မဟာတာအိုကျင့်ကြံသူလား။ ငါ့ရဲ့ ရိုက်ချက်တစ်ချက်တောင် မခုခံနိုင်ဘူး။ အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစ။
Vol. 31 Ch. 455
“ခွေးမသား။”
ချူးဝမ်တောက်၏အမူအရာသည် မည်းမှောင်သွားသည်။ သူ အင်အားကုန်ထုတ်သုံးပြီးနောက်မှာ ထို အထွတ်အထိပ်နတ်ဆိုးဘုရားသည် သူ့ရှေ့တွင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။ သို့သော် သူ သတ်ပစ်တော့မည့်အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့နေရာကို အစားယူသွားတော့၏။ ထို့ကြောင့် သူသည် သဘာဝအတိုင်း စိတ်တိုသွားတော့သည်။ “ခင်ဗျားက သေလမ်းရှာနေတာပဲ။”
“အသင်္ချေတာအိုနီဗားနာလှည်းဘီး။”
ချူးဝမ်တောက်သည် သူ၏ကိုယ်ပိုင်တာအိုရတနာကို ထုတ်ယူလိုက်သည်။ ၎င်းက အဆုံးမဲ့ အလင်းတန်းများတောက်ပနေသည့် ကြီးမားသည့် လှည်းဘီးကြီးတစ်ခုပင်။ ထို့နောက် အင်မတန် မြန်သည့် နှုန်းဖြင့် အဆက်မပြတ် လည်ပတ်လာပြီး နေရာလွတ်ကို ဖြတ်တောက်ပစ်လိုက်တော့၏။ အသင်္ချေတာအိုနီဗားနားသည် တစ်ဖက်ကို ပစ်မှတ်ထား၍ တိုက်ခိုက်လိုက်တော့သည်။
“ထာဝရဓားတာအို။”
သိပ်မဝေးသည့် နေရာမှ အော်ဟစ်သံတစ်ချက် ထွက်လာပြီး ပြိုင်ဘက်ကင်းထာဝရဓားတာအို ထွက်ပေါ်လာသည်။
၎င်းက အထွတ်အထိပ်ဓားအလင်းတန်းတစ်ခုဖြစ်ကာ ကမ္ဘာကြီး၏ဖြစ်တည်လာမှုကို သယ်ဆောင်ထားပြီး တိုက်ရိုက် ခုတ်ပိုင်းချလာ၏။
အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ချူးဝမ်တောက်၏ အသင်္ချေတာအိုနီဗားနားလှည်ဘီးသည် ၎င်းထံမှ ပိတ်ဆို့ခံလိုက်ရသော်လည်း ထာဝရဓားတာအိုမှ ထွက်ပေါ်လာသော အထွတ်အထိပ်ဓားအလင်းတန်းသည်တော့ တိုက်ရိုက်ပင် ပြိုကွဲပျက်စီးသွားပြီး အလင်းစက်များအဖြစ် ပေါက်ကွဲထွက်သွားပါ၏။
ပျက်စီးသွားသည့် ဓားချီသည် နေရာလွတ်ကို ထိုးခွဲသွားတော့သည်။
“ဘယ်သူလဲ။” ချူးဝမ်တောက်သည် မည်းမှောင်နေသည့် မျက်နှာဖြင့် အော်လိုက်သည်။
ပုံရိပ်နှစ်ခုသည် လေထုကို ထိုးခွဲကာ သူ၏ရှေ့တွင် ရပ်တည်လာသည်။
အရပ်ရှည်ရှည်နှင့် ခန့်ညားချောမောသည့် ခရမ်းရောင်ဆံပင်ဖြင့် လူငယ်လေးသည် သူ၏ဘယ်ဘက်လက်ကို နောက်ပစ်ပြီး သူ၏ ညာဘက်လက်ကို မြှောက်လိုက်တော့ လေးထောင့်ပုံ ခရမ်းနက်ရောင်ကျောက်စိမ်းချိတ်စည်းလေးတစ်ခု လွင့်မြောလာသည်။
ယခုလေးတင် တိုက်ခိုက်လိုက်သည့်သူက ခရမ်းရောင်ဆံပင်ဖြင့် လူငယ်လေးဖြစ်သည်။ သူသည် ခရမ်းနက်ရောင်ကျောက်ိစမ်းချိတ်စည်းလေးကို ကိုင်ထားကာ အထွတ်အထိပ်ချိတ်စည်းကို ဖြိုခွဲဖျက်ဆီးလိုက်ပြီး အထွတ်အထိပ်နတ်ဆိုးဘုရား၏ ခေါင်းကို ခြေမွလိုက်၏။
