← Chapters

တိုက်ခိုက်မယ်

Vol. 16 Ch. 221

တိုက်ခိုက်မယ်

Vol. 16 Ch. 221

မြို့အတွင်းမှာ တပ်ချပြီးသည်နှင့် မြို့ရိုးရဲ့ အဓိကနေရာများမှာပါ သက်ဆိုင်ရာ လူအသီးသီးကို တာဝန်ပေးထားခဲ့သည်။ အားလုံးကို တာဝန်ပေးပြီးပေမဲ့ လီယုဟန် ရှုတ်ထွေးနေဆဲပင်။

"ဟွမ်ပထျန်း၊ ငါတို့ရဲ့ ခေါင်းဆောင်ဖူမဲ့က အခုထိ မရောက်သေးဘူးလား။ သူ ဘာလုပ်နေတာလဲ။ ငါတို့နှစ်ယောက်ထဲပဲ အုပ်ချုပ်သူ စံအိမ်အတွင်းကို ဝင်ရမှာလား။ ဘယ်လိုလုပ် ငါတို့က ဒီလောက်ကြီးမားတဲ့ လေးစားမှုနဲ့ ထိုက်တန်မှာလဲ"

လီယုဟန် အဝေးကို မျှော်ကြည့်လိုက်သည်။ အဆုံးမရှိတဲ့ နှင်းများဖုံးလွှမ်းနေသော တောင်တန်းကို ကျယ်ပြောတဲ့ အဖြူရောင်တိမ်ပင်လယ်က အပေါ်မှ ဖုံးလွှမ်းထား၏။ တစ်ခါက လူဦးရေထူထပ်ပြီး စည်ကားလှတဲ့ မြို့လမ်းမ တစ်လျှောက်သည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။ အခုဆိုရင် မြို့က အခွံပဲ ကျန်တော့သည်လေ။

ဟွမ်ပထျန်းလည်း ပတ်ပတ်လည်ကို လှည့်ပတ်စစ်ဆေးလိုက်၏။

“ဒါပေမဲ့ ငါ ဘာလုပ်နိုင်မှာလဲ။ ခေါင်းဆောင်ဖူမဲ့က အမြဲတမ်း ခန့်မှန်းရခက်တဲ့ သူတစ်ယောက်ပဲ။ ငါတို့ နှစ်ယောက်လုံးတောင် သူ့ကို ရှာမတွေ့ဘူးမလား။ ငါ ဘာလုပ်ပေးရဦးမှာလဲ”

ဟွမ်ပထျန်းရဲ့ နှုတ်ခမ်းတွေက တင်းကြပ်သွားခဲ့သည်။ ထို့နောက်မှာ စိတ်ဝင်စားစွာဖြင့် ပြောလိုက်၏။

"ဘာမှမဖြစ်ပါဘူး။ ငါတို့ အရင်ဦးဆုံး ဝင်ကြည့်ကြမယ်လေ။ ဘယ်လိုပဲပြောပြော ငါတို့က အုပ်ချုပ်သူ ထိုင်ခုံပေါ် တက်ထိုင်နေတာမှ မဟုတ်တာပဲ။ ဒီအတိုင်း အိမ်ထဲကို ဝင်ရုံလေးပဲလေ။ ခေါင်းဆောင်ဖူမဲ့က ငါတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး"

ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ အာဏာရဲ့အရေးပါမှုသည် ပိုမိုပြင်းထန်၏။ အခုဆိုရင် ခေါင်းဆောင်ဖူမဲ့က နေရာမှာ ရှိမနေခဲ့ဘူး။ အကယ်လို့ တစ်စုံတစ်ယောက်ကသာ ခေါင်းဆောင်ဖူမဲ့ရဲ့ ပိုင်ဆိုင်မှုကို ထိပါးခဲ့မယ်ဆိုရင် အဲဒါက ပုန်ကန်တဲ့ အပြုအမူ ဖြစ်သွားလိမ့်မည်..။

