← Chapters

စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်။ လူတိုင်းထိတ်လန့်သွားခြင်း။

Vol. 31 Ch. 447

စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်။ လူတိုင်းထိတ်လန့်သွားခြင်း။

Vol. 31 Ch. 447

အသင်္ချေတောင်။

တောင်ထိပ်ပေါ်တွင်။

မိုးကုပ်စက်ဝိုင်း၌ တိမ်များ ဖုံးအုပ်နေပြီး ချူးဝမ်တောက်၏ ပုံရိပ်ကို ခပ်ဖျော့ဖျော့သာ မြင်နေရသည်။ သူသည် ဤနေရာကို နှစ်တစ်သောင်းကျော်ကြာ စောင့်ကြပ်ခဲ့ပါ၏။

"ဒါက.."

ချူးဝမ်တောက်သည် ခေါင်းမော့လိုက်ကာ ကိုးကမ္ဘာတောင်ဘက်သို့ လေးနက်စွာ ကြည့်လိုက်သည်။ သူ၏ အကြည့်သည် အဆုံးမဲ့ အချိန်နှင့်နေရာလွတ်ကိုဖြတ်ကျော်သွားသည့်အခါ မိုးမြေဝါနက်ထူးခြားစေတီကို ဝန်းရံထားသော အဆုံးမဲ့ အလင်းမြူခိုးများကို တွေ့လိုက်ရပါ၏။ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စပေါ်လာသည်။ "ပေါ်လာပြီ။ မိုးမြေဝါနက်ထူးခြားစေတီက ပေါ်လာပြီ။"

စိတ်လှုပ်ရှားမှု။

သူသည် အတော်လေးစိတ်လှုပ်ရှားသွားတော့သည်။

မိုးမြေဝါနက်ထူးခြားစေတီပေါ်လာခြင်းသည် ကိုးကမ္ဘာလှောင်အိမ်မှ လွတ်မြောက်ပြီဟု ဆိုလိုခြင်းပင်။ ချူးဝမ်တောက်သည် သဘာဝအတိုင်း မတည်ငြိမ်နိုင်တော့ပေ။

သူသည် ထိုစေတီပေါ်လာခြင်းကို အချိန်ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

"ဒါပေမဲ့"

ချူးဝမ်တောက်၏ စိတ်လှုပ်ရှားမှုသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ သူသည် ချီမင်ရှိနေသည့် နန်းတော်ဘက်သို့ လှည့်ကာ ကြည့်လိုက်၏။ "စီနီယာချီမင်က သီးသန့်ကျင့်ကြံတာကနေ ထွက်မလာသေးဘူး။ ငါဝင်သွားရင်တောင် အသုံးဝင်မှာမဟုတ်ဘူး။ ငါက မိုးမြေဝါနက်ထူးခြားစေတီထဲကို တစ်ယောက်တည်း ဝင်လို့မရဘူး။"

"စီနီယာချီမင်ကျင့်ကြံခြင်းကနေထွက်လာတာကို စိတ်ရှည်ရှည်နဲ့စောင့်ဖို့လိုတယ်။ သူ မိုးမြေဝါနက်ထူးခြားစေတီထွက်လာတာတဲ့အချိန်ကို မမေ့နေလောက်ပါဘူး။"

ကမ္ဘာကိုးကမ္ဘာတွင်။

နတ်ဆိုးကမ္ဘာစုဝေးပွဲတွင် အရပ်မျက်နှာအနှံ့၌ ရှိသော ကိုးကမ္ဘာမှ အဖွဲ့အစည်းများစွာလည်း ပါဝင်ပါသည်။ ဆမ်ဆာရာကမ္ဘာ၏ဆမ်ဆာရာထွတ်မြတ်ခန်းမ၊ ကောင်းကင်တာအိုကမ္ဘာ၏ ကောင်းကင်တာအိုဂိုဏ်း၊ နီဗားနားကမ္ဘာ၏ လန့်ယာဂိုဏ်း၊ ဖရိုဖရဲကမ္ဘာ၏ ဖရိုဖရဲမြင့်မြတ်မြေစသည်အဖွဲ့အစည်းများ ပါဝင်ပါ၏။

