ဆုတ်ခွာမယ်
Vol. 16 Ch. 214
လီယုဟန် တစ်ယောက်တည်းပဲ တရှားရဲ့ဘုရင်ကို စဉ်းစားနေမိတာမဟုတ်ပေ။ အုပ်ချုပ်သူစံအိမ်အတွင်းမှာရှိနေတဲ့ လျိုချင်းချန်လည်းပဲ အပြင်းအထန် ဒဏ်ရာရထားမိတဲ့အတွက် တူညီတဲ့လွမ်းဆွတ်မှုကို ခံစားနေခဲ့ရသည်။
“ချင်းအာ၊ အရှင်မင်းကြီး ဘယ်နေရာမှာများ ရောက်နေတာလဲ။ ဘာလို့များ ငါ့ကိုတွေ့ခွင့်မပေးရတာလဲ”
သူမရဲ့ခန္ဓာကိုယ်က ပြင်းထန်စွာ နာကျင်နေရပေမဲ့ နှလုံးသာက ပိုမိုနာကျင်နေခဲ့သည်။ သူမရဲ့နှလုံးသားထဲက အလွန်အင်အားကြီးတဲ့ပုဂ္ဂိုလ်က ရုတ်တရက် နေ့ချင်းညချင်း ပျောက်ကွယ်သွား၏။ အခုလိုမျိုး နယ်စပ်မှာ ကြီးမားတဲ့ပြဿနာ ပေါ်ပေါက်လာခဲ့တာတောင်မှ သူက မပေါ်လာသေးဘူး။
“အရှင်မင်းကြီး ဘာတွေလုပ်နေတာလဲ”
ကျူးကော့ချင်းအာတစ်ယောက် သူမဆရာမရဲ့မျက်လုံးတွေက တဖြည်းဖြည်းမျက်ရည်များ ပြည်နှက်လာတာကို ကြည့်နေခဲ့သည်။ သူမရဲ့နှလုံးသားလည်း ထပ်တူ နာကျင်လာ၏။ ကူကယ်ရာမဲ့နေ သလိုမျိုး ခံစားလာရသည်။
“ ဆရာမ၊ အရှင်မင်းကြီးက အရေးကြီးကိစ္စတစ်ခု လုပ်နေတာဖြစ်မှာပါ။ ဒီလိုကြီးမားကျယ်ပြန်တဲ့ တိုင်းပြည်တစ်ခုကို အုပ်ချုပ်ရတာဆိုမှတော့ တစ်ချို့ကိစ္စတွေကို သတိမထားမိဘူးဆိုတာ ဖြစ်နိုင်တာပဲ”
ကျူးကော်ချင်းအာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူမလည်းပဲ နားလည်ပါသည်။
တိုင်းပြည်ရဲ့ငြိမ်းချမ်းမှုကို ထိန်းသိမ်းတာထက် ဘယ်ကိစ္စက အရေးကြီးဦးမှာလဲ…
ဒီကိစ္စက တရှားတိုင်းပြည်တစ်ခုလုံးရဲ့ ငြိမ်းချမ်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေသည်။
အုပ်ချုပ်သူစံအိမ်ရဲ့ ခန်းမအတွင်းမှာရှိနေတဲ့ ကျောက်ကောင်းလည်းပဲ စဉ်းစားနေခဲ့သည်။
ခုနှစ်ရက်အတွင်း တပ်သားတစ်သိန်းစုဆောင်းခိုင်းတဲ့ အမိန့်က ခုနှစ်ရက်လုံးလုံး သူ့ကိုနိုးကြားစေ၏။ ဘယ်လိုပဲ ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေပါစေ အခြေအနေတွေက ခက်ခဲနေခဲ့ပြီ။ ကျောက်ကောင်းရဲ့မျက်လုံးတွေက နီရဲနေ၏။
