လူသစ်စုဆောင်းခြင်း
Vol. 16 Ch. 224
ဟွမ်ပထျန်း ကြီးမားစွာပြုံးလိုက်၏။
"ခေါင်းဆောင်ဖူမဲ့ဟုတ်လား။ မင်းကငါ့ရဲ့သံလက်သီးကိုကြောက်လို့ လာရွှီးနေတာမလား"
ဟွမ်ပထျန်းရဲ့မျက်နှာထက်မှာ ဂုဏ်ယူတဲ့အပြုံးတို့ဝင်ရောက်လာခဲ့သည်။
လီရှီမနေနိုင်စွာပဲ ဟွမ်ပထျန်းကို ပိတ်ရိုက်ချင်လာ၏။ ဒါပေမဲ့ သူ့ရဲ့နိမ့်ပါးတဲ့ ကျင့်ကြံမှုအဆင့်ကြောင့် အရှေ့ကလူကိုမတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် အတင်းအကြပ် သည်းခံထားရသည်။
ဒါပေမဲ့ လီယုဟန်ကတော့ သည်းခံဖို့ မလိုအပ်ပါချေ။ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးနှစ်တုံးက ဟွမ်ပထျန်းရဲ့ ပေါင်ခွကြားရှိရာသို့ တိုက်ရိုက်ပဲကျရောက်လာခဲ့သည်။ ချက်ချင်းပဲ သံလက်သီးပိုင်ရှင် ကျင့်ကြံသူခင်ဗျာ ခန္ဓာကိုယ်ကိုတွန့်လိမ်ရင်း အော်ဟစ်ရတော့၏။
"လီယုဟန်.. မင်း အကျင့်မကောင်းတဲ့ကောင်မ"
လီယုဟန်ကတော့ စိတ်ပျက်စွာပဲ လှည့်ကြည့်လာခဲ့သည်။
"ဘာလဲ။ ခေါင်းဆောင်ဖူမဲ့ကို ငါအသေးစိတ်တင်ပြပေးရမှာလား"
ခေါင်းဆောင်ဖူမဲ့ရဲ့ နာမည်ကိုပြောလိုက်တာနဲ့ ဟွမ်ပထျန်း ဆက်မပြောရဲတော့ပေ။ ဒေါသတကြီးအံကြိတ်ရင်း နာကျင်မှုကို သည်းခံလိုက်သည်။
……..
အရာအားလုံးရဲ့နောက်ကွယ်က အရှင်မင်းကြီးဆိုတာကို ကျောက်ကောင်း နားလည်သွားခဲ့သည်နှင့် ကြီးမားတဲ့တဲအတွင်းမှာ အရှေ့နဲ့အနောက် လျှောက်ရင်း ပြင်းထန်စွာစဉ်းစားတော့သည်။
"သခင်ကျောက်၊ တပ်သားတွေအားလုံးကို ပြန်လည်ဆုတ်ခွာခိုင်းပြီးပါပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"
ကျောက်ကောင်းရဲ့ ကြောက်ရွံ့နေမှုကြောင့် ဟူယူရဲ့ ဖြူဖွေးတဲ့မျက်နှာက ပိုမိုဖြူဖွေးလာ၏။ သူ ဘာဆက်လုပ်ရမလဲ မသိတော့ပေ။
"အားလုံးကျရှုံးပြီဆိုမှတော့ ကျွန်တော်တို့ အရှင်မင်းကြီးကို ဒီတိုင်းပဲ လက်လျှော့လိုက်ကြမယ်လေ၊ ကျွန်တော်တို့ အားလုံးက အရှင်မင်းကြီးရဲ့ အသွေးနဲ့အသားတွေပဲ၊ အရှင်မင်းကြီးရဲ့အမိန့်ကို ကိုယ်စားပြုတယ်၊ ဘာကိုပဲ အရှင်မင်းကြီးဆောင်ရွက်နေပါစေ၊ ကျွန်တော်တို့ကို ထိခိုက်စေမှာမဟုတ်ဘူး"
"ဒါ့အပြင် အရှင်မင်းကြီးက ဘယ်တုန်းကမှ လူတစ်ယောက်ကို အပြစ်မရှိဘဲ မသတ်ခဲ့ဘူး၊ ကျွန်တော်တို့သာ လက်လျှော့လိုက်မယ်ဆိုရင် အရှင်မင်းကြီးက လက်ခံပေးလောက်တယ်"
ဟူယူ တက်ကြွစွာဖြင့် ပြောလိုက်သည်။ ဒါပေမဲ့ ထိုစကားတွေကြောင့် ကျောက်ကောင်း ပိုမိုရှုပ်ထွေးသွား၏။ ဟူယူရဲ့ခေါင်းကို နောက်တစ်ကြိမ် ပိတ်ရိုက်လိုက်သည်။
