← Chapters

ကျင့်ကြံမှု တိုးမြှင့်ခြင်း

Vol. 16 Ch. 215

ကျင့်ကြံမှု တိုးမြှင့်ခြင်း

Vol. 16 Ch. 215

“ဆုတ်ခွာရမယ် ဟုတ်လား?”

ကျောက်ကောင်း တော်တော်လေး အံ့သြသွားခဲ့သည်။

'ဒီလိုမျိုး အရေးကြီးအခြေနေမှာ တပ်သားတွေကို ဆုတ်ခွာခိုင်းတယ်။ နှင်းနဂါးမြို့က တစ်ဖက်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ကာကွယ်နိုင်တော့မှာလဲ။ ဒါကတရှားတိုင်းပြည်ရဲ့ နယ်စပ်မြို့ပဲ’

'နယ်စပ်မြို့ ပွင့်သွားတာနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်က တွေးလို့တောင်မရနိုင်ဘူး…. အကယ်လို့ ပုန်ကန်သူတွေသာ နယ်စပ်မြို့ကို ကျော်လွန်နိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်တစ်ခုလုံးရဲ့ အခြေအနေတွေ ပြင်းထန်လာနိုင်တယ်’

“အရှင်မင်းကြီး ကျွန်တော်တို့ ဆုတ်ခွာလို့မဖြစ်ပါဘူး”

“နှင်းနဂါးမြို့ကို အဲ့ဒီပုန်ကန်သူတွေ ကျော်ဖြတ်နိုင်တာနဲ့ နယ်စပ်မြို့အလွန်က မြို့တွေအားလုံး ထိခိုက်မှုကို ခံစားရပါလိမ့်မယ်။ တရှားတိုင်းပြည်ရဲ့ စစ်တပ်က တခြားမြို့တွေမှာ ခုခံနိုင်မှု အရမ်းကြီးမားပါဘူး။ ဒါကြောင့် အန္တာရယ် ကြီးလာနိုင်ပါတယ်”

ကျောက်ကောင်း လွန်စွာထိတ်လန့်နေခဲ့သည်။

အရှင်မင်းကြီးရဲ့ အမိန့်တွေက အကြိမ်တိုင်းလိုပဲ နားလည်ရခက်စေသည်။

ရှကျိုးယွီရဲ့ မျက်နှာထားက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

“ဘာလဲ၊ ငါကိုယ်တော်ရဲ့ စကားတွေက အကျိုးမရှိတော့လို့လား။ ဒါမှမဟုတ် မင်းကပဲ ရဲတင်းလာတာလား။ ငါမင်းရဲ့ အမြင်ကို မေးနေတယ်လို့ ထင်လို့လား”

ကျောက်ကောင်း ချက်ချင်းပဲ တုန်လှုပ်သွားခဲ့သည်။ သူ့ရဲ့နဖူးပြင်မှာ ချွေးစေးများထွက်ပေါ်လာ၏။

“ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ ကျွန်တော်မျိုး မလုပ်ရဲပါဘူး”

ရှကျိုးယွီ အေးစက်စွာ အော်ဟစ်လိုက်သည်။

“ဒါဆိုရင် ငါကိုယ်တော် ခိုင်းတဲ့အတိုင်း လုပ်လိုက်စမ်း”

ကျောက်ကောင်း ကူကယ်ရာမဲ့စွာဖြင့် အခန်းထဲကနေ ဆုတ်ခွာသွားရသည်။

ရှကျိုးယွီရဲ့ အမိန့်ကို လျိုချင်းချန်လည်း မမျှော်လင့်ထားခဲ့ပေ။

အရှင်မင်းကြီး တစ်ကယ်ပဲ ဘာလုပ်ဖို့ ကြံစည်နေတာလဲ..

