အတွင်းသတင်း ပေါက်ကြားခြင်း
Vol. 16 Ch. 216
မြို့တွင်းရှိတပ်သားတစ်သိန်းကို မြို့တော်ပြန်စေရန် ရှကျိုးယွီ တစ်ဖက်က ခိုင်းစေနေတုန်းမှာပဲ တောင်ခြေတပ်စခန်း အတွင်းမှာလည်း ဟွမ်ပထျန်းက ခေါင်းဆောင်နေရာကို ဆက်ခံထားခဲ့သည်။ လီယုဟန်က ဒဏ်ရာရရှိ ထားသည့်အတွက် ဟွမ်ပထျန်းက အလိုအလျောက် အရာအားလုံးအတွက် တာဝန်ရှိသူ ဖြစ်သွားခဲ့၏။
“လက်ထောက် ခေါင်းဆောင်ဟန် ဘာကြောင့် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖူမဲ့က တပ်သားတွေကို အမြန် စုဆောင်းခိုင်းနေရတာလဲ။ နှင်းနဂါးမြို့ကို အမြန်ကြီး တိုက်ခိုက်တော့မလို့လား”
ဟွမ်ပထျန်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
ဖူမဲ့ရဲ့ အကြံအစည်ကို ဟွမ်ပထျန်း နားလည်ထား၏။ တောင်ခြေ တပ်စခန်းရဲ့ သန်မာမှုကို လုံလောက်အောင် မြှင့်တင်ပြီးတာနဲ့ မြို့ကို အလုံးအရင်းနဲ့ တိုက်ခိုက်မည် ဖြစ်သည်။ ပြီးသွားလျှင် နှင်းနဂါးမြို့ကို ခံတပ်အဖြစ် သတ်မှတ်ပြီး နယ်မြေ ချဲ့ထွင်လိမ့်မည်။
ဒါပေမဲ့ လက်ရှိအခြေအနေအရ တောင်ခြေ တပ်စခန်းတွင် တပ်သား တစ်သောင်းသာ ရှိသေးသည်။ နှင်းနဂါးမြို့ရဲ့ စုစုပေါင်း တပ်သားက တစ်သိန်းနီးပါး ရှိ၏။ ထို့ကြောင့် ဘယ်လိုပဲ ကြည့်ပါစေ သူတို့အနေနဲ့ အနိုင်မရနိုင်ဘူး။
လီယုဟန် နားထောင်နေရင်း မပျော်မရွှင် ဖြစ်လာတော့သည်။ သူမရဲ့ မျက်နှာက ဖြူဖွေးနေပေမဲ့ ဒေါသယောင် လွှမ်းလာ၏။
“နင်မမြင်ဘူးလား၊ ခေါင်းဆောင်ဖူဖဲ့က ငါတို့ကို စမ်းသပ်နေတာ။ အကယ်လို့ ငါတို့ကသာ ဂရုမစိုက်ပဲ လှုပ်ရှားလိုက်မယ်ဆိုရင် ငါတို့ သေလောက်အောင် ကြိုးပမ်းပြီး ဖန်တီးထားခဲ့တဲ့ ဒီတောင်ခြေ တပ်စခန်းက အဆုံးသတ်ကို ရောက်သွားမယ်ဆိုတာ နင်နားမလည်ဘူးလား။ ခေါင်းဆောင်ဖူမဲ့က ဒီအတိုင်းပဲ ပြောလိုက်တာလို့ ငါထင်တယ်”
“တကယ်တော့သူက ငါတို့ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ် နေခဲ့တာပဲ။ အခြေအနေနဲ့ လိုက်လျောပြီး ပြုမူနိုင်မလားဆိုတာကို သိချင်နေခဲ့တာ”
လီယုဟန်ရဲ့ ဒဏ်ရာသည် ကျောက်ကောင်းနှင့် လျိုချင်းချန်ထက် ပြင်းထန်၏။ တိုက်ပွဲအစတွင် သူမက ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် အရေးသာခဲ့သည်။ ဒါပေမဲ့ နောက်ပိုင်း လျိုချင်းချန်က သူမရဲ့ ဓားကွက်ကို ထုတ်သုံးလာခဲ့သည်။ ဒါ့အပြင် ကျောက်ကောင်းရဲ့ အဆက်မပြတ် ပံ့ပိုးပေးမှုကြောင့် လီယုဟန် တဖြည်းဖြည်း အရေးနိမ့်လာသလို သူမရဲ့ နှလုံးသွေးကြောလည်း ထိခိုက်ခဲ့ရသည်။ ထို့ကြောင့်ပဲ ခေါင်းဆောင်နေရာကို ရှကျိုးယွီက ဟွမ်ပထျန်းအား လက်လွှဲပေးခဲ့တာပင်။