ထို့ကြောင့် လက်အောက်ခံ တစ်ယောက်အနေနဲ့ လီယုဟန် ဂရုမစိုက်ဘဲ မပြုမူရဲပေ။ ဒါပေမဲ့ သူမ ဘယ်လိုပဲ စောင့်ဆိုင်းနေပါစေ၊ ခေါင်းဆောင်ဖူမဲ့ရဲ့ အရိပ်အယောင်ကိုမှ မမြင်ခဲ့ရဘူး။

"ငါ ထပ်ပြီး မစောင့်နိုင်တော့ဘူး။ လာပါ ဝင်ကြရအောင်။ ငါတို့ တစ်နေကုန် အပြင်မှာ ရပ်နေလို့မှ မရတာဘဲ"

ဟွမ်ပထျန်း တစ်ယောက် ပင်ပန်းမှုမရှိ လီယုဟန်အား ဆွဲဆောင်နေလေရဲ့။ ဒါပေမဲ့ ခေါင်းကြောမာတဲ့ လီယုဟန်ကတော့ ဘာကိစ္စပဲ ဖြစ်လာပါစေ မဝင်ခဲ့ပေ။ ခေါင်းဆောင်ဖူမဲ့ ပေါ်ပေါက်လာမယ့် အချိန်ကိုသာ မျက်နှာသေနဲ့ စောင့်နေခဲ့သည်။

"နင် ဝင်ချင်တယ်ဆို ဝင်လိုက်။ ခေါင်းဆောင်ဖူမဲ့က ဒီလိုအရေးပါတဲ့ အခြေအနေမှာ ပေါ်မလာဘူးလို့ ငါ မယုံဘူး။ ဒါက သူ စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေကို ခူးဆွတ်ရတော့မယ့် အချိန်ပဲ"

လီယုဟန်ရဲ့ လှပတဲ့မျက်နှာသည် အနည်းငယ် ခက်ထန်သွားသည်။ သူမရဲ့ မျက်လုံးထဲမှာလည်း ဒေါသတစ်ချို့ ဝင်ရောက်လာ၏။

ဟွမ်ပထျန်း ပါးစပ်ဟဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ အုပ်ချုပ်သူ စံအိမ်ရဲ့တံခါးက ရုတ်တရက် ပွင့်လာတော့သည်။

သူမတို့ နှစ်ယောက်လုံးက တံခါးချပ်ရဲ့ဘေးမှာ ရပ်နေခဲ့သည်။

ထိုအချိန်မှာပဲ အတွင်းကနေ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

"မင်းတို့ ဘာလုပ်နေတာလဲ။ ဘာကိစ္စ အထဲဝင်မလာသေးတာလဲ”

လီယုဟန်ရဲ့ ပါးစပ်က အံ့သြစွာ ပွင့်ဟသွားလေရဲ့။

"ခေါင်းဆောင်ဖူမဲ့… ခေါင်းဆောင် ဘယ်တုန်းက ရောက်နေတာလဲ"

နှင်းနဂါးမြို့တစ်ခုလုံးကို သူမတို့ ပိတ်ထားခဲ့ပြီးပြီ။ ထို့အပြင် အဓိကနေရာတိုင်းတွင်လည်း တပ်သားများ ချထား၏။ နှင်းနဂါးမြို့ရဲ့ ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးက သူမတို့ရဲ့ စောင့်ကြပ်မှုအောက်မှာ ရှိနေသည်လို့ ပြောလို့ရနိုင်သည်။

ဒါပေမဲ့ ရှကျိုးယွီက သာမန်သူတစ်ယောက်မှ မဟုတ်တာပဲ။ သူ့အနေနဲ့ ဘယ်မြို့ရဲ့ အုပ်ချုပ်သူစံအိမ်ကို မသွားဖူးတာ ရှိလို့လဲ။ ဒါက ကိုယ့်အိမ်ထဲကို ဝင်ရောက်တာပဲ မဟုတ်ဘူးလား။