ညာဘက်ခြမ်းတွင်တော့ ဆံပင်အဖြူရောင်ဖြင့် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့ကြည့်ရသည်မှာ အိုမင်းဟန်မရဘဲ ဆံပင်များ ဖြူဖွေးနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် တူသည်။
သူသည် သာမန်ဆန်သည့် ဓားတစ်ချောင်းကို လက်ထဲတွင် ကိုင်ဆောင်ထား၏။ သူ၏အမူအရာသည် သာမန်အတိုင်းသာ ဖြစ်သော်လည်း တည်ငြိမ်စွာဖြင့် ကြည့်နေသည့်ဟန်မှာ ကမ္ဘာကြီးထဲက ပြောင်းလဲမှုများအားလုံးသည် ထိုသူ၏ စိတ်အခြေအနေကို မသက်ရောက်နိုင်သည့်အလားပင်။
ချူးဝမ်တောက်၏အသင်္ချေနီဗားနားလှည်းဘီးကို ပိတ်ဆို့တားဆီးလိုက်သည့်သူမှာတော့ ထိုဆံပင်ဖြူနှင့် အမျိုးသားဖြစ်သည်။
“ခင်ဗျားက ဘယ်သူလဲ။” ချူးဝမ်တောက်သည် အသံနက်ကြီးဖြင့် မေးလိုက်၏။ “ဘာလို့ ချောင်းတိုက်ရတာလဲ။ ကျုပ်ရဲ့သားကောင်ကိုတောင် လုသွားတယ်။”
အပြင်ကမ္ဘာတွင်။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် အံ့အားသင့်ကာ ထိတ်လန့်သွားတော့၏။ ထို့အပြင် သူတို့အားလုံး၏အာရုံသည် အထပ်(၁၈၀၀၀)တွင် ရှိသော ချီမင်နှင့် စုချန်မန်းတို့အပေါ် ရောက်သွားတော့သည်။
“သူပဲ။ စုချန်းမန်လေ.. တကယ်ကြီးသူဟ...”
“ဒါက...ဒါက”
“ချီမင်က စုချန်းမန်ကို အထပ်(၁၈၀၀၀)မှာ တကယ်ကြီး တွေ့သွားတာလား။”
စုချန်းမန်က မဟာတာအိုကျင့်ကြံသူကိုးဦးထဲမှ တစ်ဦးဖြစ်သည်။ သူသည် စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထို့အပြင် သူ့ဘေးတွင် အထွတ်အထိပ်ကောင်းကင်အရှင်ကျင့်ကြံသူဖြစ်သည့် တာအိုကာကွယ်သူ တစ်ဦးရှိသည်။ ထိုတာအိုကာကွယ်သူက စံပြကမ္ဘာ၏ စံပြဓားမြို့တော်မှ ကောင်းကင်ဓားအရှင် ဖြစ်သည်။
“ငါမထင်ထားခဲ့ဘူး။ ချီမင်နဲ့ စုချန်းမန်က အရင်ဆုံးတွေ့ကြတာပဲ။ စုချန်းမန်က ဒီအခွင့်အရေးကိုတောင် သုံးလိုက်ပြီး ချီမင်ရဲ့သားကောင်ကို လုယူလိုက်သေးတယ်။”
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ဆွေးနွေးနေကြသည်။
“စီနီယာအစ်ကိုစု။” ဝမ်ရှန်းသည် သူ၏အကြည့်ကို ပြန်ဖယ်လိုက်ပြီး စီနီယာအစ်ကိုစုကို ကြည့်လိုက်သည်။ ထို့နောက် စကားဆိုသည်။ “စုချန်းမန်က စီနီယာအစ်ကိုတို့မျိုးနွယ်စုရဲ့ မဟာတာအိုပါရမီရှင်ပဲ။ သူက မဟာတာအိုကိုတောင် စီနီယာရဲ့ အကူအညီကို ယူပြီး လျှောက်လှမ်းခဲ့တာ။”
စီနီယာအစ်ကိုစုသည် ခေါင်းညိတ်၏။
“စုချန်းမန်နဲ့ ချီမင် တိုက်ခိုက်ရင် ဘယ်သူနိုင်မယ်ထင်လဲ။” ချင်းယွီက မေးလိုက်သည်။
“ဟားဟားဟား...” ဝမ်ရှန်းသည် အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး စကားဆိုသည်။ “စဉ်းစားဖို့လိုမယ်ထင်လား။”