ဒါပေမဲ့ ရှကျိုးယွီကတော့ ဘာကိုမှ ရှင်းပြမလာခဲ့ဘူး။

သူက အမြဲတမ်း.လုပ်ချင်ရာ လုပ်လေ့ရှိသည်။ အကယ်၍ လုပ်ချင်သလို လုပ်လို့မရဘူးဆိုရင် ဘုရင်တစ်ယောက် ဖြစ်လာတာ ဘာလုပ်ရအုံးမှာလဲ…။

ဒါပေမဲ့ လျိုချင်းချန်က အကြာကြီး မတွေးတောခဲ့ပေ။

ညအချိန်ကို ရောက်လာပြီဖြစ်၍ အခန်းထဲမှာ ဖယောင်းတိုင်မီးတိုင်ရဲ့ အလင်းသာ နေရာယူထားခဲ့သည်။

ဆန်းကြယ်တဲ့ ယင်ယန် ရွှေရောင်သိုင်းပညာက လျိုချင်းချန်ရဲ့ မျက်လုံးရှေ့မှာ ထွက်ပေါ်လာခဲ့သည်။

ရှကျိုးယွီရဲ့ သန်မာမှုက ကျင့်ကြံမှုနဲ့အတူ မြင့်တက်လာဟန်ရှိသည်။ ကြမ်းတမ်းစွာ လှုပ်ရှားနေခဲ့ပြီး လျိုချင်းချန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးထားသည်။

ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာတော့ သူမရဲ့ ခန္ဓာကိုယ်က ချွေးများစိုရွှဲနေလေရဲ့။ ထို့အတူ သူမရဲ့ အသက်ရှုသံလည်း ပြင်းထန်နေခဲ့သည်။

“အရှင်မင်းကြီး။ အရှင်မင်းကြီးက ပထမအဆင့်ကို ရောက်နေခဲ့ပြီလား”

လျိုချင်းချန်က ရှကျိုးယွီရဲ့ ဘေးမှာ လှဲလျောင်းနေရင်း မနေနိုင်စွာဖြင့် မေးလိုက်သည်။

ရှကျိုးယွီ နူးညံ့စွာပဲ အသံပြန်ပေးလိုက်၏။

“ပထမအဆင့် ကျင့်ကြံသူ ဖြစ်လာပြီဆိုရင် မင်းရဲ့အဆင့်တက်မှုကို ကူညီပေးဖို့ လုံလောက်ပြီလား”

ရှကျိုးယွီရဲ့ အကြည့်က လျိုချင်းချန်အပေါ်ကို ကျရောက်သွားခဲ့သည်။

လျိုချင်းချန်ကလည်း ရှကျိုးယွီကို ပြန်လည် စိုက်ကြည့်နေခဲ့သည်။

ကောင်းမွန်စွာ ထုဆစ်ထားတဲ့ ခန္ဓာကိုယ်က ဖယောင်းတိုင်အလင်းရဲ့ အောက်မှာ နတ်ဘုရားတစ်ပါးလိုမျိုး ရုပ်လုံးကြွနေ၏။ လျိုချင်းချန်ရဲ့ နှလုံးသားက ကိုက်ခဲလာခဲ့သည်။

“အရှင်မင်ကြီး။ ကျွန်တော်မျိုးမ အခုထိ ပထမအဆင့်ကို အဆင့်မတက်သေးဘူး။ ဒါကြောင့် ဘာလို့ နောက်တစ်ကြိမ် မကြိုးစားရမှာလဲ”

ရှကျိုးယွီရဲ့ အကြည့်က အခုထိသူမထံမှ မဖယ်ခွာသေးပေ။

လျိုချင်းချန်ရဲ့ မျက်လုံးတွေက ပိုးထည်တစ်ခုလိုမျိုး နက်ရှိုင်းနေခဲ့သည်။ သူမရဲ့ အသက်ရှူသံကလည်း သစ်ခွပန်းလေးလိုမျိုး ချိုမြ၏။ ဒီလိုနဲ့ပဲ ညရဲ့လေပြေထဲမှာ တင်းမာမှုတစ်ချို့ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

နောက်တစ်နေ့မနက် နေ့လည်ကိုရောက်မှသာ ရှကျိုးယွီ အခန်းထဲက ပြန်ထွက်လာခဲ့သည်။ ကျောက်ကောင်းက အခန်းပြင်ကနေ စောင့်ဆိုင်းနေဆဲပဲ။

ဒါပေမဲ့ လျိုချင်းချန်ကိုမမြင်တာမို့ ကျောက်ကောင်း အနည်းငယ် ရှုပ်ထွေးသွား၏။

“အရှင်မင်းကြီး။ တော်ဝင်ဆရာမကြီးကော..”