ဒါပေမဲ့ ဟွမ်ပထျန်းလိုမျိုး လူကြမ်း တစ်ယောက်က အမြင်ကျဉ်းမှာကိုလည်း စိုးရိမ်နေခဲ့သည်။ တကယ်တော့ လီယုဟန်က နောက်ကွယ်ကနေ စီစဉ်ပေးနေတာပဲ။
“ဒါဆိုရင် မင်းပြောသလို ဆိုလိုတာပေါ့”
ဟွမ်ပထျန်းရဲ့ မျက်နှာက ချက်ချင်းပဲ ဝင်းပသွားခဲ့သည်။ သူသဘောပေါက်သွား၏။
“ဒါဆိုရင် ငါတို့ဘက်က သတိကြီးတဲ့ ပုံစံပေါက်အောင် ဘယ်လိုမျိုး ဆက်လုပ်သင့်တယ်လို့ မင်းထင်သလဲ”
သူရဲ့အမြင်က လီယုဟန်လိုမျိုး မစူးရှတာကို ဟွမ်ပထျန်း ကောင်းကောင်း နားလည်၏။ ထို့ကြောင့် လီယုဟန်ရဲ့ အကြံပေးချက်ကို နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
လီယုဟန် ခဏမျှ တွေးတောလိုက်သည်။
“ငါသာမမှားဘူး ဆိုရင် ခေါင်းဆောင်ဖူမဲ့က နှင်းနဂါးမြို့ကို တကယ်ပဲ တိုက်ခိုက်ချင်တာ။ ဒါပေမဲ့ သေချာပေါက် အခုမဟုတ်သေးဘူး”
သူမရဲ့ မျက်နှာက အနည်းငယ် ရှုပ်ထွေးနေ၏။ မျက်ခုံးနှစ်ဖက်လည်း စုကျုံ့နေခဲ့သည်။
“ခေါင်းဆောင် ဖူမဲ့က ငါတို့ကို မထင်ထားတဲ့ နည်းလမ်းနဲ့ နှင်းနဂါးမြို့ကို တိုက်ခိုက်စေချင် နေတာပဲ”
လီယုဟန် ဘယ်လောက်ပဲ အကြာကြီး စဥ်းစားပါစေ၊ ထိုအဖြေတစ်ခုသာရသည်။ ခေါင်းဆောင်ဖူမဲ့ရဲ့ တကယ့် ရည်ရွယ်ချက်ကို မမှန်းဆနိုင်တဲ့အတွက် လီယုဟန် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။
ဟွမ်ပထျန်းလည်း လီယုဟန်ရဲ့ စကားကြောင့် အဆက်မပြတ် တွေးတောနေ၏။
“မထင်ထားတဲ့ နည်းလမ်းနဲ့ ဟုတ်လား”
“ဒါဆိုရင် ခေါင်းဆောင်ဖူမဲ့ရဲ့ ဆိုလိုရင်းက မထင်ထားတဲ့ အချိန်မှာ တိုက်ခိုက်ပြီး သူတို့မပြင်ဆင် ထားတာကို အခွင့်အရေးယူပြီး အနိုင်ရနိုင်အောင်လို့လား”
ဟွမ်ပထျန်းရဲ့ မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားခဲ့သည်။ ထို့နောက်မှာ ဟွမ်ပထျန်းက ဆက်ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့ဘက်က သတင်းအမှား လွှင့်လိုက်ရင်ကော။ ငါတိုရဲ့ တပ်အတွင်းမှာ ပုန်ကန်မှုတွေ ဖြစ်နေတယ်ဆိုပြီး သတင်းလွှင့်လိုက် မယ်လေ”
“ဒါဆိုရင် နှင်းနဂါးမြို့က ယုံကြည်သွားမှာပဲ မဟုတ်ဘူးလား။ ငါတို့ရဲ့တပ်တွင်းမှာ ပုန်ကန်မှုတွေ ဖြစ်နေပြီး တပ်ရဲ့ အင်အား အားနည်းနေတယ် ဆိုပြီးတော့”