ဒါပေမဲ့ ထိုအချိန်မှာပဲ သူက ရှကျိုးယွီမဟုတ်ဘဲ ပုန်ကန်တဲ့ ခေါင်းဆောင်ဖူမဲ့ဆိုတာကို ပြန်လည်အမှတ်ရသွား၏။ ထို့ကြောင့် ရှကျိုးယွီ အနေခက်စွာဖြင့် အနည်းငယ် ချောင်း ဟန့်လိုက်သည်။

"အဟမ်း မင်းတို့တွေ မြို့ကို တိုက်ခိုက်နေတာ တွေ့တာနဲ့ ငါ အရင်ဝင်လာခဲ့တာလေ"

ဟွမ်ပထျန်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ တစ်ဆတ်တည်း တွေးမိသွားလေ၏။

'ဒါဆိုရင် ငါတို့က အပြင်မှာ ဒုက္ခခံနေတဲ့အချိန်မှာ သူက အထဲကနေ ဇိမ်ကျကျနဲ့ စောင့်နေတာပေါ့။ ငါတို့က တိုက်လို့တောင် မပြီးသေးဘူး။ သူက အထဲကနေ ကြိုပြီး အမြတ်ထုတ်နေတာလား’

"ခေါင်းဆောင်ဖူမဲ့ရဲ့ ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့ နည်းစနစ်တွေကို ကျွန်တော် လေးစားလိုက်တာ"

ဟွမ်ပထျန်းသည် အပေါ်ယံတွင် ချိုမြတဲ့ စကားလုံးကို ပြောခဲ့ပေမဲ့ စိတ်ထဲကနေတော့ အပြစ်တင်နေခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့မျက်နှာပေါ်မှာတော့ သစ္စာရှိခွေးတစ်ယောက်ရဲ့ ဟန်ပန်ကို ဖန်တီးထားဆဲပဲ။

ရှကျိုးယွီ ပြုံးလိုက်သည်။

"ပြဿနာမရှိဘူး။ အခုထိ ကိစ္စအကြီးကြီးတွေ မလာသေးဘူး။ ဒါက အစပိုင်းပဲ ရှိသေးတယ်"

နှင်းနဂါးမြို့ကို သိမ်းပိုက်ပြီးတဲ့အတွက် ရှကျိုးယွီ စိတ်အခြေအနေ ကောင်းနေခဲ့သည်။ ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို ကြားလိုက်ရ၏။

(ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ပုန်ကန်သူတွေက တစ်ဖြည်းဖြည်း အင်အားချဲ့ထွင်လာနိုင်ခဲ့ပြီ။ ဒါကြောင့် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ၁,၀၀၀ လျော့နည်းသွားတယ်)

(ဆုလာဘ်... နတ်ဆိုးနှိမ်နင်းနိုင်တဲ့ ဟွမ်ယန် ပေတံ)

ထိုအချိန်မှာပဲ လူတစ်ယောက်ရဲ့အရပ် တစ်ဝက်ခန့်နီးပါး မြင့်တဲ့ ပေတံကြီးတစ်ခု ရှကျိုးယွီရဲ့ လက်အတွင်းသို့ ပေါ်လာခဲ့သည်။ ထိုပေတံကနေ အရှိန်အဝါတစ်ချို့ ထုတ်လွှတ်နေ၏။

အစကတော့ နတ်ဆိုးနှိမ်နင်းနိုင်တဲ့ သာမန် ပစ္စည်းတစ်ခုလို့သာ ရှကျိုးယွီ ထင်မှတ်ခဲ့သည်။ ဒါပေမဲ့ ထိုပေတံ ပေါ်ပေါက်လာခဲ့တာနဲ့ မိုင်၁၀၀အတွင်းမှာ ရှိနေတဲ့ မကောင်းဆိုးဝါးတွေ အားလုံးက သူတို့ရဲ့ ဘိုးဘေးကို တွေ့လိုက်ရသလိုမျိုး တုံ့ပြန်လာကြ၏။

