ကိုးကမ္ဘာလှောင်အိမ်။ ချူးဝမ်တောက် ထိတ်လန့်သွားခြင်း။ မိုးမြေဝါနက်ထူးခြားစေတီ ပေါ်ထွက်လာခြင်း။
Vol. 31 Ch. 446
နောက်ထပ်တစ်နှစ်ကြာသွားတော့သည်။
ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင် ပဉ္စမအဆင့်၌ တည်ငြိမ်သွားတော့၏။ ထိုအဆင့်ရောက်ပြီးနောက် ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစ၏ ဆန်းကြယ်မှုများကို ပိုမို နားလည်လာခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ချီမင်သည် မဟာကောင်းကင်ကြယ်တာရာအစီအရင်၏ ပြောင်းလဲသွားမှုကို ခံစားလိုက်ရသည်။ သူသည် မျက်လုံးဖွင့်ကာ ကျင့်ကြံရာမှ ထထိုင်လိုက်ကာ ခဏမျှ အာရုံခံနေသည်။
"ဒါက..." ချီမင်၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာသည်။ “အသင်္ချေတာအိုမဟာမိတ်ဂိုဏ်းရဲ့ ခေါင်းဆောင်က ချူးဝမ်တောက်ပဲ။"
"သူက ဘာလို့ ဒီကို ရောက်နေတာလဲ။"
ချီမင်သည် ရှေ့တစ်လှမ်းတိုးကာ လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။ သူသည် သီးသန့်အခန်းထဲက ထွက်လာလိုက်ပြီး အပြင်သို့ ထွက်လာလိုက်၏။
ခန်းမအပြင်ဘက်တွင်။
အသင်္ချေတောင်နှင့် လေဟာနယ်တို့၏ နဖူးတွင် ချွေးစေးများ ကျလာသည်။ သူတို့၏ အင်အားသည် အတော်လေးကို ကန့်သတ်ခံထားရသည့်အတွက် မလှုပ်ရှားနိုင်တော့ပေ။
လေဟာနယ်နှင့် အသင်္ချေတောင်ဘေးတွင် ဆံပင်အဖြူနှင့် လူငယ်လေးတစ်ဦး ရပ်နေသည်။ ထိုလူငယ်လေးသည် နှုတ်ခမ်းတွန့်ရုံမျှသာ ခပ်ဖွဖွပြုံးနေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ခန္ဓာကိုယ်သည် မဖော်ပြနိုင်လောက်သော စွမ်းအားတို့ကို ပိုင်ဆိုင်ထားသည်။
သူ၏ လှုပ်ရှားမှုတိုင်းတွင် အဆုံးမဲ့တာအိုစွမ်းအားတို့ကို သယ်ဆောင်ထားကာ တာအိုမူလအစကို ထိန်းချုပ်နိုင်ပါ၏။
သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်သောချူးဝမ်တောက်ဖြစ်သည်။
သူရောက်နေသည့်အဆင့်ကို တိတိကျကျတော့ မသိရပေ။
"ကြိုးစားတာပဲ။" ချူးဝမ်တောက်က တည်ငြိမ်စွာ ပြော၏။"မင်းရဲ့ ခွန်အားက မဆိုးပါဘူး။ ဒါပေမဲ့ စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်ပဲ ရှိတယ်။ ငါနဲ့ယှဉ်မယ်ဆိုရင်တော့ မင်းညံ့နေသေးတယ်။"
"အကြီးအကဲချီ။" ချူးဝမ်တောက်၏ အသံသည် မဟာကောင်းကင်ကြယ်တာရာအစီအရင်ကို ဖြတ်ကျော်ကာ ချီမင်၏ နားထဲသို့ ဝင်ရောက်လာ၏။"ငါ့ကို လာထွက်တွေ့ဦး။"
ချူးဝမ်တောက်၏ ရှေ့က နေရာလွတ်သည် ပြောင်းလဲသွားခဲ့ပြီး လှိုင်းဂယက်များ ထလာခဲ့သည်။ ချီမင်၏ ပုံရိပ်သည် လေထုထဲတွင် ပေါ်လာ၏။
"ချီမင်က မဟာမိတ်သခင်ကို အရိုအသေပြုပါတယ်။"