ကျောက်ကောင်း စပ်စုစွာဖြင့် မေးလိုက်သည်။

ဒါပေမဲ့ ကျူကော့ချင်းအာရဲ့ စိတ်ပျက်တဲ့ အကြည့်ကိုသာ လက်ခံလိုက်ရ၏။

“သခင်ကျောက် နင်မသိဘူးလား။ ငါ့ရဲ့ဆရာမက မနေ့က ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တယ်လေ။ သူမရဲ့ အတွင်းစွမ်းအင်တွေ အားလုံးက ကုန်ဆုံးလုနီးနီး ဖြစ်နေခဲ့ပြီ။ ဘယ်လိုလုပ် ဒီလောက်အမြန်ကြီး ပြန်ကောင်းနိုင်မှာလဲ”

ကျောက်ကောင်း အံ့သြသွားခဲ့သည်။ ချက်ချင်းပဲ တွေးမိသွား၏ ။

'သူမပြောတဲ့ အတွင်းဒဏ်ရာဆိုတာ ငါတွေးနေတဲ့ အတွင်းဒဏ်ရာတော့ မဟုတ်ဘူးမလား…’

ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်တော့သည်။

“သူမရဲ့ အတွင်းဒဏ်ရာတွေက ကောင်းမွန်စွာ မသက်သာသေးဘူး။ ဒါကြောင့် သူမအနေနဲ့ အနည်းငယ် အနားယူရအုံးမယ်။ ဒါပေမဲ့ တော်ဝင်ဆရာမကြီးက အဆင်ပြေနေပါတယ်။ သူမလမ်းမလျှောက်နိုင်ရုံတင်ပဲ”

ရှကျိုးယွီက ပြောပြီးတာနဲ့ စားပွဲပေါ်မှာ ရှိနေတဲ့ စာစောင်ကို ကောက်ယူကာ ဖတ်ဖို့ ပြင်လိုက်သည်။

ကျောက်ကောင်း အနေနဲ့ ဝက်သား မစားဖူးရင်တောင်မှ ဝက်တစ်ကောင်ကိုတော့ မြင်ဖူးပါသည်။

အရှင်မင်းကြီးက နေ့လည်မှ အခန်းထဲက ထွက်လာခဲ့တာလေ။ သူ့အနေနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့လည်းဆိုတာ နားလည်နိုင်ပါသည်။ အရူးတစ်ယောက်မှ မဟုတ်ပဲ…

ကျောက်ကောင်းရဲ့ မျက်လုံးက အံ့သြမှုကြောင့် အနည်းငယ် မြင့်တက်သွား၏။ တော်ဝင်ဆရာမကြီးက ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက သာမန်သူတွေထက် များစွာကျော်လွန်၏။ သာမန် ဓားတစ်ချောင်းက သူမကို အနည်းငယ်မျှတောင်မှ ထိခိုက်ဒဏ်ရာ မဖြစ်စေဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက လမ်းမလျှောက်နိုင်တဲ့ အခြေအနေထိ ဖြစ်စေခဲ့တယ်ဆိုတော့…

“ကျောက်ကောင်း၊ နှင်းနဂါးမြို့ရဲ့ တပ်ဖွဲ့ကို ဆုတ်ခွာခိုင်းဖို့ အချိန်ဘယ်လောက် ယူရမှာလဲ။ အချိန်သုံးရက်ဆိုရင် လုံလောက်လား”

