← Chapters

ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါး တစ်ရာ

Vol. 31 Ch. 454

ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါး တစ်ရာ

Vol. 31 Ch. 454

ချီမင်၏အရှိန်နှုန်းက အတော်လေးမြန်လှသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာ ထိုနေရာသို့ ရောက်သွားပြီး ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို လှမ်းယူလိုက်သည်။

ချက်ချင်းပင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။

ခရက်။

ရုတ်တရက် ရေခဲပြာရောင် လျှပ်စီးမိုးကြိုးတစ်ခု ဖြစ်ပေါ်လာသော်လည်း ၎င်းက လျှပ်စီးမိုးကြိုးတစ်ခု တော့ဟုတ်မနေပေ။

ထိုအစား မရေမတွက်နိုင်သော ကောင်းကင်တာအိုစစ်မှန်အဆောင်များမှ ဖြစ်တည်လာသော မိုးကြိုးအဆောင်တစ်ခု သာဖြစ်သည်။ သို့သော်လည်း ၎င်းတွင် မယှဉ်သာလောက်သော ဖျက်ဆီးနိုင်စွမ်းများပါဝင်သည်။ ထို့စဉ် ၎င်းက နေရာလွတ်ကို ဖြတ်ကျော်ကာ ချီမင်၏ခေါင်းကို ရိုက်ခတ်ပြီး ပစ်မှတ်ထားလိုက်သည်။

“သခင်”

“ဂရုစိုက်ပါ။”

အသင်္ချေတောင်နှင့် လေဟာနယ်တို့သည် တစ်ချိန်တည်းတွင် အော်ဟစ်လိုက်သည်။

ကမ္ဘာဦးမဟာတာအို၏မြှင့်တင်မှုအောက်တွင် အဆုံးမဲ့ကမ္ဘာဦးခရမ်းရောင်မြူခိုးများ လည်ပတ်လာ၏။

အမှန်တကယ်တော့ သေချာလေ့လာကြည့်ပါလျှင် ကမ္ဘာဦးပုကျုံးတောင်ကို ခရမ်းရောင်မြူခိုးများ ဖုံးအုပ်နေသည်ကို တွေ့မြင်နိုင်ပါ၏။ ထို့အပြင် ထိုခရမ်းရောင်မြူမှုန်လေးများသည် သေးငယ်ပြီး ကမ္ဘာဦးမဟာတာအိုစစ်မှန်အဆောင်ကဲ့သို့ မမြင်သာပေ။

၎င်းက ကမ္ဘာဦးမဟာတာအိုစစ်မှန်အဆောင်ကို တွက်ချက်ပြီးနောက် ဖြစ်ပေါ်လာသော ကမ္ဘာဦးခရမ်းရောင်မြူခိုးအစီအရင်ဖြစ်သည်။

ဘုန်း။

ကမ္ဘာဦးပုကျုံးတောင်သည် ကောင်းကင်သို့ မြင့်တက်သွားခဲ့ပြီး ချီမင်၏အရှေ့မှ ပိတ်ကာ ပေးလိုက်တော့သည်။

ရေခဲပြာရောင်လျှပ်စီးမိုးကြိုးသည် တောင်ထိပ်ကို ထိခတ်သွားလေသည်။ နှစ်ဖက်က ထိပ်တိုက်တွေ့သွားပြီးနောက်မှာ ထိတိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ရေခဲပြာရောင်လျှပ်စီးမိုးကြိုးသည် ပျောက်ကွယ်သွားခဲ့သော်လည်း ချီမင်၏ကမ္ဘာဦးပုကျုံးတောင်သည်လည်း လွင့်ထွက်သွားတော့သည်။ သူသည် ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို မယူနိုင်တော့ပေ။

နောက်တစ်ခဏမှာ ချီမင်သည် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည့်အတွက် ခေါင်းမော့ကာ အသံလားရာဘက်သို့ ကြည့်လိုက်၏။ ကောင်းကင်ယံတွင် နေရာလွတ်သည် အက်ကွဲလာပြီး ကြီးမားသည့် ဝဲဂယက်ကြီးတစ်ခုပေါ်လာတော့သည်။

