အံ့သြဖွယ်ရာ ဓားသိုင်း)
Vol. 16 Ch. 212
ထိုစကားကြောင့် လီယုဟန်ရဲ့မျက်လုံးက ချက်ချင်းအေးစက်သွားခဲ့သည်။
"ဘာကို အရှင်မင်းကြီးလဲ..။ အဲ့ဒီသုံးစားမရတဲ့မင်းကြီးနဲ့ ငါတို့ခေါင်းဆောင်နဲ့ မနှိုင်းနဲ့။ ငါတို့ခေါင်းဆောင်က တုနှိုင်းမမှီတဲ့ ပုဂ္ဂိုလ်ပဲ”
သူမရဲ့ စကားဆုံးတာနဲ့ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေ များစွာ ဝဲပျံလာခဲ့သည်။ ကျောက်တုံးတွေရဲ့အရှိန်က လေထုကိုပင် ဖြိုခွဲသွားဟန်ရှိ၏။ဒါက ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအင်ပဲ။
ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားက ကွာခြားမှုသည် လွန်စွာ မြင့်မား၏။
ဒါပေမဲ့ ကျောက်ကောင်းက တော်ဝင်ရုံးတော်ထဲမှာ နှစ်ပေါင်းများစွာ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ သူပဲ။ လီယုဟန် ဘယ်လိုလုပ် အလွယ်တကူ အနိုင်ရနိုင်မှာလဲ။သူ့ရဲ့ လက်ထဲမှာဖုံးကွယ်ထားတဲ့ နည်းစနစ်များစွာ ရှိသည်။
ဒါပေမဲ့ လျိုချင်းချန်ရဲ့ ရှေ့မှာတော့ လွယ်ကူစွာ ထုတ်မပြခဲ့ဘူး။
လျိုချင်းချန်ကလည်း ကျောက်ကောင်းရဲ့ စိုးရိမ်မှုကို နားလည်ဟန်ရှိသည်။ သူမက ရယ်မောလိုက်ပြီး စိတ်ထဲမထားခဲ့ပေ။ ထို့နောက်မှာ လီယုဟန်ရှိရာသို့လှည့်လိုက်ပြီး...
"အဲဒီ သုံးစားမရတဲ့ ဓားပြက အရှင်မင်းကြီးထက် သာလွန်ပါတယ် ပြောတာ ကမ္ဘာပေါ်မှာ နင်ကပထမဦးဆုံးပဲ ဖြစ်ရမယ်၊ ငါနင့်ကို သတ်ပြီးတာနဲ့ နင်ပြောနေတဲ့အဲဒီပုဂ္ဂိုလ်က ဘယ်လောက်တောင်မှ မြင့်မြတ်လဲဆိုတာ သေချာလေး ကြည့်ခဲ့မယ်”
လျိုချင်းချန်ကလည်း ဒုတိယအဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ဒါပေမဲ့သူမရဲ့ကျင့်ကြံမှုက ကျောက်ကောင်းထက် များစွာမြင့်မား၏။ ဒါ့အပြင် သူမက တိုင်းပြည်ရေးမှာ ဝင်ရောက်ပတ်သက်ခြင်း မရှိဘဲ ကျောင်းဝန်းအတွင်းမှာ ကျင့်ကြံရသူတစ်ဦးဖြစ်သည်။ သူမအတွက်ကျင့်ကြံနိုင်တဲ့ နည်းလမ်းတွေက ပိုမိုများပြား၏။ ထို့ကြောင့် သူမရဲ့ကျင့်ကြံမှုက ထျန်းလင်ဂိုဏ်းမှာရှိတဲ့ လီယုဟန်ထက် ဘာကြောင့် နိမ့်ကျစရာရှိမှာလဲ..။
အလင်းဓားတို့ရဲ့ ရိုက်ခတ်သံကအခန်းတစ်ခုလုံးမှာ ပြည့်နှက်နေခဲ့သည်။
အချိန်ကြာသည်အထိ လီယုဟန်နဲ့ သူမတို့ တိုက်ခိုက်နေကြ၏။