ထိုအဖွဲ့အစည်းအားလုံးသည် ကိုးကမ္ဘာတောင်သို့ ဦးတည်သွားနေကြပါသည်။

အလင်းစီးကြောင်းများသည် ကြယ်များကြွေကျလာသည့်အလား ကိုးကမ္ဘာတောင်သို့ ကျဆင်းနေကြသည်။

သီးသန့်အခန်းထဲတွင်။

တာအိုစွမ်းအားများသည် ချီမင်၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစစ်မှန်အဆောင်သည် သူ၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့ကာ ကမ္ဘာဦးမဟာတာအိုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတွင် များစွာသော ဆန်းကြယ်သည့် ကံကောင်းမှုနှင့် စွမ်းအားများ ပါဝင်သည်။

နှစ်တစ်သောင်းကျော်ကြာသွားခဲ့သည်။

အခြေခံအားဖြင့် နှစ်ကိုးထောင်ပြည့်တိုင်း ချီမင်သည် အဆင့်တစ်ဆင့်တက်ပါသည်။ ယခုတော့ ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ မဟာတာအိုမူလအစသည် အဆင့်ကိုးသို့ ရောက်နေပြီဖြစ်ကာ ကမ္ဘာဦးကောင်းကင်တာအိုသည်လည်း အကန့်အသတ်သို့ ရောက်နေပြီဖြစ်၏။

သူသည် စည်းမျဉ်းကောင်းကင်အရှင်အဆင့်၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည့်အတွက် ထပ်မံအဆင့်တက်ချင်ပါက ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစတို့ကို နားလည်ဆင်ခြင်ရန်လိုပြီး ကမ္ဘာဦးတာအိုကောင်းကင်ကို ထပ်မံဆင့်ကဲပြောင်းလဲဖို့ ကမ္ဘာဦးမဟာတာအိုမူလအစကို ပြီးပြည့်စုံအောင်လုပ်ရန်လိုပါသည်။

ထို့နောက်မှသာ ချီမင်သည် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ထဲသို့ ခြေချနိုင်မှာ ဖြစ်သည်။

ကမ္ဘာဦးမဟာတာအိုကျမ်းတွင် တာအိုကောင်းကင်အခန်းသာ ရှိသေး၏။ သူသည် ၎င်း မဟာတာအိုစစ်မှန်ကျမ်းကို အပြည့်အဝ နားမလည်သေးပေ။ အမှန်တကယ်တော့ သူသည် ၎င်းကို အပြည့်အဝနားလည်ဆင်ခြင်ချင်ပါက မဟာတာအိုကျမ်း၏ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်အခန်းကို တွက်ချက်ရန်တော့ လိုအပ်ပေသည်။

"ငါက စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ကို ရောက်နေပြီ။"

ချီမင်သည် သူ၏ခန္ဓာကိုယ်ထဲမှအပြောင်းအလဲများကိုခံစားမိသည်။ ထို့နောက်သူ၏ လက်ကိုမြှောက်ကာ ခမ်းနားသည့်မိုးမြေမဟာတာအို၏ မူလအစစွမ်းအားများကို စုစည်းလိုက်သည်။ သူသည် ကမ္ဘာတစ်ခုကို လက်တစ်ချက်အယမ်းတွင် ဖန်တီးနိုင်သလို ဖျက်ဆီးနိုင်ပါ၏။

သူသည် အဆုံးမဲ့ကမ္ဘာများ၏ ကံကြမ္မာကို တွေ့မြင်နိုင်ပါသည်။ ထို့နောက် ခေါင်းမော့ကာ လေဟာနယ်စကြဝဠာပင်လယ်ကြီးတစ်ခုလုံးကို ကြည့်လိုက်၏။

တစ်ချိန်တည်းမှာ ချီမင်သည် လေဟာနယ်စကြဝဠာပင်လယ်ကြီးကို ဖုံးအုပ်နေသော တာအိုကွန်ရက်ကို တွေ့လိုက်ရပြီး ၎င်းကို မိုးမြေမဟာတာအိုဖြင့် အဓိကဖွဲ့စည်းထားပါသည်။ အဆုံးမဲ့ကောင်းကင်တာအိုသည် အန္တနတာအိုကွန်ရက်အဖြစ် ယှက်နွယ်ဖွဲ့တည်နေလေသည်။

