← Chapters

သော့ချက်၊ ကယ်တင်ခြင်း

Vol. 31 Ch. 448

သော့ချက်၊ ကယ်တင်ခြင်း

Vol. 31 Ch. 448

"ဒါ မဖြစ်နိုင်ဘူး"

ဝမ်ရှန်းက ချက်ချင်း ပြန်ပြောလိုက်သည်။ စီနီယာအစ်ကို စု၏ စကားများကို ကြားပြီးနောက် သူက သေချာနေသည့်ဟန်ဖြင့် ပြောလိုက်၏။

"နတ်ဆိုးကမ္ဘာ စုဝေးပွဲကို အကြိမ်ရေမနည်း ကျင်းပခဲ့ပြီးပြီ။ အကြီးဆုံးစီနီယာအစ်ကို တစ်ယောက်တည်းကသာ မိုးမြေဝါနက်ထူးခြားစေတီရဲ့ တကယ့် လျှို့ဝှက်ချက်ကို ရှာတွေ့ပြီး ရခဲ့တာ။"

"ချီမင်က တကယ်တော်တယ်ဆိုပေမဲ့ အကြီးဆုံးစီနီယာအစ်ကိုနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ။ သူ့ရဲ့ အင်အားက ခန့်မှန်းမရအောင် နက်နဲတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ အကြီးဆုံးစီနီယာအစ်ကိုရဲ့ အခြေအနေမှန်ကို ဆရာတစ်ယောက်တည်းပဲ သိနိုင်လိမ့်မယ်။”

"ချီမင်က အဲဒါကို ရနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

ချင်ယွီက ပြောလိုက်သည်။

"ကျွန်မကတော့ ချီမင် ရနိုင်ခြေများတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို အကြိမ်ကြိမ် ကျော်လွန်ခဲ့ပြီးပြီ။ သူက အံ့ဖွယ်တစ်ခုကိုတောင် ဖန်တီးနေတဲ့အတိုင်းပဲ။ ချီမင်က အခုအချိန်မှာ အကြီးဆုံးစီနီယာအစ်ကိုကို မယှဉ်နိုင်တာ မှန်ပေမဲ့ နောက်ပိုင်းကျရင် မယှဉ်နိုင်ဘူးလို့ မဆိုလိုဘူး။"

"ဟမ့်"

ဝမ်ရှန်းက အေးစက်စွာ နှာမှုတ်လိုက်၏။

"ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့။ နှစ်တစ်ထောင်တောင် ကြာသွားပြီ။ တခြား မဟာတာအိုကျင့်ကြံသူ ရှစ်ယောက်က မိုးမြေဝါနက်ထူးခြားစေတီထဲကို အလျှိုအလျှို ဝင်သွားကြပေမယ့် ချီမင်ကတော့ အခုထိ အမြဲတမ်း တံခါးပိတ် ကျင့်ကြံခဲ့တာ။ သူက နတ်ဆိုးတိုကင် ကိုးခုတောင် စုဆောင်းရသေးပုံ မပေါ်ဘူး။ သူက အထဲကို ဝင်နိုင်မှာတောင် မဟုတ်ဘူး"

ဆမ်ဆာရာကမ္ဘာ အတွင်း၌။

"ချူးဝမ်တောက်"

ချီမင်သည် ချူးဝမ်တောက်အား အကဲခတ်လိုက်ပြီး တည်ငြိမ်စွာ ဆို၏။

"မင်းက ငါ့ကို နှစ်သောင်းချီပြီး ကာကွယ်ပေးခဲ့တဲ့အတွက် မင်းရဲ့ အရင် တောင်းဆိုချက်ကို ငါ သဘောတူတယ်။ မင်းကို မိုးမြေဝါနက်ထူးခြားစေတီထဲ ခေါ်သွားမယ်"

"ဟုတ်ကဲ့"

