← Chapters

ကြောင်က ကြွက်ကို ဖမ်းခြင်း။ အားလုံးကို သတ်ဖြတ်ခြင်း။ မုန်တိုင်းမျက်စိ။

Vol. 31 Ch. 453

ကြောင်က ကြွက်ကို ဖမ်းခြင်း။ အားလုံးကို သတ်ဖြတ်ခြင်း။ မုန်တိုင်းမျက်စိ။

Vol. 31 Ch. 453

ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်ပြားက ဖွဲ့တည်လာသည်။ ချီမင်သည် မဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်ရာ ကန့်လန့်ဖြတ်စစ်တုရင်ဘုတ်ပြားတစ်ခု ထွက်ပေါ်လာသည်။ စစ်တုရင်ဘုတ်ပြားပေါ်က မျဉ်းတိုင်းသည် ကောင်းကင်တာအိုနှင့်အလားသဏ္ဍာန်တူကာ သီးခြားနေရာလွတ်တစ်ခု ဖြစ်တည်လာသည်။

အမှန်တကယ်တော့...

ကောင်းကင်တာအိုဓားမုန်တိုင်း၏ ပတ်ဝန်းကျင်သည် သီးခြားဆန်လှသည်။

စစ်တုရင်ပေါ်က နေရာလွတ်သည် အတော်လေးတည်ငြိမ်ပေသည်။

"မင်းကို တွေ့ပြီ။"

ချီမင်၏ပုံရိပ်သည် စစ်တုရင်နေရာလွတ်ထဲတွင် ပေါ်လာခဲ့ပြီး ကောင်းကင်ယံ၌ ရပ်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဆလိုင်ယွန်တို့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

အသင်္ချေတောင်၊ လေဟာနယ်၊ ချူးဝမ်တောက်နှင့် မာရသည် ချီမင်နောက်တွင် အတန်းလိုက် ရပ်နေကြသည်။

သူတို့၏အကြည့်များသည် ဆလိုင်ယွန်တို့ပေါ်သို့ ကျရောက်နေသည်။

"သူတို့က အရှင့်ရဲ့ သူငယ်ချင်းဟောင်းတွေလား။” ချူးဝမ်တောက်က တွေးတောနေသည်။

“ဘာဖြစ်သွားတာလဲ။”

"ငါတို့ စစ်တုရင်နေရာလွတ်ထဲမှာ ပိတ်မိနေပြီ။”

"ခွေးသားတွေ။”

အစိမ်းရောင်ဆံပင်ဖြင့် အမျိုးသားတစ်ဦးက ခေါင်းမော့ကာ ချီမင်ကို ကြည့်လိုက်သည်။ ထို့နောက် အသံနက်နက်ဖြင့် မေး၏။"မင်းဘာလိုချင်လဲ။ ဘာလို့ ငါတို့လမ်းကို လာပိတ်တာလဲ။ ငါတို့လည်း မင်းကို မသိပါဘူး။"

"မင်းက ကောင်းကင်နှင့်မြေကြီးစစ်တုရင်ကိုတောင် တပ်ပြီး သီးခြားနေရာလွတ်တစ်ခု တည်ဆောက်လိုက်သေးတယ်။ ပြီးတော့ ကောင်းကင်တာအိုမုန်တိုင်းနဲ့ ခွဲခြားလိုက်သေးတယ်။ မင်းက ဘာလိုချင်နေတာလဲ။”

"ဒီ မိုးမြေစစ်တုရင်ဘုတ်ပြားကို ဖယ်ပေးပါ။”

အခြားသော ကောင်းကင်အရှင်နှစ်ယောက်က အော်ဟစ်လိုက်သည်။

"အရိုင်းအစိုင်းကောင်။”

ချူးဝမ်တောက်သည် အေးစက်စွာ နှာခေါင်းရှုပ်လိုက်၏။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်၏ဖိအားသည် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အထွတ်အထိပ်လောကတစ်ခု ဖြစ်တည်လာကာ သူ၏ခန္ဓာကို ဖိချလိုက်သည်။

"ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်"

"ဟူး။”

"စီနီယာ ကျွန်တော်တို့ အမြင်ဖုံးနေလို့ စော်ကားမိတာပါ။ စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။”