“ဒါဆိုရင် ဒီအခွင့်အရေးကို အမိဖမ်းပြီး နှင်းနဂါးမြို့ကို အလစ်တိုက်လို့ ရပြီပဲမလား”
ဟွမ်ပထျန်းရဲ့ အကြံအစည်က ဘယ်လိုမှ သူရဲကောင်းမဆန်ပေ။ ရှကျိုးယွီသာ ရှိနေလို့ကတော့ သေချာပေါက် ဒေါသထွက်သွား လောက်သည်။
လီယုဟန် အိပ်ယာပေါ်မှာ ပြန်လှဲကျသွားပြီး… ခဏတာ စဉ်းစားလိုက်သည်။ ထို့နောက်မှာ သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်၏။
“ဒါက ဖြစ်နိုင်ချေရှိတယ်။ ငါတို့ဘက်က လုံလောက်အောင် အယုံသွင်းနိုင်ပြီ ဆိုရင် သူတို့ကို တိုက်ခိုက်လို့ ရနိုင်တယ်။ အထူးသဖြင့် ကျောက်ကောင်းပဲ။ သူ့ရဲ့ ဉာဏ်နီဉာဏ်နက် များမှုကြောင့် ငါတို့ရဲ့ စကားတွေကို အလွယ်တကူ ယုံကြည်မှာ မဟုတ်ဘူး”
လီယုဟန် အသေးစိတ် စစ်ဆေးနေခဲ့သည်။ ကျောက်ကောင်းကို ပထမဦးဆုံး တွေ့စဉ်ကတည်းက ဉာဏ်နီဉာဏ်နက် များတဲ့ သူတစ်ယောက်ဟု ထင်မှတ်ခဲ့၏။ အဲ့ဒီလူက သေချာပေါက် သံသယများဖို့ ကောင်းလှသည်။
ဟွမ်ပထျန်း ခဏမျှ စဉ်းစားပြီးနောက်မှာ စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။
“ငါတို့ရဲ့ ခေါင်းဆောင်ဖူမဲ့က သေချာလေး ရှင်းပြခဲ့သင့်တာကွာ။ ငါတို့ နှစ်ယောက်က သူ့လောက်ကြီး ဉာဏ်ကောင်းတာမှ မဟုတ်တာ။ ဘယ်လိုလုပ်သိမှာလဲ။ ငါတို့ကို အရမ်းတွေ ယုံကြည်ပြီး ကိစ္စကြီး တစ်ခုလုံးကို ပုံအပ်ထားခဲ့တယ်”
ဟွမ်ပထျန်း သေချာပေါက် ပျော်ရွှင်မနေခဲ့ပေ။ အရေးကြီး အခြေအနေမှာ ဉာဏ်မမှီတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိ၏။
လီယုဟန်လည်း အနည်းငယ် စိတ်ဓာတ် ကျသွားခဲ့သည်။
“အဲ့ဒါအမှန်ပဲ ငါ့မှာလည်း တိုက်ပွဲ အတွေ့အကြုံ မရှိဘူး။ ဒါပေမဲ့ ဟွမ်ပထျန်း၊ ငါတို့က ခေါင်းဆောင်ဖူမဲ့ရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးပဲ။ ငါတို့လျှောက်ရမဲ့ ခရီးလမ်းက အဝေးကြီးကျန်သေးတယ်။ ငါတို့အတွက် အလေ့အကျင့်လိုအပ်တယ်။ ဘယ်သူကရော မွေးတည်းက စစ်တိုက်နိုင်စွမ်းနဲ့ မွေးလာလို့လေ။ ဒီလိုပဲ ညှိယူရမှာပဲ”
ဟွမ်ပထျန်းရဲ့ အားနည်းတဲ့ အသံနဲ့ နှိုင်းယှဉ်လိုက်မည် ဆိုလျှင် လီယုဟန်က မိန်းမတစ်ယောက် ဖြစ်သော်ငြား သူမထံတွင် ပိုပြီး ယုံကြည်ချက်ရှိသည်။ သူမက ချက်ချင်းပဲ ထထိုင်လိုက်သည်။ သူမရဲ့ မျက်နှာပေါ်မှာ အတင်းအကြပ် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ ထို့နောက်မှာ ဟွမ်ပထျန်းရဲ့ ပုခုံးကို ပုတ်ပေးလိုက်သည်။
