← Chapters

သဘာဝလွန်နယ်ပယ် ဧရာမဝေလငါးနည်းပညာ။ ဒေါသကြီးသော ပင်လယ်ကြီး၏ ဧရာမဝေလငါးကြီး။ (၂)

Vol. 20 Ch. 286

သဘာဝလွန်နယ်ပယ် ဧရာမဝေလငါးနည်းပညာ။ ဒေါသကြီးသော ပင်လယ်ကြီး၏ ဧရာမဝေလငါးကြီး။ (၂)

Vol. 20 Ch. 286

နတ်ဆိုးအမြုတေကို အဓိကထား၍ နတ်ရှေးဟောင်းမိသားစုမှ ဖော်စပ်ထားသောဆေးနှင့် အမှန်တကယ် ထိုက်တန်သော မိစ္ဆာသိုင်းဆေး၏ အစွမ်းထက်မှုကြောင့် စူးချန်ခုန်း စိတ်ထဲ သဘောကျနေမိသည်။

တခြားတစ်ယောက်ဆိုရင် ဆေးချက်နည်းနဲ့ နတ်ဆိုးအမြုတေရ ရှိနေရင်တောင် စူးချန်ခုန်းလို မိစ္ဆာသိုင်းဆေးကို သန့်စင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ အဂ္ဂိရတ်ပညာမှာ အောင်မြင်မှု ကြီးကြီးမားမားရထားတဲ့ သူတစ်ယောက်ဆိုရင်တောင် ဆေးလုံးသန့်စင်မှုမှာ ကျရှုံးနိုင်ခြေ အမြဲရှိနေလို့ဖြစ်သည်။

စူးချန်ခုန်းဟာ မိစ္ဆာသိုင်းဆေးကနေ ဆေးစွမ်းအားကို စုပ်ယူဖို့ အစွမ်းကုန် ကြိုးစားအားနေချိန်မှာ နေ့ရက်တွေဟာ ငြိမ်းချမ်းမှုအတိသာ။ နေ့တိုင်းလိုလို သူ့ရဲ့ ဧရာမဝေလငါးနည်းပညာဟာ သိသိသာသာတိုးတက်ခဲ့ပြီး သူ့ရဲ့ စစ်မှန်တဲ့ချီစွမ်းအားက ပိုမိုခိုင်မာလာကာ သူ့ရဲ့ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး သူ့ရဲ့ဆဲလ်တွေဟာ ကွဲထွက်ကြီးထွားလာခဲ့သည်။ ဆဋ္ဌမအဆင့်မှာရှိတဲ့ သူ့ရဲ့ ဧရာမဝေလငါးနည်းပညာဟာ အကန့်အသတ်ကို အလျင်အမြန်ရောက်ရှိပြီး နယ်ပယ်အသစ်တစ်ခုဆီကို တွန်းပို့နိုင်ခဲ့သည်။

ပထမဆုံး မိစ္ဆာသိုင်းဆေးကို သန့်စင်ဖို့ စူးချန်ခုန်းဟာ တစ်လခွဲကြာခဲ့သည်။

တစ်လခွဲအကြာမှာ စူးချန်ခုန်းက သူ့ရဲ့အိမ်ကြီးမှာ ပြင်ဆင်ထားတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ လေ့ကျင့်ရေးခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေပြီး မိစ္ဆာသိုင်းဆေးလုံးကနေ နောက်ဆုံးစွမ်းအင်အနည်းငယ်ကို အပြည့်အဝစုပ်ယူနေချိန်မှာ သူ့ရဲ့ အသက်ရှူသံတွေက စည်းချက်ညီညီနဲ့ တည်ငြိမ်နေသည်။

“ဝူး”

အခန်းထဲမှာ လေပြင်းတိုက်ခတ်သံတွေ ထွက်ပေါ်လာပြီး လှိုင်းလုံးတွေရဲ့ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စူးချန်ခုန်းရဲ့ ခန္ဓာကိုယ်က ဂျွတ်ဂျွတ်ဂျက်ဂျက်အသံတွေ ထွက်ပေါ်လာကာ သူ့ရဲ့ဆဲလ်တွေ ကွဲထွက်ပြီး ကြီးထွားလာသလိုပင်။ အရင်ဆုံး နာကျင်မှု.. ထို့နောက် တစ်ခါမှ မကြုံဖူးတဲ့ ရိုးရိုးယွယွနဲ့ သက်တောင့်သက်သာရှိမှု။

ဧရာမဝေလငါးနည်းပညာ (သတ္တမအဆင့် နက်နဲသော ကျွမ်းကျင်မှု ၁%)