ဒုန်း။

ကောင်းကင်အရှင်သုံးယောက်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့ပြီး ဒူးထောက်ချလိုက်၏။ သူတို့၏နောက်လိုက်များသည်လည်း ထိတ်လန့်တကြား ဒူးထောက်လိုက်သည်။

"လန်ယာ့အင်မော်တယ်မြို့ ဖရိုဖရဲနတ်ဆိုးဘုရား။" ချီမင်၏အကြည့်သည် ဆလိုင်ယွန်ပေါ်တွင် ကျရောက်နေပြီး မထူးမခြားနားဆိုသည်။ "မင်းက အရင်တုန်းက နောက်လိုက်တွေလွှတ်ပြီး သတ်ခိုင်းတဲ့ တစ်ယောက်မလား။"

"မင်း တစ်နေ့နေ့ကျရင် ဒီလိုဖြစ်လာမယ်ဆိုတာ သိခဲ့လား။”

“မင်းက ချီမင်ပဲ။”

ဆလိုင်ယွန်၏အကြည့်သည် တောက်ပသွားလေသည်။ သူသည် ရှေ့သို့ တစ်လှမ်းတက်ပြီး ခပ်ဖြေးဖြေးပြောလိုက်သည်။" မင်းက အရင်တုန်းကဥပဒေသကောင်းကင်အရှင် နဝမအဆင့်ပဲ ရှိနေခဲ့တာ။ အခု နှစ်ကိုးသောင်းပဲ ကြာသေးတယ်။ ဒါပေမဲ့ မင်းက စည်းမျဉ်းကောင်းကင်အရှင်နဝအဆင့် ရောက်သွားပြီ။”

“ကြည့်ရတာ မင်းကမ္ဘာကိုးကမ္ဘာထဲမှာ အခွင့်အလမ်းကောင်းတွေ ရခဲ့တာပဲ။"

"ပိုပြီးတော့တောင် မထင်ထားတာက”

“မင်းဘေးမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တာအိုကာကွယ်သူတောင် ရှိနေတာပဲ။"

"ဟုတ်တယ်မလား။" ဆလိုင်ယွန်က အသံနိမ့်နိမ့်ဖြင့် ပြောသည်။ "ဟုတ်တယ်။ အရင်တုန်းက ငါ မင်းကို ငါ့ရဲ့ နောက်လိုက်တွေ လွှတ်ပြီး သတ်ခိုင်းတဲ့သူပဲ။ မင်းက အခု ငါ့ကို သတ်ချင်နေတာမလား။ ဒါပေမဲ့ ငါ့ရဲ့ ဆရာက နတ်ဆိုးဘုရားကျောင်းရဲ့ ဒုခန်းမသခင်ပဲ။ ပြီးတော့ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးပဲ။"

"မင်းသာ ငါ့ကို သတ်လိုက်ရင် ဆရာ့က မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး။"

"ပြီးတော့..”

"အရင်တုန်းက မင်းက ဘာမှမဖြစ်သွားဘူးလေ။ ငါ့ရဲ့ နောက်လိုက်တွေကိုတောင် ပြန်သတ်လိုက်သေးတယ်။ မင်း ဘာမှမဖြစ်သွားပါဘူးကွာ။ ငါတို့ ဘာလို့ တိုက်ခိုက်နေကြမဲ့အစား မိတ်ဆွေမဖွဲ့ရမှာလဲ။”

"ဟားဟား"ချီမင်က အကြိမ်အနည်းငယ် ရယ်မောလိုက်၏။ သူ၏အသံသည် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေလေသည်။"မင်းက ငါနဲ့ ရန်သူဖြစ်မယ့်အစား မိတ်ဆွေဖွဲ့ချင်တယ်ပေါ့။ သောက်ခွက်လာပြောင်နေတယ်များ ထင်နေလား။ ငါ့ကိုများ မင်းဆရာကို ကြောက်မယ်ထင်တယ်ပေါ့။

"မင်းက သေကိုသေရမှာ။"

"ပေါက်ကွဲစမ်း။"

နောက်တစ်ခဏတွင် ဆလိုင်ယွန်သည် အော်ဟစ်ကြုံးဝါးလိုက်ရင်း ခိုင်ယာ့ ပေးထားသည့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုရတနာကို ထုတ်ယူလိုက်၏။ ၎င်းက ဖရိုဖရဲအလင်းများ တောက်ပလာခဲ့ပြီး ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