“သခင်ကျောက်ကို တင်ပြပါတယ်။ ထူးဆန်းတဲ့လူတစ်ယောက် အပြင်မှာရောက်ရှိလာတယ်။ သူ့ရဲ့ပုံစံက အလွန်အင်အားကြီးမားတယ်။ သခင်ကျောက်နဲ့တွေ့ချင်နေတယ်လို့ ပြောနေတယ်”
ကျောက်ကောင်း မျက်လုံးများမှိတ်ကာ အနားယူဖို့ပြင်နေဆင်မှာပဲ ဟူယူရဲ့အသံကို ခန်းမအပြင်ဘက်ကနေ ကြားလိုက်ရသည်။ ကျောက်ကောင်းရဲ့မျက်လုံးတွေက အနည်းငယ်ပွင့်ဟသွား၏။
“တိုက်ပွဲက အရေးကြီးနေတယ်။ အပြင်လူ ဘယ်သူ့ကိုမှ ငါမတွေ့ချင်ဘူး”
ကျောက်ကောင်းက ပြောပြီးတာနဲ့ မျက်လုံးများကို ခပ်ဖြည်းဖြည်း ပြန်မှိတ်လိုက်သည်။ ဒါပေမဲ့ သူ့အနေနဲ့ မမျှော်လင့်ထားမိဘူး။ ရင်းနှီးတဲ့အသံတစ်ခုက မိုးကြိုးသွားတစ်ခုလိုမျိုး ကျောက်ကောင်းရဲ့နှလုံးသားကို တုန်ယင်စေခဲ့သည်။ သူ့ရဲ့မျက်လုံးများ ချက်ချင်းပဲ ပြူးကျယ်သွား၏။
“အကယ်လို့ ငါဆိုရင်ရော မင်းက မတွေ့ချင်ဘူးလား”
ထိုအသံက ရှကျိုးယွီရဲ့ အသံပင်။ ကျောက်ကောင်းဘယ်တုန်းကမှ မေ့မရခဲ့ဘူး။ ထိုအသံက သူ့ရဲ့နှလုံးသားထဲမှာ စွဲငြိနေပြီး သေဆုံးတဲ့အချိန်တောင်မှ လုံးဝမေ့မရနိုင်တဲ့ အသံပဲ….
“အရှင်မင်းကြီး”
ရှကျိုးယွီရဲ့ အရှေ့ကိုရောက်တာနဲ့ ကျောက်ကောင်းရဲ့ပုံစံက နာခံတဲ့ခွေးတစ်ကောင်လိုမျိုး ချက်ချင်းပဲ အသွင်ပြောင်းသွားခဲ့သည်။ ဒါပေမဲ့ သူ့နှလုံးသားက အမြင့်မားဆုံးသော စိတ်လှုပ်ရှားမှုကို ခံစားနေရ၏။
“အရှင်မင်းကြီး… ဒီအစေခံက အပြစ်ရှိပါတယ်”
ကျောက်ကောင်းချက်ချင်းပဲ ထိုင်ခုံပေါ်ကနေ ရှကျိုးယွီ ရှိရာသို့ ပြေးလာခဲသည်။ ရှကျိုးရီရဲ့ပေါင်ကို လှမ်းဖက်တော့မတက်ပင်။
ဒါပေမဲ့ ရှကျိုးယွီကတော့ အထင်သေးစွာဖြင့် ကန်လိုက်၏။
“မင်းက ဘာတွေအပြစ်ရှိနေတာလဲ။ မင်းအကောင်းဆုံး လုပ်ထားတာပဲ”
တကယ်တော့ ရှကျိုးယွီရဲ့ နှလုံးသားထဲမှာ လုံးဝမကျေနပ်ပေ။ သူ့ရဲ့ နောက်ထပ်လက်အောက်ခံတစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ….