“စုချန်းမန်ပဲ နိုင်မှာပေါ့။ ချီမင်က စုချန်းမန်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ စုချန်းမန်ဆိုတာ စီနီယာအစ်ကိုစု ကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့သူပဲ။”
“အဲဒီလိုလား။” ချင်းယွီသည် ထိုကဲ့သို့ မတွေးပေ။
သူမက ဆိုသည်။ “ချီမင်မှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တာအိုကာကွယ်သူတွေ ရှိတယ်။ ဒီတော့ ချီမင် ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။”
စီနီယာအစ်ကိုစုသည် တိတ်ဆိတ်သွားတော့သည်။ ထိုအခိုက် အထပ်(၁၈၀၀၀)ထပ်တွင်။
“တိုက်ခိုက်”
ချီမင်၏အကြည့်သည် သာမန်မျှဖြစ်နေသည်။ သူသည် စုချန်းမန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ တစ်ဖက်သူ၏နောက်ခံ သို့မဟုတ် သရုပ်မှန်ကို သူ ဂရုမစိုက်ပေ။ စုချန်းမန်သည် သူ၏သားကောင်ကို ပြောင်ပြောင်တင်းတင်းလုယူသွားသည့်အတွက် ချီမင်သည် ထိုသူကို မယဉ်ကျေးနိုင်ချေ။
“ဟုတ်ကဲ့”
အသင်္ချေတောင်နှင့် လေဟာနယ်တို့သည် ဦးစွာ ပထမ တိုက်ခိုက်လာသည်။ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်၏ခွန်အားသည် ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့က အပြင်းထန်ဆုံး မဟာတာအိုအံ့ဖွယ်စွမ်းအားများကို ထုတ်ဖော်အသုံးပြုကာ တိုက်ခိုက်လိုက်ပြီး လုံးဝကို ထိန်ချန်မထားပေ။
အလင်းရောင်များသည် စုချန်းမန်ကို ဖုံးအုပ်သွားတော့၏။
“ထွက်သွားစမ်း” စုချန်းမန်သည် အေးစက်စွာ နှာခေါင်းရှုံလျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မိုးမြေမဟာတာအို၏စွမ်းအားကို ထုတ်ဖော်လိုက်၏။ သူ၏လက်ကို မြှောက်လိုက်သည့်အခါ စွမ်းအားကြီးအံ့ဖွယ်စွမ်းအား တာအိုနည်းစနစ်တစ်ခု ထွက်ပေါ်လာသည်။
“အဆုံးမဲ့ချိတ်စည်း”
ချက်ချင်းပင် အထွတ်အထိပ်လက်ချိတ်စည်းကြီးတစ်ခုသည် လေဟာနယ်ထဲမှ မွေးဖွားလာခဲ့ပြီး အသင်္ချေတောင်နှင့် လေဟာနယ်တို့၏တိုက်ခိုက်မှုကို တားဆီးလိုက်တော့သည်။ အလင်းရောင်များသည် ပျောက်ကွယ်သွားတော့သည်။
အသင်္ချေတောင်နှင့် လေဟာနယ်သည် အော်ဟစ်လိုက်ရကာ သွေးအန်ထွက်လျက် သူတို့၏ခန္ဓာကိုယ်သည် လွင့်စင်ထွက်သွားသည်။ ရှင်းလင်းသိသာနေသည်မှာ သူတို့သည် စုချန်းမန်၏တိုက်ကွက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားပြီး ထိုသူ၏ ပြိုင်ဘက်မဟုတ်ကြောင်းပေ။
“ဖရိုဖရဲ”
မာရက တိုက်ခိုက်လိုက်သည်။ သူ၏လက်ကို လှန်လိုက်တော့ သူ၏လက်ဖဝါးသည် ဖရိုဖရဲကမ္ဘာအဖြစ် ပြောင်းလဲသွားတော့သည်။ အဆုံးမဲ့ ဖရိုဖရဲမြူခိုးများသည် ပျံ့လွင်လာကာ စုချန်းမန်ကို တိုက်ခိုက်လိုက်သည်။
“ဒါက..”