"ဒါ မင်းရဲ့ ဉာဏ်မပါတဲ့ခေါင်းက စဉ်းစားနိုင်တဲ့အတွေးအခေါ်လား။ ဘယ်လိုသေရမလဲဆိုတာကိုကော မစဉ်းစားတတ်ဘူးလား"
ဟူယူ နေရာမှာတင် ဆွံ့အသွားခဲ့သည်။
ကျောက်ကောင်း ဒေါသတကြီးရယ်မောလိုက်၏။
"တကယ်ပါပဲ အသုံးမကျလိုက်တာ"
ဟူယူ ဆူပုပ်နေတဲ့မျက်နှာနဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်တော့သည်။
"ဟုတ်ပြီ။ ကျွန်တော် ဖြေရှင်းချက်ကိုမစဉ်းစားနိုင်တော့ဘူး၊ သခင်ကျောက် ဘယ်လိုထင်လဲ”
ကျောက်ကောင်း ခဏမျှစဉ်းစားနေခဲ့သည်။ အရှင်မင်းကြီးက ဒီကိစ္စမှာ သေချာပေါက်နက်ရှိုင်းတဲ့စဉ်းစားထားမှုရှိမှာပဲ။ အဲဒီရည်ရွယ်ချက်က ထင်သလောက် မရိုးရှင်းနိုင်ဘူး။
အရှင်မင်းကြီးရဲ့ မြင့်မားလှတဲ့အတွေးအခေါ်စွမ်းရည်ကို ဘယ်လိုစဉ်းစားနိုင်မှ သူ့အနေနဲ့ ကူညီထောက်ပံ့နိုင်မှာလဲ…
"ဟူယူ၊ ငါ့ရဲ့အမိန့်ကိုပြောလိုက်၊ လမ်းတစ်လျှောက်မှာ စောင့်ကြပ်နေတဲ့ သူတို့ဘက်က တပ်သားတစ်ချို့ကို စုဆောင်းမယ်၊ သူတို့တွေကို တပ်သားအသစ်အဖြစ် တပ်ဖွဲ့မှာ စာရင်းသွင်းခိုင်းရမယ်"
ဟူယူ ထိတ်လန့်သွားတော့သည်။
"သခင်ကျောက်၊ သခင်ကျောက် ဘာတွေလုပ်နေတာလဲ။ တပ်သားသစ် စာရင်းသွင်းမယ်ဟုတ်လား"
ဟူယူ လွန်စွာထိတ်လန့်နေခဲ့သည်။
"အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်က နယ်စပ်အင်အားကို တိုးမြင့်ချင်တာဖြစ်နိုင်တယ်၊ ငါတို့တွေအားလုံးကို တောင်ခြေပုန်ကန်သူတပ်စခန်းရဲ့ လက်အောက်ရောက်စေတာကို ကြည့်ရင် မသိသာနေဘူးလား"
ကျောက်ကောင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဒါက ပထမအဆင့်ပဲရှိသေးတယ်၊ အရှင်မင်းကြီးက ငါတို့ကို လူအင်အားတိုးလာအောင် လုပ်ပေးရုံသာမကဘူး၊ ငါတို့ရဲ့အသစ်ရရှိထားတဲ့ တပ်သားတွေကို တိုက်ပွဲအတွေ့အကြုံရရှိလာနိုင်အောင် လုပ်ပေးခဲ့တာပဲ”
“တစ်ချိန်တည်းမှာ အရှင်မင်းကြီးက ငါ့ရဲ့နှင်းနဂါးမြို့ကို ရောက်ရှိနေမှုကို အသုံးချခဲ့တယ်၊ ငါ့ရဲ့ရောက်ရှိလာမှုကြောင့် တပ်ဖွဲ့ကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါကငါ့အနေနဲ့ ခိုင်မာတဲ့ထိန်းချုပ်မှုပိုင်းကို တည်ဆောက်နိုင်ခဲ့တာပဲ၊ ဒါက ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာ"
ထိုအချိန်မှာပဲ တဲအနောက်ဘက်ကနေ ပိန်ပါးတဲ့ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
"ဒါတင်မကသေးဘူး"
ဟူယူရဲ့ စူးရှတဲ့အကြည့်က ချက်ချင်းပဲ အသံလာရာကို ကျရောက်သွားခဲ့သည်။
တဲအတွင်းသို့ ရုတ်တရက် ဝင်လာသူက တော်ဝင်ဆရာမကြီး ဖြစ်နေလေရဲ့။