ရှကျိုးယွီက စားပွဲပေါ်မှာ တင်ထားတဲ့ အခါးရည်ခွက်ကို တစ်ငုံသောက်ကာ မေးလိုက်သည်။

ရှကျိုးယွီရဲ့ စကားလမ်းကြောင်းလွှဲမှုကြောင့် ကျောက်ကောင်း ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

“အရှင်မင်းကြီး။ သုံးရက်က အရမ်းနည်းလွန်းပါတယ်”

“နှင်းနဂါးမြို့ထဲမှာ လက်ရှိတပ်သားတစ်သိန်းရှိနေတယ်။ ဒါ့အပြင် နယ်စပ်နေရာမှာလည်း တပ်သားငါးသောင်း နေရာချထားသေးတယ်။ နယ်စပ်မှာ နေရာချထားတဲ့ တပ်သားတွေစီကို သတင်းရောက်ချင်ရင်တောင်မှ အနည်းဆုံး နှစ်ရက်လောက် စောင့်ရအုံးမယ်။ ဒီလောက်အချိန်အတွင်းမှာ ကျွန်တော်မျိုး တကယ်ပဲ မလုပ်နိုင်ပါဘူး”

ကျောက်ကောင်း မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်သည်။ သူ့ရဲ့နှလုံးသားက မသက်မသာခံစားနေရ၏။

အရှင်မင်းကြီးရဲ့အတွေးကို ကျောက်ကောင်း မမှန်းဆရဲပါပေ။

“ကောင်းပြီ။ ဒီလိုဆိုမှတော့ ငါဒီနေရာမှာ ရက်တစ်ချို့ စောင့်ဆိုင်းပေးရမှာပေါ့။ တပ်ဖွဲ့တွေ အားလုံးဆုတ်ခွာသွားတဲ့ အချိန်ကို စောင့်ပြီးမှ မြို့တော်ကို ပြန်ကြမယ်”

ရှကျိုးယွီက ဟွမ်ပထျန်းကို ညွှန်ကြားထားပြီ ဖြစ်သည်။ ရက်တစ်ချို့ စောင့်ဆိုင်းပြီးမှ နှင်းနဂါးမြို့ကို အလုံးရင်းနဲ့ တိုက်ခိုက်ဖို့ ညွှန်ကြားထားခဲ့တာပင်။ ထိုသို့ဆိုရင် တိုက်ချက်တစ်ခုထဲနဲ့ နှင့်နဂါးမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်သွားမည်။

ထိုအချိန်က ဟွမ်ပထျန်းပင် အနည်းငယ် ရှုပ်ထွေးသွား၏။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို လွန်စွာယုံကြည်သည်မို့ ဘာမေးခွန်းမှ မထုတ်ခဲ့ပေ။

နှင်းနဂါးမြို့ရဲ့ တပ်သားတစ်သိန်းသာ မဆုတ်ခွာခဲ့ရင် ဟွမ်ပထျန်း.ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ? ဒါပေမဲ့ မကြောက်မလန့်နဲ့ သူ့အရှေ့မှာ ရဲဝင့်စွာ ကတိပေးခဲ့သေး၏။ ဟွမ်ပထျန်းရဲ့ စဥ်းစားနိုင်စွမ်းကို ရှကျိုးယွီ နားမလည်နိုင်တော့ပေ။

တစ်ကယ်တော့ ဟွမ်ပထျန်းက စိတ်ပိုင်းဖြတ်ထားခဲ့တာပင်။ တိုက်ခိုက်လို့ မနိုင်ဘူးဆိုရင် အရှုံးပေးလို့ရတာပဲ။ အရှုံးပေးလိုက်ရင် အသက်ကိုလည်း ထိန်းသိမ်းနိုင်မည်။ သန်မာမှုကိုလည်း မယုတ်လျော့စေနိုင်ဘူး။ တစ်ကယ်တော့ ဘဝမှာအရေးကြီးဆုံးက အသက်ပဲလေ။ ဘာကြောင့် စွန့်စားနေရမှာလဲ…