ချီမင်၏ အမူအရာသည် တည်ငြိမ်နေကာ ချူးဝမ်တောက်ကို လက်သီးဆုပ်လျက် သာမန်မျှပြော၏။"ဘာလို့ မဟာမိတ်သခင်က ဒီအချိန်ကြီးရောက်လာတာလဲ။ ကျွန်တော့်ရဲ့ ငယ်သားနှစ်ယောက်ကို အခက်တွေ့အောင်တော့ လုပ်စရာမလိုဘူးမလား။"
"မင်း"
ချူးဝမ်တောက်၏ အမူအရာသည် ပထမတွင် တည်ငြိမ်နေသော်လည်း သူ၏ အကြည့်သည် ချီမင်ပေါ်သို့ ကျရောက်သွားချိန်တွင် အတော်လေး ထိတ်လန့်တုန်လှုပ်သွားရတော့၏။ သူသည် အံ့ဩသွား၏။ "စည်းမျဉ်းကောင်းကင်အရှင် ပဉ္စမအဆင့်။ မင်း အဆင့်ငါး ရောက်သွားပြီလား။"
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။”
"မင်း အသင်္ချေတာအိုမဟာမိတ်ကို ဝင်စတုန်းက ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ပဲ ရှိသေးတယ်။ အခု နှစ်တစ်သောင်းပဲ ရှိသေးတယ်။ မင်းက ဥပဒေသကောင်းကင်အရှင် ပဉ္စမအဆင့် ရောက်နေပြီ။"
"မယုံနိုင်စရာပဲ။" ချူးဝမ်တောက်သည် အင်မတန် ထိတ်လန့်သွား၏။
"မဟာမိတ်သခင်က ချီးကျူးလွန်းနေပါပြီ။" ချီမင်သည် တည်ငြိမ်စွာ ပြော၏။
ချူးဝမ်တောက်သည် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်၏။ "ထင်ထားတဲ့ အတိုင်းပဲ။ အထက်ကမ္ဘာကိုးကမ္ဘာကဆိုတဲ့အတိုင်းပဲ။"
ချီမင်သည် အနည်းငယ် အံ့ဩသွားကာ မေးလိုက်သည်။"မဟာမိတ်သခင်က အထက်ကမ္ဘာကိုးကမ္ဘာအကြောင်းသိတာလား။"
"သိတာပေါ့။" ချူးဝမ်တောက်သည် ပွင့်လင်းစွာ ပြော၏။ "လွန်ခဲ့တဲ့ ခေတ်ပေါင်းနှစ်သိန်းလောက်တုန်းက ကမ္ဘာကိုးကမ္ဘာရဲ့ လမ်းကြောင်းက ပွင့်လာခဲ့တယ်။ နောက်ဆုံး နတ်ဆိုးကမ္ဘာစုဝေးပွဲမှာတုန်းက ငါက စည်းမျဉ်းကောင်းကင်အရှင် အဆင့်ပဲ ရှိသေးတယ်။ အခု ခေတ်ပေါင်းနှစ်သိန်းကြာသွားပြီ။ ငါလည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်လာပြီ။"
"အကြီးအကဲချီ။" ချူးဝမ်တောက်က ဆက်ပြောသည်။"မင်းကလည်း နတ်ဆိုးကမ္ဘာစုဝေးပွဲရဲ့ ပါဝင်သူ တစ်ယောက်မလား။ နတ်ဆိုးကမ္ဘာစုဝေးပွဲကို ကျင်းပဖို့ ရည်ရွယ်ချက်နဲ့ နတ်ဆိုးကမ္ဘာရဲ့ အရှင်က ကမ္ဘာကိုးကမ္ဘာကို ဖန်တီးခဲ့တယ်။"
" ငါတို့ ကမ္ဘာကိုးကမ္ဘာရဲ့ သက်ရှိတွေက ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကိုရောက်ရင် မိုးမြေဝါနက်ထူးခြားစေတီထဲကို ဝင်နိုင်တယ်။ ပြီးတော့ ကောင်းကင်တာအိုမူလအစကို ယူနိုင်ရင်တော့ ငါတို့လည်း ဒီကမ္ဘာကြီးထဲကနေ ထွက်လို့ရတယ်။ ဒီကနေထွက်ဖို့ တခြားနည်းလမ်းတော့ မရှိဘူး။ မထွက်နိုင်တဲ့ သူတွေအတွက်တော့ ကမ္ဘာကိုးကမ္ဘာက ထာဝရလှောင်အိမ်တစ်ခု ဖြစ်လာလိမ့်မယ်။"
"မဟာမိတ်သခင်ချူး။" ချီမင်က ပြောသည်။" ခင်ဗျား ဘာပြောချင်တာလဲ။"
"ပူးပေါင်းကြမယ်။" ချူးဝမ်တောက်ကဆိုသည်။" ငါ မင်းနဲ့ ပူးပေါင်းပြီး မိုးမြေဝါနက်ထူးခြားစေတီထဲကို ဝင်ရင်း ကောင်းကင်တာအိုမူလအစအတွက် ယှဉ်ပြိုင်ချင်တယ်။ မင်း ဘယ်လိုထင်လဲ။"