ချူးဝမ်တောက်က အနည်းငယ် စိတ်လှုပ်ရှားသွားကာ ပြန်ဖြေလိုက်၏။

"စီနီယာချီမင်ကို ကျေးဇူးတင်ပါတယ်"

ချီမင်က ခေါင်းညိတ်လိုက်သည်။

"ချူးဝမ်တောက်၊ ငါ ဆမ်ဆာရာကမ္ဘာထဲ ရောက်လာပြီးတော့ အသင်္ချေတောင်ခြေမှာပဲ အများအားဖြင့် သီးသန့် ကျင့်ကြံနေခဲ့တာမလို့ အခုထိ ငါ့မှာ နတ်ဆိုးတိုကင် သုံးခုပဲ ရှိသေးတယ်"

"ငါတို့ မိုးမြေဝါနက်ထူးခြားစေတီထဲ ဝင်ချင်တယ်ဆိုရင် နတ်ဆိုးတိုကင် ကိုးခု လိုအပ်တာဆိုတော့ ငါ ခြောက်ခု လိုနေသေးတယ်"

"စီနီယာ၊ ကြည့်ပါဦး"

ချူးဝမ်တောက်သည် ချက်ချင်းပင် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ဖဝါး အထက်တွင် နတ်ဆိုးတိုကင် ကိုးခုက လေထဲမှ ထွက်ပေါ်လာ၏။

၎င်းတို့သည် လေထဲတွင် ပျံဝဲနေလေသည်။ သူသည် ချီမင်အား ရိုသေစွာ ကမ်းပေးလိုက်ပြီး ဆိုသည်။

"ဒါတွေက မိုးမြေဝါနက်ထူးခြားစေတီထဲ ဝင်ဖို့ လိုအပ်တဲ့ နတ်ဆိုးတိုကင်တွေပါပဲ။ စီနီယာ တသီးတခြား ကျင့်ကြံနေတုန်းမှာ ကျွန်တော် ဒါတွေကို စုဆောင်းထားပြီးပါပြီ။ စီနီယာ လက်ခံပေးပါဗျ"

“ကောင်းတယ်။"

ချီမင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ချူးဝမ်တောက်၏ လက်ထဲမှ နတ်ဆိုးတိုကင် ကိုးခုသည် ချီမင်၏ လက်ထဲသို့ ကျရောက်လာပြီး ထိုနတ်ဆိုးတိုကင် ကိုးခုသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။

နတ်ဆိုးတိုကင် ကိုးခုသည် ပေါင်းစပ်ကာ စုစည်းသွား၏။ အနက်ရောင် မြူခိုးတို့သည် လျှို့ဝှက်ဆန်းကြယ်နေကာ မှော်စာလုံးများက ၎င်းကို ဝန်းရံထားလေသည်။

အနက်ရောင် မြူခိုးများ ပျောက်ကွယ်သွားချိန်၌ တိုကင် ကိုးခုသည် ပျောက်ကွယ်သွားပြီး ပွင့်လွှာသုံးဆယ့်ခြောက်ချပ် နတ်ဆိုးကြာပန်းနက် အဖြစ်သို့ ပြောင်းလဲသွား၏။

ချီမင်သည် ဤ နတ်ဆိုးကြာပန်းနက်ကို စစ်ကြည့်လိုက်ရာ ၎င်းထဲတွင် မှတ်တမ်းတင်ထားသော သတင်းအချက်အလက်များကို ရရှိလိုက်သည်။

ဤ ပွင့်လွှာသုံးဆယ့်ခြောက်ချပ် နတ်ဆိုးကြာပန်းနက်သည် မိုးမြေဝါနက်ထူးခြားစေတီသို့ ဝင်ရောက်ရန် သော့ချက် ဖြစ်ပေသည်။

ချီမင်က သူ၏ ညာလက်ကို ဝှေ့ယမ်းကာ နတ်ဆိုးကြာပန်းနက်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်၏။