ဒါပေမဲ့ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သန်မာမှုက အထင်သေးလို့မရပေ။ မဟုတ်ရင် ပထမအဆင့်ကျင့်ကြံသူကိုဘာကြောင့်များ မသေမျိုးနယ်ပယ်လို့ ခေါ်ဆိုကြမှာလဲ။
သူတို့ရဲ့သန်မှာမှုကတကယ်ကို သာမန်သေမျိုးတွေထက် ကျော်လွန်နိုင်၏။
အခြေအနေတိုင်းမှာ လီယုဟန်ကအပေါ်စီးက တိုက်ခိုက်နိုင်ခဲ့သည်။သူမထံကနေ ပစ်လွှတ်တဲ့ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေက ပိုမိုကြမ်းတမ်းလာ၏။ အခန်းတစ်ခုလုံးထဲမှာ ပျံဝဲနေခဲ့သည်။
"ဘာလိုများသူမရဲ့သိုင်းထဲကနေ ဖျော့တောတဲ့ နဂါးစွမ်းအင်ကိုအာရုံခံလို့ ရနေတာလဲ"
လျိုချင်းချန်အတွက် ရှကျိုးယွီနဲ့ အတူရှိခဲ့ချိန်သည် ကျောက်ကောင်းထက် ပိုမိုများပြားသည်။ ထို့ကြောင့် မကြာခင်မှာဘဲ လီယုဟန်ရဲ့ သိုင်းပညာထဲကနေ ထူးဆန်းမှုတစ်ချို့ကို အာရုံခံမိသွား၏။ သူမချက်ချင်းဘဲ ကြောက်ရွံ့သွားခဲ့သည်။
"ဖြစ်နိုင်တာ အရှင်မင်းကြီးများ...."
လျိုချင်းချန် ရှေ့ဆက် မတွေးရဲတော့ပေ။ သူမအနေနဲ့ အဖြေကိုသိပြီးသားပဲ။
ဘယ်သူမှ နားမလည်နိုင်အောင်နက်ရှိုင်းလွန်းတဲ့ အတွေးအခေါ်ကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အခုလို ကံတရားကို ကြုံတွေ့ရမှာလဲ…။
အဲဒီသူခိုးက တစ်နေရာကနေ အခွင့်အရေးယူပြီး အရှင်မင်းကြီးရဲ့နဂါးစွမ်းအင်ကို ခိုးယူနိုင်ခဲ့တာပဲ ဖြစ်ရမည်။
ချက်ချင်းပဲ လျိုချင်းချန်ရဲ့ နှလုံးသားထဲက ဒေါသတို့ တောက်လောင်လာခဲ့သည်။
"ဘယ်လိုသူခိုးကများ တရှားတိုင်းပြည်ရဲ့ အနာဂတ်ကို ခိုးရဲတာလဲ။ သေသင့်တယ်”
သူမအံကြိတ်ပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။ ချက်ချင်းပဲ လျိုချင်းချန်ရဲ့ ပတ်ဝန်းကျင်မှာ လေပြင်းတစ်ချက် တိုက်သွားကာ အင်္ကျီစတို့ လွင့်သွားသည်။
ဆရာမရဲ့ အချက်ပေးမှုကို မြင်လိုက်တာနဲ့ ကျူးကော့ချင်းအာလည်း ချက်ချင်းပဲ လက်ထဲကဓားကို လှမ်းပစ်ပေးလိုက်သည်။
အစိမ်းရောင်ဓားရှည်ရဲ့ အလင်းက အခန်းရဲ့ မြင်ကွင်းထဲကို သက်တန့်တစ်ခုလိုမျိုး ငွေရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်သွားစေသည်။
တော်ဝင်ဆရာမကြီးဆိုတာ အလကားရလာတဲ့ ဂုဏ်ပုဒ်တစ်ခုမဟုတ်ဘူး။ တော်ဝင်ဆရာမကြီးရဲ့ ဓားသိုင်းပညာကို အပြင်လူတွေ မှန်းဆနိုင်စရာလား။ သူမရဲ့ ဓားသိုင်းက လူတွေအလွယ် ခန့်မှန်းနိုင်တဲ့အထိ ညံ့ပါ့မလား..။