"ကျောက်ကောင်း ခဏလောက်ဘေးဖယ်နေပါ၊ ငါဒီကိစ္စကို ကိုယ်တိုင်ကိုင်တွယ်လို့ရမလား"
လျိုချင်းချန် ပြုံးလိုက်သည်။
သူမအနေနဲ့ ရှကျိုးယွီကို ပိုမိုလေးစားသွား၏။
ညအချိန်မှာ အင်အားပြင်းစွာ လှုပ်ရှားနိုင်ရုံတင်မကဘူး အခုလိုမျိုးများပြားတဲ့လူတွေကို တင်းကျပ်စွာထိန်းချုပ်နိုင်သေးသည်။ ဒီလူက တကယ်ကို တုနှိုင်းမရှိတဲ့လူတစ်ယောက်ပဲ။
လျိုချင်းချန်ရဲ့ နှလုံးသားတစ်ခုလုံးကို ရှကျိုးယွီ အပိုင်သိမ်းလိုက်နိုင်ပြီလေ။
"အရှင်မင်းကြီးက ဒီခရီးစဉ်ကနေ ပထမအဆင့်ကျင့်ကြံသူနှစ်ယောက်ကို တရှားတိုင်းပြည်အတွက် သိမ်းပိုက်နိုင်ခဲ့တယ်၊ ဒါအပြင် များစွာတဲ့ တတိယအဆင့်နဲ့ စတုတ္ထအဆင့်ကျင့်ကြံသူတွေလည်း အရှင်မင်းကြီးရဲ့လက်အောက်မှာ ရောက်နေခဲ့တယ်၊ နင်တို့ဒါကို စဉ်းစားဖူးသလား"
ကျန်တဲ့လူတွေအားလုံး ရှုပ်ထွေးသွား၏။
"အရှင်မင်းကြီးက ထူးချွန်လိုက်တာ"
ကျောက်ကောင်း အံ့ဩတကြီး ချီးကျူးလိုက်သည်။
လျိုချင်းချန်က လက်တစ်ဖက်သာရမ်းပြလိုက်၏။
"အလျင်စလိုမချီးကျူးနဲ့ဦး၊ အဲဒီလက်ရွေးစင်တပ်သားတွေကို ငါတို့လက်အောက်ရောက်အောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကို သေချာစဉ်းစားရမယ်"
ကျောက်ကောင်း ခဏမျှစဉ်းစားလိုက်သည်။
"တော်ဝင်ဆရာမကြီး၊ သူတို့တွေက နှင်းနဂါးတောင်ရဲ့လယ်သမားတွေနဲ့ မုဆိုးတွေဖြစ်မယ်လို့ ကျွန်တော်ထင်တယ်၊ သူတို့တွေက အများအားဖြင့် ထိန်းချုပ်လို့မလွယ်ကူဘူး၊ သူတို့ကို ပိုက်ဆံတစ်ချို့သာပေးလိုက်မယ်ဆိုရင်တော့ အလွယ်တကူနာခံစေနိုင်လိမ့်မယ်"
ဒါပေမဲ့ လျိုချင်းချန်ရဲ့မတူညီတဲ့အကြည့်က ကျောက်ကောင်းအပေါ်ကို ကျရောက်လာခဲ့သည်။
"အရှင်မင်းကြီးကိုယ်တိုင် ဖန်တီးထားတဲ့လက်ရွေးစင်တပ်ဖွဲ့ကို နင်ဒီလောက်ပဲထင်တာလား။ အရှင်မင်းကြီးကို အထင်သေးနေတာလား"
ကျောက်ကောင်း တစ်ယောက် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားလေရဲ့။
လျိုချင်းချန် နူးညံ့စွာ ပြောလိုက်သည်။
"ဖြစ်နိုင်တာ အရှင်မင်းကြီးက အဲဒီလက်ရွေးစင်တပ်ဖွဲ့ကို ငါတို့လက်အောက်မှာ ယဉ်ပါးလာအောင် တဖြည်းဖြည်းနဲ့ သိမ်းသွင်းစေချင်တာပဲ၊ သူတို့ကို စိတ်ကျေနပ်အောင်လုပ်နိုင်ရုံသာမကဘူး အရှင်မင်းကြီးကိုပါ ငါတို့ကဆွဲဆောင်နိုင်ဖို့လိုတယ်"
သူမတို့အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ကြောင်း ရှကျိုးယွီကိုပြောမဲ့အချိန်မှာ ရရှိလာမဲ့ ရှကျိုးယွီရဲ့ ပျော်ရွှင်နေတဲ့မျက်နှာထားကို မြင်ယောင်ရင်း လျိုချင်းချန် မနေနိုင်စွာပြုံးမိသွားသည်။