ဟွမ်ပထျန်းရဲ့ မျက်နှာထားလည်း ချက်ချင်း ပြောင်းလဲသွား၏။
“ဟွမ်ပထျန်း၊ ငါ တပ်စခန်းကို ရောက်တည်းက နင်က ခေါင်းဆောင်ဖူမဲ့ရဲ့ အင်အားကို အသုံးပြုပြီး အမြဲတမ်း စကားကြီး စကားကျယ်တွေ ပြောတယ်။ ငါလီယုဟန်က အဲ့လိုကောင်တွေကို အမုန်းဆုံးပဲ။ အာပဲချောင်တတ်တဲ့ကောင်တွေ။ အခု နင်နဲ့ငါနဲ့ နှစ်ယောက်ထဲက တစ်ယောက်တော့ ထွက်သွားရမယ်”
ခန္ဓာကိုယ်အတွင်းက လက်ကျန်အားအင်တွေ အကုန်လုံးကို အသုံးပြုပြီး လီယုဟန် အော်ဟစ်လိုက်လေရဲ့။
ကျယ်လောင်တဲ့ အသံက တဲအပြင်ဘက်က လူတွေအားလုံးကို ထိတ်လန့် သွားစေခဲ့သည်။ ဟွမ်ပထျန်းရဲ့ မျက်လုံးတွေလည်း ပြူးကျယ်လာခဲ့သည်။
“မင်း.......”
လီယုဟန် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။
ဟွမ်ပထျန်း ချက်ချင်းပဲ သဘောပေါက်သွား၏။
'ကောင်းလိုက်တာ.. သရုပ်ဆောင်တဲ့ နေရာမှာ ဆိုရင် ဒီကောင်မလေးက တော်တော်ကို ဆရာကျတာပဲဟ’
“ကောင်းလိုက်တဲ့ လီယုဟန်။ မင်းကိုယ်မင်းများ နောက်ခံကောင်းတယ်ဆိုပြီး လေကျယ်လို့ရမယ် ထင်နေလားကွ။ ထျန်းလင်ဂိုဏ်းမှာ မင်းသင်လာခဲ့တဲ့ သိုင်းပညာလောက်နဲ့ ငါတို့ ညီအစ်ကိုတွေကို အောင်မြင်မှု ရစေမယ်လို့ မင်းထင်နေတာလား။ ဒီနေ့ငါ့ကို ဘယ်သူမှ တားလို့မရဘူး။ ခေါင်းဆောင်ဖူမဲ့ ကိုယ်တိုင် ရောက်လာရင်တောင်မှ မင်းလိုမျိုး လူလိမ်လူညာမကို ငါကိုယ်တိုင် သတ်ပစ်မယ်”
လက်ထောက်ခေါင်းဆောင် နှစ်ယောက်ရဲ့ ရန်ဖြစ်သံက တပ်စခန်း အတွင်းက ကြီးမားတဲ့လူထုကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့သည်။
ချန်ပန်နဲ့ လီရှိလည်း တဲအတွင်းသို့ အပြေး ဝင်ရောက်လာ၏။ ချက်ချင်းပဲ ဟွမ်ပထျန်းကို တားမြစ်လိုက်ကြသည်။ သူတို့ရဲ့ မျက်လုံးထဲမှာ အကြောက်တရားများ ပြည့်နှက်နေခဲ့ပြီး အခြေအနေကို နားမလည်နိုင်တော့ပေ။ ထို့ကြောင့် နှစ်ဖက်လုံးကို စိတ်ကျေနပ်စေရန်သာ ကြိုးစားရတော့၏။
“လက်ထောက် ခေါင်းဆောင်ဟွမ် လက်ထောက် ခေါင်းဆောက်လီ၊ ဘယ်လိုလုပ် ဒီလိုအခြေအနေ ဖြစ်ကုန်ရတာလဲ။ ကျွန်တော်တို့ စကားပြောကြ ရအောင်လေ”
ချန်ပန်က ဟွမ်ပထျန်းရဲ့ လက်မောင်းကို ချက်ချင်းပဲ ဆွဲချုပ်လိုက်သည်။ ထို့နောက်မှာ တိုးဖျော့တဲ့ လေသံနဲ့ ဖျောင်းဖျဖို့ ကြိုးစားလိုက်၏။
ဒါပေမဲ့ ဟန်ဆောင်နေတာဆိုမှတော့ ဟွမ်ပထျန်း အနေနဲ့ အားကုန်သုံးပြီး မကြိုးစားစရာလား….