"ဟုတ်ပြီလေ။ဒါပေမဲ့။" ချီမင်က ပခုံးတွန့်လိုက်သည်။ "ကောင်းကင်တာအိုမူလအစအတွက် တိုက်ခိုက်နေတာထက်စာရင် ကျွန်တော်က သီးသန့်ကျင့်ကြံရတာကို ပိုသဘောကျတယ်။"
"အကြီးအကဲချီ။" ချူးဝမ်တောက်က ကြောင်သွားသည်။ သူက ချီမင်တွင် ထိုသို့သော စိတ်ထားမျိုးရှိမည်ဟု မထင်ထားခဲ့ပေ။ "ကောင်းကင်တာအိုမူလအစနော်။ မိုးမြေဝါနက်ထူးခြားစေတီထဲမှာ ကောင်းကင်တာအိုမူလအစတွေ အများကြီး ရှိတယ်။ တစ်ခုတည်း ရှိတာမဟုတ်ဘူး။ ကောင်းကင်တာအိုမူလအစတစ်ခုသာ ရရင် မင်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်လာနိုင်တယ်။"
"ကောင်းကင်တာအိုမူလအစမရှိလည်း ကျွန်တော်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်နိုင်ပါတယ်။"
"အကြီးအကဲချီ မစဉ်းစားတော့ဘူးလား။" ချူးဝမ်တောက်၏ အမူအရာသည် အေးစက်သွားလေသည်။
ကမ္ဘာကိုးကမ္ဘာ၏ သက်ရှိများသည် မိုးမြေဝါနက်ထူးခြားစေတီထဲသို့ တစ်ကိုယ်တည်း မဝင်နိုင်ပေ။ သူတို့ကို နတ်ဆိုးတိုကင်ကိုးခု ရှိသည့် မဟာတာအိုကျင့်ကြံသူများက ဦးဆောင်ခေါ်သွားဖို့လိုသည်။
ချူးဝမ်တောက်သည် ချီမင်က မဟာတာအိုကျင့်ကြံသူမှန်းသိပြီးနောက် သူသည် မဟာမိတ်ဖွဲ့ရန် မစောင့်နိုင်တော့ပေ။ သူသည် ချီမင်နှင့်အတူ မိုးမြေဝါနက်ထူးခြားစေတီထဲသို့ ဝင်ချင်သည်။
"မဟာမိတ်သခင်ချူး ခင်ဗျား ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ။" ချီမင်ကဆိုသည်။"မိုးမြေဝါနက်ထူးခြားစေတီက ပျောက်မသွားပါဘူး။ အခုက ဒီအကြောင်း ပြောဖို့စောသေးတယ်။ ကျွန်တော်တို့ ဘာလို့ မစောင့်ကြမှာလဲ။"
"မဟုတ်ဘူး။" ချူးဝမ်တောက်က လေးနက်စွာ ပြောသည်။ "အကြီးအကဲချီ နှစ်တစ်သောင်းကုန်သွားပြီ။ မင်းက အသင်္ချေနတ်ဆိုးဂူနဲ့ ဆမ်ဆာရာဓားတောင်ကို ဆက်တိုက်ဖျက်ဆီးပစ်ခဲ့တယ်။ အခု ဆမ်ဆာရာကမ္ဘာမှာ ရှိတဲ့ အင်အားစုတွေရဲ့ မျှခြေက ပျက်စီးသွားပြီ။ မင်က ဆမ်ဆာရာထွတ်မြတ်ခန်းမနဲ့ တားမြစ်တောင်ထွတ်တို့ရဲ့ အာရုံကို ဖမ်းစားနိုင်လိုက်ပြီ။"
"ဆမ်ဆာရာထွတ်မြတ်ခန်းမနဲ့ တားမြစ်တောင်ထွတ်က အသင်္ချေတာအိုမဟာမိတ်ထက် ပိုပြီးသန်မာတယ်။ သူတို့က ဆမ်ဆာရာကမ္ဘာမှာဆို ပထမနဲ့ ဒုတိယပဲ။ ငါ့ကြောင့်သာမဟုတ်ရင် မင်းက ဒီလို အချိန်အကြာကြီး အသင်္ချေတောင်မှာ ကျင့်ကြံနိုင်မယ်ထင်လား။"
"အကြီးအကဲချီ။" ချူးဝမ်တောက်က ဆက်ပြော၏။"အဲဒါကြောင့် မင်း ငါ့ရဲ့ တောင်းဆိုချက်ကို သဘောတူရမယ်။"
"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ။" ချီမင်၏ အမူအရာက အနည်းငယ် အေးစက်သွားသည်။ သူသည် အေးစက်စွာ နှာခေါင်းရှုပ်ရင်း သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထူထပ်သည့် ဖရိုဖရဲမြူခိုးတို့သည် သူ၏ ရှေ့တွင် ထွက်ပေါ်လာပြီး ထိုအထဲမှ လူရိပ်တစ်ခု ထွက်လာ၏။