"ငါတို့အနေနဲ့ သူတို့ကိုပိုက်ဆံပဲပေးလို့မရဘူး၊ အာဏာပါပေးရမယ်၊ အာဏာတင်သာမကဘူး နယ်မြေတစ်ချို့ပါခွဲဝေပေးဖို့ လိုအပ်နိုင်တယ်"
"ငါတို့သာ သူတို့ကို လုံးဝထိန်းချုပ်နိုင်ပြီဆိုရင် တရှားတိုင်းပြည်ရဲ့ စီမံခန့်ခွဲမှုနဲ့ ထူးကဲတဲ့တန်ဖိုးကို သိမြင်အောင်ပြပေးရမယ်"
တော်ဝင်ဆရာမကြီးအနေနဲ့ အခုလိုမျိုးတိုက်ရိုက်မထွက်ပေါ်ခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီပင်။ ဒါပေမဲ့ သူမအရှေ့ထွက်လိုက်တဲ့အချိန်မှာလည်း တော်ဝင်ဆရာမကြီးတစ်ယောက်ရဲ့ အရှိန်အဝါက ပြင်းထန်စွာအသက်ဝင်နေ၏။ ကျောက်ကောင်းပင် မနေနိုင်စွာလေးစားသွားခဲ့သည်။ သူမက မိန်းမတစ်ယောက်ဖြစ်ပေမယ့် အရှင်မင်းကြီးရဲ့ ဘေးမှာရပ်တည်ပြီး အရှင်မင်းကြီးကို ထောက်ပံ့ပေးနိုင်သည်။ သူမရဲ့အရည်အချင်းက လူပေါင်းများစွာကို ကျော်လွန်နိုင်၏။
လျိုချင်းချန်လည်း သူတို့ရဲ့လေးစားမှုကို သတိထားမိသွားဟန်ရှိသည်။ သူမရဲ့နှုတ်ခမ်းကို ရှက်ရွံ့စွာဖြင့် အနည်းငယ်ကာလိုက်လေသည်။
"အရှင်မင်းကြီးကို နင်တို့နားမလည်သေးပါဘူး၊ သာမန်ရှင်ဘုရင်တွေက သူတို့ရဲ့တိုင်းပြည်တွေကို အုပ်ချုပ်ဖို့ ပုံမှန်နည်းလမ်းကိုအသုံးပြုတယ်၊ ဒါပေမဲ့ တော်ဝင်ဆန်တဲ့စိတ်ဓာတ်ပိုင်းမှာဖြစ်ဖြစ် အာဏာကိုထိန်းချုပ်တဲ့နေရာမှာဖြစ်ဖြစ် ဘယ်ရှင်ဘုရင်ကမှ ငါတို့ရဲ့အရှင်မင်းကြီးကို မနှိုင်းယှဉ်နိုင်ဘူး၊ ငါတို့ရဲ့ရှင်ဘုရင်က တာအိုနှလုံးသားကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ပဲ”
"ဆိုရိုးစကားရှိတဲ့အတိုင်းပဲ အရာအားလုံးက တာအိုကနေအစပြုပြီး တာအိုကိုပြန်လည်ရောက်ရှိတယ်၊ အရှင်မင်းကြီးက တာအိုပညာကို အပြည့်အဝနားလည်ထားတဲ့လူတစ်ယောက်ပဲ၊ အဲ့လိုမျိုး ရှင်းလင်းပြတ်သားတဲ့နှလုံးသားကြောင့်သာ တရှားတိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို အများကြီးတိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့တာ"
လျိုချင်းချန်ရဲ့ စကားလုံးတွေက ရင်ထဲထိစရာကောင်းလှသည်။ သူမက ချက်ချင်းပဲမတ်တပ်ရပ်လိုက်သည်။ လှပတဲ့ သူမရဲ့မျက်လုံးတွေက အနည်းငယ်တုန်ယင်နေ၏။ နှင်းနဂါးမြို့ရှိရာကို ဝေဝါးစွာ လှမ်းကြည့်လိုက်သည်။
"အရှင်မင်းကြီးလည်း ငါတို့ကို မြို့နံရံကနေ ကြည့်နေလောက်တယ်၊ ငါတို့ရဲ့လုပ်ရပ်သာမှန်မယ်ဆိုရင် တရှားရဲ့နယ်စပ်နေရာက နှစ်ရာချီကြာတဲ့အထိ ငြိမ်းချမ်းနေလိမ့်မယ်"