“အဆင့်တက်သွားပြီပဲ”

သူ့ရဲ့ အရည်အချင်းပြဘောင်ကွက်ကို ဖွင့်လိုက်တော့ သတ္တမအဆင့်ကို ရောက်ရှိသွားတဲ့ ဧရာမဝေလငါးနည်းပညာကို မြင်လိုက်ရတဲ့အခါ စူးချန်ခုန်းရဲ့ မျက်နှာပေါ်မှာ ကျေနပ်တဲ့ အပြုံးတစ်ခု ပေါ်လာလေ၏။

မိစ္ဆာသိုင်းဆေးတစ်လုံးတည်းကို အပြည့်အဝစုပ်ယူဖို့ တစ်လခွဲကြာခဲ့ပြီး စူးချန်ခုန်းရဲ့ ဧရာမဝေလငါးနည်းပညာလည်း သူ့ရဲ့ပိတ်ဆို့မှုတွေကို ချိုးဖျက်ပြီး သတ္တမအဆင့်ကို ရောက်အောင် တက်လှမ်းနိုင်ခဲ့သည်။

ဧရာမဝေလငါးနည်းပညာ။ ဒေါသတကြီးလှိုင်းလုံးများ ကမ်းကိုရိုက်ခတ်ခြင်း။

စူးချန်ခုန်းဟာ ဧရာမဝေလငါးချီစွမ်းအင်ကို လည်ပတ်ဖို့ ကြိုးစားပြီး လက်ဖဝါးတစ်ဖက်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။

“ဘုန်း”

လေထဲမှာ ကျယ်လောင်တဲ့ ဆူနာမီအသံတစ်ခု ထွက်ပေါ်လာပြီး လေအများအပြားကို ဖိသိပ်ပြီး ပေါက်ကွဲစေခဲ့သည်။ အပြာရောင် ဧရာမဝေလငါးချီစွမ်းအင်ဟာ လှိုင်းအလွှာတွေလို ပေါ်လာပြီး ထူထဲခိုင်မာတဲ့မြို့ရိုးတွေနဲ့ သံတွေကို အလွယ်တကူ ဖုန်မှုန့်အဖြစ် ချေမှုန်းနိုင်သည်။

အချိန်အတော်ကြာပြီးနောက် လေထဲမှာ ကျန်ရှိနေတဲ့ အားတွေ ပျောက်ကွယ်သွားပြီး တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာခဲ့သည်။

“သန်မာလိုက်တာ... မယုံနိုင်လောက်အောင် သန်မာတယ်.. ဧရာမဝေလငါးဂိုဏ်းရဲ့ ထိပ်တန်းကျွမ်းကျင်မှုဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ကိုက်ညီတယ်။ သတ္တမအဆင့်ကိုရောက်တဲ့အခါ တိုက်ခိုက်ရေးစွမ်းအား တိုးလာတာက နဝမအဆင့်က လိပ်အသက်ရှူနည်းပညာထက် မနည်းဘူးပဲ။”

စူးချန်ခုန်းက မအံ့ဩ မချီးမွမ်းဘဲ မနေနိုင်ခဲ့။

လိပ်အသက်ရှူနည်းပညာနှင့် နှိုင်းယှဉ်ပါက လိပ်အသက်ရှူနည်းပညာဟာ ခံစစ်ကို အထူးပြုပြီး ဧရာမဝေလငါးနည်းပညာကတော့ တိုက်စစ်ကို အထူးပြု၍ ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသောကြောင့် မတူညီတဲ့ရှုထောင့်တွေကို အထူးပြုကြလေသည်။

အဲဒီတုန်းက စစ်ခုန်းယုံဟာ သူ့ရဲ့ အထွတ်အထိပ်မှာ ဧရာမဝေလငါးနည်းပညာက သတ္တမအဆင့်ရဲ့ စံနှုန်းမှာ ရှိနေခဲ့ပုံရသည်။ သူ့ရဲ့ လေ့ကျင့်နိုင်စွမ်းနဲ့ ဧရာမဝေလငါးဂိုဏ်းတစ်ခုလုံးက ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေကြောင့် သူဟာ အသက်သုံးဆယ်ကျော်မှာ ဒီအဆင့်ကို ရောက်ရှိနိုင်ခဲ့သည်။

သို့ပေမယ့် စူးချန်ခုန်းရဲ့ ဧရာမဝေလငါးနည်းပညာတစ်ခုတည်းက ဧရာမဝေလငါးနည်းပညာကို အထူးပြုတဲ့ စစ်ခုန်းယုံထက် မနိမ့်ကျပါ။

