ယုံကြည်ချက် ပြည့်ဝနေသော ကျောက်ကောင်း)
Vol. 16 Ch. 218
ဟူယူက မောက်မာပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်တဲ့ လူတစ်ယောက်ဖြစ်၏။ ဒါကြောင့်ပဲ ရုံးတော်အတွင်းမှာ ရန်သူအများကြီး ပိုင်ဆိုင်ထားတဲ့ ကျောက်ကောင်းကို သခင်အဖြစ် သတ်မှတ်ခဲ့တာပင်။
ဒါပေမယ့် အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေကို မျက်မြင်တွေ့ပြီးနောက်မှာ အရှင်မင်းကြီးနဲ့ ပတ်သတ်ပြီး ပိုမိုယုံကြည်လာခဲ့သည်။
" သခင်ကျောက် အရှင်မင်းကြီးရဲ့ နည်းဗျူဟာက အရမ်းကိုပြီးပြည့်စုံတယ် ဆိုမှတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမှာလဲ"
ဟူယူ ရိုးသားစွာမေးလိုက်သည်။ တစ်ကယ်တော့ ဟူယူက အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေး၏။ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် ပုံမှန်ကျင့်ကြံသူတွေနဲ့ ယှဥ်ရင် ငယ်ရွယ်သည်ဟု ဆိုနိုင်သည်။
ကျောက်ကောင်းလို သေဆုံးခါနီး မြေခွေးအိုတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ကျောက်ကောင်းထံကနေ သင်ယူစရာရှိတာများကို သင်ယူချင်မိ၏။
အထူးသဖြင့် အုပ်ချုပ်မှုပိုင်းနဲ့ နည်းဗျူဟာချတဲ့နေရာကိုပဲ...
ကျောက်ကောင်း ခဏလောက် စဥ်းစားလိုက်သည်။
"အရှင်မင်းကြီးရဲ့ မြို့ကိုအလွတ်ထားမယ်ဆိုတဲ့ အကြံအစည်အရ မကြာခင်မှာပဲ တောင်ခြေတပ်စခန်းရဲ့ ခေါင်းဆောင်ဆိုတဲ့ ကောင်လည်း သိသွားလိမ့်မယ်၊ သူသိသွားတာနဲ့ ငြိမ်နေမှာမဟုတ်ဘူး..သံပူတုန်း နာနာရိုက်ဖို့ကြိုးစားမှာပဲ”
“အဲ့ဒီအချိန်ကျရင် ငါတို့ရဲသန်မာမှုကို စမ်းသပ်ဖို့ သေးငယ်တဲ့အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိမ့်မယ်၊ တချိန်တည်းမှာပဲ အရှင်မင်းကြီးက နှင်းနဂါးမြို့မှာရှိတဲ့ တပ်သားတွေအားလုံးကို ပြောင်းရွေ့ခိုင်းထားတယ်”
“တပ်သားတွေမရှိတာကို သဘောပေါက်သွားတာနဲ့ သူတို့တွေသာ မတုံးအဘူးဆိုရင် မြို့ထဲကို လုံးဝ အလုံးအရင်းနဲ့ ဝင်ရောက်လာလိမ့်မယ်"
ကျောက်ကောင်းရဲ့ မျက်လုံးတွေက အနည်းငယ် ကျဥ်းမြောင်းသွားကာ အန္တရာယ်အငွေ့အသက်များ ဝင်ရောက်လာ၏။ ဟူယူ ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဒါဆိုရင် ကျွန်တော်တို့က ကြီးမားလှတဲ့ညနှင်းနဂါးမြို့ရဲ့ ခံတပ်ကြီးကို ဒီတိုင်းပဲ လက်လွှတ်ပေးလိုက်မှာလား”
“အကယ်လို့ ဒီသတင်းကိုသာ လူတွေ သိသွားခဲ့မယ်ဆိုရင် ရုံးတော်ထဲမှာရှိနေတဲ့ မြေခွေးအိုတွေက ကျွန်တော်တို့ကို လွှတ်ပေးပါအုံးမလား”
“အရှင်မင်းကြီးကို ထပ်မံပြီး အရှက်ရစေပါလိမ့်မယ်"
ဟူယူ အကြောင်းမရင်းမရှိ စိတ်ပူနေတာမဟုတ်ခဲ့ပေ။ အကယ်တော့ ကျောင်ကောင်းလည်း ထိုအချက်ကို တွေးဆနေတာပင်။
အထူးသဖြင့် အခုလိုမျိုး မဟာတံတိုင်းကြီး ဆောက်လုပ်နေကြတဲ့ အချိန်တွင် သေးငယ်တဲ့ အရင်းအမြစ်တွေကိုတောင် အဆုံးအရှုံးခံလို့မရနိုင်ဘူး...
