← Chapters

အရှင်မင်းကြီးရဲ့ အရှိန်အဝါ)

Vol. 16 Ch. 211

အရှင်မင်းကြီးရဲ့ အရှိန်အဝါ)

Vol. 16 Ch. 211

လျိုချင်းချန်ရဲ့ပုံစံသည် ကျောက်ကောင်း လေးစားခဲ့ရတဲ့ ပုံစံအတိုင်းပဲဖြစ်သည်။ သူမရဲ့အရှိန်အဝါက ထူးခြားအသက်ဝင်ရုံတင်သာမကဘဲ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေ၏။ တစ်ဖက်လူရဲ့နှလုံးသားကို ကြောက်ရွံ့စေနိုင်သည်။ သူမရဲ့မြင့်မားတဲ့ကျင့်ကြံမှုကြောင့် ဖြစ်ပေါ်နေတဲ့ဖိအား မဟုတ်ဘဲ တမူထူးခြားတဲ့ သိုင်းပညာကြောင့် ရရှိလာတဲ့ဖိအားပင်။

"တော်ဝင်ဆရာမကြီးကို နှင်းနဂါးမြို့ကနေ လေးစားစွာ ကြိုဆိုပါတယ်"

“အုပ်ချုပ်ရေးမှူးက အခု မရှိသေးတဲ့အတွက် ကျွန်‌တော့်ကို ဒီနေရာမှာ အဖော်လုပ်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တစ်ယောက်ထဲပဲ တော်ဝင်ဆရာမကြီးကို ကြိုဆိုလိုက်ပါတယ်”

ကျောက်ကောင်း တစ်ယောက် လျိုချင်းချန်ရဲ့ မျက်လုံးကို တိုက်ရိုက်မကြည့်ရဲပေ။ သူက ရိုးသားစွာဖြင့် ပြောလိုက်၏။

"မြို့ရဲ့အုပ်ချုပ်ရေးမှူးက မရှိသေးဘူးဟုတ်လား"

လျိုချင်းချန် နူးညံ့စွာရယ်မောလိုက်သည်။

သူမရဲ့ရယ်မောမှုက ပတ်ဝန်းကျင်ရဲ့ လေထုကိုပင် ဝေဝါးသွားစေသလိုပဲ။

"ဒါဆိုရင် အဲ့ဒီလူက ဒီကမ္ဘာပေါ်မှာရော ရှိသေးရဲ့လား။ ငါဒီကိုလာတဲ့လမ်းမှာ သခင်ကျောက်ရဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး ကြားထားခဲ့တယ်"

လျိုချင်းချန်ရဲ့အသံက အရင်အတိုင်းနူးညံ့နေဆဲပင်။ အေးစက်ပေမဲ့ ဆွဲဆောင်မှုရှိတဲ့ အရှိန်အဝါတစ်မျိုးပါဝင်သည်။

ကျောက်ကောင်း သဘာဝကျကျ ပြုံးလိုက်တော့၏။

"ကျွန်တော်က အရှင်မင်းကြီးအတွက် လိုအပ်တဲ့အရာတွေကိုပဲ လုပ်ဆောင်ပေးနေတာပါ၊ အခုက ကျွန်တော်တို့ စကားစမြည်ပြောနေရမဲ့ အချိန်မဟုတ်ဘူး၊ ကျွန်တော်မှာ တောင်းဆိုချက်တစ်ခုရှိတယ် ဒါကြောင့်တော်ဝင်ဆရာမကြီးကို ခေါ်ဆောင်လိုက်ရတာပဲ"

ကျောက်ကောင်းက ဘေးမှာရှိနေတဲ့ ဟူယူနဲ့ ကျူးကော့ချင်းအာကို ကြည့်လိုက်သည်။ သူ့ရဲ့မျက်နှာထားက အလွန်တည်ငြိမ်နေ၏။

"လွတ်လွတ်လပ်လပ်ပြောပါ"

လျိုချင်းချန် နူးညံ့စွာဖြင့် ခန်းမထဲကိုလျှောက်ဝင်လာခဲ့သည်။ ထို့နောက်မှာ မြို့ရဲ့အုပ်ချုပ်ရေးမှူးထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ သူမရဲ့မျက်လုံးတွေက စနောက်နေဟန်ရှိသည်။