ဒါ့အပြင် နှင်းနဂါးမြို့က တောင်ခြေတပ်စခန်း၏တိုးတက်မှုကို ဆက်တိုက်ပိတ်ပင်နေခဲ့သည်။ ထို့ကြောင့် ကျောက်ကောင်းရဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး လုံးဝမကျေနပ်ဘူး။
ဒါပေမဲ့ ရှကျိုးယွီရဲ့စကားလုံးတွေက ကျောက်ကောင်းရဲ့နားထဲမှာတော့ မတူညီတဲ့ဆိုလိုးရင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
“အရှင်မင်းကြီး၊ ကျွန်တော်အသုံးမကျလို့သာ မဟုတ်ရင် တောင်ခြေတပ်စခန်းရဲ့ ပုန်ကန်သူတွေကို အချိန်အကြာကြီးကတည်းက ဖြေရှင်း နိုင်သင့်တာပါ။ ဒါက ကျွန်တော်ရဲ့အရည်အချင်း မပြည့်မှီမှုပါ။ အရှင်မင်းကြီး ကျွန်တော်မျိုးကို အပြစ်ပေးပါ”
“ဒီအစေခံက အသက်ပေးပြီးတောင်းပန်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ နယ်စပ်ကိုစောင့်ကြပ်ပေးဖို့ စစ်သူကြီးတစ်ယောက်စေလွှတ်ပေးပါ၊ အရှင်မင်းကြီး”
ကျောက်ကောင်းက မိန်းမစိုးတစ်ယောက်ဖြစ်သည်။ တိုက်ပွဲနဲ့ ပတ်သတ်ပြီး အတွေ့အကြုံမရှိဘူး။ နှင်းနဂါးမြို့ရဲ့ ခိုင်မာတဲ့ ခံတပ်အားကိုးနဲ့သာ ရှေ့ရက်တွေက ရဲတင်းစွာပြုမူရဲခဲ့တာဖြစ်၏။ ဒါပေမဲ့ တစ်ကယ့်တိုက်ပွဲ ကြုံတွေ့လာမယ်ဆိုရင် နှင်းနဂါးမြို့က တောင့်ခံထားနိုင်မှာမဟုတ်ဘူး။
“စစ်သူကြီးဟုတ်လား။ စစ်သူကြီးတစ်ယောက်က နှင်းနဂါးမြို့ကို ကာကွယ်နိုင်မှာမို့လို့လား။ ငါကိုယ်တော်မြင်တာတော့ မင်းနောက်ပိုင်း အရမ်းရဲတင်းလာတာပဲ။ ငါကိုယ်တော်အစား ဆုံးဖြတ်ချက်တွေတောင် ချနေတာပဲမဟုတ်ဘူးလား”
ရှကျိုးယွီက ကြီးမားတဲ့အုပ်ချုပ်သူထိုင်ခုံကို အနည်းငယ်ပွတ်သပ်လိုက်သည်။ ဒါပေမဲ့ ဒီထိုင်ခုံက နန်းတော်ထဲမှာရှိနေတဲ့ သူ့ရဲ့နဂါးပလ္လင်ထက် နိမ့်ကျနေတယ်လို့ ခံစားရဆဲပဲ။
ကျောက်ကောင်းရဲ့မျက်နှာက ချက်ချင်းပဲ ဖြူဖွေးသွားခဲ့သည်။ စကားပြောမလို့ ပြင်လိုက်စဉ်မှာပဲ အနောက်ခန်းကနေထွက်ပေါ်လာတဲ့ ဝတ်ရုံဖြူနဲ့တော်ဝင်ဆရာမကြီးကို မြင်တွေ့လိုက်ရတဲ့အတွက် ကျောက်ကောင်း အံ့ဩသွား၏။ လျိုချင်းချန်ရဲ့ မျက်နှာက နာကျင်မှုကြောင့် ဖြူဖွေးနေခဲ့သည်။ ချင်းအာရဲ့အကူအညီနဲ့ သူမက တစ်လှမ်းချင်း ခက်ခဲစွာဖြင့်ဝင်လာနေ၏။
ဒါပေမဲ့ လျိုချင်းချန်က သူမရဲ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေကို ဖိနှိပ်ကာ အတင်းအကြပ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက်မှာမှ စကားပြောလိုက်သည်။
“လျိုချင်းချန် အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ ကျွန်တော်မျိုးမတို့ မတွေ့ခဲ့ရတာအရမ်းကြာပြီ။ အရှင်မင်းကြီး အဆင်ပြေရဲ့လား”
ရှကျိုးယွီ နန်းတော်ထဲမှာ တံခါးပိတ်နေထိုင်စဉ်ကတည်းက လျိုချင်းချန်လည်း ကျောင်းတော်မှာပဲ ရှိနေခဲ့ပြီး သူမရဲ့ကျင့်ကြံမှုအတွက် မဆက်မပြတ်ကြိုးစားနေခဲ့သည်။ သူမရဲ့သန်မာမှုကို တိုးမြင့်နိုင်ရန်အတွက် မရေမတွက်နိုင်တဲ့ ရှားပါးရတနာများစွာကိုပင် အသုံးပြုခဲ့သေး၏။ ထို့ကြောင့် သူမက ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သေးပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဒုတိယအဆင့်ကျင့်ကြံသူတွေကြားမှာ အသန်မာဆုံးကျင့်ကြံသူတစ်ယောက်လို့ ပြောလို့ရနိုင်သည်။ သူမရဲ့ ဓားသိုင်းအထောက်အပံ့လည်း ရရှိထားသည့်အတွက် အနိုင်ယူနိုင်ဖို့ မလွယ်ကူတော့ဘူး။ အစောပိုင်းက ကျုးကျော်ဝင်ရောက်လာတဲ့ ပထမအဆင့်ကျင့်ကြံသူ တစ်ယောက်ကိုတောင်မှ အနိုင်ယူနိုင်ခဲ့သည်။
ဒါပေမဲ့ ရှကျိုးယွီကိုမြင်တာနဲ့ ရှကျိုးယွီဆီက ထွက်ပေါ်နေတဲ့ သန်မာမှုအရှိန်အဝါကြောင့် သူမ လွန်စွာထိတ်လန့်သွားခဲ့သည်။ အရင်တုန်းကတော့ ရှကျိုးယွီရဲ့သန်မာမှုကို သူမဖျော့တော့စွာဖြင့် အာရုံခံလို့ရသေးသည်။ ရှကျိုးယွီရဲ့ ကျင့်ကြံမှုနယ်ပယ်နဲ့ပတ်သတ်ပြီး ဝေဝါးစွာဖြင့်သတ်မှတ်နိုင်၏။ ဒါပေမဲ့ ဒီအချိန်မှာတော့ လုံးဝမပြောနိုင်တော့ဘူး။
“အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ကျင့်ကြံမှုက...”