လျိုချင်းချန်ကို တာအိုးအရည်အချင်းကြောင့် လူသိများကြသည်။ ဒါပေမဲ့ လူတွေမသိကြတဲ့ အကြောင်းရင်းတစ်ခုက သူမသည် တစ်ချိန်က အဖြူရောင်ဝတ်စုံနဲ့ သိုင်းလောကအတွင်းလှည့်ပတ်သွားလာခဲ့ပြီး ဓားသိုင်းပညာနဲ့ လူအများကြီးကို အနိုင်ယူခဲ့တယ်ဆိုတဲ့ အချက်ပဲ။
လီယုဟန်လည်း ပထမဆုံးအကြိမ် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ခေါင်းဆောင်ဖူမဲ့က လွဲရင် သူမကို ဘယ်သူကမှ ဖိနှိပ်နိုင်တဲ့ခံစားချက် မပေးစွမ်းနိုင်ခဲ့ဖူးဘူး။
ဒါ့အပြင် တစ်ဖက်သူက ဒုတိယအဆင့်ကျင့်ကြံသူသာ ဖြစ်သည်။ သူမတို့ရဲ့ ကျင့်ကြံမှုကြားက ကွာဟချက်က မြင့်မား၏။
လီယုဟန် သူမရဲ့ ရန်သူကို အထင်မသေးရဲတော့ပေ။ထိုအချိန်မှာ သူမပြန်လည် စဉ်းစားမိသွားသည်။
ခေါင်းဆောင်ဖူမဲ့ရဲ့ မူရင်းအစီအစဥ်က သူမကို ဟွမ်ပထျန်းနဲ့အတူ သွားရောက်တိုက်ခိုက်စေဖို့ပင်။ ထို့ကြောင့် သူမအနည်းငယ် ရှုပ်ထွေးခဲ့သေးသည်။ သူမက ပထမအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။သူမအနေနဲ့တိုင်းပြည်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိနေပြီ မဟုတ်ဘူးလား..။ ဘာကြောင့်များ လူတစ်ယောက်ကို အနိုင်ယူဖို့အတွက် ပထမအဆင့်ကျင့်ကြံသူ နှစ်ယောက် အရှေ့ထွက်ရမှာလဲ?
ဒါပေမဲ့ အခုချိန်မှာတော့ နားလည်သွားခဲ့ပြီ။ ဒီလူတွေကသူမအလွယ်တကူ တိုက်ခိုက်လို့ရတဲ့သူတွေ မဟုတ်ဘူး။
ထိုအချိန်မှာပဲ တိုင်းပြည်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ တရှားရဲ့ဘုရင်ကိုသူမ အနည်းငယ် ကြောက်ရွံမိသွား၏။
"ကျောက်ကောင်း ဒီမိန်းကလေးက ပထမအဆင့်ကျင့်ကြံမှုကိုမှ အလွန်မြင့်မားတဲ့သန်မာမှုကိုပါ ရရှိထားသေးတယ်၊ ငါတို့ လွှတ်ထားလို့ လုံးဝမဖြစ်ဘူး"
လျိုချင်းချန် စိတ်ထဲကနေ ဆက်သွယ်လိုက်သည်။ သူမတို့နှစ်ယောက် အစီအစဥ်တစ်ခုကို ပူးပေါင်းရေးဆွဲလိုက်ကြ၏။ တိုက်ကွက်ကို ပြောင်းလဲပြီး ထျန်းလင်ဂိုဏ်းက မိန်းကလေးကို အသက်ရှင်ရက် ဖမ်းဆီးဖို့ ကြိုးစားကြတော့သည်။
ထို့အပြင် သူမတို့က နှင်းနဂါးမြို့ရဲ့ အုပ်ချုပ်သူ စံအိမ်အတွင်းမှာရှိသည်။ ဒါကသူမတို့ရဲ့ ပိုင်နက်ပဲ။ အချိန်ကြာမှာ စိတ်ပူဖို့မလိုဘူး။ အချိန်ဘယ်လောက်ပဲ ကြာပါစေ၊ ထျန်းလင်ဂိုဏ်းရဲ့ လူယုံကို သေချာပေါက် ဖမ်းဆီးရမည်။