တာအိုအားလုံးသည် စုစည်းလာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုအဖြစ် ဖြစ်တည်နေသည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ အန္တိမဇာစ်မြစ်သည် မူလအစကမ္ဘာ၏ လမ်းစဉ်ကို ညွှန်ပြပေးသည်။

"ဒါက မိုးမြေဝါနက်ထူးခြားစေတီရဲ့ ပုံစံလား။"

ချီမင်သည် ထိုအချိန်၌ စေတီကို သတိပြုမိသွား၏။ " နတ်ဆိုးကမ္ဘာစုဝေးပွဲက အဆုံးသတ်တော့မှာပဲ။ နတ်ဆိုးကမ္ဘာစုဝေးပွဲမှာပါတဲ့ ကောင်းကင်အရှင်တွေအားလုံးက သေချာပေါက် မိုးမြေဝါနက်ထူးခြားစေတီကို ဝင်ကြလိမ့်မယ်။"

"ပြီးတော့..."

"မဟာတာအိုကျင့်ကြံတဲ့ တခြားရှစ်ယောက်ကလည်း ရောက်နေလောက်ပြီ။"

"မိုးမြေဝါနက်ထူးခြားစေတီထဲမှာက..."

ချီမင်သည် တစ်ခုခုကို အာရုံခံမိသွားသည်။ ၎င်းက ကမ္ဘာဦးမဟာတာအိုထံမှ ခံစားနေရခြင်းဖြစ်ပါသည်။"ငါလိုအပ်တဲ့ တစ်ခုခုရှိနေတယ်။"

ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်သည်။" ငါ့ရဲ့လက်ရှိအဆင့်နဲ့ အင်အားကုန်ထုတ်မသုံးရင်တောင် သာမန်ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးကိုတော့ ခုခံနိုင်ပါတယ်။"

"ငါက စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ပဲ ရှိတယ်ဆိုပေမဲ့ ငါ့မှာ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကိုရောက်နေတဲ့ တာအိုသားရဲတွေလည်း ရှိတယ်။ ငါက ကမ္ဘာကိုးကမ္ဘာမှာ ပြိုင်ဘက်ကင်းဖြစ်နေပြီလို့တောင် ပြောလို့ရတယ်။"

ချီမင်၏ ခန္ဓာကိုယ်ထဲမှ အလင်းစီးကြောင်းသုံးကြောင်းထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် အဆုံးမဲ့ လည်ပတ်စီးဆင်းနေကြသည်။ ထိုသည်တို့က ချီမင်၏ ကိုယ်ပိုင်တာအိုရတနာများဖြစ်၏။

ကမ္ဘာဦးမဟာတာအိုဓားကြာပန်း၊ကမ္ဘာဦးလောကဖျက်ဓားနှင့် ကမ္ဘာဦးပုကျုံးတောင်တို့ဖြစ်ပါသည်။

အချိန်ကြာရှည်စွာသန့်စင်ပြီးနောက်မှာ ၎င်းတို့သည် စည်းမျဉ်းကိုယ်ပိုင်တာအိုရတနာ အဆင့်ကိုးသို့ ရောက်ရှိသွားတော့၏။

ချီမင်သည် ကိုယ်ပိုင်တာအိုရတနာသုံးခု၏စွမ်းအားကို ခံစားမိလိုက်သဖြင့် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။"ကိုယ်ပိုင်တာအိုရတနာသုံးခုက အရင်ကထက်ပိုပြီး သန်မာလာပြီ။ ထိပ်တန်းအဆင့် ဖရိုဖရဲကောင်းကင်တာအိုရတနာတွေတောင် ဒါကို ခုခံနိုင်မှာမဟုတ်ဘူး။"

မာရသည် တာအိုသားရဲနေရာလွတ်ထဲက ထွက်လာသည်။

"သခင့်ကို အရိုအသေပြုပါတယ်။" မာရသည် ချီမင်ကို ဦးညွှတ်၏။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "မဆိုးဘူး။မဆိုးဘူး။ နှစ်တစ်သောင်းအတွင်းမှာ မင်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သတ္တမအဆင့်တောင် ရောက်သွားပြီပဲ။ မင်းရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ဖို့ သိပ်မလိုတော့ဘူး။"