တဲအတွင်းက စစ်သူကြီးများသာမက ကျောက်ကောင်းကိုယ်တိုင်ပင် သူမရဲ့အရှိန်အဝါကြောင့် လွှမ်းမိုးမှုကိုခံစားလိုက်ရသည်။ ကျောက်ကောင်းလည်း စကားပြန်မပြောနိုင်တော့ပေ။ သူ့ရဲ့မျက်လုံးထဲမှာ ပြင်းထန်တဲ့လေးစားမှုတို့ ပြည့်နှက်နေ၏။
တော်ဝင်ဆရာမကြီးက အရှင်မင်းကြီးကို အပြည့်အဝနားလည်တာပဲ။ သူမက အရှင်မင်းကြီးရဲ့ဘေးမှာနေနိုင်ပြီး တော်ဝင်ဆရာမကြီးဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိနိုင်တာ မအံ့ဩတော့ပါဘူး။
"ဒါဆိုရင် တော်ဝင်ဆရာမကြီး၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”
ကျောက်ကောင်းရဲ့မျက်လုံးတွေက အနည်းငယ်တုန်ယင်နေပြီး အချိန်မရွေးငိုတော့မည့်ဟန် ရှိသည်။ သူက လေးစားစွာ မေးလိုက်၏။
"နှင်းနဂါးမြို့ကို အလျှော့ပေးရမယ်"
ဒါပေမဲ့ ထိုစကားလုံးက အကုန်လုံးရဲ့နှလုံးသားကို ပြင်းထန်စွာရိုက်ခတ်သွားခဲ့သည်။
သူတို့တွေက နှင်းနဂါးမြို့ကို မျိုးဆက်ပေါင်းများစွာတိုင်အောင် ကာကွယ်စောင့်ရှောက်လာတဲ့ လူတွေပဲ။
ဒါပေမဲ့ အခုတော့ နှင်းနဂါးမြို့ကို တကယ်ပဲလက်လျှော့ဖို့ပြောနေခဲ့သည်။ သူတို့ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ…
ကျောက်ကောင်းပင် မနေနိုင်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
တော်ဝင်ဆရာမကြီးရဲ့အတွေးအခေါ်က အရမ်းနုနယ်လွန်းနေသည်ဟု ခံစားရ၏။
"နှင်းနဂါးမြို့ကို လက်လျှော့လိုက်တာက ထွက်ပြေးတာနဲ့ အတူတူပဲမဟုတ်ဘူးလား။ ကျွန်တော်တို့ဘက်က နောက်ဆုတ်လိုက်ရင် သူတို့ကိုအနိုင်ယူခိုင်းလိုက်တာ ဖြစ်သွားမယ်။ ဒါဆိုရင် သူတို့အနေနဲ့ တရှားတိုင်းပြည်ကို တစ်စတစ်စသိမ်းပိုက်လာလိမ့်မယ်"
ကျောက်ကောင်း လုံးဝ မျက်မှောင်ကြုတ်နေခဲ့သည်။
"နင်ဘာကိုပြောချင်တာလဲ”
လျိုချင်းချန်ရဲ့မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်နေ၏။
"တရှားတိုင်းပြည်ရဲ့ အရေးပါတဲ့လူတွေအနေနဲ့ ကြီးမားတဲ့အမြင်ထားမှရမယ်၊ သေးငယ်တဲ့အရာတွေကြောင့်နဲ့ ငါတို့ရဲ့ကြီးမားတဲ့အခွင့်အရေးကို လက်လွှတ်စရာမလိုအပ်ဘူး၊ အပေါ်ရံအရတော့ ငါတို့ကအရှုံးပေးလိုက်တာပဲ၊ ဒါပေမဲ့ အရှင်မင်းကြီးအနေနဲ့ အောင်မြင်မှုရလိုက်တာမဟုတ်ဘူးလား။ ဒါဆိုရင် အဆုံးကျ ငါတို့တွေ အားလုံးကို ပြန်လည်ရရှိမှာပဲမဟုတ်ဘူးလား"
"ဒါဆိုရင် အရှင်မင်းကြီးရဲ့ကြိုးစားမှုလည်း အရာထင်သွားမယ်”
ထိုအချိန်မှပဲ ကျောက်ကောင်းရဲ့ မျက်လုံးတွေ ပြန်လည်တောက်ပလာခဲ့သည်။
"ကောင်းပြီ။ တော်ဝင်ဆရာမကြီးရဲ့ လမ်းပြပေးမှုအတွက် တကယ်ပဲကျေးဇူးတင်ပါတယ်"
"ကျွန်တော် ချက်ချင်းပဲလှုပ်ရှားလိုက်ပါ့မယ်”
…..