သူတို့သုံးယောက်လုံး သတိထားမိလိုက်သည်။

ရှကျိုးယွီ ထိုအချိန်မှာပဲ နတ်ဆိုးနှိမ်နင်းနိုင်တဲ့ ပေတံကို ပြန်လည်သိမ်းဆည်းလိုက်သည်။ သူ့ရဲ့ မျက်နှာထားက မပြောင်းမလဲ ရှိနေဆဲပဲ။

ပေတံရဲ့ အနီးတစ်ဝိုက်က မကောင်းဆိုးဝါးတွေကတော့ ရုတ်တရက် ဖိနှိပ်နိုင်တဲ့ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး ထိုအရှိန်အဝါက ချက်ချင်းဆိုသလို ပြန်လည် ပျောက်ကွယ်သွား၏။

ဒီလိုနဲ့ပဲ ရှကျိုးယွီနဲ့အတူ ဟွမ်ပထျန်းတို့ စံအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

……….

ထိုအချိန်တွင် နှင်းနဂါးမြို့ရဲ့ အဝေး၌ မြို့တပ်သားတွေကို ကျောင်းကောင်း ဦးဆောင်ပြီး တပ်ချထားခဲ့သည်။

တစ်ဖြည်းဖြည်း ညဥ့်နက်လာတာနဲ့အမျှ နှင်းနဂါးမြို့ရဲ့ မြို့ပြင်မှာ ယာယီတဲထိုးထားသော တဲအတွင်းက မီးရောင်က ပိုမိုလင်းလက်လာ၏။

ဟူယူ တစ်ယောက် တည်တင်းနေသော မျက်နှာထားနဲ့ လက်ထဲမှာ ကြာပွတ်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ့ရဲ့အကြည့်က နှင်းနဂါးမြို့ ရှိရာကိုပဲ ဦးတည်နေ၏။

"သခင်ကျောက်၊ တစ်ဖြည်းဖြည်းနဲ့ ညနက်လာပြီ။ ကျွန်တော်တို့ နောက်မကျခင် တိုက်ခိုက်ကြမလား"

ဟူယူ စီးထားတဲ့မြင်းကလည်း သူ့သခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဟန်ရှိသည်။ အဆက်မပြတ် မြည်ဟည်းနေတော့၏။ ချက်ချင်းပဲ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ဆင်နွှဲလိုဟန်ရှိသည်။

ဟူယူရဲ့ စစ်မြင်းကို ကျောက်ကောင်း နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။ မာန်ကြွနေတဲ့ မြင်းနက်ကြီးလည်း ချက်ချင်းပဲ တည်ငြိမ်သွား၏။

“အလျင်မလိုသေးဘူး။ အရှင်မင်းကြီး အခုထိ ရောက်မလာသေးဘူးလေ။ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက် မရှိဘူးဆိုရင် အပြီးပြည့်စုံဆုံး အစီအစဉ်တစ်ခုတောင်မှ အောင်မြင်လာနိုင်မှာ မဟုတ်ဘူး"

ကျောက်ကောင်း ကောင်းမွန်စွာ နားလည်ပါသည်။ အရှင်မင်းကြီး အနီးမှာ ရှိနေမယ်ဆိုရင် အရာအားလုံး ချောမွေ့လိမ့်မည်။

"ဒါပေမဲ့ ကျွန်တော်တို့သာ ဒီအခွင့်အရေးကို ဆုံးရှုံးသွားရင် ပုန်ကန်သူတွေက မြို့တစ်ခုလုံးကို အပြီးတိုင် ထိန်းချုပ်နိုင်သွားလိမ့်မယ်။ ဒါဆိုရင် ရန်သူကို တိုက်ရိုက် လက်လွဲပေးလိုက်တာနဲ့ မတူနေဘူးလား”

