် ဇူယွမ်မှာ ဤတိုက်ပွဲ၌ ပါဝင်ရခြင်းအပေါ် စိတ်မသက်မသာ မဖြစ်မိပေ။

ယောင်ယောင်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "နင်လုပ်ရမှာပါ မပူပါနဲ့။ ဒါပေမယ့် အရင်ဆုံး နင်ရသင့်တာ ရဖို့လိုသေးတယ်။"

ထို့နောက် ဇူယွမ်တို့နှစ်ဦးမှာ ရွေးချယ်ခံများရှိရာသို့ ပြန်လည်ပျံသန်းလာကြသည်။

"ဆွေးနွေးလို့ ပြီးသွားပြီပေါ့။ အဲ့တော့ မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလား။" ကျောင်းဇူမှာ စိတ်အလိုမကျဟန်ဖြင့် မေးမြန်းလိုက်၏။

"အစစ်အမှန်နဂါးရေစင်ကို ဇူယွမ်ပဲ ကိုင်တွယ်လိမ့်မယ်။" ယောင်ယောင်မှ စကားဆိုလိုက်သည်။

"ဒါပေမယ့်....."

ယောင်ယောင်သည် ရွေးချယ်ခံများအားကြည့်ကာ ဆက်လက်ပြောဆိုလိုက်၏။ "အစစ်အမှန်နဂါးရေစင်ကို ကိုင်တွယ်ပေးရမှာက တော်တော်ကြီးမားတဲ့ လုပ်ဆောင်ချက်ပဲ။ အဲ့ဒါကြောင့် ပေတစ်သောင်းသားရဲကြီးကို အနိုင်ရပြီးသွားရင် ရလာမယ့်မူလနဂါးခြင်ဆီရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ဇူယွမ့်ကို ပေးရမယ်။"

"သုံးဆယ်ရာခိုင်နှုန်း...."

ရွေးချယ်ခံများမှာ ယောင်ယောင်၏စကားကြောင့် အလွန်ပင် လန့်ဖြန့်ကုန်ကြ၏။

ကျောင်းဇူမှာ အေးစက်ခက်ထန်စွာဖြင့်ပင် အော်ဟစ်လိုက်သည်။

"စိတ်ကူးယဉ်နေတာလား။ သာမန်တပည့်ခေါင်းဆောင်လေးကိုများ သုံးဆယ်ရာခိုင်နှုန်း ပေးရမယ်တဲ့လား။ ဖြစ်နိုင်လား စဉ်းစားလေ။"

"ငါလုံးဝ သဘောမတူနိုင်ဘူး။"

All Chapters