ကျောက်ကောင်းရဲ့နဖူးပြင်ထက်မှာ ချွေးစီးတစ်ချို့ထွက်လာတော့သည်။

"မကြာသေးခင်က တောင်ခြေမှာ ပုန်ကန်တဲ့တပ်ဖွဲ့တစ်ခုဖြစ်ပေါ်လာခဲ့တယ်၊ သတင်းပို့တွေရဲ့ တင်ပြချက်အရ သူတို့ထဲမှာ ပထမအဆင့်ကျင့်ကြံသူတွေ ပါဝင်နေတယ်၊ ဒါ့အပြင် ပထမအဆင့်ထက် မြင့်မားတဲ့ကျင့်ကြံသူတစ်ယောက်လည်း ရှိနေတယ်၊ သူ့ရဲ့သန်မာမှုက ခန့်မှန်းလို့မရနိုင်ဘူး၊ ဒါကြောင့် ဒီအခြေအနေက ကိုင်တွယ်လို့မလွယ်ကူမှာစိုးရတယ်၊ အဲ့ဒါကြောင့်ပဲ တော်ဝင်ဆရာမကြီးကို အကူအညီတောင်းဖို့ ဖိတ်ခေါ်လိုက်တာပါ"

ကျောက်ကောင်း သက်ပြင်းတစ်ချက်ရှုသွင်းလိုက်သည်။ ထို့နောက်မှာမှ ဆက်ပြောလိုက်၏။

"အကယ်လို့ တော်ဝင်ဆရာမကြီး စိတ်ထဲမရှိဘူးဆိုရင် ကျွန်တော်နဲ့အတူ နှင်းနဂါးတောင်ပေါ်ကို အဖော်လိုက်ခဲ့ပေးပါ"

ကျောက်ကောင်းရဲ့စကားလုံးတွေကြောင့် လျိုချင်းချန်ရဲ့မျက်နှာထားက တည်ငြိမ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

'ပထမအဆင့်ကျင့်ကြံသူတွေ အများကြီးလား...။ ဒါကခန့်မှန်းနိုင်တဲ့အခြေအနေထက် များပြားနေတာပဲ။ တရှားတိုင်းပြည်အတွင်းမှာဆိုရင်တောင်မှ နှိမ်နင်းဖို့မလွယ်ဘူးလောက်ဘူး’

လျိုချင်းချန် အနည်းငယ် အခက်တွေ့သွားခဲ့သည်။

"သူတို့က ဘာအတွက်စုဝေးနေတာလဲ"

"ပိုက်ဆံရဖို့လား။ ဒါမှမဟုတ် အာဏာရဖို့လား"

လျိုချင်းချန် ပေါ့ပေါ့ပါးပါးပဲ မေးလိုက်သည်။ အခြေအနေရဲ့အရေးပါမှုကို သဘောပေါက်သွားတာနဲ့ သူမချက်ချင်းပဲ စိတ်ဝင်စားသွား၏။

"ကျွန်တော်တင်ပြပါတယ်၊ ဒီကိစ္စက ပုန်ကန်ဖို့ဖြစ်နိုင်တယ်"

'ပုန်ကန်ဖို့…’

ထိုစကားလုံးနှစ်လုံးသည် အင်မတန်အရေးပါသည်။ တရှားရဲ့ သမိုင်းတစ်ခုလုံးမှာ ပုန်ကန်မှုများဖြစ်ပေါ်ခဲ့၏။ တစ်ကြိမ်နှစ်ကြိမ်မကဘူး။ ဒါပေမယ့် ဘယ်လိုပုန်ကန်မှုတွေပဲ ဖြစ်ပေါ်လာပါစေ တိုင်းပြည်ရဲ့ သံမဏိတပ်ဖွဲ့က နှိမ်နင်းနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့ကြသည်ချည်းသာ။

ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ မတူညီတော့ဘူး။

"သူတို့က ဘာကြောင့်များ တရှားတိုင်းပြည်ကို ပုန်ကန်ချင်ရတာလဲ။ ဒါကနည်းနည်းထူးဆန်းတယ်"