လီယုဟန်လည်း သူတို့ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် နတ်ဘုရားစာရင်းစာချုပ်ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်၏။ ဒီတစ်ခေါက်က ပိုမိုအရှိန်အဝါကြီးမားခဲ့သည်။ နတ်ဘုရားအစီရင်စာချုပ်ပေါ်ကနေ နဂါးကိုးကောင်ရဲ့အရှိန်အဝါက ဖျော့တော့စွာ ထွက်ပေါ်လာ၏။
ထိုအချိန်မှာ သူမရဲ့အရှိန်အဝါကလုံးဝကို ထိန်းချုပ်လို့ မရတော့ပေ။
ကျောင်းကောင်းနဲ့ လျိုချင်းချန် ဒီအခြေအနေကို မမျှော်လင့်ထားမိဘူး။
အခုလိုမျိုး အရေးပါနေတဲ့ အခြေအနေမှာ လျိုချင်းချန် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။ ရှကျိုးယွီ သူမကိုတစ်ကြိမ်ကပြောခဲ့ဖူး၏။
"ရွှေရောင်နဂါး ထွက်ပေါ်လာတာကို မြင်တွေ့ရတာက ငါကိုယ်တော်ကို လူကိုယ်တိုင်မြင်တွေ့ရတာပဲ"
သူမရဲ့မျက်နှာက ချက်ချင်းဖြူဖွေးသွားခဲ့သည်။
"ဖြစ်နိုင်တာအရှင်မင်းကြီးက...."
လျိုချင်းချန် ဘယ်လိုပဲ စဉ်းစားပါစေ၊ သူမရဲ့ အတွေးကို လက်မခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ နဂါးကိုးကောင်က သူမရဲ့မျက်စိရှေ့မှာတကယ်ပဲ ရှိနေ၏။ ရှကျိုးယွီ အပြင် ဘယ်သူကများ ဒီလိုစွမ်းအင်ကို ပိုင်ဆိုင်နိုင်မှာမလို့လဲ…။
‘အရှင်မင်းကြီးဆီက ခိုးယူထားကြတာပဲ။ ဒီလူတွေ သေသင့်တယ်’
သူမရဲ့ စိတ်နှလုံးက နောက်ဆုံးအကန့်အသတ်ကို ကျော်လွန်သွားသည့်နှယ် ဒေါသရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရသည်။ လျိုချင်းချန်ရဲ့မျက်လုံးတွေက နက်မှောင်သွား၏။ သူမရဲ့နက်ရှိုင်းတဲ့ မျက်လုံးထဲကနေ လူသတ်အရိပ်အငွေ့များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
"ထျန်းလင်ဂိုဏ်းက လူတွေအားလုံးသေသင့်တယ်"
လျိုချင်းချန် လုံးဝ မထိန်းချုပ်ထားတော့ဘူး။ သူမရဲ့ အစိမ်းရောင် ဓားရှည်က အလွန်အင်အားကြီးတဲ့ မြစ်တစ်စင်းလိုမျိုး မျက်စိရှေ့က ပုံရိပ်ကို တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေတော့သည်။
ကောင်းကင်နဲ့ မြေကြီးပင်ပြောင်းလဲသွားသည့်နှယ် ပြင်းထန်ပြီး ဝိညာဉ်များပင် ခံစားနာကျင်ရသည်အထိ ရက်စက်သည်။
လျိုချင်းချန်ရဲ့ အင်အားအကြီးဆုံးနဲ့ အပြင်းထန်ဆုံးတိုက်ချက်ပင်။