မာရက ဆိုသည်။"ဒါတွေက အရှင့်ရဲ့ကောင်းချီးကြောင့်ပါ။"

ထို့အပြင် ချီမင်သည် မူလအစတာအိုသားရဲငါးကောင်ကို ဆက်တိုက်ရရှိခဲ့ပါသည်။

ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင်ပဉ္စမအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ် နှစ်ဆယ်ထပ်မှ နှစ်ဆယ့်ကိုးထပ်ကို ရှင်းလင်းခဲ့သည်။ သူသည် ၎င်းနေရာမှ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တတိယအဆင့် မူလအစတာအိုသားရဲ: မူလအစခေါင်းတလားကို ရရှိခဲ့သည်။

သူ စည်းမျဉ်းကောင်းကင်အရှင် ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ်သုံးဆယ်ထပ်မှ သုံးဆယ့်ကိုးထပ်ကို ရှင်းလင်းခဲ့ရာ၌ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် စတုတ္ထအဆင့် မူလအစတာအိုသားရဲ: မူလအစအန္တိမယင်ကို ရရှိခဲ့သည်။

သူ စည်းမျဉ်းကောင်းကင်အရှင် သတ္တမအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ် လေးဆယ်ထပ်မှ လေးဆယ့်ကိုးထပ်ကို ရှင်းလင်းရာ၌ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပဉ္စမအဆင့် မူလအစတာအိုသားရဲ: မူလအစထာဝရညစ်ညမ်းခြင်းကို ရရှိခဲ့သည်။

သူ စည်းမျဉ်းကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ်ငါးဆယ်ထပ်မှ ငါးဆယ့်ကိုးထပ်ကို ရှင်းလင်းရာ၌ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဆဋ္ဌမအဆင့် မူလအစတာအိုသားရဲ: မူလအစဖျက်ဆီးခြင်းမြွေကို ရရှိခဲ့သည်။

သူသည် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ်ခြောက်ဆယ်ထပ်မှခြောက်ဆယ့်ကိုးထပ်ကို ရှင်းလင်းရာ၌ ထာဝရလေဟာနယ်ပင်လယ်သတ္တမအဆင့် မူလအစတာအိုသားရဲ:မူလအစဖျက်ဆီးခြင်းအရှင်ကို ရှိခဲ့သည်။

ချီမင်သည် ထိုမူလအစတာအိုသားရဲများကို ၎င်းတို့ဂိမ်းမြေအောက်စခန်းကို ပထမဆုံးအကြိမ် ရှင်းလင်းရာမှ ရရှိခဲ့ခြင်းဖြစ်ပါ၏။

ချီမင်၏လက်ထဲတွင် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် တာအိုသားရဲ အသင်္ချေတောင်နှင့် လေဟာနယ်တို့အပြင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် သတ္တမအဆင့် မာရနှင့် မူလအစတာအိုသားရဲခုနစ်ကောင်ရှိသည်။ မူလအစတာအိုသားရဲအားလုံးသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွင် ရှိ၏။

မူလအစတာအိုသားရဲခုနစ်ကောင်လုံးသည် ကိုးကမ္ဘာလှောင်အိမ်တစ်ခုလုံးကို ဖြတ်ကျော်နိုင်ပါ၏။ မည်သည်ကမှ သူ့တို့ကို မတားဆီးနိုင်ပါပေ။

သူတို့အားလုံးပူးပေါင်းလိုက်ရင် ချီမင်ကိုပင် ခုခံနိုင်ပါသည်။

နောက်ထပ် နှစ်တစ်ထောင်ကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် မဟာတာအိုစစ်မှန်ကျမ်းကို နားလည်ဆင်ခြင်ခဲ့ပြီး မိုးမြေမဟာတာအိုမူလအစဆန်းကြယ်မှုများကို နားလည်ခဲ့ပါတယ်။ သင်၏ကမ္ဘာဦးမဟာတာအိုကျမ်းသည် ပြီးပြည့်စုံရန် ခြေတစ်လှမ်းသာ ကွာဝေးတော့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"သွားဖို့ အချိန်ကျပြီ။"