ဒါပေမယ့် ထိုအချိန်မှာပဲ ကျောက်ကောင်းရဲ့ မျက်လုံးတွေက ရုတ်တရက်လင်းလက်သွားခဲ့သည်။
"ဒါဆိုရင် မင်းဘယ်လိုထင်လဲ။ အရှင်မင်းကြီးက နှင်းနဂါးမြို့ရဲ့ တပ်သားတွေကို သွားခိုင်းလိုက်မယ်လို့ ထင်လား။ ငါ့အထင်တော့ ရန်သူတပ်ဖွဲ့တွေ မြို့ထဲဝင်လာပြီး စိတ်ချလက်ချနေရာယူထားတဲ့အချိန်မှာ အလစ်ဝင်တိုက်ခိုက်မယ်လို့ထင်တယ်”
“ဒါဆိုရင် ပြီးပြည့်စုံတဲ့ ထောင်ချောက်တစ်ခုပဲ မဟုတ်လား”
ဟူယူ အံ့သြစွာဖြင့် ပင့်သက်ရှိုက်မိသွားသည်။
"အရှင်မင်းကြီးက ရန်သူကို သူတို့ရဲ့ တွင်းနက်ထဲက ထွက်လာဖို့ မျှားခေါ်နေတာပဲ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲကွင်းပြင်ကို နှင်းနဂါးတောင်ခြေတပ်စခန်းကနေ နှင်းနဂါးမြို့ကို ပြောင်းရွေလိုက်တာမလား”
“ဒါဆိုရင် မြို့ရဲ့ တပ်သားတွေက မြေနေရာအနေအထားနဲ့ ပိုပြီးတော့ ရင်းနှီးလာခဲ့ပြီ။ ပုန်ကန်သူတွေကို ပိုပြီးတော့ လွယ်ကူစွာ ရှင်းလင်းနိုင်ပြီမလား အဲ့လိုဆိုရင်”
"ဒါက အရမ်းကိုပြောင်မြောက်တဲ့ အကြံအစည်တစ်ခုပဲ”
ဟူယူ ဒီလောက်ထိ မမျှော်လင့်ထားမိပေ။ အရှင်မင်းကြီးက ဒီလောက်တောင် ကြံစည်နိုင်ခဲ့တာလား…
ကျောက်ကောင်းခပ်ဖွဖွ ပြုံးလိုက်သည်။ သူ့ရဲ့မျက်နှာထားက ရှင်းလင်းစွာ ပြောပြနေ၏။
'ဒီကောင်လေးက သင်ယူတတ်လွယ်သားပဲ’
“အချိန်ကျလာရင် အရှင်မင်းကြီးရဲ့ အကြံအစည်က အသုံးဝင်လာလိမ့်မယ်၊ အဲ့ဒီကျရင် ငါတို့ရဲ့ တိုက်ပွဲစွမ်းရည်တွေလည်း ထုတ်ပြနိုင်မှာပဲ”
“ဒါကငါတို့ရဲ့ ပြီးပြည့်စုံတဲ့ အခွင့်အရေးလို့ပြောရမယ်။ ဒီနေရာကို ငါတို့က ရင်းနှီးပြီးသားဖြစ်တဲ့အတွက် ဘယ်လိုအသုံးချတိုက်ရမလဲ ဆိုတာ ကောင်းကောင်း နားလည်ထားတယ်”
“ကောင်းမွန်စွာ ဗျူဟာချလို့ရသရွေ့ ဒီခံတပ်ကြီးကို သူတို့တွေအနိုင်ရသွားတယ် ဆိုရင်တောင်မှ ငါတို့နဲ့နှိင်းယှဥ်ပြီး တိုက်ခိုက်လို့မရနိုင်ဘူး၊ အချိန်တိုအတွင်း ဒီခံတပ်ကို သူတို့နားလည်နိုင်မှာ မလို့လား"
ကျောက်ကောင်းယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတာကြောင့် အချိန်ကျလာရင် ရရှိနိုင်မယ့် ဆုလာဒ်အတွက်ပါ ကျောက်ကောင်း တစ်ယောက် ပျော်ရွှင်သွားလေရဲ့။
ထိုသူနှစ်ယောက်ရဲ့ စကားဝိုင်းကိုသာ ရှကျိုးယွီ ကြားသွားလို့ကတော့ တော်တော်လေး ဒေါသထွက်သွားလောက်သည်။
'မင်းတို့နှစ်ယောက်လုံးက တော်တော် တွေးခေါ်တတ်တာပဲ၊ ငါကြိုးစားပြီး ကြံစည်ထားတဲ့အကြံအစည်ကြီးက မင်းတို့နှစ်ယောက်လုပ်တာနဲ့ပဲ ပျက်တော့မှာလား..’