အပြင်ဘက် လောကတွင်။

"စီနီယာအစ်ကို ဝမ်ရှန်း ကြည့်လေ၊ ချီမင် အခု သူ့သော့ချက်ကို ရသွားပြီ မဟုတ်လား"

ချင်ယွီက ပြုံးလိုက်သည်။

"ဟမ့်"

ဝမ်ရှန်းက ခပ်တိုးတိုး နှာမှုတ်လိုက်ကာ ဆို၏။

"သူ့မှာ သော့ချက်ရှိတော့ရော ဘာဖြစ်လဲ။"

"ဒီ ချူးဝမ်တောက်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် တစ်ယောက် ဖြစ်တာတောင် သူက ချီမင်ကို ဒီလောက်ထိ ခယနေတာ မရှက်ဘူးလားမသိဘူး။"

ဝမ်ရှန်းက တီးတိုး ရေရွတ်လိုက်၏။

"သွားကြစို့"

ချီမင်၏ ပုံရိပ်သည် အံ့ဖွယ်စွမ်းအား လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုလျက် လေထုကို ဖြတ်ကျော်သွားလိုက်သည်။

သူသည် ကမ္ဘာဦးအလင်း အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွား၏။

သူသည် နေရာလွတ်ထဲသို့ ဝင်ရောက်သွားပြီး တောင်ထောင်ပေါင်းများစွာနှင့် အဆုံးမဲ့ နေရာလွတ်တို့ကို ကျော်ဖြတ်သွား၏။

အချိန်တိုအတွင်းမှာပင် သူသည် ဆမ်ဆာရာကမ္ဘာ၏ ထက်ဝက်ကျော်ကို ဖြတ်ကျော်ကာ ကိုးကမ္ဘာတောင်ဆီသို့ ဦးတည်သွားလေသည်။

ချူးဝမ်တောက်၊ မာရ၊ လေဟာနယ်နှင့် အသင်္ချေတောင်တို့သည် ချီမင်၏ နောက်မှ လိုက်ပါသွားကြသည်။

နေ့တစ်ဝက်ခန့် ကြာချိန်၌ ချီမင်နှင့် အခြားသူများသည် ကိုးကမ္ဘာတောင်၏ အပြင်ဘက် ပတ်လည်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ပတ်ဝန်းကျင် အနှံ့တွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များက မပျောက်ကွယ်သေးဘဲ ရှိနေသည်။

ထို့အပြင် ကိုးကမ္ဘာတောင် ဒေသတစ်ခုလုံးကို ကြောက်မက်ဖွယ် တာအိုနယ်ပယ်တစ်ခုက ဖုံးလွှမ်းထား၏။

၎င်းသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသည်လား သို့မဟုတ် တည်ဆောက်ထားသည်လား မသိပေ။

သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

ချီမင်သည် ပြိုကျနေသော တောင်ထွတ်များ၊ ကွဲအက်နေသော မြေကြီး၊ အက်ကွဲနေသော နေရာလွတ်နှင့် ကိုယ်အင်္ဂါမပြည့်စုံတော့သည့် အလောင်းများကို တွေ့မြင်နိုင်၏။

ထို့အပြင် စူးရှသော သွေးနံ့များဖြင့်လည်း ပြည့်နှက်နေသည်။

"စီနီယာ"

ချူးဝမ်တောက်က ခဏမျှ လေ့လာကြည့်ရှုပြီးနောက် ချီမင်အား သတင်းပို့လိုက်သည်။

"ဒီနားမှာ တိုက်ပွဲတွေ အတော်လေး ဖြစ်ပွားခဲ့တာပဲ။အတော်လေးကို ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ရမယ်။"

"အရင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေ တိုက်ခိုက်ခဲ့ကြလို့ ဒီလို ခြေရာတွေ ကျန်ခဲ့တာ ဖြစ်ရမယ်"

ချီမင်က ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ သုံးသပ်ချက် မှန်တယ်။ တကယ် အဲ့ဒီလိုဖြစ်တာပဲ"