ပို၍ပင် ကြောက်ဖို့ကောင်းသည်က။

ဆလိုင်ယွန်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုရတနာကို တိုက်ရိုက်ဖောက်ခွဲပစ်လိုက်သည်။ ထို့နောက် လုံးဝကို ပေါက်ကွဲသွားတော့သည်။

မိုးမြေသည် လှုပ်ခါသွားရကာ နေနှင့်လသည် တုန်ယင်သွား၏။ မဟာတာအိုသည် ပြိုကျသွားသည့်အလားနှယ် မယှဉ်သာလောက်သည့် ဖျက်ဆီးနိုင်စွမ်းကြီး ထွက်ပေါ်လာသည်။ မည်းနက်နေသည့် လှိုင်းဂယက်ကြီးများ ပျံ့နှံ့လာသည်။

၎င်းက အရာအားလုံးကိုပင် ဖျက်ဆီးပစ်ဖို့ လုံလောက်ပါ၏။

ချီမင်၏ မိုးမြေစစ်တုရင်ဘုတ်ပြားကြောင့် ဖြစ်တည်လာသော စစ်တုရင်နေရာလွတ်သည် ထိုပေါက်ကွဲမှုစွမ်းအားကြီးကြောင့် ပျက်စီးသွားသည်။ နေရာလွတ်သည် မှန်တစ်ချပ်လို တစ်စစီ ကြေမွသွားတော့သည်။

"အခုပဲ။"

ဆလိုင်ယွန်က သူ၏တာအိုစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အလင်းမြူခိုးများသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် မျောလွင့်လာခဲ့ပြီး ထိုအခွင့်အရေးကို ဆုတ်ကိုင်လျက် မိုးမြေစစ်တုရင်ကို ဖျက်ဆီးပစ်လိုက်သည်။ "ပြေးကြတော့။"

သူသည် အံ့ဖွယ်စွမ်းအားတစ်ခုကို သုံးလျက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ထွက်ပြေးလိုက်သည်။ သူ၏ အရှိန်သည် အချိန်နှင့် နေရာလွတ်တို့၏သဘောတရားများကို ကျော်လွန်သွားတော့သည်။

ချက်ချင်းပင် သူသည် အဆုံးမဲ့အကွာအဝေးတို့ကို ဖြတ်ကျော်သွားတော့၏။

ခိုင်ယာ့သည် ထိုသည်ကို တွေ့သည့်အခိုက် သူ၏အမူအရာသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "အရမ်းကောင်းတယ်။ ငါ့တပည့်ဆိုတဲ့ အတိုင်းပဲ။ သူက အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်တာပဲ။ ချီမင်က အတော်လေးကို အင်အားကြီးနေပြီ။ သူ့ဘေးမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့် တာအိုကာကွယ်သူနှစ်ယောက်ရှိတယ်။ ဆလိုင်ယွန်က သူ့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ဘူး။ သူသာ ထိပ်တိုက်ရင်ဆိုင်ရင် သေမယ့်သူက သူပဲ။ အခွင့်အရေးယူပြီး ထွက်ပြေးမှ အသက်ရှင်နိုင်မဲ့ အခွင့်အရေးရှိမှာ။"

"ဟားဟား" ချီမင်သည် နှာခေါင်းရှုပ်လိုက်၏။ "ပြေးချင်တာလား။ အိပ်မက်သာ မက်နေလိုက်။"

"မဟာတာအိုအံ့ဖွယ်စွမ်းအား။"

မာရသည် တိုက်ခိုက်လိုက်၏။သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ၌ ဖရိုဖရဲကောင်းကင်တာအို၏စွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာသည်။ မမြင်နိုင်သည့် အလင်းတန်းတစ်ခုသည် အချိန်နှင့် နေရာလွတ်ကို ပစ်မှတ်ထားကာ ဆလိုင်ယွန်ကို တိုက်ခိုက်လိုက်၏။ "မြင့်မြတ်ကောင်းကင်။”

