သဘာဝလွန်နယ်ပယ် ဧရာမဝေလငါးနည်းပညာ။ ဒေါသကြီးသော ပင်လယ်ကြီး၏ ဧရာမဝေလငါးကြီး။ (၃)
Vol. 20 Ch. 287
“ခွမ်း ခွမ်း ခွမ်း”
ထိုအချိန်တွင် စူးချန်ခုန်း၏ကိုယ်ထဲရှိ ဧရာမဝေလငါးချီစွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဖန်ကွဲသံကဲ့သို့သော အသံတစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် ပဲ့တင်ထပ်သွားလေ၏။ ဧရာမဝေလငါးချီစွမ်းအင်သည် ဆက်လက်ကျယ်ပြန့်လာကာ စုစည်းလာပြီး ၎င်း၏အရည်အသွေးသည် ကြောက်မက်ဖွယ်ကောင်းသောနှုန်းဖြင့် မြင့်တက်ကာ အံ့သြဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူကိုယ်တိုင်က သမုဒ္ဒရာထဲမှာ ရှိနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ပြီး ကျယ်ပြန့်သောအကွာအဝေးတွင် အရာအားလုံးကို လွှမ်းခြုံထားသည့်နှယ်။ လှုပ်လိုက်သောအခါ ၎င်းသည် မြင့်တက်လာသောပင်လယ်၏ ချောက်ကမ်းပါးကဲ့သို့ အရာအားလုံးကို ဝါးမျိုပစ်နိုင်သည်။
ဧရာမဝေလငါးနည်းပညာ (အဋ္ဌမအဆင့် သဘာဝလွန်နယ်ပယ် ၁%)
စူးချန်ခုန်းသည် တတိယမြောက် မိစ္ဆာသိုင်းဆေး၏ ၉၀ ရာခိုင်နှုန်းကို သန့်စင်ပြီးနောက် သူ၏ ဧရာမဝေလငါးနည်းပညာသည် အဆင့်ရှစ်သို့ အမှန်တကယ် ရောက်ရှိသွားသည်ကို မြင်တွေ့ခဲ့ရသည်။
“အဆင့်ရှစ် ဧရာမဝေလငါးနည်းပညာ… အဲ့တာက တိုက်ခိုက်ရေးစွမ်းအားကို နဝမအဆင့် လိပ်အသက်ရှူနည်းပညာထက် အများကြီး ပိုမြှင့်တင်ပေးတာပဲ။”
စူးချန်ခုန်းက သူ့လက်များကို ကြည့်လိုက်သည်။ အတွေးတစ်ချက်တည်းဖြင့် နက်ရှိုင်းသော အပြာရောင် ချီစွမ်းအင်အနှစ်သာရသည် သူ့လက်ဖဝါးများပေါ်တွင် ပေါ်လာပြီး မြန်ဆန်စွာ လည်ပတ်နေသော လေပွေနှစ်ခုကို ဖွဲ့စည်းကာ မိုးကြိုးတွေ လျှပ်စီးတွေ တဖျပ်ဖျပ်လျှပ်နေသယောင် ထင်ရပြီး နှလုံးသားကို တုန်လှုပ်စေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေ၏။
အလွန်အဖိုးတန်သော မိစ္ဆာသိုင်းဆေးလုံးသုံးလုံးသည် စူးချန်ခုန်း၏ ဧရာမဝေလငါးနည်းပညာကို သုံးလကျော်အတွင်း အဆင့်နှစ်ခုကို တက်စေနိုင်ခဲ့ပြီး အံ့မခန်းဖွယ်ရာ ရှစ်ခုမြောက်နယ်ပယ်သို့ ရောက်ရှိစေခဲ့သည်။
စူးချန်ခုန်းသည် သူ့နှလုံးသားထဲတွင် ဖျက်ဆီးလိုသော ဆန္ဒများ လွှမ်းမိုးနေပြီး မထိန်းချုပ်နိုင်တော့ဘဲ စွန့်ထုတ်ရန် တွန်းအားပေးနေသည်။
“ဒါကမိစ္ဆာသိုင်းဆေးလုံးတွေရဲ့ နတ်ဆိုးသဘာဝလား။ သုံးကြိမ် ဆက်တိုက် သန့်စင်ပြီးတော့ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးခံလိုက်ရတာပဲ။ ပိတ်ဆို့ထားတာထက် လွှတ်ချလိုက်တာ ပိုကောင်းတယ်။ ငါအပြင်ထွက်သွားပြီး လွှတ်ထုတ်ဖို့ လိုတယ်။”