ချီမင်က မျက်လုံးဖွင့်လာသည်။ သူသည် ကျင့်ကြံရာမှ နိုးထလာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်နေပြီဖြစ်သည့်အတွက် တာအိုကောင်းကင်အခန်းကို ဆက်လက်ကျင့်ကြံခြင်းက သက်ရောက်မှုမရှိတော့ပေ။

နှစ်တစ်သောင်းအတွင်းတွင် ကိုးကမ္ဘာတောင်၌ အန္တိမတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးသည် ဖျက်ဆီးခံရတော့မည့်အလားနှယ် ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

တစ်ချိန်တည်းမှာ အပြင်ကမ္ဘာတွင်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များအားလုံးသည် လှမ်းကြည့်လိုက်သည်။ ချီမင်အတွက်တော့ လူအများသည် သူ့ကို တဖြည်းဖြည်းနှင့် မေ့လျော့သွားပြီဖြစ်သည်။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နှင့် ခိုင်ယာ့သည်သာ မှတ်မိနေဆဲဖြစ်သည်။

"မိုးမြေဝါနက်ထူးခြားစေတီက ပေါ်လာတာ နှစ်တစ်ထောင်ရှိပြီ။ မဟာတာအိုကျင့်ကြံသူကိုးရှစ်ယောက်ထဲမှာ အမြင့်ဆုံးတစ်ယောက်က အထပ်(၁၉၀၀)တောင် ရောက်နေပြီ။"

ဝမ်ရှန်းသည် ကိုးကမ္ဘာတောင်၏ အခြေအနေကိုကြည့်ပြီး သာမန်မျှဆိုသည်။"ဒါပေမဲ့ ချီမင်က အခုမှ လာမယ်ထင်တယ်။ ငါ့အထင် သူအရှုံးပေးလိုက်ပြီထင်တယ်။"

"ဒါက..."ချင်ယွီသည် ခဏမျှတွေးတောကာ ဆိုသည်။"ငါတော့ ချီမင်က ဒီလိုအရှုံးပေးသွားမယ်လို့ မထင်ဘူး။ အချိန်မတန်သေးလို့သာ သူပေါ်လာတာဖြစ်ရမယ်။"

"ဖြစ်နိုင်ပါတယ်။" ဝမ်ရှန်းသည် ပခုံးတွန့်ကာ ဂရုမစိုက်ဘဲဆိုသည်။

လတစ်ဝက်ကြာသွားခဲ့ပြီး အရာအားလုံးက စတင်လာခဲ့၏။

ချီမင်သည် ထကာ ကျင့်ကြံခြင်းမှ ထွက်လာလိုက်သည်။ သူရှေ့တစ်လှမ်းတိုးကာ ပျံသန်းသွားလိုက်သည်။ သူသည် သီးသန့်အခန်းထဲမှ ထွက်လာလိုက်ပြီး အပြင်ဘက်သို့ ရောက်လာသည့်အခါ လေထုထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။

"သခင်"

"ဂုဏ်ပြုပါတယ်သခင်။"

အသင်္ချေတောင်နှင့် လေဟာနယ်သည် တစ်ပြိုင်နက် ဂုဏ်ပြုလိုက်ကြ၏။

"စီနီယာ..စီနီယာချီမင်"

ချူးဝမ်တောက်သည် ထိုအခိုက် ရောက်ရှိလာသည်။ သူသည် ချီမင်၏ အရှေ့တွင်ရပ်လိုက်သည့်အခါ ချီမင်၏ ပြင်းထန်စွာထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိလိုက်သည်။

စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်။

နှစ်တစ်သောင်းကျော်ကြာသွားခဲ့သည်။

ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် ရောက်သွားပြီဖြစ်သည်။

မယုံနိုင်စရာကောင်းပေ၏။

"ခင်ဗျား...ခင်ဗျား.."