ချက်ချင်းပင် နေရာလွတ်က ပုံပျက်ယိုယွင်းကာ ပျောက်ကွယ်သွားတော့၏။

သိသာလှသည်။

အစကတည်းက ပတ်ဝန်းကျင်နေရာလွတ်သည် မာရ၏ ထိန်းချုပ်ခြင်းကို ခံထားရကာ မြင့်မြတ်ကောင်းကင်အဖြစ် ပြောင်းလဲနေသည်။ ဆလိုင်ယွန်သည် မိုးမြေစစ်တုရင်ထံမှ လွတ်မြောက်သွားပေမဲ့ သူကိုယ်တိုင်ပင် မြင့်မြတ်ကောင်းကင်ထဲ၌ ပိတ်မိနေသည်ကို မသိခဲ့ပေ။

"ပြန်လာခဲ့။"

မာရသည် ညာဘက်လက်ကို ယမ်းကာ ပျံသန်းထွက်ခွာသွားသည့် ဆလိုင်ယွန်ထံသို့ နေရာရွှေပြောင်းလိုက်ပြီး ထိုသူကို ဖမ်းဆီးပြီး ချီမင်ထံသို့ ပြန်လာလိုက်၏။ သူ၏မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။"

ဆလိုင်ယွန်၏မျက်လုံးများသည် ပြူးကျယ်နေပြီး သူ၏မျက်နှာသည် အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။ သူ၏တစ်ကိုယ်လုံးသည် ပြင်းထန်သည့် အားအင်ကင်းမဲ့မှုကြောင့် တုန်ယင်နေခဲ့၏။ သူသည် လုံးဝကို မခုခံနိုင်ပေ။

သူသည် မလွတ်မြောက်နိုင်တော့ပေ။

ထွက်ပြေးဖို့ရာ နည်းလမ်းမရှိတော့ချေ။

"မဟုတ်ဘူး။ မဟုတ်။ မဟုတ်ဘူး။"

ဆလိုင်ယွန်သည် ထွက်ပြေးချင်နေသေးသည်။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။ သို့သော်လည်း နောက်တစ်ခဏတွင် သူသည် ချီမင်နောက်၌ ပြန်ပေါ်လာသည်။

ဆလိုင်ယွန်သည် ထပ်မံ ထွက်ပြေးလိုက်ပြန်သည်။ သူသည် ထပ်မံ နေရာရွှေပြောင်းသွားခဲ့သည်။ သို့သော် မလွတ်မြောက်နိုင်ပေ။ ထိုအခိုက် သူသည် ထိတ်လန့်မှုမှသည် အကြောက်တရား၊ စွမ်းအားမဲ့မှုနှင့် နောက်ဆုံးတွင် စိတ်ပျက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ဆလိုင်ယွန်သည် မြေပြင်ပေါ်၌ ထိုင်ကာ ဗလာဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။

သူသည် လုံးဝကို စိတ်ပျက်သွားခဲ့သည်။

‘ပြေးရမှာလား။’

၎င်းက ဟာသတစ်ခုပင်ဖြစ်သည်။

"ခွေးမသား"

ခိုင်ယာ့သည် စိတ်ရှုပ်ထွေးသွားတော့၏။ မည်သို့ပင်ဖြစ်စေ ဆလိုင်ယွန်သည် သူ၏တပည့်ဖြစ်သည်။ သူသည် ဆလိုင်ယွန်အား ချီမင်ကို ကိုယ်တွယ်ဖြေရှင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ထိုသို့ဖြင့် အရှက်ခွဲခံလိုက်ရ၏။ ၎င်းက လုံးဝကို မျက်နှာဖြတ်ရိုက်လိုက်ခြင်းပင်။

ခိုင်ယာ့သည် စိတ်ထွေပြားပြီး သူ၏အမူအရာသည် အရုပ်ဆိုးသွားတော့သည်။

"သေစမ်း။”

ခိုင်ယာ့သည် လျှို့ဝှက်တိုက်ခိုက်ချင်သော်လည်း သူ၏လက်မောင်းသည် ပြန်လည် မသက်သာသေးသဖြင့် မတည်ငြိမ်နိုင်တော့ပေ။ ချီမင်ကို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးက ကာကွယ်ပေးထားသည့်အတွက် သူ့ကို တိုက်ခိုက်လိုက်လျှင်ပင် အသုံးမဝင်ပေ။

ပတ်ဝန်းကျင်တွင် ကောင်းကင်အရှင်သုံးပါးသည် ကိစ္စအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူတို့သည် ဆလိုင်ယွန်က ထပ်ခါထပ်ခါ လွတ်မြောက်သွားလိုက် ဖမ်းဆီးခံလိုက်ရခြင်းကို မြင်ခဲ့ရသည်။