ဟူယူ စိတ်လှုပ်ရှားနေခဲ့သည်။ သူ့အနေနဲ့ ကျောက်ကောင်းရဲ့ဘေးမှာ ရှိလာတာ နှစ်များစွာ ကြာခဲ့ပြီ။ ကျောက်ကောင်းရဲ့ စိတ်ဓာတ်ကို အတိုင်းအတာတစ်ခုအထိ နားလည်ပါ၏။

အကယ်လို့ ကျောက်ကောင်းကို တရားရုံးတော်က အမတ်တွေက အပြစ်တင်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ… နှင်းနဂါးမြို့ကို လက်လျှော့ခဲ့ပြီး ပုန်ကန်သူတွေကို အင်အားကြီးလာအောင် ထောက်ပံ့ခဲ့တဲ့အတွက် ကျောက်ကောင်းကို အပြစ်တင် စွပ်စွဲလာနိုင်သည်။

ဒါဆိုရင် အရှင်မင်းကြီးအနေနဲ့ ကာကွယ်ချင်ရင်တောင်မှ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး။ ရုံးတော်ထဲမှာရှိတဲ့ အမတ်တွေက ဘယ်လောက်တောင်မှ ကျောက်ကောင်းကို သေစေချင်နေကြတာ မို့လို့လဲ….

ဒါပေမဲ့ ဟူယူ စိတ်လှုပ်ရှားနေသလောက် ကျောက်ကောင်းရဲ့ ပုံစံကတော့ တည်ငြိမ်နေ၏။ သူက တည်ငြိမ်စွာပဲ ပြောလိုက်သည်။

"ဘာလဲ။ အရှင်မင်းကြီးက နှင်းနဂါးမြို့ကို တကယ်ပဲ လက်လျှော့မယ်လို့ မင်း ထင်နေတာလား"

ကျောက်ကောင်းက ပြောနေရင်းနဲ့ ဟူယူရဲ့ ခေါင်းနောက်ကို အသာလေးရိုက်လိုက်ကာ အပြုံးတစ်ခုနဲ့ ဆူလိုက်သည်။

"မင်းက ငယ်ပါသေးတယ်။ ငါတို့ အရှင်မင်းကြီး ဘယ်လောက်တောင် ဥာဏ်များလဲဆိုတာကို မင်း မသိဘူးလား။ ဘယ်လိုလုပ် အဲဒီအသုံးမကျတဲ့ ပုန်ကန်သူ အနည်းငယ်လောက်က အရှင်မင်းကြီးရဲ့ ဥာဏ်ရည်ကို ပြိုင်ဆိုင်နိုင်မှာလဲ။ သူတို့ ဒီနေ့ ဘယ်လောက်ပဲ ရယူနိုင်ပါစေ အရှင်မင်းကြီးက သေချာပေါက် အတိုးရော အရင်းရော ပြန်တောင်းလိမ့်မယ်"

ကျောက်ကောင်းရဲ့ မျက်နှာထက်မှာ ညစ်ကျယ်ကျယ် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ အနီးအနားမှာ ရှိနေတဲ့ လူတွေအားလုံး ခေါင်းမွေးများ ထောင်ထသွားသလို ခံစားလိုက်ရသည်။

ယာယီတပ်စခန်းအတွင်းတွင် မီးတောက်တို့ လောင်မြိုက်နေဆဲပဲ။ တပ်သားတွေအားလုံးက မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ အမိန့်တော်ကို စောင့်ဆိုင်းနေခဲ့သည်။

ဒါက သာမန်တပ်ဖွဲ့တစ်ခုရဲ့ အမုန်းတရားပဲ မဟုတ်ဘူး။ တရှားတိုင်းပြည်ရဲ့ နယ်စပ်ကို နှစ်ပေါင်းများစွာ ကာကွယ်လာတဲ့ ကာကွယ်စောင့်ရှောက်သူတွေရဲ့ မာန်မာနပဲ..