"ရှေ့ဆက်သွားမယ်"

ချီမင်က ဆို၏။

"ကိုးကမ္ဘာတောင်ရဲ့ အတွင်းထဲကို ဦးတည်သွားမယ်။ မိုးမြေဝါနက်ထူးခြားစေတီက ကိုးကမ္ဘာတောင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိတာမလို့ ဒီနေရာမှာ အချိန် အများကြီး ဖြုန်းနေစရာ မလိုဘူး"

"ဟုတ်ကဲ့"

ချူးဝမ်တောက်နှင့် အခြားသူများက ပြန်ဖြေလိုက်ကြသည်။

ချီမင်သည် ကိုးကမ္ဘာတောင်၏ အတွင်းပိုင်းသို့ ဝင်ရောက်သွား၏။

သို့ရာတွင် သူသည် အပြင်ဘက် ပတ်လည်တွင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

စိတ်ကူးတစ်ချက်ဖြင့် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ထိုနေရာသို့ သွားလိုက်၏။

"ဒါ..."

"စီနီယာ"

"သခင်"

"..."

ချူးဝမ်တောက်နှင့် အခြားသူများလည်း ချက်ချင်း လိုက်ပါသွားကြသည်။

အခြေအနေက ပြောင်းလဲသွား၏။

ကိုးကမ္ဘာတောင်၏ အပြင်ဘက်စွန်းနှင့် အတွင်းပိုင်း ဒေသ အနီးကပ်တစ်နေရာ၏ ကြီးမားသော တောင်ကြားကြီးတစ်ခုမှ တဒုန်းဒုန်း မြည်သံများ ထွက်ပေါ်လာသည်။

အံ့ဖွယ်စွမ်းအားများနှင့် တာအိုနည်းစနစ်များ တိုက်ခိုက်နေသံများ၊ ဟိန်းဟောက်သံများနှင့် အော်ဟစ်သံများထွက်ပေါ်လာခြင်းဖြစ်သ

"သေစမ်း"

"တိုက်ခိုက်ကြ"

"မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့များ ကိုးကမ္ဘာတောင်ရဲ့ အတွင်းပိုင်း ဒေသကို ဝင်ချင်သေးတာလား"

"မင်းတို့က သေလမ်း ရှာနေတာပဲ။"

"အားလုံးပေါင်းပြီး သူတို့ကို သတ်ပစ်။"

"..."

တောင်ကြားထဲရှိ စစ်မြေပြင်တွင်။

ချီမင်သည် ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြား စီနီယာ အစ်ကို အစ်မများအား စွမ်းအားကြီးရန်သူများက ဝိုင်းထားသည်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။

ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြားသူများသည် ကိုးကမ္ဘာလှောင်အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် သက်ဆိုင်ရာ နည်းလမ်းများဖြင့် အချင်းချင်း ဆက်သွယ်ခဲ့ကြပြီး ကိုးကမ္ဘာတောင်၏ အပြင်ဘက်တွင် ပြန်လည် စုစည်းခဲ့ကြ၏။

ကောင်းကင်အရှင် ယွီလင်းနှင့် အခြားသူများသည် အားမနည်းကြသော်လည်း သူတို့သည် အလွန် အစွမ်းထက်ကြသည်တော့ မဟုတ်ချေ။

ဤ နတ်ဆိုးကမ္ဘာ စုဝေးပွဲတွင် ပါဝင်နေသော အခြား ကောင်းကင်အရှင်များကိုမဆိုနှင့်၊ ကိုးကမ္ဘာလှောင်အိမ်ထဲရှိ အစွမ်းထက်သော အဖွဲ့အစည်းများစွာသည်ပင် သူတို့ ခုခံနိုင်သည့် သူများ မဟုတ်ကြပေ။