သူမအနေနဲ့ ပထမအဆင့်ကို မကျော်ဖြတ်နိုင်သေးဘဲ ပထမဆင့်ရောက်ရှိပြီးသား ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးလည်းဖြစ်၏။
ထိုမြင်ကွင်းကြောင့် ကျောက်ကောင်းပင် အလွန်ထိတ်လန့်သွားခဲ့သည်။ သူ့ရဲ့ နှလုံးသားထဲက အံ့ဩမှုတွေကို ထိန်းချုပ်ရင်း ခပ်တိုးတိုးရည်ရွတ်လိုက်၏။
"အရှင်မင်းကြီးရဲ့ ဘေးမှာ ဓားနတ်ဘုရားတစ်ပါး တည်ရှိနေခဲ့တာပါလား၊ အရှင်မင်းကြီးရဲ့ လက်ထဲမှာဘယ်လောက်တောင်မှ လျှို့ဝှက်အစီအစဉ်တွေ ရှိနေခဲ့တာလဲ"
အပြင်ဘက်က ရပ်ကြည့်နေတဲ့ ကျူးကော့ချင်းအာလည်း အံ့သြမှင်သက်နေလေရဲ့။
"တာအိုဥက္ကာပျံ"
ထိုဓားကွက်ရဲ့ နာမည်ကို သူမ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမရဲ့ နှလုံးသားကချက်ချင်းပဲ တောက်လောင်လာ၏။
"၇နှစ်တောင်ကြာခဲ့ပြီး၊ ဆရာမဓားသိုင်း ထုတ်သုံးတာကို မမြင်ရတာခုနှစ်နှစ်တောင် ကြာခဲ့ပြီပဲ၊ ဒီနေ့ ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ ခေါင်းကို တစ်ကယ် ဖြတ်နိုင်မှာလား”
ပြင်းထန်လာတဲ့ တိုက်ကွက်တွေတစ်ခုပြီးတစ်ခုကို ကြည့်နေရင်း ကျူးကော့ချင်းအာရဲ့ မျက်လုံးထဲမှာ မျက်ရည်များ ပြည့်နှက်လာခဲ့သည်။ အခန်းထဲက ဓားစွမ်းအင်တွေကတော့ ပြင်းထန်နေလေရဲ့။
ဓားစွမ်းအင်ရဲ့ ရိုက်ချက်ကြောင့် နဂါးကိုးကောင်လုံး ထိခိုက်သွားခဲ့ပြီး တန်ပြန်စွမ်းအင်အနေနဲ့ လီယုဟန်ရဲ့ကိုယ်တွင်းကနေ သွေးနီများဆန်တက်လာတာကို ခံစားမိလိုက်သည်။ ဒါပေမဲ့ သူမအတင်းအကျပ် ထိန်းချုပ်လိုက်ပြီး ပြန်လည်မျိုချလိုက်၏။ သူမရဲ့မျက်နှာက မထိန်းနိုင်အောင် အံ့သြလာပုံပဲ။
"စိတ်ဝိညာဥ်စွမ်းအင်ကျောက်တုံးက နင့်ကိုဘာမှ မလုပ်နိုင်သလိုပဲ နတ်ဘုရားစာရင်းစာချုပ်ကလည်း ဘာမှ မလုပ်နိုင်ဘူးလား။ ဒုတိယအဆင့်ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဒီလောက် လုပ်နိုင်နေတာ၊ တရှားတိုင်းပြည်ရဲ့ တော်ဝင်ဆရာမကြီးဖြစ်ဖို့ တစ်ကယ်ပဲ ထိုက်တန်တယ်"
လီယုဟန် နားလည်လိုက်သည်။ သူမသာ ဆက်လက်တိုက်ခိုက်နေရင် အချိန်တစ်ခုအတွင်းမှာပဲ အပြင်ဘက်က တပ်သားတွေအားလုံး ဝင်ရောက်လာလိမ့်မည်။ အဲ့ဒီအချိန်ကျရင် ပထမဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင်မှ ထွက်ပြေးဖို့ ခက်ခဲသွားလိမ့်မည်။