ချက်ချင်းဆိုသလိုပင် ချီမင်သည် မယှဉ်သာလောက်အောင်ကြီးမားသည့် ရေခဲပြာရောင် နဂါးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်းက အတော်လေးကို မြင့်မြတ်ခမ်းနားကာ နေအသေးစားလေးတစ်လုံးအလားပင်။ စစ်မှန်နဂါးတွင် အတောင်ပံများနှင့် လက်သည်းကိုးခုရှိသည်။ မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများသည် ထိုနဂါး၏ခန္ဓာကိုယ်မှ ပဲ့တင်ထွက်လာနေ၏။

“ငါက ကောင်းကင်တာအိုမုန်တိုင်းနဂါးပဲ။”

ခမ်းနားသည် နဂါးစစ်စစ်တစ်ကောင်၏ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာခဲ့ပြီး ၎င်းက ကောင်းကင်၌ ဝေ့ဝဲပျံသန်းကာ ချီမင်ကို ငုံံ့ကြည့်နေသည်။ ထိုသူထံမှ ထွက်ပေါ်နေသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး၏ဖိအားသည် ပြင်းထန်စွာ ထွက်ပေါ်နေသည်။

“ဂျူနီယာ မင်းက ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို လိုချင်တာလား။”

“မင်းသာ ငါပေးတဲ့ စမ်းသပ်ချက်ကို အောင်မြင်ရင် ယူသွားလို့ရတယ်။ မအောင်မြင်ရင်တော့ မင်းမယူနိုင်တဲ့အပြင် အသက်ပါပေးရမယ်။”

ချီမင်သည် ကမ္ဘာဦးမဟာတာအိုကျမ်းကို လည်ပတ်လိုက်သည်။ ကမ္ဘာဦးမဟာတာအိုသည် သူ့ကို ကာကွယ်ပေးလာပြီး ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါး၏ အထွတ်အထိပ်ဖိအားကို ပိတ်ဆို့ပေးလိုက်သည်။

“မလိုပါဘူး။”ချီမင်က တည်ငြိမ်စွာ ပြောသည်။ “ကျွန်တော် ခင်ဗျားရဲ့ စမ်းသပ်ချက်မှာ ပါဖို့ စိတ်မဝင်စားဘူး။ ကျွန်တော် သေချာပေါက် ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို ယူမှာ။”

“ဝေါင်း” ကောင်းကင်မုန်တိုင်းစစ်မှန်နဂါးသည် ဟိန်းဟောက်လိုက်သည်။ “မောက်မာလိုက်တဲ့ ဂျူနီယာ။”

“လာစမ်းပါ။”ချီမင်သည် သူကို ဝှေ့ယမ်းလိုက်သည်။ “ဝါးမျိုခြင်းနဲ့ ဖျက်ဆီးခြင်း။"

ချီမင်သည် မူလအစတာအိုသားရဲနှစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ဝါးမျိုခြင်းသည် ပထမအဆင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်ပြီး ဖျက်ဆီးခြင်းသည် ဒုတိယအဆင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်သည်။

မယှဉ်သာလောက်အောင် ကြီးမားသည့် တာအိုသားရဲနှစ်ကောင် ပေါ်ပေါက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ဖိအားကို ထုတ်လွှတ်လာခဲ့သည်။

“ဘာ..ဘာလဲ။” ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါး၏လေသံသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“တိုက်”ချီမင်သည် အမိန့်ပေးလိုက်သည်။

မုန်တိုင်းမျက်စိတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ယင်သွားရသည်။ စစ်မှန်နဂါးသည် ၎င်းကို ဝါးမျိုးလိုက်တော့သည်။ ထို့နောက် သူက ထပ်ခါထပ်ခါ ဟိန်းဟောက်ကာ အင်အားကုန်ထုတ်ဖော်လိုက်သည်။

၎င်းက ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါး၏နယ်မြေဖြစ်သည့်အတွက် ကောင်းကင်တာအိုမုန်တိုင်းထံမှ စွမ်းအားများကို စုပ်ယူနိုင်သည်။

ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါးသည် အရေးနိမ့်သွားတော့သည်။ နှစ်ယောက်နှင့် တစ်ယောက် အဆက်မပြတ် တိုက်ခိုက်နေရမှုများအောက်တွင် ၎င်းက အစပိုင်းသာ တိုက်ခိုက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းဖြင့် စွမ်းအင်မဲ့လာတော့၏။

နောက်ပိုင်းတွင်တော့ တစ်ဖက်သတ် အရိုက်ခံရတော့သည်။

ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါးသည် အော်ဟစ်လိုက်သည်။

“စီနီယာ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ မတိုက်ပါနဲ့တော့။ ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်က စီနီယာအပိုင့်ပါ။ ယူသွားပါခင်ဗျာ။”

“ကျွန်တော်မှားသွားပါတယ်။”

ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါးသည် အတော်လေး သနားစရာကောင်းသွားတော့သည်။

“ရပ်စမ်း။”ချီမင်က အမိန့်ပေးလိုက်သည်။

သို့မှသာ ဝါးမျိုခြင်းနှင့် ဖျက်ဆီးခြင်းတို့က ရပ်တန့်ပြီး တိုက်ပွဲထဲမှ ဆုတ်ခွာလာလိုက်သည်။

သို့သော်လည်း သိပ်မဝေးသည့်နေရာတွင် ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါးကို ကျားတစ်ကောင်က သူ၏အစာကို စောင့်ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်နေသည့်အတွက် မုန်တိုင်းနဂါးသည် အကြောက်တရားကြောင့် ဦးရေပြားပင် ထုံကျင်သွားရသည်။

“ပြန်လာခဲ့တော့။” ချီမင်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။

ဝါးမျိုခြင်းနှင့် ဖျက်ဆီးခြင်း မူလအစတာအိုသားရဲနှစ်ကောင်သည် အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ လေထုထဲတွင် ပျောက်ကွယ်သွားပြီး သူတို့၏ တာအိုသားရဲနေရာလွတ်အသီးသီးသို့ ပြန်ဝင်သွားသည်။

“စီနီယာဆိုတဲ့အတိုင်းပဲ။” ချူးဝမ်တောက်က သက်ပြင်းချ၏။

သူသည် တိုက်ပွဲကို အစမှအဆုံးမြင်ခဲ့ရသည်။ “စွမ်းအားကြီးတဲ့ဖြစ်တည်မှုတွေတောင် ချီမင်ဆီမှာ အညံ့ခံနေရတာ။ ကောင်းကင်တာအိုမုန်တိုင်းနဂါးကလည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးပဲ။ ဒါပေမဲ့ သူကတောင် အရိုက်ခံရပြီး သနားညှာတာပေးဖို့ တောင်းဆိုနေရတယ်။”

အပြင်ကမ္ဘာတွင်။

“ချီမင်က မူလအစသားရဲတွေကိုတောင် ကျွန်ပြုထားတာပဲ။”

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။"

“မူလအစသားရဲတွေက ထာဝရလေဟာနယ်ပင်လယ်ထဲမှာရှိတဲ့ ဖြစ်တည်မှုတွေပဲ။ ချီမင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် မဖြစ်သေးတာ သိသာပါတယ်။ ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး မူလအစသားရဲကို ကျွန်ပြုနိုင်တာလဲ။”

“ချီမင်ဆီမှာ အဲဒီလို အရည်အချင်းမျိုးရှိတာလား။”

“မယုံနိုင်စရာပဲ။”

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ဆွံ့အသွားရတော့သည်။

တစ်ချိန်တည်းမှာ ဝမ်ရှန်း၊ ချင်းယွီနှင့်ကျန်သောသူများသည်လည်း အံ့ဩသွား၏။

ချီမင်သည် ယခင်က မူလအစသားရဲကို ဆင့်ခေါ်ခဲ့ဖူးသော်လည်း သူတို့၏အာရုံသည် မိုးမြေဝါနက်ထူးခြားစေတီပေါ်တွင်သာ ရှိသည့်အတွက် သတိမပြုမိခဲ့ချေ။