ကောင်းကင်အရှင် ယွီလင်းနှင့် အခြားသူများသည် လက်ရှိတွင် အန္တရာယ်ရှိသော အခြေအနေတစ်ခု၌ ရှိနေကြသည်။

သူတို့သည် အန္တရာယ်နှင့် ကြုံတွေ့နေရ၏။

စံပြကမ္ဘာ၏ စံပြမြင့်မြတ်နယ်မြေ၊ အထွတ်အထိပ်ကမ္ဘာ၏ အထွတ်အထိပ်တာအိုဂိုဏ်းနှင့် ကံကြမ္မာကမ္ဘာ၏ ကံကြမ္မာမြင့်မြတ်နယ်မြေတို့က ပူးပေါင်းကာ ကောင်းကင်အရှင် ယွီလင်းနှင့် အခြားသူများကို ဤ အပြင်ဘက် တောင်ကြားတွင် ဝန်းရံထားကြ၏။

ကောင်းကင်အရှင် ယွီလင်းနှင့် အခြားသူများသည် အမှန်တကယ်ပင် အန္တရာယ်တွင်းသို့ ကျရောက်နေပြီ ဖြစ်သည်။

အပြင်ဘက် လောကတွင်။

ကမ္ဘာဦးအထွတ်အထိပ်အရှင်သည် ဤအခြေအနေကို မြင်ချိန်၌ သူ၏ စိုးရိမ်သောကရောက်နေသော အမူအရာသည် ပြေလျော့သွားကာ ဆိုသည်။

"ငါ အစက ယွီလင်း၊ ဝါနက်နဲ့ တခြားသူတွေ အဖွဲ့အစည်းကြီး သုံးခုရဲ့ ဝိုင်းခံထားရတာကို တွေ့တော့ သူတို့ သေချာပေါက် ဒုက္ခရောက်ပြီလို့ ထင်သွားတာ။"

"ကံကောင်းချင်တော့ ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာ ချီမင်က အချိန်ကိုက် ရောက်လာတာပဲ။ သူ့ခွန်အားနဲ့ဆိုရင် အဖွဲ့အစည်း သုံးခု ပူးပေါင်းတိုက်လည်း အလကားပဲ"

"စီနီယာ"

ချူးဝမ်တောက်က တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အဖွဲ့အစည်းကြီး သုံးခုကို မှတ်မိသွား၏။

သူက ချီမင်အား ပြောလိုက်သည်။

"သူတို့က စံပြမြင့်မြတ်နယ်မြေ၊ အထွတ်အထိပ်တာအိုဂိုဏ်း၊ ကံကြမ္မာမြင့်မြတ်နယ်မြေတို့က ကောင်းကင်အရှင်အကြီးအကဲတွေပဲ"

ချီမင်က သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ဆို၏။

"တိုက်ကြ သူတို့အားလုံးကို သတ်ပစ်လိုက် "

"ဒါ..."

ချူးဝမ်တောက်က ကြောင်သွားတော့သည်။

"စီနီယာ၊ သေချာလို့လား ဒီအဖွဲ့အစည်း သုံးခုက အရမ်း အစွမ်းထက်တာနော်၊ သူတို့အားလုံးက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ"

"တိုက်ခိုက်ကြ။"

"အလုံးစုံသက်ရှိကမ္မနည်းစနစ်"

"..."

အသင်္ချေတောင်နှင့် လေဟာနယ်တို့သည် ချီမင်၏ အမိန့်အတိုင်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။

သူတို့သည် အောက်ဘက်က တောင်ကြားထဲသို့ သတ်ဖြတ်ရန် ဝင်ရောက်သွားကြ၏။

ထို့အပြင် သူတို့သည် မဟာတာအိုအံ့ဖွယ်စွမ်းအားများဖြင့် တိုက်ခိုက်ကာ ကြီးမားသောအင်အားပြသနေကြသည်။

"ဘယ်သူလဲ"

"သတ္တိတွေ ရှိလှချည်လား၊ ငါတို့ကိစ္စကို ဝင်ရှုပ်ရဲတယ်ပေါ့"

"သူတို့ကို သတ်ကြစမ်း။"

"..."