ဖရိုဖရဲမြူခိုးများ ပျောက်ကွယ်သွားတော့သည်။
အနီးကပ်ကြည့်လျှင် ၎င်းက အထွတ်အထိပ်တာအိုသားရဲ:ဖရိုဖရဲနတ်ဘုရားအရှင်မာရဖြစ်သည်။
စုစုပေါင်းနှစ်သုံးသောင်းနီးပါး ကုန်လွန်သွားခဲ့၏။ လက်တွေ့လောကတွင် နှစ်သုံးသောင်းကုန်လွန်သွားခဲ့သည်။
သို့သော်လည်း အမှန်တကယ်တော့ မာရသည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ခေတ်ပေါင်းသုံးရာနှင့် ညီမျှသော နှစ်သုံးရာ ထရီလီယန်မျှ ကျင့်ကြံခဲ့သည်။ ထို့အပြင် သူသည် အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
မာရသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီဖြစ်သည်။
အခြေခံအချက်အလက်များက ပြောင်းလဲသွားခဲ့သည်။
တာအိုသားရဲ:ဖရိုဖရဲနတ်ဘုရားအရှင်။
အမည်ရင်း:မာရ
အဆင့်:ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်။
တာအိုမူလအစ:ဖရိုဖရဲကောင်းကင်တာအို။
ဖော်ပြချက်:စည်းမျဉ်းကောင်းကင်အရှင်ဒုတိယအဆင့်ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ကိုးဆယ်ထပ်မှကိုးဆယ့်ကိုးထပ်ထိရရှိသော အထွတ်အထိပ်တာအိုသားရဲတစ်ကောင်ဖြစ်သည်။ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်တတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့ကို နားလည်ထားကာ အထက်ကမ္ဘာကောင်းကင်တာအိုနှင့် ပေါင်းစပ်ထား၏။ မဟာတာအိုအံ့ဖွယ်စွမ်းအား:ဖရိုဖရဲ၊ မြင့်မြတ်ကောင်းကင်နှင့် လေဟာနယ်ကျိန်စာတို့ကို ဖန်တီးခဲ့သည်။
သူသည် မဟာတာအိုသစ်သီး ဖရိုဖရဲတာအိုသစ်သီးကို သိပ်သည်းနိုင်ခဲ့ပြီး ဖရိုဖရဲတာအိုကောင်းကင်ကို တည်ဆောက်နိုင်ခဲ့သည်။ ထို့နောက် ဖရိုဖရဲကောင်းကင်တာအိုကို ဖန်တီးခဲ့လေသည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ထိ ကြီးထွားနိုင်သည်။
ဖရိုဖရဲနတ်ဘုရားအရှင်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်၌ ဖရိုဖရဲမျှော်စင် ကိုးဆယ့်ကိုးထပ်တွင် ဖမ်းချုပ်ခံခဲ့ရခြင်းဖြစ်၏၊။ သူသည် တတိယလေဟာနယ်တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်လေသည်။ သူသေသွားချိန်၌ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် ဖြစ်နေပြီဖြစ်ကာ အသေးစားဖရိုဖရဲမဟာတာအိုကို တည်ဆောက်ထားနိုင်ပြီဖြစ်သည်။
"သခင်" မာရပေါ်လာပြီးနောက် သူက ချီမင်ကို ဦးညွှတ်၏။"ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ။"
ချီမင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်၏။"မဆိုးဘူး။ မဆိုးဘူး။ ဒီအရှိန်နှုန်းက မဆိုးဘူး။ မင်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တတိယအဆင့်တောင် ရောက်နေပြီ။ မင်း သိပ်မကြာခင်မှာပဲ မင်းရဲ့ အရင်ခွန်အားကို အကုန်ပြန်ရလာမယ်လို့ ငါယုံကြည်တယ်။"