စူးချန်ခုန်းသည် ဤသည်မှာ မိစ္ဆာသိုင်းဆေးများ၏ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း နားလည်ပါ၏။ အလွန်အကျွံ သန့်စင်ခြင်းသည် လူတစ်ဦး၏ စိတ်အခြေအနေကို ထိခိုက်စေနိုင်သည်။ စူးချန်ခုန်းတွင် ခိုင်မာသော စိတ်ဓာတ်ရှိသောကြောင့်သာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သူသည် ၎င်းကို အကန့်အသတ်မရှိ ဖိနှိပ်ဖို့ ရည်ရွယ်ချက်မရှိပါ။ အကောင်းဆုံးလုပ်ဆောင်မှုမှာ သူ့စိတ်ထဲကျေနပ်သည်အထိ ပေါက်ကွဲရန်ဖြစ်သည်။
နောက်တစ်နေ့ မိုးလင်းပြီး မနက်စောစောတွင် တာဖုန်းပြည်နယ်မြို့တော်၏ တံခါးများ ပွင့်သွားလေပြီ။ စူးချန်ခုန်းသည် ပစ္စည်းများထုပ်ပိုးပြီး မြို့ပြင်ရှိ တောရိုင်းမြေဆီသို့ တန်းသွားလိုက်သည်။
ဝူးရှ်
တာ့ဖုန်းပြည်နယ်မြို့တော်မှ ထွက်လာပြီးနောက် စူးချန်ခုန်းက ချီစွမ်းအင်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်သည်။ ခြေလှမ်းတစ်လှမ်းဖြင့် သူသည် ကိုက်များစွာကို ဖြတ်သန်းသွားခဲ့သည်။ နက်ရှိုင်းသော သမုဒ္ဒရာကဲ့သို့ ဧရာမဝေလငါးချီစွမ်းအင်၏ အထောက်အပံ့ဖြင့် သူ၏ကိုယ်ဖော့ပညာကို အသုံးပြုကာ လွင့်ပျံနေသော ဥက္ကာပျံကဲ့သို့ ရွေ့လျားကာ တာ့ဖုန်းပြည်နယ်မြို့မှ မိုင်နှစ်ရာကျော်ရှိ ကျက်တီးတောင်တန်းတစ်ခုဆီသို့ ဦးတည်သွားစဉ် နောက်ဆက်တွဲပုံရိပ်များကို ကျန်ရစ်ခဲ့သည်။
ဤလူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သောတောင်သည် ယခင်က ကြယ်ပုံစံရွှေအတွက် ရောင်းဝယ်ဖောက်ကားခဲ့သော နေရာများထဲမှ တစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လူသူကင်းမဲ့နေသောကြောင့် ရှာတွေ့ခံရမှာကို စိုးရိမ်စရာမလိုဘဲ စိတ်ကျေနပ်တဲ့အထိ ပေါက်ကွဲနိုင်သည်။
“အား”
ထိုအခိုက်အတန့်တွင် စူးချန်ခုန်းသည် သူ့နှလုံးသားထဲမှ ဖျက်ဆီးလိုသောဆန္ဒကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။ သူ့ပါးစပ်ကို ကျယ်ကျယ်ဟပြီး လူသူကင်းမဲ့သော တောင်တန်းအထက်ရှိ ကောင်းကင်ယံတွင် မိုးကြိုးပစ်သကဲ့သို့ ပဲ့တင်ထပ်နေသော ကောင်းကင်ကို တုန်ဟီးစေသည့် အော်သံကြီးကို ထုတ်လွှတ်လိုက်သည်။
“ကျွိ ကျွိ”
မြေရိုင်းတောင်ပေါ်တွင် ငှက်များနှင့် သားရဲများအားလုံး အလွန်ထိတ်လန့်တုန်လှုပ်ကာ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။ စူးချန်ခုန်း၏ အော်ဟစ်သံက သားရဲအားလုံး၏ဘုရင်ထက်ပင် ပို၍ကြောက်စရာကောင်းသည်။
ဧရာမဝေလငါးနည်းပညာ။ အဆုံးမဲ့ဒေါသပင်လယ်။
လူသူကင်းမဲ့သော လွင်တီးခေါင်တောင်ပေါ်တွင် စူးချန်ခုန်းသည် သူ့ကိုယ်သူ ထိန်းချုပ်ရန် မလိုအပ်တော့ပါ။ သူသည် သူ၏ညာဘက်လက်သီးကို ဆုပ်ကာ ဧရာမဝေလငါးချီစွမ်းအင်ကို လမ်းကြောင်းပြောင်းပြီး ပြင်းထန်သော လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