လျိုချင်းချန်တစ်ယောက် အံ့ဩမှုကြောင့် ယဥ်ကျေးဖွယ်အပြုအမူများကိုပင် မေ့လျော့ကာ ရှကျိုးယွီရှိရာသို့ တိုက်ရိုက်ပဲ လျှောက်လှမ်းလာခဲ့သည်။ သူမရဲ့ခြေလှမ်းတိုင်းက အားအင်ပြည့်ဝနေပြီး ကြာပွင့်တစ်ပွင့်လိုမျိုး ထည်ဝါသည်။ သူမရဲ့ပုံစံက ရှကျိုးယွီနဲ့အနီးဆုံး အခြေအနေအထိ သွားချင်နေပုံပဲ။
“အရှင်မင်းကြီး ဘယ်လောက်တောင် တိုးတက်လာတာလဲ”
ထိုအချိန်မှာပဲ လျိုချင်းချန်ရဲ့နူးညံ့တဲ့ လက်ဖဝါးတစ်ဖက်က ရှေ့တိုးလာကာ ရှကျိုးယွီရဲ့မျက်နှာကို ထိတွေ့ချင်ခဲ့သည်။
ဒါပေမဲ့ ရှကျိုးယွီက ရှောင်တိမ်းလိုက်၏။
“ဘာလဲ၊ ငါကိုယ်တော်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကံကြမ္မာအမှတ်ရဲ့ အရှိန်အဝါကို အရမ်းလိုအပ်နေတာလား”
ရှကျိုးယွီရဲ့ စကားကြောင့် လျိုချင်းချန်ရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင် သွားခဲ့သည်။
သူမ အံ့ဩသွားသည်။ အစောပိုင်းက သူမရဲ့အထိန်းအကွပ်မဲ့တဲ့ အပြုအမူက တကယ်ပဲ နှလုံးသားထဲမှာ အချိန်အကြာကြီး ထိန်းချုပ်နေခဲ့ရတဲ့ အဆင့်တက်လိုတဲ့ စိတ်ဆန္ဒကြောင့်လား… သူမအတင်းအကြပ် ပြုံးလိုက်တော့သည်။
“အရှင်မင်းကြီး နောက်နေပါပြီ။ ဘယ်လိုလုပ် ကျွန်တော်မျိုးမက တွေးရဲမှာလဲ။ ကျွန်တော်မျိုးမ အနည်းငယ်အံ့ဩသွားလို့ပါ”
သူမက ပြောပြီးတာနဲ့ လှည့်သွားဖို့ပြင်လိုက်သည်။ ဒါပေမဲ့ ရှကျိုးယွီရဲ့သန်မာတဲ့ လက်တစ်ဖက်က လျိုချင်းချန်ရဲ့ ခါးကနေ ဆွဲယူလိုက်၏။ ထို့နောက်မှာ လျိုချင်းချန်ကို တိုက်ရိုက်ပဲ ပွေ့ဖက်လိုက်သည်။
“စနောက်တာ အသာထားပါ။ တကယ်လို့ အမှန်အတိုင်းဖြစ်နေရင်တောင်မှ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က မင်းကို အနည်းငယ်မျှဝေလိုက်ရုံနဲ့ ဘယ်လောက်များ လျော့သွားနိုင်မှာ မလို့လဲ”
ရှကျိုးယွီ အမှန်အတိုင်းပြောခဲ့တာပင်။ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ဖျက်ဆီးနိုင်မဲ့ ကိစ္စကို ဘာကြောင့် အများကြီး စဥ်းစားနေရမှာလဲ?