၎င်းက ကြောင်က ကြွက်ကို ကစားနေသလိုပင်။

ထိုသည်က သူတို့ကို ချီမင်၏စွမ်းအားကို သိရှိသွားစေတော့သည်။

"စီနီယာ စီနီယာ။”

အလားအလာကောင်းသည့် ကောင်းကင်အရှင်ငယ်လေးသည် ပြောလိုက်၏။ "သူက..သူက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့က ဆလိုင်ယွန်နဲ့ မရင်းနှီးပါဘူး။ ကျွန်တော်တို့ သူ့ကို မုန်တိုင်းမျက်စိရဲ့အလယ်ဗဟိုကို သွားနေတုန်း တွေ့ခဲ့ကြလို့ အတူတူ ခရီးဆက်နေတာပါ။ စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

"စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

ကောင်းကင်အရှင်နှစ်ပါးက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

"သတ်ကြစမ်း။”

ချီမင်၏အကြည့်သည် ဆလိုင်ယွန်နှင့်ကျန်သူများအပေါ်သို့ မထူးမခြားနား ဖြတ်သန်းသွားခဲ့၏။ ထိုအကြည့်အတွင် သနားညှာတာမှု လုံးဝမရှိပေ။ "တစ်ယောက်မှ ထွက်မသွားကြနဲ့။ ငါ လုံလုံလောက်လောက် ကစားပြီးပြီ။ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး။"

"ဟုတ်ကဲ့။ ချူးဝမ်တောက်၊ မာရနှင့် ကျန်သောသူများက ပြန်ဖြေလိုက်သည်။

"တိုက်ခိုက်ကြစမ်း။”

ထိုအခိုက် မာရ၏လက်ဖဝါးက ကျရောက်လာသည်။ ဖရိုဖရဲမဟာလက်ချိတ်စည်းသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။ ချူးဝမ်တောက်သည် သူ၏ လက်ကို ဝှေ့ယှမ်းလိုက်သော် အဆုံးမဲ့ အလင်းတန်းတို့ ထွက်ပေါ်လာသည်။

လေဟာနယ်၊ အသင်္ချေတောင်တို့ကလည်း သူတို့၏ မဟာတာအိုအံ့ဖွယ်စွမ်းအားများကို သုံးလိုက်ကြသည်။

"မဟုတ်ဘူး။မလုပ်ပါနဲ့။”

"တိုက်ခိုက်ရအောင်။"

"အား"

ဆလိုင်ယွန်နှင့် ကျန်သေူသာများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့၏ စိတ်ပျက်မှုများသည် မြင့်တက်လာခဲ့သည်။ သူတို့က အင်အားကုန်ထုတ်သုံးလိုက်သည့်အခါ မယှဉ်သာလောက်အောင် ခမ်းနားသည့် ရောင်စုံအလင်းလုံးကြီးတစ်လုံး ဖြစ်တည်လာသည်။

သို့သော် သူတို့သည် အင်အားကင်းမဲ့ကာ အားနည်းလှပေသည်။

အသံကျယ်ကြီးထွက်လာသည်။

ထိုရောင်စုံအလင်းတန်းကြီးသည် ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်အပြည့် အလင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကြောက်ရွံ့ဖွယ်ရာအော်ဟစ်သံများနောက်မှာ ဆလိုင်ယွန်နှင့် ကျန်သောသူများသည် တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့၏။

သူတို့သည် လုံးဝကိုသေဆုံးသွားခဲ့ပြီး ပြာကျသွားတော့သည်။ ဖရိုဖရဲနတ်ဆိုးဘုရားမူဇာစ်မြစ်သည်ပင် ဖျက်ဆီးခံလိုက်ရတော့သည်။

တိုက်ပွဲက တည်ငြိမ်သွားတော့သည်။

ကောင်းကင်တာအိုမုန်တိုင်းပတ်ဝန်းကျင်သည် ရပ့်တန်ငြိမ်သက်သွားပုံရပြီး မယှဉ်သာလောက်အောင် ကြီးမားသည့် တွင်းနက်ကြီးထွက်ပေါ်လာသည်။ ကောင်းကင်တာအိုမုန်တိုင်းသည် ကျဆင်းလာသည်နှင့် တွင်းကြီးက ပြန်လည် မြင့်တက်လာခဲ့၏။