ယခုတွင်မူ ချီမင်သည် ဝါးမျိုခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ဆင့်ခေါ်ပြီး ကောင်းကင်တာအိုမုန်တိုင်းနဂါးကို တိုက်ခိုက်ခဲ့သည်။ သို့မှသာ သူတို့သည် ချီမင်က မူလအစသားရဲများကို ကျွန်ပြုထားမှန်း သိခဲ့ကြသည့်အတွက် အံ့ဩသွားရသည်။

ကောင်းကင်တာအိုမုန်တိုင်းစစ်မှန်နဂါးသည် ကောင်းကင်တာအိုသလင်းကျောက်ကို ကိုယ်တိုင်ကိုယ်ကျ ယူလိုက်ပြီး လူသားအဖြစ်ပြောင်းလဲလိုက်သည့်အခါ ရေခဲပြာရောင်ဆံပင်ဖြင့် ချောမောသည့် အမျိုးသားတစ်ဦးပေါ်လာသည်။ ထိုသူက ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို ချီမင်အား ရိုရိုသေသေပေးလိုက်သည်။

“ကျွန်တော်က စီနီယာရောက်လာတာကို မသိလိုက်လို့ အမြင်အမှောင်ဖုံးသွားရတာပါ။ စီနီယာကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒါက ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ပါဗျ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။”

ချီမင်သည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး တာအိုစွမ်းအားကို လမ်းညွှန်ပေးလိုက်သည်။ ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်သည် ချီမင်၏လက်ထဲသို့ ကျရောက်လာသည်။ ၎င်းကအတော်လေး အေးစက်ပြီး သာမန်လူတစ်ဦးက ရေခဲတစ်တုံးကို ကိုင်ထားရသည့်အလားပင်။

“စီနီယာက ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်ကို ရသွားပါပြီ။ တာဝန်ပြီးဆုံးသွားလို့ ဂုဏ်ပြုပါတယ်ဗျာ။ စီနီယာ (၁၆၉)ထပ်မြှောက်ကို ဝင်ရောက်နိုင်ပါပြီ။”

“ဆုလဒ်:မုန်တိုင်းမူလအစ။”

ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုသည် ချီမင်၏ရှေ့တွင် ပေါ်လာသည်။

လေဟာနယ်ထဲတွင် သိပ်သည်းသည့် ရေခဲပြာရောင်အလုံးတစ်လုံးပေါ်လာသည်။ ၎င်းက တဖြည်းဖြည်းဖြင့် သိပ်သည်းလာခဲ့ပြီး ကလေးလက်သီးအရွယ်အစားလေးဖြစ်လာတော့၏။ ထို့အပြင် ခပ်ဖျော့ဖျော့ အလင်းရောင်လေး ထုတ်လွှတ်နေသည်။

၎င်းက မုန်တိုင်းတာအိုမူလအစဖြစ်သည်။

အတိအကျဆိုရသော် ၎င်းက မုန်တိုင်းကောင်းကင်တာအို၏ မူလအစဖြစ်ပြီး အထက်ကမ္ဘာကောင်းကင်တာအို၏ နက်နဲမှုများပါဝင်နေသည်။ သို့သော်၎င်းသည် ကောင်းကင်တာအိုမုန်တိုင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားခြင်း ဖြစ်သည်။

၎င်းက ကောင်းကင်တာအိုမူလအစထက် အရည်အသွေးနိမ့်သော်လည်း ကောင်းကင်တာအိုရတနာကောင်းတစ်ခု ဖြစ်နေသေးသည်။

မုန်တိုင်းကောင်းကင်တာအိုကျင့်ကြံသည့် စည်းမျဉ်းကောင်းကင်အရှင်တစ်ပါးသည် မုန်တိုင်းမူလအစကို စုပ်ယူပြီး သူ၏ မုန်တိုင်းကောင်းကင်တာအိုကို တိုးမြှင့်နိုင်သည်။

“မဆိုးဘူး။”