အဖွဲ့အစည်း သုံးခုမှ ကောင်းကင်အရှင်အကြီးအကဲများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"ဒါ... ဒါက ဆရာဦးလေး ချီ"

ထိုအချိန်တွင် ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြားသူများသည် အသက်ရှုချောင်သွားကြတော့သည်။

သူတို့သည် စစ်မြေပြင်ပေါ်ရှိ မထင်မှတ်ထားသော အခြေအနေကို တွေ့လိုက်ရသည့်အတွက် မော့ကြည့်လိုက်ရာ ချီမင်ကို တွေ့လိုက်ရ၏။

"ဒါ..."

"ဆရာဦးလေး ချီ၊ မြန်မြန် ထွက်သွား"

"ပြေးတော့"

"ကျွန်တော်တို့ကြောင့် ဆရာဦးလေးကို ဒုက္ခမရောက်စေချင်ဘူး။"

"ကျွန်တော်တို့က ဒီအဖွဲ့အစည်း သုံးခုရဲ့ အခွင့်အလမ်းတွေကို လုယူလိုက်မိလို့ သူတို့က လက်စားချေဖို့ လိုက်လာတာ။"

"ဆရာဦးလေး ချီ ပြေးတော့။"

"..."

ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြားသူများက အော်ဟစ်လိုက်ကြသည်။

"ဟားဟားဟား..."

"မင်းတို့ကောင်တွေက ထွက်သွားချင်တယ်ပေါ့ ဟုတ်လား"

"ဟာသပဲကွာ"

"မင်းတို့က ငါတို့ကို လုပ်ချင်ရာလုပ်ပြီးမှ ထွက်ပြေးချင်သေးတာလား"

"တိုက်ကြကွာ"

"သူတို့ကို သတ်"

"..."

အဖွဲ့အစည်း သုံးခုမှ ကောင်းကင်အရှင်အကြီးအကဲများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်စွာ ဆိုကြသည်။

"မာရ"

ချီမင်သည် ချူးဝမ်တောက်ကို အေးစက်စွာဖြင့် ဖြတ်ခနဲ ကြည့်လိုက်သည့်အတွက် ချူးဝမ်တောက်၏ တစ်ကိုယ်လုံး အေးစက်သွားတော့၏။

"တိုက်ခိုက်ကြ တွန့်ဆုတ်မနေနဲ့။ သူတို့အားလုံးကို သတ်ပစ်လိုက်။"

မာရက ခေါင်းညိတ်လိုက်သည်။

"ဖရိုဖရဲ"

နောက်တစ်ခဏတွင် မာရသည် သူ၏ ညာလက်ကို မြှောက်လိုက်ကာ ဖရိုဖရဲကောင်းကင်တာအို၏ စွမ်းအားကို ထုတ်လွှတ်လိုက်၏။

သူ၏ လက်ဖဝါး ကျဆင်းလာချိန်၌ ကျယ်ပြန့်လှသော ဖရိုဖရဲကမ္ဘာကြီးတစ်ခုသည်လည်း သက်ဆင်းလာသည်။

တစ်ခဏအတွင်းမှာပင် အဖွဲ့အစည်း သုံးခုမှ ကောင်းကင်အရှင်အကြီးအကဲများသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြပေ။ သူတို့အားလုံးကို ဖရိုဖရဲကမ္ဘာက ဝါးမျိုသွားတော့၏။

ထို့နောက်တွင် သူတို့သည် သေဆုံးသွားခဲ့ပြီး ဖရိုဖရဲ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြ၏။

သူတို့ လုံးဝ မခုခံနိုင်ခဲ့ကြချေ။

ဖရိုဖရဲတို့ ပျောက်ကွယ်သွား၏။

တောင်ကြားထဲတွင် ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြားသူများသာ ကျန်ရစ်ခဲ့သည်။

"ဘာ... ဘာဖြစ်သွားတာလဲ"

ဝါနက်ကောင်းကင်အရှင်၏ မျက်လုံးများ ကျယ်ပြူးသွား၏။

သူ၏ တစ်ကိုယ်လုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဒဏ်ရာများမှာ မနည်းလှပေ။

သူ ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်၌ အဖွဲ့အစည်း သုံးခုမှ ရန်သူများအားလုံး ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။

"ဒါ... ဒါ..."