ဒါပေမယ့် သနားစရာကောင်းတာက ရှကျိုးယွီဘာကိုမှ မကြားခဲ့ပေ။ သူက တံခါးပိတ်ပြီး ယင်ယန်သိုင်းကိုသာ အချိန်ပြည့် လေ့ကျင့်နေလေရဲ့။
တောင်ခြေတပ်စခန်းဘက်က စတင် လှုပ်ရှားလာခဲ့သည်။ ရန်သူကို အလစ်တိုက်နိုင်စေရန် လက်ရွေးစင်တပ်သား ခြောက်ထောင်ကို မြို့ရဲ့အနီးတစ်ဝိုက်သို့ တိတ်တဆိတ် စေလွှတ်ထား၏။ သူတို့တွေက နေရာအနှံ့မှာ ရုပ်ဖျက်စောင့်ဆိုင်းနေကြသည်။
ထိုတပ်သားခြောက်ထောင်ကို ဟွမ်ပထျန်းက ကိုယ်တိုင်ဦးဆောင်ထား၏။ နှင်းတောင်တန်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ချင်းစီကို အဖွဲ့သေးသေးလေးများ ဖွဲ့ထားပေးပြီး သူတို့တွေက အုပ်စုခေါင်းဆောင်အဖြစ် နေရာယူထားစေသည်။ အားလုံးရဲ့ ခေါင်းဆောင်ကတော့ ဟွမ်းပထျန်းပင်။
အကြီးအကဲတစ်ယောက်ချင်းစီရဲ့အောက်မှာ ကျင့်ကြံသူတွေကို အဆင့် ၇ ကနေ အဆင့် ၅ အထိ အစဥ်လိုက် ရာထူးများဖြင့် တန်းစီပေးထားသည်။
“ချန်ပန် ည ၃ နာရီထိုးတာနဲ့ မင်းနဲ့ငါနဲ့ မြို့တံတိုင်းကို တွယ်ဆင်းပြီးတော့ မြို့တံခါး ဖွင့်ဖို့ ကြိုးစားမယ်။ ငါတို့ရဲ့ လက်ရွေးစင်တပ်ဖွဲ့ကို မြို့ထဲက ကြိုဆိုကြမယ်။ မင်းဘယ်လိုထင်လဲ”
ဟွမ်ပထျန်းသည် ပုံမှန်ကိစ္စတွေမှာသာ အမှားအယွင်း လုပ်ကောင်း လုပ်မိလိမ့်မည်။ ဒါပေမယ့် စစ်ပွဲနဲ့ ပတ်သတ်လာရင်တော့ သူ့မှာ ကောင်းမွန်တဲ့ စစ်ပွဲအတွေ့အကြုံကို ပိုင်ဆိုင်ထား၏။
အထူးသဖြင့် အခုလို သေးငယ်တဲ့တိုက်ပွဲတွေမှာပင်။ ဒီလိုတိုက်ပွဲမျိုးက သူ့ရဲ့ပထမအဆင့် ကျင့်ကြံသူ အရှိန်အဝါကို ကောင်းမွန်စွာ ဖော်ပြခွင့်ပေးနိုင်သည်လေ။
ချန်ပန်ခေါင်းငြိမ့်လိုက်၏။ သူ့ရဲ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေက ဖော်ပြလို့ မရနိုင်တော့ဘူး။ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းသပ်လိုက်လေကာ…
"စိတ်မပူပါနဲ့ ခေါင်းဆောင်ဟွမ်၊ ကျွန်တော်တို့ရဲ့ နှင်းတောင်တန်းဂိုဏ်းက လုံးဝအရှက်မရစေရဘူး"