“ဝုန်း”
ဤလက်သီးသည် သူ့ရှေ့ရှိနေရာကို ပင်လယ်ရေနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ဧရာမဝေလငါးတစ်ကောင်သည် ထိုထဲမှ ထွက်ပေါ်လာပြီး ရေစီးကြောင်းများကို မွှေနှောက်ကာ ရပ်တန့်၍မရနိုင်တော့သည့်နှယ်။
“ဂျွတ်၊ ဂျက်”
ကိုက်အနည်းငယ်အကွာမှ ဇလုံကြီးကဲ့သို့ ထူသော သစ်ပင်ကြီးတစ်ပင်သည် လေထဲတွင် ကွဲထွက်သွားပြီးနောက် ဝဲကယက်ကဲ့သို့ ဖျက်ဆီးခြင်းလှိုင်းလုံးကြီးကြောင့် သစ်ပစ်ကြီးလွင့်ထွက်မသွားမီ ပုံသဏ္ဍာန်မဲ့သော အမှိုုက်တစ်စုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဋ္ဌမအဆင့် ဧရာမဝေလငါးနည်းပညာဖြင့် စွမ်းအားပေးထားသော ဧရာမဝေလငါးစွမ်းရည်သည် နှိုင်းယှဉ်၍မရသော ကွဲပြားခြားနားသည့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး အရည်အသွေးပြောင်းလဲမှုတစ်ခုကို ဖြတ်ကျော်ခဲ့လေသည်။
ဒေါသတကြီးလှိုင်းလုံးများ ကမ်းကို ရိုက်ခတ်ခြင်း။
စူးချန်ခုန်းသည် သူ၏လက်သီးများကို လက်ဖဝါးများအဖြစ် ပြောင်းလဲကာ ချီစွမ်းအင်ကို စုစည်းလျက် လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ လေထုထဲ၌ လက်ဝါးအားအလွှာတွေဟာ လှိုင်းလုံးကြီးတွေအဖြစ် ပြောင်းလဲသွားပြီး မီတာတစ်ရာရှည်တဲ့ စစ်သင်္ဘောတစ်စင်းကိုတောင် နစ်မြုပ်သွားစေနိုင်သည်။
“ဖောက် ဖောက် ဖောက်”
ဝေးလံတဲ့ သစ်ပင်အတန်းလိုက်ကြီးဟာ ပြင်းထန်တဲ့လှိုင်းလုံးတွေရဲ့ ရိုက်ခတ်မှုကြောင့် ထက်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်မှာ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားလေ၏။
ကျောက်တုံးထဲကို တစ်ချက်တည်းနှင့် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
စူးချန်ခုန်းရဲ့ လက်ချောင်းတွေဟာ အမှတ်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
“တောက် တောက် တောက်”
များပြားလှတဲ့ ချီစွမ်းအင်တွေဟာ အမှတ်တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ရေစက်တစ်စက်လို တိတ်ဆိတ်ငြိမ်သက်စွာ သစ်ပင်ကြီးလေးငါးပင်ရဲ့ ပင်စည်တွေကို ထိုးဖောက်ဝင်ရောက်သွားကာ လက်ချောင်းထိပ်လောက်ရှိတဲ့ အပေါက်တွေကို ချန်ရစ်ကာ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
“အားကောင်းလိုက်တာ… အရမ်းအားလိုက်တာပဲ။ ဒါက အစွမ်းထက်ပြီး လွှမ်းမိုးနိုင်တဲ့ ဧရာမဝေလငါးနည်းပညာပဲ။” စူးချန်ခုန်း မနေနိုင်ဘဲ အော်ပြောလိုက်သည်။ အရင်တုန်းက သူဧရာမဝေလငါးနည်းပညာကို လေ့ကျင့်တဲ့အခါ ပိုပြီးအားကောင်းတဲ့ လိပ်အသက်ရှူနည်းချီစွမ်းအင်ကို အသုံးပြုပြီး စွမ်းအားထုတ်ခဲ့ပေမယ့် သူ့ရဲ့အစွမ်းကို အပြည့်အဝ ထုတ်လွှတ်နိုင်ခြင်း မရှိခဲ့ပါ။