ချီမင်သည် မုန်တိုင်းတာအိုမူလအစကို ပစ္စည်းစာရင်းထဲသို့ ထည့်လိုက်တော့သည်။

“သွားဖို့ အချိန်တန်ပြီ။”

ချီမင်သည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်တာအိုမုန်တိုင်းသလင်းကျောက်သည် ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့ပြီး ပေါက်ကွဲသွားတော့သည်။ လျှပ်စီးများလက်လာပြီး မျက်စိကျန်းဖွယ်တောက်ပလာခဲ့သည်။ ထို့နောက် နေရာလွတ်ကို ထိုးခွဲကာ ရေခဲပြာရောင်ဝဲဂယက်လမ်းကြောင်းတစ်ခု ပေါ်လာသည်။

သူတို့၏ပုံရိပ်များသည်လည်း ပျောက်ကွယ်သွားပြီး သိပ်မကြာခင်မှာပင် နေရာလွတ်သည် သာမန်ပြန်ဖြစ်သွားတော့သည်။

“နှုတ်ဆက်ပါတယ် စီနီယာ။” ကောင်းကင်တာအိုမုန်တိုင်းနဂါးသည် ဦးညွှတ်လိုက်၏။

မြင်ကွင်းက ပြောင်းလဲသွားသည်။

ချီမင်သည် (၁၆၉)ထပ်သို့ ရောက်သွားတော့သည်။ စေတီကမ္ဘာထဲတွင် အဆုံးမဲ့ကန္တာရကြီးကို မြင်လိုက်ရပါတော့သည်။ ထို့အပြင် ဤနေရာတွင် စွမ်းအင်သည် ကျဲပါးကာ အံ့ဖွယ်စွမ်းအားတာအိုနည်းစနစ်များကို ထုတ်သုံးဖို့ အင်မတန်ခက်ခဲသည်။

သုံးရက်ကြာပြီးနောက်။

ချီမင်သည် (၁၆၉)ထပ်မှ ထွက်ခွာပြီး (၁၇၀)ထပ်သို့ ရောက်လာခဲ့သည်။ သူသည် အချိန်လေးနာရီသာ သုံးလိုက်ပြီး (၁၇၁)ထပ်သို့ ရောက်သွားတော့လေသည်။

အချိန်ကုန်ဆုံးသွားတော့သည်။

နှစ်တစ်ရာကြာပြီးနောက်။

မိုးမြေဝါနက်ထူးခြားစေတီတွင်။

(၁၈၀၀၀)ထပ်တွင်။

စေတီကမ္ဘာအတွင်း၌။

ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေသည်။

ချီမင်သည် တိုက်ပွဲအပြင်ဘက်သို့ ရောက်နေသည်။ တိုက်ပွဲထဲတွင် ချူးဝမ်တောက်နှင့် ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားသည့် မွန်းစတားကြီးတစ်ကောင်နှင့် တိုက်ခိုက်နေသည်။ ၎င်းသားရဲကြီးက ငါးမန်းနှင့်ရေဘဝဲ ပေါင်းစပ်ထားသည့်အလားပင်။

အတော်လေးကို ကြောက်မက်ဖွယ်ကောင်းပေသည်။

သူတို့အောက်တွင် အဆုံးမဲ့ပင်လယ်တစ်စင်းရှိသည်။ ထိုပင်လယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဘုရားများ ရှိသည်။ ထိပ်တန်းအဆင့် ထာဝရအထွတ်အထိပ်နတ်ဆိုးဘုရားများနှင့် ယှဉ်နိုင်သော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ ရှိသည်။ အတိအကျဆိုသော် (၁၈၀၀၀)အထပ်တွင် စကားဖြင့်ပင် မဖော်ပြနိုင်သည့် နတ်ဆိုးဘုရားကမ္ဘာရှိသည်။