လျိုချင်းချန် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။ အခု ရှကျိုးယွီက တကယ်ကို စစ်မှန်တဲ့အုပ်ချုပ်သူတစ်ယောက်ပဲ။ ဒါကြောင့် ပုံမှန်ဖြစ်စဉ်အရဆိုရင် ပုန်ကန်သူမရှိသင့်ဘူး။ ဘယ်သူကများ ပုန်ကန်ချင်ရတာလဲ..။

ရှကျိုးယွီ လုပ်ခဲ့သမျှ အရာအားလုံးက တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက်ချည်းပဲ။ တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်လည်း မြင့်တက်သွားခဲ့သည်။ လူတွေရဲ့အသက်နဲ့လုံခြုံမှုလည်း မြင့်မားလာခဲ့သည်။ ဒါကြောင့် ပုန်ကန်မှုဆိုတာ မရှိလာသင့်ဘူး..

ထိုမေးခွန်းက ကျောက်ကောင်းလည်း စဉ်းစားနေခဲ့တဲ့အရာပဲ။ သူ့အနေနဲ့ နားမလည်နိုင်ခဲ့ဘူး။

လက်ရှိတိုင်းပြည်ရဲ့ရှင်ဘုရင်က အရမ်းကြင်နာပါလျက်နဲ့ ဘာကြောင့်များ ပုန်ကန်ချင်ရတာလဲ။ ဒါပေမဲ့ ဒီကိစ္စက အရေးပေါ်စဉ်းစားရမယ့် ကိစ္စတစ်ခုမဟုတ်ပေ။ တောင်ခြေတပ်စခန်းကိုသာ လွှတ်ပေးထားလိုက်ရင် အချိန်ကြာလာတာနဲ့အမျှ ပြဿနာတွေ ပိုမိုကြီးထွားလာနိုင်သည်။

"တော်ဝင်ဆရာမကြီး အချိန်ရောက်လာရင် ကျွန်တော်တို့ အရှင်မင်းကြီးကို တင်ပြမယ်၊ ဒါပေမဲ့ အရေးကြီးကိစ္စက အရှင်မင်းကြီးကိုတင်ပြတာထက် ကျွန်တော်တို့အရင်ဆုံး လက်ဦးမှုယူပြီး တိုက်ခိုက်မှဖြစ်တော့မယ်”

ကျောက်ကောင်းရဲ့သစ္စာရှိမှုကြောင့် လျိုချင်းချန် အနည်းငယ် ရင်ထဲထိသွားသည်။ အရှင်မင်းကြီးအနေနဲ့ အခုလိုမျိုးသစ္စာရှိ လူယုံတစ်ယောက်ကိုရရှိထားတာ ကောင်းမွန်တဲ့ကောင်းချီးတစ်ခုပဲ။

ဒါပေမယ့် သူမတို့နှစ်ယောက် စကားပြောနေချိန်မှာပဲ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်ရဲ့အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေရဲ့။

"နင်တို့ဘက်က အရင်လက်ဦးမှုယူပြီး တိုက်ခိုက်ချင်ရင်တောင်မှ လုံလောက်အောင် မသန်မာသေးမှာပဲ စိုးရတယ်"

ခေါင်မိုးထက်ကနေ ထူးဆန်းတဲ့မိန်းမတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာ၏။ ထို့နောက်မှာ ထိုပုံရိပ်က ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

ထိုသူက လီယုဟန်ပင်..

အစကတော့ သူမ အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ ကျောက်ကောင်းရဲ့သန်မာမှုနှင့်ပတ်သက်ပြီး စိုးရိမ်နေမိ၏။ ဒါပေမဲ့ စစ်ဆေးပြီးနောက်မှာ ကျောက်ကောင်းရဲ့သန်မာမှုက ဒုတိယအဆင့်သာရှိသေးသည်။ ထို့ကြောင့် သူမစိတ်သက်သာရာရသွားခဲ့သည်။

ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သူမအနေနဲ့ တိုက်ခိုက်ဖို့အလွယ်လေးပဲ။

ဒါပေမဲ့ အခန်းထဲကိုရောက်တဲ့အချိန်မှာပဲ မထင်ထားတဲ့အခြေအနေတစ်ခုကို ရှာတွေ့သွားခဲ့သည်။