ယခု ဧရာမဝေလငါးနည်းပညာသည် အဋ္ဌမအဆင့်သို့ ဧရာမဝေလငါးချီစွမ်းအားသည် လုံးဝပြောင်းလဲသွားပြီး ၎င်း၏စွမ်းအားက အကန့်အသတ်မရှိပေ။
ထို့အပြင်… စူးချန်ခုန်းသည် ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဧရာမဝေလငါးနည်းပညာ၏ အဓိကအချက်မှာ ဧရာမဝေလငါးရှည် ရေရှူသွင်းခြင်းဖြစ်သည်။ ယခု အဋ္ဌမအဆင့်သို့ ရောက်သောအခါ အရည်အသွေးပြောင်းလဲမှုတစ်စုံတစ်ရာကို ကြုံတွေ့ခဲ့ရပုံရသည်။
ဧရာမဝေလငါးနည်းပညာ။ ဧရာမဝေလငါးရှည် ရေရှူသွင်းခြင်း။
စူးချန်ခုန်းအတွင်းရှိ ဧရာမဝေလငါးချီအနှစ်သာရသည် အကြမ်းပတမ်း လည်ပတ်နေပြီး ရေအောက်ဝဲဂယက်တစ်ခုကို ဖွဲ့စည်းလိုက်လေ၏။ ပြင်းထန်သောရှူရှိုက်မှုဖြင့် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခု ဖြစ်ပေါ်လာပြီး ချီစွမ်းအင်နှင့် ပေါင်းစပ်သွားသော လေစီးကြောင်းကြီးတစ်ခုကို ဆွဲယူလိုက်သည်။ ဓာတုဗေဒဓာတ်ပြုမှုတစ်ခု ဖြစ်ပွားသကဲ့သို့ပင်။
“ဂျွတ် ဂျွတ် ဂျွတ်”
စူးချန်ခုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အက်ကွဲပြီး ဖောက်ကနဲဖြင့် သူ၏ကြွက်သားများ ကြီးထွားလာကာ သူ့ကို ပေဝက်ကျော်ပိုမိုမြင့်လာစေပြီး အဆုံးမဲ့စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ပျံ့နှံ့သွားလေ၏။ ၎င်းသည် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် နက်ရှိုင်းသောအပြာရောင်မိုးကြိုးများ ကခုန်နေသည့်နှယ် သူ၏အတွင်းရှိ စစ်မှန်သောချီစွမ်းအင်သည် အသက်ဝင်လာပြီး ပိုမိုတက်ကြွလာသည်။
စူးချန်ခုန်းဟာ သူ့လက်ချောင်းတွေကို ပေါ့ပေါ့ပါးပါး ညှစ်လိုက်ရုံနဲ့ သတ္တုကို ပုံပျက်စေနိုင်ပြီး ညင်သာစွာ အသက်ရှူထုတ်လိုက်ရုံနဲ့ လေပြင်းတွေကို နှိုးဆွပေးနိုင်သည်။ သူ့ရဲ့ လက်နက်တိုက်ထဲက နည်းပညာတိုင်းနဲ့ စစ်မှန်တဲ့ ချီစွမ်းအင်တိုင်းဟာ ဒီအခြေအနေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။
တိုက်စစ်အတွက် ဧရာမဝေလငါးနည်းပညာနှင့် ခံစစ်အတွက် လိပ်အသက်ရှူနည်းပညာဖြင့် စူးချန်ခုန်းဟာ အားနည်းချက် ဒါမှမဟုတ် ချို့ယွင်းချက်တွေ မရှိတဲ့ တိုက်စစ်နဲ့ခံစစ် ပေါင်းစပ်ထားတဲ့ အင်အားစုတစ်ခု ဖြစ်လာခဲ့သည်။
“ငါ့ရဲ့ လက်ရှိအခြေအနေမှာ နတ်ဆိုးမိစ္ဆာဖုန်းမော့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဓားချီကို သုံးစရာမလိုတော့ဘူး။ ငါ့ရဲ့ လက်သီးဗလာနဲ့ပဲ သူ့ကို အသားပျော့ဖြစ်သွားအောင် ထုချေပစ်နိုင်တယ်။”