ဒီလိုနဲ့ မကြာခင်မှာပဲ အုပ်ချုပ်သူစံအိမ်အတွင်းကို လျိုချင်းချန် ထွက်ပေါ်လာခဲ့သည်။ ကျောက်ကောင်းကတော့ အံ့သြမှုတစ်ချို့နဲ့ တော်ဝင်ဆရာမကြီးကို ကြည့်ရှုနေ၏။ တော်ဝင်ဆရာမကြီးရဲ့ အသားရည်က မနေ့ကထက် ပိုမိုကြည်လင်လာသလိုပဲ။ ဒါ့အပြင် သူမရဲ့ အရှိန်အဝါကလည်း မြင့်မားနက်ရှိုင်းလာခဲ့သည်။

“ကျွန်တော်မျိုး တော်ဝင်ဆရာမကြီးကို အရိုအသေပေးပါတယ်”

ကျောက်ကောင်း နူ့ညံ့စွာဖြင့် နူတ်ဆက်လိုက်သည်။ လျိုချင်းချန်ကို တော်ဝင်ဆရာမကြီး အနေနဲ့ပဲ ဆက်ဆံသင့်သေးသည်ဟု ကျောက်ကောင်း ခံစားမိသည်။

ကျောက်ကောင်းရဲ့ အနည်းငယ် ထူးဆန်းနေသော မျက်နှာထားကြောင့် လျိုချင်းချန်ရဲ့ မျက်နှာတစ်ခုလုံး ပူနွေးသွားခဲ့သည်။ သူမရဲ့ ရှက်ရွံ့မှုက အလှတရားကို မြင့်တင်ပေးလိုက်သလိုပဲ။ ကောင်းကင်ပေါ်ကနေ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါး ရှက်ရွံ့နေတဲ့ ပုံရိပ်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။

“မိန်းမစိုးကျောက် ဒီလိုမျိုး ယဉ်ကျေးနေဖို့ မလိုပါဘူး”

ထို့နောက်မှာ လျိုချင်းချန်က အလွန်ရုန်းကန်နေရဟန်နဲ့ တစ်လှမ်းခြင်း လျှောက်လှမ်းလိုက်သည်။ သူမရဲ့ ခြေထောက်တွေက အနည်းငယ် တုန်ယင်နေဟန်ပဲ။

ကျောက်ကောင်း အရှင်မင်းကြီးကို ပိုမိုလေးစားသွားတော့၏။ အရှင်မင်းကြီးက ဒီတစ်ချိန်လုံးမှာ ဘာတွေလုပ်နေတာလဲ မသိဘူး။ ပြန်ရောက်လာတာနဲ့ ပိုပြီးအင်အားကြီးလာတာပဲ။

“တော်ဝင်ဆရာမကြီး ဒီလာလေ”

ရှကျိုးယွီက လက်တစ်ဖက်ယမ်းပြလိုက်ပြီး သူ့ရဲ့ပေါင်ကို ပုတ်ပြလိုက်သည်။ လျိုချင်းချန်ကို အနားလာထိုင်ဖို့ အချက်ပြလိုက်တာပင်။

ကျူကော့ရှင်းအာရဲ့ ရှကျိုးယွီအပေါ် အမြင်က ပြောင်းလဲသွားပြီ ဆိုသော်ငြား ရှကျိုးယွီရဲ့ ရဲတင်းလွန်းတဲ့ အပြုအမူကြောင့် မနေနိုင်စွာ ပြန်လည် အမြင်ကတ်သွားတော့၏။ ဒါပေမဲ့ မထင်မှတ်ထားစွာပင် သူမရဲ့ ဆရာမသည် ဆွဲဆောင်မှုရှိစွာ ပြုံးနေခဲ့သည်။ မုန်းတီးမှု တစ်စက်မပြတဲ့အပြင် ရှကျိုးယွီရဲ့ လက်မောင်းထဲကို ဝင်ရောက်ထိုင်လိုက်သေး၏။