"သွားကြစို့။ ချီမင်၏အမူအရာသည် မပြောင်းလဲသွားပေ။ သူ့ကြည့်ရသည်မှာ ဆလိုင်ယွန်နှင့်ကျန်သူများကို သတ်လိုက်ရသည်မှာ ပုရွက်ဆိတ်များကို သတ်လိုက်ရသည့်အလားနှယ်။ "မုန်တိုင်းမျက်စိဆီ သွားကြမယ်။"

ချီမင်သည် အဓိကလက်သည်တရားခံသည် ဆလိုယွန်မဟုတ်ဘူးဆိုတာ သိပါ၏။ သူသည် သူ့ဆရာ၏အမိန့်ကို နာခံနေရုံသာဖြစ်သည်။

သိသာထင်ရှားသည့် အထောက်အထားများ ရှိပါ၏။

သက်သေများအားလုံးသည် ပထမအထက်ကမ္ဘာ၏ နတ်ဆိုးဘုရားကျောင်းကို ညွှန်ပြနေသည်။

ချီမင်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ နတ်ဆိုးကမ္ဘာစုဝေးပွဲပြီးနောက်မှာ သူသည် နတ်ဆိုးဘုရားကျောင်းကို သေချာပေါက် သွားမည်ဖြစ်ပြီး ကမ္မနှင့် ရန်ကြွေးကို ဖြေရှင်းမည်ဖြစ်သည်။

အတိတ်တွင် ချီမင်သည် သူ၏အင်အားက မလုံလောက်သည်ကို သိပါ၏။ ထို့ကြောင့် သူသည် စွမ်းအားကြီးရန်သူများကို ရန်မစရဲခဲ့ပေ။ သူသည် ကိုယ်ကိုယ်ကိုယ် ထိန်းချုပ်ထားခဲ့သည်။ သို့သော် ယခုတွင် သူ၏အင်အားသည် တိုးတက်လာပြီဖြစ်သည့်အတွက် သူသည် ဆက်လက် ပုန်းအောင်းမနေတော့ပေ။

ရန်သူက ဘယ်သူပဲဖြစ်ဖြစ် သူက အားလုံးကို ရှင်းထုတ်မှာ ဖြစ်သည်။

သူသည် မကြောက်ရွံ့တော့ပေ။

နေ့တစ်ဝက်ကြာပြီးနောက် ချီမင်သည် မုန်တိုင်းမျက်စိသို့ ရောက်သွားကြသည်။ သူတို့မြင်လိုက်ရသည်က ကြီးမားသည့် ရေခဲပြင်ကြီးဖြစ်၏။ အဆုံးအစမဲ့ ရေခဲအလွှာသည် အပြာရောင်သန်းနေသည်။ သို့သော် မည်သည့်မုန်တိုင်းမျှ ဖြစ်ပေါ်မနေပေ။ ကြည့်ရသည်မှာ သူတို့သည် ကောင်းကင်တာအိုမုန်တိုင်း၏ တားမြစ်ဇုန်သို့ ရောက်လာသည့်အလားပင်။

သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရ၏။

ချီမင်သည် ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို လျင်မြန်စွာဖြင့် ရှာတွေ့သွားတော့သည်။ ချက်ချင်းပင် ကြီးမားသည့် ရေခဲတောင်ကြီးသည် တိမ်တိုက်များကြားသို့ ထိုးဖောက်ဝင်လာခဲ့၏။ မယုံနိုင်စရာကောင်းစွာ ခမ်းနားလှပေသည်။

တောင်ထိပ်တွင် ကောင်းကင်ပြာရောင်သလင်းကျောက်ကဲ့သို့ ကျောက်တိုင်အထိမ်းအမှတ်တစ်ခု ရှိသည်။ ၎င်းတွင် ကြောက်မက်ဖွယ်ရာစွမ်းအားနှင့် လှုပ်ခါမှုများ ပါဝင်၏။ ၎င်းက ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်တစ်ခုဖြစ်သည်။

"သွားတော့"

ချီမင်သည် ကောင်းကင်သို့ ခုန်တက်လိုက်ပြီး တောင်ထိပ်ပေါ်သို့ ပြေးသွားကာ ကောင်းကင်တာအိုသလင်းကျောက်ကို လှမ်းယူလိုက်၏။

All Chapters