စုချန်းမန်သည် ထိတ်လန့်သွားတော့၏။ “နောက်ထပ် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်လား”
“ထာဝရဓားကမ္ဘာ”
ကလန်။ ကလန်။ ကလန်။
စုချန်းမန်၏ တာအိုကာကွယ်သူ ထာဝရကောင်းကင်ဓားအရှင်သည် ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သူ၏အကြည့်သည် အေးစက်နေကာ လက်မောင်းကို မြှောက်ရင်း လေထုကို ထိုးခွဲလိုက်သည်။ ထိုဓားသည် ထာဝရကောင်းကင်ဓားအရှင်၏ ကိုယ်ပိုင်တာအိုရတနာ ထာဝရတာအိုဓားဖြစ်သည်။ ၎င်းက သူ၏လက်နက်လည်းဖြစ်၏။
ထိုရိုက်ချက်နောက်တွင် ၎င်းက ဓားကမ္ဘာအဖြစ်ပြောင်းလဲသွားခဲ့ပြီး မာရ၏ဖရိုဖရဲကမ္ဘာနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“တိုက်။”
ချူးဝမ်တောက်သည် အော်ဟစ်ကာ စုချန်းမန်ကို တိုက်ခိုက်လိုက်သည်။ အလင်းပေါင်းတစ်သောင်း တောက်ပလာခဲ့ပြီး မရေမတွက်နိုင်သော ဓားချီများသည် ဖွဲ့တည်လာခဲ့သည်။ “သေလိုက်တော့...”
“ထာဝရဓားကြာပွင့်”
ထာဝရဓားအရှင်သည် ဓားကြာပန်းတာအိုရတနာကို ထုတ်ယူလိုက်သည်။ မရေမတွက်နိုင်သော ဓားချီများသည် ကောင်းကင်သို့ မြင့်တက်လာခဲ့၏။ ဓားအလင်းတန်းများသည် မိုးမြေကိုပင် ဖုံးအုပ်သွားခဲ့ကာ ချူးဝမ်တောက်၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
“ကျုပ်အလှည့်”
စုချန်းမန်သည် စိတ်တည်ငြိမ်အောင်ထိန်းကာ ကောင်းကင်ယံသို့ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏လက်ထဲက ကျောက်စိမ်းချိတ်စည်းကို ထပ်မံမြှောက်ယူကာ မဟာတာအိုအံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်သည်။ “အထွတ်အထိပ်ချိတ်စည်း။”
ထိုအခိုက် မိုးမြေမဟာတာအို၏စွမ်းအားသည် ထပ်မံစုဝေးလာခဲ့ပြီး အံ့ဖွယ်သားရဲငါးကောင်ကို ထွင်းထုထားသည့် လေးထောင့်ကွက်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် လေဟာနယ်ထဲတွင် ခရမ်းနက်ရောင်ကျောက်စိမ်းချိတ်စည်းတစ်ခုဖြစ်တည်လာကာ ချီမင်ကို ဖိနှိပ်လိုက်သည်။
“သေလိုက်တော့။” စုချန်းမန်က အော်ဟစ်လိုက်သည်။
“အချိန်ကောင်းပဲ။”
ချီမင်၏မျက်လုံးများသည် လင်းလက်သွားတော့သည်။ ထို့နောက် ခေါင်းမော့ကာ တိုက်ပွဲဝင်လိုစိတ်များဖြင့် ကြည့်လိုက်ရသည်။
သူသည် စည်းမျဉ်းကောင်းကင်အရှင် အဆင့်ကိုးသို့ ရောက်ပြီးနောက်မှာ သူ၏အင်အားသည်လည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။ သို့သော် ယခုတွင်တော့ သူ ဖိအားအနည်းငယ် ခံစားလိုက်ရပါ၏။ ယခင်က ချီမင်နှင့် ရင်ဆိုင်ဖူးသည့် ရန်သူများသည် သူ၏တိုက်ကွက်တစ်ကွက်တောင် မခုခံနိုင်ပေ။ ထို့ကြောင့် သူသည် ထိုသူတို့နှင့် တိုက်ခိုက်ရန်ပင် စိတ်မဝင်စားပေ။
“ကမ္ဘာဦးမဟာတာအို။”