ထိုကမ္ဘာကို ကျော်ဖြတ်ချင်ပါက နတ်ဆိုးဘုရားကို သတ်ဖြတ်ဖို့လိုအပ်ပြီး နတ်ဆိုးဘုရားမူလအစကို ရရှိရန် လိုအပ်သည်။ သူတို့သည် ထိုနတ်ဆိုးဘုရားမူလအစကို သုံးပြီး ဟင်းလင်ပြင်ဂိတ်တံခါးကို ဖွင့်ကာ (၁၈၀၀၁)ထပ်ကို ဝင်ရောက်နိုင်မည်ဖြစ်သည်။

“နှစ်ပေါင်း(၁၁၀)ရှိသွားပြီ။” ချီမင်က ခဏမျှ စဉ်းစားလိုက်သည်။ “ငါ အခုတော့ (၁၈၀၀၀)ထပ် ရောက်နေပြီ။ မိုးမြေဝါနက်ထူးခြားစေတီမှာ အထပ်ပေါင်း(၁၂၉၆၀၀) ရှိတယ်။”

“ဒါပေမဲ့ အခုထိတော့ ငါ စစ်မှန်တဲ့ပြိုင်ဘက်နဲ့ မဆုံရသေးဘူး။ ငါ ဒီတစ်လျှောက် ကောင်းကင်အရှင်တွေကို ရင်ဆိုင်ခဲ့ရပေမဲ့ သူတို့က အားနည်းလွန်းတယ်။ ငါ့ရဲ့ရိုက်ချက်တစ်ချက်တောင် မခံနိုင်ဘူး။”

တိုက်ပွဲက ပိုပို၍ပင် ပြင်းထန်လာသည်။

အထွတ်အထိပ်နတ်ဆိုးဘုရားသည် အတော်လေးစွမ်းအားကြီးသည်။ ချူးဝမ်တောက်သည်ပင် သူ့ကို အချိန်တိုလေးအတွင်း အနိုင်မယူနိုင်ပေ။

“သေစမ်း။”

ချူးဝမ်တောက်၏အမူအရာသည် လေးနက်လာသည်။ “ဒီမွန်းစတားက ဒုတိယအဆင့် အထွတ်အထိပ်ကောင်းကင်အရှင်ဆိုပေမဲ့ အတော်လေး ပြဿနာများတာပဲ။ သတ်ရလည်း ခက်သေးတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ငါ သူ့ကို သတ်ဖို့ အချိန်အတော်ယူနေရလိမ့်မယ်။”

ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ချူးဝမ်တောက်သည် အံ့ဖွယ်စွမ်းအားကို ထုတ်သုံးကာ အော်လိုက်သည်။ အလင်းပေါင်းတစ်သောင်းထွက်ပေါ်လာခဲ့ပြီး အဆုံးမဲ့ ဓားချီအဖြစ်ပြောင်းလဲကာ အချိန်နှင့် နေရာလွတ်ကို ဖြတ်တောက်ပြီး အဆုံးမဲ့ အထွတ်အထိပ်နတ်ဆိုးဘုရား၏ခြေတံလက်တံများကို ဖြတ်တောက်ပစ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင်။

ပုံရိပ်တစ်ခုသည် လေထုကို ဖြတ်ကျော်ပြီး ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားသည် စုစည်းလာခဲ့ပြီး လေးထောင့် ခရမ်းနက်ရောင် ကျောက်စိမ်းတစ်ခု ပေါ်လာသည်။ အဆုံးမဲ့လေဟာနယ်ကို အံ့ဖွယ်သားရဲငါးကောင်က ဝန်းရံနေပြီး အထွတ်အထိပ်နတ်ဆိုးဘုရား၏ခေါင်းကို ဖိနှိပ်ချလိုက်သည်။ “အထွတ်အထိပ်ချိတ်စည်း။”

အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။

အထွတ်အထိပ်နတ်ဆိုးဘုရား၏ခေါင်းသည် လေးထောင့်ပုံခရမ်းနက်ရောင်ကျောက်စိမ်းကြောင့် အက်ကွဲသွားခဲ့ပြီး ကောင်းကင်ယံ၌ အသွေးအသားများဖြင့် ပြည့်နှက်သွားတော့၏။ ထိုအခါ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ပေါက်ကွဲထွက်သွားသည့်အလားပင်။

All Chapters