သို့ပေမယ့် စူးချန်ခုန်းက ကျေနပ်မှုမရှိသေးပါ။

“ငါ့မှာ မိစ္ဆာသိုင်းဆေးနှစ်လုံး ကျန်သေးတယ်။ အဲ့တာတွေက ငါ့ရဲ့ ဧရာမဝေလငါးနည်းပညာကို အဋ္ဌမအဆင့်အထိ မြှင့်တင်ပေးနိုင်မလား”

ကျောက်စိမ်းပုလင်းထဲက မိစ္ဆာသိုင်းဆေးနှစ်လုံးကိုကြည့်ရင်း သူ့ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့သည်။

သတ္တမအဆင့်မှာရှိတဲ့ ဧရာမဝေလငါးနည်းပညာဟာ အလွန်အစွမ်းထက်ပြီး အဋ္ဌမအဆင့်ကို ရောက်ရှိခြင်းဟာ အရည်အသွေးပြောင်းလဲမှုတစ်ခုကို ယူဆောင်လာမှာ သေချာပါသည်။ နဝမအဆင့်မှာရှိတဲ့ လိပ်အသက်ရှူနည်းပညာကို အပြည့်အဝ ဖိနှိပ်နိုင်မှာပင်။

သူရွေးချယ်ထားတဲ့လမ်းကြောင်းကို စိတ်ပိုင်းဖြတ်ထားတဲ့ စူးချန်ခုန်းဟာ ဒုတိယမြောက် မိစ္ဆာသိုင်းဆေးလုံးကို ချက်ချင်းမျိုချပြီး စုပ်ယူမှုလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

စူးချန်ခုန်းဟာ ပထမဆုံး မိစ္ဆာသိုင်းဆေးကို စုပ်ယူဖို့ တစ်လခွဲကြာခဲ့ပေမယ့် ဧရာမဝေလငါးနည်းပညာ သတ္တမအဆင့်ကိုရောက်နောက် သူ့ရဲ့ ဆေးစုပ်ယူမှုအမြန်နှုန်းဟာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ စူးချန်ခုန်းဟာ ဒုတိယမြောက်ဆေးကို စုပ်ယူဖို့ တစ်လလောက်ကြာမယ်လို့ ခန့်မှန်းထားသည်။

ဧရာမဝေလငါးနည်းပညာ (သတ္တမအဆင့် နက်နဲသောကျွမ်းကျင်မှု ၇၀%)

ရက်နှစ်ဆယ်အကြာတွင် ဒုတိယမိစ္ဆာသိုင်းဆေးလုံးကို လုံးဝစုပ်ယူနိုင်ခဲ့ပြီး စူးချန်ခုန်း၏ ဧရာမဝေလငါးနည်းပညာသည် သိသိသာသာ တိုးတက်လာသော်လည်း အဋ္ဌမအဆင့်သို့ တက်လှမ်းရန် အလှမ်းဝေးနေသေးသည်။

“စစ်ခုန်းယုံသာ အသက်ရှင်နေပြီး သေတဲ့အထိ ခက်ခက်ခဲခဲ လေ့ကျင့်ရင်တောင် သူအဆင့်ရှစ်သို့ မရောက်လောက်ဘူးမလား။”

စူးချန်ခုန်းသည် ဧရာမဝေလငါးနည်းပညာ၏ နောက်ပိုင်းအဆင့်များမှ အခက်အခဲကြီးကြီးမားမားကြောင့် မညည်းညူဘဲ မနေနိုင်ခဲ့။ အကယ်၍ စစ်ခုန်းယုံသာဆိုရင် ပုံမှန်အခြေအနေတွင် သူ့ဘဝမှာ အဆင့်ရှစ်သို့ မရောက်နိုင်သော်လည်း ကံကောင်းထောက်မစွာနှင့် အဆင့်တက်ဖို့ အခွင့်အရေး ပေါ်ပေါက်လာနိုင်သည်။

ဧရာမဝေလငါးဂိုဏ်း၏သမိုင်းတွင် ဧရာမဝေလငါးနည်းပညာကို လေ့ကျင့်ခဲ့သော ဂိုဏ်းခေါင်းဆောင်အားလုံးတွင် တစ်ဦး နှစ်ဦးသာ အဆင့်ရှစ်သို့ ရောက်နိုင်ခဲ့ပြီး ထိုအဆင့်သို့ ရောက်ရှိပြီးနောက် သူတို့သည် အသက်ကြီးပြီး အားနည်းနေပြီဖြစ်သောကြောင့် ဧရာမဝေလငါးနည်းပညာ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်း မရှိပေ။