ချီမင်သည် ကမ္ဘာဦးမဟာတာအိုကျမ်းကို လည်ပတ်လိုက်သည်။ မိုးမြေမဟာတာအို၏မူလအစွမ်းအားသည် ထွက်ပေါ်လာသည်။ ချီမင်၏ဘေးတွင် အဆုံးမဲ့ ကမ္ဘာဦးအလင်းများ ထွက်ပေါ်လာပြီး ကမ္ဘာဦးမဟာတာအိုကို ဖုံးအုပ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းပါ၏။
အင်မတန်ကြောက်မက်ဖွယ်ကောင်းပါ၏။
“ကမ္ဘာဦးတာအိုအလင်း”
ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအားကို သုံးကာ တိုက်ခိုက်လိုက်သည်။ သူသည် ကိုယ်ပိုင်တာအိုရတနာကိုတောင် မထုတ်သုံးသေးချေ။ သူ၏ညာဘက်လက်ကိုသာ မြှောက်လိုက်သည့်အခါ ကမ္ဘာဦးတာအိုအလင်းသည် လေထုထဲတွင် အလင်းတန်းတစ်ခုပမာ ထွက်ပေါ်လာသည်။
ဘုန်း။
ချီမင်၏ကမ္ဘာဦးတာအိုအလင်းသည် စုချန်းမန်၏အထွတ်အထိပ်ချိတ်စည်းနှင့် ထိပ်တိုက်တွေ့သွားတော့သည်။ ထို့ကြောင့် ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြီး နေရာလွတ်ကပင် တုန်ယင်သွားရ၏။
နောက်တစ်ခဏတွင် စုချန်းမန်၏ အထွတ်အထိပ်ချိတ်စည်းသည် ပြိုကွဲသွားတော့ပြီး ချီမင်၏ကမ္ဘာဦးတာအိုအလင်းကို မပိတ်ဆို့နိုင်တော့ပေ။ ခရမ်းနက်ရောင်ကျောက်စိမ်းချိတ်စည်းသည် တိုက်ရိုက်ပင် အက်ကွဲသွားပြီး တန်ပြန်အကျိုးဆက်အနေဖြင့် စုချန်းမန်၏ခန္ဓာကိုယ်ကို ထိခတ်လာသည်။ စုချန်းမန်သည် အော်ဟစ်ကာ သွေးအန်လိုက်ရသည်။ ထိုအရေးကြီးသည့်အခိုက် သူသည် ခုခံရေးအံ့ဖွယ်စွမ်းအားကို သုံးပြီး သူ၏ခန္ဓာကိုယ်ကို ကြေမွသွားမည့် အခြေအနေမှ ရှောင်တိမ်းလိုက်ရသည်။
“မင်း...မင်း”
စုချန်းမန်သည် ထိတ်လန့်သွားဟန်ပင်။ “မင်းက မဟာတာအိုကျင့်ကြံသူပဲ။ ပြီးတော့ အထွတ်အထိပ်ကောင်းကင်အရှင် တာအိုကာကွယ်သူနှစ်ယောက်တောင် ရှိသေးတယ်။ မင်းက နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ပါဝင်တဲ့ ငါမြင်ဖူးသမျှ မဟာတာအိုကျင့်ကြံသူတွေထဲမှာ အသန်မာဆုံးကျင့်ကြံသူပဲ။”
“မင်း ဘယ်သူလဲ။”
“ဘာလို့လဲဆိုတော့ ငါက နဝမမြောက်မဟာတာအိုကျင့်ကြံသူပဲ။"
“နဝမမြောက်..နဝမမြောက်...”စုချန်းမန်သည် ပိုပို၍ပင် ကြောင်အသွားတော့သည်။ “ငါ...ငါတစ်ခါမှ မကြားဖူးဘူး။”
“အာ”
ရုတ်တရက် ထာဝရကောင်းကင်ဓားအရှင်သည် အော်ဟစ်ပြီး သွေးအန်ထွက်သွားတော့သည်။
မာရနှင့် ချူးဝမ်တောက်သည် ထာဝရကောင်းကင်ဓားအရှင်ကို ပူးပေါင်းကာ တိုက်ခိုက်လိုက်သည့်အတွက် တစ်ဖက်သူသည် သူတို့၏ ပြိုင်ဘက်မဟုတ်တော့ပေ။
“ချန်းမန်”ထာဝရကောင်းကင်ဓားအရှင်က အော်ဟစ်လိုက်သည်။ “ပြေး။”
“ပြေးတော့”
စုချန်းမန်သည် တုံ့ဆိုင်းမနေတော့ဘဲ အင်အားကုန်ထုတ်ကာ ပြေးတော့သည်။
ချီမင် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိပြီးနောက် သူသည် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိတော့ပေ။