"ထျန်းလင်ဂိုဏ်းကလူလား။ တရှားတိုင်းပြည်ရဲ့အတွင်းရေးထဲကို နင်တို့ ဘာကြောင့် ဝင်ပါရဲတာလဲ"

လျိုချင်းချန် ချက်ချင်းပဲ ကြိမ်းမောင်းလိုက်သည်။

မိန်းမနှစ်ယောက်သည် အချင်းချင်းစိုက်ကြည့်နေကြ၏။ တစ်ယောက်က သူမတူအောင် ထူးခြားတဲ့အလှတရားကို ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်ကလည်း မလျော့တဲ့ အလှတရားကိုရရှိထားသည်။

ကျောက်ကောင်း အနည်းငယ်အံ့ဩသွား၏။ သူ့ရဲ့ဘဝတစ်ခုလုံးကို တိုင်းပြည်မှာပဲ ပုံအပ်ထားတဲ့အတွက် အခုလိုမိန်းမလှလေးများစွာကို မမြင်တွေ့ခဲ့ဖူးပေ။ ထိုနှစ်ယောက်က သူ့ရဲ့တစ်ဘဝလုံး မြင်တွေ့ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးနှစ်ယောက်ပဲ။

အခန်းထဲမှာ မထင်ထားတဲ့လူတစ်ယောက် ရှိနေတဲ့အတွက် လီယုဟန် အစကတော့အံ့ဩသွားခဲ့သည်။ ဒါပေမဲ့ ထိုသူကလည်း ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသည့်အတွက် သူမ လုံးဝမကြောက်ရွံ့တော့ပေ။

ထိုအချိန်တွင် လီယုဟန်ရဲ့ပတ်ပတ်လည်၌ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးသုံးတုံး ဝန်းရံထား၏။ ဖျော့တော့တဲ့ပန်းပွင့်ချပ်သုံးခုလိုမျိုး အလင်းရောင်ထွက်ပေါ်နေခဲ့သည်။ ထိုရွှေရောင်အလင်းထဲမှာ နတ်ဘုရားစာရင်းစာချုပ်ရဲ့ အစွမ်းများပါဝင်နေ၏။ အခန်းထဲမှာရှိတဲ့လူတွေအားလုံးရဲ့ နှလုံးသားထဲကို သိမ်မွေ့တဲ့ ကြောက်ရွံ့မှုတစ်ချို့ ဖြစ်ပေါ်စေခဲ့သည်။

ကျောက်ကောင်း ချက်ချင်းပဲနားလည်လိုက်သည်။ ဒီနေ့ ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပေါ်တော့မည်….

လျိုချင်းချန်ကို ချက်ချင်းပဲလှည့်ကြည့်လိုက်၏။ သူမကလည်း ဝင်ရောက်လာတဲ့မိန်းကလေးကို သတိကြီးစွာဖြင့်စိုက်ကြည့်နေခဲ့သည်။

သူတို့သုံးယောက်က အခန်းထဲမှာ ရှိနေကြသည်။ သုံးယောက်သား မျက်နှာချင်းဆိုင်နေချိန်မှာပဲ လီယုဟန် ထူးခြားတဲ့တစ်စုံတစ်ခုကို သတိထားမိသွား၏။

တကယ်တော့ သူတို့သုံးယောက်လုံးက ရှကျိုးယွီရဲ့ထောက်ပံ့မှုကို လက်ခံရရှိထားသူများဖြစ်သည်။ သူတို့ရဲ့အရှိန်အဝါတွေက အနည်းငယ်တူညီနေကြ၏။ သာမန်သူတွေအနေနဲ့ သတိမထားနိုင်ပေမယ့် လီယုဟန်က ထျန်းလင်ဂိုဏ်းကဖြစ်သည့်အပြင် စိတ်ဝိညာဉ်စွမ်းအင်အပေါ်မှာ ထူးခြားတဲ့တုံ့ပြန်မှုကိုရရှိထားသည်။ ထို့ကြောင့် သူမချက်ချင်းပဲသတိထားမိလိုက်၏။