ဟွမ်ပထျန်း ချက်ချင်းပဲ ချန်ပန်ရဲ့ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်ကာ အနည်းငယ် ဆူလိုက်တော့သည်။ သူ့ရဲ့မျက်နှာ ပေါ်မှာလည်း အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
"ဒီအချိန်ထိ ရောက်လာမှတော့ ဘာကိစ္စ နှင်းတောင်တန်းဂိုဏ်းနဲ့ တောင်ခြေတပ်စခန်းကို ခွဲပြီး ပြောနေရမှာလဲ။ ငါတို့အားလုံးက မိသားစုတွေ ဖြစ်နေပြီလေ မဟုတ်ဘူးလား”
“ငါတို့ဒီတိုင်းပြည်ကို သိမ်းပိုက်ပြီးသွားတဲ့ တစ်ရက်မှာ ငါကပင်မထောက်တိုင် ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် မင်းကတော့ ခေါင်းဆောင်ဖူမဲ့ရဲ့ ညှာတာမှုနဲ့ မင်းသားဘွဲ့တော့ ရလောက်မှာပါ”
“အဲ့ဒီအချိန်ကျရင် ငါတို့ညီအစ်ကိုတွေ အရည်အချင်းတွေကို မြှင့်တင်ပြီး သိုင်းလောကကို စွန့်လွှတ်ကြမယ်လေ မကောင်းဘူးလား"
ချန်ပန်ရဲ့ နှလူံးသားက ပြင်းထန်စွာခုန်ပေါက်လာခဲ့သည်။
'မင်းသားတစ်ယောက်တဲ့လား…’
'သမိုင်းတလျှောက်လုံးမှာ ဘယ်အမတ်ကများ ပြောင်မြောက်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့လို့ မင်သားဘွဲ့ကို ချီးမြှင့်ခံရဖူးလို့လဲ..’
'ငါ့ရဲကျင့်ကြံသူ ဘိုးဘေးတွေက ငါ့ကိုကောင်းချီး ပေးနေပြီပဲ၊ ငါချန်ပန် နောက်ဆုံးတော့ မိသားစုကို ဂုဏ်ယူမှုတွေ သယ်ဆောင်လာနိုင်တော့မယ်!’
"ဟုတ်ပြီ။ လက်ထောက် ခေါင်းဆောင်ဟွမ် ကျွန်တော်အမြဲတမ်းခေါင်းဆောင်ကို ထောက်ပံ့နေမှာပါ။ ကျွန်တော်တို့ တရှားတိုင်းပြည်ကို သိမ်းပိုက်ပြီးတာနဲ့ သေချာပေါက် ကောင်းမွန်တဲ့ စားပွဲကြီးနဲ့ ဧည့်ခံမယ်"
ချန်ပန်သည် ငယ်ရွယ်သေးတဲ့အပြင် သိုင်းလောကအတွင်းမှာလည်း အတွေ့အကြုံ နုနယ်သေး၏။ ဟွမ်ပထျန်းရဲ့ လှည့်စားမှုမှာ အလွယ်တကူ ကျရောက်ခဲ့သည်။
ကောင်းမွန်တဲ့ စကားတစ်ချို့နဲ့တင် ချန်ပန် စိတ်လှုပ်ရှာသွားခဲ့သည်။ တစ်ကယ်တော့ ချန်ပန် အလုပ်ကြိုးစားလာစေရန် ဟွမ်ပထျန်း လှည့်ဖျားပြောဆိုခဲ့တာပဲ။
…………