ဒါ့အပြင် စားပွဲပေါ်မှာရှိနေတဲ့ အခါးရည်တစ်ခွက်ကို ကြည့်လိုက်သည်။ ထို့နောက်မှာ စားပွဲပေါ်မှာ တင်ထားတဲ့ လိုက်ချီးတစ်လုံးကို အခွံခွာလိုက်ပြီး ရှကျိုးယွီရဲ့ ပါးစပ်နားကို တေ့ပေးလိုက်၏။

“အရှင်မင်းကြီး။ ပါးစပ်ဟ အာ”

ရှကျိုးယွီကလည်း တစ်ချက်ထဲနဲ့ အကုန်စားလိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းက လျိုချင်းချန်ရဲ့ ဖြူဖွေးသွယ်လျသော ကျောက်စိမ်း လက်ချောင်းများကိုပင် ထိသွားသေး၏။

လျိုချင်းချန်ရဲ့ နှလုံးသားက အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူမက ခပ်ဖွဖွ ရယ်မောလိုက်၏။

လျိုချင်းချန် ပိုင်ဆိုင်ထားတဲ့ အေးစက်သော နတ်ဘုရားမပုံရိပ်သည် ရှကျိုးယွီရဲ့အရှေ့မှာ လုံးဝပြောင်းလဲသွားပြီပင်။ မနေ့ညက ကြုံတွေ့ခဲ့ရသော အဆင့်တက်မှု ဖြစ်စဉ်အပြီးမှာ လျိုချင်းချန် နားလည်သွားခဲ့သည်။ အခုလိုမျိုး အင်အားကြီးတဲ့ လူတစ်ယောက်ရဲ့ ဘေးမှာ နေထိုင်ရတာက ကောင်းကင်ဘုံရဲ့ ကောင်းချီးတစ်ခုပဲ။ ထို့ကြောင့် သူမက ရှကျိုးယွီ အပေါ်မှာ သူမရဲ့ နှလုံးသားကို ပုံအပ်လိုက်တော့သည်။

“ တော်ဝင်ဆရာမကြီးရဲ့ ကျင့်ကြံမှုကို မြင့်တင်ဖို့ ငါကိုယ်တော် ဒီနေ့ရော ကူညီပေးရအုံးမလား”

ရှကျိုးယွီက ပြောပြီးတာနဲ့ လျိုချင်းချန်ရဲ့ လှပတဲ့ ရင်ဘတ်ကို စိုက်ကြည့်လိုက်သည်။ သူ့ရဲ့ပါးစပ်ထဲမှာ ချိုမြတဲ့ လိုက်ချီးသီးရဲ့ အရသာက စွဲကျန်နေဆဲပဲ။

ရှကျိုးယွီ မနေနိုင်စွာ သက်ပြင်းချလိုက်၏။ ထင်တဲ့အတိုင်းပဲ ကြီးမားတဲ့ ပုန်ကန်မှု အစီအမံတွေကို ဦးဆောင်ရတာထက် ပိုက်ဆံထိုင်ဖြုန်းရင်း လှပတဲ့ မိန်းမတွေရဲ့ အနားမှာ နေထိုင်ရတာက အများကြီး သက်တောင့်သက်သာ ရှိသည်…။

ရှကျိုးယွီရဲ့ သန်မာတဲ့ လက်မောင်းအတွင်းမှာ နားခိုနေတဲ့ လျိုချင်းချန်ရဲ့ နှင်းဆီရောင် နှုတ်ခမ်းတွေက အနည်းငယ် တင်းကြပ်သွားပြီးမှ နူးညံ့စွာဖြင့် ပြောလိုက်လေသည်။

“ကျွန်တော်မျိုးမရဲ့ ကျင့်ကြံမှုကို တည်ငြိမ်လာချင်ရင် တစ်ညထဲနဲ့ မလုံလောက်မှာပဲ စိုးရတယ် အရှင်မင်းကြီး”

………

All Chapters