"မာရ" ချီမင်က ညွှန်ကြားလိုက်၏။ "သွားပြီးတော့ မဟာမိတ်သခင်ချူးနဲ့ လက်ရည်စမ်းခဲ့။"
"ဟုတ်ကဲ့ပါ။"
မာရသည် ရှေ့တစ်လှမ်းတက်ကာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး၏ အရှိန်အဝါများကို ထုတ်ဖော်လျက် ချူးဝမ်တောက်နားသို့ တိုးသွားတော့သည်။ အရှိန်အဝါက အတော်လေးကို သိပ်သည်းကာ အပြင်သို့ မပျံ့နှံ့ပေ။ အကုန်လုံးက ချူးဝမ်တောက်ဆီသို့သာ ကျရောက်လာသည်။
"မင်း..."ချူးဝမ်တောက်က ထိတ်လန့်သွား၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းမြူခိုးများသည် မြင့်တက်ထွက်ပေါ်လာပြီး မာရ၏ ဖိအားကို တားဆီးလိုက်သည်။ သူ၏ အမူအရာက အတော်လေး ထိတ်လန့်သွားသည်။"ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်။ တကယ်ကြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပဲ။"
ချူးဝမ်တောက်သည် ချီမင်တွင် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် နောက်လိုက်နှစ်ယောက် ရှိသော်လည်း ချီမင်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နောက်လိုက်တစ်ပါးကို ဖုံးကွယ်ထားဦးမည်ဟု မထင်ခဲ့ပေ။
အတော်လေး ထိတ်လန့်ဖွယ်ကောင်းပေသည်။
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။”
ချူးဝမ်တောက်က အော်ဟစ်လိုက်၏။"နတ်ဆိုးကမ္ဘာစုဝေးရဲ့စည်းမျဉ်းတွေထဲမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ပါဝင်တာကို တားမြစ်ထားတယ်။ မင်းမှာ ဘယ်လိုလို့ အဲဒီအဆင့်က နောက်လိုက်တစ်ယောက် ရှိနေတာလဲ။ မင်း...မင်းက ဘယ်သူလဲ။"
ချီမင်က ပြန်ဖြေလိုက်သည်။ "မင်းက အတော်လေး သိတာပဲ။"
နောက်တစ်ခဏတွင် မူလအစတာအိုသားရဲနှစ်ကောင်ပေါ်လာကာ အသင်္ချေတောင်ကို ဝိုင်းလိုက်၏။ ၎င်းတို့က ဖျက်ဆီးခြင်းနှင့် ဝါးမျိုခြင်းပေ။
"ဂလု.."ချူးဝမ်တောက်က ထိတ်လန့်သွား၏။" ဒါက....ဒါက နောက်ထပ်ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်လား။ ပြီးတော့ နှစ်ယောက်တောင်။"
"မဟာမိတ်သခင်ချူး။" ချီမင်၏ လေသံသည် မထူးမခြားနားဖြစ်နေကာ သူ၏ အမူအရာသည်တော့ တည်ငြိမ်နေ၏။ သို့သော်လည်း ချူးဝမ်တောက်သည် မယှဉ်သာလောက်သော ဖိအားကို ခံစားနေရ၏။ "ငါက ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံချင်ရုံပဲ။ ငါမင်းကို ဉာဏ်ရှိရှိဖို့ ပြုမူဖို့ အကြံပေးမယ်။ ငါ့ကို ထပ်နှောင့်ယှက်ရင် နှလုံးသားမဲ့တဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။"
"မိုးမြေဝါနက်ထူးခြားစေတီကိစ္စကတော့ အချိန်တန်ရင် ငါလည်း သေချာပေါက် ဝင်ပါမှာပါ။ မဟာမိတ်သခင်ချူး အခု နားလည်ပြီလား။"
ဂလု!