တွန့်ဆုတ်ခြင်းမရှိဘဲ စူးချန်ခုန်းသည် သူ့ပါးစပ်ကိုဟပြီး နောက်ဆုံးမိစ္ဆာသိုင်းဆေးလုံးကို မျိုချကာ ဧရာမဝေလငါးနည်းပညာကို ဆက်လက်လေ့ကျင့်ပြီး အဋ္ဌမအဆင့်သို့ တစ်ခါတည်း တွန်းပို့နိုင်ရန် မျှော်လင့်ချက်ဖြင့် ဆက်လက်လေ့ကျင့်ခဲ့သည်။

နောက်ထပ်ဆောင်းရာသီတစ်ခု ရောက်လာတော့ စူးချန်ခုန်းသည် အသက်နှစ်ဆယ်ပြည့်ခဲ့လေပြီ။

အလွန်အေးသောညတစ်ညတွင် တာ့ဖုန်းပြည်နယ်မြို့၏ လူစည်ကားသောလမ်းများ၌ပင် လူဦးရေနည်းပါးလာ၏။

လေ့ကျင့်ရေးခန်းအတွင်းတွင် အဝတ်အစားပါးပါးလေးဝတ်ဆင်ထားသော စူးချန်ခုန်းသည် အအေးဒဏ်ကို လုံးဝမခံစားရဘဲ အသက်ရှူသွင်းရှူထုတ်နေလေ၏။ သူသောက်ခဲ့သော တတိယမြောက်မိစ္ဆာသိုင်းဆေးသည် လုံးဝနီးပါးစုပ်ယူခံလိုက်ရလေပြီ။

သူ၏ စစ်မှန်သောချီစွမ်းအင် အထွတ်အထိပ်သို့ ရောက်ရှိသောအခါ ဧရာမဝေလငါး နတ်ဘုရားစွမ်းအင် ပန်းချီကားသည် စူးချန်ခုန်း၏စိတ်ထဲတွင် ပေါ်လာသည်။

စူးချန်ခုန်းသည် ဧရာမဝေလငါးနတ်ဘုရားစွမ်းအင် ပန်းချီကားကို ဧရာမဝေလငါးဂိုဏ်းထံ ပြန်ပေးခဲ့သည်။ ဧရာမဝေလငါးနည်းပညာတွင် ထိုအဆင့်သို့ ရောက်ရှိပြီးနောက် ၎င်း၏အနှစ်သာရကို ဖမ်းယူပြီး နတ်ဘုရားစွမ်းအင်ပန်းချီကားကို သူ့စိတ်ထဲတွင် စွဲမြဲစေခဲ့သည်။

အဆုံးမဲ့သမုဒ္ဒရာထဲတွင် ဧရာမဝေလငါးတစ်ကောင်က ကြီးမားကျယ်ပြန့်လွန်းသောကြောင့် သေးငယ်သွားပုံရသည့် ကျားနှင့်ဆင်များက ပေါ့ပေါ့ပါးပါး လူးလွန့်နေသည့်နှယ်။

“ဂျုန်း”

သမုဒ္ဒရာအတွင်းတွင် ရုတ်တရက် မိုးချုန်းသံများ ထွက်ပေါ်လာပြီး မိုးတိမ်မည်းများကြားတွင် လျှပ်စီးများ ထွက်ပေါ်လာကာ နားကွဲမတတ် မိုးကြိုးပစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်လျက် နေ့ရက်များ၏ အဆုံးသတ်သို့ ရောက်ရှိနေသကဲ့သို့ မြင်ကွင်းတစ်ခုကို ဖန်တီးနေလေ၏။

“ဝူး”

သို့သော် ၎င်းသည် သမုဒ္ဒရာအတွင်းရှိ ဧရာမဝေလငါးကြီးကို ဒေါသထွက်စေရုံသာ ဖြစ်ပုံရသည်။ မိုးကြိုးများကို ရင်ဆိုင်ရင်း ၎င်းသည် စူးရှသော အသံမြင့်မြင့်ဖြင့် ပဲ့တင်ထပ်ကာ ဟိန်းဟောက်သံကို ထုတ်လွှင့်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်သည် မှောင်မိုက်သွားပြီး အဆုံးမရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ကာ သမုဒ္ဒရာတစ်ခုလုံး လှိမ့်တက်လာပြီး ဧရာမလှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

All Chapters