"ဒီလိုဆိုမှတော့ သခင်ကျောက်မှာ အရှင်မင်းကြီးကို ဆက်သွယ်ဖို့ နည်းလမ်းရှိလား။ အရှင်မင်းကြီး ဘယ်အချိန်များ နှင်းနဂါးမြို့ကို တိုက်ခိုက်မလဲ ကျွန်တော် သိချင်လှပြီ"

ဟူယူက ငယ်ရွယ်တဲ့သူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဘယ်လို လျှို့ဝှက်ချက်ကိုမှ ထိန်းသိမ်းမထားနိုင်ဘူး။ ကျောက်ကောင်း မတုံ့ပြန်နိုင်ခင်မှာဘဲ ရှင်းလင်းတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

"စောင့်နေဖို့ မလိုဘူး။ ချက်ချင်း တိုက်ခိုက်မယ်"

အကုန်လုံး လှည့်ကြည့်လိုက်ကြသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ နူးညံ့ပိန်ပါးတဲ့ ပုံရိပ်တစ်ခုက မြင်ကွင်းထဲကို ဝင်ရောက်လာ၏။

ညနက်ပိုင်းမှာပဲ လျိုချင်းချန်သည် တဲအတွင်းသို့ ရောက်ရှိလာခဲ့သည်။

"တော်ဝင်ဆရာမကြီး"

ကျောက်ကောင်း ရိုသေစွာဖြင့် နှုတ်ဆက်လိုက်၏။

လျိုချင်းချန်ရဲ့ ဖီးနစ်သဖွယ် စူးရှတဲ့ မျက်လုံးတွေက တိုက်ပွဲစိတ်ဓာတ်တို့ ပြင်းထန်နေခဲ့သည်။

"အရှင်မင်းကြီးက မြို့ကနေ ဆုတ်ခွာပြီးတာနဲ့ ငါတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အမိန့်ပေးထားခဲ့တယ်မလား။ ဒါက ငါတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးလိုက်တာပဲ မဟုတ်ဘူးလား"

တော်ဝင်ဆရာမကြီးတစ်ယောက်သာ ဆိုပေမဲ့ သူမက ရှကျိုးယွီရဲ့ ညာလက်ရုံး ကျောက်ကောင်းထက် ပိုမိုယုံကြည်ချက်ရှိ၏။ ရှကျိုးယွီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ပြီးနောက်မှာ သူမ အနည်းငယ် ဂုဏ်ယူမိလာသည်။ သူမက မိဖုရားထက်တောင်မှ ရှကျိုးယွီကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ဦးမည်။

လျိုချင်းချန်ရဲ့ သွယ်လျတဲ့ ခြေထောက်တွေက ပေါ့ပါးစွာဖြင့် ကုန်းမြင့်တစ်ခုပေါ်ကို တက်လိုက်သည်။ ထို့နောက်မှာ နှင်းနဂါးမြို့ကို လှမ်းကြည့်လိုက်၏။ ညအလင်းရောင်အောက်မှာ အဖြူရောင်ဝတ်စုံနဲ့ လျိုချင်းချန်ရဲ့ ပုံစံသည် နတ်သက်ကြွေလာတဲ့ နတ်သမီးတစ်ပါးလိုမျိုး ခမ်းနားနေသည်။

ထို့နောက်မှာ မောင်းကိုဆွဲယူပြီး တိုက်ပွဲစည်တော်ကို စတင် တီးခတ်တော့၏။ ထိုအချိန်မှာပဲ ခရာမှုတ်သံတွေ ထွက်ပေါ်လာပြီး တပ်သားအားလုံးရဲ့ တိုက်ခိုက်လိုစိတ်များ နိုးကြွလာခဲ့သည်။

"တပ်သားတွေအားလုံး နားထောင်စမ်း။ မနက်ဖြန် နေထွက်တာနဲ့ နှင်းနဂါးမြို့ကို တိုက်ခိုက်မယ်”

"တိုက်ခိုက်မယ်"

"တိုက်ခိုက်မယ်”

All Chapters