ထို့ကြောင့် ထွက်ပြေးဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ ကျောက်ကောင်းက အခွင့်အရေးကို စောင့်နေမယ်လို့ ဘယ်သူ ထင်ခဲ့မိမှာလဲ..။
တိုင်းပြည်ရဲ့ အုပ်ချုပ်သူစံအိမ်အတွင်းကို ခွင့်တောင်းခြင်းမရှိ ဝင်ရောက်လာတာက တရှားတိုင်းပြည်ကို တိုက်ရိုက် ရင်ဆိုင်လိုက်တာပဲ။ ကျောက်ကောင်းအနေနဲ့ လွှတ်ပေးစရာလား။
ကျောက်ကောင်းရဲ့ ဓားရှည်ကနေ မိုးကြိုးသွားသဖွယ် ဓားချက်က လီယုဟန်ရှိရာသို့ တိုက်ရိုက်ပဲ ကျရောက်လာ၏။
ရင်ဘတ်တည့်ကျကျရောက်လာတဲ့ ဒေါင်လိုက်ဓားချက်ကို လီယုဟန် မရှောင်နိုင်ခဲ့ပေ။ ပွင့်ထွက်သွားတဲ့ အင်္ကျီနဲ့အတူ အင်္ကျီအောက်က အသားကိုပါ အနည်းငယ် ခြစ်မိသွားခဲ့သည်။ ချက်ချင်းပဲ ဘေးနှစ်ဖက်ကို အာထွက်လာတဲ့ ရင်နှစ်မွှာကြားမှာ အနီရောင်အစင်းကြောင်းကြီး ဖြစ်ပေါ်သွား၏။ သူမရဲ့ မျက်နှာတစ်ခုလုံး အရှက်ရမှုကြောင့် နီရဲသွားခဲ့သည်။
ဒါပေမဲ့ ခံစားနေဖို့ အချိန်မရှိပေ။ မြန်ဆန်လှတဲ့ အခြေအနေကြောင့် ကျောက်ကောင်းလည်း အံ့သြနေဟန်ပဲ။ ဒီအခွင့်အရေးကိုသာ မယူရင် သူမထွက်ပြေးလို့ မရတော့မှာ လီယုဟန် နားလည်ပါသည်။ ထို့ကြောင့် သူမရင်ထဲက ခံစားချက်တွေကို အတင်းအကျပ် ထိန်းချုပ်ရင်း တိမ်တွေကြားထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
အခန်းထဲမှာ လျိုချင်းချန်နဲ့ ကျောက်ကောင်းပဲ ရှိတော့သည်။ အပြင်းအထန် တိုက်ခိုက်မှုကြောင့် လျိုချင်းချန် ဒဏ်ရာတစ်ချို့ ရခဲ့၏။ အင်္ကျီအဖြူရောင်လည်း အနီရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီ။ အင်္ကျီလက်ကြားမှ တစ်ဆက်ချင်း စီးကျနေသော သွေးစက်များက မြေပြင်ပေါ်ကို ပန်းပွင့်ချပ်များနှယ် ဆေးခြယ်နေခဲ့သည်။
"ဆရာမ"
ကျုးကော့ချင်းအာ လျင်မြန်စွာ ပြေးလာရင်း လျိုချင်းချန်ရဲ့ ဓားရှည်ကို လုယူလိုက်သည်။ သူမရဲ့ မျက်လုံးက အလွန်စိတ်ပူနေဟန်ပဲ။
ဆရာမဖြစ်သူရဲ့ မှင်သက်ဖွယ် ဓားအရည်အချင်းကြောင့် အံ့သြမှုတစ်ချို့ကိုလည်း တစ်ပြိုင်နက်ထဲ ခံစားနေခဲ့ရသည်။
ဒါက ဒုတိယအဆင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ ပထမအဆင့် ကျင့်ကြံသူကို အနိုင်ယူပြီး ထွက်ပြေးအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းပဲ။ ဒီသတင်းသာ ပျံ့သွားလို့ကတော့ သေချာပေါက် တစ်ကမ္ဘာလုံး အံ့အားသင့်သွားကြလိမ့်မည်။
…….