ဟွမ်ပထျန်းက ချက်ချင်းပဲ လက်သီးတစ်ဖက် မြှောက်လိုက်သည်။ တောက်ပတဲ့ ရွှေရောင်အလင်းက ထိုလက်သီးမှာ ဝန်းရံသွား၏..
ဟွမ်ပထျန်းရဲ့ အခြေအနေက တကယ် တိုက်ခိုက်တော့မဲ့ဟန် ရှိနေသည်။
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
လီယုဟန်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ဟွမ်ပထျန်း ဒီလောက်ကြီးထိ အပြင်းအထန် သရုပ်ဆောင်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့မိပေ။
ထို့နောက်မှာ သူမလည်းပဲ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို ထုတ်ယူပြီး ခန္ဓာကိုယ်ကို ကာရံလိုက်သည်။
နီညိုရောင်နဲ့ ရွှေရောင် စပ်ထားတဲ့ ပထမအဆင့် စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကြောင့် အလွန် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဖိအားတစ်ခု ထွက် ပေါ်လာခဲ့သည်။
ဘေးမှာရပ်နေတဲ့ လီရှီတစ်ယောက် အသက်မရှုနိုင်တော့ပေ။ သူ့ရဲ့ အတွင်း စွမ်းအင်တွေပါ လှုပ်ရှားလာတော့သည်။
တားမြစ်ဖို့ ရောက်လာတဲ့ လူနှစ်ယောက်ပင် လွန်စွာ ထိတ်လန့်သွားကြ၏။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့နှစ်ယောက်လုံး လုံးဝ နားမလည်နိုင်သေးပေ။
ပုံမှန်အားဖြင့် အလုပ်အတူ တွဲလုပ်ပြီး အချင်းချင်း စနောက်နေကြတဲ့ လူနှစ်ယောက်က တကယ်ကြီး တိုက်ခိုက်ကြတော့မည်…
တဲအပြင်ဘက်မှာ ရှိနေတဲ့ တပ်သားတွေ အားလုံးရဲ့ မျက်နှာလည်း အချိန်နဲ့အမျှ ပျက်ယွင်းလာခဲ့သည်။ လေ့ကျင့်နေကြသူတွေ၊ လှည့်ပတ် စစ်ဆေးနေကြသူတွေ၊ အနားယူနေကြသူတွေ အားလုံးလည်း တဲအပြင်ဘက်မှာ စုဝေးလာကာ အတွင်းထဲက ခေါင်းဆောင် နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
“အသုံးမကျတဲ့ ကောင်မ၊ မင်းတစ်ကယ် ငါ့ကို တိုက်ခိုက်မလို့လား! ဒါဆိုရင်ငါ့ကိုလည်း သနားညာတာမှု မရှိတဲ့အတွက် အပြစ်မတင်လေနဲ့”
“ချန်ပန်၊ ငါ့ကို လွှတ်စမ်း။ ငါဒီ သစ္စာဖောက်ကို ချက်ချင်းပဲ သတ်ပစ်မယ်”
သစ္စာဖောက်ဆိုတဲ့ စကားကြောင့် တဲအပြင်ဘက် လူတွေအားလုံး ထိတ်လန့်သွားခဲ့ကြသည်။
လီယုဟန်တောင်မှ မမျှော်လင့်ထားခဲ့ပေ။
ဟွမ်ပထျန်းက တကယ်ကြီး သူမကို ပြစ်မှုတစ်ခု တပ်လိုက်တာပဲ။ လီယုဟန် အလွန် စိတ်ဆိုးသွား၏။ သူမ စိတ်တိုစွာဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။ သူမရဲ့ မျက်လုံးတွေကလည်း ပြူးကျယ်နေခဲ့သည်။
“ကောင်းပြီ ငါကိုများ သစ္စာဖောက်လို့ ခေါ်ရဲတယ်ပေါ့။ ငါတို့နှစ်ယောက်ထဲက ဘယ်သူကများ တိုက်ပွဲ အကြံအစည်ကို ကျောက်ကောင်းဆီ ပို့ပေးလိုက်တယ် ဆိုတာကို ငါသေချာပေါက် အဖြေရှာမယ်”
……..