"ကျောက်ကောင်း၊ ငါဒီနေရာကိုရောက်လာခဲ့ပြီ၊ ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့။ နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်းက နင်တို့ကိုင်တွယ်နိုင်တဲ့နေရာတစ်ခုမဟုတ်ဘူး။ ငါအကြံပေးမယ်၊ နင်မသေချင်ဘူးဆိုရင် ထွက်သွားလိုက်တော့၊ နင်တို့ရဲ့အသုံးမကျတဲ့ ရှင်ဘုရင်ကိုတင်ပြလိုက်၊ မကြာခင်မှာပဲ သူကငါ့ရဲ့အကျဉ်းသားဖြစ်လာတော့မှာ"

လီယုဟန်ရဲ့ကြေးနီရောင်မျက်လုံးထဲမှာ အေးစက်မှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ သူမက အကြောက်အရွံ့မဲ့စွာ ကျောက်ကောင်းကို ပြောဆိုလိုက်၏။

ထိုမိန်းကလေးရဲ့ မလေးစားတဲ့အပြောအဆိုကြောင့် ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်ကနေ လူသတ်လိုတဲ့အရိပ်အငွေ့များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

“ပထမအဆင့်ကျင့်ကြံသူဖြစ်နေတော့ရော ဘာဖြစ်လဲ။ ငါကျောက်ကောင်းက မင်းကိုဒီနေရာမှာပဲ သတ်ပစ်မယ်”

ထို့နောက်မှာ စကားတစ်ခွန်းတောင် မပြောတော့ပဲ စိတ်ဝိညာဉ်စွမ်းအင်တွေကို လက်အတွင်းသို့ပို့လိုက်သည်။ လက်ထဲမှာစုဝေးလာတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက ပျံဝဲနေတဲ့ဓားတစ်ချောင်းလိုမျိုး အခန်းတစ်ခုလုံးကိုဖြတ်ပြေးသွား၏။ ကျောက်ကောင်းရဲ့တိုက်ခိုက်မှုကိုမြင်တာနဲ့ လျိုချင်းချန်လည်းပဲ သူမရဲ့တာအိုအလင်းကို ထုတ်သုံးလိုက်သည်။ တာအိုအလင်းတွေက အခန်းထဲကို အတားအဆီးမရှိ ဝင်ရောက်လာ၏။

လီယုဟန် ချက်ချင်းပဲခုန်ကာ တိုက်ခိုက်မှုအားလုံးကိုရှောင်တိမ်းလိုက်သည်။ သူမရဲ့မျက်နှာက ပြုံးသွားလေကာ..

"နင်တို့နှစ်ယောက်က ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် အရမ်းကိုအတွေ့အကြုံ နုနယ်လွန်းသေးတယ်၊ ငါနဲ့လာမတိုက်ခိုက်ခင် နှစ်တစ်ချို့သွားပြီး လေ့ကျင့်လိုက်ဦး”

ထို့နောက်မှာ သူမက လက်တစ်ဖက်မြှောက်ပြီး နတ်ဘုရားစာရင်းစာချုပ်ကို ဆင့်ခေါ်လိုက်သည်။

ရှကျိုးယွီက သူမထွက်သွားခင်မှာ နတ်ဘုရားစာရင်းစာချုပ်ကို ပေးအပ်ထားခဲ့သည်။ မထင်မှတ်ထားတဲ့အခြေအနေတွေမှာ ကာကွယ်ဖို့ရန်အတွက်ပဲ..။

အခုအချိန်မှာ လီယုဟန်လည်း ကောင်းမွန်စွာနားလည်ထားသည်။ သူမအနေနဲ့ အကောင်းဆုံးအခြေအနေကိုရရှိချင်ရင် အမြန်ဆုံးအနိုင်ရမှဖြစ်မည်။ ထို့ကြောင့် သူမကချက်ချင်းပဲ အသေသတ်မဲ့တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။

ရွှေရောင်နတ်ဘုရားစာရင်းစာချုပ် ပေါ်ပေါက်လာတာနဲ့ အခန်းတစ်ခုလုံးကို ရွှေရောင်အလင်းများ ပြည့်နှက်သွားခဲ့သည်။

လျိုချင်းချန်ရဲ့လှပတဲ့မျက်လုံးများပင် အနည်းငယ်တုန်ယင်သွား၏။ သူမ အံ့သြတကြီး ရေရွတ်လိုက်သည်။

"ဒါက အရှင်မင်းကြီးရဲ့အရှိန်အဝါပဲ"

……..

All Chapters