သူတို့သည် အင်အားကုန်သုံးကာ မာရ၏မြင့်မြတ်ကောင်းကင်ကို လျင်မြန်စွာဖြင့် ချိုးဖြတ်ပြီး ထွက်ပြေးသွားတော့၏။
“ထားလိုက်တော့..ဆက်လိုက်မနေနဲ့။”
ချီမင်သည် စုချန်းမန်တို့ ထွက်ပြေးသွားသည်ကို ကြည့်ပြီး သာမန်မျှပြောလိုက်သည်။ "သူ့အပေါ်မှာ အချိန်ဖြုန်းနေစရာ မလိုဘူး။”
“ဟုတ်ကဲ့။”
မာရသည် လိုက်ဖမ်းမနေတော့ပေ။
“အရှင်” ချူးဝမ်တောက်သည် ဒေါသတကြီး ပြော၏။ “ ကျွန်တော့် အပြစ်တွေပါ။ အဲဒီမောက်မာတဲ့ ခွေးသားက နတ်ဆိုးဘုရားကို လုယူသွားတာ ကြည့်နေလိုက်ရတယ်။”
“ခင်ဗျား မှားနေပြီ။”ချီမင်သည် ပင်လယ်ထဲကို ငုံ့ကြည့်ကာ ဆိုသည်။ “အထွတ်အထိပ်နတ်ဆိုးဘုရားက မသေသေးဘူး။”
“သူ မသေသေးဘူးလား။” ချူးဝမ်တောက်၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။
“ကမ္ဘာဦးအဆောင်... ဖျက်ဆီးစမ်း။”
ချီမင်သည် ရိုက်ချလိုက်သည်။ ကမ္ဘာဦးအလင်းတန်းများသည် မြင့်တက်လာခဲ့ပြီး စစ်မှန်အဆောင်များအဖြစ် သိပ်သည်းသွားတော့သည်။ ထို့နောက် သေးငယ်သည့် ကမ္ဘာဦးအစီအရင်လေးဖြစ်ပေါ်လာကာ အထွတ်အထိပ်နတ်ဆိုးဘုရားကို ချုပ်နှောင်လိုက်၏။
ထိုအခိုက် ချူးဝမ်တောက်သည် အထွတ်အထိပ်နတ်ဆိုးဘုရား မသေဆုံးသေးကြောင်း သိရှိသွားတော့သည်။
၎င်းက ရုန်းကန်နေသေးကာ ကမ္ဘာဦးအစီအရင်အသေးစားလေးဆီမှ ဖောက်ထွက်ချင်နေဆဲပင်။ ကမ္ဘာဦးတာအိုအလင်းတန်းသည် ၎င်း၏စိတ်ဆန္ဒကိုပါ ဖျက်ဆီးပစ်လိုက်တော့သည်။
အနက်ရောင်ပုလဲတစ်လုံးသာ ကျန်ခဲ့သည်။
၎င်းက အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစပင်။
အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစတွင် မိုးမြေမဟာတာအို၏ စစ်မှန်ရည်ရွယ်ချက်များနှင့် နက်နဲမှုများ ပါဝင်သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သည် ၎င်းကို သန့်စင်လိုက်ပါက အဆင့်တစ်ဆင့် တက်နိုင်၏။
“မာရ”ချီမင်သည် ညာဘက်လက်ကို ဝှေ့ယမ်းကာ အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစကို ပေးလိုက်၏။ “ဒါကို စုပ်ယူလိုက်။”
မာရသည် အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစကို တိုက်ရိုက်ဖမ်းယူကာ စတင်စုပ်ယူတော့၏။
အတွေးတစ်ချက်ဖြင့် မာရသည် ပျောက်ကွယ်သွားခဲ့ပြီး တာအိုသားရဲနေရာလွတ်ထဲသို့ ရောက်ရှိသွားသည်။
ချူးဝမ်တောက်သည် ထိုမြင်ကွင်းကို မနာလိုမှုများဖြင့် ကြည့်နေသည်။ ၎င်းက အထွတ်အထိပ်နတ်ဆိုးဘုရားမူလအစဖြစ်သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးအနေဖြင့် ၎င်းက ရှားပါရတနာဖြစ်ကာ သူ၏အဆင့်ကို မြှင့်တင်ပေးနိုင်သည်။
ချီမင်ကတော့ မာရကို ပေါ့ပေါ့တန်တန် ပေးပစ်လိုက်၏။