ချူးဝမ်တောက်က တံတွေးမျိုချကာ ဖြည်းညှင်းစွာ ဆိုသည်။"ဟုတ်ကဲ့ပါ။ ကျွန်တော် နား..နားလည်ပါပြီ။ ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့။ ဒီနေ့ကစပြီး ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော် အာမခံတယ်။"
"အရမ်းကောင်းတယ်။” ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
နောက်တစ်ခဏတွင် ဝါးမျိုခြင်းနှင့် ဖျက်ဆီးခြင်းတို့လည်း ပျောက်ကွယ်သွားခဲ့ကာ တာအိုသားရဲနေရာလွတ်ထဲသို့ ဝင်သွားတော့၏။ မာရသည် ချူးဝမ်တောက်ကို သာမန်မျှသာ ကြည့်ကာ တာအိုသားရဲနေရာလွတ်ထဲသို့ ဝင်သွားပြီး ဆက်လက်ကျင့်ကြံတော့၏။
ချီမင်သည်လည်း ရှေ့တစ်လှမ်းတိုးကာ နေရာမှ ပျောက်ကွယ်သွားပြီး သီးသန့်အခန်းထဲသို့ဝင်သွားတော့သည်။
"နှောင့်ယှက်လိုက်မိလို့တောင်းပန်ပါတယ်။"
ချူးဝမ်တောက်သည် တလေးတစား ဦးညွှတ်ကာ အသင်္ချေတောင်နှင့် လေဟာနယ်တို့ မထွက်ခွာခင် တောင်းပန်လိုက်သည်။ သူသည် အပြင်ဘက်တွင် ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ကာ ချီမင်ကို ကာကွယ်ပေးနေလိုက်သည်။
ချူးဝမ်တောက်သည် ချီမင်၏ နည်းလမ်းများကို တွေ့ပြီးနောက် လုံးဝကို ထိတ်လန့်သွားခဲ့၏။ ထို့ကြောင့် ချူးဝမ်တောက်သည် ချီမင်၏ နောက်သို့ လိုက်ပါချင်သွားတော့သည်။ထိုအတွက် သူ၏ တစ်ခုတည်းသော အခွင့်အရေးသည် ကိုးကမ္ဘာလှောင်အိမ်ထဲမှ လွတ်မြောက်ရန်ဖြစ်သည်။
နောက်ထပ် နှစ်လေးသောင်းကြာသွားသည်။
ကမ္ဘာကိုးကမ္ဘာက လှုပ်ခါသွားခဲ့သည်။ ကမ္ဘာကိုးကမ္ဘာစုဆုံရာနေရာကို ကိုးကမ္ဘာတောင်ဟု ခေါ်ကြသည်။ ကိုးကမ္ဘာတောင်၏ အလယ်တွင် မိုးမြေဝါနက်ထူးခြားစေတီတည်ရှိသည်။
ထိုအခိုက် ကမ္ဘာကိုးကမ္ဘာထဲက လူတိုင်းလှည့်ကြည့်လာကြသည်။
တိမ်နှင့် လေတို့ စုဝေးလာခဲ့ပြီး ပဋိပက္ခများ စုဝေးလာခဲ့သည်။ နှစ်ကိုးသောင်းကြာပြီးနောက်မှာ နတ်ဆိုးကမ္ဘာစုဝေးပွဲ၏ အဆုံးသတ်ပိုင်းသို့ တရားဝင် ရောက်ရှိလာခဲ့သည်။