ထိုစကားလုံးတွေကြောင့် လျိုချင်းချန်ကတော့ ရှုပ်ထွေးသွားလေရဲ့။
“အရှင်မင်းကြီး ဘာတွေပြောနေတာလဲ”
ကျူးကော့ချင်းအာ အံ့ဩသွားခဲ့သည်။ ထို့အတူ ကျောက်ကောင်းလည်း အံ့ဩသွား၏။
မောက်မာပြီးအေးစက်တဲ့ တော်ဝင်ဆရာမကြီးက မိန်းမငယ်လေးတစ်ယောက်လို ပြုမူနေတာလား..။ ဒါက ကောင်းကင်ဘုံရဲ့ဆန့်ကျင်ဘက်ပဲ…
“ငါကိုယ်တော် ဘယ်လိုလုပ် စနောက်ရမှာလဲ။ မင်းလိုချင်ရင် ဒီညပဲလာခဲ့လိုက်”
ရှကျိုးယွီရဲ့ မျက်လုံးတွေက ပေါ့ပါးနေခဲ့သည်။ သူက အသုံးမကျတဲ့ဘုရင်တစ်ယောက်ရဲ့ပုံရိပ်ကို အပြည့်အဝဖန်တီးထား၏။ သူကိုယ်တိုင်ပင် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အသုံးမကျဆုံးဘုရင်တစ်ယောက်လိုမျိုး ခံစားနေရသည်။
ဒါပေမဲ့ ဘယ်သူက တွေးမိခဲ့မှာလဲ.. လျှိုချင်းချန်က တစ်ကယ်ပဲ မငြင်းဆိုခဲ့ဘူး။ ရှကျိုးယွီရဲ့ပွေ့ဖက်မှုထဲကို နစ်ဝင်လိုက်ကာ သူမက ရွှန်းရွှန်းစားစားကြည့်လာခဲ့သည်။ သူမရဲ့မျက်နှာက အလွန်လှပပြီး ဆွဲဆောင်နိုင်စွမ်းရှိ၏။
ရှကျိုးယွီရဲ့ နှလုံးသားပင် အတွေးမီးတောက်တို့ တောက်လောင်သွားခဲ့သည်။
ကျောက်ကောင်းချက်ချင်းပဲ နားလည်လိုက်သည်။ ဒီနေရာက သူရှိနေသင့်တဲ့ နေရာ မဟုတ်ဘူး။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ ပရောပရည်လုပ်နိုင်စွမ်းကိုလည်း အလွန်လေးစားမိသွားသည်။
အရှင်မင်းကြီး ပြန်ရောက်လာတာနဲ့ ကိစ္စတွေအားလုံး ချောမွေ့သွားသလိုမျိုး ခံစားလိုက်ရသည်။ ရှကျိုးယွီသာရှိနေပြီး တာဝန်ယူပေးရင် ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးက မခဲယဥ်းတော့သလိုမျိုးပဲ။
ထို့ကြောင့် ကျောက်ကောင်းချက်ချင်းပဲ အရိုအသေပေးပြီး ထွက်သွားဖို့ပြင်လိုက်သည်။ ဒါပေမဲ့ ရှကျိုးယွီက တားမြစ်လာ၏။
“ကျောက်ကောင်း၊ နှင်းနဂါးမြို့နဲ့ပတ်သတ်ပြီး ငါကိုယ်တော် ညွှန်ကြားစရာရှိတယ်။ မသွားနဲ့ဦး”
ကျောက်ကောင်းနဲ့ စကားပြောနေစဥ်မှာတော့ ရှကျိုးယွီက မာန်ပါတဲ့ဘုရင်တစ်ယောက်လိုမျိုး တည်ငြိမ်ပြီး လွှမ်းမိုးနိုင်တဲ့လေသံနဲ့ ပြောဆိုခဲ့သည်။
ကျောက်ကောင်း အနည်းငယ် အံ့ဩသွား၏။
“ အရှင်မင်းကြီး၊ ကျွန်တော်မျိုး လုပ်နိုင်တဲ့အရာရှိလို့ပါလား”
ရှကျိုးယွီ ပြုံးသွားလေကာ…
“တပ်ဆုတ်ရမယ်”
………