"ခု... ခုနက..."

ကောင်းကင်အရှင် ယွီလင်းက တံတွေး မျိုချလိုက်၏။

"သူတို့အားလုံး... အားလုံး သေကုန်ပြီ... အဖွဲ့အစည်း သုံးခုက ကောင်းကင်အရှင်အကြီးအကဲတွေ အကုန် သေကုန်ပြီ။ တစ်ယောက်မှ မလွတ်ဘူး။"

"ဘုရားရေ"

"ခုနက ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး"

"ဖရိုဖရဲက ဖုံးလွှမ်းသွားတာ။ ပြီးတော့ ပျောက်သွားတာနဲ့ ရန်သူတွေအားလုံး မရှိတော့ဘူး"

"အရမ်း... အရမ်း ကြောက်ဖို့ကောင်းတာပဲ..."

"..."

ချီမင်၏ ကောင်းကင်အရှင် တပည့် တူလေးများသည် အတိုင်းအဆမရှိ တုန်လှုပ်သွားကြသည်။

ဒုတ်။ ဒုတ်။

နောက်တစ်ခဏတွင် ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြားသူများသည် သဘောပေါက် နားလည်သွားကြ၏။

ဤကား ဆရာဦးလေး ချီမင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူတို့၏ စိတ်ကူးထက် ကျော်လွန်သော နည်းလမ်းများကို အသုံးပြုကာ ရန်သူများအားလုံးကို သတ်ဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ဆကျေးဇူးတင်ပါတယ်။"

"ကျေးဇူးတင်ပါတယ် ဆရာဦးလေး ချီ"

"..."

သူတို့အားလုံး ဒူးထောက်လိုက်ကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"ရပါတယ်။"

ချီမင်က လက်ဝှေ့ယမ်းလိုက်ကာ ဆိုသည်။

"ကိုးကမ္ဘာတောင်ကနေ ထွက်သွားကြတော့။ မင်းတို့ရဲ့ အစွမ်းနဲ့ဆို ကိုးကမ္ဘာတောင်ရဲ့ အပြင်ဘက်မှာတောင် ဒီလောက် အန္တရာယ်များနေတာ။ အတွင်းထဲထိ ဆက်ပြီး သွားမယ်ဆိုရင် ပိုပြီးတော့တောင် အန္တရာယ်များလာဦးမှာ"

"မင်းတို့ မိုးမြေဝါနက်ထူးခြားစေတီထဲ ဝင်လို့မရဘူး။"

"ကျွန်တော်တို့ ဆရာဦးလေး ချီရဲ့ ညွှန်ကြားချက်ကို နာခံပါတယ်။"

"ဆရာဦးလေး ချီက ဒီလို ပြောမှတော့ ကျွန်တော်တို့ ကိုးကမ္ဘာတောင်ကနေ ထွက်သွားကြတာပေါ့။"

"ဟုတ်တယ်"

"အဲ့ဒါထက်ကို ကျွန်တော်တို့ လုံလောက်တာထက် ပိုပြီး ရခဲ့ပြီးပါပြီ"

"..."

ကောင်းကင်အရှင် ယွီလင်း၊ ဝါနက်ကောင်းကင်အရှင်နှင့် အခြားသူများသည် သူတို့၏ ဆုံးဖြတ်ချက်ကို ချလိုက်ကြပြီ ဖြစ်၏။

All Chapters