ချူးဝမ်တောက်၏ မျက်လုံးများသည် ပြူးကျယ်သွားကာ အံ့ဩသွားတော့သည်။ "စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်။ ခင်ဗျားက စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ရောက်သွားပြီ။"

အတော်လေးကို ထိတ်လန့်ဖွယ်ကောင်းပါ၏။

သူ၏ ကျင့်ကြံခြင်းအဆင့်တက်နှုန်းက အတော်လေးမြန်လှသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။ "ငါ ကံကောင်းသွားလို့ပါ။"

တစ်ချိန်တည်းမှာ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည်လည်း ချီမင်၏အခြေအနေကို သတိပြုမိသွားသည်။ သူ ထိုသည်ကိုတွေ့တော့ အံ့ဩတကြီး ပြော၏။"သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား။"

"ဒါက.."ခိုင်ယာ့က မျက်မှောင်ကြုတ်လိုက်သည်။"သူ ကျင့်ကြံရာကနေ ထွက်လာပြီပဲ။"

"ဟီးဟီး သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့ရော ဘာဖြစ်လဲ။ သူ နှစ်တစ်ထောင်တောင် နောက်ကျသွားပြီ။ တခြား မဟာတာအိုကျင့်ကြံသူတွေ မိုးမြေဝါနက်ထူးခြားစေတီထဲဝင်သွားတာ ကြာလှပြီ။ ချီမင်က အခုကျင့်ကြံခြင်းပြီးသွားရင်တောင် သူက တခြားမဟာတာအိုကျင့်ကြံသူရှစ်ယောက်ကို လိုက်မှီမှာမစုတ်တော့ဘူး။"

"ဟုတ်တယ်။"

"ဒီတစ်ကြိမ်တော့ မိုးမြေဝါနက်ထူးခြားစေတီမှာ ရှိတဲ့ ကောင်းကင်တာအိုမူလအစနဲ့ ချီမင်က ကံကြမ္မာမပါတော့ဘူး။"

"ဟုတ်တယ်။"

“…”

သိပ်မကြာခင်မှာပင် တခြားထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည်လည်း ချီမင်ကို သတိပြုမိသွား၏။

ဝမ်ရှန်းသည် သူ၏ အာရုံကို ချီမင်ပေါ်၌ ထားထားလိုက်၏။ ခဏမျှကြာပြီးနောက် သူ၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့သည်။" ဘယ်လို..ဘယ်လိုဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။"

"စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်။"

"ချီမင်က စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့် ရောက်သွားပြီ။"

ဝမ်ရှန်းသည် သက်ပြင်းချ၏။

"မယုံနိုင်စရာပဲ။" ချင်ယွီသည် ထိတ်လန့်သွားရာမှ သူမသည် တဖြည်းဖြည်း တည်ငြိမ်သွားတော့၏။ "ချီမင်က ကမ္ဘာကိုးကမ္ဘာကို ဝင်တုန်းက ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ပဲ ရှိသေးတယ်။ အခု သူက ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ရောက်သွားပြီလား။ အခုမှ နှစ်ကိုးသောင်းပဲ ကြာသေးတယ်လေ။"

ထိုအခိုက် စီနီယာအစ်ကိုစုသည် ချီမင်ကို စတင်ကာ အာရုံစိုက်လာတော့သည်။" မဆိုးဘူး။မဆိုးဘူး။ သူက စည်းမျဉ်းကောင်းကင်အရှင်အနဝမအဆင့်ရောက်သွားပြီ။ သူ့ရဲ့နောက်လိုက်တွေနဲ့ဆို ဘယ်သူက ကောင်းကင်တာအိုကို သေချာပေါက်ရပါမယ်လို့ မဆုံးဖြတ်နိုင်တော့ဘူး။"

"ပြီးတော့..."

စီနီယာအစ်ကိုစုသည် သာမန်မျှပြောလေသည်။" မိုးမြေဝါနက်ထူးခြားစေတီရဲ့ တကယ့်ဝှက်ဖဲက ကောင်းကင်တာအိုမူလအစကိုတောင် ကျော်လွန်တဲ့ ကံကောင်းမှုအခွင့်အလမ်းတွေပဲ။ ချီမင်က အဲဒါတွေရနိုင်တယ်။"

All Chapters